Enterprise Gadget Trending

OnePlus 6 ရဲ့ ပေါက်ကြားလာသော အချက်အလက်များ

OnePlus ကတော့ သူ့ရဲ့ next-gen flagship စမတ်ဖုန်းကို လာမယ့်လတွေမှာ ထုတ်တော့မယ်လို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါက်ကြားမှုတွေ ထွက်လာပြီလေ။ OnePlus 6 prototype လေးရဲ့ ဓါတ်ပုံတွေကို တွေ့မြင်ရပြီးဖြစ်သလို OnePlus 6 မော်ဒယ်လ်ဟာ Galaxy S9 ထက်တောင် ဈေးများမယ်လို့လည်း ပြောနေကြပါတယ်။ OnePlus 6 ရဲ့ အချက်အလက်လေးတွေလည်း ပေါက်ကြားလာပြီဆိုတော့ ဘာတွေကများ သူ့ကိုဈေးကြီးသွားစေသလဲဆိုတာကို ဆန်းစစ်ရအောင်။ နေပါဦး မကြည့်ဘဲနဲ့ ပြောကြည့်ကြမလား။ OnePlus 6 မှာ 18:9 aspect ratio ပါတဲ့ မျက်နှာပြည့်ဒီဇိုင်း၊ Snapdragon 845 processor ၊ 6GB/ 8GB RAM ၊ 256GB သိုလှောင်မှု […]

Enterprise Gadget

Official Xiaomi Mi Mix 2s ရဲ့ ဆယ်လ်ဖီကင်မရာက ဘယ်နားမှာလဲ

Xiaomi ဟာ Mi Mix 2s ရဲ့ ဓါတ်ပုံလေးတွေကို ထုတ်ပြလိုက်ပါတယ်။ သူ့ရဲ့ဆယ်လ်ဖီကင်မရာဟာ မပါလာဘူးလို့ ပြောနေကြလို့ပါ။ Mix 2s ရဲ့ ကင်မရာကတော့ ဟန်းဆက်ရဲ့အောက်ဘက်မှာ ထည့်သွင်းထားနိုင်ပါတယ်။ standard Mi Mix 2 မှာလိုပေါ့။ မဟုတ်လည်း Vivo Apex လို ထည့်ချင်ထည့်မှာပေါ့လေ။ Xiaomi  ကတော့ ဆယ်လ်ဖီကင်မရာနဲ့ sensor တွေကို ထည့်သွင်းထားတဲ့ အဟိုက်လေးကို ရှင်းဖို့ကြိုးစားနေတာပါ။ iPhone X ၊ Oppo F7 တို့နဲ့တော့ ကွဲပြားသွားမှာ အမှန်ပါပဲ။ Mi Mix 2s ဟာ မျက်နှာပြင်ကိုယ်ထည်အချိုးကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားမှာပါ။ မျက်နှာပြင်ကတော့ အပြည့်မဟုတ်ဘဲ အောက်ခြေမှာနည်းနည်းလေးဘောင်ပါနေတာကို တွေ့မြင်ရမှာပါ။ Weibo […]

Enterprise Gadget Trending

ဈေးနှုန်းချိုချို ၊ ခပ်လန်းလန်းfeature တွေပေါင်းစပ်ထားတဲ့ Hi 9 Air တက်ဘလက်

Chuwi ကတော့ Hi 9 Air လို့ခေါ်တဲ့ Android တက်ဘလက်အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါပြီ။ ဧပြီလအလယ်လောက်မှာ ထွက်ရှိမယ်လို့ သတ်မှတ်ထားပါတယ်။ စိတ်ဝင်စားစရာအချက်အလက်လေးတွေကို entry ဈေးနှုန်းနဲ့ ပေးထားပါတယ်။ Android Oreo ကို အသုံးပြုထားပြီးတော့ Hi 9 Air ဟာ entry-level တက်ဘလက်ဈေးကွက်ကို ဈေးနှုန်းနဲ့ လွှမ်းမိုးထားနိုင်ပါတယ်။ ဒါပေမယ့်လည်း feature တွေကို ကြည့်ကြည့်လိုက်ဦး။ Chuwi’s Hi 9 Air မှာ ၁၀.၁လက်မ IPS display ၊ 2560×1600 resolution ၊ OGS အပြည့်ပါဝင်လို့ ရောင်ပြန်တွေကို လျှော့ချပေးပြီးတော့ ဘောင်တွေကလည်း ၀.၅လက်မသာ ပါဝင်မှာပါ။ Chwui Hi 9 Air […]

