Posted on
Facebook ရဲ့ တကယ်အရေးကြီးနေတဲ့ ပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ Mark Zuckerberg ပြောကြား
Zuck ကတော့ သူ့ရဲ့ ၂၀၁၈ ခုနှစ်ကို Facebook ပေါ်က အလွဲသုံးစားပြုလုပ်မှုတွေ၊ အမုန်းတရားတွေ၊ နိုင်ငံရပ်ခြားက ၀င်ရောက်နှောင့်ယှက်မှုတွေကို ဖြေရှင်းရင်း ကုန်ဆုံးသွားမယ်လို့ ပြောလိုက်ပါတယ်။
Facebook CEO Mark Zuckerberg ဟာ ကြာသပတေးနေ့မှာ သူ့ရဲ့ တစ်နှစ်တာစိန်ခေါ်မှုဟာ Facebook ပေါ်က အလွဲသုံးစားပြုလုပ်မှုတွေ၊ အမုန်းတရားတွေ၊ နိုင်ငံရပ်ခြားက ၀င်ရောက်နှောင့်ယှက်မှုတွေကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ လူမှုကွန်ရက်မှာ အကြီးမားဆုံးထဲကတစ်ခုအနေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဒီလိုလုပ်ဆောင်ရမှာဖြစ်ကြာင်း ပြောခဲ့ပါတယ်။ အရင်တုန်းက စိန်ခေါ်မှုတွေလို အေးအေးဆေးဆေး ကျော်လွှားနိုင်မယ့် အမျိုးအစားတွေ မဟုတ်ဘူးလို့ သူကဆိုပါတယ်။
မနှစ်ကတုန်းက Facebook အတွက် ထူးခြားတဲ့နှစ်ပါပဲ၊ သတင်းအမှားတွေ၊ ကလေးသူငယ်များနဲ့ မသင့်တော်တဲ့ အကြမ်းစားဂရပ်ဖစ်တွေ၊ ယူအက်စ်ရွေးကောက်ပွဲကို သူ့ရဲ့ platform ကနေတစ်ဆင့် ရုရှားတွေရဲ့ နှောင့်ယှက်မှုတွေ စတာတွေအတွက် ဖြေရှင်းခဲ့ရပါတယ်။ ဒီလိုအဖြစ်တွေကို တစ်ကမ္ဘာလုံးအတွက် ရှင်းပေးခဲ့ရတာပါ။ Facebook ဟာ လူမှုကွန်ရက်ရဲ့ အလုပ်လုပ်ပုံတွေကို ဖျက်ဆီးနေတဲ့ ပြဿနာတွေကို ဖြေရှင်းခဲ့ရပါတယ်။
“Facebook ဟာ အလွဲသုံးစားပြုမှုတွေနဲ့ အမုန်းတရားတွေကို ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာ ကာကွယ်နိုင်ဖို့အတွက် လုပ်စရာတွေ အတော်များပါတယ်။ နိုင်ငံအချင်းချင်းဝင်ရောက် စွက်ဖက်ခြင်းတွေလည်း မရှိအောင်၊ Facebook ပေါ်မှာ အသုံးပြုနေတဲ့အချိန်တွေဟာ အကျိုးမဲ့ကုန်ဆုံးတာမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်” လို့ Zuckerberg က ပြောပါတယ်။ “ကျွန်တော့ရဲ့ ၂၀၁၈ စိန်ခေါ်မှုကတော့ ဒီလိုအရေးပါတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ အာရုံစိုက်ခြင်း ဖြစ်ပါတယ်။”
“ကျွန်တော်တို့ကတော့ အမှားတွေအားလုံးကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ထပ်မံပြောပါတယ်။ “ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပေါ်လစီထဲမှာ အမှားတွေအများကြီးရှိနေပြီး ကျွန်တော်တို့ရဲ့ tools တွေကို တလွဲသုံးခွင့်ပေးထားသလို ဖြစ်နေပါတယ်။ တကယ်လို့ ဒီနှစ်မှာသာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ၂၀၁၈ ကို အရှိန်အဟုန်မြှင့်ပြီး သွားနိုင်မှာဖြစ်ပါတယ်။”
ဒီနှစ်အတွက် Zuckerberg ရဲ့ စိန်ခေါ်မှုကတော့ အတော်လေးပြင်းထန်ပြီး အရေးပါတယ်လို့ ဆိုရမှာပါ။ ၂၀၀၉ ခုနှစ်က နက်ခ်တိုင်ဝတ်ဆင်ဖို့ စိန်ခေါ်ခဲ့ပြီးတာ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးမော်ဒယ်လ်တစ်ခု တည်ဆောက်ဖို့ အားထုတ်ခဲ့ပါတယ်။ နောက်နှစ်တွေမှာ စာအုပ်ဖတ်ဖို့၊ personal AI တည်ဆောက်ဖို့၊ ပြေးဖို့ အားထုတ်ခဲ့ပါတယ်။
မနှစ်ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေအပြီးမှာ Zuckerberg ဟာ ယူအက်စ်ပြည်နယ် ၃၀ ကို သွားရောက်ခဲ့ပြီး သမ္မတအရေး လှုပ်ရှားခဲ့ပါတယ်။
ဒီနှစ်အတွက် Zuckerberg ရဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်က Facebook အတွက်နေရာကို တိုးပွားလာအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်နဲ့ တူပါတယ်။ ဒီတော့ ၂ဘီလျံကျော်တဲ့ သုံးစွဲသူတွေရှိနေတဲ့ လူမှုကွန်ရက် platform ကို ပိုကောင်းတဲ့အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ဖို့ အရေးပါတဲ့အချက်လည်း ဖြစ်နေပြန်ပါတယ်။
Posted on
ဦးနှောက်လှိုင်းကိုဖတ်ရှုနိုင်မယ့် Nissan ရဲ့ ကားသစ်
ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်သူတွေနဲ့ နည်းပညာ ကုမ္ပဏီတွေဟာ မောင်းနှင်ခြင်းအတွက် စဉ်းစားစရာမလိုအောင်ကို လုပ်ဆောင်ပေးနိုင်ဖို့ ဒေါ်လာဘီလျံပေါင်းများစွာ အသုံးပြုနေပါတယ်။ Nissan Motor Co. ကတော့ မတူညီတဲ့လမ်းကြောင်းတစ်ခုကို သွားနေပါတယ်။ သင့်ရဲ့စတီယာတိုင်ပေါ်တင်ထားတဲ့လက်တွေကို ပျော်စရာပိုကောင်းသွားအောင် ကြိုးစားခြင်းပါပဲ။
အဲဒီ ဂျပန်ကုမ္ပဏီဟာ “brain-to-vehicle” နည်းပညာကို နောက်တစ်ပတ် Las Vegas မှာ ကျင်းပမယ့် Comsumer Electronic Show မှာ စမ်းသပ်ပြသသွားမှာ ဖြစ်ပါတယ်။ “B2V” စနစ်ဟာ မောင်းနှင်သူအနေနဲ့ ဦးနှောက်လှိုင်းကိုတိုင်းတာပေးပြီးတော့ စတီယာတိုင်ကို ထိန်းချုပ်မယ့် ခေါင်းဆောင်းကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။
မောင်းနှင်သူအနေနဲ့ ဘီးလှည့်တာ ဒါမှမဟုတ် ခြေနင်းတွေကို နင်းခြင်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားကတော့ ဒီလှုပ်ရှားမှုတွေ မစတင်ခင် ၀.၂စက္ကန့်ကနေ ၀.၅ စက္ကန့်ပိုစောပြီးတော့ သိရှိနေမှာ ဖြစ်ပါတယ်လို့ Lucian Gheorghe ၊ Nissan ရဲ့ စီနီယာတီထွင်မှု သုတေသီက ရှင်းပြပါတယ်။ အစောပိုင်းတုံ့ပြန်မှုတွေကတော့ ကားမောင်းသူအနေနဲ့ မသဲမကွဲဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်ကားမောင်းခြင်းဟာ လူမှုအဖွဲ့အစည်းရဲ့ တန်ဖိုးတစ်ခုဖြစ်နေဆဲ အနာဂတ်တစ်ခုကို စိတ်ကူးကြည့်ပါတယ်” လို့ အသုံးချအာရုံကြောနည်းပညာမှာ ပါရဂူဘွဲ့ရထားတဲ့ Gheorghe က ပြောပါတယ်။ “ကားမောင်းတဲ့အချိန်မှာ ခံစားရတဲ့ခံစားမှုဟာ လူတွေအတွက် ဆုံးရှုံးသွားတာမျိုး မဖြစ်သင့်တဲ့အရာတစ်ခုပါ။”
