Smartphone Trending

Display ပြဿနာတက်နေတဲ့ Samsung Galaxy Fold

ကမ္ဘာ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းတွေထဲက တစ်လုံး ဖြစ်တဲ့ Samsung Galaxy Fold ကတော့ ပြဿနာ တက်နေပါပြီ။ ဆမ်ဆောင်းက အဲဒီ ဖုန်းတွေကို Review လုပ်ဖို့ အတွက် မီဒီယာများအား ပေးထားပါတယ်။ အခုတော့ ရက်ပိုင်းအတွင်းမှာပဲ မျက်နှာပြင်ဟာ ပြဿနာများ တက်နေတယ်လို့ Reviewer များက အွန်လိုင်းမှာ ရေးသားနေကြပါတယ်။ After one day of use… pic.twitter.com/VjDlJI45C9— Steve Kovach (@stevekovach) April 17, 2019 The Verge ရဲ့ Dieter Bohn ကလည်း စကရင် ၂ ခုရဲ့ အဆက်မှာ  အက်ရာများ ပေါ်လာပြီး အက်ကြောင်းကို အားနဲ့ […]

Smartphone Trending

32MP Selfie Camera ပါတဲ့ Honor 20i ကို ကြေညာ

Honor က 20i ကို ကြေညာလိုက်ပါပြီ။ သူ့မှာ Octa-core Kirin 710 Chipset ထည့်သွင်းထားပြီး မန်မိုရီ ၄ မျိုးထုတ်လုပ်ထားပါတယ်။ ဒေါ်လာ ၃၀၀ အောက်ကျသင့်ပါတယ်။ သူဟာ Honor 10i နဲ့ အရမ်းကို တူညီပါတယ်။ သူ့မှာ ၆.၂၁ လက်မ LCD Display ထည့်သွင်းထားပြီး Waterdrop Notch ပါပါတယ်။ Notch မှာ 32MP Selfie Camera ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ သုံးလုံး ပါပြီး 24 MP f/1.8 main, 8 MP f/2.4 with a telephoto lens နဲ့ 2 […]

Enterprise Social Trending

Apple နဲ့ Qualcomm အဆင်ပြေလို့ Intel က 5G smartphone modem ကို ဆက်မလုပ်တော့တာလား

Zawgyi Version Apple နဲ့ Qualcomm တို့ရဲ့ နှစ်ရှည်လများတိုက်ခိုက်နေတဲ့ တိုက်ပွဲ အေးသွားတဲ့ရက်လေးမှာပဲ Intel က 5G modem လုပ်ငန်းမှ ထွက်ခွာတော့မယ်ဆိုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။ Intel ရဲ့ ကြေညာချက်က အချိန်ကိုက်ဖြစ်သလို စိတ်ဝင်စားဖို့လည်း ကောင်းနေပါတယ်။ 5G အသုံးပြုနိုင်တဲ့ ပထမဆုံး iPhone တွေအတွက် သူ့ဆီက ရလိမ့်မယ်လို့ မျှော်မှန်းထားတာပဲလေ။ Intel ရဲ့ 5G modem တွေကို ၂၀၂၀ ဒါမှမဟုတ် ၂၀၂၁ iPhone တွေမှာ မြင်ရနိုင်တယ်လို့တောင် သတင်းတွေ ထွက်ခဲ့သေးတယ်။ သူ့ရဲ့ 5G modem တွေကို ၂၀၂၀ခုနှစ်မှာ အသုံးချနိုင်မယ်လို့ သူတို့ကိုယ်တိုင် ပြောခဲ့ဖူးတာပဲလေ။ ဒါပေမယ့် Intel ဟာ Qualcomm […]

