Posted on Leave a comment

ေကြးညြတ္လိုက္ရင္ စမတ္နာရီအျဖစ္ေျပာင္းႏုိင္မယ့္ TCL ရဲ႕ဖုန္း

Zawgyi Version

ဘတ္ဂ်က္တီဗြီေတြအတြက္ နာမည္ၾကီးတဲ့တရုတ္လုပ္ငန္းကေနျပီးေတာ့ ေကြးညြတ္စမတ္ဖုန္းတစ္လံုးကို ထုတ္ဖို႕ၾကံရြယ္ေနပါတယ္။

ေကြးညြတ္ႏုိင္တဲ့စမတ္ဖုန္းဆုိတာလည္း အမ်ိဳးအစားက်ယ္ျပန္႕ပါတယ္။ တီဗြီထုတ္လုပ္သူ TCL ကလည္း ဒီနယ္ပယ္ထဲကို ၀င္ေရာက္လာပါတယ္။

Mobile နဲ႕ Alcatel brand ဟာ ေကြးညြတ္စမတ္ဖုန္း အနည္းဆံုးငါးလံုးေလာက္ကို စီစဥ္းထားပါတယ္။ တက္ဘလက္ႏွစ္လံုး၊ စမတ္ဖုန္းႏွစ္လံုးနဲ႕ စမတ္နာရီအျဖစ္ေကြးႏုိင္မယ့္တစ္လံုးတုိ႕ ပါ၀င္မွာပါ။

တက္ဘလက္တစ္ခုမွာေတာ့ အတြင္းပိုင္းကိုေကြးလိုက္ရင္ clamshell အျဖစ္ေျပာင္းလဲသြားမွာျဖစ္ျပီးေတာ့ အျပင္ဘက္မွာ display ရွိမွာပါ။ စမတ္ဖုန္းေတြကေတာ့ အတြင္းေခါက္၊ အျပင္ေခါက္ဆိုျပီး ကြဲျပားမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း သမားရိုးက်ေခါက္ဖုန္းေတြလိုမ်ိဳး အလ်ားလိုက္ ေခါက္ရမွာျဖစ္ပါတယ္။ ေနာက္ဆံုးတစ္မ်ိဳးကေတာ့ ရွည္လ်ားျပီး သြယ္သြယ္ေလးနဲ႕ လက္ေကာက္၀တ္မွာ ပတ္လို႕ရမွာျဖစ္ပါတယ္။ ဘယ္လိုမ်ိဳးဒီဇုိင္းကမွ ဆမ္ေဆာင္းကိုကူးထားတာ မရွိေသးပါဘူး။

ပထမဆံုးေကြးညြတ္စမတ္ဖုန္းေတြကို ၂၀၂၀ခုႏွစ္မွာ ျဖန္႕ခ်ိသြားမယ္လို႕ TCL အမႈေဆာင္က ျပီးခဲ့တဲ့လက ေျပာထားပါတယ္။ ဒါေပမယ့္လည္း ဘယ္လိုမ်ိဳးပံုစံနဲ႕ ထြက္ရွိလာမလဲဆိုတာကေတာ့ မေျပာတတ္ေသးပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ပံုစံမတူေအာင္ ခ်ျပထားတဲ့အတြက္ေၾကာင့္ပါ။

“ဒါဟာ စမတ္ဖုန္းေတြတင္ မဟုတ္ပါဘူး” လို႕ TCL ရဲ႕ အေထြေထြမန္ေနဂ်ာက ေျပာထားပါတယ္။ wearable , home appliance နဲ႕ TV ေတြပါ ေရာက္ရွိလာႏုိင္တယ္လို႕ တြက္ဆထားပါတယ္။

ထြက္ေပၚလာတဲ့ပံုရိပ္ေတြအရ အလယ္ေခါင္မွာ Surface Book လုိမ်ိဳး gap ေလးပါေနတာကို ေတြ႕ျမင္ရမွာပါ။

သူတို႕လုပ္ငန္းက TV နယ္ပယ္မွာ ထိပ္တန္းကစားသမားေတြျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဖုန္းေလာကမွာေတာ့ သိသူနည္းေနပါေသးတယ္။ BlackBerry နဲ႕အတူ လုပ္ေဆာင္ႏုိင္စြမ္းရည္ကို ဦးတည္ထားတဲ့ဖုန္းေတြ ထုတ္လုပ္ခဲ့ပါတ္ယ။ အခုဆိုရင္လည္း Palm ဆိုတဲ့နာမည္နဲ႕ startup ေလးကို လုပ္ေဆာင္ေနျပန္ပါျပီ။ သူတို႕ရဲ႕နာမည္ကို လက္ရွိေခတ္စားေနတဲ့ ေကြးညြတ္စမတ္ဖုန္းေတြနဲ႕အတူ ေက်ာ္ၾကားေအာင္လုပ္ေဆာင္ခ်င္ေနတယ္လို႕ ယူဆရပါတယ္။

One TCL patent filing shows a foldable phone that curves into a smartwatch.

Android စမတ္ဖုန္းထုတ္လုပ္သူအမ်ားစုကေတာ့ ေကြးညြတ္စမတ္ဖုန္းေတြကို အျပိဳင္အဆုိင္္လုပ္ေဆာင္ေနၾကပါတယ္။ Google ကလည္း Android support ေကြးညြတ္စမတ္ဖုန္းဒီဇိုင္းကို လုပ္ေဆာင္ေနပါတယ္။ Startup Royole ကလည္း FlexPai ေကြးညြတ္ဖုန္းကို ေဒၚလာ၁၃၁၈ နဲ႕ ေရာင္းခ်ေနပါတယ္။ RAM 6GB/ 128GB ျဖစ္ပါတယ္။ သူကေတာ့ စာအုပ္ေလးနဲ႕တူျပီး မ်က္ႏွာျပင္ကေတာ့ အျပင္ဘက္မွာပါ။ Apple ေတာင္မွ ေကြးညြတ္စမတ္ဖုန္းအတြက္ patent တင္ထားျပီးပါျပီ။

ဆမ္ေဆာင္းကလည္း ကမာၻ႕စမတ္ဖုန္းထုတ္လုပ္သူၾကီးျဖစ္တဲ့အားေလ်ာ္စြာ Galaxy S10 နဲ႕ လုပ္ေဆာင္ႏုိင္စြမ္းေတြကို ျပသေတာ့မွာပါ။ Galaxy X, Galaxy F, Galaxy Flex or Galaxy Fold လို႕လည္း နာမည္ေတြထြက္ေနပါတယ္။ တက္ဘလက္ေလးအျဖစ္နဲ႕ ေပါင္းစည္းႏုိင္သလို ေကြးညြတ္လိုက္ခ်ိန္မွာ ဖုန္းတစ္လံုးျဖစ္သြားမွာပါ။ ေနာက္ျပီး အဲဒီအတြက္ Infinity Flex Display လို႕ေခၚတဲ့ နည္းပညာအသစ္ကိုလည္း မိတ္ဆက္ထားပါတယ္။

Unicode Version

ဘတ်ဂျက်တီဗွီတွေအတွက် နာမည်ကြီးတဲ့တရုတ်လုပ်ငန်းကနေပြီးတော့ ကွေးညွတ်စမတ်ဖုန်းတစ်လုံးကို ထုတ်ဖို့ကြံရွယ်နေပါတယ်။

ကွေးညွတ်နိုင်တဲ့စမတ်ဖုန်းဆိုတာလည်း အမျိုးအစားကျယ်ပြန့်ပါတယ်။ တီဗွီထုတ်လုပ်သူ TCL ကလည်း ဒီနယ်ပယ်ထဲကို ဝင်ရောက်လာပါတယ်။

Mobile နဲ့ Alcatel brand ဟာ ကွေးညွတ်စမတ်ဖုန်း အနည်းဆုံးငါးလုံးလောက်ကို စီစဉ်းထားပါတယ်။ တက်ဘလက်နှစ်လုံး၊ စမတ်ဖုန်းနှစ်လုံးနဲ့ စမတ်နာရီအဖြစ်ကွေးနိုင်မယ့်တစ်လုံးတို့ ပါဝင်မှာပါ။

တက်ဘလက်တစ်ခုမှာတော့ အတွင်းပိုင်းကိုကွေးလိုက်ရင် clamshell အဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီးတော့ အပြင်ဘက်မှာ display ရှိမှာပါ။ စမတ်ဖုန်းတွေကတော့ အတွင်းခေါက်၊ အပြင်ခေါက်ဆိုပြီး ကွဲပြားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမားရိုးကျခေါက်ဖုန်းတွေလိုမျိုး အလျားလိုက် ခေါက်ရမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ ရှည်လျားပြီး သွယ်သွယ်လေးနဲ့ လက်ကောက်ဝတ်မှာ ပတ်လို့ရမှာဖြစ်ပါတယ်။ ဘယ်လိုမျိုးဒီဇိုင်းကမှ ဆမ်ဆောင်းကိုကူးထားတာ မရှိသေးပါဘူး။

ပထမဆုံးကွေးညွတ်စမတ်ဖုန်းတွေကို ၂၀၂၀ခုနှစ်မှာ ဖြန့်ချိသွားမယ်လို့ TCL အမှုဆောင်က ပြီးခဲ့တဲ့လက ပြောထားပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမျိုးပုံစံနဲ့ ထွက်ရှိလာမလဲဆိုတာကတော့ မပြောတတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုံစံမတူအောင် ချပြထားတဲ့အတွက်ကြောင့်ပါ။

