Enterprise Gadget Trending

သင်မ၀ယ်ခွင့်မရသေးသည့် အလန်းစားနည်းပညာများ

        ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် အင်တာနက်တစ်ခွင်တွင် Crowdfunding Campaign ကဲ့သို့သော တီထွင်မှုအသစ်များကိုဝိုင်းဝန်းထောက်ပံ့ကြသည့်လှုပ်ရှားမှုများစွာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Kickstarter သို့မဟုတ် Indiegogo တို့တွင်တစ်ချက်လောက်ဝင်ကြည့်လိုက်ရုံနှင့် ထူးထူးဆန်းဆန်း၊ အသုံးမ၀င်သည့် ရူးနှမ်းနှမ်း ပရောဂျက်ငယ်လေးများကြားတွင် တကယ့်ပရောဂျက်အစစ်အမှန်များကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ ကလေးငယ်များအတွက် လက်ပတ်ဆက်သွယ်ရေးကိရိယာလေး MyFirst Fone         ၂၀၁၈ခုနှစ်၏ World Product Name of the Year Award အတွက်ရေပန်းစားနေသည့် MyFirst Fone ဟာ မြင့်တက်လာသည့် Kid-Friendly Smartphone အမျိုးအစားအတွက် နောက်ဆုံးထွက်ကိရိယာလေးပဲဖြစ်ပါတယ်။ ကလေးငယ်များအနေနဲ့ ဆဲလ်ဖုန်းများမသုံးစွဲသင့်သည့်နှင့်ပတ်သက်ပြီး လုံးဝထောက်ခံပါတယ် အထူးသဖြင့် ခေတ်ပေါ်စမတ်ဖုန်းအမျိုးအစားများပဲဖြစ်ပါတယ်။ LED ဖုန်းမျက်နှာပြင်အား ကြာရှည်စွာစိုက်ကြည့်ခြင်း၊ စာရိုက်ခြင်း၊ နှင့် တစ်နေကုန် ဖုန်းကစားနေခြင်းတို့ဟာ ကလေးငယ်တွေကို အခြားသူများနှင့် အဓိပ္ပာယ်ပြည့်ဝသည့် လူမှုဆက်ဆံရေးနည်းလမ်းတွေကို […]

Gadget Trending

CES 2018 ပွဲအတွက် လျှပ်စစ် Niro နည်းစနစ်ပြင်ဆင်ထားသည့် Kia

          Hyundia တွင် မတူညီသည့် လျှပ်စစ်စွမ်းအင်သုံးထိန်းချုပ်သည့်နည်းစနစ်သုံးခုထောက်ပံ့ပေးသည့် Loniq ရှိပြီး သူ့ရဲ့မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Kia တွင်လည်း ထိုကဲ့သို့ပင် Niro နည်းစနစ်ရှိနေပါတယ်။ သို့သော် မကြာမှီရောက်ရှိလာတော့မည့် CES ပွဲ၏ကျေးဇူးနှင့် ထိုနည်းစနစ်နှစ်ခုပို နှိုင်းယှဉ်တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။ လာမည့်အပတ်အတွင်း Las Vegas တွင်ကျင်းပမည့် 2018 CES ပြပွဲတွင် Kia မှ Niro EV နည်းစနစ်ကို ချပြသွားမှာပဲဖြစ်ပါတယ်။ ဒါဟာလက်ရှိတွင် လျာထားအိုင်ဒီယာအဆင့်တွင်သာရှိသော်လည်း Kia ကတော့ ဒါဟာအနာဂတ် မော်တော်ကားများနှင့် နည်းပညာဗျူဟာများအတွက် ရှေ့ပြေးဖြစ်တယ်လို့ ကတိပေးထားပါတယ်။ ဒါကြောင့် ဒီနည်းစနစ်ဟာ မဝေးတော့သည့်အနာဂတ်အတွင်း Niro အပြင် အခြားသောအဆင့်မြှင့်တင် တီထွင်ဖန်တီးမှုများနှင့်အတူ ကုန်ပစ္စည်းထုတ်လုပ်လာနိုင်သည်အထိ ရောက်ရှိလာနိုင်တော့မှာပဲဖြစ်ပါတယ်။ လက်ရှိအချိန်တွင် Niro EV […]

