Smartphone Trending

64MP Camera ပါတဲ့ ဖုန်းကို ဖန်တီးနေတဲ့ Redmi

Samsung က ပြီးခဲ့တဲ့ လက 64MP ISOCELL Bright GW1 Sensor ကို ကြေညာခဲ့ပါတယ်။ ဆမ်ဆောင်းက ဒီနှစ်နှောင်းပိုင်းမှာ 64MP GW1 Sensor ပါတဲ့ Galaxy A70S ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ နောက်ထုတ်မယ့် Redmi ရဲ့ စမတ်ဖုန်းမှာလည်း 64MP ISOCELL Bright GW1 Sensor ပါလာမယ်လို့ သတင်းထွက်နေပြီး ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယ နှစ်ဝက်မှာ ကြေညာနိုင်ပါတယ်။ သတင်းများအရ ဆမ်ဆောင်းဟာ နောက်ထုတ်မယ့် Galaxy A Series Model တစ်လုံးမှာ 64MP ISOCELL Sensor ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ နောက်ထုတ်မယ့် Redmi […]

Smartphone Trending

အနောက်ကင်မရာသုံးလုံးပါတဲ့ Xiaomi Mi 9T ကို ကြေညာပြီ

ရှောင်မီက Redmi K20 ကို  ဥရောပမှာ Mi 9T  အမည်နဲ့ ကြေညာလိုက်ပါတယ်။ သူ့မှာ 3D Curved Design ကို သုံးထားပါတယ်။ အနောက်ဘက်မှာ မီးတောက်မီးလျှံ Pattern များကို ရေးထွင်းထားပါတယ်။ အနီ၊ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။ Mi 9T ကို ဒီလ ၁၇ ရက်နေ့မှာ ဥရောပမှာ ၀ယ်ယူနိုင်မှာပါ။ 6/64GB ကို ယူရို ၃၂၉ နဲ့ 6/128GB ကို ယူရို ၃၆၉ သတ်မှတ်ထားပါတယ်။ သူ့မှာ ၆.၃၉ လက်မ Full HD+ AMOLED Display တပ်ဆင်ထားပြီး Screen-to-body Ratio မှာ ၉၁.၉ ရာခိုင်နှုန်းဖြစ်ပါတယ်။ […]

Smartphone Trending

အနောက်ကင်မရာ ခြောက်လုံးတပ် ဖုန်းကို ဖန်တီးနေတဲ့ Sony

နောက်ပိုင်းထုတ် စမတ်ဖုန်းများမှာ အနောက်ကင်မရာကို တစ်လုံးထက်ပိုပြီး ထည့်သွင်းလာကြပါတယ်။ အနည်းဆုံး နှစ်လုံးလောက်ပါလာနေကြပါတယ်။ လက်ရှိအချိန်အထိ အနောက်ကင်မရာ အများဆုံးပါတဲ့ စမတ်ဖုန်းက Nokia 9 PureView ဖြစ်ပြီး ငါးလုံး ထည့်သွင်းထားပါတယ်။ Sony က သူ့ထက်ကဲတော့မယ့် အနေအထားမှာ ရှိနေပါတယ်။ ဆိုနီက အနောက်ကင်မရာ ခြောက်လုံးပါတဲ့ Xperia Smartphone အသစ်တစ်လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ သူ့ရဲ့ ဓါတ်ပုံတစ်ခုလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ကင်မရာ သုံးလုံးစီကို ဒေါင်လိုက် နှစ်တန်း တပ်ဆင်ထားပါတယ်။ ကင်မရာများရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ သေချာတာက Main Camera နဲ့အတူ Wide-angle , Telephoto, ToF များ ပါလာမှာပါ။ အဲဒီ စမတ်ဖုန်းမှာ ဆဲလ်ဖီး […]

Smartphone Trending

Infinity-O Display , Snapdragon 675 , Triple Camera များပါတဲ့ Samsung Galaxy M40

Samsung က Infinity-O Display , Snapdragon 675 , Triple Camera များပါတဲ့   Galaxy M40 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၃ လက်မ  Full HD+ Infinity-O LCD Screen ထည့်သွင်းထားပါတယ်။ စကရင်မှာ 16MP Punch Hole Selfie Camera တပ်ဆင်ထားပါတယ်။ စကရင်ကနေ အသံထွက်စေတဲ့ Screen Sound နည်းပညာကို သုံးထားပါတယ်။ Speaker များ မပါပါဘူး။ 6GB RAM , 128GB Storage များပါပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 32MP Main + 5MP […]

Smartphone Trending

နောက်လမှာ ရောင်းမယ့် Samsung Galaxy Fold

နောက်လမှာ Samsung Galaxy Fold ကို ရောင်းမယ်လို့ ကုမ္ပဏီရဲ့ အရာရှိတစ်ဦးက ပြောလိုက်ပါတယ်။ ရက်အတိအကျကိုတော့ မကြာခင်မှာ တရားဝင်ကြေညာနိုင်ပါတယ်။ နိုင်ငံအလိုက် ရောင်းချမယ့် အချိန် ကွဲပြားနိုင်ပါတယ်။ ဆမ်ဆောင်းက မီဒီယာများကို စမ်းသပ် အသုံးပြုဖို့ ပေးထားတဲ့ Galaxy Fold များဟာ ရက်ပိုင်းပဲ သုံးရသေးချိန်မှာ စကရင် ပြဿနာများ ဖြစ်ပွားခဲ့တယ်လို့ ဧပြီလက သတင်းများတက်လာပါတယ်။ အဲဒီအတွက် ဆမ်ဆောင်းက စကရင်ကို ပိုပြီး ကောင်းအောင် ပြုပြင်ရမှာ ဖြစ်လို့ ရောင်းချမယ့် ရက်ကို ရွှေ့ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။   The Verge ရဲ့ Dieter Bohn က စကရင် ၂ ခုရဲ့ အဆက်မှာ  အက်ရာများ ပေါ်လာပြီး […]

