Gadget Trending

Apple ရဲ့ plug adapter တွေမှာ ချို့ယွင်းချက်ရှိနေပြီး ရှော့ခ်ဖြစ်နေ

Zawgyi Version လျှပ်စစ်ရှော့ခ်ဖြစ်နိုင်တဲ့အတွက် သူရဲ့ plug adapter အချို့ကို အသုံးပြုခြင်းရပ်ဆိုင်းဖို့အတွက် သုံးစွဲသူတွေကို အသိပေးထားပါတယ်။ လဲလှယ်ပေးမယ့်ပရိုဂရမ်လေးမှာတော့ Mac တွေနဲ့အတူ ထည့်ပေးလိုက်တဲ့ သုံးခေါင်း AC wall plug adapter ၊ ၂၀၀၃ မှ ၂၀၁၀ကြား iOS အချို့မှာ တွဲသုံးရတဲ့ ပစ္စည်းတွေပါဝင်နေပြီးတော့ သူ့ရဲ့ဝက်ဘ်ဆိုက်မှာလည်း ဒီအကြောင်းကို တင်ပေးထားပါတယ်။ အဲဒီ adapter တွေဟာ Apple World Travel Adapter Kit ထဲမှာ ပါဝင်နေတဲ့ဟာတွေပါ။ အတော်ရှားပါးတဲ့ဖြစ်စဉ်ပါပဲလို့ ပြောထားပါတယ်။ ချို့ယွင်းနေတဲ့ Apple သုံးခေါင်း wall plug adapter တွေဟာ ကျိုးပဲ့သွားနိုင်ပြီးတော့ ထိလိုက်ရင် လျှပ်စစ်ရှော့ခ် ဖြစ်နိုင်ပါတယ်။ “သုံးစွဲသူတွေ အန္တရာယ်ကင်းရေးက […]

Gadget Trending

ပါးစပ်ကနေ ပြောလိုက်တာနဲ့ ဓါတ်ပုံ ရိုက်ပေးမယ့် ဒရုန်း

Aire အမည်ရ ဒရုန်းဟာ နေအိမ်မှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားပြီး သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။ Amazon Alexa ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ရဲ့ အကူအညီဖြင့် သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ခြင်း ဖြစ်ပြီး ပါးစပ်ကနေ ပြောလိုက်တာနဲ့ သူက ဓါတ်ပုံရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပြီး သူ့ကို နေအိမ်သုံး အလိုအလျှောက် ပျံသန်းနိုင်တဲ့ စက်ရုပ် လက်ထောက်အဖြစ် ကြော်ညာထားပါတယ်။ သူက နေအိမ်ထဲမှ အရာဝတ္ထုများကိုလည်း ရှောင်ကွင်း ပျံသန်းနိုင်ပါတယ်။ သူ့ကို စမတ်ဖုန်းကနေ ထိန်းချုပ်နိုင်ပါတယ်။ သူ့မှာ ကင်မရာ ၊ မိုက်ကရိုဖုန်း၊ စပီကာများ တပ်ဆင်ထားတဲ့အတွက် နေအိမ် ပြင်ပရောက်နေချိန်မှာ အိမ်ရဲ့ လုံခြုံရေး အခြေအနေကို စစ်ဆေးခြင်း၊ […]

Gadget Trending

Apple AirPods 3 ကို ဒီနှစ်မကုန်ခင် တွေ့မြင်ရနိုင်

Zawgyi Version AirPods 2 အသစ်လေးကို ပြီးခဲ့တဲ့လက launch လုပ်ခဲ့တာပါ။ အခုလည်း Apple AirPods 3 ကို ၂၀၁၉အကုန်လောက်မှာ မြင်ရနိုင်တယ်လို့ သတင်းတွေထွက်နေပြန်ပါပြီ။ Ming Chi Kuo ရဲ့ တင်ပြချက်အရ Apple ဟာ AirPods ဗားရှင်းနှစ်မျိုးထုတ်နေပြီး တစ်မျိုးကို ၂၀၁၉ အကုန်နဲ့ နောက်တစ်မျိုးကို ၂၀၂၀ အစောပိုင်းမှာ တွေ့မြင်ရနိုင်တယ်လို့ ပြောထားပါတယ်။ ကျွန်တော်တို့ကတော့ ၂၀၁၉အကုန်ပိုင်းလောက်မှာ နှစ်မျိုးလုံးကို တွေ့မြင်ရနိုင်တယ်လို့ မှန်းပါတယ်။ တစ်မျိုးကတော့ all-new form factor design ကို တန်ဖိုးခပ်မြင့်မြင့်နဲ့ပါ။ နောက်တစ်ခုကတော့ သွင်ပြင်နဲ့ ဈေးနှုန်းက လက်ရှိမော်ဒယ်လ်လောက်ပါပဲ။ AirPods အသစ်တွေရဲ့ အတွင်းပိုင်းဒီဇိုင်းက လက်ရှိ “SMT+RFPCB” design […]

