Posted on Leave a comment

Asus က စြမ္းရည္သင့္ Chromebook ကို ေၾကညာ

Asus က ၁၄ လက္မ Chromebook အသစ္ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ C423 ျဖစ္ၿပီး ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။ သူဟာ စြမ္းေဆာင္ရည္သင့္ အမ်ိဳးအစား ျဖစ္ၿပီး ေမာ္ဒယ္ ၂ ခု ထုတ္လုပ္ေပးထားပါတယ္။ တစ္ခုက Intel Celeron Processor ပါၿပီး ထိေတြ႕မ်က္ႏွာျပင္ မပါတဲ့ ေမာ္ဒယ္ ျဖစ္ပါတယ္။ ေနာက္တစ္ခုက Full HD Touchscreen နဲ႔ Pentium N4200 ျဖစ္ပါတယ္။

Asus က C423 ဟာ NanoEdge Design ပါတဲ့ သူ႔ရဲ႕ ပထမဆံုး Chromebook ျဖစ္တယ္လို႔ ေျပာၿပီး သူ႔ရဲ႕ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ ၅.၈ မီလီမီတာသာ ရွိပါတယ္။ မ်က္ႏွာျပင္ကို ၁၈၀ ဒီဂရီ ေခါက္ခ်ိဳးႏုိင္တဲ့အတြက္ တက္ဘလက္လိုပါ အသံုးျပဳႏိုင္ပါတယ္။ အႀကိမ္ေပါင္း ၂၀ ၀၀၀ ေလာက္ ေခါက္ခ်ိဳးႏိုင္တဲ့အတြက္ ေရရွည္ အသံုးခံပါတယ္။

C423 ရဲ႕ ဘက္ထရီ သက္တမ္းဟာ ၁၀ နာရီ ၀န္းက်င္ ရွိပါတယ္။ သူ႔ကို USB-C Port ကေန အားသြင္းႏုိင္တဲ့ အတြက္ အားသြင္းႏႈန္း လွ်င္ျမန္ပါတယ္။ ဒါ့အျပင္ သူ႔မွာ USB 3.1 Port နဲ႔ microSD Card Slot မ်ား ပါပါတယ္။ သူ႔ရဲ႕ ကိုယ္ထည္ကို အလူမီနီယမ္ျဖင့္ တည္ေဆာက္ထားၿပီး အထူမွာ ၁၆.၁ မီလီမီတာ ရွိပါတယ္။ သူဟာ ဒီေန႔ပဲ ေၾကညာလိုက္တဲ့ HP Chromebook x360 ထက္ အနည္းငယ္ ပိုထူပါတယ္။

unicode

Asus က စွမ်းရည်သင့် Chromebook ကို ကြေညာ

Asus က ၁၄ လက်မ Chromebook အသစ်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ C423 ဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ သူဟာ စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပြီး မော်ဒယ် ၂ ခု ထုတ်လုပ်ပေးထားပါတယ်။ တစ်ခုက Intel Celeron Processor ပါပြီး ထိတွေ့မျက်နှာပြင် မပါတဲ့ မော်ဒယ် ဖြစ်ပါတယ်။ နောက်တစ်ခုက Full HD Touchscreen နဲ့ Pentium N4200 ဖြစ်ပါတယ်။

Asus က C423 ဟာ NanoEdge Design ပါတဲ့ သူ့ရဲ့ ပထမဆုံး Chromebook ဖြစ်တယ်လို့ ပြောပြီး သူ့ရဲ့ မျက်နှာပြင် ဘေးဘောင်များဟာ ၅.၈ မီလီမီတာသာ ရှိပါတယ်။ မျက်နှာပြင်ကို ၁၈၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့အတွက် တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။ အကြိမ်ပေါင်း ၂၀ ၀၀၀ လောက် ခေါက်ချိုးနိုင်တဲ့အတွက် ရေရှည် အသုံးခံပါတယ်။

C423 ရဲ့ ဘက်ထရီ သက်တမ်းဟာ ၁၀ နာရီ ဝန်းကျင် ရှိပါတယ်။ သူ့ကို USB-C Port ကနေ အားသွင်းနိုင်တဲ့ အတွက် အားသွင်းနှုန်း လျှင်မြန်ပါတယ်။ ဒါ့အပြင် သူ့မှာ USB 3.1 Port နဲ့ microSD Card Slot များ ပါပါတယ်။ သူ့ရဲ့ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပြီး အထူမှာ ၁၆.၁ မီလီမီတာ ရှိပါတယ်။ သူဟာ ဒီနေ့ပဲ ကြေညာလိုက်တဲ့ HP Chromebook x360 ထက် အနည်းငယ် ပိုထူပါတယ်။

Posted on Leave a comment

သားေရျဖင့္ ျပဳလုပ္ထားတဲ့ Laptop ကို ျပသလိုက္တဲ့ HP

HP က ဒီဇိုင္း ထူးျခားဆန္းသစ္တဲ့ Spectre Folio အမည္ရ လက္ပ္ေတာ့ကို ေၾကညာလိုက္ပါတယ္။ လက္ပ္ေတာ့ ကိုယ္ထည္မ်ားကို ပလစ္စတစ္ သို႔မဟုတ္ သတၱဳျဖင့္ တည္ေဆာက္ထားေပမယ့္ သူ႔ရဲ႕ ထူးျခားခ်က္က သားေရျဖင့္ ဖန္တီးထားတာပါ။ သူဟာ လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ သံုးႏုိင္တဲ့ ၂ မ်ိဳးသံုး ကြန္ျပဴတာ ျဖစ္ပါတယ္။

Spectre Folio မွာ ၁၃.၃ လက္မ FHD Display ထည့္သြင္းထားပါတယ္။ 8th Gen Intel Core i7 Processor ေမာင္းႏွင္ထားပါတယ္။ 8GB RAM , 256GB Storage မ်ား ပါပါတယ္။ ဘက္ထရီ သက္တမ္းမွာ ၁၈ နာရီေတာင္ခံတယ္လို႔ HP က ညႊန္းထားပါတယ္။ 4K Display Model ကို ယခုႏွစ္ ေႏွာင္းပိုင္းမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

သားေရျဖင့္ ျပဳလုပ္ထားတဲ့အတြက္ ေခါက္ခ်ိဳးထားရင္ စာအုပ္တစ္ခုနဲ႔ေတာင္ တူေနပါတယ္။ Mode မ်ား ေျပာင္းသံုးရာမွာလည္း ပို အဆင္ေျပလာပါတယ္။ သာမာန္အတုိင္း လက္ပ္ေတာ့ မုဒ္နဲ႔ သံုးႏုိင္သလို မ်က္ႏွာျပင္ကို အေရွ႕သို႔ တိုး၍ မီဒီယာ မုဒ္ကို သံုးႏုိင္ပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ကို ေခါက္ခ်ိဳး၍ တက္ဘလက္ မုဒ္ကို သံုးႏုိင္ပါတယ္။

တက္ဘလက္ မုဒ္မွာ သံုးဖို႔ ဒစ္ဂ်စ္တယ္ ေဘာပင္လည္း ပါပါတယ္။ သူက အာရံုခံ အဆင့္ ၄၀၀၀ ေက်ာ္အထိ ပါပါတယ္။ ကီးဘုတ္က အလူမီနီယမ္ ကီးဘုတ္ ျဖစ္ပါတယ္။ HP.com နဲ႔ Best Buy တို႔ကေနသာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ Intel Core i5 Model ကို ၁၂၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ Core i7 Model ကို ၁၃၉၉ ေဒၚလာနဲ႔ Core i7 ပါတဲ့ LTE Model ကို ၁၄၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

