Gadget Trending

MPT, Telenor , Ooredoo တွေကို ဖုန်းဘေလ် မကုန်အောင် ဘယ်လိုသုံးမလဲ

သိပ်မကြာခင် အချိန်မှာ မြန်မာနိုင်ငံကို စတုတ္ထမြောက် အော်ပရေတာလို့ ဆိုလို့ရနိုင်တဲ့ Vietel ၀င်ရောက်လာပါတော့မယ်။  အခု အချိန်မှာတော့  MyanTel Holding အဖြစ် အမည်ပြောင်းလိုက်ပြီ ဖြစ်တဲ့ MyanTel အကြောင်း ကို နောက်ပိုင်းမှာ ထူးထူးခြားခြား ရေးသားတက်ဆက်ပေးသွားပါမယ်။ အခု လက်ရှိအချိန်အထိတော့ ဖုန်း အော်ပရေတာ ၃ ခု ရှိနေပြီး သူတို့ ၃ ခု စလုံးကလည်း အင်တာနက်ကို အကောင်းဆုံး နဲ့ ဈေးအသက်သာဆုံး ဖြစ်အောင် သူ့နည်း၊ သူ့ဟန် နဲ့ ကြိုးစားလျက်ရှိပါတယ်။ (၁)  MPT နဲ့ သက်သာစွာ အင်တာနက်သုံးနည်း သောကြာနေ့မှာ MPTနဲ့ ဖုန်းဘေလ်ဖြည့်ရင် weekend bonus ရပါတယ်.. တစ်သောင်းတန် ကဒ်ဖြည့်ရင် 420MB […]

Enterprise Gadget Trending

ခေတ်သစ်နည်းပညာတွေရဲ့ သမိုင်းဦး အစ ပုံရိပ်များ

နည်းပညာဟာ ယနေ့ခေတ်မှာ လျင်မြန်စွာ တိုးတက်နေပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က ရခဲ့တဲ့ တချို့နေ့စဉ်အရာဝတ္ထုတွေရဲ့ မူလဗားရှင်းကို ကျွန်တော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့မျက်စိကိုတောင် ယုံနိုင်ဖို့ ခက်ခဲပါတယ်။ ဒီမူရင်းပစ္စည်းတွေဟာ ရိုးရှင်းပုံ ရယ်ရပုံ ကိုးရိုးကားရားပုံ ပေါ်ချင်ပေါ်နေမှာပါ။ ဒါပေမဲ့ သူတို့ကပဲ အနာဂတ်က နည်းပညာတွေဖြစ်လာဖို့လမ်းကြောင်းစခဲ့တာပါ။ ကျွန်တော်တို့က ပစ္စည်းဘယ်နှမျိုးလောက်က အတိတ်ကလို တူနေလဲဆိုတာနဲ့ လက်ရှိရှိနေတဲ့ပစ္စည်းတွေနဲ့ ယှဉ်ကြည့်ဖို့ ရှားပါးဓာတ်ပုံတချို့ကို တင်ပေးလိုက်ပါတယ်။ ၁။ ရေချိုးဝတ်စုံ ရှေးကျတဲ့ပန်းချီမှာ ပြထားသလို ဂရိနဲ့ ရောမရေချိုးအိမ်က အမျိုးသမီးတွေဟာ ဘီကနီလို ဝတ်စုံတွေကို ဝတ်ခဲ့ကြပေမဲ့ ၁၈ နဲ့ ၁၉ ရာစုလောက်က အဂ်လန်ကအမျိုးသမီးတွေကတော့သူတို့အသားဖြူတာကိုထိန်းသိမ်းထားဖို့နဲ့ လိင်မှုရေးရာလုံခြုံစေဖို့အတွက် ရေကူးဖို့အသားကပ်ဘောင်းဘီတွေဝတ်သလိုပဲ ရေချိုးတဲ့ ခြေကျင်းဝတ်ဖုံးလက်ရှည်ဂါဝန်တွေကို ဝတ်ခဲ့ကြပါတယ်။ အခုခေတ်မှာတော့ ရေကူးဝတ်စုံတွေဟာ ပိုသေးလာရုံသာမက […]