Enterprise Gadget Trending

အိမ်ရှေ့တံခါးကိုစောင့်ရှောက်ပေးမယ့် Nest ရဲ့ စမတ်ထုတ်ကုန်သစ်

Nest က ပစ္စည်းအသစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ Nest Hello video doorbell နဲ့ Nest x Yale Lock တို့ဖြစ်ပါတယ်။ အခြားသော ဘယ်လိုbrand တွေနဲ့ပေါင်းစပ်ထားသလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဒီနှစ်အစောပိုင်းတုန်းက Google Home Mini နဲ့ အရောက်ပို့ပေးမယ်လို့ ကြေညာခဲ့တာလေးကိုတော့ အမှတ်ရနေတုန်းပါပဲ။ Nest Hello ကတော့ စိတ်ဝင်စားစရာပစ္စည်းတွေကို မိတ်ဆက်ပေးနေပါတယ်။ သူနဲ့သာဆိုရင် အိမ်ရှေ့မှာ ဘယ်သူရောက်နေသလဲဆိုတာကို ကြည့်နိုင်ပါပြီ။ အလင်းလေးကလည်း ဘယ်နားကမြည်နေသလဲဆိုတာကို ဖော်ပြပေးဦးမှာပါ။ Nest Hello ကတော့ ဘဲလ်မမြည်ခင်မှာ အိမ်ရှေ့ကိုဘယ်သူရောက်နေသလဲဆိုတာကို ပြောပြပေးနိုင်ပါတယ်။ compatible app လေးကလည်း သင့်ကိုဖော်ပြပေးနိုင်ပြီးတော့ အဲဒီလူတွေနဲ့ စကားပြောဆိုမှုတွေကို လုပ်နိုင်စေဦးမှာပါ။ တကယ်လို့ ၀င်ခိုးမယ့်သူက တံခါးရှေ့မှာရောက်နေတယ်။ ဒါပေမယ့် […]

Enterprise Gadget Trending

အိန္ဒိယအတွက်ထုတ်လုပ်ထားတဲ့ Xiaomi ရဲ့ Mi Body Composition Scale

သင့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိကျစွာတိုင်းတာဖို့အတွက် Xiaomi ရဲ့ smart scale လေးဟာ အချက်အလက်၁၀ခုကို အသုံးပြုပါတယ်။ Xiaomi ဟာ  Redmi Note 5 Pro ကို launch လုပ်ခဲ့ပြီးတော့ ဒီနှစ်အတွက်အိန္ဒိယမှာပိုမိုကောင်းမွန်တဲ့ ecosystem ထုတ်ကုန်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ တရုတ်ကနေတင်သွင်းနေရတာထက် ပိုမိုလွယ်ကူတဲ့ ပြည်တွင်းဖြန့်ချိရေးစနစ်နဲ့အတူ ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်းမြင့်မားစေမယ့် ထုတ်ကုန်တွေနဲ့အတူ တွေ့မြင်ရမလားဆိုတာကို စိတ်လှုပ်ရှားနေမိပါတယ်။ Mi Ecosystem series ရဲ့ နောက်ဆုံးထုတ်ကုန်ဟာ အိန္ဒိယမှာ ပထမဆုံးပွဲထွက်မှာဖြစ်တဲ့ Mi Body Composition Scale ဖြစ်ပါတယ်။ ဒါဟာ second-generation smart scale ဖြစ်ပြီးတော့ အချက်၁၀ချက်နဲ့ တိုင်းတာပေးပါတယ်။ သင့်ရဲ့ကြွက်သားအလေးချိန်၊ BMI ၊ အရိုးအလေးချိန်၊ […]

