Smartphone Trending

တစ်ကမ္ဘာလုံး ဟန်းဆက်ရောင်းအားအမြတ်ရဲ့ ၃၅ ရာခိုင်နှုန်းထိရရှိထားတဲ့ iPhone X

Apple ရဲ့ စွမ်းဆောင်ရည်မြင့် iPhone X ဟာ ၂၀၁၇ ခုနှစ် နှစ်ကုန် မှာ တစ်ကမ္ဘာလုံး ဟန်းဆက် ရောင်းချရမှုအားလုံးမှ စုစုပေါင်း အမြတ်ငွေရဲ့ ၃၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ Counterpoint ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ တစ်ကမ္ဘာလုံးရဲ့ ဟန်းဆက် ရောင်းချရတဲ့ အမြတ်ငွေဟာ တစ်နှစ်ထက် တစ်နှစ် ၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Counterpoint က ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပြီးပြီိလို့ ယုံကြည်ထားပါတယ်။ Counterpoint Research Analyst ဖြစ်သူ Karn Chauhan က “တစ်ကမ္ဘာလုံးရဲ့ ဟန်းဆက် ရောင်းချရတဲ့ အမြတ်ငွေဟာ […]

Smartphone Trending

Razer နဲ့ Xiaomi ကို ပြိုင်ဆိုင်မယ့် ZTE ရဲ့ ဂိမ်းစမတ်ဖုန်းအသစ်

ZTE ရဲ့ Nubia လိုင်းကတော့ Red Magic gaming brand ကို ထွက်ရှိလိမ့်မယ်လို့ သတင်းထွက်နေခဲ့ပြီးသားပါ။ ဒီထုတ်ကုန်အသစ်လေးကတော့ Nubia ‘Red Devil’ Gaming ဖုန်းအဖြစ်နဲ့ ထွက်ရှိလာမှာပါ။ မှန်းထားတာကတော့ April 19 မှာ မြင်ရပါလိမ့်မယ်။ ဒီဖုန်းကတော့ Razer Phone ကို ယှဉ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးခင်က ကြေညာထားတဲ့ Xiaomi ရဲ့ Black Shark ကိုလည်း ပြိုင်ဆိုင်မှုတွေ လုပ်သွားနိုင်ပါတယ်။ ဒီနေ့ခေတ် ဈေးကွက်မှာရနိုင်တဲ့ console တွေလောက် ကောင်းကောင်းကစားနိုင်တဲ့ဖုန်းတွေကို ဈေးကွက်ကတောင်းဆိုမှုတွေ ရှိလာပါတယ်။ ဒါပေမယ့် ဂိမ်းဖုန်းတွေကတော့ အကန့်အသတ်ရှိနေဆဲဖြစ်ပါတယ်။ ဒီဖုန်းလေးမှာ ဘယ်လိုလုပ်ဆောင်ချက်တွေများ ထည့်သွင်းထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Nubia ရဲ့ ပထမဆုံးဂိမ်းစမတ်ဖုန်းကတော့ […]

Smartphone Trending

Consumer Reports က Galaxy S9 ကို အကောင်းဆုံး ဖုန်းအဖြစ် သတ်မှတ်

Samsung Galaxy S9 နဲ့ S9 Plus များမှာ ထူးခြားဆန်းသစ်တဲ့ကင်မရာများ ပါပြီး Galaxy S8 Series များထက် ပိုမို တိုးတက်လာပါတယ်။ အခုတော့ စားသုံးသူများအတွက် ကုန်ပစ္စည်းများရဲ့ အရည်အသွေးကို စောင့်ကြည့် စစ်ဆေးပေးနေတဲ့ Consumer Reports က Galaxy S9 ကို အကောင်းဆုံး ဖုန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ သူတို့က “ S9 Series များဟာ မာကျောကြံ့ခိုင်ပါတယ်။ အလုပ်လုပ်ရာမှာလည်း အလွန် မြန်ပါတယ်။ အသံအရည်အသွေးကလည်း ထိပ်တန်းပါပဲ။ ဖုန်းများစွာထဲမှာ သူတို့ကို အကောင်းဆုံး အဖြစ် ရွေးပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး စမတ်ဖုန်း အလုံး ၂၀ စာရင်းမှာ သူတို့ဟာ ပြိုင်ဖက်များထက် ခြောက်မှတ် […]