Enterprise Gadget

၂၀၁၇ ခုနှစ်ရဲ့ အထူးဆန်းဆုံး တီထွင်မှု ၁၀ ခု

တီထွင်မှုတွေဆိုတာ သမားရိုးကျတွေးနေကျပုံစံထဲကနေ ကွဲထွက်သွားတာပါ။ ဒါကြောင့် သမားရိုးကျလုပ်ဆောင်နေခြင်းမျိုးမဟုတ်တာကြောင့် ထူးဆန်းတာ၊ ပေါတောတောနိုင်တာမျိုးတွေဖြစ်တာ မဆန်းကြယ်ပါဘူး။ အောက်မှာပြထားတဲ့ ပစ္စည်းတွေက ကွေးနိုင်တဲ့ပိုက်လေးတွေလို ရယ်စရာကောင်းနေပြီးတော့ တစ်ကမ္ဘာလုံးကို ပြောင်းလဲပစ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါမဟုတ် မကောင်းဘူးဆိုပြီးတော့ပဲ အဆုံးသတ်သွားမလား ကြည့်လိုက်ကြပါစို့။ နံစော်နေသလား Portable deviceတွေက ကျွန်တော်တို့ဘယ်သွားစရာရှိသလဲ၊ နောက်ကျနေပြီဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံးသော အနံခံစက်လေးကတော့ အိပ်ဆောင်အရွယ်လေးဖြစ်ပြီး Kun Kun လို့နာမည်ပေးထားပါတယ်။ အဲဒီမှာ sensor လေးတွေဟာ စမတ်ဖုန်း app နဲ့ ချိတ်ဆက်ပြီးတော့ ချွေး၊ အောက်သိုးသိုးအနံ့တွေကို ခွဲခြမ်းစိပ်ဖြာနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူများကပြောမှ သိတာမျိုးတွေ ဆက်လက်တွေ့ကြုံနေရမှာ ဖြစ်ပါတယ်။ စက်ရုပ်ဖက်ရှင် ဖက်ရှင် accessories နဲ့ စက်ရုပ်တွေဟာ […]

Gadget Trending

အရေပြားပေါ်တင်လိုက်ရုံနှင့် ခန္ဓာကိုယ်အဆီများကိုလျော့ချပေးမည့် Skin Patch

        ဆေးလိပ်သောက်သုံးမှုကိုလျော့ချပေးနိုင်သည့် Skin Patch များကိုလည်းထုတ်လုပ်ခဲ့ပြီးနောက် နောက်ထပ်ကိုယ်အလေးချိန်ကိုပါ လျော့ချပေးနိုင်မည့် Skin Patch ထွက်ရှိလာပြီလား။ ဟုတ်ပါတယ် စင်ကာပူနိုင်ငံ နန်ယမ်နည်းပညာတက္ကသိုလ်မှ သုတေသနပြုလုပ်ချက်ဖြင့် ကြွက်လေးများအတွက်တော့ ထိုသို့သော Skin Patch များရှိနေပါပြီ။ အဆိုပါ Patch လေးများ၏အောက်တွင် Beta-3 Andrenergic Receptor Agonist သို့မဟုတ် Thyroid Hormone Triiodothyronine ဆေးနှစ်မျိုးထဲမှ တစ်မျိုးထည့်သွင်းထားသည့် အလွန်သေးငယ်သည့်အပ်လေးများ ပါရှိပါတယ်။ ဆေးဝါးနှစ်မျိုးလုံးဟာ အဆီများပါဝင်သည့် စွမ်းအင်များကို စွမ်းအင်လောင်ကျွမ်းအဆီများအဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်အဆီများကိုလျော့ချပေးနိုင်ကြသော်လည်း သောက်ဆေးစားဆေးများအဖြစ် အသုံးပြုပါက ဘေးထွက်ဆိုးကျိုးများစွာရှိနေပါတယ်။ ဒါကြောင့်ပဲ ဒီလို Patch လေးတွေတီထွင်လာနိုင်ခဲ့တာပါ။ အ၀လွန်နေသည့် ကြွက်ငယ်လေး၏ကိုယ်ပေါ်တွင် အဆိုပါ Patch လေးကိုကပ်လိုက်ပြီး နှစ်မိနစ်ခန့်အကြာတွင် လူသားဆံချည်မျှင်ထက်ပဲ လုံးပတ်ငယ်သော […]

