Smartphone Trending

မြန်မာငွေ ၁ သိန်းစွန်းစွန်းသာ ကျမယ့် Nokia 8810 4G ကို ရောင်းပြီ

HMD Global က ဖေဖော်ဝါရီလမှာ 4G သုံးနိုင်တဲ့ Nokia 8810 4G ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ရောင်းချပေးလိုက်ပါပြီ။ ဥရောပမှာ သူ့ကို ကြိုတင်မှာယူနိုင်ပါပြီ။ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီတို့မှာ ယူရို ၈၉.၇၅ ၊ ၉၁.၂၄ ၊ ၉၀.၅၀ ၊ ၈၈.၉၉ ဖြင့် အသီးသီး ရောင်းချပေးထားပါတယ်။ Amazon UK က စတာလင်ပေါင် ၇၈.၅၆ ဖြင့် ရောင်းချပေးနေပါတယ်။ ဇူလိုင်လ ၄ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ စင်ကာပူမှာတော့ အစောဆုံး ၀ယ်ယူနိုင်မှာ ဖြစ်ပြီး Lazada ကနေ စင်ကာပူဒေါ်လာ ၉၈ ဖြင့် ရောင်းချပေးမှာပါ။ […]

Smartphone Trending

Oppo R15 အတွက် Fantasy Pink အရောင်ကို မိတ်ဆက်

Oppo က R15 အတွက် Fantasy Pink အရောင်ကို မိတ်ဆက်လိုက်ပါတယ်။ R15 ကို မတ်လမှာ ကြေညာခဲ့တာပါ။ စတင်ကြေညာစဉ်မှာ အရောင်သုံးမျိုးကို ထုတ်လုပ်ပေးထားပါတယ်။ မေလမှာတော့ အေ ရာင်အသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ နောက်ထပ် အရောင် အသစ်တစ်ခုကို ပြသလိုက်ပါတယ်။ အဲဒီအရောင်ကို Fantasy Pink လို့ အမည်ပေးထားပါတယ်။ ထူးခြားချက်က မတူညီတဲ့ အလင်းရောင်များအောက်မှာ ဖုန်းရဲ့ အနောက်ဘက်ဟာ နှင်းဆီရွှေရောင်ကို ပြောင်းသွားပါတယ်။ သူ့ရဲ့ Specifications များမှာ မူလ R15 နဲ့ တူညီပါတယ်။ သူ့မှာ ၆.၂၈ လက်မ 1080x2280p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16+5MP […]

Smartphone Trending

ဂိမ်းဖုန်းလောကကို တစ်ခတ်ဆန်းစေမယ့် Asus ရဲ့ ROG Phone

Zawgyi Version ဒီနေ့ခေတ်ရဲ့ ရေစီးကြောင်းကတော့ ဂိမ်းဖုန်းတွေ ဖြစ်လာပါပြီ Screen 6.0-inch 18:9 AMOLED SoC 2.96GHz Snapdragon 845 RAM 8GB Storage 512GB Camera 1 12MP rear, ƒ/1.8, EIS Camera 2 8MP rear, ƒ/2.0 Battery 4000mAh Connectivity Gigabit LTE Security Fingerprint Cooling 3D vapor-chamber cooling system Asus ဟာ Computex 2018 ကို သူ့ရဲ့ အချက်အလက်မြင့်မြင့်တွေအသုံးပြုထားတဲ့ ROG Phone နဲ့ စဖွင့်လိုက်ပါတယ်။ ဂိမ်းသမားတွေရဲ့ brand ၊ […]

