Laptop/PC Trending

Dual-screen Gaming Laptop ကို ပြသလိုက်တဲ့ HP

HP က OMEN X 2S အမည်ရ Gaming Laptop ကို ပြသလိုက်ပါတယ်။ သူ့မှာ စကရင် နှစ်ခု ပါတာက ထူးခြားပါတယ်။ သာမာန် စကရင် အပြင် ကီးဘုတ်ရဲ့ အထက်မှာ စကရင် အသေးတစ်ခု အပိုထည့်ထားပါတယ်။ ၆ လက်မ 1080p Display ဖြစ်ပြီး Screen Mirroring လုပ်ဆောင်ချက် ပါပါတယ်။ MacBook Pro Models များမှ Touch Bar လိုပဲ OMEN X 2S ရဲ့ အရွယ်သေး စကရင်ဟာ Multitasking ပြုလုပ်ဖို့ အတွက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် အရွယ်ကြီး စကရင်မှာ ဂိမ်းကစားနေချိန်မှာ အရွယ်သေး စကရင်မှာ […]

Laptop/PC Trending

Lenovo က ကမ္ဘာ့ပထမဆုံး ခေါက်ချိုး လက်ပ်တော့ကို ပြသ

စမတ်ဖုန်း နယ်ပယ်မှာတော့ ခေါက်ချိုး မျက်နှာပြင်များကို မြင်လာကြရပါပြီ။ ဟွာဝေး၊ ဆမ်ဆောင်း အပြင် ကုမ္ပဏီငယ်များကလည်း ခေါက်ချိုး စမတ်ဖုန်းများကို ဖန်တီးနေကြပါတယ်။ အခုတော့ ခေါက်ချိုး မျက်နှာပြင်များကို စမတ်ဖုန်းများမှာသာမကဘဲ ကွန်ပြူတာများမှာပါ ထည့်သွင်းလာကြပါတယ်။ ကွန်ပြူတာ နယ်ပယ်မှာ နာမည်ရှိတဲ့ လီနိုဗိုက ကမ္ဘာ့ပထမဆုံး ခေါက်ချိုး လက်ပ်တော့ကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်က ThinkPad X1 ဖြစ်ပါတယ်။ ခေါက်ချိုး မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ကုမ္ပဏီရဲ့ Accelerate Conference မှာ ကြေညာလိုက်တာ ဖြစ်ပြီး All-screen Design ဖြစ်ပါတယ်။ အလယ်ကနေ ခေါက်ချိုး အသုံးပြုနိုင်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်ရင် သယ်ဆောင်ရတာ လွယ်ကူသွားပါတယ်။ လူမှုကွန်ရက်များ ကြည့်မလား ၊ မီးဖိုချောင်မှာ ဟင်းချက်နေရင်း […]

Enterprise Gadget Laptop/PC Trending

သုံးစွဲသူတွေကို အသစ်ပြောင်းကိုင်စေချင်တဲ့ Microsoft ရဲ့လုပ်ရပ်

Zawgyi Version Windows 10 သုံးချင်ရင် 32 GB storage အနည်းဆုံးရှိမှရမည် လွန်ခဲ့တဲ့လေးနှစ်တုန်းက Microsoft က သတင်းကောင်းတစ်ခု ပေးခဲ့ပါတယ်။ Windows တွေအတွက် နေရာယူတာ လျှော့တော့မယ်။ bloat တွေ အများဆုံးပါတဲ့ OS တစ်ခုအနေနဲ့ ယူဆထားတာဖြစ်လို့ Windows 10 ဟာ အနည်းဆုံး 16 GB တော့ ယူပါတယ်။ အခုဆိုရင်တော့ နှစ်ဆတက်သွားခဲ့ပါပြီ။ Software ဘက်ကလိုအပ်တဲ့ minimum storage ကို တိုးလိုက်တဲ့အတွက်ကြောင့် hardware  လုပ်တဲ့သူတွေက ရွေးချယ်စရာမရှိတော့ပါဘူး။ Microsoft က Windows 10 ရဲ့ လိုအပ်ချက်ကို 16 GB အထိ လျှော့ချလိုက်ချိန်မှာ low-end tablet […]