Gadget Trending

Facebook သုံးစွဲသူလေးမျိုးရှိတဲ့အနက် သင်ကဘယ်အမျိုးအစားမှာ ပါနေလဲ

Facebook ဆိုတာဟာ အကြီးမားဆုံးနဲ့ အကျော်ကြားဆုံး လူမှုကွန်ရက်တစ်ခုဆိုတာကတော့ ငြင်းလို့မရပါဘူး။ နှစ်မီလျံလောက်ရှိတဲ့သုံးစွဲသူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြဖို့၊ ကြေညာချက်တွေလုပ်ဖို့၊ အခြားသူတွေကို ပညာပေးဖို့၊ လူတွေနဲ့ ချိတ်ဆက်ဖို့၊ ဒါမှမဟုတ် ပျော်ချင်လို့ အသုံးပြုနေကြပါတယ်။ Facebook လူမှုအသိုင်းအ၀ိုင်းမှာ အရောင်စုံတဲ့လူတွေကို တွေ့မြင်နိုင်ပါတယ်။ သုံးစွဲသူအမျိုးမျိုးကို မရေတွက်နိုင်အောင် တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာခွဲခြားလိုက်ရင်တော့ လေးမျိုးပဲ ကျန်ပါတော့တယ်။ Brigham Young University (BYU) ရဲ့ လူတွေ FB ကို ဘာလို့ကြိုက်သလဲဆိုတဲ့ လေ့လာချက်အရ သုံးစွဲသူအမျိုးအစား လေးမျိုးထွက်လာပါတယ်။ လေ့လာမှုအတွက် လေ့လာတဲ့အဖွဲ့ဟာ ရေးသားချက်၄၈ခုလောက်ကို ရခဲ့ပါတယ်။ အဲဒီအထဲကမှ ကိုယ်နဲ့တိုက်ဆိုင်မှုအများဆုံး ရှိတဲ့အချက်ကနေ အနည်းဆုံးအထိ အဆင့်ဆင့်ရွေးချယ်ပေးရတာ ဖြစ်ပါတယ်။ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Kris Boyle ဟာ […]

Gadget

အိုင်ဖုန်း ဘက်ထရီတွေကို ခြွင်းချက်နဲ့ သာ လဲပေးမည် ဟု Apple ဆို

စမ်းသပ်မှုအောင်မြင်သော iPhone များကို ဘတ်ထရီပြန်လဲလှယ်ပေးမည် လို့ ဆိုလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တော့ သုံးစွဲသူတွေပျော်နေတာကို ရပ်တံ့လိုက်သလိုပါပဲ။ Apple ဟာ iPhone အဟောင်းတွေရဲ့နှေးကွေးရခြင်းရဲ့ အကြောင်းရင်းဟာ ဘတ်ထရီသက်တမ်းလွန်နေခြင်းကြောင့်လို့ ကြေညာအပြီးနောက်မှာတော့ တချို့လူတွေက စိတ်ပျက်သွားပါတယ်။ ဒါပေမယ့် Apple ဟာ ဘတ်ထရီလဲလှယ်မှုကို ၂၉ဒေါ်လာနဲ့ လုပ်ဆောင်ပေးမယ်လို့ ကြေညာလိုက်တဲ့အခါမှာတော့ တချို့လူတွေဟာ သူတို့ဟာ စမ်းသပ်မှုကို အောင်မြင်ပါ့မလားဆိုပြီးတော့ စိတ်ပူသွားကြပါတယ်။ ဈေးနှုန်းဟာ ယူကေမှာတစ်မျိုး၊ သြစတေးလျမှာတစ်မျိုး ဒေါ်လာဈေးကိုလိုက်ပြီးတော့ ကွာခြားနိုင်ပါတယ်။ Apple ဟာ iPhone 6 နဲ့ အရင်ကဖုန်းတွေကို ဘတ်ထရီလဲလှယ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလိုလဲလှယ်ပေးမယ်ဆိုတဲ့အနေအထားကလည်း ဘတ်ထရီတွေကို သူတို့ရဲ့ ပေါ်လစီနဲ့ တိုက်စစ်ဦးမှာ ဖြစ်ပါတယ်။ စွမ်းအင်ဘယ်လောက်များ သိုလှောင်ထားသလဲဆိုတာ ကြည့်ဦးမှာပါ။ ၈၀% […]