Smartphone Trending

Android One Phone ဖြစ်တဲ့ Nokia 2.2 ကို ကြေညာ

HMD Global က Nokia 2.2 ကို ကြေညာလိုက်ပါတယ်။ သူဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး Android One Phone ဖြစ်ပါတယ်။ ယခင်နှစ်ထုတ် Nokia 2.1 ရဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။ သူ့မှာ ၅.၇၁ လက်မ HD+ Screen ထည့်သွင်းထားပါတယ်။ MediaTek Helio A22 12nm SoC မောင်းနှင်ထားပါတယ်။ 3GB RAM ပါပါတယ်။ Android 9.0 Pie ထည့်သွင်းထားပြီး နောက် ၂ နှစ်အထိ Android OS Update များ ရရှိမှာပါ။ သူ့ရဲ့ အနောက်ဘက်မှာ AI Low-light Feature ပါတဲ့ 13MP […]

Smartphone Trending

5000mAh Battery နဲ့ အနောက်ကင်မရာသုံးလုံးပါတဲ့ Vivo Y12

တန်ဖိုးနည်း Vivo Y12 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ သူဟာ စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး မကြာခင်ကလည်း သူ့ရဲ့ သတင်းများထွက်ခဲ့ဖူးပါတယ်။ စွမ်းရည်နိမ့် ဆိုပေမယ့် အရွယ်ကြီး ဘက်ထရီနဲ့ အနောက်ကင်မရာသုံးလုံးပါတာက အထင်ကြီးစရာပါ။ Vivo Y12 မှာ ၆.၃၅ လက်မ Halo FullView HD+ Display ထည့်သွင်းထားပြီး 2.0GHz CPU ပါတဲ့ MediaTek Helio P22 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main +8MP Ultrawide or Telephoto + 2MP Depth Sensor များ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး ဥာဏ်ရည်တု […]

Smartphone Trending

မေလရဲ့ အမြန်ဆုံး Android Phone ဖြစ်လာတဲ့ ZTE Nubia Red Magic 3

AnTuTu က လစဉ် အမြန်ဆုံး အန်းဒရွိုက်ဖုန်း ဆယ်လုံးစာရင်းကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ အခုလည်း မေလစာရင်း ထွက်လာပါပြီ။ သူက တရုတ် ၀က်ဘ်ဆိုက်ဖြစ်ပြီး စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည် သို့မဟုတ် အမြန်နှုန်းကို စမ်းသပ်ပေးနေပါတယ်။ အမြန်ဆုံး အန်းဒရွိုက်ဖုန်း ဆယ်လုံး စာရင်းမှာ ZTE ရဲ့ Gaming Phone ဖြစ်တဲ့ Nubia Red Magic 3 က ထိပ်ဆုံး နေရာကို သိမ်းပိုက်ထားပါတယ်။ နံပါတ် ၂ နေရာကိုလည်း ZTE ရဲ့ ဖုန်းကပဲ ရယူထားပါတယ်။ သူက Axon 10 Pro ဖြစ်ပါတယ်။ Xiaomi Mi 9 Explorer က နံပါတ် ၃ နေရာမှာ […]

Smartphone Trending

Samsung Galaxy Note 10 မှာ Physical Buttons များ ပါမှာ မဟုတ်

Physical Button များ မပါတဲ့ HTC U12+ ကို မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ ဆမ်ဆောင်းက အဲဒီ အိုင်ဒီယာကို ကျင့်သုံးတော့မယ်လို့ ထင်ရပါတယ်။ ဆမ်ဆောင်းနဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းက Galaxy Note 10 မှာ Physical Buttons များ ပါမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ ခလုတ်များ အစား ဖိအား အာရုံခံနိုင်တဲ့ဧရိယာများနဲ့ Capacitive များကို အသုံးပြုထားမှာပါ။ Samsung က ဒီနှစ်အတွက် စွမ်းရည်မြင့် Galaxy S10 Series များကို ကြေညာပြီးပါပြီ။ ဒါပေမယ့် နောက်ထပ် စွမ်းရည်မြင့် Galaxy Note 10 Series များကို ကြေညာဖို့ ရှိနေပါသေးတယ်။ မကြာခင်ကလည်း […]

Smartphone Trending

အနီရောင် Samsung Galaxy S10 ကို နောက်လမှာ ရောင်းမည်

Samsung Galaxy S10 ရဲ့ အရောင်အသစ်တစ်မျိုးကို လာမယ့်လမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Cardinal Red လို့ အမည်ပေးထားပါတယ်။ ဆွစ်ဇာလန်မှာ သူ့ကို ၈၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 128GB Storage Model ရဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ Samsung Galaxy S10 အတွက် Prism White, Prism Black, Prism Green, Prism Blue, Canary Yellow နဲ့ Flamingo Pink များကို ယခင်က ထုတ်လုပ်ပေးထားပါတယ်။ အနီရောင်ရဲ့ Specs များဟာ မူလမော်ဒယ်များနဲ့ တူညီမှာပါ။ တန်ဖိုး အနည်းဆုံး မော်ဒယ်ဖြစ်တဲ့ 128GB Version များ အနေနဲ့ […]