Laptop/PC Trending

၁၇ လက်မ Galaxy View 2 ကို Samsung ကြေညာ

Samsung က TV လိုပါ သုံးနိုင်မယ့် အရွယ်ကြီး တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်က Galaxy View 2 ဖြစ်ပါတယ်။ သူ့မှာ ၁၇ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ သူဟာ Portable TV လို့ ပြောနိုင်သလို အရွယ်ကြီး တက်ဘလက်လည်း ဖြစ်ပါတယ်။ လ ၂၀ အရစ်ကျသွင်းရင် တစ်လ ၃၇ ဒေါ်လာ ကျသင့်မှာပါ။ အဲဒီအတွက် ၇၄၀ ဒေါ်လာ တန်ကြေးရှိပါတယ်။ ဒီလ ၂၆ ရက်မှာ AT&T ကနေ စတင် ရောင်းချပေးလိုက်ပါပြီ။ သူ့မှာ Octa-core 1.6GHz Exynos 7884 Chipset , 3GB […]

Gadget Laptop/PC Trending

အကြိမ်များစွာ မှားပြီး Unlock လုပ်မိလို့ ၄၇ နှစ်ကြာ Lock Out ဖြစ်သွားတဲ့ iPad

ဖုန်းတွေ၊ တက်ဘလက်တွေရဲ့ ဆော့ဖ်ဝဲတွေဟာ ကြောင်တတ်ပါတယ်။ အခု အိုင်ပတ်ရဲ့ ဆော့ဖ်ဝဲ ကြောင်သွားတာက တော်တော် ရီစရာ ကောင်းပါတယ်။ အိုင်ပတ်ကို အကြိမ်များစွာ မှားပြီး Unlock လုပ်မိလို့ မိနစ်ပေါင်း ၂၅ သန်းကြာ Lock Out ဖြစ်သွားပါတယ်။ နှစ်ပေါင်းအားဖြင့် ၄၇ နှစ်ကြာ ဖြစ်ပါတယ်။ အိုင်ပတ်ရဲ့ ပိုင်ရှင်က ၀ါရှင်တန် ဒီစီမှ ဂျာနယ်လစ်တစ်ဦး ဖြစ်သူ Evan Osnos ဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၃ နှစ်အရွယ် သားလေးဟာ အိုင်ပတ်ကို Unlock လုပ်ရာမှာ အကြိမ်များစွာ မှားယွင်းခဲ့ပြီး ဒီလို ဖြစ်သွားတာပါ။ Mr Osnos က သူ့ရဲ့ အဖြစ်ကို တွစ်တာမှာ တင်ခဲ့ပြီး ဘယ်လို […]

Knowledge Laptop/PC Trending

USB stick ကို ကြိုက်တဲ့အချိန်ဆွဲထုတ်ခွင့်ပေးမယ့် Windows 10

Zawgyi Version ကွန်ပျူတာကို စပြီးအသုံးပြုမယ့်သူတွေအနေနဲ့ USB storage လေးကို ကွန်ပျူတာနဲ့ချိတ်ဆက်အသုံးပြုတဲ့အချိန်မှာ ပထမဆုံးသိရှိဖို့လိုတာက မဖြုတ်ခင်မှာ “eject” လုပ်ဖို့လိုတယ်ဆိုတာ သတိပေးထားရပါတယ်။ Windows မှာတော့ “Safely Remover Hardware” option လေး ပါဝင်တတ်ပါတယ်။ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ရတဲ့ အမွေတစ်ခုဖြစ်ပေမယ့်လည်း Windows သုံးဖို့အတွက် မလိုအပ်တော့ပါဘူးတဲ့။ version 1809 ကိုအသုံးပြုထားတဲ့ Windows 10 မှာတော့ပျောက်ကွယ်သွားတော့မှာပါ။ စိတ်ကြိုက်အချိန်မှာ ဆွဲထုတ်နိုင်အောင် mode တစ်ခုထားပေးပြီးတော့ အဲဒီ mode ကို default ထားပေးဦးမှာပါ။ ဆွဲမထုတ်ခင်မှာ safely removing USB stick တို့၊ hard drive တို့ထားပေးရခြင်းက မကူးပြောင်းရသေးတဲ့ဒေတာတွေဟာ storage လေးထဲမှာပဲ ကျန်နေတာသေချာအောင် […]

Laptop/PC Trending

Microsoft က Surface Book 2 Model အသစ်ကို ကြေညာ

Microsoft က သူ့ရဲ့ Surface Book 2 Model အသစ်ကို ကြေညာလိုက်ပါတယ်။ သူ့မှာ Intel ရဲ့ နောက်ဆုံးထုတ် 8th Gen Quad-core i5 Processor ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၁၃ လက်မ ဖြစ်ပါတယ်။ သူ့ကို ဒေါ်လာ ၁၄၉၉ သတ်မှတ်ထားပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပြီး 256GB Storage , 8GB RAM များ ထည့်သွင်းထားပါတယ်။ ပရော်ဆက်ဆာက အဓိက ပြောင်းလဲ တိုးတက်မှု ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် အပိုင်းမှာ ဒီထက် ကောင်းအောင်လုပ်ထားသင့်ပါတယ်။ Surface Pro 6 Model များမှာ Dual-core […]