Enterprise Gadget Trending

အများကိုမကြေညာခင်မှာ official website ပေါ်ရောက်လာတဲ့ Vivo V9

Vivo V အသစ်ကတော့ ထွက်ရှိလာတော့မှာပါ။ မျိုးဆက်သစ် Vivo V9 ဖုန်းတွေကတော့ Weibo ပေါ်မှာ ပေါ်နေပါပြီ။ နောက်ဆုံးထွက် Vivo V9 ပုံတွေကလည်း အဟိုက်၊ နောက်ကင်မရာနှစ်လုံးတွေကို ဖော်ပြနေပါတယ်။ Vivo V9 အတွက်အလုံးစုံတွေ့မြင်နေရပေမယ့်လည်း ကြေညာချက်ကိုစောင့်နေတာပါ။ V9 ကိုလုပ်ဆောင်နေတယ်ဆိုတာကတော့ သံသယဖြစ်စရာမလိုအပ်ပါဘူး။ လုံးဝသေချာပါတယ်။ ဖုန်းဟာ တစ်ပတ်စောပြီးတော့ကို စာရင်းဝင်နေပါပြီ။ Vivo V9 ဟာ vivo.com မှာ 4GB RAM ၊ 64GB storage နဲ့ စာရင်းဝင်နေပါပြီ။ ဒါကြောင့် official ကြေညာချက်က မတွန်းလှန်နိုင်တာကို ပြောပြနေသလိုပါပဲ။ Vivo ဖုန်းမှာ အဟိုက်လေး၊ Full View display ၊ 24MP ဆယ်လ်ဖီကင်မရာ၊ […]

Enterprise Gadget Trending

သင့်ရဲ့ Galaxy Note 8 က နှေးနေတဲ့လက္ခဏာတွေပြနေပြီလား

ဘာမှတော့ မပြပါဘူး။ Galaxy S9 ကတော့ အဟော့ဆုံး flagship ဖြစ်နေပေမယ့် Samsung က အကောင်းဆုံးပေးထားတယ်လို့တော့ မဆိုနိုင်တာအမှန်ပါ။ Galaxy Note 8 ကတော့ စွမ်းအားအမြင့်ဆုံး Android ဖုန်းတစ်လုံးဖြစ်ပါတယ်။ နောက်ဆုံးထွက်ဖုန်းနဲ့ လတွေကွာပေမယ့်လည်း ကိုင်ဆောင်သူတွေရဲ့ ပျော်ရွှင်မှုကို ယူဆောင်ပေးနေဆဲပါပဲ။ Samsungဖုန်းတွေဟာ အချိန်ကြာလာတာနဲ့ နှေးသွာတယ်ဆိုပြီးတော့ သတင်းတွေထွက်ဖူးခဲ့တယ်။ ဆိုတော့ Galaxy Note 8 ပိုင်ရှင်တွေကလည်း ဒီအကြောင်းကို ပြောလာကြပါတယ်။ အွန်လိုင်းပေါ်က သူတို့ရဲ့ ပြောကြားချက်လေးတွေကို နားထောင်ကြည့်လိုက်ရအောင်။   Lepa79 ပထမဆုံးတစ်ရက်။ မြင်းတစ်ကောင်လိုအလုပ်လုပ်ပြီးတော့ ထောပတ်လို ချောမွေ့နေတယ်။ ၂ပတ်တစ်ခါ reboot ချပေးတယ်။ အဲဒီအပတ်မှာဝယ်ထားတဲ့ Pixel 2 XL လည်း ရှိပါတယ်။ Note […]