App/Game Gadget Smartphone Social Trending

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကလေးတွေကို တီဗွီမပြဖို့ပြောကြား

Zawgyi Version Netflix ကြည့်တာက ခင်ဗျားတို့ ကျွန်တော်တို့အတွက် ဘာမှမဖြစ်ပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ ကျွန်တော်တို့ရဲ့စံနှုန်းတွေနဲ့ ကလေးတွေကို မတိုင်းတာသင့်ကြောင်း ပြောထားပါတယ်။ အစီရင်ခံစာအသစ်ထဲမှာ WHO ဟာ ငါးနှစ်အထိ ကလေးငယ်တွေဟာ အ၀လွန်ဖို့ ဖြစ်နိုင်ချေအရမ်းများပြီး အဲဒီရောဂါနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဆုံးရှုံးမှုတွေကို ခံစားရနိုင်ချေရှိနေပါတယ်။ အရင်တုန်းက WHO ရဲ့ ကလေးငယ်တွေအပေါ် လမ်းညွန်ချက်ကတော့ တီဗွီကြည့်မယ်ဆိုရင် အချိန်အကန့်အသတ်နဲ့ ပြပေးသင့်ပါတယ်။ ဖုန်းတွေနဲ့ ကစားမယ်ဆိုရင်လည်း အချိန်သတ်မှတ်ပေးဖို့ ပြောထားတာပါ။ စွမ်းအင်အသုံးချမှုနည်းပါးတဲ့လုပ်ရပ်တွေကြောင့် ကျန်းမာရေးချူချာစေတာကို ထပ်မံတွေ့ရှိခဲ့ရတာမို့ အခုပိုပြီးတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေ သတ်မှတ်လာရပါတယ်။ “လူသားတစ်ယောက်ရဲ့ ကနဦးဘ၀အစကနေပြီးတော့ ကျန်းမာအောင်နေထိုင်ခြင်းဟာ ကျန်းမာခြင်းကို အကောင်းဆုံးထိန်းသိမ်းနိုင်တဲ့နည်းလမ်းပါပဲ” လို့ WHO Director-General Dr. Tedros Adhanom Ghebreyesus ကပြောကြားထားပါတယ်။ “ကလေးဘ၀ရဲ့ကနဦးဟာ လျင်မြန်တဲ့ဖွံ့ဖြိုးမှုရှိပြီးတော့ […]

Enterprise Gadget Trending

iPad အတွက် Paintbrush လေး ထုတ်မယ့် Apple

Zawgyi Version Apple Pencil ကို ပထမဆုံးမိတ်ဆက်ခဲ့တာကတော့ ၂၀၁၅ခုနှစ်တုန်း ပထမဆုံးမျိုးဆက် iPad Pro လေးနဲ့ပါ။ Doodling နဲ့ drawing ဆိုတာ Apple pencil ရဲ့ လက်တွေ့အသုံးချမှုတွေပေါ့။ iPad နဲ့ ချိတ်ဆက်တဲ့အခါမှာ Bluetooth ကို အသုံးပြုထားပြီး Lightning connector နဲ့ ဆက်သွယ်ထားတဲ့ ဖွင့်ပိတ်ပစ္စည်းလေးလည်း ပါဝင်ပါတယ်။ လက်ရှိမှာ Apple pencil လိုမျိုးပစ္စည်းကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် drawing အစား painting ကို ဦးစားပေးမှာဖြစ်ပါတယ်။ Apple “Paintbrush” Patent အသေးစိတ်အချက်အလက်များ “Apple Paintbrush” လို့အမည်ပေးထားတဲ့ပစ္စည်းလေးကတော့ မကြာသေးခင်ကမှ patent တင်ထားတာပါ။ “Stylus with […]