App/Game Enterprise Social Trending

တစ်ပြိုင်နက်တည်း ဒေါင်းလုတ်ဆွဲနိုင်အောင် စမ်းသပ်နေသည့် Google Play Store

Zawgyi Version system update လုပ်မှာလား၊ Material Design အသစ်လုပ်မှာလား မသဲကွဲသေးပေမယ့်လည်း Google Play Store မှာ ပြောင်းလဲမှုတွေ တွေ့မြင်ရမယ်ဆိုတာကတော့ သေချာပါတယ်။ အဲဒီလိုပြောင်းလဲမှုတွေမှာ တစ်ပြိုင်နက်တည်း ဒေါင်းလုတ်ဆွဲနိုင်မယ့်အခြေအနေလည်း ပါဝင်လာမှာပါ။ တစ်ပြိုင်နက်တည်း app တွေကို ဒေါင်းလုတ်ဆွဲနိုင်မယ့် feature လေးကတော့ အစတည်းက ပါသင့်တဲ့ feature လေးပဲဖြစ်ပါတယ်။ Play Store မှာ ထည့်ပေးတော့မယ်ဆိုတော့ ဆန္ဒတွေ ပြည့်ဝလာတယ်လို့ပဲ ဆိုရမှာပါ။ လက်ရှိ သင့်ဖုန်းလေးမှာ အသုံးမပြုနိုင်သေးဘူးဆိုရင်လည်း လန့်မသွားပါနဲ့ဦး။ ဒါက server-side ပြောင်းလဲမှုဖြစ်တာမို့ Play Store မှာ မြင်ရဖို့ နည်းနည်း ကြာဦးမှာပါ။ ရပြီဆိုတာနဲ့ app တွေကို update လုပ်တဲ့ပုံစံ […]

Smartphone Social Trending

ultra-fast eUFS 3.0 storage ကို ပထမဆုံးအသုံးပြုမယ့် Samsung Galaxy Fold

Zawgyi Version Galaxy Fold ဟာ ပထမဆုံး ဖုန်းတစ်လုံးဖြစ်အောင် လုပ်လိုက်သလိုပါပဲ။ ဒါဟာ Samsung ရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းတစ်လုံးဖြစ်သလို ဈေးကွက်အများဆုံးသိမ်းထားနုင်တဲ့ ခေါက်ချိုးဖုန်းလည်းဖြစ်ပါတယ်။ နောက်ပြီး ultra-fast eUFS 3.0 storage ကိုလည်း ပထမဆုံး သုံးမှာပါ။ ဒါဟာ OnePlus 6T ထက် ဒေတာတွေကို ဖတ်နိုင်၊ ရေးနိုင်နှုန်းက နှစ်ဆပိုမြန်ပါတယ်။ Samsung က ဒီနှစ်ထဲမှာ Universal Flash Storage specification version 3.0 ကို ကြော်ငြာခဲ့ပါတယ်။ 2.9 GB/s data bandwidth အထိ ရနိုင်မယ်လို့လည်း ပြောထားပါတယ်။ Galaxy S10 မှာ ထည့်သွင်းမယ်လို့ မှန်းထားပေမယ့်လည်း S10 […]

Smartphone Social Trending

နောက်တစ်ပတ်ထဲမှာ မြင်ရနိုင်သည့် OPPO F11 Pro Avengers Limited Edition

Zawgyi Vesion ‘Avengers: End Game’ ဇာတ်ကားထွက်ရှိဖို့ တစ်ပတ်အလိုမှာ OEM နဲ့ brand အတော်များများဟာ သူတို့ရဲ့ ကိုယ်ပိုင် Avengers ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေအသုံးချပြီး ဈေးကွက်ကိုယူဖို့ ကြိုးစားနေကြပါတယ်။ ပြီးခဲ့တုန်းက Google Pixel အဖွဲ့ဆီက ဘာတွေရနိုင်မလဲဆိုတာမျိုးကို ဖော်ပြခဲ့ဖူးပါတယ်။ Avengers Playmoji AR sticker တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Google မှာ ရနိုင်တဲ့ထုတ်ကုန်တွေက များပြားပါတယ်။ အခုတော့ OPPO ဖန်တွေအနေနဲ့ ရနိုင်တာလေးတွေကို ပြောရမယ့်အလှည့်ရောက်ပါပြီ။ ဖုန်းအသစ်တစ်လုံးလည်းကိုင်ချင်တယ်၊ OPPO ကိုလည်း ကြိုက်တယ်ဆိုရင်တော့ Oppo F11 Pro Avengers Limited Edition လေးကို စမ်းသင့်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ထွက်ခဲ့တဲ့ Oppo F11 […]