သားရေဖြင့် ပြုလုပ်ထားတဲ့ Laptop ကို ပြသလိုက်တဲ့ HP

HP က ဒီဇိုင်း ထူးခြားဆန်းသစ်တဲ့ Spectre Folio အမည်ရ လက်ပ်တော့ကို ကြေညာလိုက်ပါတယ်။ လက်ပ်တော့ ကိုယ်ထည်များကို ပလစ်စတစ် သို့မဟုတ် သတ္တုဖြင့် တည်ဆောက်ထားပေမယ့် သူ့ရဲ့ ထူးခြားချက်က သားရေဖြင့် ဖန်တီးထားတာပါ။ သူဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်တဲ့ ၂ မျိုးသုံး ကွန်ပြူတာ ဖြစ်ပါတယ်။

Spectre Folio မှာ ၁၃.၃ လက်မ FHD Display ထည့်သွင်းထားပါတယ်။ 8th Gen Intel Core i7 Processor မောင်းနှင်ထားပါတယ်။ 8GB RAM , 256GB Storage များ ပါပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၁၈ နာရီတောင်ခံတယ်လို့ HP က ညွှန်းထားပါတယ်။ 4K Display Model ကို ယခုနှစ် နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

သားရေဖြင့် ပြုလုပ်ထားတဲ့အတွက် ခေါက်ချိုးထားရင် စာအုပ်တစ်ခုနဲ့တောင် တူနေပါတယ်။ Mode များ ပြောင်းသုံးရာမှာလည်း ပို အဆင်ပြေလာပါတယ်။ သာမာန်အတိုင်း လက်ပ်တော့ မုဒ်နဲ့ သုံးနိုင်သလို မျက်နှာပြင်ကို အရှေ့သို့ တိုး၍ မီဒီယာ မုဒ်ကို သုံးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို ခေါက်ချိုး၍ တက်ဘလက် မုဒ်ကို သုံးနိုင်ပါတယ်။

တက်ဘလက် မုဒ်မှာ သုံးဖို့ ဒစ်ဂျစ်တယ် ဘောပင်လည်း ပါပါတယ်။ သူက အာရုံခံ အဆင့် ၄၀၀၀ ကျော်အထိ ပါပါတယ်။ ကီးဘုတ်က အလူမီနီယမ် ကီးဘုတ် ဖြစ်ပါတယ်။ HP.com နဲ့ Best Buy တို့ကနေသာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Intel Core i5 Model ကို ၁၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Core i7 Model ကို ၁၃၉၉ ဒေါ်လာနဲ့ Core i7 ပါတဲ့ LTE Model ကို ၁၄၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Posted on Leave a comment

အနက္ေရာင္ ျပန္ထုတ္ေပးမယ့္ Surface Laptop 2

Microsoft က မူလ Surface RT အတြက္ အနက္ေရာင္ ထုတ္လုပ္ေပးထားပါတယ္။ အဲဒီေနာက္မွာေတာ့ Surface Laptop မ်ားအတြက္ အနက္ေရာင္ကို ထုတ္လုပ္ေပးျခင္း မရွိခဲ့ပါဘူး။ အခုေတာ့ မၾကာခင္မွာ ေၾကညာမယ့္ Surface Laptop 2 အတြက္ အနက္ေရာင္ကို ျပန္လည္ ထုတ္လုပ္ေပးမယ္လို႔ သတင္းထြက္လာပါတယ္။ ဂ်ာမနီကေန ထြက္လာတဲ့ သတင္းအရ Surface Laptop 2 နဲ Surface Pro ႏွစ္မ်ိဳးစလံုးအတြက္ပါ အနက္ေရာင္ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

ေအာက္တိုဘာနဲ႔ စက္တင္ဘာလကေတာ့ ပြဲႀကီးပြဲေကာင္းေတြ ရွိတဲ့လလုိ႔ေတာင္ ဆိုႏုိင္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ Google အေနနဲ႔ ေအာက္တိုဘာ ၉ရက္ေန႔မွာ Pixels စီးရီးဖုန္းသစ္ေတြကို မိတ္ဆက္သြားမယ္လို႔ တရားဝင္ေၾကညာထားသလုိ ၊ Apple ကလည္း ယခုလ ၁၂ရက္ေန႔မွာ စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္ေၾကညာသြားေတာ့မွာပါ။ မိုက္ကရိုေဆာဖ့္ကလည္း Surface event ကိုေအာက္တိုဘာ ၂ရက္ေန႔မွာ က်င္းပသြားမယ္လို႔ ေၾကညာထားပါတယ္။

Microsoft အေနနဲ႔ ထုတ္ကုန္သစ္ကို နယူးေယာက္စံေတာ္ခ်ိန္ ၄နာရီမွာ စတင္မိတ္ဆက္ သြားမယ္လို႔ ဆိုပါတယ္။ အဲဒီပြဲမွာ Surface Pro , Surface Laptop , Surface Studio , Surface Book အသစ္မ်ားကို ေၾကညာႏုိင္ပါတယ္။ ဖိတ္စာမွာေတာ့ မိတ္ဆက္မယ့္ ထုတ္ကုန္ေတြရဲ႕အေၾကာငး္ကို အနည္းငယ္ေတာင္ ေဖာ္ျပထားျခင္း မရွိပါဘူး။ “ A moment of your time” လို႔သာ ေရးသားထားပါတယ္။

Microsoft အေနနဲ႔ Windows 10 ကြန္ပ်ဴတာကေန ဖုန္းေတြကို SMS ေတြ တိုက္ရိုက္ပို႔ႏိုင္မယ့္ လုပ္ေဆာင္ခ်က္အသစ္ တစ္ခုကိုလည္း ထုတ္ေပးထားၿပီး Your Phone app လို႔ေခၚပါတယ္။ ယခု Feature ကို Windows 10 Insiders အသုံးျပဳသူေတြမွာ အရင္ထုတ္ေပးသြားမွာျဖစ္တယ္လို႕ သိရၿပီး ေနာက္လထြက္ရွိမယ့္ Windows 10 October Update ေရာက္ရင္ေတာ့ User အားလုံး အသုံးျပဳႏိုင္ေတာ့မွာပါ။ ကုမၸဏီအေနနဲ႔ ေအာက္တိုဘာ ၂ရက္ေန႔မွာ ျပဳလုပ္မယ့္ Surface event မွာ တရားဝင္ထုတ္ေပးသြား ႏိုင္ပါတယ္။

unicode

အနက်ရောင် ပြန်ထုတ်ပေးမယ့် Surface Laptop 2

Microsoft က မူလ Surface RT အတွက် အနက်ရောင် ထုတ်လုပ်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ Surface Laptop များအတွက် အနက်ရောင်ကို ထုတ်လုပ်ပေးခြင်း မရှိခဲ့ပါဘူး။ အခုတော့ မကြာခင်မှာ ကြေညာမယ့် Surface Laptop 2 အတွက် အနက်ရောင်ကို ပြန်လည် ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်လာပါတယ်။ ဂျာမနီကနေ ထွက်လာတဲ့ သတင်းအရ Surface Laptop 2 နဲ Surface Pro နှစ်မျိုးစလုံးအတွက်ပါ အနက်ရောင် ထွက်ရှိလာမယ်လို့ သိရပါတယ်။

အောက်တိုဘာနဲ့ စက်တင်ဘာလကတော့ ပွဲကြီးပွဲကောင်းတွေ ရှိတဲ့လလို့တောင် ဆိုနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် Google အနေနဲ့ အောက်တိုဘာ ၉ရက်နေ့မှာ Pixels စီးရီးဖုန်းသစ်တွေကို မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေညာထားသလို ၊ Apple ကလည်း ယခုလ ၁၂ရက်နေ့မှာ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ကြေညာသွားတော့မှာပါ။ မိုက်ကရိုဆောဖ့်ကလည်း Surface event ကိုအောက်တိုဘာ ၂ရက်နေ့မှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

Microsoft အနေနဲ့ ထုတ်ကုန်သစ်ကို နယူးယောက်စံတော်ချိန် ၄နာရီမှာ စတင်မိတ်ဆက် သွားမယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ Surface Pro , Surface Laptop , Surface Studio , Surface Book အသစ်များကို ကြေညာနိုင်ပါတယ်။ ဖိတ်စာမှာတော့ မိတ်ဆက်မယ့် ထုတ်ကုန်တွေရဲ့အကြောင်းကို အနည်းငယ်တောင် ဖော်ပြထားခြင်း မရှိပါဘူး။ “ A moment of your time” လို့သာ ရေးသားထားပါတယ်။

