Posted on Leave a comment

ပိုက္ဆံအကုန္ခံျပီး မ၀ယ္သင့္တဲ့ Apple iPad အသစ္

Zawgyi Version

iPad Mini 4 ကို ေဒၚလာ၄၀၀ နဲ႕ ေရာင္းခ်ခဲ့ဖူးပါတယ္။ ၂၀၁၈ခုႏွစ္မွာေတာ့ ေဒၚလာ၃၃၀နဲ႕ ထြက္ရွိလာျပီး ၉.၇လက္မ screen ၊  အျမင့္စားအခ်က္အလက္ေတြကုိ အသံုးျပဳေပးထားပါတယ္။ ၂၀၁၅ခုႏွစ္တည္းက ထုတ္လုပ္ခဲ့တဲ့ တက္ဘလက္ေလးကို ဆက္္လက္ထုတ္လုပ္ေနတုန္းဆိုလည္း မမွားပါဘူး။ compact Apple tablet ေလး လိုခ်င္တယ္ဆိုရင္ေတာ့ သင့္သေဘာပါပဲ။

ျဖတ္သန္းလာခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္မွာ ၊ Apple event တုိင္းမွာ Mini လိုင္းအတြက္ update ထြက္မယ္လို႕ ၾကားေနရပါတယ္။ အခုအခ်ိန္ထိေပ့ါ။ Apple က iPad Mini 5 ကို ေနာက္ဆံုးေတာ့ ထုတ္ျပလုိက္ပါတယ္။ Apple event မလုပ္ဘဲ တိတ္တဆိတ္လုပ္ေဆာင္္ေနရတဲ့အေၾကာင္းရင္းက ဘာေၾကာင့္ဆိုတာ ဆက္ၾကည့္လုိက္ရေအာင္ပါ။

ဘာေတြအသစ္အဆန္းအေနနဲ႕ ေတြ႕ျမင္ရမလဲ

ဖ်က္ကနဲၾကည့္လိုက္ေတာ့ iPad Mini အသစ္ေလးက အရင္ေမာ္ဒယ္လ္ေတြနဲ႕ ထပ္တူက်ေနပါတယ္။ ေနာက္တစ္ေခါက္ျပန္ၾကည့္ပါတယ္။ တူေနတုန္းပဲ။ ဘာေၾကာင့္လဲ ထပ္တူကိုက်ေနလို႕ပါ။ ၇.၉လက္မ screen မွာ တူညီတဲ့ေဘာင္ေတြကိုလည္း ေတြ႕ျမင္ေနရပါတယ္။ Touch ID home button လည္းပါတယ္။ အလူမီနီယမ္ေက်ာျပင္နဲ႕ space gray, silver, or gold color ေတြပဲ။

https://platform.twitter.com/widgets.js

ဘာေတြေျပာင္းလဲသြားလဲ။ A8 ကေန A12 Bionic ကို ထည့္ေပးထားပါတယ္။ အဲဒီchipset ကို လက္ရွိ iPhone XS, XS Max နဲ႕ iPhone XR တုိ႕မွာ အသံုးျပဳေနတာျဖစ္ပါတယ္။ storage ကို 64GB or 256GB ဆိုျပီးေတာ့ လုပ္ေပးထားပါတယ္။ 1.2-megapixel front-facing camera ေလးကို 7-megapixel နဲ႕ ခ်ိန္းေပးထားပါတယ္။ ဒါ့အျပင္ Apple Pencil ၊ TrueTone technology ကိုလည္း ခံစားခြင့္ရရွိမွာပါ။

ဒီအတြက္ ကၽြန္ေတာ္တို႕ ေလးႏွစ္ေတာင္ေစာင့္ခဲ့ရတာ။ ဒါေလာက္ပဲလား။ ေတာ္ေတာ္ေလး နည္းေနတာေပ့ါ။ ေစ်းႏႈန္းေတာင္ မေျပာင္းေပးခဲ့ဘူး။ အရင္လိုပဲ ေဒၚလာ၄၄၀နဲ႕ စဖြင့္ထားပါတယ္။ iPad Mini 4 ကို မၾကာေသးခင္က ၀ယ္ထားတဲ့သူေတြကိုေတာ့ စိတ္မေကာင္းေၾကာင္း ေျပာလုိက္ပါရေစ။

iPad Mini အသစ္အျပင္ iPad အသစ္တစ္လံုးကို ေတြ႕ရမွာပါ။ ေမွ်ာ္လင့္မထားတဲ့ iPad Air ေပ့ါ။ ၁၀.၅လက္မ iPad Pro ကို အစားထိုးထားတာပါ။ ဖ်က္ကနဲၾကည့္လိုက္ရင္ေတာ့ iPad Pro နဲ႕ တူေနပါတယ္။ ေနာက္တစ္ေခါက္ၾကည့္မလား။ ဒါပါပဲ။ ေဒၚလာ၅၀၀ နဲ႕ ေစ်းဖြင့္ထားပါတယ္။

apples new ipad mini and air are seriously underwhelming 5 2019

2019 iPad Mini ကေတာ့ compact tablet လိုခ်င္သူေတြအတြက္ အဆင္ေျပေလာက္မွာပါ။ iPad Pro က ေဒၚလာ၈၀၀ ေလာက္အထိ ရွိေနတယ္။ ပေရာ္ဖက္ရွင္နယ္ေတြအတြက္ဆိုရင္ေတာ့ အဆင္ေျပတာေပ့ါ။ ေဒၚလာ ၃၃၀ တန္ ၉.၇လက္မ iPad ေလးက လူတုိင္းအတြက္ပါ။ ဒါဆို iPad Air ကေရာ။ ဘယ္သူ႕အတြက္ျဖစ္မလဲ။ ၂၀၁၈ေလာက္က iPad ေလးကို ေဒၚလာ၃၃၀ေပးျပီးေတာ့ ဘာလို႕၀ယ္ၾကမွာလဲ။ အပို ေဒၚလာ၁၇၀ ေပးျပီးေတာ့ နည္းနည္းၾကီးတာ၀ယ္ေတာ့မွာပါ။

apples new ipad mini and air are seriously underwhelming 2019

Mid range လည္း ဆင္းေနတာမဟုတ္ျပန္ဘူး။ iPad Pro ေလာက္လည္း စြမ္းေဆာင္ရည္က မျမင့္ျပန္။ ေမာ္ဒယ္လ္အသစ္ထြက္လာခ်ိန္မွာ အဆင္ေျပသြားေအာင္ ဒီဇိုင္းကို မျပင္ထားတာျဖစ္ႏုိင္ပါတယ္။

စိတ္လႈပ္ရွားစရာ တစ္ကြက္မွမရွိ

Apple က ဒီဇိုင္းနဲ႕ အတြင္းပိုင္းကို နည္းနည္းပဲေျပာင္းလဲျပီးေတာ့ အျမတ္အစြန္းရွာေနတယ္လို႕ ျမင္မိပါတယ္။ iPhone 5 တုန္းကလည္း SE ကို အတြင္းပိုင္းျဖည့္ေပးျပီး ျပန္ထုတ္သလုိေပ့ါ။

ဒီဇုိင္းေကာင္းေကာင္းနဲ႕ ဘယ္လိုလမ္းေၾကာင္းေတြသြားေနသလဲဆိုတာ Apple ကို ပံုအပ္ထားတယ္ဆိိုရင္ေတာ့ ဒီဇုိင္းအေဟာင္းနဲ႕ အသစ္ဆိုတာၾကီးကို ျမင္လုိက္ရရင္ စိတ္ပ်က္သြားေလာက္ပါတယ္။ ၁၁လက္မနဲ႕ ၁၂.၉လက္မ iPad Pro ေမာ္ဒယ္လ္ကေတာ့ မ်ိဳးဆက္သစ္ တက္ဘလက္ေတြရဲ႕လမ္းေၾကာင္းကို ျပသေပးေနပါတယ္။

facial recognition ဟာ အဆင္ေျပျပီးေတာ့ fingerprint scanning ထက္ ပိုစိတ္ခ်ရတယ္ဆိုတာ ျပသေပးခဲ့တယ္။ တကယ္လည္း မွန္ပါတယ္။ ကၽြန္ေတာ္တို႕အတြက္ headphone jack မလုိေတာ့ဘူးလို႕လည္း ေျပာတယ္။ ဒါကေတာ့ ျငင္းခံုရမယ့္ကိစၥပါပဲ။ ေဘးေဘာင္ေတြကို ေလွ်ာ့ခ်ထားျပီး screen လည္း တိုးေပးထားပါတယ္။ ဒါေပမယ့္လည္း ေလးႏွစ္သက္တမ္းရွိတဲ့ဒီဇုိင္းအေဟာင္းၾကီးပဲေလ။

iPad အသစ္ေတြကို ရင္ခုန္ေအာင္လုပ္လို႕မရပါဘူး။ ရင္ခုန္စရာမွမရွိတာ။ Apple လည္းသိပါတယ္။ Mini လုိင္းအတြက္ ဂုဏ္ယူရမယ္ဆိုေပမယ့္လည္း ေလးႏွစ္သက္တမ္းရင့္ iPad ကို ေဒၚလာ၄၀၀ ေလာက္နဲ႕ ေရာင္းတယ္ေနာ္။ iPad Mini နဲ႕ iPad Air ကေတာ့ မ၀ယ္သင့္ေသးဘူးလို႕ ေျပာခ်င္တယ္။

Unicode Version

iPad Mini 4 ကို ဒေါ်လာ၄၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ဒေါ်လာ၃၃၀နဲ့ ထွက်ရှိလာပြီး ၉.၇လက်မ screen ၊ အမြင့်စားအချက်အလက်တွေကို အသုံးပြုပေးထားပါတယ်။ ၂၀၁၅ခုနှစ်တည်းက ထုတ်လုပ်ခဲ့တဲ့ တက်ဘလက်လေးကို ဆက်လက်ထုတ်လုပ်နေတုန်းဆိုလည်း မမှားပါဘူး။ compact Apple tablet လေး လိုချင်တယ်ဆိုရင်တော့ သင့်သဘောပါပဲ။
ဖြတ်သန်းလာခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ ၊ Apple event တိုင်းမှာ Mini လိုင်းအတွက် update ထွက်မယ်လို့ ကြားနေရပါတယ်။ အခုအချိန်ထိပေ့ါ။ Apple က iPad Mini 5 ကို နောက်ဆုံးတော့ ထုတ်ပြလိုက်ပါတယ်။ Apple event မလုပ်ဘဲ တိတ်တဆိတ်လုပ်ဆောင်နေရတဲ့အကြောင်းရင်းက ဘာကြောင့်ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။
ဘာတွေအသစ်အဆန်းအနေနဲ့ တွေ့မြင်ရမလဲ
ဖျက်ကနဲကြည့်လိုက်တော့ iPad Mini အသစ်လေးက အရင်မော်ဒယ်လ်တွေနဲ့ ထပ်တူကျနေပါတယ်။ နောက်တစ်ခေါက်ပြန်ကြည့်ပါတယ်။ တူနေတုန်းပဲ။ ဘာကြောင့်လဲ ထပ်တူကိုကျနေလို့ပါ။ ၇.၉လက်မ screen မှာ တူညီတဲ့ဘောင်တွေကိုလည်း တွေ့မြင်နေရပါတယ်။ Touch ID home button လည်းပါတယ်။ အလူမီနီယမ်ကျောပြင်နဲ့ space gray, silver, or gold color တွေပဲ။