Smartphone Trending

Notch Screen နဲ့ထွက်လာမယ့် Google Pixel 3 XL ပုံရိပ်များပေါက်ကြား

2018 ခုနှစ်ဟာ ထိပ်ဘက်မှာ notch ပါဝင်တဲ့ စမတ်ဖုန်းတွေရဲ့ နှစ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ အခုဆိုရင် ထွက်သမျှစမတ်ဖုန်းတိုင်းဟာ notch တွေပါဝင်လာခဲ့တယ်။ Huawei, Xiaomi, OPPO, VIVO နဲ့စမတ်ဖုန်း ထုတ်လုပ်သူအများစုဟာ သူတို့ဖုန်းတွေရဲ့ ထိပ်ဘက်မှာ notch တွေကို မူကွဲလေးတွေနဲ့ တပ်ဆင်လာကြပါတယ်။ Notch ဒီဇိုင်းရဲ့ ဦးဆောင်သူကတော့ Apple လို့ဆိုနိုင်ပါတယ်။ သူ့ထက်ဦးတဲ့ Android စမတ်ဖုန်း တစ်မျိုးရှိခဲ့ပေမယ့် စမတ်ဖုန်းထုတ်လုပ်သူအများစုဟာ Apple ရဲ့ဒီဇိုင်းကိုသာ ပုံစံတူ တုပလာကြလို့ပါ။ ဒီနေ့မှာလည်း နောက်ထပ် Notch ဒီဇိုင်းအသုံးပြုလာမယ့် ဖုန်းမော်ဒယ်တစ်ခုရဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ သူကတော့ Google ကနေထုတ်လုပ်မယ့် Pixels series ဖုန်းတွေဖြစ်ပြီး Pixel 3 နဲ့ Pixel […]

Smartphone Trending

Pop-Up ကင်မရာပါဝင်ဖို့ သေချာသွားပြီဖြစ်တဲ့ VIVO NEX

ဇွန်လ၁ရက်နေ့က တရုတ်စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Vivo ဟာသူတို့ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့  VIVO NEX ကိုဇွန်၁၂ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။ ဒီနေ့မှာတော့  VIVO NEX နဲ့ပတ်သတ်တဲ့ပိုစတာလေးတစ်ခု ထွက်လာခဲ့ပါတယ်။ ထွက်ရှိလာတဲ့ ပိုစတာလေးမှာတော့  VIVO NEX ရဲ့ထိပ်ဘက်အပေါ်နားလေးမှာ အဝိုင်းပတ်ပြီး လည်နေတဲ့ ဂြိုဟ်ပုံစံလေးနဲ့အတူ Pop-Up ဒီဇိုင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။ Pop-Up ရဲ့အကြိမ်ရေဘယ်လောက်ထိ ခံနိုင်စွမ်းရှိမလဲဆိုတာနဲ့ ပတ်သတ်လို့မသိရှိရသေးပေမယ့် ကင်မရာရိုက်ကူးပြီးလို့ သင့်အသုံးမပြုတော့ဘူးဆိုတာနဲ့ 0.8 စက္ကန့်အတွင်း အလိုအလျောက်အထဲကို ပြန်ဝင်သွားမှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာအတွက် pop-up ကိုထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ivo NEX ရဲ့မျက်နှာပြင်ပိုင်းအတွက် OLED display နဲ့အတူ Full HD+ resolution ဖော်ပြနိုင်စွမ်းပေးထားမှာပါ။ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 845 အသုံးပြုလာပါမယ်။ Snapdragon 710 ပရိုဆက်ဆာသုံးလာမယ့် ဈေးသက်သာတဲ့ […]

Smartphone Trending

Notch ပါတဲ့ Xiaomi Mi A2 Lite ထွက်လာမလား ?

Xiaomi က အိန္ဒိယမှာ Mi A2 ကို Mi 6X အမည်ဖြင့် ရောင်းချပေးလိုက်ပါတယ်။ Mi A1 ကိုလည်း Mi 5X အမည်ဖြင့် ရောင်းပေးခဲ့ဖူးပါတယ်။ Mi A1 ဟာ ရှောင်မီရဲ့ ပထမဆုံး Android One Smartphone ဖြစ်ပါတယ်။ အခုတော့ Mi A2 Lite ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ သူ့ကို စင်ကာပူ Certification Site တစ်ခုမှာ စာရင်းတင်ထားပြီး စင်ကာပူမှာ ရောင်းချဖို့ သေချာနေပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ Mi A2 Lite မှာ Display Notch ထည့်သွင်းထားပြီး အနောက်ဘက်မှာ ကင်မရာနှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ […]

Smartphone Trending

Samsung က Galaxy S10 မှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းမလား?