Smartphone Trending

iPhone မော်ဒယ်သစ်အတွက် Display များကို မေလတွင် Samsung စတင်ထုတ်လုပ်မည်

Samsung က မေလမှာ iPhone X Plus အတွက် မျက်နှာပြင်များကို စတင် ထုတ်လုပ်ပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။ ဇွန်လမှာ ထုတ်လုပ်မှုကို နှစ်ဆ မြှင့်တင်မှာပါ။ အရင်တုန်းကတော့ ဆမ်ဆောင်းဟာ တတိယ ကွာတား အစ သို့မဟုတ် ဇွန်လကုန်မှသာ စတင် ထုတ်လုပ်မယ်လို့ ထင်ခဲ့ကြတဲ့အတွက် ယခု အချိန်ဇယားဟာ အနည်းငယ် စောနေပါတယ်။ Apple ဟာ ၂၀၁၈ ခုနှစ်မှာ ဖုန်းမော်ဒယ် သုံးမျိုးကို  တစ်ပြိုင်နက် မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့အတွက် ဒီသတင်းဟာ ကောင်းတဲ့ သတင်းပါ။ အဲဒီ ဖုန်းများကတော့ iPhone X အသစ်၊ အရွယ်ကြီး iPhone X Plus နဲ့ စွမ်းဆောင်ရည်သင့် LCD Model ( […]

Smartphone Trending

Dual Camera နဲ့ 4K HDR Recording စနစ်များပါတဲ့ Sony XZ2 Premium ကို မိတ်ဆက်

Sony Xperia XZ2 ကိုမိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ သူ့ရဲ့ Premium Version ဖြစ်တဲ့ Sony XZ2 Premium စမတ်ဖုန်းသစ်ကိုမိတ်ဆက်ပြသလိုက်ပါပြီ ။ သူ့မှာ  အထင်ကြီးစရာကောင်းတဲ့ ကင်မရာတစ်လုံးနဲ့ Specifications  များ ပါပါတယ်။ သူ့ကို ဖန်နဲ့ သတ္တု ပေါင်းစပ်တည်ဆောက်ထားပြီး ဖုန်းရဲ့ရှေ့နောက်ကိုယ်ထည် နှစ်ဖက် စလုံးကို  အကြမ်းခံတဲ့ Gorilla Glass 5 ဖြင့် ဖုံးအုပ်ထားပြီး ဖုန်းရဲ့ကိုယ်ထည်ဒီဇိုင်းအပိုင်းအနေနဲ့ Sony Xperia XZ 2 နဲ့ဆင်တူမှုရှိပါတယ်။ Sony Xperia XZ2 Premium မှာ Motion Eye 19MP Dual Camera ဖြင့် အဆင့်မြှင့်ထားပြီး  ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံများ ဖမ်းယူပေးတဲ့ Black […]

Enterprise Smartphone Trending

iPhone X Display နဲ့ခပ်ဆင်ဆင်စမတ်ဖုန်းကိုထုတ်လုပ်ဖို့ Samsung မှတ်ပုံတင်

ဆမ်ဆောင်းက Display Notch ပါတဲ့ စမတ်ဖုန်း ဒီဇိုင်းတစ်ခုကို တရုတ် Patent Office SIPO မှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီဖုန်းဟ Dual  Rear Camera , USB Type-C Port များပါတဲ့ Bezel-less Device တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ မှာ Physical Fingerprint Scanner  မပါတဲ့အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။ ဆမ်ဆောင်းဟာ Notch ပါတဲ့ ဖုန်းဒီဇိုင်းကို ကြိုက်နေပြီလို့လည်း ထင်ရပါတယ်။ Notch Design ဟာ ယခင်နှစ်မှာ iPhone X ဖြင့်  နာမည်ကြီးလာပြီးနောက်မှာ အန်းဒရွိုက် နယ်ပယ်မှာ အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။ အန်းဒရွိုက် ထုတ်လုပ်သူများစွာကလည်း သူတို့ရဲ့ […]

