Enterprise Gadget Trending

ဘတ်ဂျက်လည်းဖြစ် flagship လည်းဖြစ်တဲ့ TCL ရဲ့ Alcatel 5

စနေနေ့က TCL မိတ်ဆက်လိုက်တဲ့ Alcatel 5 စီးရီးလေးကတော့ နေ့စဉ်သုံးအတွက် အဆင်ပြေပါတယ်။ Android 7.0 Nougat ကို အသုံးပြုထားပါတယ်။ Alcatel 5 မှာ metallic unibody ဒီဇိုင်းနဲ့ ၅.၇လက်မ display ၊ HD+ (1,440 x 720 pixel) resolution ကို တွေ့မြင်ရမှာပါ။ Mobile World Congress 2018 က အခြားသော Alcatelမော်ဒယ်လ်တွေလိုပဲ 18:9 aspect ratio ပိုင်းကို ၀င်ရောက်လာပါတယ်။ အတွင်းပိုင်း Hardware 1.5GHz quad-core MediaTek processor ကတော့ 2GB RAM ၊ 16GB သိုလှောင်မှုနဲ့ အားဖြည့်ထားပါတယ်။ […]

Enterprise Gadget Trending

YouTube Offline ဗွီဒီယို ကြည့်နိုင်ခြင်းကို နိုင်ငံပေါင်း ၁၂၅နိုင်ငံ အထိ ရနိုင်တော့မည်

ဗီဒီယိုတွေကို offline ကြည့်ဖို့ဒေါင်းလုတ်ဆွဲနိုင်တဲ့ feature ကိုတော့ ၂၀၁၄ခုနှစ်ကတည်းက YouTube က မိတ်ဆက်ခဲ့တာပါ။ စတင်ခဲ့တဲ့နိုင်ငံကတော့ အိန္ဒိယဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း ပျံ့နှံသွားခဲ့ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ နိုင်ငံပေါင်း ၁၂၅နိုင်ငံအထိ ရနိုင်တော့မှာပါ။ ဗွီဒီယိုတွေကိုဒေါင်းလုတ်ဆွဲနိုင်ခြင်းက အင်တာနက်လိုင်းမကောင်းတာမျိုး၊ လိုင်းမရှိတဲ့အခြေအနေမျိုးအတွက် အသုံးဝင်မယ်ဆိုတာကတော့ ပြောဖို့တောင်မလိုပါဘူး။ ဒါပေမယ့်လည်း ဒီ feature မှာ ကန့်သတ်ချက်လေးတွေရှိနေပါတယ်။ ဗွီဒီယိုတွေကို မိုဘိုင်းလ်app အသုံးပြုပြီးတော့သာ ဒေါင်းလုတ်ဆွဲနိုင်မှာပါ။ ကွန်ပျူတာနဲ့ မရသေးပါဘူး။ ဗွီဒီယိုတွေကို ၄၈နာရီအတွင်းမှာသာ ကြည့်ရှုနိုင်ပါတယ်။ ၄၈နာရီထက်ပိုလိုချင်ရင်တော့ အင်တာနက်လိုင်းနဲ့ ပြန်လည်ချိတ်ဆက်ပြီးတော့ ဒေါင်းလုတ်ဆွဲပေးရမှာဖြစ်ပါတယ်။ တချို့ဗွီဒိယိုတွေဟာ လုံးဝကို offline ကြည့်မရတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဗွီဒီယိုတွေကိုဒေါင်းလုတ်ဆွဲခြင်းက ခလုတ်လေးတစ်ချက်နှိပ်လိုက်ရတာမို့ လွယ်ကူပါတယ်။ ဒေါင်းလုတ်ဆွဲနေရင်းနဲ့ အလယ်မှာ အင်တာနက်ပြတ်သွားမယ်ဆိုရင်လည်း ပြန်လည်ချိတ်ဆက်ချိန်မှာ အလိုအလျောက် […]

Enterprise Gadget Trending

Huawei ရဲ့ Flagship Laptop Matebook X Pro (2018)