Microsoft အနေနဲ့ Windows 10 ကွန်ပျူတာကနေ ဖုန်းတွေကို SMS တွေ တိုက်ရိုက်ပို့နိုင်မယ့် လုပ်ဆောင်ချက်အသစ် တစ်ခုကိုလည်း ထုတ်ပေးထားပြီး Your Phone app လို့ခေါ်ပါတယ်။ ယခု Feature ကို Windows 10 Insiders အသုံးပြုသူတွေမှာ အရင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပြီး နောက်လထွက်ရှိမယ့် Windows 10 October Update ရောက်ရင်တော့ User အားလုံး အသုံးပြုနိုင်တော့မှာပါ။ ကုမ္ပဏီအနေနဲ့ အောက်တိုဘာ ၂ရက်နေ့မှာ ပြုလုပ်မယ့် Surface event မှာ တရားဝင်ထုတ်ပေးသွား နိုင်ပါတယ်။

Posted on Leave a comment

စတုိင္လ္မိုက္မိုက္ကိုင္ခ်င္သူမ်ားအတြက္ Panasonic တက္ဘလက္

Zawgyi Version
ၾကည့္လိုက္ပါဦး။ အႏုပညာဆန္တဲ့လုိင္းေလးေတြ ျမင္ရဲ႕လား။ အေကြးအညြတ္ေလးေတြေရာ၊ Panasonic Toughbook FZ-L1 ကို ခံစားၾကည့္လုိက္ပါ။
Panasonic ကေတာ့ အရင္တုန္းကထက္ပိုေကာင္းတဲ့ တက္ဘလက္ေလးတစ္လံုးကို မိတ္ဆက္လုိက္တာပါ။ Snapdragon 210 ကေတာ့ ေန႕စဥ္သံုးအတြက္သာမက ပိုလွ်ံေနမယ့္စြမ္းေဆာင္ရည္ေတြ ရွိေနပါတယ္။
ကၽြန္ေတာ္တို႕ကို ဘယ္လိုေျပာထားလဲဆိုေတာ့ မိုဘိုင္းလ္အလုပ္သမားေတြအတြက္ အဆင္ေျပေစမယ့္ “Stylish New 7” Android Rugged Tablet တဲ့။
ေမဂ်ာစမတ္ဖုန္းေလးေတြက ေဘာင္ပါးထားတယ္ဆုိေပမယ့္လည္း ေဘာင္ေတြက ကန္႕သတ္ခ်က္ေတြ၊ လိုင္းေလးေတြ၊ လိုင္းေလးေတြဆိုတာက ပံုစံတစ္ခု၊ ပံုစံဆိုတာက ဘ၀ၾကီးကိုေျပာတာ။ အယ္လယ္။ FZ-L1 ကေတာ့ ေငြေရာင္နဲ႕ ေဘာင္ကြပ္ေလးေတြကလညး္ iPhone နဲ႕ Galaxy တို႕ကိုေပါင္းစပ္ထားတာထက္ ေၾကြစရာပါပဲ။
အေရာင္ေတြ ေရြးစရာမရွိေတာ့လို႕ ပ်င္းေနျပီလား။ ဒီႏွစ္ရဲ႕အေပါက္ဆံုးကာလာေတြျဖစ္တဲ့ ေငြေရာင္နဲ႕ အနက္ေရာင္ေတြရမယ့္အျပင္ FZ-L1’s edge လည္းရွိပါတယ္။ ဒါေလးကေတာ့ ေစ်းပိုၾကီးပါတယ္။
အေရာင္ေတြ ဒီဇိုင္းေတြက အေရးမၾကီးဘူး။ brand က အေရးပါတာ။ စတုိင္လ္က်ေပမယ့္လည္း လိုဂိုမပါရင္ ဆားမပါသလိုပဲ။ FZ-L1 မွာ NFC လည္း ေတြ႕ျမင္ခံစားႏုိင္မွာပါ။
စတုိင္လ္ဆိုတာကေတာ့ စိန္ေခၚမႈတစ္ခုပါပဲ၊ USB port ကိုဘာေၾကာင့္သံုးထားသလဲဆိုေတာ့ အေတာ္မ်ားမ်ားက USB ေလးေတြနဲ႕ အသံုးျပဳေနၾကျပီေလ။ ဒီေတာ့ ဒီေကာင္ေလးလည္း အဆင္ေျပေအာင္ လုပ္ထားရေတာ့မွာေပါ့။
“style” ဆိုတာ “stylus” မပါဘဲ ျဖစ္မလာႏုိင္ဘူးေလ။ ေသခ်ာေပါက္ပါတာေပါ့။
ေစ်းႏႈန္းကေတာ့ £1,050 ေအာက္ပါပဲ။
Unicode Version

ကြည့်လိုက်ပါဦး။ အနုပညာဆန်တဲ့လိုင်းလေးတွေ မြင်ရဲ့လား။ အကွေးအညွတ်လေးတွေရော၊ Panasonic Toughbook FZ-L1 ကို ခံစားကြည့်လိုက်ပါ။
Panasonic ကတော့ အရင်တုန်းကထက်ပိုကောင်းတဲ့ တက်ဘလက်လေးတစ်လုံးကို မိတ်ဆက်လိုက်တာပါ။ Snapdragon 210 ကတော့ နေ့စဉ်သုံးအတွက်သာမက ပိုလျှံနေမယ့်စွမ်းဆောင်ရည်တွေ ရှိနေပါတယ်။
ကျွန်တော်တို့ကို ဘယ်လိုပြောထားလဲဆိုတော့ မိုဘိုင်းလ်အလုပ်သမားတွေအတွက် အဆင်ပြေစေမယ့် “Stylish New 7” Android Rugged Tablet တဲ့။
မေဂျာစမတ်ဖုန်းလေးတွေက ဘောင်ပါးထားတယ်ဆိုပေမယ့်လည်း ဘောင်တွေက ကန့်သတ်ချက်တွေ၊ လိုင်းလေးတွေ၊ လိုင်းလေးတွေဆိုတာက ပုံစံတစ်ခု၊ ပုံစံဆိုတာက ဘဝကြီးကိုပြောတာ။ အယ်လယ်။ FZ-L1 ကတော့ ငွေရောင်နဲ့ ဘောင်ကွပ်လေးတွေကလည်း iPhone နဲ့ Galaxy တို့ကိုပေါင်းစပ်ထားတာထက် ကြွေစရာပါပဲ။
အရောင်တွေ ရွေးစရာမရှိတော့လို့ ပျင်းနေပြီလား။ ဒီနှစ်ရဲ့အပေါက်ဆုံးကာလာတွေဖြစ်တဲ့ ငွေရောင်နဲ့ အနက်ရောင်တွေရမယ့်အပြင် FZ-L1’s edge လည်းရှိပါတယ်။ ဒါလေးကတော့ ဈေးပိုကြီးပါတယ်။
အရောင်တွေ ဒီဇိုင်းတွေက အရေးမကြီးဘူး။ brand က အရေးပါတာ။ စတိုင်လ်ကျပေမယ့်လည်း လိုဂိုမပါရင် ဆားမပါသလိုပဲ။ FZ-L1 မှာ NFC လည်း တွေ့မြင်ခံစားနိုင်မှာပါ။
စတိုင်လ်ဆိုတာကတော့ စိန်ခေါ်မှုတစ်ခုပါပဲ၊ USB port ကိုဘာကြောင့်သုံးထားသလဲဆိုတော့ အတော်များများက USB လေးတွေနဲ့ အသုံးပြုနေကြပြီလေ။ ဒီတော့ ဒီကောင်လေးလည်း အဆင်ပြေအောင် လုပ်ထားရတော့မှာပေါ့။
“style” ဆိုတာ “stylus” မပါဘဲ ဖြစ်မလာနိုင်ဘူးလေ။ သေချာပေါက်ပါတာပေါ့။
ဈေးနှုန်းကတော့ £1,050 အောက်ပါပဲ။