https://platform.twitter.com/widgets.js


ဘာတွေပြောင်းလဲသွားလဲ။ A8 ကနေ A12 Bionic ကို ထည့်ပေးထားပါတယ်။ အဲဒီchipset ကို လက်ရှိ iPhone XS, XS Max နဲ့ iPhone XR တို့မှာ အသုံးပြုနေတာဖြစ်ပါတယ်။ storage ကို 64GB or 256GB ဆိုပြီးတော့ လုပ်ပေးထားပါတယ်။ 1.2-megapixel front-facing camera လေးကို 7-megapixel နဲ့ ချိန်းပေးထားပါတယ်။ ဒါ့အပြင် Apple Pencil ၊ TrueTone technology ကိုလည်း ခံစားခွင့်ရရှိမှာပါ။
ဒီအတွက် ကျွန်တော်တို့ လေးနှစ်တောင်စောင့်ခဲ့ရတာ။ ဒါလောက်ပဲလား။ တော်တော်လေး နည်းနေတာပေ့ါ။ ဈေးနှုန်းတောင် မပြောင်းပေးခဲ့ဘူး။ အရင်လိုပဲ ဒေါ်လာ၄၄၀နဲ့ စဖွင့်ထားပါတယ်။ iPad Mini 4 ကို မကြာသေးခင်က ဝယ်ထားတဲ့သူတွေကိုတော့ စိတ်မကောင်းကြောင်း ပြောလိုက်ပါရစေ။
iPad Mini အသစ်အပြင် iPad အသစ်တစ်လုံးကို တွေ့ရမှာပါ။ မျှော်လင့်မထားတဲ့ iPad Air ပေ့ါ။ ၁၀.၅လက်မ iPad Pro ကို အစားထိုးထားတာပါ။ ဖျက်ကနဲကြည့်လိုက်ရင်တော့ iPad Pro နဲ့ တူနေပါတယ်။ နောက်တစ်ခေါက်ကြည့်မလား။ ဒါပါပဲ။ ဒေါ်လာ၅၀၀ နဲ့ ဈေးဖွင့်ထားပါတယ်။

apples new ipad mini and air are seriously underwhelming 5 2019


2019 iPad Mini ကတော့ compact tablet လိုချင်သူတွေအတွက် အဆင်ပြေလောက်မှာပါ။ iPad Pro က ဒေါ်လာ၈၀၀ လောက်အထိ ရှိနေတယ်။ ပရော်ဖက်ရှင်နယ်တွေအတွက်ဆိုရင်တော့ အဆင်ပြေတာပေ့ါ။ ဒေါ်လာ ၃၃၀ တန် ၉.၇လက်မ iPad လေးက လူတိုင်းအတွက်ပါ။ ဒါဆို iPad Air ကရော။ ဘယ်သူ့အတွက်ဖြစ်မလဲ။ ၂၀၁၈လောက်က iPad လေးကို ဒေါ်လာ၃၃၀ပေးပြီးတော့ ဘာလို့ဝယ်ကြမှာလဲ။ အပို ဒေါ်လာ၁၇၀ ပေးပြီးတော့ နည်းနည်းကြီးတာဝယ်တော့မှာပါ။

apples new ipad mini and air are seriously underwhelming 2019


Mid range လည်း ဆင်းနေတာမဟုတ်ပြန်ဘူး။ iPad Pro လောက်လည်း စွမ်းဆောင်ရည်က မမြင့်ပြန်။ မော်ဒယ်လ်အသစ်ထွက်လာချိန်မှာ အဆင်ပြေသွားအောင် ဒီဇိုင်းကို မပြင်ထားတာဖြစ်နိုင်ပါတယ်။
စိတ်လှုပ်ရှားစရာ တစ်ကွက်မှမရှိ
Apple က ဒီဇိုင်းနဲ့ အတွင်းပိုင်းကို နည်းနည်းပဲပြောင်းလဲပြီးတော့ အမြတ်အစွန်းရှာနေတယ်လို့ မြင်မိပါတယ်။ iPhone 5 တုန်းကလည်း SE ကို အတွင်းပိုင်းဖြည့်ပေးပြီး ပြန်ထုတ်သလိုပေ့ါ။
ဒီဇိုင်းကောင်းကောင်းနဲ့ ဘယ်လိုလမ်းကြောင်းတွေသွားနေသလဲဆိုတာ Apple ကို ပုံအပ်ထားတယ်ဆိုရင်တော့ ဒီဇိုင်းအဟောင်းနဲ့ အသစ်ဆိုတာကြီးကို မြင်လိုက်ရရင် စိတ်ပျက်သွားလောက်ပါတယ်။ ၁၁လက်မနဲ့ ၁၂.၉လက်မ iPad Pro မော်ဒယ်လ်ကတော့ မျိုးဆက်သစ် တက်ဘလက်တွေရဲ့လမ်းကြောင်းကို ပြသပေးနေပါတယ်။
facial recognition ဟာ အဆင်ပြေပြီးတော့ fingerprint scanning ထက် ပိုစိတ်ချရတယ်ဆိုတာ ပြသပေးခဲ့တယ်။ တကယ်လည်း မှန်ပါတယ်။ ကျွန်တော်တို့အတွက် headphone jack မလိုတော့ဘူးလို့လည်း ပြောတယ်။ ဒါကတော့ ငြင်းခုံရမယ့်ကိစ္စပါပဲ။ ဘေးဘောင်တွေကို လျှော့ချထားပြီး screen လည်း တိုးပေးထားပါတယ်။ ဒါပေမယ့်လည်း လေးနှစ်သက်တမ်းရှိတဲ့ဒီဇိုင်းအဟောင်းကြီးပဲလေ။
iPad အသစ်တွေကို ရင်ခုန်အောင်လုပ်လို့မရပါဘူး။ ရင်ခုန်စရာမှမရှိတာ။ Apple လည်းသိပါတယ်။ Mini လိုင်းအတွက် ဂုဏ်ယူရမယ်ဆိုပေမယ့်လည်း လေးနှစ်သက်တမ်းရင့် iPad ကို ဒေါ်လာ၄၀၀ လောက်နဲ့ ရောင်းတယ်နော်။ iPad Mini နဲ့ iPad Air ကတော့ မဝယ်သင့်သေးဘူးလို့ ပြောချင်တယ်။

Posted on Leave a comment

Chrome ရဲ႕ offline ဒိုင္ႏိုေဆာေလးကို အရုပ္အျဖစ္နဲ႕ ပိုင္ဆိုင္ခြင့္ရႏုိင္ျပီ

Zawgyi Version

“There is no internet connection.” ဒီစာလံုးေလးကေတာ့ ေၾကာက္စရာအေကာင္းဆံုး အဂၤလိပ္စာလံုးပဲမလား။ ဒါေပါ့။ ဒါေပ့ါ။ ဒီေန႕ေခတ္ၾကီးမွာ အင္တာနက္လုိင္းေပ်ာက္သြားတာထက္ဆိုးတာ ရွိပါဦးမလား။ အင္တာနက္မရွိရင္ ကၽြန္ေတာ္တို႕ ဘယ္လိုေနထိုင္ၾကမလဲ။ စာဖတ္ေနၾကမလား။ ဒါလည္း အဆင္မေျပျပန္ပါဘူး။ Chrome ရဲ႕ ဒိုင္ႏိုေဆာပံုစံေလးပါ၀င္တဲ့ error page ေလးက ကၽြန္ေတာ္တို႕နဲ႕အတူရွိေနခဲ့တာ အခ်ိန္အေတာ္ၾကာျပီ။ ကြန္ရက္ျပတ္ေတာက္သြားတယ္ဆိုတာကို အသိေပးေနခဲ့တာလည္း ၾကာျမင့္ေနျပီလို႕ဆိုရမွာေပါ့။ ေနာက္တစ္ပတ္ကစတင္ျပီးေတာ့ Chrome ဒိုင္ႏိုေဆာေလးကို ခံုေပၚမွာတင္ထားလို႕ ရပါျပီ။

Set ေလးအလုိက္ဆိုရင္ေတာ့ T-rex ဒိုင္ႏိုေဆာရယ္၊ အပင္ေလးပင္ရယ္ ပါ၀င္မွာျဖစ္ျပီးေတာ့ ခံုေပၚမွာ အလွတင္္ထားလို႕ အဆင္ေျပေနပါျပီ။ ဒိုင္ႏိုေဆာေလးကေတာ့ သံုးလက္မအရွည္ရွိျပီးေတာ့ အပင္ေလးေတြက ႏွစ္လက္မ-သံုးလက္မေလာက္ ရွိပါတယ္။ လုပ္ထားတဲ့ပစၥည္းေတြကေတာ့ ABS ပလတ္စတစ္နဲ႕ acrylic တို႕ကို အသံုးျပဳေပးထားပါတယ္။

ထုပ္ပိုးမႈေလးကလည္း အရမ္းကိုမွ ရင္းႏွီးေနတယ္လို႕ခံစားရမွာပါ။ ကၽြန္ေတာ္တို႕ျမင္ေနက် page ေလးအတုိ္င္းပါပဲ။ တစ္ဖက္မွာေတာ့ game over screen ေလးကို ထည့္ေပးထားပါတယ္။ ဒါနဲ႕ေျပာရဦးမယ္။ chrome://dino ကို သြားျပီးေတာ့ ေဆာ့လို႕ရေနျပီေနာ္။ ဒီေကာင္ေလးကိုေတာ့ မတ္လ ၁၁ရက္ေန႕ ၁၁ နာရီမွာ စတင္ေရာင္းခ်ေပးေတာ့မွာပါ။ ေစ်းႏႈန္းကေတာ့ ၂၄ေဒၚလာျဖစ္ပါတယ္။ AP team အေတာ္မ်ားမ်ားကေတာ့ ၀ယ္ယူဖို႕ စိုင္းျပင္းေနၾကပါျပီ။

Unicode Version

“There is no internet connection.” ဒီစာလုံးလေးကတော့ ကြောက်စရာအကောင်းဆုံး အင်္ဂလိပ်စာလုံးပဲမလား။ ဒါပေါ့။ ဒါပေ့ါ။ ဒီနေ့ခေတ်ကြီးမှာ အင်တာနက်လိုင်းပျောက်သွားတာထက်ဆိုးတာ ရှိပါဦးမလား။ အင်တာနက်မရှိရင် ကျွန်တော်တို့ ဘယ်လိုနေထိုင်ကြမလဲ။ စာဖတ်နေကြမလား။ ဒါလည်း အဆင်မပြေပြန်ပါဘူး။ Chrome ရဲ့ ဒိုင်နိုဆောပုံစံလေးပါဝင်တဲ့ error page လေးက ကျွန်တော်တို့နဲ့အတူရှိနေခဲ့တာ အချိန်အတော်ကြာပြီ။ ကွန်ရက်ပြတ်တောက်သွားတယ်ဆိုတာကို အသိပေးနေခဲ့တာလည်း ကြာမြင့်နေပြီလို့ဆိုရမှာပေါ့။ နောက်တစ်ပတ်ကစတင်ပြီးတော့ Chrome ဒိုင်နိုဆောလေးကို ခုံပေါ်မှာတင်ထားလို့ ရပါပြီ။