ကားထုတ်လုပ်သူတွေကတော့ Alphabet Inc. ရဲ့ Waymo နဲ့ Appl Inc. လုပ်ဆောင်နေသလိုမျိုး အလိုအလျောက်မောင်း နည်းပညာတွေကို စမ်းသပ်နေပါတယ်။ IHS Markit ကတော့ ၂၀၃၅ခုနှစ်မှာ အလိုအလျောက်မောင်း ကားတွေ အစီးရေ ၂၁မီလျံ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ လက်ရှိကားအားလုံးရောင်းချနေရတဲ့ လေးပုံတစ်ပုံ ဖြစ်ပါတယ်။
ကြောင်တောင်တောင်နိုင်တဲ့ ခေါင်းဆောင်း
Toyota Motor Corp. နဲ့ BMW AG တို့အပါအ၀င် များစွာသောထုတ်လုပ်သူတွေဟာ ကွန်ပျူတာတွေကို အပြည့်အထိန်းချုပ်မှုမပေးသေးဘဲ ကားတွေကို မတူကွဲပြားစွာမောင်းနှင်နိုင်အောင်တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ Yokohama အခြေစိုက် Nissan ကတော့ ၂၀၂၂ မှာ အလိုအလျောက်မောင်းကားတွေကို မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ကားမောင်းသူရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းခြင်းအပြင် ခေါင်းဆောင်းလေးက အလိုအလျောက်မောင်းနေတဲ့အခါ သူတို့ရဲ့ အကြိုက်တွေ၊ အဆင်မပြေမှုတွေကို သိရှိနိုင်ပြီးတော့ ချိန်ညှိနိုင်အောင် စနစ်တွေကို ပြသပေးမယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ အလိုအလျောက်မောင်းကားတွေဟာ ခလုတ်တစ်ချက်နှိပ်လိုက်ရင် manual အနေနဲ့ မောင်းတဲ့ပုံစံကိုပဲ ရနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်လည်း Nissan ရဲ့ brain-to-vehicle လုပ်ဆောင်ဖို့ စိတ်ကူးရလာတာ ဖြစ်ပါတယ်။
“သင်မောင်းနှင်တာက ပိုကောင်းတယ်ထင်တာဖြစ်စ်ြစ် ကားကကိုယ့်စကားနားထောင်လာတယ်လို့ ထင်တာဖြစ်ဖြစ်၊ အတော်လေးတုံ့ပြန်နိုင်စွမ်းရှိတာကို ခံစားမိမှာပါ” လို့ အဲဒီစနစ်နဲ့ တစ်ရက်ကို ၁၅မိနစ်လောက် စမ်းသပ်နေတဲ့ Gheorghe က ပြောပြပါတယ်။
ဒီနည်းပညာဟာ အပြည့်အ၀ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေမှာလည်း ပါဝင်မှာဖြစ်ပြီးတော့ သူတို့ဟာ ၅နှစ်ကနေ ၁၀နှစ်အတွင်း အဆင်သင့်ဖြစ်လာနိုင်ပါတယ်။ နမူနာပုံစံငယ်ခေါင်းဆောင်းလေးကတော့ ဂိမ်းကစားနေတဲ့အချိန်မှာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Fairlay Z
ဦးနှောက်လှိုင်းစောင့်ကြည့်မှုတွေဟာ BHP Billiton Ltd. ဆိုတဲ့ ကမ္ဘာ့အကြီးဆုံးသတ္ထုတူးဖောက်တဲ့ ကုမ္ပဏီမှာ အသုံးပြုနေပါတယ်။ သူ့ရဲ့ထရပ်ကားမောင်းနှင်သူတွေဟာ မောပန်းနွမ်းလျနေပြီလားဆိုတာ စစ်ဆေးဖို့ ဖြစ်ပါတယ်။ ဦးထုပ်တွေထဲမှာ ၆လက်မအရှည်ရှိတဲ့ကြိုးလေးတွေကို ထည့်သွင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Gheorghe ရဲ့ စိတ်အားထက်သန်မှုကတော့ သူ့အသက်၁၈နှစ်မှာ သူ့ကိုသူ့အဖေခေါ်သွားတဲ့ Nissan Fairlady Z မှာ ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကနေ ပေါက်ဖွားလာတာပါ။
“ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းကို အကျိုးပြုနိုင်ဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ ကျွန်တော်ကတော့ ဒီတစ်ခုကို ရွေးခဲ့ခြင်းဖြစ်ပါတယ်” လို့ Nissan မှာ ၁၂နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ Gheorghe ကဆိုပါတယ်။
အဲဒီခေါင်းဆောင်းဟာ မောင်းနှင်သူရဲ့စိတ်ကို ဖတ်ရှုခြင်းမဟုတ်ပါဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။ ဦးနှောက်လှိုင်းတွေရဲ့ လှုပ်ရှားမှုတွေကို သိရှိပြီးတော့ နှစ်စက္ကန့်လောက်စောပြီး ခန့်မှန်းခြင်းသာ ဖြစ်ပါတယ်။
“ဒါဟာ အတွေးတွေကို ဖတ်ခြင်းမဟုတ်ပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်မလှုပ်ရှားခင်မှာ သင်လှုပ်ရှားတော့မယ်ဆိုတာ ကျွန်တော်တို့ သိခြင်းသာ ဖြစ်ပါတယ်။”
Toyota, Daimler
Nissan ဟာ CES မှာ သူ့ရဲ့ IMx လျှပ်စစ်ကားလေးကို အသုံးပြုပြီးတော့ ပြသမှာဖြစ်ပါတယ်။ Gheorghe ကတော့ အဲဒီကားလေးဟာ ဦးနှောက်နဲ့ချိတ်ဆက်မှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုပါတယ်။ ပရိသတ်တွေဟာ မိနစ်အနည်းငယ်လောက် ဟိုင်းဝေးလမ်းမှာ မောင်းနှင်စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။
မကြာခင်နှစ်တွေတုန်းက CES မှာ AI နဲ့ စမတ်ကားတွေရဲ့ နည်းပညာကိုပြသထားတဲ့ အလိုလျောက်မောင်းနှင်စက်တွေ ပလူပျံနေခဲ့ပါတယ်။ မနှစ်က Toyota ဟာ သင့်ရဲ့စိတ်ခံစားမှုကို သိနိုင်တဲ့ concept ကို ပြသခဲ့ပြီး Daimler AG ကတော့ ဒရုန်းနဲ့ ချိတ်ဆက်ထားတဲ့ ဗန်ကိုပြသခဲ့ပြီး အဲဒီဗန်ကို ပစ္စည်းတွေ သယ်ပို့ရာမှာအသုံးပြုနိုင်တယ်လို့ သရုပ်ပြသွားပါတယ်။
Nissan ဟာ ၂၀၁၆ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၄.၄ဘီလျံလောက်သုံးစွဲခဲ့ပြီးတော့ Toyota နဲ့ Honda Motor Co. ထက် သုတေသနတွေနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ သာလွန်အောင် လုပ်ဆောင်ခဲ့တာပါ။
Nissan ကတော့ ကားတွေကိုဟိုင်းဝေးလမ်းတွေမှာ အလိုအလျောက်မောင်းနှင်နိုင်အောင် လုပ်ဆောင်ဖို့အတွက်စီစဉ်ထားပြီးတော့ မြို့လမ်းတွေနဲ့ လမ်းဖြတ်လေးတွေကိုလည်း လူရဲ့အကူအညီမပါဘဲ သိရှိပြီးမောင်းနှင်နိုင်အောင် ၂၀၂၀မှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
“အလိုအလျောက်မောင်းနှင်ခြင်းမှာ သင်အိပ်နေဖို့နေရာတစ်ခု တည်ထောက်ပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ခံစားမှုကောင်းကောင်းရရှိစေဖို့အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။”
Posted on
iPhone X ကို ယှဉ်ပြိုင်နိုင်စေဖို့ Galaxy S9 ကို ထောက်ပံ့ပေးမယ့် chip ထွက်ရှိလာ
Samsung ဟာ ကြာသပတေးနေ့က သူ့ရဲ့ နောက်ထပ်မျိုးဆက်တစ်ခုဖြစ်တဲ့ Exynos chip ကို ပြသခဲ့ပါတယ်။ Galaxy S9 နဲ့ Galaxy Note 9 ဆိုတဲ့ ဒီနှစ်အတွက် flagship တွေမှာ အသုံးပြုမယ့် chip ဖြစ်ပါတယ်။
