Enterprise Gadget Trending

Samsung ကို စွဲဆိုထားတဲ့ patent ချိုးဖောက်မှုတရားစီရင်ပွဲမှာ Huawei အနိုင်ရရှိ

Huawei ဟာ Samsung ကို တရားစွဲဆိုမှုမှာ အနိုင်ရရှိခဲ့ပါတယ်။. အရေးမှုအဖြစ် Samsung အနေနဲ့ ထုတ်လုပ်မှုနဲ့ ရောင်းချမှုတွေကို ရပ်ဆိုင်းရမှာပါ။ သူတို့နှစ်ယောက်ကတော့ ၂၀၁၆ ကတည်းက pantent တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Samsung နဲ့ Apple တို့ရဲ့ တရားစွဲဆိုမှုကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါပေမယ့် Huawei နဲ့ တရားစွဲဆိုမှုမှာ ရှုံးနိမ့်သွားခဲ့ခြင်းကိုတော့ မေ့နိုင်ဖို့ မျှော်လင့်နေမှာပါ။ ၂၀၁၆ မှာတုန်းက Huawei ဟာ ယူအက်စ်နဲ့ တရုတ်နိုင်ငံတို့မှာ Samsung ဟာ သူ့ရဲ့ ဆယ်လူလာနည်းပညာနဲ့ software patent တွေကို လိုင်စင်ကြေးမပေးဘဲ အသုံးပြုခဲ့တယ်လို့ တရားစွဲဆိုခဲ့တာပါ။ Huawei ဟာ Samsung ဆီကနေ လိုင်စင်ကြေးလိုချင်တယ်လို့ ထင်ခဲ့ပေမယ့်လည်း Huawei […]

Gadget Trending

Facebook သုံးသူတိုင်းလုပ်ကြည့်သင့်တဲ့ Feature 5 မျိုး

ဒီနေ့ခေတ်မှာ လူတစ်ယောက်ကိုရှာဖွေမယ်ဆိုရင် Facebook အကူအညီမပါရင် မလွယ်သလောက်တောင်ဖြစ်နေပါပြီ။ အကြောင်းအရင်းကတော့ ကမ္ဘာမှာရော မြန်မာမှာပါ Facebook ဟာလူသုံးအများဆုံး Social Network တစ်ခု ဖြစ်လာတာကြောင့်ဖြစ်ပါတယ်။ ဒီလို လူသုံးများတဲ့ Facebook မှာ သင်မသိသေးတဲ့လုပ်ဆောင်ချက်အလန်းတွေရှိပါသေးတယ်။ အဲ့ထဲကမှ အခုဖော်ပြမယ့် Feature ၅ ချက်ကတော့ သင့်ကို Facebook သုံးရတာပိုပြီးအကျိုးရှိစေသလို လုံခြုံမှုလည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကဲကြည့်လိုက်ရအောင်… ၁.Hidden Messages များကိုဖတ်ရှုခြင်း Facebook ရဲ့ ပြောင်းလဲလာတဲ့ Policies တွေကြောင့် ယခုနောက်ပိုင်းမှာ သင့်ကိုစကားလာပြောတဲ့ (message ပို့လာတဲ့) သူဟာ သင်နဲ့ Friend မဖြစ်သေးလို့ရှိရင်သူတို့ပို့တဲ့စာတွေကို သင့်ကိုချက်ချင်းဖော်ပြပေးမှာမဟုတ်ပါဘူး။Message Requests အဖြစ်ရှိနေမှာသာဖြစ်ပြီးသင့်အနေနဲ့ တကူးတကဝင်ကြည့်မှသာ မြင်ရမှာဖြစ်ပါတယ်။ ဒီလိုကြည့်ရှုဖို့အတွက် Facebook မှာ ရှိတဲ့ Message […]

Enterprise Gadget Trending

ဖုန်းထဲမှာ အကောင်းဆုံး လက်စွမ်းပြစေနိုင်မယ့် photo editor (၅) ခု

အခု အပတ်အတွက် ကိုယ့်မိုဘိုင်းဖုန်းထဲမှာ ထည့်သွင်းထားပြီး ရိုက်ယူသမျှ ပုံရိပ်တွေကို အကောင်းဆုံး တည်းဖြတ်ကာ လက်စွမ်းပြပေးနိုင်စေမယ့် photo editor Apk ၅ ခု ကို ဖော်ပြပေးလိုက်ပါတယ်။ ======================== Bonfire Photo Editor Bonfire Photo Editor ဟာ ရေပန်းစားပြီး လူကြိုက်များတဲ့ Photo Editor Apk တစ်ခုဖြစ်ပါတယ်။ အခြေခံ Editing Tool တွေမှာပါဝင်တဲ့ Filter တွေကို အခြေခံထားတာ ဖြစ်ပါတယ်။ မိမိပုံကို HDR ကဲ့သို့ပင် ရုပ်ကြွနဲ့လှပအောင် ဖန်တီးပေးနိုင်တာကြောင့် လှပတဲ့ ရုပ်ကြွပန်းချီကား တစ်ခုပုံစံအတိုင်း မိမိတို့ photo တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Download ======================== LightX Photo Editor […]