Set လေးအလိုက်ဆိုရင်တော့ T-rex ဒိုင်နိုဆောရယ်၊ အပင်လေးပင်ရယ် ပါဝင်မှာဖြစ်ပြီးတော့ ခုံပေါ်မှာ အလှတင်ထားလို့ အဆင်ပြေနေပါပြီ။ ဒိုင်နိုဆောလေးကတော့ သုံးလက်မအရှည်ရှိပြီးတော့ အပင်လေးတွေက နှစ်လက်မ-သုံးလက်မလောက် ရှိပါတယ်။ လုပ်ထားတဲ့ပစ္စည်းတွေကတော့ ABS ပလတ်စတစ်နဲ့ acrylic တို့ကို အသုံးပြုပေးထားပါတယ်။
ထုပ်ပိုးမှုလေးကလည်း အရမ်းကိုမှ ရင်းနှီးနေတယ်လို့ခံစားရမှာပါ။ ကျွန်တော်တို့မြင်နေကျ page လေးအတိုင်းပါပဲ။ တစ်ဖက်မှာတော့ game over screen လေးကို ထည့်ပေးထားပါတယ်။ ဒါနဲ့ပြောရဦးမယ်။ chrome://dino ကို သွားပြီးတော့ ဆော့လို့ရနေပြီနော်။ ဒီကောင်လေးကိုတော့ မတ်လ ၁၁ရက်နေ့ ၁၁ နာရီမှာ စတင်ရောင်းချပေးတော့မှာပါ။ ဈေးနှုန်းကတော့ ၂၄ဒေါ်လာဖြစ်ပါတယ်။ AP team အတော်များများကတော့ ဝယ်ယူဖို့ စိုင်းပြင်းနေကြပါပြီ။

Posted on Leave a comment

ေရစီးေၾကာင္းအသစ္ကို ေဖာက္လုပ္ေတာ့မယ္ Samsung wireless TV

Zawgyi Version

TV ေတြဆိုတာကလည္း မသိရင္ နံရံထဲ၀င္ေတာ့မလိုလို။ တျဖည္းျဖည္းနဲ႕ ပါးလာလိုက္တာ မေျပာပါနဲ႕ေတာ့။ နံရံနဲ႕ကပ္ေနျပီးေတာ့ ေပ်ာက္ေနတယ္လို႕ေျပာရေပမယ့္လည္း အျမင္ကိုဖ်က္ေနတာက ၾကိဳးေတြပါ။ Samsung က ဒီအခ်က္ကိုသတိထားမိျပီး ေျဖရွင္းေတာ့မွာပါ။ ၾကိဳးေတြကို မျမင္ေအာင္ေဖ်ာက္မွာ မဟုတ္္ဘူးေနာ္။

မႏွစ္က Samsung ရဲ႕ အေျဖကေတာ့ ပါးလႊာျပီး ေဖာက္ထြင္းျမင္ေနရတဲ့ ၾကိဳးေလးနဲ႕ဆက္သြယ္ေပးခဲ့ပါတယ္။ ဒီအခ်ိန္တုန္းက ၾကိဳးေတြရွိေနတုန္းပါပဲ။ ပတ္၀န္းက်င္အလိုက္ ျမင္ေနရတုန္းပဲေလ။ LetsGoDigital ရဲ႕ ေတြ႕ရွိခ်က္အရ patent အသစ္ေလးက wireless ျဖစ္ေအာင္လုပ္ေဆာင္ေနေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ေျပာရရင္ေတာ့ ၾကိဳးမဲ့အားသြင္းနည္းပညာက စမတ္ဖုန္းေလာကမွာ အၾကိဳက္မ်ား၊ အသံုးမ်ားလာတဲ့နည္းပညာေလးတစ္ခုပါ။ Patent အရဆိုရင္ wireless TV ဟာ ပါးလႊာတဲ့ လွ်ပ္စစ္သံလိုုက္ဘားေလးတစ္ခုနဲ႕ ခ်ိတ္ဆက္ထားမယ္လို႕ သိရပါတယ္။ ဘားေလးက receiver အျဖစ္နဲ႕ လုပ္ေဆာင္ေပးမွာပါ။

လက္ရွိၾကိဳးမဲ့အားသြင္းထုတ္ကုန္ေတြနဲ႕မတူညီတဲ့အခ်က္တစ္ခုကေတာ့ receiver နဲ႕ base power station တို႕ၾကားမွာ ခြာထားလို႕ရပါတယ္။ station ေလးဟာ soundbar အေနနဲ႕လည္း လုပ္ေဆာင္ေပးႏုိင္ဦးမွာဆိုေတာ့ သာမန္ေတာ့ မဟုတ္ပါဘူး။

ဒီစိတ္ကူးေလးက မိုက္ေနရတဲ့အေၾကာင္းရင္းကေတာ့ လက္ရွိၾကိဳးမဲ့အားသြင္းစနစ္ေတြမွာ ဒီလို air power transmission ကို ေထာက္ပံ့ေပးႏုိင္တဲ့အရာမ်ိဳး နည္းေနပါေသးတယ္။ safety တို႕ အျခား wireless လိႈင္းေတြရဲ႕ ေႏွာင့္ယွက္မႈတို႕ကိုလည္း စဥ္းစားရပါလိမ့္မယ္။ တကယ္လို႕မ်ား Samsung က ထုတ္လုပ္ႏုိင္ခဲ့မယ္ဆုိရင္ေတာ့ စမတ္ဖုန္းေတြကို အားသြင္းတဲ့ေနရာမွာလည္း အေျပာင္းအလဲတစ္ခုျဖစ္လာႏုိင္တယ္လို႕ ေတြးမိပါတယ္။

Unicode Version

TV တွေဆိုတာကလည်း မသိရင် နံရံထဲဝင်တော့မလိုလို။ တဖြည်းဖြည်းနဲ့ ပါးလာလိုက်တာ မပြောပါနဲ့တော့။ နံရံနဲ့ကပ်နေပြီးတော့ ပျောက်နေတယ်လို့ပြောရပေမယ့်လည်း အမြင်ကိုဖျက်နေတာက ကြိုးတွေပါ။ Samsung က ဒီအချက်ကိုသတိထားမိပြီး ဖြေရှင်းတော့မှာပါ။ ကြိုးတွေကို မမြင်အောင်ဖျောက်မှာ မဟုတ်ဘူးနော်။
မနှစ်က Samsung ရဲ့ အဖြေကတော့ ပါးလွှာပြီး ဖောက်ထွင်းမြင်နေရတဲ့ ကြိုးလေးနဲ့ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီအချိန်တုန်းက ကြိုးတွေရှိနေတုန်းပါပဲ။ ပတ်ဝန်းကျင်အလိုက် မြင်နေရတုန်းပဲလေ။ LetsGoDigital ရဲ့ တွေ့ရှိချက်အရ patent အသစ်လေးက wireless ဖြစ်အောင်လုပ်ဆောင်နေကြောင်း ထောက်ပြခဲ့ပါတယ်။
ပြောရရင်တော့ ကြိုးမဲ့အားသွင်းနည်းပညာက စမတ်ဖုန်းလောကမှာ အကြိုက်များ၊ အသုံးများလာတဲ့နည်းပညာလေးတစ်ခုပါ။ Patent အရဆိုရင် wireless TV ဟာ ပါးလွှာတဲ့ လျှပ်စစ်သံလိုက်ဘားလေးတစ်ခုနဲ့ ချိတ်ဆက်ထားမယ်လို့ သိရပါတယ်။ ဘားလေးက receiver အဖြစ်နဲ့ လုပ်ဆောင်ပေးမှာပါ။
လက်ရှိကြိုးမဲ့အားသွင်းထုတ်ကုန်တွေနဲ့မတူညီတဲ့အချက်တစ်ခုကတော့ receiver နဲ့ base power station တို့ကြားမှာ ခွာထားလို့ရပါတယ်။ station လေးဟာ soundbar အနေနဲ့လည်း လုပ်ဆောင်ပေးနိုင်ဦးမှာဆိုတော့ သာမန်တော့ မဟုတ်ပါဘူး။
ဒီစိတ်ကူးလေးက မိုက်နေရတဲ့အကြောင်းရင်းကတော့ လက်ရှိကြိုးမဲ့အားသွင်းစနစ်တွေမှာ ဒီလို air power transmission ကို ထောက်ပံ့ပေးနိုင်တဲ့အရာမျိုး နည်းနေပါသေးတယ်။ safety တို့ အခြား wireless လှိုင်းတွေရဲ့ နှောင့်ယှက်မှုတို့ကိုလည်း စဉ်းစားရပါလိမ့်မယ်။ တကယ်လို့များ Samsung က ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ စမတ်ဖုန်းတွေကို အားသွင်းတဲ့နေရာမှာလည်း အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တယ်လို့ တွေးမိပါတယ်။

Posted on Leave a comment

private user photo ေတြေပါက္ၾကားေစခဲ့တဲ့ Android TV bug

Zawgyi Version

Android TV ပိုင္းမွာ ျငိမ္သက္ေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ပါျပီ။ ဒါေပမယ့္လည္း ဒီေန႕မွာေတာ့ မီးေမာင္းေအာက္ကို ထပ္မံေရာက္ရွိလာခဲ့ပါျပီ။ ကံမေကာင္းစြာနဲ႕ပဲ သတင္းေကာင္းေတာ့ မဟုတ္ပါဘူး။ private user photo ေတြေပါက္ၾကားေစခဲ့တဲ့ Android TV bug ရွိေနပါတယ္။ ဒါေၾကာင့္ Android TV နဲ႕ Google Home ေတြဟာ မျပသင့္တဲ့ List ေတြကို ျပသေနတယ္လို႕ သိရပါတယ္။

Bug ကို ပထမဆံုးဖြင့္ခ်ခဲ့တာကေတာ့ Twitter user @wothadei ျဖစ္ပါတယ္။ သူဟာ Vu Android TV ကို Google Home app နဲ႕ သံုးလိုက္တဲ့အခ်ိန္မွာ “linked” accounts စာရင္းကို ျပသခဲ့တယ္လို႕ ဆိုပါတယ္။ အဲဒီစာရင္းထဲမွာ တီဗြီ၀ယ္ထားတဲ့သူေတြအားလံုး ပါ၀င္ေနပါတယ္။ ဒါက စိတ္မသက္သာစရာပါပဲ။