Posted on Leave a comment

ေအာက္တိုဘာ ၂ရက္ေန႔မွာ ျပဳလုပ္သြားမယ့္ Microsoft Surface event

ေအာက္တိုဘာနဲ႔ စက္တင္ဘာလကေတာ့ ပြဲႀကီးပြဲေကာင္းေတြ ရွိတဲ့လလုိ႔ေတာင္ ဆိုႏုိင္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ Google အေနနဲ႔ ေအာက္တိုဘာ ၉ရက္ေန႔မွာ Pixels စီးရီးဖုန္းသစ္ေတြကို မိတ္ဆက္သြားမယ္လို႔ တရားဝင္ေၾကညာထားသလုိ ၊ Apple ကလည္း ယခုလ ၁၂ရက္ေန႔မွာ စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္ေၾကညာသြားေတာ့မွာပါ။ ဒီေန႔မွာေတာ့  မိုက္ကရိုေဆာဖ့္ကလည္း Surface event ကိုေအာက္တိုဘာ ၂ရက္ေန႔မွာ က်င္းပသြားမယ္လို႔ ေၾကညာလုိက္ပါၿပီ။

Microsoft အေနနဲ႔ ထုတ္ကုန္သစ္ကို နယူးေယာက္စံေတာ္ခ်ိန္ ၄နာရီမွာ စတင္မိတ္ဆက္ သြားမယ္လို႔ ဆိုပါတယ္။ အဲဒီပြဲမွာ Surface Pro , Surface Laptop , Surface Studio , Surface Book အသစ္မ်ားကို ေၾကညာႏုိင္ပါတယ္။ ဖိတ္စာမွာေတာ့ မိတ္ဆက္မယ့္ ထုတ္ကုန္ေတြရဲ႕အေၾကာငး္ကို အနည္းငယ္ေတာင္ ေဖာ္ျပထားျခင္း မရွိပါဘူး။ “ A moment of your time” လို႔သာ ေရးသားထားပါတယ္။

Microsoft အေနနဲ႔ Windows 10 ကြန္ပ်ဴတာကေန ဖုန္းေတြကို SMS ေတြ တိုက္ရိုက္ပို႔ႏိုင္မယ့္ လုပ္ေဆာင္ခ်က္အသစ္ တစ္ခုကိုလည္း ထုတ္ေပးထားၿပီး Your Phone app လို႔ေခၚပါတယ္။ ယခု Feature ကို Windows 10 Insiders အသုံးျပဳသူေတြမွာ အရင္ထုတ္ေပးသြားမွာျဖစ္တယ္လို႕ သိရၿပီး ေနာက္လထြက္ရွိမယ့္ Windows 10 October Update ေရာက္ရင္ေတာ့ User အားလုံး အသုံးျပဳႏိုင္ေတာ့မွာပါ။ ကုမၸဏီအေနနဲ႔ ေအာက္တိုဘာ ၂ရက္ေန႔မွာ ျပဳလုပ္မယ့္ Surface event မွာ တရားဝင္ထုတ္ေပးသြား ႏိုင္ပါတယ္။

unicode

အောက်တိုဘာနဲ့ စက်တင်ဘာလကတော့ ပွဲကြီးပွဲကောင်းတွေ ရှိတဲ့လလို့တောင် ဆိုနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် Google အနေနဲ့ အောက်တိုဘာ ၉ရက်နေ့မှာ Pixels စီးရီးဖုန်းသစ်တွေကို မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေညာထားသလို ၊ Apple ကလည်း ယခုလ ၁၂ရက်နေ့မှာ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ကြေညာသွားတော့မှာပါ။ ဒီနေ့မှာတော့ မိုက်ကရိုဆောဖ့်ကလည်း Surface event ကိုအောက်တိုဘာ ၂ရက်နေ့မှာ ကျင်းပသွားမယ်လို့ ကြေညာလိုက်ပါပြီ။
Microsoft အနေနဲ့ ထုတ်ကုန်သစ်ကို နယူးယောက်စံတော်ချိန် ၄နာရီမှာ စတင်မိတ်ဆက် သွားမယ်လို့ ဆိုပါတယ်။ အဲဒီပွဲမှာ Surface Pro , Surface Laptop , Surface Studio , Surface Book အသစ်များကို ကြေညာနိုင်ပါတယ်။ ဖိတ်စာမှာတော့ မိတ်ဆက်မယ့် ထုတ်ကုန်တွေရဲ့အကြောင်းကို အနည်းငယ်တောင် ဖော်ပြထားခြင်း မရှိပါဘူး။ “ A moment of your time” လို့သာ ရေးသားထားပါတယ်။
Microsoft အနေနဲ့ Windows 10 ကွန်ပျူတာကနေ ဖုန်းတွေကို SMS တွေ တိုက်ရိုက်ပို့နိုင်မယ့် လုပ်ဆောင်ချက်အသစ် တစ်ခုကိုလည်း ထုတ်ပေးထားပြီး Your Phone app လို့ခေါ်ပါတယ်။ ယခု Feature ကို Windows 10 Insiders အသုံးပြုသူတွေမှာ အရင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပြီး နောက်လထွက်ရှိမယ့် Windows 10 October Update ရောက်ရင်တော့ User အားလုံး အသုံးပြုနိုင်တော့မှာပါ။ ကုမ္ပဏီအနေနဲ့ အောက်တိုဘာ ၂ရက်နေ့မှာ ပြုလုပ်မယ့် Surface event မှာ တရားဝင်ထုတ်ပေးသွား နိုင်ပါတယ်။

Posted on Leave a comment

Lenovo က စြမ္းရည္ျမင့္ 2-in-1 Yoga C930 Laptop ကို ေၾကညာ

Lenovo က လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္တဲ့ Yoga C930 ကို ေၾကညာလိုက္ပါတယ္။ မ်က္ႏွာျပင္နဲ႔ ကီးဘုတ္ကို ဆက္ထားတဲ့ အဆက္ကို ၃၆၀ ဒီဂရီ ေခါက္ခ်ိဳးႏုိင္ပါတယ္။ အဲဒီ အဆက္မွာ Dolby Atmos Speakers တပ္ဆင္ထားပါတယ္။ လက္ပ္ေတာ့ကို ဘယ္လို အေနအထားနဲ႔ ေခါက္ခ်ိဳး အသံုးျပဳသည္ ျဖစ္ေစ စပီကာဟာ သင့္ကို မ်က္ႏွာမူေနမွာ ျဖစ္တဲ့အတြက္ အသံမ်ားကို ၾကည္လင္ျပတ္သား က်ယ္ေလာင္စြာ ၾကားရမွာ ျဖစ္ပါတယ္။ ေအာက္ေျခမွာလည္း စပီကာ ႏွစ္ခု ထည့္သြင္းထားပါတယ္။

လက္ပ္ေတာ့မွာ Login ၀င္ဖို႔ နည္းလမ္းမ်ားစြာရွိပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကို သံုးႏုိင္သလို Windows Hello ကို ေထာက္ပံ့တဲ့ Web Cam ပါပါတယ္။ Windows 10 Home ထည့္သြင္းထားတာ ျဖစ္ပါတယ္။ SD Card Slot ေတာ့ မပါပါဘူး။ USB-A Port တစ္ခု၊ USB-C Port တစ္ခု၊ Headphone Jack တစ္ခုတို႔ ပါရွိပါတယ္။

တက္ဘလက္လို သံုးရင္ အသံုးျပဳႏုိင္မယ့္ ဒစ္ဂ်စ္တယ္ ေဘာပင္ကုိ ထည့္သြင္းေပးထားပါတယ္။ ေဘာပင္ဟာ ဖိအား အာရံုခံမႈမွာ 4096 Levels ရွိတဲ့အတြက္ စြမ္းရည္ျမင့္ပါတယ္။ ေဘာပင္ကို လက္ပ္ေတာ့မွ အိမ္ထဲမွာ ထည့္ထားရင္ အလိုအေလွ်ာက္ အားသြင္းေပးမွာပါ။