Gadget Trending

AT&T Galaxy View 2 ကို launch မတိုင် ဗွီဒီယိုတစ်ခုနဲ့ တွေ့မြင်ရ

Zawgyi Vesion ပထမဆုံး Galaxy View လေးကို Samsung နဲ့ AT&T တို့ ပူးပေါင်းပြီး ထုတ်လုပ်ချိန်မှာ ၀င်ငွေကောင်းခဲ့တာမို့ အခုအချိန်မှာ နောက်ထပ်တစ်လုံး ထပ်မံတွေ့မြင်ရပြန်ပါပြီ။ ကောလာဟလသတင်းတွေကို အတည်ပြုပေးလိုက်တာဖြစ်ပြီးတော့ ဗွီဒီယိုလေးထဲမှာ အပီအပြင်ကို တွေ့မြင်ခံစားရမှာပါ။ စိတ်မကောင်းစရာတစ်ခုကတော့ အသေးစိတ်ကို မပြောထားသေးပါဘူး။ ဒီတော့ ဈေးနှုန်းဘယ်လောက်လဲဆိုတာ မပြောနိုင်သေးပါဘူး။ ဗွီဒီယိုလေးထဲမှာတော့ အချက်အလက်တချို့ကို ပြောထားပါတယ်။ သတင်းထွက်ထားတာထက် အနည်းငယ်သေးပေမယ့်လည်း ၁၇.၃လက်မ Full HD screen ဟာ အခြားမိုဘိုင်းလ်စံနှုန်းတွေထွက်တော့ များနေတုန်းပါပဲ။ AT&T ဟာ ကျောပိုးအိတ်ထဲကို အလွယ်တကူဆံ့နိုင်အောင် လုပ်ထားတဲ့သဘောပါပဲ။ အဓိကအသုံးပြုဖို့ကတော့ ဖျော်ဖြေရေးအတွက်ပါ။ ဗွီဒီယိုကြည့် ၊ အင်တာနက်သုံးလောက် အဆင်ပြေပါတယ်။ အင်တာနက်သုံးဖို့ဆိုရင် မျက်နှာပြင်ကြီးတာကို ကြိုက်တယ်မလား။ 64 GB […]

Gadget Trending

Huawei Mate X 5G ထွက်ရှိမယ့်အချိန် ကြေညာပြီ

Zawgyi Version Huawei က သူ့ရဲ့ပထမဆုံးခေါက်ချိုး Android စမတ်ဖုန်းလေးကို ထွက်ရှိမယ့်ရက် ကြေညာလိုက်ပါပြီ။ Huawei Mate X ဟာ Samsung Galaxy Fold နဲ့ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်ပါတယ်။ Samsung Galaxy Fold ဟာ လက်ရှိမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ အားလုံးအသိပါပဲ။ ဈေးကွက်ကိုမကြေညာခင်မှာ display ပျက်စီးသွားတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ Huawei Mate X 5G ကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နောက်ပြီး Huawei ဟာ 5G လမ်းကြောင်းကိုလည်း ကြေညာထားပါသေးတယ်။ ဖုန်းလေးကတော့ ဂျူလိုင်လထဲမှာ ထွက်ရှိမှာပါ။ သတင်းကောင်းပြောချင်တာကတော့ နောက်ထပ် 5G ဖုန်းလေးကိုလည်း အောက်တိုဘာမှာ မြင်ရဦးမှာဖြစ်ပါတယ်။ Huawei က မိုဘိုင်းလ်လုပ်ငန်းအကြောင်းကို တိတိကျကျသိပါတယ်။ […]

App/Game Gadget Smartphone Trending

Galaxy Wearable app မှာ Samsung ဖုန်း မဟုတ်ရင် log in ပေးမ၀င်

Zawgyi Version Samsung ရဲ့ $2,000 တန် Galaxy Fold ပျက်စီးမှုကြုံတွေ့အပြီးမှာတော့ နောက်ထပ် wearable သုံးစွဲသူတွေဆီ ညည်းညူသံကို ကြားလာရပြန်ပါပြီ။ Samsung Gear နဲ့ Galaxy Watch ပိုင်ရှင်တွေဟာ Samsung အကောင့်ထဲကို Galaxy Wearable smartphone app မှတစ်ဆင့်ဝင်ရောက်တဲ့အခါမှာ ၀င်လို့မရကြောင်း ပြောဆိုကြပါတယ်။ Samsung မဟုတ်တဲ့ဖုန်းတွေကနေ ၀င်ရင်ဖြစ်နေတာလို့ ထပ်မံသိရပါတယ်။ ဒီဖြစ်ရပ်ဟာ Galaxy Fold ဖြစ်ရပ်ရဲ့အောက်မှာ မြုပ်သွားတယ်ဆိုပေမယ့်လည်း အရေးမကြီးတာတော့မဟုတ်ပါဘူး။ တကယ်တော့ Samsung Gear/Galaxy Watch ပိုင်ရှင်တွေနဲ့ ခေါက်ချိုးဖုန်းကိုင်ဆောင်ထားသူတွေရဲ့အချိုးဟာ မတန်တဆကို မညီနေတာမို့ ဖြစ်လာတဲ့နာကျင်မှုက ဘယ်ဟာပိုများမလဲဆိုတာ ခန့်မှန်းကြည့်လိုက်ပါ။ ပြီးတော့ အချိန်ကြာကြာလည်း ဒီအတိုင်းဖြစ်နေဦးမယ်ထင်ပါတယ်။ Galaxy Wearable […]