ဒီထက္ပိုျပီး စိုးရိမ္စရာေကာင္းတာတစ္ခုလည္း ရွိေနပါေသးတယ္။ link လုပ္ထားတဲ့ Google Photos account ကို ေရြးျပီးေတာ့ Ambient Mode slideshows ကို ေရြးလိုက္တဲ့အခ်ိန္မွာ  Android TV user ေတြရဲ႕ နာမည္ေတြကိုပါ ေတြ႕လုိက္ရပါတယ္။ အဲဒီေဘးမွာေတာ့ ပံုေလးေတြ ကပ္ပါေနပါတယ္။ ဒါေၾကာင့္ Android TV’s slideshows ကေန သံုးစြဲသူေတြရဲ႕ပံုေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။

Android TV bug ဟာ Google Home app ထဲမွာရွိတဲ့ linked account ေတြကိုျပသေနတာျဖစ္ပါတယ္။ ဒါကေတာ့ ေကာင္းပါတယ္။ မေကာင္းတာက private photo ေတြ တက္လာျခင္းပါပဲ။ ဒီအေၾကာင္းကို္ေတာ့ Google ဆီအေၾကာင္းၾကားထားျပီး မၾကာခင္မွာပဲ disable လုပ္ေပးသြားမယ္လို႕လည္း ေျဖၾကားထားပါတယ္။

ကၽြန္ေတာ္တို႕အေနနဲ႕ user privacy ကို အေရးထားပါတယ္။ ဒီ bug ကို စံုစမ္းေနဆဲျဖစ္ျပီးေတာ့ Google Assistant ၊ Android TV ကေန Google Photos ကို သံုးႏုိင္တဲ့ feature ကို ပိတ္ေပးပါမယ္။

ကၽြန္ေတာ္တို႕အေနနဲ႕ ေဆာင္ရြက္ေနဆဲကာလျဖစ္တာမို႕ bug နဲ႕ပတ္သတ္ျပီး ေျဖၾကားရမယ့္ေမးခြန္းအေတာ္မ်ားမ်ားကို မေျဖၾကားနုိင္ေသးပါဘူး။ ဆက္လက္ေစာင့္ၾကည့္ေပးပါ။ Google က bug အေၾကာင္း အျပည့္အစံု ရွင္းလင္းေပးပါ့မယ္။

Unicode Version

Android TV ပိုင်းမှာ ငြိမ်သက်နေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း ဒီနေ့မှာတော့ မီးမောင်းအောက်ကို ထပ်မံရောက်ရှိလာခဲ့ပါပြီ။ ကံမကောင်းစွာနဲ့ပဲ သတင်းကောင်းတော့ မဟုတ်ပါဘူး။ private user photo တွေပေါက်ကြားစေခဲ့တဲ့ Android TV bug ရှိနေပါတယ်။ ဒါကြောင့် Android TV နဲ့ Google Home တွေဟာ မပြသင့်တဲ့ List တွေကို ပြသနေတယ်လို့ သိရပါတယ်။


Bug ကို ပထမဆုံးဖွင့်ချခဲ့တာကတော့ Twitter user @wothadei ဖြစ်ပါတယ်။ သူဟာ Vu Android TV ကို Google Home app နဲ့ သုံးလိုက်တဲ့အချိန်မှာ “linked” accounts စာရင်းကို ပြသခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းထဲမှာ တီဗွီဝယ်ထားတဲ့သူတွေအားလုံး ပါဝင်နေပါတယ်။ ဒါက စိတ်မသက်သာစရာပါပဲ။
ဒီထက်ပိုပြီး စိုးရိမ်စရာကောင်းတာတစ်ခုလည်း ရှိနေပါသေးတယ်။ link လုပ်ထားတဲ့ Google Photos account ကို ရွေးပြီးတော့ Ambient Mode slideshows ကို ရွေးလိုက်တဲ့အချိန်မှာ Android TV user တွေရဲ့ နာမည်တွေကိုပါ တွေ့လိုက်ရပါတယ်။ အဲဒီဘေးမှာတော့ ပုံလေးတွေ ကပ်ပါနေပါတယ်။ ဒါကြောင့် Android TV’s slideshows ကနေ သုံးစွဲသူတွေရဲ့ပုံတွေကို တွေ့မြင်နိုင်ပါတယ်။
Android TV bug ဟာ Google Home app ထဲမှာရှိတဲ့ linked account တွေကိုပြသနေတာဖြစ်ပါတယ်။ ဒါကတော့ ကောင်းပါတယ်။ မကောင်းတာက private photo တွေ တက်လာခြင်းပါပဲ။ ဒီအကြောင်းကိုတော့ Google ဆီအကြောင်းကြားထားပြီး မကြာခင်မှာပဲ disable လုပ်ပေးသွားမယ်လို့လည်း ဖြေကြားထားပါတယ်။
ကျွန်တော်တို့အနေနဲ့ user privacy ကို အရေးထားပါတယ်။ ဒီ bug ကို စုံစမ်းနေဆဲဖြစ်ပြီးတော့ Google Assistant ၊ Android TV ကနေ Google Photos ကို သုံးနိုင်တဲ့ feature ကို ပိတ်ပေးပါမယ်။
ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်နေဆဲကာလဖြစ်တာမို့ bug နဲ့ပတ်သတ်ပြီး ဖြေကြားရမယ့်မေးခွန်းအတော်များများကို မဖြေကြားနိုင်သေးပါဘူး။ ဆက်လက်စောင့်ကြည့်ပေးပါ။ Google က bug အကြောင်း အပြည့်အစုံ ရှင်းလင်းပေးပါ့မယ်။

Posted on Leave a comment

MWC 2019 မွာ ျပသခဲ့တဲ့ ပံုမွန္မဟုတ္ေသာဖုန္းအမ်ိဳးအစားမ်ား

Zawgyi Version

Mobile World Congress ဆိုတာဟာ ကမာၻေပၚမွာ အၾကီးက်ယ္ဆံုးေသာစမတ္ဖုန္းျပပြဲၾကီးတစ္ခုလို႕ ဆိုရမွာပါ။ ဒီႏွစ္မွာ နည္းနည္းထူးဆန္းပါတယ္။ Samsung နဲ႕ Huawei တို႕မွာလည္း ေခါက္ခ်ိဳးဖုန္းေတြ ေတြ႕ျမင္ရပါတယ္။ LG ရဲ႕ flagship ကလည္း အေၾကာေတြေထာင္သြားေစခဲ့တယ္။ Nokia ကလည္း trypophobia (အေပါက္ေၾကာက္တဲ့ေရာဂါ) ရွိတဲ့သူေတြ ပိုဆိုးေစခဲ့ပါတယ္။

ေနာက္ျပီး ဟဲဗီး၀ိတ္ေတြကိုလည္း ၾကည့္ရတာ စိတ္၀င္စားဖို႕ေကာင္းလိုက္တာ။ ပါ၀ါဘဏ္ၾကီးကိုမ်ား ခ်ထားသလားေအာက္ေမ့ရ။ ေ၀ၚကီေတာ္ကီကို ဖုန္းအေနနဲ႕ ျပထားတာလား။ ဒါမွမဟုတ္ QWERTY ကို ထပ္သံုးခ်င္ေအာင္လုပ္ထားတာလား။ စာဖတ္သူစိတ္ၾကိဳက္ေတြ႕ျမင္ရမယ့္ MWC 2019 ဖုန္းေတြျဖစ္ပါတယ္။

၀တုတ္ေကာင္ေလး

Related image

18,000mAh power bank နဲ႕ Android phone ကို ေပါင္းစပ္လိုက္ရင္ ဘာျဖစ္လာမလဲ။ Power Max P18K Pop ကေတာ့ အဲဒီလိုေပါင္းစပ္မႈျဖစ္ပါတယ္။ P18K ဟာ ကၽြန္ေတာ္တို႕ျမင္ဖူးသမွ်ထဲမွာ အထူဆံုး၊ အေလးဆံုး Android phone ျဖစ္လာပါတယ္။ အားတစ္ခါသြင္းထားရင္ ရက္ေပါင္းမ်ားစြာခံပါတယ္။ အားတစ္ခါသြင္းရင္ ဘယ္ေလာက္ခံမလဲဆိုတာစမ္းဖုိ႕လူတစ္ေယာက္တည္းနဲ႕ ရပါ့မလား။ သံုးေလးေယာက္ေလာက္ စမ္းရမယ္ထင္တယ္။

Star Trek tricorder

Star Trek တုန္းက ပါခဲ့တဲ့ tricorder ေလးကိုမွတ္မိိၾကေသးတယ္မလား။ CloudMinds ရဲ႕ဖန္တီးမႈေၾကာင့္ထြက္ေပၚလာတဲ့ Xi ကေတာ့ ကမာၻ႕ပထမဆံုးေသာ စမတ္ဖုန္း spectrometer ျဖစ္ပါတယ္။ သူဟာ ေလဆာကိုထုတ္လႊတ္ျပီး ဓာတုပစၥည္းေတြကိုစစ္ေဆးကာ နာမည္ကို စကၠန္႕ပိုင္းအတြင္းမွာ ေဖာ္ျပေပးႏုိင္ပါတယ္။ Instagram ကိုလည္း သံုးႏုိင္သလို Fortnite လည္း ရပါတယ္။ CloudMinds BGD21 ဟာ ultrasound scanner နဲ႕ေပါင္းစပ္ထားေသးတာဆိုေတာ့ စြန္းမုိက္ျပီေလ။

ဗံုးကြဲေတာင္မပ်က္စီးမယ့္ ေ၀ၚကီေတာ္ကီ

Image result for Nomu T18

ဒါကေတာ့ ကၽြန္ေတာ္တို႕အၾကိဳက္ပါပဲ။ လူ႕ေလာကၾကီးက ေဖာက္ခြဲေရးသမားေတြဒဏ္ကို အလူးအလဲခံေနရခ်ိန္မွာ ဒဏ္ခံႏုိင္တဲ့အရာေလးတစ္ခုေတာ့ ကၽြန္ေတာ္တို႕လိုအပ္တယ္မဟုတ္လား။ Samsungs နဲ႕ iPhone ေတြက ဒီေနရာမွာ အသံုးမတည့္ေတာ့ပါဘူး။ ဒီေတာ့ အၾကမ္းခံ walkie-talkie ေလး လိုအပ္လာတဲ့ေနရာကို ေရာက္လာပါျပီ။ Nomu T18 ကေတာ့ သင္လိုအပ္ေနတဲ့အရာေလးပါ။ IP68 water resistance ၊ built-in VHF/UHF walkie-talkie ၊ anti-explosion hardening ၊ fingerprint recognition ၊ 3,200mAh battery အရွင္၊ အေနာက္ဘက္မွာ လက္ကိုင္ေလးပါ၀င္မွာပါ။ ကဲ ကိုင္လုိက္ၾကစို႕။