Enterprise Gadget Trending

CES 2018 တွင် မြင်တွေ့ရမည့် TV နည်းပညာ ၅ခု

        ယခုနှစ် CES ပြပွဲကြီးတွင် အံ့သြဖွယ် TV နည်းပညာသစ်များစွာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ယခုဖော်ပြမည့် နည်းပညာများကတော့ ပါဝင်မည့်အခြေအနေရှိမရှိမသေချာပါဘူး။ ယခုနှစ် CES နည်းပညာကုန်စည်ပြပွဲကြီးလည်း မကြာမှီတွင်စတင်တော့မှာပဲဖြစ်ပါတယ်။ ဒါဟာ အီလက်ထရောနစ်လောကတွင်းနာမည်ကြီးကုမ္ပဏီများအနေနဲက ၂၀၁၈ခုနှစ်အတွက်သူတို့ရဲ့ ထုတ်ကုန်သစ်များကို ချပြသွားမည့်အချိန်ကာလပဲဖြစ်ပါတယ်။ ပိုမိုကြီးမားသည့် TV များ၊ Bluetooth Speaker များ၊ Headphone များ၊ ကင်မရာများနှင့် အံ့သြဖွယ်အပြည့်နှင့် လူ့အသုံးအဆောင်အီလက်ထရောနစ်ပစ္စည်းများကိုတွေ့မြင်ရမှာပါ။ ကျွန်ုပ်တို့ သတင်းများတွင်တွေ့မြင်နေရသည့်၊ ကျွန်ုပ်တို့အိမ်တွင်ရှိစေနေစေချင်သည့် အရာများအတွက်တော့ အဆိုပါကုမ္ပဏီကြီးများမှ စွန့်စားချပြခြင်းဆိုသည်မှာ ရှားပါးပါတယ်။ ဆိုလိုသည်မှာ OLED နည်းပညာကိုလိုချင်ခဲ့ကြသည်မှာ နှစ်အတော်ကြပြီဖြစ်သော်လည်း မိမိတတ်နိုင်သောဈေးနှုန်းနှင့်ရရှိသည်မှာ ၂နှစ်ခန့်ပဲရှိပါသေးတယ်။ ထို့ကြောင့် ယခုဖော်ပြမည့် တီဗီနည်းပညာများဟာ CES ပြပွဲတွင်သေချာပေါက်နီးပါး မတွေ့မြင်ရနိုင်မည့် နည်းပညာစာရင်းဖြစ်ပါတယ်။ တကယ်လို့တွေ့မြင်ခွင့်ရလျင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ Direct-view Quantum Dot […]

Gadget Trending

CES ပွဲနှင့်ပတ်သက်ပြီး သင့်သိထားသင့်သည့်အချက် ၅ ချက်

        လာမည့်တစ်ပတ်အတွင်း လူ့အသုံးအဆောင်အီလက်ထရောနစ်ပစ္စည်းများစွာပြသသွားမည့် International CES ပြပွဲနှင့်ပတ်သက်ပြီး သတင်းများထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ လာရောက်ပြသသူများအတွက်ကတော့ မိမိတို့ရဲ့ထုတ်ကုန်သစ်၊ နည်းပညာသစ်များကို ချပြခွင့်ရကြမည့်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအတွက်ကတော့ Las Vegas မှ ဆွေးနွေးညှိနှိုင်းပေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများလုပ်ဆောင်ရန်အတွက် အပြည့်စုံဆုံးဖန်တီးပေးသွားမှာဖြစ်ပါတယ်။ သတင်းထောက်များအတွက်ကတော့ သတင်းထူးရယူရန်အကောင်းဆုံးအချိန်အခါဖြစ်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ပြောင်းလဲနေသည့် အသုံးအဆောင်များကို လူထုထံချပြပေးသွားနိုင်မည့် အခွင့်အရေးလည်းဖြစ်ပါတယ်။ သင့်အတွက်ကရော ဘာများအကျိုးအမြတ်ရနိုင်မလဲ။ CES ပွဲဟာ ၂၀၁၅ခုနှစ်ကလိုပင် လွှမ်းမိုးမှုကြီးမားနိုင်သော်လည်း သိပ်များများစားစား အကျိုးအမြတ်ရနိုင်ဖွယ်မရှိပါဘူး။   CES ၏ပထမဆုံးသောစည်းမျဉ်းကတော့ CES ဆိုတာမရှိပါဘူးဆိုတာပါပဲ         အမှန်အတိုင်းပြောရရင်တော့ ဒီပွဲကြီးဟာ နည်းပညာကုန်စည်ပြပွဲများတွင် အကြီးကျယ်ဆုံးသောပြပွဲကြီးပဲ ဖြစ်ပါတယ်။ Las Vegas တွင်လာရောက်ပြသမည့်ကုမ္ပဏီပေါင်း ၃၅၀၀ရှိမှာဖြစ်ပြီး ဘောလုံးကွင်း၃၅ကွင်းစာ အီလက်ထရောနစ်အသုံးအဆောင်ပစ္စည်းများကိုပြသသွားမှာပဲဖြစ်ပါတယ်။ ထိုပြပွဲကိုစီစဉ်သည့် The Consumer Electronics […]