Mobile World Congress ပွဲမှာ Huawei ရဲ့ခေါင်းစီးဟာ စမတ်ဖုန်းမဟုတ်ဘဲ လက်ပ်တော့ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က Huawei ဟာ ကွန်ပျူတာဈေးကွက်ကို Matebook လိုင်းနဲ့ဝင်ရောက်ခဲ့ပါတယ်။ 2017 အတွက်ကတော့ Huawei Matebook X ဖြစ်ပါတယ်။ 2018 အတွက်ကတော့ Huawei ဟာ Matebook X Pro ကို မိတ်ဆက်ခဲ့ပြီးတော့ သုံးစွဲသူတွေရဲ့စကားသံကိုနားထောင်ခဲ့ပါတယ်။ ဒါကြောင့် ပရီမီယမ်ထုတ်ကုန်အတွက် လုပ်ဆောင်ခဲ့ပါတယ်။ နာမည်ပြောင်းလိုက်ခြင်းအပြင် ပြောင်းလဲသွားတဲ့အချက်တွေကလည်း မနည်းပါဘူး။ Huawei Matebook X Pro (2018) X 2017 မော်ဒယ်လ်ထက် Pro 2018 မော်ဒယ်လ်က ဘာတွေကွာသွားသလဲဆိုတော့ Intelရဲ့ 8th generation Core-U processorတွေကို အသုံးပြုထားပါတယ်။ ဒါကိုတော့ […]

Enterprise Gadget Smartphone Trending

Xiaomi Redmi Note 5 Pro နဲ့ Mi A1 ဈေးချင်းအတူတူ ဘယ်ဟာကိုရွေးသင့်သလဲ

Redmi Note 5 Pro နဲ့ Mi A1 တို့ကတော့ ကြည့်လိုက်မယ်ဆိုရင် ကွဲပြားခြားနားတာတွေကို ယူဆောင်လာပါတယ်။ သူတို့ဟာ တန်ကြေးနဲ့ထိုက်တန်တဲ့ တန်ဖိုးတွေကို ယူဆောင်လာပေးပါတယ်။ Xiaomi ဟာ မနှစ်က အိန္ဒိယမှာ ဘတ်ဂျက်ဖုန်းတွေနဲ့ ထိုးဖောက်ခဲ့ပါတယ်။ အဲဒီနှစ်အတွက် ပထမဆုံးဖုန်းကတော့ Mi A1 ဖြစ်ပြီးတော့ ထွက်ရှိသမျှ အခြားသော Xiaomiဖုန်းတွေနဲ့ မတူညီပါဘူး။ standard MIUI အစား Xiaomi ဟာ Google နဲ့ပူးပေါင်းပြီးတော့ Android One ကို မိတ်ဆက်ခဲ့ပါတယ်။ pure Android နဲ့ ခံ့ညားလှပတဲ့ သတ္တုဒီဇိုင်းတွေကိုတွဲဖက်တွေ့မြင်ရပါတယ်။ Mi A1 ရောင်းအားတွေကို ထုတ်မပြခဲ့တာကြောင့် သုံးစွဲသူတွေ ဘယ်လောက်တောင်နှစ်သက်ခဲ့ကြသလဲဆိုတာ မပြောနိုင်ခဲ့ပါဘူး။ မဲစစ်တမ်းတစ်ခုရဲ့ပြောကြားချက်အရ MIUI […]