Yoga C930 ရဲ႕ တန္ဖိုး အနည္းဆံုးေမာ္ဒယ္ကို ၁၃၉၉.၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ အဲဒီ ေမာ္ဒယ္မွာ ၁၃.၉ လက္မ 1920x1080p Touchscreen , 8th Gen Intel Core i5 , 8GB RAM , 256GB Storage မ်ား ပါပါတယ္။ i7 , 3840x2160p Display , 16GB RAM , 2TB SSD မ်ားအထိ ေရြးခ်ယ္ႏုိင္ပါတယ္။ လီႏိုဗိုက FHD Screen Model ရဲ႕ ဘက္ထရီ သက္တမ္းဟာ ၁၄.၅ နာရီရွိနဲ႔ UHD Screen Model ဟာ ၉ နာရီရွိတယ္လို႔ ေျပာပါတယ္။

unicode

Lenovo က စွမ်းရည်မြင့် 2-in-1 Yoga C930 Laptop ကို ကြေညာ

Lenovo က လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ Yoga C930 ကို ကြေညာလိုက်ပါတယ်။ မျက်နှာပြင်နဲ့ ကီးဘုတ်ကို ဆက်ထားတဲ့ အဆက်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ အဲဒီ အဆက်မှာ Dolby Atmos Speakers တပ်ဆင်ထားပါတယ်။ လက်ပ်တော့ကို ဘယ်လို အနေအထားနဲ့ ခေါက်ချိုး အသုံးပြုသည် ဖြစ်စေ စပီကာဟာ သင့်ကို မျက်နှာမူနေမှာ ဖြစ်တဲ့အတွက် အသံများကို ကြည်လင်ပြတ်သား ကျယ်လောင်စွာ ကြားရမှာ ဖြစ်ပါတယ်။ အောက်ခြေမှာလည်း စပီကာ နှစ်ခု ထည့်သွင်းထားပါတယ်။

လက်ပ်တော့မှာ Login ဝင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို သုံးနိုင်သလို Windows Hello ကို ထောက်ပံ့တဲ့ Web Cam ပါပါတယ်။ Windows 10 Home ထည့်သွင်းထားတာ ဖြစ်ပါတယ်။ SD Card Slot တော့ မပါပါဘူး။ USB-A Port တစ်ခု၊ USB-C Port တစ်ခု၊ Headphone Jack တစ်ခုတို့ ပါရှိပါတယ်။

တက်ဘလက်လို သုံးရင် အသုံးပြုနိုင်မယ့် ဒစ်ဂျစ်တယ် ဘောပင်ကို ထည့်သွင်းပေးထားပါတယ်။ ဘောပင်ဟာ ဖိအား အာရုံခံမှုမှာ 4096 Levels ရှိတဲ့အတွက် စွမ်းရည်မြင့်ပါတယ်။ ဘောပင်ကို လက်ပ်တော့မှ အိမ်ထဲမှာ ထည့်ထားရင် အလိုအလျှောက် အားသွင်းပေးမှာပါ။

Yoga C930 ရဲ့ တန်ဖိုး အနည်းဆုံးမော်ဒယ်ကို ၁၃၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီ မော်ဒယ်မှာ ၁၃.၉ လက်မ 1920x1080p Touchscreen , 8th Gen Intel Core i5 , 8GB RAM , 256GB Storage များ ပါပါတယ်။ i7 , 3840x2160p Display , 16GB RAM , 2TB SSD များအထိ ရွေးချယ်နိုင်ပါတယ်။ လီနိုဗိုက FHD Screen Model ရဲ့ ဘက်ထရီ သက်တမ်းဟာ ၁၄.၅ နာရီရှိနဲ့ UHD Screen Model ဟာ ၉ နာရီရှိတယ်လို့ ပြောပါတယ်။

Posted on Leave a comment

2-in-1 Gaming Laptop ကို ျပသလိုက္တဲ့ Acer

Germany ႏိုင္ငံ ဘာလင္မွာ က်င္းပေနတဲ့ IFA နည္းပညာ ျပပြဲမွာ ကမာၻအ၀န္းမွ ကုမၸဏီမ်ားက နည္းပညာ ထုတ္ကုန္မ်ားကို ျပသေနၾကပါတယ္။ ေအဆာကလည္း ကမာၻ႕ အပါးလႊာဆံုး လက္ပ္ေတာ့ျဖစ္တဲ့ Switch 7 ကို ျပသလိုက္ပါတယ္။ ဒါ့အျပင္ Predator Triton 900 အမည္ရ ဂိမ္း လက္ပ္ေတာ့ အသစ္ကိုပါ ေၾကညာလိုက္ပါတယ္။ သူဟာ လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္ပါတယ္။

4K UHD Touchscreen ကို သင္ ႏွစ္သက္တဲ့ အေနအထားအတိုင္း မ်က္ႏွာျပင္ကို လွည့္ပတ္ သံုးနုိင္ပါတယ္။ လက္ပ္ေတာ့မွာ Nvidia G-Sync နည္းပညာ ပါပါတယ္။ Number Pad ကိုပါ သံုးႏုိင္မယ့္ Trackpad တစ္ခု ပါလာပါတယ္။ 4th Generation Acer Aeroblade 3D Fans မ်ား ထည့္သြင္းထားပါတယ္။ ပန္ကာ နည္းပညာ အသစ္က ယခင္ နည္းပညာထက္ လက္ပ္ေတာ့အတြင္းပိုင္းကို ေလ ၁၀ ရာခိုင္ႏႈန္း ပိုမို ၀င္ေစၿပီး အသံဆူညံမႈကို ေလ်ာ့နည္းေစပါတယ္။

ဂိမ္း လက္ပ္ေတာ့မ်ားရဲ႕ ထံုးစံအတိုင္း သူ႔ရဲ႕ ဒီဇိုင္းက ထူထဲႀကီးမားပါတယ္။ သူ႔မွာ RGB Lighting ပါတဲ့ စြမ္းရည္ျပည့္ Mechanical Keyboard တစ္ခု ပါပါတယ္။ Processor , GPU မ်ား အပါအ၀င္ သူ႔ရဲ႕ အျခား Specifications မ်ား၊ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးပါဘူး။ Acer Predator Series မ်ားဟာ စြမ္းရည္ျမင့္မားၿပီး ေစ်းႏႈန္းကလည္း ႀကီးျမင့္ေလ့ ရွိပါတယ္။

unicode

2-in-1 Gaming Laptop ကို ပြသလိုက်တဲ့ Acer

Germany နိုင်ငံ ဘာလင်မှာ ကျင်းပနေတဲ့ IFA နည်းပညာ ပြပွဲမှာ ကမ္ဘာအဝန်းမှ ကုမ္ပဏီများက နည်းပညာ ထုတ်ကုန်များကို ပြသနေကြပါတယ်။ အေဆာကလည်း ကမ္ဘာ့ အပါးလွှာဆုံး လက်ပ်တော့ဖြစ်တဲ့ Switch 7 ကို ပြသလိုက်ပါတယ်။ ဒါ့အပြင် Predator Triton 900 အမည်ရ ဂိမ်း လက်ပ်တော့ အသစ်ကိုပါ ကြေညာလိုက်ပါတယ်။ သူဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။

4K UHD Touchscreen ကို သင် နှစ်သက်တဲ့ အနေအထားအတိုင်း မျက်နှာပြင်ကို လှည့်ပတ် သုံးနိုင်ပါတယ်။ လက်ပ်တော့မှာ Nvidia G-Sync နည်းပညာ ပါပါတယ်။ Number Pad ကိုပါ သုံးနိုင်မယ့် Trackpad တစ်ခု ပါလာပါတယ်။ 4th Generation Acer Aeroblade 3D Fans များ ထည့်သွင်းထားပါတယ်။ ပန်ကာ နည်းပညာ အသစ်က ယခင် နည်းပညာထက် လက်ပ်တော့အတွင်းပိုင်းကို လေ ၁၀ ရာခိုင်နှုန်း ပိုမို ဝင်စေပြီး အသံဆူညံမှုကို လျော့နည်းစေပါတယ်။