Gadget Trending

CES ပွဲတွင်ပထမဆုံးသော Alexa-enabled AR မျက်မှန်များကို Vuzix မှမိတ်ဆက်ပေးသွားမည်

        Vuzix မှစမတ်မျက်မှန်များကို ထုတ်လုပ်ဖန်တီးနေသည်မှာ နှစ်အတော်ကြာပြီဖြစ်ပေမယ့် ယခုတစ်ကြိမ် ထွက်ရှိမည့်စမတ်မျက်မှန်မော်ဒယ်သစ်ကတော့ အလွန်ကိုထူးခြားမှာပဲဖြစ်ပါတယ်။ Bloomberg မှသတင်းအရင်းအမြစ်အရ အဆိုပါနယူးယောက်အခြေစိုက်ကုမ္ပဏီအနေနဲ့ CES 2018 ပွဲတွင် ပထမဆုံးသော Alexa-enabled AR နည်းပညာသုံးမျက်မှန်များကို ပွဲထုတ်မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ သင်ပုံမှန် Alexa ကိုမေးနေကြအတိုင်း မေးခွန်းများမေးမြန်းနိုင်မှာဖြစ်ပြီး ရလဒ်အဖြေများကို မျက်မှန်မှတဆင့် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဥပမာ Alexa ကိုလမ်းညွှန်ပေးရန်မေးလိုက်ပါက သင့်တွင် Amazon Account ရှိနေသ၍ မျက်မှန်မှ AR မျက်နှာပြင်တွင် မြေပုံကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ “Alexa မှအသုံးပြုသူများအတွက် ယူဆောင်လာပေးသည့် နည်းပညာသစ်နှင့်ပတ်သက်ပြီ စိတ်လှုပ်ရှားမိကြောင်း ” ကုမ္ပဏီမှဆိုပါတယ်။ Voice Assistant နည်းပညာကိုလူအများထံဖွင့်ချပြပြီးနောက် Alexa အတွက် Amazon ၏အနာဂတ် ရည်မှန်းချက်ကို ယခုထုတ်ကုန်လေးမှ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ […]

Gadget Trending

စမတ်ကားဆိုတာ ဒီလိုဖြစ်သင့်ကြောင်း Byton ပြသ

  Byton ဆိုတာကတော့ touchscreen dashboard ကြီးပါဝင်ပြီးတဲ့အတွက် ကားအတွင်းမှာ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ စာရွက်ပေါ်ကအချက်အလက်တွေအရ အဲဒီလျှပ်စစ်ကားဟာ လုပ်ဆောင်ချက် ဒါမှမဟုတ် ဈေးနှုန်းမှာ Tesla က မယှဉ်နိုင်ပါဘူး။ အနာဂတ်ကလူတွေဟာ မြင်းကောင်ရေအားထက် “digital power” ကို ပိုဂရုစိုက်လာလိမ့်မယ်လို့ BBC ကို ပြောခဲ့ပါတယ်။ BMW အလုပ်သမားဟောင်းနဲ့ Apple ၀န်ထမ်းများပေါင်းပြီး လုပ်ဆောင်ထားတဲ့ ကားအသစ်ကို ပြသခြင်း ဖြစ်ပေမယ့် ကျွမ်းကျင်သူတွေကတော့ လိုအပ်တဲ့အရာတစ်ခုရှိနေကြောင်း ထောက်ပြခဲ့ပါတယ်။ အဲဒါကတော့ အားသွင်းစနစ်ပါပဲ။ Byton ဆိုတဲ့နာမည်ကတော့ Bytes on Wheels ဆိုတဲ့ နာမည်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ “ဈေးကွက်ထဲကို ပထဆုံးသော စမတ်ကားအစစ်ကို ယူဆောင်လာတဲ့ ကုမ္ပဏီဖြစ်ချင်ပါတယ်” လို့ အမှုဆောင်တစ်ဦးဖြစ်သူ […]