“ဒါဟာ စမတ်ဖုန်းတွေတင် မဟုတ်ပါဘူး” လို့ TCL ရဲ့ အထွေထွေမန်နေဂျာက ပြောထားပါတယ်။ wearable , home appliance နဲ့ TV တွေပါ ရောက်ရှိလာနိုင်တယ်လို့ တွက်ဆထားပါတယ်။

ထွက်ပေါ်လာတဲ့ပုံရိပ်တွေအရ အလယ်ခေါင်မှာ Surface Book လိုမျိုး gap လေးပါနေတာကို တွေ့မြင်ရမှာပါ။

သူတို့လုပ်ငန်းက TV နယ်ပယ်မှာ ထိပ်တန်းကစားသမားတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖုန်းလောကမှာတော့ သိသူနည်းနေပါသေးတယ်။ BlackBerry နဲ့အတူ လုပ်ဆောင်နိုင်စွမ်းရည်ကို ဦးတည်ထားတဲ့ဖုန်းတွေ ထုတ်လုပ်ခဲ့ပါတ်ယ။ အခုဆိုရင်လည်း Palm ဆိုတဲ့နာမည်နဲ့ startup လေးကို လုပ်ဆောင်နေပြန်ပါပြီ။ သူတို့ရဲ့နာမည်ကို လက်ရှိခေတ်စားနေတဲ့ ကွေးညွတ်စမတ်ဖုန်းတွေနဲ့အတူ ကျော်ကြားအောင်လုပ်ဆောင်ချင်နေတယ်လို့ ယူဆရပါတယ်။

One TCL patent filing shows a foldable phone that curves into a smartwatch.

Android စမတ်ဖုန်းထုတ်လုပ်သူအများစုကတော့ ကွေးညွတ်စမတ်ဖုန်းတွေကို အပြိုင်အဆိုင်လုပ်ဆောင်နေကြပါတယ်။ Google ကလည်း Android support ကွေးညွတ်စမတ်ဖုန်းဒီဇိုင်းကို လုပ်ဆောင်နေပါတယ်။ Startup Royole ကလည်း FlexPai ကွေးညွတ်ဖုန်းကို ဒေါ်လာ၁၃၁၈ နဲ့ ရောင်းချနေပါတယ်။ RAM 6GB/ 128GB ဖြစ်ပါတယ်။ သူကတော့ စာအုပ်လေးနဲ့တူပြီး မျက်နှာပြင်ကတော့ အပြင်ဘက်မှာပါ။ Apple တောင်မှ ကွေးညွတ်စမတ်ဖုန်းအတွက် patent တင်ထားပြီးပါပြီ။

ဆမ်ဆောင်းကလည်း ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူကြီးဖြစ်တဲ့အားလျော်စွာ Galaxy S10 နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပြသတော့မှာပါ။ Galaxy X, Galaxy F, Galaxy Flex or Galaxy Fold လို့လည်း နာမည်တွေထွက်နေပါတယ်။ တက်ဘလက်လေးအဖြစ်နဲ့ ပေါင်းစည်းနိုင်သလို ကွေးညွတ်လိုက်ချိန်မှာ ဖုန်းတစ်လုံးဖြစ်သွားမှာပါ။ နောက်ပြီး အဲဒီအတွက် Infinity Flex Display လို့ခေါ်တဲ့ နည်းပညာအသစ်ကိုလည်း မိတ်ဆက်ထားပါတယ်။

Posted on Leave a comment

Android ေတြမွာ Google log-in လုပ္စရာမလိုဘဲ upate လုပ္ႏုိင္ဖို႕ စမ္းသပ္ေန

Zawgyi Version

Google Play ရတဲ့ Android ဖုန္းေတြမွာ feature အသစ္တစ္ခုကို Google က စမ္းသပ္ေနပါတယ္။ Google အေကာင့္မလိုဘဲ app ေတြကို update လုပ္ႏုိင္ေတာ့မွာပါ။ ဒီလိုမ်ိဳးျဖစ္ရပ္ေလးကေတာ့ google app ေတြသာမက third party app ေတြမွာလည္း အက်ံဳး၀င္မွာျဖစ္ပါတယ္။ ဒီလိုမ်ိဳးျဖစ္လာေတာ့မယ္ဆုိရင္ တစ္ခ်ိန္လံုး log in ၀င္မထားတဲ့သူေတြအတြက္လည္း update လုပ္ႏုိင္ေအာင္ ကူညီေပးလိုက္တဲ့သေဘာပါပဲ။

ဒီလိုမ်ိဳးလုပ္ေဆာင္ႏုိင္ဖို႕အတြက္ကေတာ့ Android Lollipop နဲ႕အထက္ ဗားရွင္းျဖစ္ဖို႕ေတာ့ လိုအပ္ပါတယ္။ စစခ်င္းမွာေတာ့ သူတို႕ရဲ႕ app ေတြနဲ႕ စမ္းသပ္သြားမွာျဖစ္ျပီးေတာ့ ေနာက္ပိုင္းမွာ ဖုန္းေတြထဲကို ၾကိဳတင္ထည့္ေပးထားလိုက္တဲ့ app ေတြအထိပါ ရလာႏုိင္ေတာ့မွာပါ။

ဒီ feature အသစ္ေ္လးကေတာ့ app ေတြကို အျမဲတမ္း Update လုပ္ေနရတာကို မၾကိဳက္တဲ့သူေတြအတြက္ အဆင္ေျပပါ့မလား။ ဒါေပမယ့္လည္း app တစ္ခုကို update ျမွင့္ျပီးသံုးဖို႕အတြက္ အျမဲတမ္းေထာက္ခံေပးၾကတယ္မလား။ ဒါက Google Play သြင္းမထားရင္ေတာ့ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။ Amazon Fire device ေတြေတာ့ အက်ံဳးမ၀င္ေလာက္ပါဘူး။

Android ေတြရဲ႕ Google Play ဗားရွင္းအလိုက္ update ေတြကို အသိအမွတ္ျပဳေပးဖို႕လိုပါတယ္။ Google Android မဟုတ္တဲ့ဖုန္းေတြလည္း အမ်ားၾကီးရွိေနႏုိင္ပါတယ္။ ကၽြန္ေတာ္္တိို႕အေနနဲ႕ ဒီ feature ေလးကို ကမာၻအႏွံ႕မွာ ထုတ္ေပးႏုိင္မလား။ အပိုfeature ေတြလည္း ပါ၀င္ႏုိင္ဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Unicode Version

Google Play ရတဲ့ Android ဖုန်းတွေမှာ feature အသစ်တစ်ခုကို Google က စမ်းသပ်နေပါတယ်။ Google အကောင့်မလိုဘဲ app တွေကို update လုပ်နိုင်တော့မှာပါ။ ဒီလိုမျိုးဖြစ်ရပ်လေးကတော့ google app တွေသာမက third party app တွေမှာလည်း အကျုံးဝင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်လာတော့မယ်ဆိုရင် တစ်ချိန်လုံး log in ဝင်မထားတဲ့သူတွေအတွက်လည်း update လုပ်နိုင်အောင် ကူညီပေးလိုက်တဲ့သဘောပါပဲ။

ဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့အတွက်ကတော့ Android Lollipop နဲ့အထက် ဗားရှင်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။ စစချင်းမှာတော့ သူတို့ရဲ့ app တွေနဲ့ စမ်းသပ်သွားမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာ ဖုန်းတွေထဲကို ကြိုတင်ထည့်ပေးထားလိုက်တဲ့ app တွေအထိပါ ရလာနိုင်တော့မှာပါ။

ဒီ feature အသစ်ေ်လးကတော့ app တွေကို အမြဲတမ်း Update လုပ်နေရတာကို မကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါ့မလား။ ဒါပေမယ့်လည်း app တစ်ခုကို update မြှင့်ပြီးသုံးဖို့အတွက် အမြဲတမ်းထောက်ခံပေးကြတယ်မလား။ ဒါက Google Play သွင်းမထားရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ Amazon Fire device တွေတော့ အကျုံးမဝင်လောက်ပါဘူး။

Android တွေရဲ့ Google Play ဗားရှင်းအလိုက် update တွေကို အသိအမှတ်ပြုပေးဖို့လိုပါတယ်။ Google Android မဟုတ်တဲ့ဖုန်းတွေလည်း အများကြီးရှိနေနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ feature လေးကို ကမ္ဘာအနှံ့မှာ ထုတ်ပေးနိုင်မလား။ အပိုfeature တွေလည်း ပါဝင်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Posted on Leave a comment