Exynos 9810 processor ကိုတော့ သူ့ရဲ့ CES 2018 innovation award တွေကို ကြေညာခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းမှာ ကြားခဲ့ရတာ ဖြစ်ပါတယ်။ Samsung အနေနဲ့ Exynos 9810 အကြောင်းကို ထုတ်ဖော်ခဲ့တာမဟုတ်ပေမယ့်လည်း iPhone X ကို လိုက်နိုင်မယ့် Samsung ဖုန်းတစ်လုံးမှာ အသုံးပြုသွားမယ်လို့ သိခဲ့ပါတယ်။
octa-core Exynos 9810 ဟာ သူ့ရဲ့အရင်ပရိုဆက်ဆာတွေထက် ပိုမြန်ပါတယ်။ သူ့ရဲ့အမြန်နှုန်းဟာ 2.9GHz အထိ ဖြစ်ပါတယ်။ Samsung ကတော့ လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် နှစ်ဆပိုလုပ်နိုင်စေမယ်လို့ ပြောထားပြီး multi-core performance ကတော့ Galaxy S8 chip နဲ့ ယှဉ်ရင် ၄၀% တိုးလာမှာ ဖြစ်ပါတယ်။ မနှစ်က ပရိုဆက်ဆာထက် ပိုပြီးတော့ စွမ်းအင်ကိုအကျိုးရှိရှိအသုံးချနိုင်မှာဖြစ်ပြီး Samsung ရဲ့ second-gen 10nm FinFET ကိုလည်း တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
နောက်ပြီး “ultra-fast LTE” ကိုလည်း .2Gbps LTE modem ရဲ့ ကျေးဇူးနဲ့ အသုံးပြုနိုင်ဦးမှာပါ။ ဒါကြောင့် ခြောက်ဆပိုမြန်တဲ့ carrier ပေါင်းစပ်မှုကို ဖြစ်စေပါတယ်။
Exynos 9810 ဟာ iPhone X ကို လိုက်နိုင်အောင် ခွင့်ပြုပေးနိုင်ပါ့မလား။ Samsung ဟာ နောင်လာမယ့်ပစ္စည်းတွေမှာ အသုံးပြုနိုင်တဲ့ Exynos 9810 ရဲ့ ထူးခြားမှုတွေကို ပြသပေးတဲ့နေရာမှာ neural network အခြေခံထားတဲ့ လေ့လာသင်ယူမှုတွေနဲ့ အားကောင်းတဲ့လုံခြုံရးစနစ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။
ဒီလ cutting-edge နည်းပညာဟာ ပရိုဆက်ဆာကို လူ ဒါမှမဟုတ် ဓါတ်ပုံထဲကပစ္စည်းတွေကို တိတိကျကျသိရှိစေပြီးတော့ ရှာဖွေခြင်း ဒါမှမဟုတ် အမျိုးအစားခွဲခြားခြင်းတွေကို မြန်ဆန်စွာလုပ်ဆောင်နိုင်စေပါတယ်။ ဒီအတွက် depth sensing ၊ သုံးစွဲသူရဲ့မျက်နှာကို 3D အနေနဲ့ scan ဖတ်ခြင်းတွေမှတစ်ဆင့် လုပ်ဆောင်တာ ဖြစ်ပါတယ်။ hardware နဲ့ software နှစ်ခုစလုံးကို ကောင်းကောင်းအသုံးပြုထားတာမို့ hybrid face detection ဟာ ဖုန်းကို အခြားတစ်ယောက်ရဲ့မျက်နှာနဲ့ lock ဖြုတ်ကြည့်အခါမှာ အားကောင်းတဲ့ လုံခြုံရေးစနစ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ လုံခြုံရေးပိုင်းဆိုရင်တော့ facial ၊ iris နဲ့ fingerprint တို့လို အရေးပါတဲ့အချက်အလက်တွေနဲ့ ကာကွယ်ထားနိုင်တော့မှာပါ။
နောက်တစ်နည်းဆိုရရင် Samsung ဟာ Face ID လို နည်းပညာကို လုပ်ဆောင်နေတာပါ။ ဒါပေမယ့် တကယ့် Face ID ပြိုင်ဆိုင်မှုကိုတော့ Galaxy S9 အတွက် အဆင်သင့်မဖြစ်သေးပါဘူး။
Apple ရဲ့ Face ID ကတော့ ဒီကနေ့ခေတ်မှာရနိုင်တဲ့ facial recognition တွေထဲမှာ ခေတ်အမီဆုံးပါပဲ။ အထူးသဖြင့် မိုဘိုင်းလ်ဖုန်းတွေထဲမှာ ဖြစ်ပါတယ်။ သူ့ကို ဓါတ်ပုံနဲ့ လှည့်စားလို့မရသလို ငွေပေးချေခြင်းတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ Samsung ရဲ့ 2017 flagship မှာတော့ 2D facial recognition ကို ထောက်ပံ့ပေးထားခဲ့ပေမယ့် သိပ်တော့ မလုံခြုံပါဘူး။
iPhone X ရဲ့ TrueDepth ကင်မရာကတော့ 3D facial recognition ကို အသုံးပြုနိုင်စေပြီးတော့ Animoji နဲ့ အခြားသော app တွေကိုလည်း အသုံးပြုခွင့်ပေးထားပါတယ်။ အဲဒီလို app တွေကို နောင်ထွက်လာမယ့် Samsung ဖုန်းတွေမှာ မြင်ရနိုင်ပါတယ်။ ဒါကြောင့်လည်း “realistic face-tracking filters” ကို အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Exynos 9810 ဟာ image processing သီးသန့်လုပ်ဆောင်နိုင်ခြင်း၊ ပိုမိုကောင်းမွန်တဲ့ multi-format (MFC) codec တို့ ပါဝင်ခြင်းကြောင့် မြန်ဆန်ပြီးတော့ စွမ်းအင်သက်သာတဲ့ image နဲ့ visual processing တွေ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Galaxy S9 ဟာ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို UHD resolution အထိ ပိုမိုကောင်းမွန်တဲ့ stabilization ၊ real-time out-of-focus photography  နဲ့ အလင်းအားနည်းချိန်မှာတောင် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေကို Noise နည်နည်း၊ motion blur နည်းနည်းနဲ့ ယူဆောင်လာနိုင်ပါတယ်။
MFC codec ကို primary color တစ်ခုချင်းစီအတွက် 1,024 different tones ဒါမှမဟုတ် အရောင် 1.07 billion ရရှိစေတာမို့ အတော်လေးတိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ Galaxy S9 မှာ မနှစ်ကဖုန်းထက် ပိုမိုကောင်းမွန်တဲ့ display performance လည်း ရနိုင်ပါတယ်။
ဒီအရာတွေအားလုံးဟာ စာရွက်ပေါ်က အချက်အလက်တွေဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S9 နဲ့ Note 9 ကို ဒီနှစ်အတွက် Qualcomm Snapdragon 845 ကိုလည်း အသုံးပြုနိုင်သေးတာကို သတိပြုစေချင်ပါတယ်။ တကယ့်လက်တွေ့မှာ စာရွက်ပေါ်ကအချက်အလက်တွေလောက် ဖြစ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Posted on
UK တွင် Samsung ၏ Galaxy S8 ကိုစွဲမက်ဖွယ်နှင်းဆီပန်းနုရောင် (Rose Pink) ဖြင့်ရရှိနိုင်ပြီ
Samsung မှ Galaxy S8 ကိုယမန်နှစ်ဧပြီလတွင်းက စတင်မိတ်ဆက်ပေးခဲ့ချိန်တွင် စမတ်ဖုန်းအမှတ်အသားတစ်ခုအဖြစ် တဖြေးဖြေးနေရာယူလာသည့် မျက်နှာပြင်ပြည့်အနားသပ်ဘောင်မဲ့ ဒီဇိုင်းအတွက် ကုမ္ပဏီကိုကျော်ကြားစေခဲ့ပါတယ်။ အခုအခါမှာတော့ UK တွင်အဆိုပါဖုန်းကို လှပသည့်အသွင်အပြင်ရှိ နှင်းဆီပန်းနုရောင် (Rose Pink) ဖြင့် ကိုင်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်။