Enterprise Gadget Smartphone Trending

၂၀၁၈မှာ Apple ထုတ်လာနိုင်တဲ့ နည်းပညာပစ္စည်း ၁၆ မျိုး

  ၂၀၁၇လိုပဲ ၂၀၁၈ဟာလည်း Apple အတွက် ထုတ်ကုန်အသစ်တွေနဲ့ အဓိကနှစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ Apple ရဲ့ ပထမဆုံးသော စမတ်စပီကာဖြစ်တဲ့ HomPod ဟာ iPhone X ရဲ့ second-generation version နဲ့အတူ တွဲဖက်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Face ID နဲ့ iPad Pro အသစ်ကလည်း လုပ်ဆောင်နေပါတယ်။ Apple ရဲ့ AirPower ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့အပြားလေးကိုလည်း ပွဲဦးထွက်မယ့်နှစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီနောက်မှာ Mac ရဲ့ refresh ၊ software အသစ်၊ Apple Watch အသစ်နဲ့ modular Mac Pro အသစ်လည်း ထွက်လာနိုင်ပါတယ်။ ၂၀၁၈ခုနှစ်မှာ Apple ဆီကနေ မျှော်လင့်ထားလို့ရနိုင်တဲ့ ထုတ်ကုန်တွေကို […]

Gadget Trending

သင့် အိုင်ဖုန်း ဘက်ထရီ ကို ဘယ်အချိန်မှာ လဲလှယ်သင့်သလဲ

        Apple ဖုန်းများဟာသက်တမ်းကြာလာသည်နှင့်အမျှ ဖုန်းလုပ်ဆောင်ချက်ချို့ယွင်းမှုများကိုလျော့ချနိုင်ရန် ဖုန်းများလုပ်ဆောင်နိုင်မှုစွမ်းရည်များကို ရည်ရွယ်ချက်ရှိရှိနှေးကွေးစေသည်နှင့်ပတ်သက်၍ သတင်းများထွက်ရှိနေသည်ကို သင်လည်းသတိထားမိမှာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာကြိုတင်ကြံစည်လုပ်ဆောင်ခြင်းမဟုတ်ပါဘူး။ သင့်ဖုန်းဟာအမှန်တကယ်ပဲ သက်တမ်းကြာပါသည်နှင့်အမျှ နှေးကွေးလာတာပဲဖြစ်ပါတယ်။ Apple အနေနဲ့မိမိဖုန်းအသုံးပြုသူများအဆင်ပြေချောမွေ့စေရန် ဇန်န၀ါရီလနှောင်းပိုင်းမှစပြီး သူတို့၏ဖုန်းဘတ္တရီဟောင်းများကို အစားထိုးလဲလှယ်ရာတွင် ဈေးနှုန်းလျော့ချပေးသွားမှာပဲဖြစ်ပြီး ဘတ္တရီသစ်များဖြင့် ဖုန်းမော်ဒယ်ဟောင်းများကို ဆက်လက်ကောင်းမွန်စွာအသုံးပြုနိုင်စေမှာပါ။ Mirror မှသတင်းအရင်းအမြစ်အရ iPhone 6 နှင့်အထက်မော်ဒယ်ဖုန်းတစ်လုံးကို ၂၅ပေါင်နှုန်းဖြင့် ဘတ္တရီအစားထိုး လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း သင့်ဖုန်းဘတ္တရီ၏နောက်ဆုံးအခြေအနေကို အမြဲတမ်းသတိထားမိနိုင်မှာလည်းမဟုတ်ပါဘူး။ တစ်ခါတစ်ရံ ဖုန်းရုတ်တရက်ပိတ်သွားခြင်းမျိုးမှာ ဖုန်းတွင်းနည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ထို့ကြောင့် မလိုအပ်ဘဲပိုက်ဆံများထုတ်သုံးလိုက်ရမည့်အစား  သင့်ဖုန်းဘတ္တရီသက်တမ်း မည်မျှကျန်သေးသည်ကို လွယ်ကူစွာသိနိုင်မည့်အရာနှစ်ခုရှိနေပါတယ်။ ZDNet မှ Adrian Kingsley-Hughes မှဖော်ပြချက်အရ ပထမဆုံးပြုလုပ်ရမှာကတော့ ၀.၉၉ဒေါ်လာဖြင့် CPU DasherX application ကိုဝယ်ယူလိုက်ပါ။ အဆိုပါ […]