လူ႕အခြင့္အေရးနဲ႕ဆန္႕က်င္ေနတဲ့ သတၳဳလုပ္ငန္းငါးခုကို ပယ္ခ်ခဲ့တဲ့ Apple

Zawgyi Version

ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႕ရဲ႕ iPhone ထုတ္လုပ္သူၾကီးကေတာ့ လူ႕အခြင့္အေရးကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားပါတယ္။
supply chainထဲကေနျပီးေတာ့ လူ႕အခြင့္အေရးလႈပ္ရွားမႈေတြမွာ မပါ၀င္ခဲ့တဲ့ တပ္ဆင္ျပီးေတာ့မြမ္းမံေပးတဲ့လုပ္ငန္းငါးခုကို ျဖဳတ္ခ်ခဲ့ပါတယ္။ ဒီအေၾကာင္းကိုေတာ့ ေသာၾကာေန႕က ထြက္ရွိခဲ့တဲ့ 2018 Conflict Minerals Report မွာ တင္ျပထားခဲ့တာျဖစ္ပါတယ္။
၂၀၁၈ခုႏွစ္မွာေတာ့ အိုင္ဖုန္းထုတ္လုပ္သူဟာ တရားမ၀င္လုပ္ေဆာင္ခ်က္ေတြနဲ႕အတူ Democratic Republic of the Congo နဲ႕ ျငိေနခဲ့တယ္လို႕ သတင္းထြက္ခဲ့ပါတယ္။ အျခားအမႈေတြက ပိတ္လုိက္ေပမယ့္လည္း အမႈဖြင့္ျပီးစံုစမ္းေနတာ ငါးခုက်န္ေနပါေသးတယ္။ အေသးစိတ္ကိုေတာ့ တင္ျပမထားပါဘူး။
Apple ဟာ လူ႕အခြင့္အေရးကို ကာကြယ္ဖို႕အတြက္ ကမာၻအႏွံ႕လုပ္ေဆာင္ေနပါတယ္။ supplier ေတြနဲ႕ ခ်ိတ္ဆက္ျပီးေတာ့လုပ္ေဆာင္ေနတာပါလို႕ တင္ျပခ်က္အရ သိရပါတယ္။ supplier ေတြရဲ႕စံႏႈန္းကို ကန္႕သတ္ထားတယ္ဆိုေပမယ့္လည္း သူ႕ရဲ႕ထုတ္ကုန္ေတြမွာ သတၳဳေတြအသံုးျပဳေနတဲ့အတြက္ေၾကာင့္ အဲဒီလုပ္ငန္းေတြဟာ ပါ၀င္လာေလ့ရွိပါတယ္။
၂၀၁၈ခုႏွစ္မွာ အရည္က်ိဳနဲ႕ ျပန္လည္မြမ္းမံလုပ္ငန္းေတြကို စစ္ေဆးျပီးေတာ့ Apple supply chain အတြက္ ေရြးခ်ယ္ခဲ့ပါတယ္။
ဒါဟာ ပထမဆံုးအၾကိမ္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၇ခုႏွစ္မွာလည္း လုပ္ငန္း ၁၀ခုကို အဲဒီအေၾကာင္းျပခ်က္နဲ႕ ထုတ္ပယ္ခဲ့ဖူးပါတယ္။ ၂၀၁၈ ဇန္န၀ါရီလမွာေတာ့ တရုတ္အလုပ္သမားေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ေတြ႕ရွိမႈအရ Apple supplier ေတြဟာ လုပ္ခလစာအနည္းငယ္သာ ေပးေနတယ္လို႕ သိရပါတယ္။ အလုပ္ခ်ိန္ၾကာျမင့္မႈနဲ႕ မလံုျခံဳတဲ့အလုပ္ခြင္မွာ လုပ္ေဆာင္ေနၾကရတာကိုလည္း ေတြ႕ရွိခဲ့ပါတယ္။ ဒီအခ်က္ေတြကို စစ္ေဆးေပးဖို႕အတြက္ လုပ္ငန္းေတြဆီကို တိုက္ရုိက္ဆက္သြယ္ခဲ့တယ္လို႕လည္း တင္ျပခ်က္ထဲမွာ ေရးသား ထားပါတယ္။

Unicode Version

ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ iPhone ထုတ်လုပ်သူကြီးကတော့ လူ့အခွင့်အရေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပါတယ်။
supply chainထဲကနေပြီးတော့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ခဲ့တဲ့ တပ်ဆင်ပြီးတော့မွမ်းမံပေးတဲ့လုပ်ငန်းငါးခုကို ဖြုတ်ချခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သောကြာနေ့က ထွက်ရှိခဲ့တဲ့ 2018 Conflict Minerals Report မှာ တင်ပြထားခဲ့တာဖြစ်ပါတယ်။
၂၀၁၈ခုနှစ်မှာတော့ အိုင်ဖုန်းထုတ်လုပ်သူဟာ တရားမဝင်လုပ်ဆောင်ချက်တွေနဲ့အတူ Democratic Republic of the Congo နဲ့ ငြိနေခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခြားအမှုတွေက ပိတ်လိုက်ပေမယ့်လည်း အမှုဖွင့်ပြီးစုံစမ်းနေတာ ငါးခုကျန်နေပါသေးတယ်။ အသေးစိတ်ကိုတော့ တင်ပြမထားပါဘူး။
Apple ဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ကမ္ဘာအနှံ့လုပ်ဆောင်နေပါတယ်။ supplier တွေနဲ့ ချိတ်ဆက်ပြီးတော့လုပ်ဆောင်နေတာပါလို့ တင်ပြချက်အရ သိရပါတယ်။ supplier တွေရဲ့စံနှုန်းကို ကန့်သတ်ထားတယ်ဆိုပေမယ့်လည်း သူ့ရဲ့ထုတ်ကုန်တွေမှာ သတ္ထုတွေအသုံးပြုနေတဲ့အတွက်ကြောင့် အဲဒီလုပ်ငန်းတွေဟာ ပါဝင်လာလေ့ရှိပါတယ်။
၂၀၁၈ခုနှစ်မှာ အရည်ကျိုနဲ့ ပြန်လည်မွမ်းမံလုပ်ငန်းတွေကို စစ်ဆေးပြီးတော့ Apple supply chain အတွက် ရွေးချယ်ခဲ့ပါတယ်။
ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၇ခုနှစ်မှာလည်း လုပ်ငန်း ၁၀ခုကို အဲဒီအကြောင်းပြချက်နဲ့ ထုတ်ပယ်ခဲ့ဖူးပါတယ်။ ၂၀၁၈ ဇန်နဝါရီလမှာတော့ တရုတ်အလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ရဲ့ တွေ့ရှိမှုအရ Apple supplier တွေဟာ လုပ်ခလစာအနည်းငယ်သာ ပေးနေတယ်လို့ သိရပါတယ်။ အလုပ်ချိန်ကြာမြင့်မှုနဲ့ မလုံခြုံတဲ့အလုပ်ခွင်မှာ လုပ်ဆောင်နေကြရတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီအချက်တွေကို စစ်ဆေးပေးဖို့အတွက် လုပ်ငန်းတွေဆီကို တိုက်ရိုက်ဆက်သွယ်ခဲ့တယ်လို့လည်း တင်ပြချက်ထဲမှာ ရေးသား ထားပါတယ်။

Posted on Leave a comment

direct message ေတြကို user ဘက္မွဖ်က္လိုက္ေသာ္လည္း သိမ္းထားတဲ့ တြစ္တာ

Zawgyi Version

deactivate ဒါမွမဟုတ္ suspend ျဖစ္ေနတဲ့အေကာင့္ေတြမွ၊ အေကာင့္ေတြဆီပို႕ထားတဲ့မက္ေဆ့ခ်္ေတြလည္း ပါ၀င္ေနပါတယ္။
တြစ္တာက direct message ေတြကို ကိုယ့္ဘက္မွာဖ်က္လို႕ရေအာင္လုပ္ေဆာင္ထားပါတယ္။ လက္ခံသူဘက္မွာေတာ့ ေပၚေနဦးမွာပါ။ သူတို႕ဖ်က္လိုက္မွ ပ်က္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီလိုဖ်က္ထားတဲ့မက္ေဆ့ခ်္ေတြက တကယ္တမ္းမပ်က္သြားပါဘူး။ ဒီအေၾကာင္းကိုေတာ့ လံုျခံဳေရးသုေတသီ Karan Saini က ေျပာၾကားထားတာ ျဖစ္ပါတယ္။
အဲဒီမက္ေဆ့ခ်္ေတြကို ဖ်က္လိုက္တယ္လို႕ေျပာေပမယ့္လည္း တြစ္တာက ႏွစ္ေပါင္းမ်ားစြာ အဲဒီမက္ေဆ့ခ်္ေတြကို သိမ္းထားတုန္းပါပဲ။ ရံုးအတြင္းလူေတြအေနနဲ႕ အဲဒီမက္ေဆ့ခ်္ေတြကို ေဒါင္းလုတ္ဆြဲျပီးေတာ့ အသံုးျပဳႏုိင္ေနပါတယ္။ ေနာက္ျပီး deactivate ဒါမွမဟုတ္ suspend ျဖစ္ေနတဲ့အေကာင့္ေတြမွ၊ အေကာင့္ေတြဆီပို႕ထားတဲ့မက္ေဆ့ခ်္ေတြလည္း လွမ္းသံုးလို႕ရေနပါတယ္တဲ့။
အခုဆိုရင္ေတာ့ ဒါဟာ bugs မဟုတ္ေတာ့ဘဲ တြစ္တာက ေသခ်ာလုပ္ေဆာင္ထားသလိုကို ျဖစ္ေနပါတယ္။ ဒီအခ်က္က လုပ္ငန္းအတြက္ေတာ့ ၾကည့္မေကာင္းလွပါဘူး။ တြစ္တာက ဒီအေၾကာင္းကို သိထားျပီးေတာ့ ဒီအေၾကာင္းကို ဘယ္လိုဘယ္ပံု လုုပ္ေဆာင္ေပးရမလဲဆိုတာ ၾကည့္ေနပါတယ္လို႕ ေျပာထားပါတယ္။ ဒါေပမယ့္လည္း တခုခုေျပာင္းလဲသြားမယ္လို႕ အာမခံထားျခင္း မရွိပါဘူး။
ဒါဟာ အင္တာနက္ေပၚမွာရွိတဲ့အရာတုိင္းက ေပ်ာက္ပ်က္သြားတယ္ဆိုတာ မရွိေၾကာင္း ကၽြန္ေတာ္တို႕အားလံုးကို သတိေပးေနသလိုပါပဲ။ ဖ်က္လိုက္တယ္လို႕ ေျပာရင္ေတာင္မွေပါ့။ ဒါဆို ကၽြန္ေတာ္တို႕ရဲ႕ လံုျခံဳစိတ္ခ်မႈေတြက . . .