အရောင်သစ်ကို လက်ရှိ Midnight Dark ၊ Orchid Gray ၊ Coral Blue နှင့် Arctic Silver တို့နှင့်အတူ စုစုပေါင်းအရောင် ၅ မျိုးတို့ဖြင့် ရွေးချယ် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ဒါဟာလူတိုင်းအကြိုက်တော့မဟုတ်ပေမယ့် Rose Pink အရောင်ဟာ Galaxy S8 အတွက်ရွေးချယ်စရာအရောင်တစ်မျိုးအဖြစ်ရောက်ရှိလာတာပဲဖြစ်ပါတယ်။
ယခုကဲ့သို့ အပန်းရောင်ဖြင့်ဝယ်ယူရရှိနိုင်ခြင်းသည် ပထမဆုံးမဟုတ်ပါဘူး။ Rose Pink Galaxy S8 တို့ကိုတိုင်ဝမ်နှင့် Samsung ၏အခြေစိုက်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားတို့တွင် ယခုအချိန်ထိ ၀ယ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အံ့အားသင့်စရာကတော့ အဆိုပါအရောင်သစ်ကို နိုင်ငံများတွင်လူကြိုက်များကြခြင်းပါပဲ။ ထို့ကြောင် Rose Pink Galaxy S8 ဟာ UK တွင်လူကြိုက်များသည့် ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။
အယ်ဒီတာ့အာဘော်
        ယခုကဲ့သို့သောအချိန်တွင် ဒီလိုကြေငြာမိတ်ဆက်လိုက်ခြင်းဟာ စိတ်ကတိကအောင့်နိုင်လှပါတယ်။ လူတွေဟာ Galaxy S8 ကိုဒီလိုပုံစံနှင့်ကိုင်ဆောင်နိုင်ဖို့ မျှော်လင့်နေကြပါသလား။ Galaxy S8 သည် နာမည်ကြီးဖုန်းတစ်လုံးဖြစ်သည်မှန်သော်လည်း ယခုအချိန်သည့် Galaxy S9 ထွက်ရှိတော့မည့် ဇန်န၀ါရီလဖြစ်ပါတယ်။ ထိုသို့သောအချိန်တွင် လူတွေအနေနဲ့ ယခုကဲ့သို့သောအရောင်သစ်နှင့်ဖုန်းအတွက် ငွေများသုံးပစ်မည်ထင်ပါသလား။
ထို့အပြင် Samsung အနေနဲ့ Galaxy S8 နှင့် Galaxy 7 တွင်ကဲ့သို့ပင် Galaxy 9 တွင်လည်း Galaxy 8 ထက်ပိုမိုထူးခြားသည့် ဒီဇိုင်းသစ်နှင့်ထွက်ရှိလာဖို့ရန် အစီအစဉ်မရှိပါဘူး။ ထို့ကြောင့် Galaxy S8 ဟာနောက်လအနည်းငယ်အချိန်ထိ လူများရွေးချယ်စရာစမတ်ဖုန်းတစ်လုံးအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ဦးမှာပါ။
သင့်အနေနဲ့ Rose Pink အရောင်နှင့် Galaxy S8 နှင့် S8 Plus တို့ကိုဝယ်ယူလိုပါက Samsung ၏ Online Store နှင့် သတ်မှတ်ဆိုင်များတွင်ဝယ်ယူရရှိနိုင်ပြီပဲဖြစ်ပါတယ်။
Posted on
ဖေ့စ်ဘုတ် တီထွင်သူ မက်ဇူကာဘတ် ရဲ့ လျှိုဝှက်ချက် ၄၅ ချက်
  • သူရဲ့ နာမည် အပြည့်အစုံ က Mark Elliot Zuckerberg ပါ။ May 14, 1984, White Plains မြို့၊ NewYork ပြည်နယ် မှာ ပညာတတ် မိသားစုကနေ မွေးဖွားခဲ့ပါတယ်။
  • သင်္ဘောသားဖြစ်တဲ့ အဖိုး က ဘူဂေးရီးယားလူမျိုးပါ။ သူ့မှာ ဘူဂေးရီးယန်း သွေး တစ်ဝက်ပါတယ် လို့ ဆိုနိုင်ပါတယ်။
  • ဖခင်ဖြစ်တဲ့ Edward Zuckerberg သွားဖက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးပါ။ မိခင်ကတော့ Mark, Randi,Donna, Arielle တို့လို မက်ဇူကာဘတ် ရဲ့ မွေးချင်းတွေကို မမွေးဖွားခင်တုန်းကတော့ စိတ်ရောဂါအထူးကုဆရာဝန် ပါ။ ကာရန်…လို့ ခေါ်ပါတယ်။
  • မိဘတွေဆီက နေ C++ Dummies စာအုပ်ကို လက်ဆောင်ရတဲ့အချိန်ကစပြီး ဇူကာဘတ် ဟာ ကွန်ပျူတာ ပရိုဂရမ်မင်း နည်းပညာ ကို စိတ်ဝင်စားလာခဲ့တာလို့ ပြောနိုင်ပါတယ်။ (ဖေ့စ်ဘုတ် ဟာ C++ နဲ့ PHP ၂ ခု ပေါင်းပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။)
  • မိသားစု အတွက် မိသားစုအတွင်း သုံးစွဲဖို့ ဆိုပြီး ZuckNet ဆိုတဲ့ instant messenger ကို စတင် တီထွင်ခဲ့တယ်။ အဲဒါဟာ နောက်ပိုင်းမှာ AOL ရဲ့ Instant Messenger ဖြစ်လာခဲ့တယ်။
  • အခြေခံပညာအထက်တန်း ကျောင်းတက်ခဲ့ကတည်းက ကုမ္ပဏီ ၂ ခု က သူ့ကို အပြိုင် လိုက်ခဲ့ကြတယ်။ အဲဒီ ကုမ္ပဏီကြီးတွေ က AOL နဲ့ မိုက်ကရိုဆော့ဖ် ပဲ။ ကုမ္ပဏီကြီးတွေရဲ့ ကင်းထောက်တွေက သူတို့ဆီမှာ အလုပ်လုပ် ဖို့ အရည်အသွေးရှိ လူငယ်တွေကို အပြိုင်အဆိုင် စည်းရုံးနေတဲ့ အချိန်မှာ ဇူကာဘတ် က ဒုတိယမြောက် ပရိုဂရမ်တစ်ခု ကို တီထွင်ခဲ့တယ်။ အဲဒါ က Synapse လို့ ခေါ်တဲ့ ပရိုဂရမ်ပါ။ သီချင်းနားထောင်တဲ့ အလေ့အကျင့်တွေ ပေါ်ထွက်လာဖို့ AI လို့ ခေါ်တဲ့ Artficial Intelligence ညဏ်ရည်တု သုံးစွဲ ပြီး လေ့ကျင့်ပေးမယ့် ပရိုဂရမ်ငယ်လေးပါ။
OLYMPUS DIGITAL CAMERA
  • သူရဲ့ ပရိုဂရမ် တစ်ခုကို သုံးစွဲပြီး ပြင်သစ်၊ ဟီဘရူး ၊ လက်တင်၊ ရှေးခေတ်ဂရိ တွေရဲ့ ဘာသာစကားတွေကို ရေးနိုင် ၊ ဖတ်နိုင် စွမ်းရှိတယ်။
  • အဲဒီ ဟားဗတ်တက္ကသိုလ်မှာ ရှိနေတဲ့အချိန်မှာပဲ ကျောင်းသားတွေရဲ့ Dorm-Directory ကျောင်းသားမှတ်တမ်း ၊ နေထိုင်ပုံဇယားတွေ ၊ တက်ရောက်ပုံဓါတ်ပုံတွေ၊ အသေးစိတ် စာရင်းပြုစုပြီး FaceMash ကို တီထွင်ခဲ့တယ်။
  • ဘယ်တက္ကသိုလ် က မဆို သင်တဲ့ ကျောင်းဆရာ ရဲ့ ဘယ်လိုပရိုဂရမ်မျိုးကို မဆို ရွေးချယ်လေ့လာနိုင်တဲ့ Course Match ကို ဖန်တီးခဲ့တယ်။
  • February 4 2004 မှာ Zuckerberg က ဖေ့စ်ဘုတ် ကို စတင်ကြော်ငြာခဲ့တယ်။ နာမည် က Thefacebook.com ဖြစ်ပါတယ်။ FaceMash ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ ကျောင်းနေဘက်သူငယ်ချင်းတွေ ၊ ကျောင်းသားတွေ နဲ့ ကျောင်းသားအသိုင်းအ၀ိုင်း က လူငယ်တွေအတွက် ရည်ရွယ်ပြီး ကိုယ်ရေးဖိုင်တွေ၊ဓါတ်ပုံတွေ မျှဝေ ပေးနိုင်မဲ့ ကွန်ယက်တစ်ခု အဖြစ်သာ ရည်ရွယ်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာတော့ အားလုံးအတွက် ခွင့်ပြုခဲ့တယ်။
  • ဒါပေမဲ့ ဇူကာဘတ် ဟာ တွဲဖက်တည်ထောင်သူအဖြစ်ပဲ နေပြီး သူ့အခန်းဖော်တွေ ဖြစ်တဲ့ Eduardo Saverin , Dustin Moskovitz, နဲ့ Chris Hughes တို့ကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအထဲက Saverin ဆိုရင် ကုမ္ပဏီစတင်တည်ထောင်ချင်း မှာ ဒေါ်လာ ၁၀၀၀ အထိ ရင်းနှီးမြုပ်နှံပေးခဲ့တယ်။