Gadget How-To Mobile Phone Tutorial Trending

AirPods ဘတ်ထရီစားနေသူများအတွက် နည်းလမ်းကောင်း

Zawgyi Versioin AirPods တွေဆိုတာ Apple ရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုဖြစ်ပါတယ်။ စပြီးတော့ မိတ်ဆက်တဲ့အချိန်ကတည်းက ဟန်ပြဆိုတာထက်ကို ပိုမိုတဲ့လုပ်ဆောင်ရည်တွေကို မြင်တွေ့ခဲ့ရပါတယ်။ AirPods ရဲ့ မျိုးဆက်သစ်တစ်ခုကို တွေ့မြင်ရပြန်ပါပြီ။ Apple ထုတ်နိုင်တာထက်ကို ပိုပြီးတော့ရောင်းချနေရပါတယ်။ ဒါပေမယ့်လည်း ပြီးပြည့်စုံနေတာမျိုးတော့ မဟုတ်ပါဘူး။ ဘတ်ထရီသက်တမ်းက အားနည်းချက်လေးတွေ ရှိနေတုန်းပါ။ AirPods ဘတ်ထရီတွေဟာ သီချင်းနားထောင်တာဖြစ်ဖြစ်၊ အစည်းအဝေးတွေမှာ ပြောဆိုတာဖြစ်ဖြစ် အေးဆေးသုံးလို့ရပါတယ်။ ဒါပေမယ့်လည်း အယ်လ်ဘမ်တစ်ခုကိုတောင် နားထောင်လို့အဆင်မပြေတော့ဘူးရင်တော့ ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ အားအပြည့်သွင်းကြည့်လိုက်ပါ။ AirPods ဘတ်ထရီလေးကို အားအကုန်သုံးကြည့်လိုက်ပါ။ power cycle လေးကိုကြည့်လိုက်ပါ။ မကြောက်ပါနဲ့။ လုပ်လို့ရတာလေးတွေ ရှိနေပါတယ်။ နောက်တစ်ဆင့်အနေနဲ့ AirPods လေးကို case ထဲမှာဖွင့်ခြင်းအားဖြင့် reset လုပ်လိုက်ပါ။ နောက်ပြီး […]

Enterprise Gadget Social Trending

iPad 2 ကို Vintage စာရင်းထည့်သွင်းကြောင်း ကြေညာလိုက်တဲ့ Apple

Zawgyi Version ကောင်းပါတယ်။ ဒါပေမယ့် iPad 2 ဆိုတာ အခုချိန်မှာ ဟောင်းနေပြီမလား။ Apple ရဲ့ ခေတ်ဟောင်းပြတိုက်မှာ သွင်းထားဖို့ စာရင်းဝင်သင့်နေပြီ။ ဧပြီ ၃၀ရက်နေ့မှာ iPad 2 ရဲ့ မော်ဒယ်လ်အားလုံးကို ပြောင်းလဲတော့မှာပါ။ Apple ရဲ့ ခေတ်ဟောင်းဆိုတာကတော့ ငါးနှစ်ကျော်ကြာနေပြီဖြစ်တဲ့ ထုတ်ကုန်တိုင်းကို ဆိုလိုတာဖြစ်ပါတယ်။ iPad 2 ဟာ ၂၀၁၁ခုနှစ် မတ်လမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး အခုအချိန်မှာ အဲဒီစာရင်းထဲကို ၀င်နေပါပြီ။ တစ်ချိန်တစ်ခါတုန်းကတော့ တက်ဘလက်အမိုက်စားတစ်လုံးဖြစ်ခဲ့ပေမယ့်လည်း ၂၀၁၄ခုနှစ်ကတည်းက ဆက်မထုတ်တော့တာပါ။ iPad 2 လေးမှာ A5 CPU နဲ့ ဒီနေ့ခေတ်နဲ့နှိုင်းယှဉ်ရင် နိမ့်ကျနေပြီဖြစ်တဲ့ display တို့ကို ထည့်သွင်းပေးခဲ့ပါတယ်။ 132ppi နဲ့ ၉.၇လက်မ မျက်နှာပြင်ကို […]