ဂိမ်း လက်ပ်တော့များရဲ့ ထုံးစံအတိုင်း သူ့ရဲ့ ဒီဇိုင်းက ထူထဲကြီးမားပါတယ်။ သူ့မှာ RGB Lighting ပါတဲ့ စွမ်းရည်ပြည့် Mechanical Keyboard တစ်ခု ပါပါတယ်။ Processor , GPU များ အပါအဝင် သူ့ရဲ့ အခြား Specifications များ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ Acer Predator Series များဟာ စွမ်းရည်မြင့်မားပြီး ဈေးနှုန်းကလည်း ကြီးမြင့်လေ့ ရှိပါတယ်။

Posted on Leave a comment

ကမာၻ႕ အပါးလႊာဆံုး Acer Swift 7 Laptop

Acer က ယခုႏွစ္ ဇန္န၀ါရီလမွာ က်င္းပတဲ့ Consumer Electronics Show မွာ Swift 7 ကို ေၾကညာခဲ့ပါတယ္။ သူဟာ ကမာၻ႕ အပါးလႊာဆံုး ၁၄ လက္မ လက္ပ္ေတာ့ ျဖစ္လာပါတယ္။ အခုေတာ့ သူ႔ထက္ ပါးလႊာတဲ့ Swift 7 Model အသစ္ကို ေအဆာက IFA ပြဲမွာ ျပသလိုက္ပါတယ္။ သူ႔ရဲ႕ အထူဟာ ၁၀ မီလီမီတာ (၀.၃၉ လက္မ)ေအာက္သာ ရွိၿပီး Edge-to-edge Display ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ Screen-to-body Ratio မွာ ၉၂ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ၂.၂ ေပါင္ေအာက္သာ အေလးခ်ိန္ရွိပါတယ္။ 8th Generation Intel Core i7 Processor ပါပါတယ္။ သူဟာ ကမာၻ႕ အပါးလႊာဆံုး လက္ပ္ေတာ့ ျဖစ္လာပါတယ္။

သူရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၁၄ လက္မ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားကို ယခင္ေမာ္ဒယ္ထက္ ေလွ်ာ့ခ်ထားၿပီး ၄.၂၇ မီလီမီတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္ဟာ မူလေမာ္ဒယ္ထက္ ၁၅ ရာခုိင္ႏႈန္း ပါးလႊာလာပါတယ္။ ေအဆာက လက္ပ္ေတာ့ကို ေပါ့ပါးေစဖို႔ မဂၢနီဆီယမ္ အစိတ္အပိုင္းမ်ားကို အသံုးျပဳထားပါတယ္။

မ်က္ႏွာျပင္ရဲ႕ အထက္မွ ေဘာင္ဟာ အလြန္ပါးလႊာတဲ့အတြက္ Webcam ကို ဘယ္ေနရာမွာ တပ္ဆင္ထားသလဲဆိုတာကို မသိရေသးပါဘူး။ Huawei MateBook X Pro မွာလုိ ကီးဘုတ္မွာ ထည့္သြင္းထားႏုိင္ပါတယ္။ ဒါမွမဟုတ္ မ်က္ႏွာျပင္ရဲ႕ ေအာက္မွ ေဘာင္မွာ ထည့္သြင္းထားႏုိင္ပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္၊ ေစ်းႏႈန္းနဲ႔ အျခား Specifications မ်ားကိ ေအဆာက မေျပာေသးပါဘူး။

Swift 7 အျပင္ ေအဆာက Swift 5 Model အသစ္ကိုလညး္ ျပသခဲ့ပါတယ္။ သူဟာ ၁၅.၆ လက္မ အရြယ္ျဖစ္ၿပီး လာမယ့္ႏွစ္ ဇန္န၀ါရီလမွာ ၁၀၉၉ ေဒၚလာျဖင့္ ေရာင္းခ်မွာပါ။ သူ႔ရဲ႕ အျခား အစိတ္အပိုင္းမ်ားစြာဟာ Swift 7 နဲ႔ တူညီပါတယ္။ ၂.၂ ေပါင္သာ ရွိၿပီး ေအဆာက ၁၅ လက္မထဲမွာ ကမာၻ႕ အပါးလႊာဆံုး လက္ပ္ေတာ့လို႔ ေျပာပါတယ္။

သူ႔မွာ Intel i5 / i7 8th Gen Whiskey Lake Processor မ်ား ပါပါတယ္။ 16GB RAM , 1TB SSD မ်ားအထိ ေရြးခ်ယ္ႏုိင္ပါတယ္။ Windows Hello ကို ေထာက္ပံ့တဲ့ လက္ေဗြရာ ကိရိယာ ပါပါတယ္။

Ref : theverge

unicode

ကမ္ဘာ့ အပါးလွှာဆုံး Acer Swift 7 Laptop

Acer က ယခုနှစ် ဇန်နဝါရီလမှာ ကျင်းပတဲ့ Consumer Electronics Show မှာ Swift 7 ကို ကြေညာခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ အပါးလွှာဆုံး ၁၄ လက်မ လက်ပ်တော့ ဖြစ်လာပါတယ်။ အခုတော့ သူ့ထက် ပါးလွှာတဲ့ Swift 7 Model အသစ်ကို အေဆာက IFA ပွဲမှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ အထူဟာ ၁၀ မီလီမီတာ (ဝ.၃၉ လက်မ)အောက်သာ ရှိပြီး Edge-to-edge Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ Screen-to-body Ratio မှာ ၉၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂.၂ ပေါင်အောက်သာ အလေးချိန်ရှိပါတယ်။ 8th Generation Intel Core i7 Processor ပါပါတယ်။ သူဟာ ကမ္ဘာ့ အပါးလွှာဆုံး လက်ပ်တော့ ဖြစ်လာပါတယ်။

သူရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၁၄ လက်မ ဖြစ်ပါတယ်။ မျက်နှာပြင် ဘေးဘောင်များကို ယခင်မော်ဒယ်ထက် လျှော့ချထားပြီး ၄.၂၇ မီလီမီတာ ဖြစ်ပါတယ်။ မျက်နှာပြင် ဘေးဘောင်ဟာ မူလမော်ဒယ်ထက် ၁၅ ရာခိုင်နှုန်း ပါးလွှာလာပါတယ်။ အေဆာက လက်ပ်တော့ကို ပေါ့ပါးစေဖို့ မဂ္ဂနီဆီယမ် အစိတ်အပိုင်းများကို အသုံးပြုထားပါတယ်။

မျက်နှာပြင်ရဲ့ အထက်မှ ဘောင်ဟာ အလွန်ပါးလွှာတဲ့အတွက် Webcam ကို ဘယ်နေရာမှာ တပ်ဆင်ထားသလဲဆိုတာကို မသိရသေးပါဘူး။ Huawei MateBook X Pro မှာလို ကီးဘုတ်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒါမှမဟုတ် မျက်နှာပြင်ရဲ့ အောက်မှ ဘောင်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ရောင်းချမယ့် အချိန်၊ ဈေးနှုန်းနဲ့ အခြား Specifications များကိ အေဆာက မပြောသေးပါဘူး။

Swift 7 အပြင် အေဆာက Swift 5 Model အသစ်ကိုလည်း ပြသခဲ့ပါတယ်။ သူဟာ ၁၅.၆ လက်မ အရွယ်ဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီလမှာ ၁၀၉၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။ သူ့ရဲ့ အခြား အစိတ်အပိုင်းများစွာဟာ Swift 7 နဲ့ တူညီပါတယ်။ ၂.၂ ပေါင်သာ ရှိပြီး အေဆာက ၁၅ လက်မထဲမှာ ကမ္ဘာ့ အပါးလွှာဆုံး လက်ပ်တော့လို့ ပြောပါတယ်။