Enterprise Gadget Trending

Huawei P20 Lite ရဲ့ unboxing ဗွီဒီယိုထွက်ရှိလာ

Huawei P20 ၊ P20 Pro ၊ P20 Lite တို့ကိုတော့ မတ်လ၂၇ရက် ပဲရစ်မြို့မှာ တရားဝင်ထုတ်ပြသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲမတိုင်ခင်နှစ်ပတ်အလိုမှာပဲ Huawei P20 Lite ရဲ့ unboxing ဗွီဒီယိုလေးကို အီတလီနည်းပညာ blog HDBlog.it က တင်လိုက်ပါတယ်။ ဗီဒီယိုထဲမှာ Niccolò Roli ဟာ Huawei P20 Lite ကို unbox လုပ်ထားပါတယ်။ feature အချို့ကိုလည်း ခပ်သွက်သွက်လေး ကစားပြသွားပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ P20 Lite ဟာ iPhone X နဲ့ ဆင်တူပြီးတော့ display ထိပ်ပိုင်းမှာ အဟိုက်လေးကို တွေ့မြင်ရပါတယ။် fingerprint sensor ကတော့ […]

Enterprise Gadget Trending

မတ်လမကုန်ခင် အိန္ဒိယကိုရောက်ရှိမယ့် OPPO F7

Oppo ဟာ R15 နဲ့ R15 Plus တို့ကို မကြာခင် launch လုပ်ဖို့မျှော်လင့်ထားတဲ့အပြင် OPPO F7 ကိုလည်း လုပ်ဆောင်နေပါတယ်။ အသေးစိတ်တော့မသိရသေးပေမယ့်လည်း သတင်းကောင်းကိုယူလာပါတယ်။ အဲဒီဖုန်းမှာ အဟိုက်လေးပါဝင်မှာပါ။ အဲဒီ တရုတ် OEM ရဲ့ flagship လေးကတော့ အိန္ဒိယဈေးကွက်အတွက်အသင့်ဖြစ်နေပါပြီ။ Oppo F7 ဟာ Oppo F5 ရဲ့  နောက်ကထွက်ရှိလာတာဖြစ်ပြီးတော့ F6 ကို ကျော်သွားပြီး F7 ကိုတန်းထုတ်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဒီလိုနံပါတ်ကျော်သွားတာမျိုးကတော့ မျှော်လင့်မထားခဲ့ပါဘူး။ Oppo F5 လိုပဲ Oppo F7 မှာလည်း ဆယ်လ်ဖီကို ဦးစားပေးထားပါတယ်။ မျက်နှာပြင်အပြည့်နဲ့လာပြီးတော့ ဘောင်နည်းဒီဇိုင်းဖြစ်ပါတယ်။ Oppo R15 မှာလို အဟိုက်လေးကို တွေ့မြင်ရမှာလည်း […]

Enterprise Gadget Trending

ကာလာအလန်းစားတွေနဲ့ တွေ့မြင်ရမယ့် Huawei P20 Pro

Huawei ရဲ့ လာမယ့် P20 ၊ P20 Lite ၊ P20 Pro တို့ရဲ့ အချက်အလက်တွေကတော့ တင်ပြပြီးခဲ့ပြီမို့ သိပြီးလောက်ပါပြီ။ ဒီနေ့ရရှိတဲ့သတင်းတွေကတော့ အသစ်ပါပဲ။ အရောင်တွေအကြောင်းဖြစ်ပါတယ်။ ပုံတွေကိုကြည့်လိုက်မယ်ဆိုရင် တကယ့်ကိုအံ့သြမင်သက်သွားမိပါတယ်။ အပိုတွေမပြောတော့ပါဘူး။ P20 Pro ရဲ့ ပုံလေးတွေကို ကြည့်ကြည့်လိုက်ပါ။ နည်းနည်း အိုဗာတွေများဖြစ်သွားသလား။ ဒါပေမယ့် ဖုန်းကာလာတွေက အတော်လေးကို မိုက်နေပါတယ်။ အဖြူရောင်၊ ငွေရောင်၊ မီးခိုးရောင်လေးတွေပါ။ Essential ရဲ့ bright blue Ocean Depths မော်ဒယ်လ်နဲ့ တူပါတယ်။ Huawei ရဲ့ purple နဲ့ blue P20 Pro ကတော့ ဒီနှစ်ရဲ့အထင်ရှားဆုံးဖြစ်လာပါတယ်။ ဒီကာလာတွေကတော့ standard P20 နဲ့ […]