Unicode Versioin

deactivate ဒါမှမဟုတ် suspend ဖြစ်နေတဲ့အကောင့်တွေမှ၊ အကောင့်တွေဆီပို့ထားတဲ့မက်ဆေ့ချ်တွေလည်း ပါဝင်နေပါတယ်။
တွစ်တာက direct message တွေကို ကိုယ့်ဘက်မှာဖျက်လို့ရအောင်လုပ်ဆောင်ထားပါတယ်။ လက်ခံသူဘက်မှာတော့ ပေါ်နေဦးမှာပါ။ သူတို့ဖျက်လိုက်မှ ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုဖျက်ထားတဲ့မက်ဆေ့ချ်တွေက တကယ်တမ်းမပျက်သွားပါဘူး။ ဒီအကြောင်းကိုတော့ လုံခြုံရေးသုတေသီ Karan Saini က ပြောကြားထားတာ ဖြစ်ပါတယ်။
အဲဒီမက်ဆေ့ချ်တွေကို ဖျက်လိုက်တယ်လို့ပြောပေမယ့်လည်း တွစ်တာက နှစ်ပေါင်းများစွာ အဲဒီမက်ဆေ့ချ်တွေကို သိမ်းထားတုန်းပါပဲ။ ရုံးအတွင်းလူတွေအနေနဲ့ အဲဒီမက်ဆေ့ချ်တွေကို ဒေါင်းလုတ်ဆွဲပြီးတော့ အသုံးပြုနိုင်နေပါတယ်။ နောက်ပြီး deactivate ဒါမှမဟုတ် suspend ဖြစ်နေတဲ့အကောင့်တွေမှ၊ အကောင့်တွေဆီပို့ထားတဲ့မက်ဆေ့ချ်တွေလည်း လှမ်းသုံးလို့ရနေပါတယ်တဲ့။
အခုဆိုရင်တော့ ဒါဟာ bugs မဟုတ်တော့ဘဲ တွစ်တာက သေချာလုပ်ဆောင်ထားသလိုကို ဖြစ်နေပါတယ်။ ဒီအချက်က လုပ်ငန်းအတွက်တော့ ကြည့်မကောင်းလှပါဘူး။ တွစ်တာက ဒီအကြောင်းကို သိထားပြီးတော့ ဒီအကြောင်းကို ဘယ်လိုဘယ်ပုံ လုပ်ဆောင်ပေးရမလဲဆိုတာ ကြည့်နေပါတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း တခုခုပြောင်းလဲသွားမယ်လို့ အာမခံထားခြင်း မရှိပါဘူး။
ဒါဟာ အင်တာနက်ပေါ်မှာရှိတဲ့အရာတိုင်းက ပျောက်ပျက်သွားတယ်ဆိုတာ မရှိကြောင်း ကျွန်တော်တို့အားလုံးကို သတိပေးနေသလိုပါပဲ။ ဖျက်လိုက်တယ်လို့ ပြောရင်တောင်မှပေါ့။ ဒါဆို ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချမှုတွေက . . .

Posted on Leave a comment

portrait mode ေတြအေၾကာင္း ေၾကာ္ျငာထားတဲ့ Apple ရဲ႕ ေနာက္ဆံုးထြက္ iPhone ေၾကာ္ျငာေလး

Zawgyi Version

Jacob ကို ဘာေၾကာင့္မုန္းတာလဲ
Portrait mode က အေမႏွစ္ေယာက္ၾကားမွာ အဆင္မေျပမႈေတြ ျဖစ္ေစတယ္ဆိုတဲ့အေၾကာင္းကို ေၾကာ္ျငာေလးထဲမွာ ထည့္ျပသြားပါတယ္။ သူတို႕ေၾကာ္ျငာေလးေတြက ဟာသဆန္ဆန္ေလးနဲ႕ ေဖာ္ျပတတ္တာကို စာဖတ္သူေတြ သိထားျပီးျဖစ္မွာပါ။ ေၾကာ္ျငာထဲမွာ အေမျဖစ္သူက ဓါတ္ပံုေတြၾကည့္ေနရင္းနဲ႕ ကေလးႏွစ္ေယာက္ပံုပါတဲ့ေနရာကိုအေရာက္မွာ တျခားကေလးရဲ႕အေမက သူ႕သားကို ၀ါးထားတဲ့အျဖစ္ကို သတိထားမိသြားပါတယ္။ ဒီေတာ့ နင္ငါ့သားကို ၀ါးထားတာလားလို႕ ေမးလိုက္တယ္။ ဒီျဖစ္ရပ္ေလးက ေဖာ္ျပေနတာကေတာ့ effect ကို ထည့္မလား၊ ျပန္ျဖဳတ္ျပီးေတာ့ sharp focus လုပ္လို႕လည္းရပါတယ္တဲ့။
bokeh ကို စဥ္းစားၾကည့္ပါ။ ဒါက Android ေတြမွာ အေတာ္ေလးေခတ္ထခဲ့ဖူးပါတယ္။ adjustable portrait blur ေတြေပးေနၾကပါတယ္။ “Why do you hate Jacob?” ဆိုတဲ့စကားေလးကေတာ့ ေတာ္ေတာ္ေလးကို မွတ္မိေနေစပါတယ္။ မားကတ္တင္းကို ေကာင္းေကာင္းခ်ျပခဲ့တာေပ့ါ။
ကၽြန္ေတာ္ကေတာ့ regular camera mode ကို ၾကိဳက္တုန္းပါပဲ။

Unicode Version

Jacob ကို ဘာကြောင့်မုန်းတာလဲ
Portrait mode က အမေနှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ဖြစ်စေတယ်ဆိုတဲ့အကြောင်းကို ကြော်ငြာလေးထဲမှာ ထည့်ပြသွားပါတယ်။ သူတို့ကြော်ငြာလေးတွေက ဟာသဆန်ဆန်လေးနဲ့ ဖော်ပြတတ်တာကို စာဖတ်သူတွေ သိထားပြီးဖြစ်မှာပါ။ ကြော်ငြာထဲမှာ အမေဖြစ်သူက ဓါတ်ပုံတွေကြည့်နေရင်းနဲ့ ကလေးနှစ်ယောက်ပုံပါတဲ့နေရာကိုအရောက်မှာ တခြားကလေးရဲ့အမေက သူ့သားကို ဝါးထားတဲ့အဖြစ်ကို သတိထားမိသွားပါတယ်။ ဒီတော့ နင်ငါ့သားကို ဝါးထားတာလားလို့ မေးလိုက်တယ်။ ဒီဖြစ်ရပ်လေးက ဖော်ပြနေတာကတော့ effect ကို ထည့်မလား၊ ပြန်ဖြုတ်ပြီးတော့ sharp focus လုပ်လို့လည်းရပါတယ်တဲ့။
bokeh ကို စဉ်းစားကြည့်ပါ။ ဒါက Android တွေမှာ အတော်လေးခေတ်ထခဲ့ဖူးပါတယ်။ adjustable portrait blur တွေပေးနေကြပါတယ်။ “Why do you hate Jacob?” ဆိုတဲ့စကားလေးကတော့ တော်တော်လေးကို မှတ်မိနေစေပါတယ်။ မားကတ်တင်းကို ကောင်းကောင်းချပြခဲ့တာပေ့ါ။
ကျွန်တော်ကတော့ regular camera mode ကို ကြိုက်တုန်းပါပဲ။

Posted on Leave a comment

patent အရ clamshell စတုိင္လ္ဖုန္း Apple လုပ္ေဆာင္ေနျပီဟု ခန္႕မွန္း

Zawgyi Version

ဆမ္ေဆာင္းနဲ႕ ဟြာေ၀းတို႕ဟာ ေခါက္ခ်ိဳးဖုနး္ေတြကို ထုတ္ျပဖို႕ရက္မတုိင္မီ အစြမ္းကုန္ၾကိဳးစားေနၾကပါတယ္။ ဒီေတာ့ Apple ကလည္း လိုက္လုပ္ေဆာင္ေတာ့မယ့္သေဘာ ရွိေနပါတယ္။
flexible display နဲ႕ hinge(ပတၱာ) တို႕ပါ၀င္တဲ့ပစၥည္းေလးတစ္ခုကို patent တင္ထားပါတယ္။ ဒီေတာ့ Apple လည္း လုပ္ေဆာင္ေနျပီလို႕ သတ္မွတ္ႏုိင္ပါတယ္။

patent ကိုၾကည့္လိုက္ေတာ့ clamshell စတုိင္လ္ ေခါက္ခ်ိဳးဖုန္းေလးျဖစ္ပါတယ္။ အျခားသူေတြလုပ္ေဆာင္ေနတဲ့ဖုန္းအမ်ိဳးအစားေတြနဲ႕ေတာ့ ကြာျခားပါတယ္။ ေခါက္လိုက္တဲ့အခါ မ်က္ႏွာျပင္တစ္ခုတည္းျဖစ္သြားျပီး အိတ္ေထာင္တုိင္းနဲ႕ ကိုက္ညီတဲ့ဖုန္းေလးအျဖစ္ ေတြ႕ျမင္ရပါတယ္။ ျဖန္႕လိုက္ခ်ိန္မွာ ပိုမိုၾကီးမားတဲ့မ်က္ႏွာျပင္ကို အသားေပးထားျခင္းေတာ့ မဟုတ္ပါဘူး။ အေရးပါတာတစ္ခုကေတာ့ form factor မဟုတ္ဘဲ ကြဲထြက္ေနတယ္လို႕ ဆိုရမွာပါ။

patent ထဲမွာ Apple ဟာ hinge တစ္ခုကို အေျခခံထားျပီး သံုးဘားဆက္၊ ေလးဘားဆက္ လုပ္ေဆာင္သြားမွာပါ။ patent ရဲ႕ ေဖာ္ျပခ်က္အရ flexible display ေတြကို hinge ေပၚမွာအုပ္ျပီး ကြယ္ထားမယ္လို႕ သိရပါတယ္။ ဒါေၾကာင့္ ေကြးညြတ္ႏုိင္တဲ့အျပင္ hinge ေတြကိုလည္း ျမင္ရမွာမဟုတ္ပါဘူး။