သူ့မှာ Intel i5 / i7 8th Gen Whiskey Lake Processor များ ပါပါတယ်။ 16GB RAM , 1TB SSD များအထိ ရွေးချယ်နိုင်ပါတယ်။ Windows Hello ကို ထောက်ပံ့တဲ့ လက်ဗွေရာ ကိရိယာ ပါပါတယ်။

Ref : theverge

Posted on Leave a comment

အသံုးမ်ားတဲ့ 2-in-1 laptop ေလးေတြ

Zawgyi version

ခုေခတ္မွာက ဘယ္အရာမဆို အသံုးဝင္ၿပီး ေပါ့ပါးပါးပါးျဖစ္တဲ့အရာေတြကို လူႀကိဳက္မ်ားလာၾကပါတယ္။ အဲ့ပစၥည္းက တစ္မ်ိဳးထဲဆိုေပမဲ့ ၂ ေနရာေလာက္သံုးလို႔ရရင္ ပိုေတာင္ႀကိဳက္ၾကပါေသးတယ္။

ခုေျပာမဲ့ဟာေလးကေတာ့ laptop လိုလဲ သံုးလို႔ရမယ္ စာေတြဘာေတြဖတ္တဲ့အခ်ိန္ ေပါ့ေပါ့ပါးပါး နဲ႔ tablet လိုလဲ သံုးလို႔ရမဲ့ 2 in 1 Laptop Tablet ေလးေတြအေၾကာင္းကို ေျပာျပမွာပဲ ျဖစ္ပါတယ္။ အသံုးမ်ားၿပီး အရည္အေသြးလဲ ေကာင္းတာေလးေတြကို list ေလးလုပ္ေပးထားပါတယ္။

အရည္အေသြးေကာင္းမြန္တဲ့ Microsoft Surface Pro

Microsoft Surface Pro ကေပးရတဲ့ေစ်းနဲ႔ေရာ တန္ေအာင္ Performance ကိုလဲ ေကာင္းမြန္စြာ ျပဳလုပ္ထားပါတယ္။ သူက Intel Core i7 processor ျဖစ္ၿပီး RAM က 16GB ကေန 256GB SSD ထိ႐ွိပါတယ္။ သူရဲ႕ ဘက္ထရီက 13.5 နာရီထိ အသံုးျပဳႏိုင္ပါတယ္။ အေလးခ်ိန္က 1.69- pound ႐ွိၿပီး ေက်ာင္းသားေတြ၊ လုပ္ငန္း႐ွင္ေတြ နဲ႔ ခရီးအျမဲတမ္းသြားျဖစ္တဲ့ သူေတြအတြက္ ေတာ္ေတာ္ အဆင္ေျပပါတယ္။ သူ႕ကုိ  Laptop ပံုစံေျပာင္းခ်င္တယ္ဆုိရင္ေတာ့ သူ႔မွာတစ္ခါထဲပါတဲ့ ကီးဘုတ္ေလးကို ဆြဲထုတ္ျပီး laptop တစ္လံုးအသြင္ အသံုးျပဳနုိင္ပါတယ္။ သူ႔မွာ “Studio Mode” လဲပါ၀င္တာျဖစ္ျပီး သူ႔ကို Surface Pen နဲ႔ တြဲဖက္ျပီး စာေရးတာတို႔ ပံုဆြဲတာတို႔ကို အသံုးျပဳနုိုင္ပါတယ္။

ေစ်းသက္သာတဲ့  Asus T102HA Transformer Mini 10.1-Inch

Asus T102HA Transformer Mini 10.1-inch 2-in-1 hybrid computer ေလးက

Intel Atom quad-core x5 processor ကိုအသံုးျပဳထားျပီး 4GB RAM နဲ႔ EMMC storage က 128GB ပဲျဖစ္ပါတယ္။ သူကေတာ့ ၁.၇ ေအာင္စရွိျပီး ၆လက္မ frame ရွိပါတယ္။ သူကဘာလို႔ Microsoft-made နဲ႔မတူတာလဲဆုိေတာ့ Asus Transformer က pen box ေလးပါ၀င္ျပီး ကီးဘုတ္နဲ႔ fingerprint reader ေရာအသံုးျပဳလို႔ရတာပဲ ျဖစ္ပါတယ္။ ကီးဘုတ္ကိုေတာ့ သံလုိက္နဲ႔ တြဲဖက္တပ္ဆင္ေပးထားျပီး သူ႔ကို 170 degree လွည့္ျပီး အသံုးျပဳလို႔ရပါတယ္။ laptop အသြင္ေျပာင္းဖို႕ kickstand ေလးပါ၀င္ျပီး အလြယ္တကူပဲ laptop တစ္လံုးအသြင္ ေျပာင္းလဲနုိုင္ပါတယ္။ သူ႔မွာ USB, micro USB, micro HDMI နဲ႔ microSD port ေတြပါ၀င္ပါေသးတယ္။

ေပါ့ေပါ့ပါးပါးနဲ႔ သယ္ရလြယ္တဲ့  Microsoft Surface Go

သူရဲ႕ဆိုဒ္ကေတာ့ ၁၀လက္မရွိျပီး 1800×1200-pixel display နဲ႔ သူက ၁ေပါင္ေက်ာ္ေက်ာ္ေလာက္ပဲ အေလးခ်ိန္ရွိပါတယ္။ သူကေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ အသံုးျပဳလို႔ိရတဲ့ 2-in-1 device ေလးပဲျဖစ္ပါတယ္။ သူ႔ကိုုေတာ့ 1.6Hz Intel Pentium Gold 4415Y processor အသံုးျပဳထားျပီး တစ္ျခား window products ေတြရဲ႕ Core i-series Intel CPUs ေလာက္ေတာ့ မျမင့္ပါဘူး။ သူက gaming device လုိမ်ိဳးသံုးဖို႔ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အရြယ္အစားလဲ ေသးငယ္ျပီး အဓိကလိုအပ္တာေလးေတြအသံုးျပဳဖို႔ေလာက္ပဲ အဆင္ေျပလို႔ပါ။ ဒါေပမဲ့ သူကတစ္ခါအားသြင္းထားရံုနဲ႔ ၄ နာရီ ၅ နာရီေလာက္ထိ အသံုးျပဳနုိင္ပါတယ္။  သူ႔ကုိေတာ့ အေရာင္ ၄ ေရာင္နဲ႔ ရရွိနုိင္မွာ ျဖစ္ပါတယ္။ သူက ေစ်းလဲ ခ်ိဳသာျပီး ေပါ့ေပါ့ပါးပါးၾကိဳက္တဲ့သူေတြအတြက္ အဆင္ေျပပါတယ္။

Performance ေကာင္းမြန္တဲ့  Samsung Notebook 9 Pro

Samsung Notebook 9 Pro ကေတာ့ ၁၅လက္မ ရွိျပီး သူက မ်က္နွာျပင္ကို ထိေတြ႔ဖို႔အတြက္ Samsung ရဲ႕ S-pen ေလးလဲ ပါရွိပါတယ္။ သူ႔ကိုေတာ့ အရြယ္အစား ၂ မ်ိဳးရွိပါတယ္။ ၁၃လက္မ ေမာ္ဒယ္ကေတာ့ 1920 x 1080 pixel resolution, 3.5 GHz processor, 8GB of RAM နဲ႔ ADM Radeon 540 graphics card တို႔ပါရွိပါတယ္။

Gaming အတြက္ေကာင္းမြန္တဲ့  Dell Inspiron 7000 15-inch

ခရီးသြားတာမ်ားတဲ္သူေတြ ဂိမ္းအရမ္းေဆာ့တဲ့သူေတြအတြက္ အသံုးဝင္ပါတယ္။ သူက Inspiron 7000 ကိုအသံုးျပဳထားပါတယ္။ သူက ၁၅.၆ လက္မ႐ွၿပီး full HD display ပဲ ျဖစ္ပါတယ္ ။ သူက ဂိမ္းေဆာ့လို႔လဲ ေတာ္ေတာ္ ေကာင္းမြန္ပါတယ္။ Intel HD Graphics 620 card ျဖစ္တဲ့အတြက္ေၾကာင့္ performance ကလဲ ေကာင္းမြန္ပါတယ္။ သူကလဲ ကီးဘုတ္ပါဝင္ၿပီး ၆ နာရီၾကာအသံုးျပဳႏိုင္ပါတယ္။