Enterprise Gadget Trending

မင်းသမီးတွေထက်တောင် လန်းနေသေးတဲ့ ဟက်ကာများ

  #1. Cooke Cooke ဟာ ဟက်ကင်း ဘာသာရပ်ကို သူမဘာသာ လေ့လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ပလေဘွိုင်းမဂ္ဂဇင်း မော်ဒယ် တစ်ယောက် ဖြစ်ပါတယ်။ သူမ ဟာ ဟက်ကာ လို့ ခံယူထားပေမယ့် တကယ်တမ်းမှာတော့ ၀က်ဘ်ဆိုဒ်တွေပေါ်မှာ တရားမ၀င်ဖော်ပြထားတဲ့ ဓါတ်ပုံတွေ ၊ တနည်းအားဖြင့် ပါပါရာဇီတွေက ရိုက်ယူထားခဲ့တဲ့ ဓါတ်ပုံတွေနဲ့ Private ဓါတ်ပုံတွေကို ကို အများပြည်သူတွေကို ချပြပြီး စီးပွားရှာနေတဲ့ ၀က်ဘ်ဆိုဒ်တွေရဲ့ ယိုပေါက် နဲ့ Backdoor တွေကတဆင့် ဓါတ်ပုံတွေကို ပြန်လည်ရယူပြီး အဲဒီ စာမျက်နှာတွေကို တိုက်ခိုက်တဲ့ မိန်းကလေးငယ်တစ်ယောက် သာ ဖြစ်ပါတယ်။ . ဒါကြောင့် သူ့ကို ဟက်ကာ လောက မှာ Hacker Fairy […]

Enterprise Gadget Trending

OUKITEL MIX 2 နဲ့ XIAOMI MIX 2 ဘယ်သူက ဘတ်ထရီအားပိုခံမလဲ

OUKITEL MIX 2 ကတော့ နောက်တစ်ပတ်ဆိုရင် ဈေးကွက်ကိုရောက်လာတော့မှာပါ။ ဈေးနှုန်းကတော့ ၃သိန်းခြောက်သောင်းလောက် ဖြစ်မှာပါ။ Gearbest ကတော့ ဒေါ်လာ၄၀တန် ကူပွန်ကုဒ်ကို ပေးထားပါတယ်။ ဒါကြောင့် ဈေးနည်းနည်း သက်သာမှာပါ။ OUKITEL MIX 2 ကတော့ XIAOMI MIX 2 လို စမတ်ဖုန်းတွေနဲ့ ထူးခြားနေပါတယ်။ ဒီတော့ဘယ်လိုတွေများ ပြိုင်ဆိုင်ထားသလဲ။ OUKITEL MIX 2 ကို 6GB RAM ၊ 64GB သိုလှောင်မှုနဲ့ 512GB အထိအသုံးပြုနိုင်တဲ့ မမ်မိုရီတို့ကို MediaTek Helio P25 နဲ့အားဖြည့်ထားပါတယ်။ သူ့ကိုထူးခြားစေတာကတော့ 5.99-inch FHD+ display နဲ့ 4080mAh ဘတ်ထရီတို့ကြောင့်ပါပဲ။ အောက်မှာပြထားတဲ့ဗွီဒီယိုလေးကတော့ ဘတ်ထရီသက်တမ်းကို ပြိုင်စမ်းထားတာပါ။ […]

Enterprise Gadget Trending

Snapdragon 845 အလန်းစားကို အသုံးပြုထားတဲ့ Mi MIX 2S ထွက်ရှိလာတော့မည်

မကြာသေးခင်က တွစ်တာပေါ်မှာ Xiaomi ရဲ့ တရားဝင်ပြောဆိုခွင့်ရှိသူ Donovan Sung ဟာ လာမယ့် Mi MIX 2S ကို စာသားလေးအနည်းငယ်နဲ့ လှစ်ဟဖော်ပြလိုက်ပါတယ်။ မြင်ရတဲ့အတိုင်းပါပဲ။ Qualcomm ရဲ့ နောက်ဆုံးထွက်၊ အကောင်းဆုံး Snapdragon 845 ကိုအသုံးပြုထားပါတယ်။ Mi MIX 2S ကတော့ Samsung Galaxy S9 နဲ့ S9 Plus တို့လို Snapdragon 845 ကို အသုံးပြုထားပါတယ်။ မတ်လ ၂၇ရက်နေ့မှာ ထွက်ရှိမယ်လို့ အတည်ပြုထားပါတယ်။ Mi MIX 2S မှာတော့ လက်ရှိ Mi MIX 2 နဲ့ အချက်အလက်တွေဆင်တူမယ်လို့ ပြောနေကြပါတယ်။ S ဆိုတဲ့ […]