two-in-one

Image result for HiSense A6

HiSense A6 ကေတာ့ အျခားဖုန္းေတြထက္ ကၽြန္ေတာ္တို႕နဲ႕ယဥ္တယ္လို႕ ေျပာရမွာပါ။ ဖုန္းကို display ႏွစ္ခုနဲ႕ျမင္ဖူးရဲ႕လား။ တစ္ခုက OLED ၊ တစ္ခုက e-ink နဲ႕ေနာ္။ အေနာက္ဘက္မွာသံုးထားတဲ့ e-ink screen ကေတာ့ စာဖတ္တဲ့အခ်ိန္မွာ အသံုးတည့္ပါတယ္။ ဒါေပမယ့္လည္း ဒီထက္ပိုျပီးအသံုးက်ပါေသးတယ္။ full Android interface အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ အေရာင္ေတြကို မျမင္ခ်င္ရင္လည္း အဆင္ေျပပါတယ္။ ဘတ္ထရီစားလည္း သက္သာတယ္။

identity crisis

Image result for Nubia Alpha

ဒါက တကယ္ေတာ့ စမတ္ဖုန္းတစ္လံုးမဟုတ္ပါဘူး။ Nubia ကေတာ့ အေပၚကနာမည္ေလးေပးထားပါတယ္။ Nubia Alpha ေလးမွာ smartwatch ရဲ႕ အခ်က္အလက္ေတြပါ၀င္တဲ့အျပင္ စမတ္ဖုန္းရဲ႕ feature ေတြလည္း ထည့္သြင္းေပးထားပါတယ္။ eSIM အသံုးျပဳျပီး ဖုန္းေခၚလို႕ရႏုိင္ပါတယ္။ ေကြးညြတ္ထားတဲ့ OLED screen ပါ၀င္သလို ကင္မရာ၊ gesture controls ၊ GPS ၊ fitness tracking ေတြလည္း ပါ၀င္ေနပါတယ္။ ၾကည့္ေကာင္းတဲ့ပစၥည္းေလးေတာ့ မျဖစ္လာေသးပါဘူး။ ဒါေပမယ့္လည္း အတြင္းပိုင္းက နည္းပညာေတြကေတာ့ အံ့မခန္းပါပဲ။

အဆက္ေဟာင္း

Image result for FXtec pro 1

QWERTY ေလွ်ာဖုန္းေလးကို မွတ္မိၾကဦးမွာပါ။ FXtec လုပ္ငန္းက တစ္ဖန္ျပန္လည္ အသက္သြင္းလိုက္ပါတယ္။ Pro 1 ေလးဟာ ကၽြန္ေတာ္တို႕ကို အထင္ၾကီးေစပါတယ္။ full hardware keyboard ပါ၀င္တဲ့အျပင္ OLED display ခပ္လန္းလန္းတို႕ကို သံုးထားပါတယ္။

Unicode Version

Mobile World Congress ဆိုတာဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသောစမတ်ဖုန်းပြပွဲကြီးတစ်ခုလို့ ဆိုရမှာပါ။ ဒီနှစ်မှာ နည်းနည်းထူးဆန်းပါတယ်။ Samsung နဲ့ Huawei တို့မှာလည်း ခေါက်ချိုးဖုန်းတွေ တွေ့မြင်ရပါတယ်။ LG ရဲ့ flagship ကလည်း အကြောတွေထောင်သွားစေခဲ့တယ်။ Nokia ကလည်း trypophobia (အပေါက်ကြောက်တဲ့ရောဂါ) ရှိတဲ့သူတွေ ပိုဆိုးစေခဲ့ပါတယ်။
နောက်ပြီး ဟဲဗီးဝိတ်တွေကိုလည်း ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ ပါဝါဘဏ်ကြီးကိုများ ချထားသလားအောက်မေ့ရ။ ဝေါ်ကီတော်ကီကို ဖုန်းအနေနဲ့ ပြထားတာလား။ ဒါမှမဟုတ် QWERTY ကို ထပ်သုံးချင်အောင်လုပ်ထားတာလား။ စာဖတ်သူစိတ်ကြိုက်တွေ့မြင်ရမယ့် MWC 2019 ဖုန်းတွေဖြစ်ပါတယ်။
ဝတုတ်ကောင်လေး

Related image


18,000mAh power bank နဲ့ Android phone ကို ပေါင်းစပ်လိုက်ရင် ဘာဖြစ်လာမလဲ။ Power Max P18K Pop ကတော့ အဲဒီလိုပေါင်းစပ်မှုဖြစ်ပါတယ်။ P18K ဟာ ကျွန်တော်တို့မြင်ဖူးသမျှထဲမှာ အထူဆုံး၊ အလေးဆုံး Android phone ဖြစ်လာပါတယ်။ အားတစ်ခါသွင်းထားရင် ရက်ပေါင်းများစွာခံပါတယ်။ အားတစ်ခါသွင်းရင် ဘယ်လောက်ခံမလဲဆိုတာစမ်းဖို့လူတစ်ယောက်တည်းနဲ့ ရပါ့မလား။ သုံးလေးယောက်လောက် စမ်းရမယ်ထင်တယ်။
Star Trek tricorder


Star Trek တုန်းက ပါခဲ့တဲ့ tricorder လေးကိုမှတ်မိကြသေးတယ်မလား။ CloudMinds ရဲ့ဖန်တီးမှုကြောင့်ထွက်ပေါ်လာတဲ့ Xi ကတော့ ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်း spectrometer ဖြစ်ပါတယ်။ သူဟာ လေဆာကိုထုတ်လွှတ်ပြီး ဓာတုပစ္စည်းတွေကိုစစ်ဆေးကာ နာမည်ကို စက္ကန့်ပိုင်းအတွင်းမှာ ဖော်ပြပေးနိုင်ပါတယ်။ Instagram ကိုလည်း သုံးနိုင်သလို Fortnite လည်း ရပါတယ်။ CloudMinds BGD21 ဟာ ultrasound scanner နဲ့ပေါင်းစပ်ထားသေးတာဆိုတော့ စွန်းမိုက်ပြီလေ။
ဗုံးကွဲတောင်မပျက်စီးမယ့် ဝေါ်ကီတော်ကီ

Image result for Nomu T18


ဒါကတော့ ကျွန်တော်တို့အကြိုက်ပါပဲ။ လူ့လောကကြီးက ဖောက်ခွဲရေးသမားတွေဒဏ်ကို အလူးအလဲခံနေရချိန်မှာ ဒဏ်ခံနိုင်တဲ့အရာလေးတစ်ခုတော့ ကျွန်တော်တို့လိုအပ်တယ်မဟုတ်လား။ Samsungs နဲ့ iPhone တွေက ဒီနေရာမှာ အသုံးမတည့်တော့ပါဘူး။ ဒီတော့ အကြမ်းခံ walkie-talkie လေး လိုအပ်လာတဲ့နေရာကို ရောက်လာပါပြီ။ Nomu T18 ကတော့ သင်လိုအပ်နေတဲ့အရာလေးပါ။ IP68 water resistance ၊ built-in VHF/UHF walkie-talkie ၊ anti-explosion hardening ၊ fingerprint recognition ၊ 3,200mAh battery အရှင်၊ အနောက်ဘက်မှာ လက်ကိုင်လေးပါဝင်မှာပါ။ ကဲ ကိုင်လိုက်ကြစို့။
two-in-one

Image result for HiSense A6


HiSense A6 ကတော့ အခြားဖုန်းတွေထက် ကျွန်တော်တို့နဲ့ယဉ်တယ်လို့ ပြောရမှာပါ။ ဖုန်းကို display နှစ်ခုနဲ့မြင်ဖူးရဲ့လား။ တစ်ခုက OLED ၊ တစ်ခုက e-ink နဲ့နော်။ အနောက်ဘက်မှာသုံးထားတဲ့ e-ink screen ကတော့ စာဖတ်တဲ့အချိန်မှာ အသုံးတည့်ပါတယ်။ ဒါပေမယ့်လည်း ဒီထက်ပိုပြီးအသုံးကျပါသေးတယ်။ full Android interface အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရောင်တွေကို မမြင်ချင်ရင်လည်း အဆင်ပြေပါတယ်။ ဘတ်ထရီစားလည်း သက်သာတယ်။
identity crisis

Image result for Nubia Alpha


ဒါက တကယ်တော့ စမတ်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ Nubia ကတော့ အပေါ်ကနာမည်လေးပေးထားပါတယ်။ Nubia Alpha လေးမှာ smartwatch ရဲ့ အချက်အလက်တွေပါဝင်တဲ့အပြင် စမတ်ဖုန်းရဲ့ feature တွေလည်း ထည့်သွင်းပေးထားပါတယ်။ eSIM အသုံးပြုပြီး ဖုန်းခေါ်လို့ရနိုင်ပါတယ်။ ကွေးညွတ်ထားတဲ့ OLED screen ပါဝင်သလို ကင်မရာ၊ gesture controls ၊ GPS ၊ fitness tracking တွေလည်း ပါဝင်နေပါတယ်။ ကြည့်ကောင်းတဲ့ပစ္စည်းလေးတော့ မဖြစ်လာသေးပါဘူး။ ဒါပေမယ့်လည်း အတွင်းပိုင်းက နည်းပညာတွေကတော့ အံ့မခန်းပါပဲ။
အဆက်ဟောင်း

Image result for FXtec pro 1


QWERTY လျှောဖုန်းလေးကို မှတ်မိကြဦးမှာပါ။ FXtec လုပ်ငန်းက တစ်ဖန်ပြန်လည် အသက်သွင်းလိုက်ပါတယ်။ Pro 1 လေးဟာ ကျွန်တော်တို့ကို အထင်ကြီးစေပါတယ်။ full hardware keyboard ပါဝင်တဲ့အပြင် OLED display ခပ်လန်းလန်းတို့ကို သုံးထားပါတယ်။

Posted on Leave a comment

ရုပ္အဆုိးဆံုး foldable phone ျဖစ္လာတဲ့ Energizer &JU Power Max P8100S

Zawgyi Version

Energizer ဟာ 18,000mAh စမတ္ဖုန္းနဲ႕ ေခါင္းၾကီးပိုင္းသတင္းေတြကို သိမ္းပိုက္ထားျပီးေနာက္မွာ ေခါက္ခ်ိဳး Power Max P8100S နဲ႕ ေပၚလာျပန္ပါတယ္။

MWC 2019 မွာ ေၾကညာခဲ့တဲ့ Power Max P8100S မွာ display ႏွစ္ခုပါ၀င္ပါတယ္။ တစ္ခုက ၆လက္မ Full HD+ resolution ၊ ေနာက္တစ္ခုက ၈.၁လက္မ Full HD+ resolution ျဖစ္ပါတယ္။ Huawei Mate X နဲ႕မတူတာကေတာ့ ၈လက္မမ်က္ႏွာျပင္တစ္ခုတည္းကို သံုးထားတာမ်ိဳးမဟုတ္ပါဘူး။

Power Max P8100S ရဲ႕ display ေတြကို သံုးခြင့္မရခဲ့တာမိို႕ အေသးစိတ္ေတာ့ မေျပာျပတတ္ပါဘူး။ သူက ဖန္သားျပင္နဲ႕ တည္ေဆာက္ေပးထားတာပါ။ Samsung နဲ႕ Huawei ကေတာ့ ေရရွည္ခံေအာင္လုပ္ေဆာင္ထားပါတယ္။ Energizer ကေတာ့ သူတို႕ရဲ႕ထုတ္လုပ္မႈကို ေနရာဦးထားမႈေတြေၾကာင့္ ေမာ္ဒယ္လ္ကို မျပသႏုိင္ခဲ့ဘူးလို႕ ေထာက္ျပထားပါတယ္။