၂၀၁၁ ကတည္းက ေခါက္ခ်ိဳးဖုန္းေတြကို Patent တင္တာရွိေနေတာ့ Patent ေတြမွာကို အမ်ိဳးမ်ိဳးကြဲေနတာေတြ ထပ္ေတြ႕ရပါတယ္။ ေခါက္ခ်ိဳးစမတ္ဖုန္းကေတာ့ ပိုျပီးဆီေလ်ာ္မယ္လို႕ ထင္ပါတယ္။ ပံုေလးကေတာ့ နည္းနည္းဆန္းပါလိမ့္မယ္။

OLED dislay ကို အသံုးျပဳသြားမွာျဖစ္ျပီး ဖုန္းရဲ႕ေဘးႏွစ္ဖက္ကေတာ့ အေတာ္ေလးကြဲေနမွာျဖစ္ျပီးေတာ့ Hinge နဲ႕ ခ်ိတ္ဆက္ထားမွာပါ။

စိတ္၀င္စားစရာေကာင္းတာက Apple အေနနဲ႕ ေခါက္ခ်ိဳးဖုန္းေရစီးေၾကာင္းထဲကို ၀င္လာမလားဆိုတာပါပဲ။ ၂၀၂၀ေလာက္မွ အေစာဆံုးအေနနဲ႕ ေတြ႕ျမင္ရႏုိင္တယ္လို႕လည္း ေျပာေနၾကျပန္ပါတယ္။

Unicode Version

ဆမ်ဆောင်းနဲ့ ဟွာဝေးတို့ဟာ ခေါက်ချိုးဖုန်းတွေကို ထုတ်ပြဖို့ရက်မတိုင်မီ အစွမ်းကုန်ကြိုးစားနေကြပါတယ်။ ဒီတော့ Apple ကလည်း လိုက်လုပ်ဆောင်တော့မယ့်သဘော ရှိနေပါတယ်။
flexible display နဲ့ hinge(ပတ္တာ) တို့ပါဝင်တဲ့ပစ္စည်းလေးတစ်ခုကို patent တင်ထားပါတယ်။ ဒီတော့ Apple လည်း လုပ်ဆောင်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

patent ကိုကြည့်လိုက်တော့ clamshell စတိုင်လ် ခေါက်ချိုးဖုန်းလေးဖြစ်ပါတယ်။ အခြားသူတွေလုပ်ဆောင်နေတဲ့ဖုန်းအမျိုးအစားတွေနဲ့တော့ ကွာခြားပါတယ်။ ခေါက်လိုက်တဲ့အခါ မျက်နှာပြင်တစ်ခုတည်းဖြစ်သွားပြီး အိတ်ထောင်တိုင်းနဲ့ ကိုက်ညီတဲ့ဖုန်းလေးအဖြစ် တွေ့မြင်ရပါတယ်။ ဖြန့်လိုက်ချိန်မှာ ပိုမိုကြီးမားတဲ့မျက်နှာပြင်ကို အသားပေးထားခြင်းတော့ မဟုတ်ပါဘူး။ အရေးပါတာတစ်ခုကတော့ form factor မဟုတ်ဘဲ ကွဲထွက်နေတယ်လို့ ဆိုရမှာပါ။

patent ထဲမှာ Apple ဟာ hinge တစ်ခုကို အခြေခံထားပြီး သုံးဘားဆက်၊ လေးဘားဆက် လုပ်ဆောင်သွားမှာပါ။ patent ရဲ့ ဖော်ပြချက်အရ flexible display တွေကို hinge ပေါ်မှာအုပ်ပြီး ကွယ်ထားမယ်လို့ သိရပါတယ်။ ဒါကြောင့် ကွေးညွတ်နိုင်တဲ့အပြင် hinge တွေကိုလည်း မြင်ရမှာမဟုတ်ပါဘူး။

၂၀၁၁ ကတည်းက ခေါက်ချိုးဖုန်းတွေကို Patent တင်တာရှိနေတော့ Patent တွေမှာကို အမျိုးမျိုးကွဲနေတာတွေ ထပ်တွေ့ရပါတယ်။ ခေါက်ချိုးစမတ်ဖုန်းကတော့ ပိုပြီးဆီလျော်မယ်လို့ ထင်ပါတယ်။ ပုံလေးကတော့ နည်းနည်းဆန်းပါလိမ့်မယ်။

OLED dislay ကို အသုံးပြုသွားမှာဖြစ်ပြီး ဖုန်းရဲ့ဘေးနှစ်ဖက်ကတော့ အတော်လေးကွဲနေမှာဖြစ်ပြီးတော့ Hinge နဲ့ ချိတ်ဆက်ထားမှာပါ။

စိတ်ဝင်စားစရာကောင်းတာက Apple အနေနဲ့ ခေါက်ချိုးဖုန်းရေစီးကြောင်းထဲကို ဝင်လာမလားဆိုတာပါပဲ။ ၂၀၂၀လောက်မှ အစောဆုံးအနေနဲ့ တွေ့မြင်ရနိုင်တယ်လို့လည်း ပြောနေကြပြန်ပါတယ်။

Posted on Leave a comment

Apple Watch ေၾကာင့္ ေသကံမေရာက္ခဲ့တဲ့ သူနာျပဳမေလး

Zawgyi Version

Apple Watch ဟာ လူေတြကို က်န္းမာေရးအေျခအေနနဲ႕ပတ္သတ္ျပီး အာရံုစုိက္လာေအာင္ လုပ္ေဆာင္ျပေနတယ္လို႕ဆိုရင္ မမွားပါဘူး။ သံုးစြဲသူေတြရဲ႕ ႏွလံုးခုန္ႏႈန္းနဲ႕ စည္းခ်က္ေတြကို တုိင္းတာေစာင့္ၾကည့္ျပီး အခ်ိန္နဲ႕တစ္ေျပးညီ အသိေပးေနပါတယ္။ Apple Watch Series 4 နဲ႕ ECG လုပ္ေဆာင္ခ်က္တို႕ရဲ႕ ေပါင္းစပ္လိုက္မႈေၾကာင့္ က်န္းမာေရးအထူးကုေတြေတာင္ အတုိင္းအတာတစ္ခုအထိ မလိုအပ္ေတာ့ပါဘူး။ ဒါဟာ အားသာခ်က္တစ္ခုျဖစ္လာပါတယ္။

ABC 11 ရဲ႕ သတင္းကို ၾကည့္လိုက္ရေအာင္။ သူနာျပဳမေလးတစ္ေယာက္ဟာ လူနာသြားၾကည့္တဲ့အခ်ိန္ သူမရဲ႕ ႏွလံုးခုန္ႏႈန္းက အဆမတန္ျမင့္တက္ေနတယ္ဆိုတာ Apple Watch က သတိေပးေနတာကို ျမင္လိုက္ရပါတယ္။ 177 BPM အထိ ေရာက္ေနျပီးေတာ့ ႏွလံုးခုန္ႏႈန္းျပန္ျငိမ္ေအာင္ ၾကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူးလို႕ သူမက ေျပာျပပါတယ္။

ခံစားေနရတာကေတာ့ မာရသြန္ေျပးပြဲၾကီးကို အဆံုးအထိ ျပိဳင္ထားရသလိုပါပဲ။ အေရးေပၚကားေရာက္လာျပီးခ်ိန္မွာေတာ့ စမ္းသပ္မႈေလးေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီေနာက္မွာ
supraventricular tachycardia (SVT) လို႕ေခၚတဲ့ ႏွလံုးတစ္၀ုိုက္မွာ လွ်ပ္စစ္လႈပ္ရွားမႈေတြေၾကာင့္ျဖစ္လာတဲ့ ေရာဂါလကၡဏာရဲ႕ ေရွ႕ေျပးအျဖစ္ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

အခုဆိုရင္ေတာ့ သူမကို ေဆးကုသမႈခံယူေစႏိုင္ခဲ့ပါျပီ။ အရင္တုန္းကလည္း အဲဒီလိုအျဖစ္အပ်က္မ်ိဳး ခံစားခဲ့ရဖူးတယ္လို႕ သူမက ေျပာျပပါတယ္။ Apple Watch ရဲ႕ေက်းဇူးနဲ႕ အခ်ိန္မီကုသႏုိင္ခဲ့တာလို႕ ၀မ္းသာအားရေျပာျပေနတာကိုလည္း ၾကားခဲ့ရပါတယ္။