Gadget Trending

ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်မယ့် ကမ္ဘာ့အသေးငယ်ဆုံးသော စမတ်ဖုန်း

အဲဒီဖုန်းသေးသေးလေးက ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျပေးပို့လက်ခံခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ စမတ်ဖုန်းရဲ့ အရွယ်အစားက သေးငယ်သွားလေလေပိုကောင်းလေလေပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့ အဆင့်မြင့်လာမှုနဲ့အတူ ဆန့်ကျင်ဘက်ကတော့ လူတွေဟာ ပိုကြီးတဲ့ဖုန်း၊ မျက်နှာပြင်ကျယ်တဲ့ဖုန်းတွေကို ရှာလာကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီတစ်ခုကတော့ စမတ်ဖုန်းတွေလွှမ်းမိုးထားတဲ့ ကမ္ဘာကြီးမှာ ဖုန်းအသေးတစ်လုံးကလည်း အလုပ်လုပ်နိုင်သေးသလို အသုံးဝင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီဖုန်းအသေးလေးဟာ သာမန်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ flash drive ထက်တောင် သေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။   ကမ္ဘာ့အသေးငယ်ဆုံးဖုန်းဖြစ်တဲ့ Zanco tiny t1 ကို မိတ်ဆက်ခြင်း   မိုဘိုင်းလ်ဖုန်းတစ်လုံး လုပ်ဆောင်နိုင်တဲ့ အခြေခံလုပ်ဆောင်ချက်တွေအားလုံး လုပ်ဆောင်နိုင်ပါတယ်။ USB flash drive ထက် သေးငယ်ပြီးတော့ လက်ဆောင်ပေးမယ်ဆိုရင်လည်း ချစ်စရာကောင်းပါတယ်။   Zanco tiny […]

Gadget Trending

၂၀၁၈ မှာ Appple ကုမ္ပဏီက လုပ်ဆောင်လာမယ့် လုပ်ငန်းစဉ်များအကြောင်း

Apple ကို အာရုံစိုက်နေတဲ့ စာရေးသူတွေအတွက် “Apple ဘာလုပ်သင့်သလဲဆိုတာမျိုး”ကို ရေးလိုက်မယ်ဆိုရင် ဘယ်သူကမှ ကျေးဇူးတင်မှာမဟုတ်ပါဘူး။ ၀ိုင်းဆဲခံရမှာ ကျိန်းသေပါတယ်။ များသောအားဖြင့် Apple နဲ့ပတ်သတ်လို့ ရေးသားတဲ့အခါမှာ ဆင်ခြင်ရပါတယ်။ အကြောင်းကတော့ Apple ဖန်တွေရဲ့ တစ်ယူသန်တွေကိုလည်း ထည့်သွင်းစဉ်းစားရတာ ဖြစ်လို့ပါပဲ။ အောင်မြင်နေတဲ့လုပ်ငန်းတွေဆိုတာ ငွေကြေးနဲ့ပတ်သတ်လို့ အမြင်ကောင်းလို့ပဲ ဖြစ်ပါတယ်။ Apple အနေနဲ့လည်း ၂၀၁၈ အတွက် ရှုထောင့်တွေကို ပိုကောင်းအောင် လုပ်ဆောင်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Apple အနေနဲ့ နောက်နှစ်အတွက် ရှုထောင့်အသစ်ကနေ စဉ်းစားသင့်တဲ့ အချက်၁၀ခု ဆွေးနွေးထားပါတယ်။ ၁၀။ iOS device တွေကို ကား၊ ရုံးခန်း နဲ့အိမ်တွေအတွက် အလိုအလျောက်ချိန်ညှိပေးလာနိုင်တယ် လွန်ခဲ့တဲ့နှစ်နှစ်တုန်းက Apple ဟာ Proactive လို့ခေါ်တဲ့ feature […]