ကၽြန္ေတာ္တိို႕ျမင္ဖူးသမွ် ေခါက္ခ်ိဳးဖုန္းေတြထဲမွာ ရုပ္အဆိုးဆံုးျဖစ္သြားေစတာက အလယ္ကဆက္ထားတဲ့ ပတၱာေၾကာင့္ပါပဲ။ အေကာ္ဒီယံလိုလိုပါပဲ။ ဒီဇုိင္းဟာ ကုန္က်စရိတ္သက္သာေအာင္လုပ္ေဆာင္္ထားတယ္လို႕ ျမင္မိပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ၾကာၾကာအသံုးျပဳႏုိင္ေစဖို႕အတြက္လည္း စဥ္းစားထားဖို႕လိုအပ္ပါတယ္။

Power Max P8100S ရဲ႕ အခ်က္အလက္ေတြဟာ 2019 flagship စမတ္ဖုန္းေတြလိုပါပဲ။ အေနာက္ဘက္မွာ 48 နဲ႕ 12 MP ကိုသံုးထားျပီး 24MP အေရွ႕ကင္မရာ၊ Qualcomm Snapdragon 855processor ၊ 8GB RAM ၊ 256GB မမ္မိုရီ၊ 10,000mAh battery တုိ႕ကို ထည့္သြင္းေပးထားပါတယ္။ ေနာက္ျပီး 5G သံုးလို႕ရပါေသးတယ္။

အံ့ၾသသြားမွာကေတာ့ ေစ်းႏႈန္းပါပဲ။ ေဒၚလာ၉၆၆ဆိုေတာ့ ေခါက္ခ်ိဳးဖုန္းေတြထဲမွာ ေစ်းအသက္သာဆံုးပါပဲ။ ျပီးေတာ့ 5G လည္းပါေနေသးတယ္။ ဘယ္အခ်ိန္မွာ launch လုပ္မလဲဆိုတာကေတာ့ မသိရေသးပါဘူး။

Unicode Version

Energizer ဟာ 18,000mAh စမတ်ဖုန်းနဲ့ ခေါင်းကြီးပိုင်းသတင်းတွေကို သိမ်းပိုက်ထားပြီးနောက်မှာ ခေါက်ချိုး Power Max P8100S နဲ့ ပေါ်လာပြန်ပါတယ်။
MWC 2019 မှာ ကြေညာခဲ့တဲ့ Power Max P8100S မှာ display နှစ်ခုပါဝင်ပါတယ်။ တစ်ခုက ၆လက်မ Full HD+ resolution ၊ နောက်တစ်ခုက ၈.၁လက်မ Full HD+ resolution ဖြစ်ပါတယ်။ Huawei Mate X နဲ့မတူတာကတော့ ၈လက်မမျက်နှာပြင်တစ်ခုတည်းကို သုံးထားတာမျိုးမဟုတ်ပါဘူး။


Power Max P8100S ရဲ့ display တွေကို သုံးခွင့်မရခဲ့တာမို့ အသေးစိတ်တော့ မပြောပြတတ်ပါဘူး။ သူက ဖန်သားပြင်နဲ့ တည်ဆောက်ပေးထားတာပါ။ Samsung နဲ့ Huawei ကတော့ ရေရှည်ခံအောင်လုပ်ဆောင်ထားပါတယ်။ Energizer ကတော့ သူတို့ရဲ့ထုတ်လုပ်မှုကို နေရာဦးထားမှုတွေကြောင့် မော်ဒယ်လ်ကို မပြသနိုင်ခဲ့ဘူးလို့ ထောက်ပြထားပါတယ်။
ကျွန်တော်တို့မြင်ဖူးသမျှ ခေါက်ချိုးဖုန်းတွေထဲမှာ ရုပ်အဆိုးဆုံးဖြစ်သွားစေတာက အလယ်ကဆက်ထားတဲ့ ပတ္တာကြောင့်ပါပဲ။ အကော်ဒီယံလိုလိုပါပဲ။ ဒီဇိုင်းဟာ ကုန်ကျစရိတ်သက်သာအောင်လုပ်ဆောင်ထားတယ်လို့ မြင်မိပါတယ်။ ဒါပေမယ့်လည်း အချိန်ကြာကြာအသုံးပြုနိုင်စေဖို့အတွက်လည်း စဉ်းစားထားဖို့လိုအပ်ပါတယ်။
Power Max P8100S ရဲ့ အချက်အလက်တွေဟာ 2019 flagship စမတ်ဖုန်းတွေလိုပါပဲ။ အနောက်ဘက်မှာ 48 နဲ့ 12 MP ကိုသုံးထားပြီး 24MP အရှေ့ကင်မရာ၊ Qualcomm Snapdragon 855processor ၊ 8GB RAM ၊ 256GB မမ်မိုရီ၊ 10,000mAh battery တို့ကို ထည့်သွင်းပေးထားပါတယ်။ နောက်ပြီး 5G သုံးလို့ရပါသေးတယ်။
အံ့သြသွားမှာကတော့ ဈေးနှုန်းပါပဲ။ ဒေါ်လာ၉၆၆ဆိုတော့ ခေါက်ချိုးဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးပါပဲ။ ပြီးတော့ 5G လည်းပါနေသေးတယ်။ ဘယ်အချိန်မှာ launch လုပ်မလဲဆိုတာကတော့ မသိရသေးပါဘူး။

Posted on Leave a comment

15 inch MacBook Pro ကို တစ္နာရီခြဲနဲ႕ အားအျပည့္သြင္းေပးမယ့္ SuperTank

Zawgyi Version

Zendure SuperTank ကေတာ့ USB-C port ႏွစ္ခု ၊ USB-A port ႏွစ္ခု ၊ 27,000 mAh အထိ ထည့္သြင္းေပးထားပါတယ္။ ဒီပစၥည္းေလးကေတာ့ ခရီးမၾကာခဏသြားေနရတဲ့သူေတြ၊ gadget ကို အားျပည့္ေနဖို႕လိုအပ္တဲ့သူေတြအတြက္ေတာ့ အသံုးတည့္ေစမယ့္ပစၥည္းေလးတစ္ခုျဖစ္ပါတယ္။ 100W အထိ အားအျပည့္သြင္းနုိင္မွာျဖစ္ျပီးေတာ့ USB output ေလးခုလည္းပါ၀င္ပါတယ္။ အားဘယ္ေလာက္က်န္ေသးလဲသိဖို႕အတြက္ digital LED display ေလးကိုလည္း ထည့္သြင္းေပးထားပါတယ္။ ေနာက္ျပီး low power charging mode ဆိုတာေလးလည္း ထည့္သြင္းေပးထားပါတယ္။

SuperTank: Power Your Phone For A Week, Recharge In One Hour project video thumbnail

စမတ္ဖုန္း၊ တက္ဘလက္ေတြကို အားသြင္းနိုင္သလို SuperTank ဟာ MacBook or notebook ကုိလည္း အားသြင္းေပးႏုိင္ပါတယ္။ 15 inch MacBook Pro ကို အားအျပည့္သြင္းေပးႏုိင္ျပီးေတာ့ သြင္းခ်ိန္က တစ္နာရီခြဲသာ ၾကာျမင့္မွာဆိုေတာ့ အထင္ၾကီးဖြယ္ပါပဲ။

SuperTank နဲ႕ အျခား powerbank ေတြရဲ႕ ျခားနားခ်က္ကေတာ့ တစ္နာရီအတြင္း အားျပန္ျပည့္ေအာင္သြင္းနုိင္ျခင္းပါပဲ။ wall charger ကို 100W သြင္းႏုိင္ဖို႕ ဒါမွမဟုတ္ 5A currentအထိ ေထာက္ပံ့ေပးထားတဲ့ USB-C cable လိုအပ္ပါတယ္။

SuperTank portable charger

USB port ေလးခုကေတာ့ USB-A port 15W output ၊ USB-A port 18W output ၊ 60W output ၊ USB port 100W output ထုတ္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ လက္ပ္ေတာ့ႏွစ္လံုး ဒါမွမဟုတ္ တက္ဘလက္ႏွစ္လံုးနဲ႕ ဖုန္းႏွစ္လံုးကို တစ္ျပိဳင္နက္အားသြင္းႏုိင္မွာပါ။ pass through charging feature ပါ၀င္တဲ့အတြက္ေၾကာင့္ device ေတြကို တစ္ျပိဳင္တည္း အျမင့္မားဆံုးေသာအားေတြ ပို႕လႊတ္ႏုိင္ပါတယ္။

27,000 mAh battery ကေတာ့ 15 inch MacBook Proရဲ႕ ဘတ္ထရီစြမ္းအားကို ရွစ္နာရီအထိ ျမင့္တက္ေစပါတယ္။ iPhone XS ဆိုရင္ ၇ၾကိမ္သြင္းလို႕ရပါတယ္။ အဆင္ေျပသမွ ေတာ္ေတာ္ကို ေျပတာပါ။

SuperTank portable charger

SuperTank ရဲ႕ အတြင္းပိုင္းထဲမွာ အေတာ္မိုက္တဲ့နည္းပညာရွိပါတယ္။ power cell ရွစ္ခုရွိပါတယ္။ မ်ားေသာအားျဖင့္ လွ်ပ္စစ္ယာဥ္ေတြမွာေတြ႕ရတတ္တဲ့အမ်ိဳးအစားျဖစ္ျပီးေတာ့ သာမန္ lithium-ion ေတြထက္ ငါးဆပိုျမန္ပါတယ္။ အပူလည္း ထုတ္လႊတ္မႈနည္းပါးပါတယ္။ built in safety feature ေတြျဖစ္တဲ့ overcharge protection ေတြလည္း ပါ၀င္ပါတယ္။

Zendure SuperTank ကို လိုခ်င္တယ္ဆိုရင္ေတာ့ Kickstarter မွာ ၀ယ္ယူႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ၉၉ေဒၚလာကေန စတင္ပါတယ္။ အေသးစိတ္သိိလိုပါက Kickstarter ရဲ႕ ၀က္ဘ္ဆိုက္မွာ ၾကည့္ရွဳႏုိင္ပါတယ္။

Unicode Version

Zendure SuperTank ကတော့ USB-C port နှစ်ခု ၊ USB-A port နှစ်ခု ၊ 27,000 mAh အထိ ထည့်သွင်းပေးထားပါတယ်။ ဒီပစ္စည်းလေးကတော့ ခရီးမကြာခဏသွားနေရတဲ့သူတွေ၊ gadget ကို အားပြည့်နေဖို့လိုအပ်တဲ့သူတွေအတွက်တော့ အသုံးတည့်စေမယ့်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ 100W အထိ အားအပြည့်သွင်းနိုင်မှာဖြစ်ပြီးတော့ USB output လေးခုလည်းပါဝင်ပါတယ်။ အားဘယ်လောက်ကျန်သေးလဲသိဖို့အတွက် digital LED display လေးကိုလည်း ထည့်သွင်းပေးထားပါတယ်။ နောက်ပြီး low power charging mode ဆိုတာလေးလည်း ထည့်သွင်းပေးထားပါတယ်။