Apple Watch ဟာ က်န္းမာေရးပိုင္းမွာ အေတာ္ေလးအေထာက္အကူျပဳေနတာမို႕ အထင္ေသးလို႕မရပါဘူး။ CEO Tim Cook ကလည္း က်န္းမာေရးနယ္ပယ္ထဲမွာ Apple Watch နဲ႕ ေနရာယူႏုိင္လိမ့္မယ္လို႕ တြက္ဆထားပါတယ္။

Unicode Version

Apple Watch ဟာ လူတွေကို ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး အာရုံစိုက်လာအောင် လုပ်ဆောင်ပြနေတယ်လို့ဆိုရင် မမှားပါဘူး။ သုံးစွဲသူတွေရဲ့ နှလုံးခုန်နှုန်းနဲ့ စည်းချက်တွေကို တိုင်းတာစောင့်ကြည့်ပြီး အချိန်နဲ့တစ်ပြေးညီ အသိပေးနေပါတယ်။ Apple Watch Series 4 နဲ့ ECG လုပ်ဆောင်ချက်တို့ရဲ့ ပေါင်းစပ်လိုက်မှုကြောင့် ကျန်းမာရေးအထူးကုတွေတောင် အတိုင်းအတာတစ်ခုအထိ မလိုအပ်တော့ပါဘူး။ ဒါဟာ အားသာချက်တစ်ခုဖြစ်လာပါတယ်။

ABC 11 ရဲ့ သတင်းကို ကြည့်လိုက်ရအောင်။ သူနာပြုမလေးတစ်ယောက်ဟာ လူနာသွားကြည့်တဲ့အချိန် သူမရဲ့ နှလုံးခုန်နှုန်းက အဆမတန်မြင့်တက်နေတယ်ဆိုတာ Apple Watch က သတိပေးနေတာကို မြင်လိုက်ရပါတယ်။ 177 BPM အထိ ရောက်နေပြီးတော့ နှလုံးခုန်နှုန်းပြန်ငြိမ်အောင် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သူမက ပြောပြပါတယ်။

ခံစားနေရတာကတော့ မာရသွန်ပြေးပွဲကြီးကို အဆုံးအထိ ပြိုင်ထားရသလိုပါပဲ။ အရေးပေါ်ကားရောက်လာပြီးချိန်မှာတော့ စမ်းသပ်မှုလေးတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ
supraventricular tachycardia (SVT) လို့ခေါ်တဲ့ နှလုံးတစ်ဝိုက်မှာ လျှပ်စစ်လှုပ်ရှားမှုတွေကြောင့်ဖြစ်လာတဲ့ ရောဂါလက္ခဏာရဲ့ ရှေ့ပြေးအဖြစ် ကောက်ချက်ချခဲ့ပါတယ်။

အခုဆိုရင်တော့ သူမကို ဆေးကုသမှုခံယူစေနိုင်ခဲ့ပါပြီ။ အရင်တုန်းကလည်း အဲဒီလိုအဖြစ်အပျက်မျိုး ခံစားခဲ့ရဖူးတယ်လို့ သူမက ပြောပြပါတယ်။ Apple Watch ရဲ့ကျေးဇူးနဲ့ အချိန်မီကုသနိုင်ခဲ့တာလို့ ဝမ်းသာအားရပြောပြနေတာကိုလည်း ကြားခဲ့ရပါတယ်။

Apple Watch ဟာ ကျန်းမာရေးပိုင်းမှာ အတော်လေးအထောက်အကူပြုနေတာမို့ အထင်သေးလို့မရပါဘူး။ CEO Tim Cook ကလည်း ကျန်းမာရေးနယ်ပယ်ထဲမှာ Apple Watch နဲ့ နေရာယူနိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။

Posted on Leave a comment

ဖိလစ္ပိုင္ႏုိင္ငံကို ၀ိုင္ဖုိင္ဖရီးေပးမယ့္ Google

Zawgyi Version

ဖိလစ္ပိုင္ကြန္ဖရင့္ကို Google တက္ေရာက္သြားမွာျဖစ္ျပီး အဲဒီေနရာမွာ Google Station program ေလးကို ဖိလစ္ပိုင္အတြက္ လုပ္ေဆာင္သြားမယ္လို႕ ေၾကညာမွာပါ။

Google Station ဆိုတာကေတာ့ ဖြံ႕ျဖိဳးဆဲႏုိင္ငံေတြရဲ႕ လူေနထူထပ္တဲ့ေနရာေတြျဖစ္တဲ့ ဘတ္စ္ကားဂိတ္၊ ေလဆိပ္စတဲ့ေနရာေတြမွာ Wi-Fi hotspots ေပးထားမယ့္ ပရိုဂရမ္ေလးျဖစ္ပါတယ္။ Google Station ကို အိႏၵိယ၊ မကၠဆီကို၊ အင္ဒိုနီးရွား၊ ႏိုက္ဂ်ီးရီးယား၊ ထိုင္းတို႕မွာ ရရွိခဲ့ျပီး အခုဆိုရင္ ဖိလစ္ပိုင္မွာလည္း အသံုးျပဳႏုိင္ေတာ့မွာပါ။

ဖိလပ္ပိုင္မွာ Google Station ကို ေဖေဖာ္၀ါရီလကုန္ေလာက္မွာ ေနရာ၅၀အထိ ရရွိေအာင္ လုပ္ေဆာင္သြားမွာပါ။ ေနရာအမ်ားစုကေတာ့ မနီလာနဲ႕ Quezon ျမိဳ႕ေတြမွာ ျဖစ္ပါလိမ့္မယ္။ ၂၀၁၉အတြင္းမွာ လူေနထူထပ္တဲ့ေနရာေတြမွာ ဆက္လက္တိုးခ်ဲ႕သြားဖို႕ရွိပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံသားေတြအေနနဲ႕ အခမဲ့၀ို္င္ဖုိင္ကို မိနစ္သံုးဆယ္စာ အသံုးျပဳႏုိင္မွာပါ။ သက္တမ္းကုန္သြားရင္ေတာ့ ေနာက္တစ္ခါ sign in ၀င္နိုင္မွာျဖစ္ပါတယ္။

Google က အေချခံအေဆာက္အအံုအတြက္ PLDT နဲ႕ Smart Communications တို႕နဲ႕ ပူးေပါင္းထားပါတယ္။ ေနာက္ျပီး ေၾကာ္ျငာအတြက္ Unilever နဲ႕ပူးေပါင္းထားပါတယ္။ Unilever ဟာ brand ၄၀၀ ေက်ာ္ပိုင္ဆုိင္ထားျပီး သန္႕ရွင္းေရး၊ အလွအပ၊ တစ္ကိုယ္ရည္ေစာင့္ေရွာက္မႈ၊ အစားအေသာက္ စတာေတြလည္း အပါအ၀င္ျဖစ္ပါတယ္။

Unicode Version

ဖိလစ်ပိုင်ကွန်ဖရင့်ကို Google တက်ရောက်သွားမှာဖြစ်ပြီး အဲဒီနေရာမှာ Google Station program လေးကို ဖိလစ်ပိုင်အတွက် လုပ်ဆောင်သွားမယ်လို့ ကြေညာမှာပါ။

Google Station ဆိုတာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ဘတ်စ်ကားဂိတ်၊ လေဆိပ်စတဲ့နေရာတွေမှာ Wi-Fi hotspots ပေးထားမယ့် ပရိုဂရမ်လေးဖြစ်ပါတယ်။ Google Station ကို အိန္ဒိယ၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယား၊ ထိုင်းတို့မှာ ရရှိခဲ့ပြီး အခုဆိုရင် ဖိလစ်ပိုင်မှာလည်း အသုံးပြုနိုင်တော့မှာပါ။

ဖိလပ်ပိုင်မှာ Google Station ကို ဖေဖော်ဝါရီလကုန်လောက်မှာ နေရာ၅၀အထိ ရရှိအောင် လုပ်ဆောင်သွားမှာပါ။ နေရာအများစုကတော့ မနီလာနဲ့ Quezon မြို့တွေမှာ ဖြစ်ပါလိမ့်မယ်။ ၂၀၁၉အတွင်းမှာ လူနေထူထပ်တဲ့နေရာတွေမှာ ဆက်လက်တိုးချဲ့သွားဖို့ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့ အခမဲ့ဝိုင်ဖိုင်ကို မိနစ်သုံးဆယ်စာ အသုံးပြုနိုင်မှာပါ။ သက်တမ်းကုန်သွားရင်တော့ နောက်တစ်ခါ sign in ဝင်နိုင်မှာဖြစ်ပါတယ်။

Google က အခေခြံအဆောက်အအုံအတွက် PLDT နဲ့ Smart Communications တို့နဲ့ ပူးပေါင်းထားပါတယ်။ နောက်ပြီး ကြော်ငြာအတွက် Unilever နဲ့ပူးပေါင်းထားပါတယ်။ Unilever ဟာ brand ၄၀၀ ကျော်ပိုင်ဆိုင်ထားပြီး သန့်ရှင်းရေး၊ အလှအပ၊ တစ်ကိုယ်ရည်စောင့်ရှောက်မှု၊ အစားအသောက် စတာတွေလည်း အပါအဝင်ဖြစ်ပါတယ်။