Laptop/PC Smartphone Trending

iPhone XI က လက်ပ်တော့နဲ့ တွဲဖက်သုံးနိုင်မှာလား

Zawgyi Version မျိုးဆက်သစ် iPhone XI ကတော့ လက်ပ်တော့ကိုပါဝါပေးနိုင်မယ့် ပထမဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ တကယ်လို့ လုပ်နိုင်ခဲ့မယ်ဆိုရင်ပေါ့လေ။ ဒီနေ့မှာတော့ Apple က အနာဂတ်ရဲ့ mobile desktop ပေါင်းစပ်မှုကို လုပ်ဆောင်ဖို့အတွက် patent တင်ထားတဲ့သတင်းကို ကျွန်တော်တို့ရထားပါတယ်။ iPhone XI က desktop လောကကို အလားအလာတွေယူဆောင်ပေးမှာတင်မက ပေါင်းကူးတံတားသဖွယ်လည်း လုပ်ဆောင်ပေးမှာပါ။ iPad Pro နဲ့တော့ ပေါင်းကူးမှုတွေ လုပ်ဆောင်ထားပြီးပါပြီ။ အခုရောက်နေတာက ၂၀၁၉ ဖြစ်တဲ့အတွက်ကြောင့် patent လေးရဲ့ ဗားရှင်းအသစ်ကိုလည်း ထပ်မံတွေ့မြင်ရပါတယ်။ အသက်ဝင်လာမယ်လို့လည်း မျှော်လင့်မိပါတယ်။ iPad Pro မပေါ်ခင်အထိ iPad ကို desktop အနေနဲ့ သုံးခဲ့ဖူးပါတယ်။ iPad အတွက် Logitech Slim […]

Enterprise Laptop/PC Social Trending

တစ်နှစ်အတွင်း ထောက်ပံ့မှုရပ်ဆိုင်းတော့မယ့် Windows 7

Zawgyi Version Windows ဗားရှင်းအဟောင်းတွေကို သုံးနေကြတဲ့ PC သမားတွေကို မအံ့သြကြပါနဲ့။ Windows 10 ရဲ့ဝန်ဆောင်မှုမော်ဒယ်လ် ဒါမှမဟုတ် IT department က အဆင်မပြေလို့များလား။ ဘယ်လိုပဲဖြစ်ဖြစ် အတော်များများက Windows 7 ကို သုံးနေကြပါတယ်။ အခုအချိန်ကတော့ ပြောင်းလဲချိန်တန်ပြီ။ Microsoft က ဒီနေ့ကနေ တစ်နှစ်အတွင်းမှာ Windows 7 အတွက် security update ဒါမှမဟုတ် free support တွေကို ပေးတော့မှာ မဟုတ်ပါဘူး။ Windows 7 ကတော့ Microsoft ရဲ့ အောင်မြင်မှုကြီးတစ်ခုဖြစ်ပါတယ်။ Vista ထုတ်အပြီးနောက်မှာ ဆန်းသစ်မှုတွေယူဆောင်နိုင်ခဲ့ပါတယ်။ Windows 8 မှာတော့ လူတွေအနည်းငယ်ကသာ ဂရုစိုက်ကြပါတယ်။ Windows 10 […]

Laptop/PC Trending

Notch ပါလာတဲ့ Lenovo Yoga S940

မျက်နှာပြင် အပြည့် ဒီဇိုင်းကို ဖန်တီးဖို့ အတွက် စမတ်ဖုန်းများမှာ Notch Design ကို အသုံးပြုလာကြပါတယ်။ အခုတော့ Notch Design ကို လက်ပ်တော့များမှာပါ အသုံးပြုလာကြပါတယ်။ Lenovo က CES 2019 မှာ Notch Design ပါတဲ့ Yoga S940 Laptop ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၁၆၄၉.၉၉ သတ်မှတ်ထားပါတယ်။ မေလမှာ ရောင်းချမှာပါ။ သူ့မှာ ၁၃.၉ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ HDR400 ကို ထောက်ပံ့တဲ့ 4K နဲ့ Full HD Model များ ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင်က ဘောင်ပျောက် ဒီဇိုင်း […]