Enterprise Gadget Trending

မျက်နှာအရေပြားနဲ့အတူ ကိုယ်ရည်ကိုယ်သွေးပါ ပြောင်းလဲနိုင်တဲ့ Sex Doll

Harmony ကိုဖန်တီးသူ Matt McMullen ဟာ Engadget နဲ့ အင်တာဗျူးမှာ sexbot ရဲ့ modular face ကို ပြသခဲ့ပါတယ်။ Harmony ရဲ့ မျက်နှာကိုခွာပြီးတော့ ‘Solana’ ရဲ့ မျက်နှာကို တပ်ခဲ့ပါတယ်။ အမျိုးသား sexbots တွေကိုလည်း ဖန်တီးနေပြီး သူတို့ဟာ ထိတွေ့မှုကို တုံ့ပြန်နိုင်ပြီးတော့ ရွေ့လျားနိုင်ကြောင်း ပြောပြခဲ့ပါတယ်။ Sex robot တွေဟာ တဖြည်းဖြည်းနဲ့ဖန်တီးမှုနယ်ပယ်မှာ ကျယ်ပြန့်လာပါတယ်။ အဲဒီအထဲကမှ Abyss Creations ရဲ့ ‘Harmony’ RealDoll ကတော့ အကျော်ကြားဆုံးပါပဲ။ Harmony မှာ ညီမတစ်ယောက်ရတော့မှာပါ။ Engadget နဲ့ CES ပွဲမှာ After Hours show ကို တင်ဆက်ခဲ့ရာ […]

Gadget Trending

N notebook နဲ့ Neo Notes app ထည့်သွင်းထားတဲ့ ဖုန်း၊တက်ဘလက်တိုင်းအတွက် Neo smartpen M1

smart pen အမျိုးအစားကတော့ အခုအချိန်မှာ မကျယ်ပြန့်သေးပါဘူး။ ဒါပေမယ့်လည်း ဈေးကွက်ကို ဆန်းသစ်တဲ့ထုတ်ကုန်တွေနဲ့ ထိုးဖောက်နေတဲ့ brand တွေလည်း ရှိနေပါသေးတယ်။ NeoLAB Convergence ကတော့ အဲဒီထဲကတစ်ခုအပါအ၀င်ဖြစ်ပြီး Consumer Electronics Show မှာ သူတို့ရဲ့ နောက်ဆုံးဖန်တီးမှုလက်ရာကို ပြသခဲ့ပါတယ်။ Neo smartpen M1 ကို အမည်ပေးထားပါတယ်။ အခြား pen တွေနဲ့ ဘာတွေထူးခြားသွားစေသလဲ။ သိသိသာသာပါးပါတယ်။ ဒါပေမယ့် သင့်ရဲ့ note တွေနဲ့ sketch တွေကို လွယ်ကူစွာနဲ့ အကောင်းမွန်ဆုံးလုပ်ဆောင်ချက်တွေနဲ့အတူ ဖမ်းယူထားနိုင်ပါတယ်။ Neo smartpen M1 ဟာ အထူ ၁၀.၄ မီလီမီတာသာ ရှိတာမို့ သာမန် pen တစ်ချောင်းနဲ့တူတယ်လို့ ဖန်တီးသူတွေက ပြောပါတယ်။ […]

Gadget Trending

Telegram ဟာ ခရစ်ပတိုငွေကြေးစီးဆင်းမှု မှာ ဒေါ်လာ ၁.၂ဘီလျံ ကွိုင် နဲ့ ၀င်ရောက်ဖို့ စီစဉ်နေ