Posted on Leave a comment

FaceTime Bug ကို ျပင္ဆင္ေပးတဲ့ Update ကို ျဖန္႔ခ်ီလိုက္တဲ့ Apple

Apple ရဲ႕ Facetime Video Calling Platform ေလးမွာ ျပင္းထန္တဲ့ Bug တစ္ခု ၿပီးခဲ့တဲ့ တစ္ပတ္က ျဖစ္ေပၚေနပါတယ္။ ဒီအေၾကာင္းကိုလည္း လူမႈကြန္ရက္ေတြမွာ အေတာ္ေလးပ်ံ႕ႏွံ႕ေနပါတယ္။ 9to5Mac ရဲ႕ သတိေပးခ်က္အရ FaceTime ကေန တစ္ေယာက္ေယာက္ကို ေခၚမယ္ဆိုရင္ သူတို႕ရဲ႕မုိက္ခရိုဖုန္းေတြက ကိုင္သည္ျဖစ္ေစ၊ မကိုင္သည္ျဖစ္ေစ နားေထာင္ေနမွာျဖစ္ပါတယ္။

အခုေတာ့ ဒီလံုျခံဳေရး ဟာကြက္ကို Apple က ျပင္ဆင္ေပးလိုက္ပါတယ္။ ကုမၸဏီက iOS 12.1.4 ျဖင့္ ဒီျပႆနာကို ျပင္ဆင္ေပးလိုက္တာပါ။ အဲဒီ Update ကို အျမန္ဆံုး အင္စေတာ ျပဳလုပ္ဖို႔ ကုမၸဏီက စားသံုးသူမ်ားအား တိုက္တြန္းထားပါတယ္။ ဖုန္းေခၚတဲ့ အခါမွာ တစ္ဖက္လူက မကိုင္ရေသးခင္တြင္ အသံမ်ားကို နားေထာင္လို႔ရေနတာဟာ လူမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ လံုျခံဳေရးကို ထိပါးေစပါတယ္။

Apple က ဒီျပႆနာေၾကာင့္ ၿပီးခဲ့တဲ့ တစ္ပတ္က စားသံုးသူမ်ားအား ေတာင္းပန္လိုက္ပါတယ္။ ေတာင္းပန္စာမွာ Apple က ဆာဗာဘက္ျခမ္းမွာ ျပႆနာကို ေျဖရွင္းၿပီးၿပီ ျဖစ္ၿပီး လာမယ့္ တစ္ပတ္မွာ Group FaceTime လုပ္ေဆာင္ခ်က္ကို ျပန္လည္ ထည့္သြင္းေပးမယ္လို႔ ေျပာပါတယ္။ စာမွာ ဒီ Bug ကို သတင္းေပးခဲ့တဲ့ Thompson မိသားစုကို ေက်းဇူးတင္ေၾကာင္းလည္း ေရးသားထားပါတယ္။

လက္ရွိမွာ Update ကို အင္စေတာ မလုပ္ခ်င္ေသးသူမ်ားအတြက္ iOS Settings ထဲမွာ FaceTime ကို ပိတ္ထားတာ အေကာင္းဆံုးပါ။ Mac မွာ App ကို ဖြင့္ၿပီး Preference ထဲသြားပါ။ “ Enable this account “ မွာ Üncheck လုပ္ေပးပါ။ Group FaceTime ကို iOS 12.1 မွာ ေအာက္တိုဘာလတြင္ မိတ္ဆက္ခဲ့ပါတယ္။ အေစာပိုင္းမွာလည္း Lockscreen နဲ႔ ပတ္သက္တဲ့ လံုျခံဳေရးဟာကြက္တစ္ခု ရွိခဲ့ဖူးပါတယ္။ ယခု လံုျခံဳေရး ဟာကြက္ကေတာ့ ဘယ္အခ်ိန္ကတည္းက ရွိတာလဲ ဆိုတာ မသိေသးပါဘူး။

Ref : gsmarena

unicode

FaceTime Bug ကို ပြင်ဆင်ပေးတဲ့ Update ကို ဖြန့်ချီလိုက်တဲ့ Apple

Apple ရဲ့ Facetime Video Calling Platform လေးမှာ ပြင်းထန်တဲ့ Bug တစ်ခု ပြီးခဲ့တဲ့ တစ်ပတ်က ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကိုလည်း လူမှုကွန်ရက်တွေမှာ အတော်လေးပျံ့နှံ့နေပါတယ်။ 9to5Mac ရဲ့ သတိပေးချက်အရ FaceTime ကနေ တစ်ယောက်ယောက်ကို ခေါ်မယ်ဆိုရင် သူတို့ရဲ့မိုက်ခရိုဖုန်းတွေက ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ နားထောင်နေမှာဖြစ်ပါတယ်။

အခုတော့ ဒီလုံခြုံရေး ဟာကွက်ကို Apple က ပြင်ဆင်ပေးလိုက်ပါတယ်။ ကုမ္ပဏီက iOS 12.1.4 ဖြင့် ဒီပြဿနာကို ပြင်ဆင်ပေးလိုက်တာပါ။ အဲဒီ Update ကို အမြန်ဆုံး အင်စတော ပြုလုပ်ဖို့ ကုမ္ပဏီက စားသုံးသူများအား တိုက်တွန်းထားပါတယ်။ ဖုန်းခေါ်တဲ့ အခါမှာ တစ်ဖက်လူက မကိုင်ရသေးခင်တွင် အသံများကို နားထောင်လို့ရနေတာဟာ လူများရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ထိပါးစေပါတယ်။

Apple က ဒီပြဿနာကြောင့် ပြီးခဲ့တဲ့ တစ်ပတ်က စားသုံးသူများအား တောင်းပန်လိုက်ပါတယ်။ တောင်းပန်စာမှာ Apple က ဆာဗာဘက်ခြမ်းမှာ ပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်ပြီး လာမယ့် တစ်ပတ်မှာ Group FaceTime လုပ်ဆောင်ချက်ကို ပြန်လည် ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ စာမှာ ဒီ Bug ကို သတင်းပေးခဲ့တဲ့ Thompson မိသားစုကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားပါတယ်။

လက်ရှိမှာ Update ကို အင်စတော မလုပ်ချင်သေးသူများအတွက် iOS Settings ထဲမှာ FaceTime ကို ပိတ်ထားတာ အကောင်းဆုံးပါ။ Mac မှာ App ကို ဖွင့်ပြီး Preference ထဲသွားပါ။ “ Enable this account “ မှာ Üncheck လုပ်ပေးပါ။ Group FaceTime ကို iOS 12.1 မှာ အောက်တိုဘာလတွင် မိတ်ဆက်ခဲ့ပါတယ်။ အစောပိုင်းမှာလည်း Lockscreen နဲ့ ပတ်သက်တဲ့ လုံခြုံရေးဟာကွက်တစ်ခု ရှိခဲ့ဖူးပါတယ်။ ယခု လုံခြုံရေး ဟာကွက်ကတော့ ဘယ်အချိန်ကတည်းက ရှိတာလဲ ဆိုတာ မသိသေးပါဘူး။

Ref : gsmarena

Posted on Leave a comment

Huawei ရဲ႕​5G ဆိုတာ ယံုၾကည္ေလာက္စရာျဖစ္မွာလား

သူတို႕ကေတာ့ စြန္႕စားမႈေတြကို ဘယ္လိုမ်ိဳးစီမံထားသလဲဆိုတာကို ေျပာသြားခဲ့ပါတယ္။

အေမရိကရဲ႕ မ်ိဳးဆက္သစ္ၾကိဳးမဲ့ခ်ိတ္ဆက္မႈ ေက်ာရိုးၾကီးကေတာ့ ျခိမ္းေျခာက္မႈေအာက္မွာ ေရာက္ေနပါျပီ။ ဒီအေၾကာင္းကိုေတာ့ 5G လံုျခံဳမႈအေၾကာင္းကို ေဆြးေႏြးခဲ့တဲ့ ကြန္ဂရက္တစ္ခုကေန သိခဲ့ရတာပါ။

5G ကြန္ရက္ကို ႏုိင္ငံရပ္ျခားကမွာယူတင္သြင္းတဲ့ hardware ေတြနဲ႕ ေဆာင္ရြက္မယ္ဆိုရင္ေတာ့ ပစၥည္းျပတ္လပ္မႈေတြနဲ႕​ၾကံဳေတြ႕ရတဲ့အခါ အေႏွာင့္အယွက္ေတြ၀င္ႏုိင္ေၾကာင္းကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ “5G ကြန္ရက္ကို အေကာင္အထည္ေဖာ္ဖို႕အတြက္ ကၽြန္ေတာ္တို႕ရဲ႕ေနာက္ကြယ္မွာ လံုေလာက္စိတ္ခ်ရတဲ့ supply chain တစ္ခု ရွိေနတယ္ဆိုတာ ေသခ်ာဖို႕ လိုအပ္ပါတယ္။”

Huawei လို႕ အမည္မတပ္ေပမယ့္လည္း အမ်ားကတန္းသိေနႏုိင္တဲ့အခ်က္တစ္ခုျဖစ္ေနပါတယ္။ သူတို႕ဟာ ယူအက္စ္ရဲ႕ အေျခခံအေဆာက္အဦးေတြကို ထိခိုက္လာေစႏုိင္တဲ့ ျခိမ္းေျခာက္မႈတစ္ခုလည္း ျဖစ္ေနပါတယ္။ သူတို႕ဟာ မၾကာေသးခင္ကာလအတြင္းက အရွဳပ္ေတာ္ပံုအခ်ိဳ႕နဲ႕ ရင္ဆုိင္ထားရတာလည္း အားလံုးအသိပါပဲ။ ကုန္သြယ္မႈလွ်ိဳ႕၀ွက္ခ်က္၊ ပိတ္ဆို႕မႈ ခ်ိဳးေဖာက္ျခင္း၊​CFO ဖမ္းဆီးခံရျခင္း စတာေတြက ထင္ရွားတဲ့အျဖစ္ေတြပါပဲ။ ဒါေပမယ့္ ဒီျဖစ္ရပ္ေတြက သူတို႕ကို အားေပ်ာ့သြားေအာင္အထိ မတိုက္ခိုက္ႏုိင္ဘူးဆိုတာလည္း ျငင္းလို႕မရႏုိင္ပါဘူး။