 

 

Posted on Leave a comment

Chromebook အေဟာင္းမ်ားတြင္ Linux app မရႏုိင္ဟု Google ေျပာၾကား

Zawgyi Version

Google က ဒီႏွစ္အေစာပိုင္းတုန္းက Linux app ေလးေတြကို Chrome OS မွာ ေထာက္ပံ့ေပးသြားမယ္လို႕ ေျပာထားပါတယ္။ အဲဒီ feature ကိုေတာ့ Canary နဲ႕ Dev channel မွာ ရနုိင္ေတာ့မွာပါ။ အခုဆိုရင္ေတာ့ ထုတ္လုပ္သူအေတာ္မ်ားမ်ားရဲက Chromebook ေတြမွာ လုပ္ေဆာင္ေပးေနပါျပီ။ Linux kernel 3.14 ႏွင့္အထက္ အသံုးျပဳေနတဲ့ device ေတြမွာေတာ့ မရႏုိင္ဘူးလို႕ အတည္ျပဳေပးထားခဲ့ပါတယ္။
Chrome OS ေပၚက Linux app ေတြဟာ protected container ထဲမွာ run ျပီးေတာ့ main system ထဲကို malicious software ေတြ ၀င္ေရာက္ျခင္းမွ ကာကြယ္ေပးထားပါတယ္။ သူကေတာ့ vsock လိုမ်ိဳး Linux kernel ကို လိုအပ္ပါတယ္။ kernel version မတူတဲ့ Chromebook ေတြလည္း ရွိေနပါတယ္။


ဒီကိစၥကိုေျဖရွင္းဖို႕အတြက္ Google က လိုအပ္တဲ့ feature ေတြကို အရင္တုန္းက kernel ဗားရွင္းေတြမွာ ထည့္ေပးမွာပါ။ Chrome OS developer ေတြကေတာ့ Linux app ေတြကို kernel 3.11 နဲ႕အထက္ Chromebook အားလံုးမွာ ရႏုိင္မယ္လုိ႕ ခန္႕မွန္းခဲ့ပါတယ္။ ဒါေပမယ့္လည္း ေျပာင္းလဲမႈေတြထည့္သြင္းဖို႕အတြက္ အခ်ိဳ႕ဗားရွင္းေတြက အဆင္မေျပျဖစ္လာခဲ့ပါတယ္။ ေနာက္ဆံုးသတ္မွတ္လိုက္တာကေတာ့ Linux kernel 3.15 ႏွင့္အထက္ ျဖစ္ပါတယ္။
ဒါေၾကာင့္ Chromebook အေတာ္မ်ားမ်ားမ်ာ မရႏုိင္ေတာ့ပါဘူး။ ဒီေတာ့ ထိခိုက္သြားတဲ့ေမာ္ဒယ္လ္ေတြလည္း ရွိပါတယ္။

  • AOpen Chromebase Mini (Feb 2017; tiger, veyron_pinky)
  • AOpen Chromebox Mini (Feb 2017; fievel, veyron_pinky)
  • ASUS Chromebook C201 (May 2015; speedy, veyron_pinky)
  • Acer C670 Chromebook 11 (Feb 2015; paine, auron)
  • Acer Chromebase 24 (Apr 2016; buddy, auron)
  • Acer Chromebook 15 (Apr 2015; yuna, auron)
  • Acer Chromebox CXI2 (May 2015; rikku, jecht)
  • Asus Chromebit CS10 (Nov 2015; mickey, veyron_pinky)
  • Asus Chromebook Flip C100PA (Jul 2015; minnie, veyron_pinky)
  • Asus Chromebox CN62 (Aug 2015; guado, jecht)
  • Dell Chromebook 13 7310 (Aug 2015; lulu, auron)
  • Google Chromebook Pixel (Mar 2015; samus)
  • Lenovo ThinkCentre Chromebook (May 2015; tidus, jecht)
  • Toshiba Chromebook 2 (Sep 2015; gandof, auron)

အထိနာဆံုးကေတာ့ 2015 Chromebook Pixel နဲ႕ Chromebook Flip C100PA ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Chromebook ေတြရဲ႕ ေရွ႕ေရးက ပိုေကာင္းလာျပီဆိုတာ ျမင္သာပါတယ္ေလ။

Unicode Version

Google က ဒီနှစ်အစောပိုင်းတုန်းက Linux app လေးတွေကို Chrome OS မှာ ထောက်ပံ့ပေးသွားမယ်လို့ ပြောထားပါတယ်။ အဲဒီ feature ကိုတော့ Canary နဲ့ Dev channel မှာ ရနိုင်တော့မှာပါ။ အခုဆိုရင်တော့ ထုတ်လုပ်သူအတော်များများရဲက Chromebook တွေမှာ လုပ်ဆောင်ပေးနေပါပြီ။ Linux kernel 3.14 နှင့်အထက် အသုံးပြုနေတဲ့ device တွေမှာတော့ မရနိုင်ဘူးလို့ အတည်ပြုပေးထားခဲ့ပါတယ်။
Chrome OS ပေါ်က Linux app တွေဟာ protected container ထဲမှာ run ပြီးတော့ main system ထဲကို malicious software တွေ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးထားပါတယ်။ သူကတော့ vsock လိုမျိုး Linux kernel ကို လိုအပ်ပါတယ်။ kernel version မတူတဲ့ Chromebook တွေလည်း ရှိနေပါတယ်။


ဒီကိစ္စကိုဖြေရှင်းဖို့အတွက် Google က လိုအပ်တဲ့ feature တွေကို အရင်တုန်းက kernel ဗားရှင်းတွေမှာ ထည့်ပေးမှာပါ။ Chrome OS developer တွေကတော့ Linux app တွေကို kernel 3.11 နဲ့အထက် Chromebook အားလုံးမှာ ရနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြောင်းလဲမှုတွေထည့်သွင်းဖို့အတွက် အချို့ဗားရှင်းတွေက အဆင်မပြေဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးသတ်မှတ်လိုက်တာကတော့ Linux kernel 3.15 နှင့်အထက် ဖြစ်ပါတယ်။
ဒါကြောင့် Chromebook အတော်များများမျာ မရနိုင်တော့ပါဘူး။ ဒီတော့ ထိခိုက်သွားတဲ့မော်ဒယ်လ်တွေလည်း ရှိပါတယ်။

  • AOpen Chromebase Mini (Feb 2017; tiger, veyron_pinky)
  • AOpen Chromebox Mini (Feb 2017; fievel, veyron_pinky)
  • ASUS Chromebook C201 (May 2015; speedy, veyron_pinky)
  • Acer C670 Chromebook 11 (Feb 2015; paine, auron)
  • Acer Chromebase 24 (Apr 2016; buddy, auron)
  • Acer Chromebook 15 (Apr 2015; yuna, auron)
  • Acer Chromebox CXI2 (May 2015; rikku, jecht)
  • Asus Chromebit CS10 (Nov 2015; mickey, veyron_pinky)
  • Asus Chromebook Flip C100PA (Jul 2015; minnie, veyron_pinky)
  • Asus Chromebox CN62 (Aug 2015; guado, jecht)
  • Dell Chromebook 13 7310 (Aug 2015; lulu, auron)
  • Google Chromebook Pixel (Mar 2015; samus)
  • Lenovo ThinkCentre Chromebook (May 2015; tidus, jecht)
  • Toshiba Chromebook 2 (Sep 2015; gandof, auron)

အထိနာဆုံးကတော့ 2015 Chromebook Pixel နဲ့ Chromebook Flip C100PA ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Chromebook တွေရဲ့ ရှေ့ရေးက ပိုကောင်းလာပြီဆိုတာ မြင်သာပါတယ်လေ။