Enterprise Gadget Trending

Xiaomi ထုတ်ကုန်တွေကို ပရိုမိုးရှင်းချပေးနေတဲ့ Lightinthebox

Lightinthebox ကတော့ Xiaomi ထုတ်ကုန်တွေအတွက် လျှော့ဈေးလေးတွေ လုပ်နေပြီနော်။ ပထမဆုံးတစ်ခုကတော့ Xiaomi Mijia Camera Mini 4K 30fps action ကင်မရာလေးပါ။ သူကတော့ $184.99 ကနေ $113.99 ဖြစ်သွားပါပြီး အဲဒီ action ကင်မရာကတော့ 1080p 60fps ဒါမှမဟုတ် 4K 30fps ရွေးချယ်ရိုက်ကူးနိုင်ပြီးတော့ 145-degree wide angle f/2.8 aperture နဲ့လည်း ရိုက်ကူးနိုင်ဦးမှာပါ။ အရည်အသွေးမြင့် Sony IMX 317 sensor ၊ Bluetooth 4.1 ၊ 2.4-inch touchscreen လည်း ပါဝင်ပါသေးတယ်။ နောက်ပြီး coupon code MI4K ကိုအသုံးပြုလိုက်မယ်ဆိုရင် $85.04 […]

Enterprise Gadget Trending

Alcatel 3 စီးရီးရဲ့ ထွက်ရှိလာမယ့် မော်ဒယ်လ်သုံးမျိုး

Alcatel ဟာ MWC ပွဲမှာ 3 စီးရီးအတွက် စမတ်ဖုန်းသုံးမျိုးကို မိတ်ဆက်လိုက်ပါတယ်။ အစပိုင်းကတည်းက 18:9 aspect ratio ကို အသုံးပြုထားတဲ့ မော်ဒယ်လ်သုံးမျိုးကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။ 3 စီးရီးထဲမှာတော့ 5.5-inch (3) ၊ 5.7-inch (3X) နဲ့ 6-inch (3V) တို့ပါဝင်ပါတယ်။ Alcatel 3 နဲ့ 3X ကတော့ 1,440 x 720 pixel resolution ဖြစ်ပြီးတော့ 3V ဟာ 2,160 x 1080 (HD+) ကို အသုံးပြုထားပါတယ်။ 5-megapixel အရှေ့ကင်မရာ ၊ LED flash ၊ 3,000mAh ဘတ်ထရီ ၊ […]

Enterprise Gadget Trending

အိန္ဒိယအတွက် ထုတ်လုပ်ထားတဲ့ ဘောင်မဲ့ဒီဇိုင်းနဲ့ BlackBerry ‘Ghost’

BlackBerry က ကြည့်ကောင်းတဲ့ဖုန်းတွေကြောင့် နာမည်ကြီးလာတာမဟုတ်ပါဘူး။ ဒါပေမယ့် ပြောင်းလဲချိန်တန်ပါပြီ။ အမြဲတမ်းပေါက်ကြားမှုတွေကို တင်ပေးနေတဲ့ Evan Blass က သူ့ရဲ့ဖုန်းလေးကို တင်ခဲ့ပါတယ်။ ဒါကတော့ မကြာခင်ထွက်ရှိလာမယ့် BlackBerry ‘Ghost’ ပါ။ Optiemus Infracom နဲ့ တွဲဖက်ထုတ်လုပ်ထားတဲ့ ဖုန်းလေးဖြစ်ပါတယ်။ အဲဒီဖုန်းကိုတော့ ပရီမီယမ် Android ဟန်းဆက်လို့ ညွှန်းထားပြီး အိန္ဒိယကို ဦးတည်ထားပါတယ်။ စိတ်မကောင်းစရာပါပဲ။ ‘Ghost’ ရဲ့ အသေးစိတ်ကတော့ မသိရသေးပါဘူး။ ဒီနာမည်က codename ဖြစ်နိုင်ပါတယ်။ သူတို့ပြောထားတာကတော့ ဘောင်နည်းဒီဇိုင်းဖြစ်ပါတယ်။ ပုံထဲမှာလည်း အသေးစိတ်မမြင်ရတဲ့အတွက် မပြောနိုင်သေးပါဘူး။ CrackBerry ကတော့ BlackBerry ဟာ TCL/BlackBerry Mobile ၊ BB Merah Putih ၊ Optiemus […]