  • တခြား ဟားဗတ်တက္ကသိုလ်ကျောင်းသား ၃ ယောက်ဖြစ်တဲ့ Cameron Winklevoss, Tyler Winklevoss နဲ့ Divya Narenya  တို့က သူ့ကို သူခိုးလို့ စွပ်စွဲခဲ့ကြတယ်။ အရင်တုန်းက ဇူကာဘတ် က အဲဒီ ၃ ယောက် ဦးဆောင်လုပ်ခဲ့တဲ့ လူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ ConnectU အတွက်လည်း အလုပ်လုပ်ခဲ့ဖူးတယ် ။ အဲဒီ ConnectU ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ဖေ့စ်ဘုတ် နဲ့ ခပ်ဆင်ဆင်နီးပါး တူတယ်။ အဲဒီအတွက် ConnectU ရဲ့ ဦးဆောင် ၃ ယောက် က ဒေါ်လာ ၆၅သန်း ရယူလိုမှု နဲ့ ဇူကာဘတ် ကို တရားစွဲခဲ့တယ်။
  • ဇူကာဘတ် ရဲ့ ပထမဆုံး ကား က Subaru Forester SUV အမျိုးအစား ဖြစ်ပါတယ်။
  • ဖေ့စ်ဘုတ် ဟာ အပြာရောင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇူကာဘတ် ဟာ အနီရောင်နဲ့ အစိမ်းရောင် ကို မမြင်နိုင်တဲ့ ကာလာဘလိုင်း ဖြစ်နေလို့ပါ။ အပြာရောင် မျိုးကွဲအားလုံးကိုတော့ ဇူကာဘတ် က ကောင်းကောင်းမြင်တွေ့နိုင်တဲ့အတွက် အပြာရောင် ကိုသာ ရွေးချယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
  • ဇူကာဘတ် ဟာ ဘုရားမဲ့ ၀ါဒီ တစ်ယောက် ဖြစ်ပါတယ်။
  • တကယ်လို့ @[4:0] ဆိုပြီး ကွန်မန့်ဘောက်စ်မှာ ရိုက်ခဲ့မယ် ဆိုရင် ဇူကာဘတ် ရဲ့ အမည်ပေါ်ပါလိမ့်မယ်။
  • ဖေစ့်ဘုတ် မှာ ဘလော့လို့ မရနိုင်တဲ့သူ ဟာလည်း ဇူကာဘတ် တစ်ယောက် တည်း သာ ဖြစ်ပါတယ်။ (အခုနောက်ပိုင်းမှာတော့ သူ့ကို ဘလော့လို့ ရသွားပါပြီ)
  • အစောပိုင်းကာလတွေ မှာ သူသုံးခဲ့တဲ့ လိပ်စာကဒ် business card မှာ ရေးသားထားတာက အမှုဆောင်အရာရှိချုပ် (ပေါက်ပန်း #!@#$ )
  • တကယ်လို့ တစ်ယောက်ယောက် က ဗိုက်ဆာပြီ၊ အပြင်ထွက်ချင်ပြီဆိုပါစို့ .။ ဇူကာဘတ် သာ ရှိလို့ကတော့ “ အလုပ်ကို အာရုံစိုက်စမ်းပါ။ အာရုံလွှဲပစ်လိုက်။ မပြီးမချင်း ထိုင်ခုံက မထ နဲ့ ..” လို့ ပြောမှာ သေချာပါတယ်။ သူအဖွဲ့ဟာ အလုပ်အပေါ်မှာ ဇောကပ်နေတာ ပဲ မြင်ချင်ခဲ့သူတစ်ယောက်ပါ။
  • ၂၀၀၃ ခုနှစ်မှာ အခု ဇနီး ချမ်း နဲ့ ချိန်းတွေ့ခဲ့တာပါ။ ပရက်စီယာ ချမ်း က အာရှနွယ်ဖွား ဗီယက်နမ်-တရုတ်သွေး ပါသူတစ်ယောက်ပါ။
  • ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်နေ့ ချမ်းဟာ ဖေ့စ်ဘုတ် အကောင့် စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဟားဗတ်မှာ လွှင့်ပြိး တစ်ရက်ကြာပြီးအချိန်မှာပါ။
  • အင်တာဗျူးတစ်ခု မှာတော့ အချစ်စိတ်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ချမ်း က ဇူကာဘတ် ရဲ့ မျှတတဲ့ သယာဟစိတ်ဓါတ်ကို သဘောကျလို့ ရွေးချယ်ခဲ့တဲ့ အကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်။
  • October 2010 မှာ The Social Network ဆိုတဲ့ ရုပ်ရှင်ကား (ဖေ့စ်ဘုတ် တည်ထောင်ခြင်း နဲ့ ဇူကာဘတ် အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကား) ကို ရုံးထဲက အပန်းဖြေရုပ်ရှင်ရုံငယ် လေး ထဲမှာ ဇူကာဘတ် နဲ့ ၀န်ထမ်းတွေ အတူတူ ထိုင်ပြီး ကြည့်ရှုခဲ့ကြတယ်။
  • September 2010 မှာတော့ ဇူကာဘတ် က ဆေးတက္ကသိုလ်ကျောင်းသူ ချမ်းကို သူ့ငှားထားတဲ့ အိမ်မှာ လိုက်နေဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ထုံးစံအတိုင်း လိုက်မနေခင် ချမ်း က ဖေ့စ်ဘုတ် မှာ တသက်တာ ထာဝရ ဆိုပြီး Relationship Status ကို ပြင်ဆင်ခဲ့တယ်။
  • ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ ချမ်းရဲ့ မိသားစုတွေ နဲ့ မတွေ့ပေးခင် ဇူကာဘတ် ရဲ့ တာဝန် က တရုတ်ဘာသာစကား ကို ကောင်းကောင်းကြီး လေ့လာကျက်မှတ်နေရတဲ့ အလုပ်တစ်ခု ပါ။
  • ချမ်း ကို ပေးဖို့ မင်္ဂလာလက်စွပ်ကို ဇူကာဘတ် ကိုယ်တိုင် ဆွဲခဲ့တယ်။ အဲဒီ လက်စွပ်ဟာ ပတ္တမြားကို စိန်လုံး ၂ လုံး က ကိုယ်စီဝန်းရံထားတဲ့ သဏ္ဍာန်လေး ရှိတယ်။ အဲဒီအချိန်မှာ ဒေါ်လာ ၁၉ ဘီလီယံ ချမ်းသာနေပြီ ဖြစ်ပေမဲ့ သူ့လက်စွပ်ကတော့ ဒေါ်လာ ၂ သောင်းခွဲလောက်ပဲ တန်ကြေးရှိခဲ့တယ်။
  • May 19, 2012 ခုနှစ် ၊ Calif ပြည်နယ် ၊ Palo Alto အရပ်၊ နေအိမ်ရဲ့ ဥယျာဉ်မြေကွက်လပ် မှာပဲ ပကာသန မပါဘဲ ရိုးရိုးရှင်းရှင်း လက်ထပ်ခဲ့တယ်။
  • ဧည့်ခံပွဲကလေး ဟာ အရမ်းသေးငယ်ပြီး ဧည့်သည် အယောက် ၁၀၀ ကိုပဲ ဖိတ်ကြားခဲ့တယ်။ မက္ကစီကန် နဲ့ ဂျပန်အစားအစာတွေကို အသိ စားသောက်ဆိုင် ကပဲ မှာကြားပြီး ဖိတ်ကြွေးခဲ့တယ်။ ဂျပန်ရိုးရာ ဖူကီဆူရှီ နဲ့ မက္ကစီကန်အစားအစာ တွေ ဟာ ဈေးသက်သာပြီး ဈေးအကြီးဆုံး ဟင်းလျာ က မှာ ၈ ဒေါ်လာ လောက်သာ တန်ဖိုးရှိတယ်။ ပြီးတော့ ၃ ဒေါ်လာ တန် ချောကလက်မစ်ရှိတ် တိုက်ကြွေးခဲ့ပါတယ်။
  • သူ ဟာ အသက် ၃၀ နှစ်အောက် အရွယ် ပရဟိတ အလှူရှင်တွေထဲမှာ အကြီးကျယ်ဆုံး အလှူရှင် ဖြစ်မလာခင်ကတည်း က သူရဲ့ မိန်းမ ချမ်းကို ၂၀၁၄ ခုနှစ်မှာ ဖေ့စ်ဘုတ် ရဲ့ ရှယ်ယာ ဒေါ်လာ ၁၈ သန်း ဖိုး ကို လက်ဆောင်ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
  • အလုပ်ရှုပ်သက်သာအောင် နဲ့ အချိန်ကုန် သက်သာအောင် ရည်ရွယ်ပြီး ဖေ့စ်ဘုတ် အမှတ်တံဆိပ် ပါ အညိုရောင် တီရှပ်တထည် သာ နေ့တိုင်းနီးပါး ၀တ်ဆင်လေ့ရှိပါတယ်။
  • ၂၀၁၁ ခုနှစ်ကတည်း က အသီးအရွက်တွေကိုသာ စားသုံးလေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။
  • သူ့မှာ Beast လို့ ခေါ်တဲ့ ဟန်ဂေရီ သိုးထိန်းခွေးတစ်ကောင် ရှိပါတယ်။ Beast ကလည်း ခေသူတော့ မဟုတ်ချေ၊ ပရိသတ် ၁.၈ သန်း ရှိတဲ့ ဖေ့စ်ဘုတ်စာမျက်နှာပိုင်ရှင် တစ်ကောင် ဖြစ်ပါတယ်။
  • Daft Punk နဲ့ Lady Gaga တို့က သူ့အကြိုက်ဆုံး ဂီတပညာရှင်တွေပါ။