Enterprise Gadget Trending

အချီုးမျက်နှာပြင် 16:9 aspect ratio ထက် ပိုကျယ်လာတဲ့ ဖုန်းမျက်နှာပြင်များအကြောင်း သိကောင်းစရာ

2016 တုန်းက 16:9 aspect ratio ထက် ကျယ်တဲ့ဖုန်းတစ်လုံးရှိခဲ့ပါတယ်။ အဲဒါကတော့ Xiaomi Mi Mix ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၇ မှာ ဖုန်းအလုံးရေ ၄၀ လောက် ထွက်လာခဲ့ပါတယ်။ ဒါကြောင့် မနှစ်ကထွက်ခဲ့တဲ့ ဖုန်းအလုံးရေက ၄၀၀ ရှိတဲ့အတွက်ကြောင့် ၁၀% ဖြစ်ပါတယ်။ သူတို့တွေဟာ အတော်လေးလူသိများခဲ့ပြီးတော့ ထိပ်တန်း၁၀၀ဖုန်းထဲမှာလည်း မျက်နှာပြင်ကျယ်ဟန်းဆက် ၁၆ လုံး ပါဝင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ အများစုကတော့ 18:9 screen တွေရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် အချို့ကုမ္ပဏီတွေကတော့ ဒီထက်ပိုကျယ်အောင် လုပ်ဆောင်နေပါတယ်။ Samsung ဟာ 18.5:9 နဲ့ မော်ဒယ်လ်လေးခုကို launch လုပ်ခဲ့ပြီးတော့ launch မလုပ်ရသေးတဲ့ နှစ်ခုကိုလည်း ထပ်မံကြေငြာခဲ့ပါတယ်။ […]

Gadget Trending

ဖိလိုက်တဲ့အားကို တိုင်းတာသိရှိနိုင်မယ့် flexible Galaxy X screen

မိုဘိုင်းလ်ဖုန်းဒီဇိုင်းတွေဟာ မကြာသေးခင်က ပေါ့ပျက်ပျက်နိုင်သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် patent တင်ထားတဲ့သတင်းလေးတွေအချို့ကို မြင်ရပြီးနောက်မှာတော့ ဒီလိုဒီဇိုင်းအရသာပေါ့ပျက်နေတဲ့ဖုန်းတွေကို မတူညီတဲ့ ဆန်းသစ်တဲ့ပုံစံတွေနဲ့ အစားထိုးပြောင်းလဲတော့မယ်ဆိုတာ သိလာရပါတယ်။ အဲဒီထဲကတစ်ခုကတော့ Galaxy X ဖြစ်ပါတယ်။ သူကတော့ flexible ဖုန်းလို့ သတင်းပျံ့နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ flexible ပစ္စည်းကိုအသုံးပြုထားမှုဟာ ဖိလိုက်တာနဲ့ ကွေးညွတ်သွားနိုင်ပြီးတော့ ဖိအားကိုလည်း တိုင်းတာသိရှိနိုင်ပါတယ်။ ဒါဟာ အရင်တုန်းက ခုခံအားကောင်းတဲ့ touchscreen တွေလိုပါပဲ။ ဒါပေမယ့် ဖုန်းတွေမလိုတော့ဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲ။ နောက်ထပ် patent တစ်ခုကတော့ “kitchen sink” စမတ်နာရီလေးဖြစ်ပြီးတော့ fingerprint reader ၊ ကင်မရာ၊ proximity sensor စတာတွေပါဝင်ပါတယ်။ အဲဒီနာရီလေးဟာ ကင်မရာပါပေမယ့် သိပ်မကောင်းတဲ့ မူရင်း Gear […]