SuperTank: Power Your Phone For A Week, Recharge In One Hour project video thumbnail


စမတ်ဖုန်း၊ တက်ဘလက်တွေကို အားသွင်းနိုင်သလို SuperTank ဟာ MacBook or notebook ကိုလည်း အားသွင်းပေးနိုင်ပါတယ်။ 15 inch MacBook Pro ကို အားအပြည့်သွင်းပေးနိုင်ပြီးတော့ သွင်းချိန်က တစ်နာရီခွဲသာ ကြာမြင့်မှာဆိုတော့ အထင်ကြီးဖွယ်ပါပဲ။
SuperTank နဲ့ အခြား powerbank တွေရဲ့ ခြားနားချက်ကတော့ တစ်နာရီအတွင်း အားပြန်ပြည့်အောင်သွင်းနိုင်ခြင်းပါပဲ။ wall charger ကို 100W သွင်းနိုင်ဖို့ ဒါမှမဟုတ် 5A currentအထိ ထောက်ပံ့ပေးထားတဲ့ USB-C cable လိုအပ်ပါတယ်။

SuperTank portable charger


USB port လေးခုကတော့ USB-A port 15W output ၊ USB-A port 18W output ၊ 60W output ၊ USB port 100W output ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် လက်ပ်တော့နှစ်လုံး ဒါမှမဟုတ် တက်ဘလက်နှစ်လုံးနဲ့ ဖုန်းနှစ်လုံးကို တစ်ပြိုင်နက်အားသွင်းနိုင်မှာပါ။ pass through charging feature ပါဝင်တဲ့အတွက်ကြောင့် device တွေကို တစ်ပြိုင်တည်း အမြင့်မားဆုံးသောအားတွေ ပို့လွှတ်နိုင်ပါတယ်။
27,000 mAh battery ကတော့ 15 inch MacBook Proရဲ့ ဘတ်ထရီစွမ်းအားကို ရှစ်နာရီအထိ မြင့်တက်စေပါတယ်။ iPhone XS ဆိုရင် ၇ကြိမ်သွင်းလို့ရပါတယ်။ အဆင်ပြေသမှ တော်တော်ကို ပြေတာပါ။

SuperTank portable charger


SuperTank ရဲ့ အတွင်းပိုင်းထဲမှာ အတော်မိုက်တဲ့နည်းပညာရှိပါတယ်။ power cell ရှစ်ခုရှိပါတယ်။ များသောအားဖြင့် လျှပ်စစ်ယာဉ်တွေမှာတွေ့ရတတ်တဲ့အမျိုးအစားဖြစ်ပြီးတော့ သာမန် lithium-ion တွေထက် ငါးဆပိုမြန်ပါတယ်။ အပူလည်း ထုတ်လွှတ်မှုနည်းပါးပါတယ်။ built in safety feature တွေဖြစ်တဲ့ overcharge protection တွေလည်း ပါဝင်ပါတယ်။
Zendure SuperTank ကို လိုချင်တယ်ဆိုရင်တော့ Kickstarter မှာ ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၉၉ဒေါ်လာကနေ စတင်ပါတယ်။ အသေးစိတ်သိလိုပါက Kickstarter ရဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်ပါတယ်။

Posted on Leave a comment

စမတ္နာရီလိုေရာ ဖုန္းလိုပါ သံုးႏုိင္မယ့္ Nubia Alpha

စမတ္ဖုန္း ကုမၸဏီမ်ားက စမတ္ဖုန္းလိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္တဲ့ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ေၾကညာေနၾကပါတယ္။ ဒါေပမယ့္ Nubia ကေတာ့ စမတ္နာရီလိုေရာ ဖုန္းလိုပါ သံုးႏုိင္မယ့္ Nubia Alpha ကို ေၾကညာလိုက္ပါတယ္။ အျခား စမတ္နာရီမ်ားလို လက္မွာ ၀တ္ဆင္ သံုးရမွာပါ။ သူ႔မွာ ၄ လက္မ 960x192p OLED Screen ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္က ရွည္လ်ားပါတယ္။

သူ႔မွာ Snapdragon Wear 2100 Chipset ထည့္ထားတဲ့ အတြက္ သူဟာ စမတ္နာရီလို႔ပဲ ေျပာရမွာ ျဖစ္ပါတယ္။ ၁ ရက္ကေန ၂ ရက္ အထိ အသံုးခံတဲ့ 500mAh Battery ထည့္သြင္းထားပါတယ္။ 1GB RAM , 8GB Storage ထည့္သြင္းထားၿပီး သီခ်င္း အပုဒ္ေရ ၁၀၀၀ သိမ္းထားႏိုင္ပါတယ္။ Custom OS ထည့္သြင္းထားၿပီး Motion Gesture မ်ားနဲ႔ အသံုးျပဳႏိုင္ပါတယ္။

အျခား စမတ္နာရီမ်ားလိုပဲ သူက ကိုယ္လက္လႈပ္ရွားမႈမ်ားကို တိုင္းတာေပးႏုိင္ပါတယ္။ ႏွလံုးခုန္ႏႈန္း နဲ႔ အိပ္စက္မႈကို တိုင္းတာေပးႏုိင္ပါတယ္။ Video Call  နဲ႔ ဓါတ္ပံုရိုက္ဖို႔ အတြက္ 5MP Camera ပါပါတယ္။ ကိုယ္ထည္ကို Stainless Steel နဲ႔ တည္ေဆာက္ထားပါတယ္။ ေရႊ ၁၈ ကာရက္နဲ႔ ဖန္တီးထားတဲ့ Gold Version လည္း ထုတ္လုပ္ထားပါတယ္။ ဗားရွင္းႏွစ္ခုစလံုးဟာ ေရစိုခံပါတယ္။

eSIM Version မွာ ဖုန္း ေျပာႏိုင္ၿပီး 4G LTE ကို အသံုးျပဳႏိုင္ပါတယ္။ ေနာက္ဗားရွင္းတစ္ခုကေတာ့ ဖုန္းနဲ႔ ဘလူးတုကေန ဆက္သြယ္ အသံုးျပဳႏိုင္ပါတယ္။ ၀ိုင္ဖိုင္ ဆက္သြယ္မႈကေန အင္တာနက္ သံုးႏုိင္ပါတယ္။ eSIM Version ကို ယူရို ၅၅၀ နဲ႔ ေရႊ႔ဗားရွင္းကို ယူရို ၆၅၀ သတ္မွတ္ထားပါတယ္။ ဘလူးတု ဗားရွင္းကို ဧၿပီလမွာ ယူရို ၄၅၀ နဲ႔ ေရာင္းေပးမွာပါ။

unicode

စမတ်နာရီလိုရော ဖုန်းလိုပါ သုံးနိုင်မယ့် Nubia Alpha

စမတ်ဖုန်း ကုမ္ပဏီများက စမတ်ဖုန်းလိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ကြေညာနေကြပါတယ်။ ဒါပေမယ့် Nubia ကတော့ စမတ်နာရီလိုရော ဖုန်းလိုပါ သုံးနိုင်မယ့် Nubia Alpha ကို ကြေညာလိုက်ပါတယ်။ အခြား စမတ်နာရီများလို လက်မှာ ဝတ်ဆင် သုံးရမှာပါ။ သူ့မှာ ၄ လက်မ 960x192p OLED Screen ထည့်သွင်းထားပါတယ်။ မျက်နှာပြင်က ရှည်လျားပါတယ်။

သူ့မှာ Snapdragon Wear 2100 Chipset ထည့်ထားတဲ့ အတွက် သူဟာ စမတ်နာရီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ၁ ရက်ကနေ ၂ ရက် အထိ အသုံးခံတဲ့ 500mAh Battery ထည့်သွင်းထားပါတယ်။ 1GB RAM , 8GB Storage ထည့်သွင်းထားပြီး သီချင်း အပုဒ်ရေ ၁၀၀၀ သိမ်းထားနိုင်ပါတယ်။ Custom OS ထည့်သွင်းထားပြီး Motion Gesture များနဲ့ အသုံးပြုနိုင်ပါတယ်။

အခြား စမတ်နာရီများလိုပဲ သူက ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်း နဲ့ အိပ်စက်မှုကို တိုင်းတာပေးနိုင်ပါတယ်။ Video Call  နဲ့ ဓါတ်ပုံရိုက်ဖို့ အတွက် 5MP Camera ပါပါတယ်။ ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပါတယ်။ ရွှေ ၁၈ ကာရက်နဲ့ ဖန်တီးထားတဲ့ Gold Version လည်း ထုတ်လုပ်ထားပါတယ်။ ဗားရှင်းနှစ်ခုစလုံးဟာ ရေစိုခံပါတယ်။

eSIM Version မှာ ဖုန်း ပြောနိုင်ပြီး 4G LTE ကို အသုံးပြုနိုင်ပါတယ်။ နောက်ဗားရှင်းတစ်ခုကတော့ ဖုန်းနဲ့ ဘလူးတုကနေ ဆက်သွယ် အသုံးပြုနိုင်ပါတယ်။ ဝိုင်ဖိုင် ဆက်သွယ်မှုကနေ အင်တာနက် သုံးနိုင်ပါတယ်။ eSIM Version ကို ယူရို ၅၅၀ နဲ့ ရွှေ့ဗားရှင်းကို ယူရို ၆၅၀ သတ်မှတ်ထားပါတယ်။ ဘလူးတု ဗားရှင်းကို ဧပြီလမှာ ယူရို ၄၅၀ နဲ့ ရောင်းပေးမှာပါ။

Posted on Leave a comment

ေခါက္ခ်ိဳး iPhone ရဲ႕ ဒီဇုိင္းconcept ဗြီဒီယို

Zawgyi Version

ကၽြန္ေတာ့အထင္ ေခါက္ခ်ိဳးဖုန္းေတြက ေနာင္တစ္ေခတ္ရဲ႕ ေရစီးေၾကာင္းမ်ား ျဖစ္ေနမလား။ ဆမ္ေဆာင္းကေတာ့ အဲဒီလိုေတြးတယ္နဲ႕တူပါတယ္။ ဒီတစ္ပတ္အေစာပိုင္းတုန္းက ေကာလာဟလၾကာေနတဲ့ေခါက္ခ်ိဳးစမတ္ဖုန္းကို ထုတ္ျပခဲ့ပါတယ္။ Galaxy Fold ဟာ ၇.၃လက္မ display ၊ ေခါက္လိုက္ခ်ိန္မွာေတာ့ ၄.၆လက္မ အေနနဲ႕ သံုးေပးထးပါတယ္။ စိတ္၀င္စားဖို႕ေကာင္းပါတယ္။ ဒါေပမယ့္လည္း Google Glass ထက္ နည္းနည္းသာတယ္လို႕ပဲ ျမင္ၾကမွာပါ။