Huawei ဟာ တရုတ္အစိုးရအတြက္ ေစာင့္ၾကည့္ေပးေနတယ္ဆိုတဲ့အခ်က္ကို ျငင္းဆန္ထားခဲ့ပါတယ္။ ဒီျငင္းဆန္မႈကေတာ့ အနည္းငယ္အက်ိဳးသက္ေရာက္မႈေတြ ရွိလာခဲ့ပါတယ္။ ယူအက္စ္နဲ႕ အေမရိကမွာ သူတို႕ရဲ႕ပစၥည္းေတြကို အသံုးျပဳေနသလို အေမရိကနဲ႕မဟာမိတ္ဖြဲ႕ထားတဲ့ႏုိင္ငံေတြမွာလည္း အသံုးျပဳေနၾကပါတယ္။ 5G ဟာ ကမာၻအႏွံ႕အျပားမွာ ထြက္ေပၚေနျပီး ျပီးေျမာက္ေအာင္ျမင္ဖို႕အတြက္ carrier ေတြဟာ ရုန္းကန္ေနၾကရပါျပီ။ ဒါ့အျပင္ ယူအက္စ္အတြက္ၾကည့္မယ္ဆိုရင္လည္း လံုျခံဳေရးပိုင္းမွာ စိတ္ပူစရာပါပဲ။

ဒါေၾကာင့္ ယူအက္စ္အတြက္ Huawei ရဲ႕​လံုျခံဳေရးပိုင္းဆိုင္ရာ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ အန္ဒီနဲ႕ ေတြ႕ဆံုေမးျမန္းခဲ့ပါတယ္။ ဒီအတြက္ သူတို႕မွာ စီမံကိန္းေတြ အမ်ိဳးမ်ိဳးခ်ထားတယ္လို႕ သိရပါတယ္။ ဒါဟာ အစိုးရေစာင့္ၾကည့္စနစ္လား၊ third party ရဲ႕ အကဲျဖတ္စစ္ေဆးမႈလားဆိုတာေတာ့ မသဲကြဲေသးပါဘူး။ ပစၥည္းေတြရဲ႕​လံုျခံဳမႈကို စစ္ေဆးေပးမယ့္ ေအဂ်င္စီေတြလည္း ပါ၀င္လာႏုိင္မယ္လို႕ သိရပါတယ္။ “ဘယ္လိုျဖစ္လာမလဲဆိုတာကေတာ့ ေဆြးေႏြးၾကည့္ဖို႕အတြက္ လမ္းဖြင့္ေပးေနတုန္းလို႕ ေျပာရမွာပါ။ “

ဂ်ာနယ္လစ္ေတြနဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာလည္း ဥကၠဌျဖစ္သူ ကမ္က အလားတူ ေျပာၾကားခဲ့ပါတယ္။ ယူအက္စ္အျပင္ အျခားႏုိင္ငံေတြမွာလည္း လံုျခံဳေရးဆုိင္ရာတုိင္းတာမႈေတြရွိႏုိင္မလား ေမးျမန္းခဲ့ရာမွာ “ျဖစ္လာႏုိင္တဲ့ကိစၥေတြအတြက္ ၾကိဳတင္ကာကြယ္မႈေတြ၊​စစ္ေဆးမႈေတြလည္း လုပ္ေဆာင္ဖို႕အတြက္ စိတ္ကူးထားပါတယ္။ အျခားႏုိင္ငံေတြမွာ ပူးေပါင္းလုပ္ေဆာင္ေနတဲ့ျဖစ္ရပ္ေတြမွာ ေအာင္ျမင္မႈေတြလည္း ရထားျပီးပါျပီ။”

Huawei ေထာက္ျပသြားခဲ့တာကေတာ့ ကေနဒါလိုႏုိင္ငံမ်ိဳးေတြမွာ hardware နဲ႕ software ေတြရဲ႕ ျပစ္ခ်က္ေတြကို ရွာေနပါတယ္။ “ကၽြန္ေတာ္တို႕ရဲ႕​telecommunications providers ေတြနဲ႕​ ပိုမိုေကာင္းမြန္တဲ့ ဆက္ဆံေရးေတြျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္။ ႏိုင္ငံအမ်ားစုမွာ ကၽြန္ေတာ္တို႕ျမင္ေတြ႕ဖူးထားသမွ်နဲ႕ မတူတာမ်ိဳးေပ့ါ”

ဂ်ာမနီနဲ႕ ျဗိတိန္မွာေတာ့ သူတို႕ရဲ႕ထုတ္ကုန္ေတြကို စမ္းသပ္ဖို႕အတြက္ လံုျခံဳေရးပိုင္းဆိုင္ရာ lab ေတြကို အသံုးျပဳေနပါျပီ။ ပိုလန္မွာလည္း အလားတူလုပ္ေဆာင္ခ်က္မ်ိဳးေတြလုပ္ေဆာင္ေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ယူအက္စ္အတြက္လည္း လုပ္ေဆာင္ဖို႕ ျပင္ဆင္ထားပါတယ္။ ယူအက္စ္မွာ လုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္ေတြဟာ ဘယ္သူ႕ဘယ္သူရဲ႕ ညႊန္ၾကားခ်က္ေအာက္မွာ မရွိေနဘူးဆိုတာ ျပသႏုိင္ဖို႕ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႕ သိရပါတယ္။

ယူအက္စ္အတြက္ အသံုးတည့္ေအာင္လုပ္လို႕ရႏုိင္တဲ့နည္းလမ္း္ေတြရွိတယ္လို႕ ေျပာထားပါတယ္။ ယူအက္စ္မွာရွိတဲ့ ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီရဲ႕လုပ္ေဆာင္ခ်က္ေတြကို ညႊန္ျပခဲ့ပါတယ္။ ႏုိင္ငံျခားလုပ္ငန္းတစ္ခုက အေမရိကန္လုပ္ငန္းကို ေက်ာ္လြန္သြားတဲ့အခါ အစိုးရေကာ္မတီကေန ႏုိင္ငံျခားလႊမ္းမိုးမႈကေန ကာကြယ္ႏုိင္ဖို႕အတြက္ စံႏႈန္းတစ္ခုသတ္မွတ္ဖို႕ လိုအပ္လာမွာပါ။ လံုျခံဳေရးပိုင္းဆုိင္ရာေတြလည္း ပါ၀င္ေနမွာျဖစ္ပါတယ္။ စြန္႕စားမႈကို ေျဖရွင္းရမယ္နည္းလမ္းတစ္ခုရွိပါတယ္။ ျပီးေတာ့ အေမရိကအတြက္လည္း အက်ိဳးအျမတ္ေတြရရွိေစမယ့္လမ္းပါ။

Huawei ကေတာ့ အစိုးရဆီကို တိုက္ရုိက္ေျဖရွင္းႏုိင္ေအာင္ ၾကိဳးစားေနပါတယ္။ FCC ကေတာ့ Huawei ကို ယူအက္စ္ေစ်းကြက္မ၀င္ႏုိင္ေအာင္ လုပ္ခ်င္ေနပါတယ္။ လံုျခံဳေရးပိုင္းဆုိင္ရာကို စိတ္မခ်လို႕ပါ။ Huawei ကလည္း ေကာ္မရွင္ေတြနဲ႕​ျငင္းခံုျပီး သူတို႕ထုတ္ကုန္ေတြက စိတ္ခ်လို႕ရေၾကာင္း တင္ျပေနဆဲပါပဲ။

risk မျဖစ္ေအာင္ လႊဲေျပာင္းနုိင္တဲ့နည္းဗ်ဴဟာအစား၊ ပိတ္ပင္လုိက္ျခင္းမ်ိဳးေတြ လုပ္ေဆာင္ႏုိင္ေၾကာင္းကိုလည္း Huawei က သေဘာတူညီထားပါတယ္။

FCC အေနနဲ႕ တကယ့္ risk ကိုေျဖရွင္းႏုိင္မယ့္ ပရိုဂရမ္တစ္ခုဖန္တီေပးေစခ်င္ပါတယ္။ လူတုိင္းအေပၚကို သက္ေရာက္မယ့္ဟာမ်ိဳးေပ့ါ။ ဒါကိုလည္း ပြင့္လင္းျမင္သာေအာင္ လုပ္ေစခ်င္ပါတယ္။

ယူအက္စ္အရာရွိအခ်ိဳ႕ကေတာ့ အဲဒီလိုစိတ္ခ်ရေၾကာင္းေျပာဆိုေနမႈေတြကို လက္ခံျခင္းမရွိပါဘူး။ သူတို႕ဟာ လံုျခံဳေရးပိုင္းဆုိင္ရာ ယိုယြင္းႏုိင္တဲ့အလားအလာရွိတယ္လို႕ ေျပာဆိုေနၾကပါတယ္။ ဒါေပမယ့္ Huawei ဟာ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ လက္ေအာက္ခံျဖစ္ေနမလားဆိုတာ ပိုေၾကာက္ေနၾကတယ္္လို႕ သံုးသပ္မိပါတယ္။