Smartphone Trending

Gamer တွေအကြိုက် Xiaomi Black Shark စမတ်ဖုန်းနဲ့ လက်တွေ့ဂိမ်းဆော့ပြထားတဲ့ Video

Xiaomi က ဂိမ်းဆော့သူတွေအတွက် အထူးမိတ်ဆက်ပေးလိုက်တဲ့ Gaming Smartphone ဖြစ်တဲ့ Black Shark စမတ်ဖုန်းကိုစိတ်ဝင်စားနေကြမှာပါ။ ဒီဖုန်းနဲ့ PUBG တို့ Mobile Legend တို့ ဆော့ရတာ ဘယ်လိုမိုက်မယ်ထင်လဲ ။ Black Shark စမတ်ဖုန်းကို လက်တွေ့စမ်းသပ်ပြထားတဲ့ ၊ ဂိမ်းဆော့ပြထားတဲ့ ဗီဒီယိုလေးကိုအောက်မှာလေ့လာကြည့်လိုက်ရအောင် ။   Xiaomi Black Shark စမတ်ဖုန်းကို ကျွန်တော်တို့ Myanmar Mobile App Store (MMAS) မှာလည်းဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Myanmar Mobile App Store (MMAS) တွင် မိုဘိုင်းဖုန်းအမျိုးမျိုး ၊ ဖုန်း Accessories အမျိုးမျိုး ၊ ဖုန်းပြုပြင်ရေးလုပ်ငန်းသုံးစက်ကရိယာများနှင့် ဖုန်းပြုပြင်အစိတ်အပိုင်းမျိုးစုံကိုလက်လီလက်ကားရောင်းချပေးလျက်ရှိပါသည်။ တခြားမြို့အသီးသီးမှ မှာယူမှုများအတွက် ကားဂိတ်မှတဆင့် […]

Smartphone Trending

Wi-Fi အသိအမှတ်ပြုမှုရရှိသွားပြီဖြစ်တဲ့ Samsung Galaxy A6+ (2018)

သိပ်မကြာခင်အချိန်အတွင်းမှာ ဈေးကွက်အတွင်း ဖြန့်ချိလိမ့်မယ်လို့ထင်ရတဲ့ Samsung ရဲ့ Galaxy A6+ (2018)ဟာWi-Fi Alliance ရဲ့အသိအမှတ်ပြုမှုကို ရရှိသွားပြီဖြစ်ပါတယ်။ Galaxy A6+ (2018)ရဲ့မော်ဒယ်နံပါတ်ကတော့ SM-A605FN/DS လို့သိရပြီး ယခင်ထွက်ထားပြီးတဲ့ သတင်းတွေအတိုင်း dual-SIM ဗားရှင်းနဲ့ထွက်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း HTML5 test မှာဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေထွက်လာခဲ့ပြီး Infinity Display နဲ့အတူဖုန်းရဲ့ရှည်လျားတဲ့ ပုံသဏ္ဍာန်ကိုမြင်တွေ့ခဲ့ရပါတယ်။ ရှေ့မှာထွက်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S8 နဲ့ Galaxy Note8 တို့ပုံစံဒီဇိုင်းမျိုး မြင်ရနိုင်ပါတယ်။ အစောပိုင်းထွက်ထားတဲ့ သတင်းတွေအတိုင်း Galaxy A6+ (2018) နဲ့ A6 (2018) တို့ဖြစ်ပြီး သူ့မှာပါဝင်တဲ့ အချက်အလက်တွေကတော့ 5.6-inch(A6 (2018)) နဲ့ 18:9 2220x1080px display […]

Smartphone Trending

18:9 Screen , Dual Camera နဲ့ AI ပါတဲ့ ZTE Nubia Z18 Mini

ZTE က Nubia Z18 mini အမည်ရ စမတ်ဖုန်း အသစ်ကို တရုတ်တွင် မိတ်ဆက်လိုက်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ၅.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9  ဖြစ်ပြီး အရည်အသွေးမှာ Full HD   ဖြစ်ပါတယ်။ Gorilla Glass ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ သူ့မှာ Octa-Core Snapdragon 660 Processor ထည့်သွင်းထားပါတယ်။ 6GB RAM  ပါပါတယ်။ အနောက်ဘက်မှာ 24MP + 5MP Dual Camera နဲ့ အရှေ့ဘက်မှာ ၈၀ ဒီဂရီ မြင်ကွင်းကျယ် 8MP Camera ထည့်ပေးထားပါတယ်။ အနောက် […]

Smartphone Trending

Facial Recognition ထက် ပိုကောင်းနေဆဲ Fingerprint Sensor

iPhone X ရဲ့ အဓိက အကျဆုံး ပြောင်းလဲမှုများထဲမှ တစ်ခုက Touch ID Figerprint Sensor ကို ဖယ်ရှားပြီး နည်းပညာမြင့် Face Unlock Function ကို ထည့်သွင်းပေးထားတာပါ။ Apple က ဒီနည်းပညာကို Face ID  လို့ခေါ်ပါတယ်။ OnePlus 5T, Huawei P20 Pro , Galaxy S9 တို့လို အချို့ အန်းဒရွိုက်ဖုန်းများမှာလည်း အလားတူ နည်းပညာပါပါတယ်။ ဒါပေမယ့် အဲဒီဖုန်း အားလုံးမှာ လက်ဗွေရာ ကိရိယာများလည်း ထည့်သွင်းထားပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Facial Recognition ဟာ ကောင်းမွန်ပါတယ်။ သင့်ဖုန်းကို Unlock လုပ်ဖို့ […]