ကျော်ကြားတဲ့ private chat app လေးဖြစ်တဲ့ Telegram ဟာ initial coin offering (ICO)မှာ ဒီဂျစ်တယ် token တွေပေးခြင်းအားဖြင့် ခရစ်ပတိုငွေကြေးကို ပါဝင်ပတ်သတ်လိုက်ပါပြီ။ ဒါကြောင့် အဲဒီ app မှာ blockchain အားဖြည့်ကူညီထားတဲ့ ငွေပေးချေမှုစနစ်တွေ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ Telegram ဟာ ငွေကြေးအမြောက်အများကို “third-generation” blockchain ဖြစ်လာမယ့် “Telegram Open Network” (TON) ကို launch လုပ်ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သူ့မှာတော့ သာလွန်တဲ့လုပ်ဆောင်ချက်တွေ ရှိမှာပါ။ ခရစ်ပတိုငွေကြေးအသစ်ကိုတော့ Gram လို့ အမည်ပေးမှာဖြစ်ပါတယ်။ Telegram ဟာ private messaging app တစ်ခုဖြစ်ပြီးတော့ သုံးစွဲသူတွေကို စောင့်ကြည့်ခြင်းမရှိဘဲ […]

Gadget Trending

အီလက်ထရောနစ် အသုံးအဆောင်တွေကို မစွဲလမ်းစေဖို့ ကလေးငယ်တွေကို သင်ကြားပေးရမယ့် အချက် (၈) ချက်

  ယနေ့ခေတ်ကလေးငယ်များဟာ ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ Tablet များနှင့်ငယ်စဉ်ကတည်းကပင် ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ဒီအရေးကိစ္စဟာ မိဘများ၊ ကလေးအထူးကုများ၊ နှင့် အီလက်ထရောနစ်ပစ္စည်း အလွန်အကျွံအသုံးပြုခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ဟောပြောနေသည့် စိတ်ပညာရှင်များအတွက် စဉ်းစားစရာကိစ္စဖြစ်လာပါတယ်။ ကျွန်ုပ်တို့ကလေးများကို ဘယ်လိုကာကွယ်ကြမလဲ။ နောက်ဖော်ပြပါအချက်၈ချက်ကတော့ သင်ရောသင့်ကလေးအတွက်ပါအထောက်အကူဖြစ်စေမည့် ဒီဂျစ်တယ်အသုံးအဆောင်များနှင့်  သင့်တင့်မျှတစွာအသုံးပြုနိုင်ရေးနည်းလမ်း ၈သွယ်ပဲဖြစ်ပါတယ်။ ၈. သင့်ကလေးအတွက် အီလက်ထရောနစ်ပစ္စည်းအသုံးပြုချိန်ကိုသတ်မှတ်ထားပါ။         ကလေးတစ်ဦး ရုပ်မြင်သံကြားကြည့်ရှုသည့် ၊ ဒီဂျစ်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုအသုံးပြုသည့် အချိန်ပမာဏဟာ သူ့ရဲ့အသက်အရွယ်အပေါ်မူတည်ပါတယ်။ အမေရိကန်ကလေးအထူးကုအကယ်ဒမီမှ အောက်ဖော်ပြပါအတိုင်း တိုက်တွန်းထားကြပါတယ်။ မွေးကင်းစအရွယ်မှ ၁၈လသားအရွယ် တီဗီအပါအ၀င်မည်သည့် အီလက်ထရောနစ်အသုံးအဆောင်ကိုမှမသုံးပါစေနဲ့။ အဘိုးအဘွား၊ ဆွေမျိုးများနှင့် တွေ့ဆုံနိုင်ရန် တစ်ခါတလေ Skype အသုံးပြုခြင်းမျိုးလောက်သာပြုလုပ်ပါ။ အသက် ၂နှစ်မှ ၅နှစ်အရွယ် တစ်နေ့အတွင်း စမတ်ဖုန်း၊ တီဗီ၊ ကွန်ပျူတာအသုံးပြုချိန် ၁နာရီထက်မပိုပါစေနဲ့။ […]