ပံုမွန္အရေတာ့ Galaxy Fold ဟာ ဆမ္ေဆာင္းအတြက္ေတာ့ ဆန္းသစ္မႈၾကီးျဖစ္ေပမယ့္လည္း Apple အေနနဲ႕ၾကည့္ရင္ေတာ့ ပ်င္းစရာျဖစ္သြားပါတယ္။ Apple ကလည္း ေခါက္ခ်ိိဳးiPhone ဒီဇုိင္းကို patent တင္ထားပါတ္ယ။ ဒါေၾကာင့္ ၂၀၂၀ေလာက္မွာ ျမင္ေတြ႕ရႏုိင္တယ္လို႕ ခန္႕မွန္းခ်က္ေတြလည္း ထြက္ရွိခဲ့ပါတယ္။

Apple ဟာ မထုတ္ခဲ့တဲ့ပစၥည္းေတြအတြက္လည္း patent တင္ေလ့ရွိပါတယ္။ ဒီေတာ့ အရမ္းလည္း ယံုလို႕မရပါဘူး။ ဒါေပမယ့္လည္း ေခါက္ခ်ိဳးေစ်းကြက္ထဲကို ၀င္လာမလားဆိုတာကလည္း တပ္အပ္မေျပာႏုိင္တဲ့အေနအထားပါ။

ConceptsiPhone က ပညာရွင္ေတြကေတာ့ ဒီဇိုင္း concept ေလးကို ထုတ္ျပခဲ့ပါတယ္။ အေတာ္ေလးေတာ့မိုက္ပါတယ္။ အရုိးသားဆံုးေျပာရမယ္ဆုိရင္ေတာ့ လက္ေတြ႕မဆန္ဘူးလို႕ ေျပာခ်င္ပါတယ္။ ဒါေပမယ့္လည္း ၾကည့္လို႕အင္မတန္ေကာင္းတာကိုေတာ့ ၀န္ခံရပါလိမ့္မယ္။ အနည္းဆံုးေတာ့ concept ေလးကို ျမင္ဖူးသြားတာေပ့ါ။

Unicode Version

ကျွန်တော့အထင် ခေါက်ချိုးဖုန်းတွေက နောင်တစ်ခေတ်ရဲ့ ရေစီးကြောင်းများ ဖြစ်နေမလား။ ဆမ်ဆောင်းကတော့ အဲဒီလိုတွေးတယ်နဲ့တူပါတယ်။ ဒီတစ်ပတ်အစောပိုင်းတုန်းက ကောလာဟလကြာနေတဲ့ခေါက်ချိုးစမတ်ဖုန်းကို ထုတ်ပြခဲ့ပါတယ်။ Galaxy Fold ဟာ ၇.၃လက်မ display ၊ ခေါက်လိုက်ချိန်မှာတော့ ၄.၆လက်မ အနေနဲ့ သုံးပေးထးပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့်လည်း Google Glass ထက် နည်းနည်းသာတယ်လို့ပဲ မြင်ကြမှာပါ။
ပုံမှန်အရတော့ Galaxy Fold ဟာ ဆမ်ဆောင်းအတွက်တော့ ဆန်းသစ်မှုကြီးဖြစ်ပေမယ့်လည်း Apple အနေနဲ့ကြည့်ရင်တော့ ပျင်းစရာဖြစ်သွားပါတယ်။ Apple ကလည်း ခေါက်ချိုးiPhone ဒီဇိုင်းကို patent တင်ထားပါတ်ယ။ ဒါကြောင့် ၂၀၂၀လောက်မှာ မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ရှိခဲ့ပါတယ်။
Apple ဟာ မထုတ်ခဲ့တဲ့ပစ္စည်းတွေအတွက်လည်း patent တင်လေ့ရှိပါတယ်။ ဒီတော့ အရမ်းလည်း ယုံလို့မရပါဘူး။ ဒါပေမယ့်လည်း ခေါက်ချိုးဈေးကွက်ထဲကို ဝင်လာမလားဆိုတာကလည်း တပ်အပ်မပြောနိုင်တဲ့အနေအထားပါ။
ConceptsiPhone က ပညာရှင်တွေကတော့ ဒီဇိုင်း concept လေးကို ထုတ်ပြခဲ့ပါတယ်။ အတော်လေးတော့မိုက်ပါတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ လက်တွေ့မဆန်ဘူးလို့ ပြောချင်ပါတယ်။ ဒါပေမယ့်လည်း ကြည့်လို့အင်မတန်ကောင်းတာကိုတော့ ဝန်ခံရပါလိမ့်မယ်။ အနည်းဆုံးတော့ concept လေးကို မြင်ဖူးသွားတာပေ့ါ။

Posted on Leave a comment

Galaxy Fold ကို အရွက္ရသြားေစခဲ့တဲ့ Huawei Mate X

Zawgyi Version

ဆမ္ေဆာင္းကေတာ့ Galaxy Fold စမတ္ဖုန္းေတြကို ကယ္လ္ဖိုးနီးယားမွာက်င္းပခဲ့တဲ့ Galaxy S10 launch မွာ တစ္ပါတည္းျပသခဲ့ပါတယ္။ အနာဂတ္ရဲ႕စမတ္ဖုန္းဒီဇုိင္းေတြကို ျပသခဲ့တယ္လို႕လည္း ယံုၾကည္သြားေစခဲ့ပါတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ္တို႕သိထားခဲ့တာကေတာ့ ေခါက္ခ်ိဳးဖုန္းေတြရဲ႕ရိုက္ခတ္မႈက ဒီထက္ပိုျပီးမက္ေလာက္စရာရွိတယ္ဆိုတာပါပဲ။ စိတ္မေကာင္းစရာတစ္ခုကေတာ့ ဆမ္ေဆာင္းဟာ ဒီေရစီးေၾကာင္းရဲ႕ အေကာင္းဆံုးေခါက္ခ်ိဳးဖုန္းတစ္လံုး မျဖစ္ခဲ့ပါဘူး။ Huawei Mate X ေလာက္မေကာင္းပါဘူး။ Huawei ကေတာ့ ဒီပြဲမွာ အသာရသြားပါတယ္။

ဒီေန႕လည္ခင္းမွာ အင္တာနက္ေပၚမွာ ပ်ံ႕က်ဲေနခဲ့တဲ့ ပံုေလးေတြျဖစ္ပါတယ္။ ဒါဟာ Huawei Mate X ရဲ႕ဒီဇိုင္းျဖစ္ႏုိင္ပါတယ္။ ျမင္ရသလိုပါပဲ။ Galaxy Fold နဲ႕ လံုး၀ျခားနားေနပါတယ္။ အျပင္နဲ႕အတြင္းမွာ screen ေတြသံုးထားမယ့္အစား screen တစ္ခုတည္းကို သံုးထားတာပါ။

ဒါဟာ အတည္ျဖစ္မလားဆိုတာ အတည္မျပဳေပးႏုိင္ေသးေပမယ့္လည္း အရိပ္အျမြက္ေျပာေနတာကေတာ့ Huawei ဟာ လြန္ခဲ့တဲ့ရက္အနည္းငယ္ကတည္းက တြစ္တာေပၚမွာ တင္ခဲ့တဲ့ပံုရိပ္ေလးေတြပဲ ျဖစ္ပါတယ္။ ၾကည့္လိုက္ရေအာင္လား။

ေခါက္ခ်ိဳးဒီဇိုင္းအျပင္ Huawei Mate X ဟာ 5G ေထာက္ပံ့ေပးထားမယ္လုိ႕ ၾကားေနပါတယ္။ ေနာက္ျပီး ကင္မရာသံုုးလံုးစနစ္၊ ေဘးလက္လက္ေဗြစနစ္နဲ႕ notch မပါ၀င္ဘူးလို႕ သတင္းေတြထြက္ေနပါတယ္။ ကဲ ပြဲကေတာ့ ၾကည့္ေကာင္းလာပါျပီ။ ေနာက္ျပီး Apple ရဲ႕ ေခါက္ခ်ိဳးဖုန္းသတင္းလည္း က်န္ေနပါေသးတယ္။ ျပန္ေတြ႕ၾကပါမယ္။

Unicode Version

ဆမ်ဆောင်းကတော့ Galaxy Fold စမတ်ဖုန်းတွေကို ကယ်လ်ဖိုးနီးယားမှာကျင်းပခဲ့တဲ့ Galaxy S10 launch မှာ တစ်ပါတည်းပြသခဲ့ပါတယ်။ အနာဂတ်ရဲ့စမတ်ဖုန်းဒီဇိုင်းတွေကို ပြသခဲ့တယ်လို့လည်း ယုံကြည်သွားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့သိထားခဲ့တာကတော့ ခေါက်ချိုးဖုန်းတွေရဲ့ရိုက်ခတ်မှုက ဒီထက်ပိုပြီးမက်လောက်စရာရှိတယ်ဆိုတာပါပဲ။ စိတ်မကောင်းစရာတစ်ခုကတော့ ဆမ်ဆောင်းဟာ ဒီရေစီးကြောင်းရဲ့ အကောင်းဆုံးခေါက်ချိုးဖုန်းတစ်လုံး မဖြစ်ခဲ့ပါဘူး။ Huawei Mate X လောက်မကောင်းပါဘူး။ Huawei ကတော့ ဒီပွဲမှာ အသာရသွားပါတယ်။
ဒီနေ့လည်ခင်းမှာ အင်တာနက်ပေါ်မှာ ပျံ့ကျဲနေခဲ့တဲ့ ပုံလေးတွေဖြစ်ပါတယ်။ ဒါဟာ Huawei Mate X ရဲ့ဒီဇိုင်းဖြစ်နိုင်ပါတယ်။ မြင်ရသလိုပါပဲ။ Galaxy Fold နဲ့ လုံးဝခြားနားနေပါတယ်။ အပြင်နဲ့အတွင်းမှာ screen တွေသုံးထားမယ့်အစား screen တစ်ခုတည်းကို သုံးထားတာပါ။
ဒါဟာ အတည်ဖြစ်မလားဆိုတာ အတည်မပြုပေးနိုင်သေးပေမယ့်လည်း အရိပ်အမြွက်ပြောနေတာကတော့ Huawei ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက တွစ်တာပေါ်မှာ တင်ခဲ့တဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်လား။


ခေါက်ချိုးဒီဇိုင်းအပြင် Huawei Mate X ဟာ 5G ထောက်ပံ့ပေးထားမယ်လို့ ကြားနေပါတယ်။ နောက်ပြီး ကင်မရာသုံးလုံးစနစ်၊ ဘေးလက်လက်ဗွေစနစ်နဲ့ notch မပါဝင်ဘူးလို့ သတင်းတွေထွက်နေပါတယ်။ ကဲ ပွဲကတော့ ကြည့်ကောင်းလာပါပြီ။ နောက်ပြီး Apple ရဲ့ ခေါက်ချိုးဖုန်းသတင်းလည်း ကျန်နေပါသေးတယ်။ ပြန်တွေ့ကြပါမယ်။