Samsung က လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Galaxy S10 Series များမှ အနည်းဆုံး မော်ဒယ်တစ်ခုမှာ အနောက်ကင်မရာသုံးလုံး ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ KB Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Kim Dong-Won က ပြောပါတယ်။ သူက Galaxy S9 Series များဟာ Galaxy S8 Series များထက် များစွာ တိုးတက်မှု မရှိတာကြောင့် ရောင်းအားဟာ ထင်ထားတာထက် နည်းပါးနေတယ်လို့လည်း ပြောပါတယ်။ Galaxy S10 မှာ အနောက်ကင်မရာသုံးလုံး ထည့်သွင်းပေးခြင်းအားဖြင့် ထူးခြားတိုးတက်လာမှာ ဖြစ်တဲ့အတွက် ဆမ်ဆောင်းက ဒီလို ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ သူ့ရဲ့ နောက်ထုတ်မယ့် Phablets များမှာ Apple iPhone […]

Smartphone

Galaxy S9 Plus ရဲ့ ကင်မရာထက် ပိုကောင်းမယ့် Galaxy Note 9

Bloomberg က Samsung နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက်တောင် အဆင့်မြင့်မယ်လို့ ပြောကြား ဖော်ပြထားပါတယ်။ Galaxy S9 Plus ဟာ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းများထဲမှ တစ်လုံးဖြစ်ပါတယ်။ ယခင်နှစ်ထုတ် Galaxy Note 8 မှာ ကင်မရာ နှစ်လုံးတပ်စနစ်ကို ဆမ်ဆောင်းက စတင် ထည့်သွင်းခဲ့ပါတယ်။ ယခုနှစ်ထုတ် Galaxy S9 Plus မှာလည်း ကင်မရာ နှစ်လုံးတပ်စနစ်ကိုပဲ သုံးထားပါတယ်။ Bloomberg ရဲ့ သတင်းအရ Samsung Galaxy Note 9 ကို သြဂုတ်လမှာ မိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။ […]

Smartphone Trending

3.5mm Earphone ပေါက်ပါဝင်လာမည်ဖြစ်တဲ့ Lenovo Z5

ဒီနေ့မှာတော့  Lenovo ရဲ့  vice CEO ဖြစ်တဲ့ ချန်ချန်းဟာ Z5 စမတ်ဖုန်းနဲ့ပတ်သတ်လို့ အရေးကြီးတဲ့ စွမ်းဆောင်ချက်တစ်ခုကို သူ့ရဲ့Weibo ကနေ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲ့ဒါကတော့ စမတ်ဖုန်းသစ်မှာ 3.5mm earphone jack ကိုထည့်သွင်းပေးသွားမယ်ဆိုတာကိုပါ။ Lenovo Z5 နဲ့ပတ်သတ်တဲ့ အခြားထုတ်ပြန်ချက်တွေမှာတော့ စမတ်ဖုန်းမှာSnapdragon 845 Octa core ပရိုဆက်ဆာကိုအသုံးပြုသွားမှာဖြစ်ပြီး 95% မြင်ကွင်းနဲ့ full view display ကိုသုံးသွားမှာပဲ ဖြစ်ပါတယ်။ ကင်မရာလုပ်ဆောင်ချက်လည်း ကောင်းမွန်ပြီး နောက်ကျောဘက်AI dual ကင်မရာနဲ့အတူ portrait mode လုပ်ဆောင်ချက်လည်း ပါဝင်လာမှာဖြစ်ပါတယ်။ Lenovo Z5 ဟာ 4TB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ထားတဲ့ စမတ်ဖုန်းတွေမှာ […]

Smartphone Trending

Physical Controller ပါလာမယ့် Asus ROG Gaming Phone

လာမယ့် ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ Computex နည်းပညာပြပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီ ပွဲမတိုင်ခင် ၄ ရက်နေ့မှာတော့ Asus က ROG Gaming Phone ကို ကြေညာမှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက Physical Controller ဓါတ်ပုံ နဲ့ June 4 စာသားပါတဲ့ ဓါတ်ပုံတစ်ခုကို အွန်လိုင်းမှာ ပြသလိုက်ပါတယ်။ အဲဒီအတွက် Xiaomi Black Shark Gaming Phone မှာလိုပဲ Asus ROG Gaming Phone မှာ Physical Controller ကို ချိတ်ဆက်ပြီး ဂိမ်းများ ကစားနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ သူတို့ကုမ္ပဏီကထုတ်တဲ့ဖုန်းတွေ […]