Gadget Trending

ခန္ဓာကိုယ်ကို Gaming Controller တစ်ခု အဖြစ် ပြောင်းလဲပေးမယ့် တီရှပ်

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဗီဒီယိုဂိမ်းတစ်ခုအား ထိန်းချုပ်နိုင်ရန် အသုံးပြုနိုင်ပါ့လား။ အဖြေကတော့ ဖြစ်နိုင်ချေရှိပါတယ်။ သို့သော် ဂျပန်စမတ်အ၀တ်အစား ကုမ္ပဏီလေးတစ်ခုဖြစ်သည့် Xenoma မှထုတ်လုပ်ထားသည့် ဒီဇိုင်းကတော့ ဗီဒီယိုဂိမ်းကစားသူမျိုးဆက်သစ်များအတွက် မဟုတ်ပါဘူး။ အဆိုပါ အီလက်ထရောနစ်ရှပ်အကျီတွင် သင့်လက်မောင်းအပါအ၀င် ကိုယ်အထက်ပိုင်းလှုပ်ရှားမှုများကို အာရုံပေးမည့် အာရုံခံပစ္စည်းများပါဝင်ပြီး လှုပ်ရှားမှုမှန်သမျှကို On-Screen Action အဖြစ်သို့ ပြောင်းလဲပေးမှာပဲ ဖြစ်ပါတယ်။ အဆိုပါ E-Skin နည်းပညာကို သင့်တော်သည့် app များဖြင့်ပေါင်းစပ်ထားတာဖြစ်ပြီး သင်အိမ်တွင်းအိမ်ပြင် အားကစားပြုလုပ်မှုပုံစံများကို ပြောင်းလဲပေးသွားနိုင်မှာဖြစ်ပါတယ်။ Xenoma မှသူ့ရဲ့ E-Skin နည်းပညာကို CES 2018 တွင်ပြသသွားခဲ့ပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်ကလည်း ယခုပြပွဲမှာပင် ဒီနည်းပညာကိုပြသသွားခဲ့ဖူးပါတယ်။ The Verge ကတော့ ကိုယ်လှုပ်ရှားမှုများကို ဖန်သားပြင်ထက် လှုပ်ရှားမှုများအဖြစ် ပြောင်းလဲပေးသည့် ဂိမ်းကို […]

Gadget Trending

ပရိုဂျက်တာ တွဲလျက်ပါတဲ့ Moviphone

ဖုန်းနဲ့ ပရိုဂျက်တာတွဲနိုင်တဲ့ဖုန်းအမျိုးအစားမှာတော့ ပထမဆုံးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းပညာကတော့ အရှင်းလင်းဆုံး ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ CES ကတော့ ဒီနှစ်အတွက် ထွက်ရှိလာမယ့်ဖုန်းတွေကို ပြသတဲ့နေရာမှာ အတော်လေးကောင်းမွန်တဲ့ ပြပွဲတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တွေပြောင်းလဲလာသလို သူလည်းပြောင်းလဲသွားပါတယ်။ ဖုန်းတွေဟာ MWCနဲ့ အခြားသောပွဲတွေမှာ ပြသဖို့လုပ်ဆောင်ထားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီထဲက ဖုန်းအချို့ကိုတော့ တွေ့မြင်နိုင်ပါသေးတယ်။ San Diego မှ Wireless Mobi Solutions က ထုတ်လုပ်ခဲ့တဲ့ ဖုန်းတစ်လုံးကို CES 2018 မှာ မြင်ရပါတယ်။ အမည်လေးကတော့ “Moviphone” ဖြစ်ပါတယ်။ သူကတော့ အလတ်တန်းစား Android ဟန်းဆက်တစ်လုံးဖြစ်ပြီးတော့ တစ်ချက်ကြည့်လိုက်တာနဲ့ စိတ်လှုပ်ရှားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာကတော့ အနောက်မှာပါဝင်တဲ့ built-in projector […]

Gadget Trending

ကင်မရာလေးလုံး၊ ဒီဇိုင်းအမိုက်စားနဲ့ အိန္ဒိယကို ရောက်ရှိလာမယ့် Honor 9 Lite

Honor ဟာ mid-range 9 Lite စမတ်ဖုန်းကို အိန္ဒိယမှာ ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီဟန်းဆက်မှာ  Flipkart exclusive ပါဝင်ပါတယ်။ ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းအတိအကျကိုတော့ မသိရသေးပါဘူး။ Honor 9 Lite ကို အိန္ဒိယမှာ ကိုင်ဆောင်ခွင့်ရတော့မှာပါ။ နောက်ပြီး Flipkart exclusive အဖြစ်နဲ့ launch လုပ်သွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဘယ်အချိန်မှာ ရောင်းချနိုင်မလဲဆိုတာကိုတော့ ပြောမသွားပါဘူး။ ဒါပေမယ့်လည်း ဒီလလောက်မှာ ရနိုင်မယ်လို့တော့ ခန့်မှန်းထားပါတယ်။ Honor 9 Lite ရဲ့ ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် တရုတ်မှာရှိတဲ့ဈေးနဲ့ တူနိုင်ပါတယ်။ 3 GB RAM နဲ့ 32 GB သိုလှောင်မှုပမာဏကတော့ ဈေးအသက်သာဆုံးမော်ဒယ်လ်ဖြစ်ပြီး Rs. 11,700 […]