  • “Ender’s Game” ကတော့ အကြိုက်ဆုံး စာအုပ်တစ်အုပ်ပေါ့။
  • Business Insider ရဲ့ စုံစမ်းမှုတွေ အရ ဇူကာဘတ် မှာ တီဗွီ (ရုပ်မြင်သံကြား) မရှိချေ။
  • ဇူကာဘတ် ဟာ အနက်ရောင် Acura TSX ကားတစ်စီး ပိုင်ဆိုင်ထားပြီး စိတ်ချရတယ် လို့ သူ့ကား ကို အမွှန်းတင်လေ့ရှိပါတယ်။
  • သူ ဟာ Andy Samberg ကို ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်ပြီး Andy Samberg သရုပ်ဆောင်ခဲ့တဲ့ Social Network ရုပ်ရှင်အကြောင်း ကို တသသ နဲ့ ချီးမွမ်းမဆုံး ဖြစ်လေ့ရှိတယ်။
  • July 2011 မှာ ဇူကာဘတ် ဟာ Google+ တည်ထောင်တဲ့ လယ်ရီပေ့ခ်ျ တို့ ၊ ဆာ့ခ်ျဘရင်း တို့ထက် ပိုပြီး လူကြိက်များလာခဲ့ပြီး Google+ မှာ ပိုင်ရှင်နှစ်ဦးထက် ပိုပြီး follower များတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
  • အိုင်းစတိုင်း ရဲ့ နာမည်ကျော် အဆိုအမိန့်ဖြစ်တဲ့ “ဖြစ်နိုင်သမျှ ရိုးရိုးပဲ လုပ်ပါ၊ အဲဒါကပဲ ဆန်းကြယ်လာပါလိမ့်မယ်” ဆိုတဲ့ စကား ကို အကြိုက်ဆုံးပါပဲ။
  • သူငယ်ချင်းတွေက Zuck လို့ ခေါ်ပေမေဲ့ အမေဖြစ်သူက တော့ “ ကိုယ်တော်ချော” လို့ ချစ်စနိုး ခေါ်လေ့ရှိတယ်။
  • တွစ်တာ မှာ သူ့အမည် က @finkd ဖြစ်ပြီး ဖောလ်လိုဝါ  ၁ သိန်းခွဲလောက်ပဲ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်း မှာ တွစ်တာ မှာ သူ စာပို့ခဲ့တာ က ၁၉ ကြိမ်ပဲ ရှိပါတယ်။
  • သူ့နာမည် နဲ့ မူပိုင်ခွင့် အခု ၅၀ ကျော် မှတ်ပုံတင်ထားပါတယ်။
  • အခွန်ဆောင်ပြီး အသားတင် ချမ်းသာမှု က $19.8 ဘီလီယံ ရှိပါတယ်။
  • ညီအကိုမောင်နှမတွေ ရှိမယ်။ သူငယ်ချင်ေးတွ ရှိမယ်။ သူတို့တွေ ဆီက သင်ယူကြည့်ပါ။ အဲဒါ ဟာ အောင်မြင်မှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ မေးခွန်း ရဲ့ အဖြေထွက်လာစေပါမယ်။ ဒါဟာ သူရဲ့ အင်တာဗျူး ကောက်နုတ်ချက်ပါ။
  • ခေတ်ရေစီး က မြန်လွန်းပါတယ်။ စွန့်စားမှ သာ နည်းဗျူဟာ ထွက်လာမှာပါ။ နည်းဗျူဟာ ကသာ ရှုံးမလား ၊ အောင်မြင်မလား ဆိုတဲ့ အဖြေကို ပေးနိုင်မှာပါ။ ဒါကလည်း နောက်ထပ် အင်တာဗျူးး ကောက်နုတ်ချက်တစ်ခု သာ ဖြစ်ပါတယ်။
Ref : Thumblr ၊ Factside ၊ Wiki
Posted on
Mac systems နဲ့ iOS device တွေမှာ တွေ့နေရတဲ့ Meltdown နဲ့ Spectre bug များ
Zawgyi Version
Unicode Version
Apple ဟာ Intel နဲ့ အခြားသော chip ထုတ်လုပ်သူတွေရဲ့ ပရိုဆက်ဆာတွေကြောင့် ပြင်းထန်တဲ့ ကျိုးပေါက်မှုတွေဖြစ်နေတယ်လို့ အတည်ပြုလိုက်ပါတယ်။
ဒီကျိုးပေါက်မှုတွေအကြောင်းကို အများရှေ့ချပြတဲ့အချိန်မှာ Apple ဟာ Meltdown နဲ့ Spectre လို့ခေါ်တဲ့ bug တွေကြောင့် Mac နဲ့ iOS တွေမှာ ထိခိုက်မှုတွေဖြစ်နေတယ်လို့ အတည်ပြုထားပါတယ်။
“ဒီကိစ္စတွေဟာ modern processor တွေအားလုံးနဲ့ သက်ဆိုင်နေပြီးတော့ OS အားလုံးနဲ့ computing device တွေအားလုံးနီးပါးမှာ ထိခိုက်နေပါတယ်။ Mac system နဲ့ iOS ပစ္စည်းတွေအားလုံးမှာ ထိခိုက်နေပါတယ်။ ဒါပေမယ့် ဒီကျိုးပေါက်မှုတွေအားလုံးကတော့ သုံးစွဲသူတွေကို ထိခိုက်နေတာမဟုတ်ပါဘူး။ ”
Apple ဟာ သံသယဖြစ်ဖွယ် code တွေပါဝင်နေတဲ့ exploit အများစုကို ရှင်းပြခဲ့ပြီး သုံးစွဲသူတွေအနေနဲ့ ယုံကြည်ရတဲ့ App Store လိုမျိုး source တွေဆီကနေ ဒေါင်းလုတ်တွေဆွဲသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ MacOS (10.13.2) ၊ iOS (11.2) နဲ့ tvOS (11.2) တို့လို သူ့ရဲ့ ကိုယ်ပိုင် software update တွေထုတ်ပြီးတော့ ဖြေရှင်းနေပါတယ်။
Safari အတွက်ကတော့ Apple ဟာ သုံးစွဲသူတွေအနေနဲ့ software update ကို Spectre ကို တိုက်နိုင်ဖို့ ထုတ်ပေးသွားမှာမို့ စောင့်နေဖို့ ပြောခဲ့ပါတယ်။ Google နဲ့ Micorsoft ဆိုကလည်း ဒီတစ်ပတ်အစောပိုင်းမှာ အဲဒီလို ကျိုးပေါက်မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့ patch တွေ လုပ်ဆောင်နေခဲ့ပါတယ်။
Aung Phyo Oo (Myanmar Mobile App)
Posted on
OnePlus 5T ကိုအဖြူရောင် ဒီဇိုင်းနှင့်ထပ်မံမိတ်ဆက်
Zawgyi Version
Unicode Version
OnePlus က OnePlus 5T ကို နိုဝင်ဘာလမှာ launch လုပ်ခဲ့ပါတယ်။ ဒီlaunch ဟာ OnePlus 5 ထွက်ရှိအပြီး လအနည်းအကြာမှာ လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ်မြင့်မားတယ်လို့ဆိုပေမယ့် 18:9 display ၊ အနောက်ဘက်က လက်ဗွေရာစနစ်တွေလိုမျိုး သတိပြုစရာ feature တွေ ပါဝင်ပါတယ်။ OnePlus ဟာ အိန္ဒိယမှာ Star Wars 5T limited edition ကိုလည်း ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် အလားတူဖုန်းမျိုး ရောက်လာပါပြီ။ Sandstone White OnePlus 5T မှာ Star Wars brand မရှိပေမယ့်လည်း အစားထိုးအနေနဲ့ ထွက်ပေးလိုက်တယ်လို့ဆိုနိုင်ပါတယ်။
standard OnePlus 5T ကိုတော့ midnight black နဲ့သာ ရနိုင်ပြီး 6GB/64GB ၊ 8GB/128GB ဗားရှင်းတို့ကို ဒေါ်လာ ၄၉၉ ၊ ဒေါ်လာ ၅၉၉ ပေးပြီးတော့ ဝယ်နိုင်ပါတယ်။ အခုအဖြူရောင်ဗားရှင်းအသစ်ကတော့ RAM နဲ့ သိုလှောင်မှုပမာဏလည်း ပိုမြင့်မှာ ဖြစ်ပါတယ်။ 8GB RAM နဲ့ 128GB သိုလှောင်မှုကို ရနိုင်မှာပါ။ microSD card ပေါက်ကတော့ မပါဝင်ပါဘူး။
black 5T လိုပဲ အခြားအချက်အလက်တွေကတော့ အတူတူပါပဲ။ သူ့မှာ Snapdragon 835 ၊ 6-inch 1080p OLED panel ၊ 16+20MP dual camera ၊ 3,300mAh ဘတ်ထရီနဲ့ Dash Charge-enabled Type-C port တွေ ပါဝင်ပါတယ်။ software ပိုင်းမှာလည်း တထပ်တည်းပါပဲ။ Android 7.1 Nougat ဗားရှင်းရနိုင်မှာဖြစ်ပြီး တစ်လ၊ နှစ်လလောက်နေရင် Oreo update ထွက်လာမှာ ဖြစ်ပါတယ်။