Enterprise Trending

အာကာသမှာ ဂြိုလ်တုများနဲ့ ကြော်ညာများ ပြသမယ့် Pepsi

ရုရှား ကုမ္ပဏီ StartRocket က ကမ္ဘာပတ်လမ်းကြောင်းကို အရွယ်သေး ဂြိုလ်တုများ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ဂြိုလ်တုများနဲ့ ကြော်ညာများ ပြသပေးမှာပါ။ ကမ္ဘာမြေမှ လူများက ညအချိန် ကောင်းကင်ယံမှာ ကြော်ညာများကို မြင်ရမှာ ဖြစ်ပါတယ်။ CubeSats လို့ အမည်ပေးထားတဲ့ ဂြိုလ်တုငယ်လေးများဟာ ကြယ်အတုလေးများ အသွင်နဲ့ ကြော်ညာများကို ပြသပေးမှာ ဖြစ်ပါတယ်။ Pepsi ဟာ StartRocket ရဲ့ ပထမဆုံး ဖောက်သည်ဖြစ်လာမှာပါ။ ပက်စီက Adrenaline Rush အမည်ရ အားဖြည့်အချိုရည်ရဲ့ ကြော်ညာကို အာကာကနေ ပြသမှာ ဖြစ်ပါတယ်။ ဒါဟာ နောက်နေတယ်လို့ ထင်စရာပါ။ ဒါပေမယ့် ရုရှားမှ ပက်စီရဲ့ ပြောရေး ဆိုခွင့်ရှိသူ Olga Mangova က […]

App/Game Trending

နီပေါမှာ PUBG ကစားသူများကို ဖမ်းနေ

PUBG ကစားခြင်းဟာ လူငယ်များအကြား ဂိမ်းကို စွဲလမ်းစေပြီး အကြမ်းဖက်မှုများ ဖြစ်ပွားစေတယ်လို့ ယူဆထားတဲ့ နိုင်ငံများ ရှိနေပါတယ်။ အခုတော့ အဲဒီ နိုင်ငံများထဲမှာ နီပေါလည်း ပါဝင်လာပါပြီ။ နီပေါ အာဏာပိုင်များက PUBG ကစားခြင်းကို ပိတ်ပင်လိုက်ပြီး ကစားသူများကို လိုက်လံဖမ်းဆီးနေပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း အိန္ဒိယမှ Ahmedabad မြို့ Rakhial ဒေသ Urbannagar မှ ရဲများဟာ PUBG ကစားလို့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ပြီးတော့ အခြား လူငယ်သုံးဦးကိုလည်း ဒီအမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမြို့မှာ အဲဒီ ဂိမ်းကို မကစားရဘူးလို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ သူ့လိုပဲ အိန္ဒိယရဲ့ အချို့ မြို့များမှာ အဲဒီ ဂိမ်း […]

Smartphone Trending

Flash Sale မှာ ၁၀ စက္ကန့်အတွင်း ရောင်းကုန်သွားတဲ့ Huawei P30 နဲ့ P30 Pro

Huawei P30 နဲ့ P30 Pro တို့ရဲ့ ရောင်းအားက တရုတ်မှာ အရမ်းလန်းနေပါတယ်။ ပထမဆုံး Flash Sale မှာ ၁၀ စက္ကန့်အတွင်း ပစ္စည်းပြတ်သွားတယ်လို့ သိရပါတယ်။ ကုမ္ပဏီက ပထမဆုံး Flash Sale မှာ ယွမ် သန်း ၂၀၀ ဖိုးရောင်းရတယ်လို့ ပြောပါတယ်။ ဒီငွေပမာဏဟာ Memory Configuration အလိုက် အလုံးရေ ၃၀ ၀၀၀ နဲ့ ၅၀ ၀၀၀ အကြားမှာ ရှိပါတယ်။ တရုတ်မှာ ဟွာဝေးရဲ့ အွန်လိုင်းစတိုး၊ Vmall တို့ကနေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ Huawei P30 နဲ့ P30 Pro ဟာ ကင်မရာ အလန်းစားများပါတဲ့ ဖုန်းများ […]

Smartphone Trending

5G အပါအ၀င် မော်ဒယ် ၃ ခု ထွက်လာနိုင်တဲ့ OnePlus7

OnePlus က နှစ်တိုင်း မော်ဒယ် ၂ ခု ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဒီအစဉ်အလာကို ချိုးဖောက်တော့မှာ ဖြစ်ပါတယ်။ Leakster Ishan Agarwal က ဒီနှစ်မှာ မော်ဒယ် ၃ ခု ထုတ်လုပ်မယ်လို့ ပြောပြီး OnePlus 7 , OnePlus 7 Pro နဲ့ OnePlus 7 Pro 5G လို့ အမည်ပေးထားမယ်လို့ ပြောပါတယ်။ OnePlus 7 Pro 5G ရဲ့ ကေ့စ်ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ကေ့စ်ဒီဇိုင်းက ယခင်နှစ်ထုတ် OnePlus 6T နဲ့ ဆင်ပါတယ်။  LED Flash ထားတဲ့ နေရာသာ ကွာပါတယ်။ 6T […]