OnePlus ဟာ ဈေးနှုန်းကို မြင့်မထားပါဘူး။ အကြောင်းကတော့ ဗားရှင်းကို limited အနေနဲ့ ထားလို့ပါပဲ။ ဒါကြောင့် black တုန်းကလိုပဲ ဈေးကတော့ အတူတူပါပဲ။ ယူအက်စ်မှာ ဒေါ်လာ၅၅၉ ဖြစ်ပါတယ်။ ဥရောပမှာတော့ ယူရို ၅၅၉ ၊ ယူကေမှာ ၄၄၉ပေါင်နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။
limited edition Sandstone White 5T ကို ဘာကြောင့် ဝယ်သင့်သလဲ။ ဖန်တွေအနေနဲ့ Star Wars ပုံစံကို မရနိုင်ပါဘူး။ အရှေ့ပိုင်းမှာ အနက်ရောင်အနေနဲ့ရှိနေတုန်းပါပဲ။ ဒါပေမယ့်အနောက်မှာတော့ အဖြူပေါ်မှာ OnePlus logo အနက်ရောင်လေးနဲ့ လှပအောင် လုပ်ဆောင်ထားပါတယ်။ ခလုတ်နဲ့ ဆင်းကဒ်ပေါက်တွေကလည်း အနက်ရောင်ပါပဲ။ အဲဒါကိုက ချစ်စရာကောင်းပါတယ်။ ဒီအရာလေးက သေးသေးလေးဖြစ်နေပေမယ့်လည်း ဒီဖုန်းမှာ ကျွန်တော်အကြိုက်ဆုံးအရာတစ်ခု ဖြစ်နေလို့ပါပဲ။ အရမ်းကို ခေတ်မီလှပတဲ့ပုံစံ ဖြစ်နေပါတယ်။
OnePlus ကတော့ အဖြူရောင် 5T ဟာ အလူမီနီယမ်ဖရိန်ကို အသုံးပြုထားဆဲဖြစ်ပြီး white finish ကိုလည်း အဆင့်ပေါင်းများစွာဖြတ်သန်းပြီး လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ မျက်နှာပြင်ကိုတော့ သဘာဝသတ္ထုတွေနဲ့ အဖြူရောင်ဆီဆေးကို ပေါင်းစပ်ပြီးတော့ သုတ်လိမ်းထားတာပါ။ ဒါကြောင့်လည်း sandstone ရဲ့ သွင်ပြင်က အရမ်းမိုက်နေတာ ဖြစ်ပါတယ်။ နောက်ထပ် UV ကာကွယ်ထားတဲ့အလွှာကိုလည်း ပေါင်းထည့်ထားပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဖုန်းတစ်လုံးကို ၇၅မိနစ်လောက် အချိန်ယူရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီဖုန်းကို ဈေးကြီးသွားစေတာပါ။
Sandstone White 5T ဟာ သတ္ထုကိုယ်ထည်အသုံးပြုထားတဲ့ အနက်ရောင်ဗားရှင်းထက် ချောနေတာမျိုးကို နည်းပါးစေပါတယ်။ အဖြူရောင်ဖြစ်ပြီးတော့ အနည်းငယ်ကြမ်းတမ်းတာကြောင့် အနက်ရောင်ထက်တော့ ဖုန်မှုန့်တွေ ကပ်ငြိနိုင်ပါတယ်။ ဒီဖုန်းနဲ့ original “Silk White” OnePlus One ကြားမှာ လွန်ဆွဲနေရပါတယ်။ ဒါပေမယ့် OnePlus One မသုံးဖူးတာကြောင့် ဘယ်လိုဖြစ်မလဲဆိုတာ မပြောတတ်ပါဘူး။ ဒါပေမယ့်လည်း Silk White OPO အသုံးပြုဖူးတဲ့သူတွေကတော့ အတူတူလောက်ပဲလို့ ပြောပါတယ်။
black 5T ကတော့ အလူမီနီယမ်ကို အသုံးပြုထားပါတယ်။ ဒီလိုကိစ္စမျိုးတွေ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ အလူမီနီယမ်အနားသတ်ထားမှုကတော့ အရမ်းကို ချောမွေ့ပြေပြစ်ပါတယ်။ black sandstone ဆိုရင်တော့ ပိုကောင်းမယ်လို့ မျှော်လင့်မိပါတယ်။ Sandstone White နဲ့ ပတ်သတ်တဲ့အပိုဆုကတော့ fingerprint sensor ဟာ အခြားပါဝင်နေတဲ့ ပစ္စည်းတွေထက် ပိုပြီးတော့ ထင်ရှားနေတာ ဖြစ်ပါတယ်။
Sandstone White 5T ကို ဇန်နဝါရီ ၉ ရက်နေ့မှာ OnePlus စတိုးမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ အဲဒီဖုန်းကိုတော့ limited လုပ်ထားတယ်ဆိုပေမယ့် အရေအတွက်ဘယ်လောက်ရှိသလဲဆိုတာ မသိရသေးပါဘူး။ 5T လိုချင်တယ်ဆိုရင်တော့ ဝယ်သင့်တဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အနက်ရောင်ထက် ပိုသားနားပြီးတော့ ချော်တာလည်း သိပ်မရှိတော့ပါဘူး။ ဒါကတော့ အတော်လေးကောင်းမွန်တဲ့အချက်တစ်ခုပါ။
Aung Phyo Oo (Myanmar  Mobile App)
Posted on
MPT, Telenor , Ooredoo တွေကို ဖုန်းဘေလ် မကုန်အောင် ဘယ်လိုသုံးမလဲ
သိပ်မကြာခင် အချိန်မှာ မြန်မာနိုင်ငံကို စတုတ္ထမြောက် အော်ပရေတာလို့ ဆိုလို့ရနိုင်တဲ့ Vietel ၀င်ရောက်လာပါတော့မယ်။  အခု အချိန်မှာတော့  MyanTel Holding အဖြစ် အမည်ပြောင်းလိုက်ပြီ ဖြစ်တဲ့ MyanTel အကြောင်း ကို နောက်ပိုင်းမှာ ထူးထူးခြားခြား ရေးသားတက်ဆက်ပေးသွားပါမယ်။
အခု လက်ရှိအချိန်အထိတော့ ဖုန်း အော်ပရေတာ ၃ ခု ရှိနေပြီး သူတို့ ၃ ခု စလုံးကလည်း အင်တာနက်ကို အကောင်းဆုံး နဲ့ ဈေးအသက်သာဆုံး ဖြစ်အောင် သူ့နည်း၊ သူ့ဟန် နဲ့ ကြိုးစားလျက်ရှိပါတယ်။
(၁)  MPT နဲ့ သက်သာစွာ အင်တာနက်သုံးနည်း
  • သောကြာနေ့မှာ MPTနဲ့ ဖုန်းဘေလ်ဖြည့်ရင် weekend bonus ရပါတယ်..
  • တစ်သောင်းတန် ကဒ်ဖြည့်ရင် 420MB bonus ရပါတယ် ..
  • e-topup နဲ့ဆိုရင်တော့ တစ်သောင်းဖြည့်ရင် 800MB တောင်ရပါတယ် ..
  • Bonus ကို တနင်္ဂနွေနေ့ ည ၁၂နာရီထိသုံးလို့ရပါတယ် ..
  • အဲဒါ ကုန်သွားပါက *700#ကို ဖုန်းခေါ်ပြီး monthly data pack 1G
    ကို ၂၉၉၉ကျပ်နဲ့ ဝယ်လိုက်ရင် Facebook , Wechat , viber , youtube , Pyone play စတာတွေအတွက် 1000MB အပိုရပြန်ပါတယ်။ အဲ့ဒါက HD download တွေ မလုပ်တဲ့ သာမန်user တွေအနေနဲ့ တနေ့ ၁၂နာရီလောက် လိုင်းဆက်တိုက်သုံးရင်တောင် ၁၅ရက်လောက် သုံးရပါတယ်။
  • အဲဒါ ကုန်သွားရင် ထပ်ပြီး 1GB ဝယ်ပါ .. ဒါမှမဟုတ် သောကြာနေ့စောင့်ပြီး ဘေလ်ဖြည့် bonus နဲ့ စနေတနင်္ဂနွေသုံးပါ။
  • တနင်္လာနေ့မနက်ရောက်မှ monthly plan တစ်ခုခု ထပ်ဝယ်ပါ …
  • ဖုန်းကိုတော့ 4G/LTE mode မှာ မထားမှ ဘေလ်စားသက်သာမှာကိုတော့ မမေ့ပါနဲ့။
  • အဲဒါ ထက် သက်သာချင်ရင်တော့ Facebook ကို mpt free data နဲ့သာ သုံးပါ …
(၂) တယ်လီနော နဲ့ သက်သာစွာ အင်တာနက်သုံးနည်း
  • Data Suboo –
  • 500 MB – 799 ကျပ် ( အချိန်ကန့်သတ်ချက်မရှိ)
  • 14GB –  17999 ကျပ် ( အချိန်ကန့်သတ်ချက်မရှိ)
  • အပတ်စဉ်သုံး 1000MB (499 ကျပ်) – *707#
  • ဇီးကွက် 1MB = 1Kyat (ည ၁၁း၀၀ နာရီ မှ မနက် ၇း၀၀)
    ဇီးကွက် ဟာ အခု စာရေးနေတဲ့ ဇန်န၀ါရီ ၁ ရက်နေ့ ၊ ၂၀၁၈ ခုနှစ်အထိ သုံးစွဲလို့ရသေးပြီး *979*2*3*4# ကို ခေါ်ဆိုပြီး Package အကြီးတွေပါ ၀ယ်ယူလို့ရပါတယ်။
(၃) အော်ရီဒူးနဲ့ သက်သာစွာ အင်တာနက်သုံးနည်း …
  • သောကြာနေ့ Easy Top Up နဲ့ငွေဖြည့်ပြီး သောကြာနေ့တိုင်းမှာ ၅၀% အပိုလက်ဆောင်ရယူပါ။ သောကြာနေ့တိုင်းမှာ Easy Top Up အသုံးပြုပြီး ဖုန်းငွေ ၁,၀၀၀ မှ ကျပ်မှ ၂,၉၉၉ ကျပ် ဖြည့်သွင်းပါက ဖုန်းငွေပမာဏရဲ့ ၁၅% ကို ငွေဖြည့်အပိုလက်ဆောင်ရရှိမှာဖြစ်ပြီး ဖုန်းငွေ ၃,၀၀၀ ကျပ်မှ ၄,၉၉၉ ကျပ်အတွင်း ဖြည့်သွင်းပါက ၃၀% အပိုလက်ဆောင်နဲ့ ဖုန်းငွေ ၅,၀၀၀ ကျပ်နှင့်အထက်ဖြည့်သွင်းပါက ၅၀% အပိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။
  • ဖုန်းငွေ တစ်ခါဖြည့် တခြား ၀န်ဆာင်မှု အားလုံး Free – *4444#
  • ၂၄၉ ကျပ် – အူရီဒူးအချင်းချင်း တစ်နေကုန် ပြော *150#
  • iFlix – ၆လ လစဉ်ကြေးပေးစရာမလို တစ်လကို 1GB နဲ့ ၆ လ –  *600#
မှတ်ချက်။ ။
(၁) Service တိုင်းမှာ အပြောင်းအလဲ ရှိနိုင်တဲ့အတွက် အခု ပြောပြထားတဲ့ တချို့ အစီအစဉ်တွေဟာ တစ်ခါတလေ ကိုယ်သုံးလိုက်ချိန်မှ မရနိုင်တာတွေ ရှိနိုင်ပါတယ်။ အဲဒီအတွက် နားလည်ပေးဖို့ မျှော်လင့်ထားပြီး နောက်ပိုင်းမှာ အော်ပရေတာတွေရဲ့  ဆားဗစ်မှန်သမျှကို Myanmar Mobile App Website/App/Facebook တွေကနေ ပုံမှန် တင်ဆက်ဖော်ပြပေးသွားမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပေးလိုက်ပါရစေ။
(၂) ဒီဆောင်းပါးမှာ မပါဝင်သေးဘဲ သုံးစွဲသူ ကိုယ်တိုင် ဖြစ်ဖြစ်၊ တခြားသူ ပြောထားလို့ ကိုယ်သိထားတဲ့ Service ကလေးတွေ ရှိခဲ့ရင်ဖြစ်ဖြစ် Myanmar Mobile App ဖေ့စ်ဘုတ် ပေ့ခ်ျကနေ တဆင့် အီးမေးလ် ပေးပို့ရေးသားနိုင်ပါတယ် ။
Ref : Telenor Myanmar / MPT / ooredoo myanmar/Hlaing Htae Htar FacebookIP Carrier
Posted on
အံ့ဖွယ် ကိုယ်တိုင်လုပ်စက်ရုပ် ၁၁ ရုပ်
        ဒါဟာ ၂၁ရာစုနှစ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာစက်ရုပ်များနှင့်ရင်းနှီးကျွမ်းဝင်ပြီးသားပါပဲ။ ခေတ်လွန်သိပ္ပံ ဇာတ်ကားများဟာ ကျွန်တော်တို့အိမ်နှင့်အလုပ်များတွင် စက်ရုပ်အစေခံများကိုလူ့အလုပ်တာဝန်များကို ခိုင်းစေပြီး ကျွန်ုပ်တို့ကတော့ ရုပ်ပြစာအုပ်များဖတ်ရှုခြင်း ဗီဒီယိုဂိမ်းများကစားခြင်းဖြင့် လူ့စည်းစိမ်ကိုခံစားပျော်ပါစေနိုင်ပြီ ဟုတွေးထင်လာစေပါတယ်။ သို့သော် စီးပွားဖြစ်စက်ရုပ်များကတော့ အခုထိထွက်ရှိလာခြင်းမရှိသေးပါဘူး။
ဒါကြောင့် ယာယီစက်ရုပ်များလောက်နှင့်ကျေနပ်မနေဘဲ ကိုယ်ပိုင်လက်ထောက်စက်ရုပ်တီထွင်ခဲ့သူ ၁၁ဦးနှင့် မိတ်ဆက်ပေးချင်ပါတယ်။ အောက်ဖော်ပြပါ စက်ရုပ်များကတော့ အလန်းဆုံးနှင့်အံ့သြစရာအကောင်းဆုံး ကိုယ်တိုင်လုပ်စက်ရုပ်များပဲဖြစ်ပါတယ်။
Loki
        ယခုဖော်ပြမည့် ကိုယ်တိုင်လုပ်စက်ရုပ်များဟာ ထိန်းချုပ်မရမဖြစ်ခင်ကတော့ ၀ါသနာအရစတင်ပြုလုပ်ခဲ့သည့် ပရောဂျက်လေးများသာဖြစ်ပါတယ်။ David Shinel ၏ Loki လေးကတော့ သဘာဝလူ့လောကကြီးကို အဆုံးသတ်ပစ်ဖို့ ရည်ရွယ်သည့် အန္တရာယ်ရှိဥာဏ်ရည်မြင့်စက်ရုပ်လေးတော့မဟုတ်ပါဘူး။ ဒီစက်ရုပ်လေးကို အလူမီနီယံကိုယ်ထည်ဖြင့်တည်ဆောက်ထားပြီး ၄ပေမြင့်ရှိကာ ပေါင်၄၀အလေးချိန်ရှိပါတယ်။ လက်ချောင်းသုံးချောင်းပါသည့် လက်တစ်စုံပါရှိပြီး ဘက်စုံလှုပ်ရှားနိုင်သည့်လက်မောင်းတံပါဝင်ကာ  CD ချပ်များအား သတ်မှတ်ရန်၊ ပိုက်ဆံရေတွက်ရန် ၊ အသံဖြင့်အမိန့်ပေးခိုင်းစေမှုများကိုတုံပြန်ရန် နှင့်သံလိုက်အိမ်မြှောင်၊ မြေပုံနှင့် အကွာအဝေးပြမီတာလေးကိုအသုံးပြုပြီး အိမ်သို့လမ်းညွှန်နိုင်စေရန်အတွက် Facial Recognition နှင့် Color Recognition Software အားအသုံးပြုထားပါတယ်။
Bum-Bot
        အိမ်ခြံမြေဈေးနှုန်းများကြီးမြင့်လာခြင်းနှင့်  ဆေးဝါးသုံးစွဲမှုများကြောင့် လူ့အလုပ်လုပ်နိုင်စွမ်းများ လျော့ကျလာခြင်းတို့ကြောင့် အိမ်ခြေရာမဲ့ပြဿနာသည် လက်ရှိမြို့တော်တော်များများတွင် ကြုံတွေ့နေရသည့် ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာရှုပ်ထွေးလှသော်လည်း အတ္တလန်တာအသားကင်စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သူ Rufu Terrill ကတော့ နည်းလမ်းတစ်ခုရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့စက်ရုပ်ပါပဲ။ အဆိုပါ ဘီးသုံးလုံးတပ်စက်ရုပ်လေးကို အဝေးမှထိန်းချုပ်နိုင်မှာဖြစ်ပြီး အသားကင်စက်ဖြင့်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထိုစက်ရုပ်တွင် ကင်မရာတစ်လုံး၊ စပီကာတစ်လုံး၊ နှင့် Rufu တစ်ယောက်သူ့ရဲ့ဆိုင်ကားပါကင်တွင် ညဖက် မှောင်အားကိုးဖြင့် မလိုလားအပ်သည့်ကိစ္စများကိုဖော်ထုတ်ဖမ်းဆီးနိုင်စေရန် ထည့်သွင်းထားသည့် မီးသီးများ ပါရှိပါတယ်။ ထိုအိမ်ခြေရာမဲ့များပြန်လည်ခုခံပါက ရှေ့တွင်တပ်ဆင်ထားသည့် ရေအမြှောက်ကြီးမှ အေးစက်စက်အရည်များပန်းထွက်လာမှာပဲဖြစ်ပါတယ်။
BlessU-2
        စက်ရုပ်များနှင့် ဘာသာရေးဟာ ယှဉ်တွဲနေသည့်အရာမျိုးတော့မဟုတ်ပါဘူး။ သို့သော် ဂျာမနီနိုင်ငံမှ ခရစ်ယာန်ဂိုဏ်းဝင်အုပ်စုတစ်စုကတော့ ထိုသို့ခွဲခြားထားမှုကို လူသားစက်ရုပ်တစ်ရုပ်နှင့်အတူ ပယ်ဖျက်ဖို့ ကြိုးစားနေကြပါတယ်။ BlessU-2 ကိုခရစ်ယာန်ဂိုဏ်းများပြန်လည်တည်ဆောက်ခြင်း နှစ်၅၀၀ပြည့်နှစ်ပတ်လည်အတွက် ဂုဏ်ပြုတည်ဆောက်ထားခြင်းဖြစ်ပြီး ကောင်းချီးပေးခြင်း၏အဓိပ္ပာယ်ကို လူအများသိရန်အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ ထိုစက်ရုပ်လေးဟာ ဘာသာစကားများစွာကို အမျိုးသားအသံနှင့်ရော အမျိုးသမီးအသံဖြင့်ပါပြောဆိုနိုင်ပြီး ကြိုတင်ထည့်သွင်းပေးထားသည့် ဆုတောင်းစာများကို ရွတ်ဆိုနိုင်ပါတယ်။ ဒီစက်ရုပ်လေးကိုတော့ လူသားဘုန်းကြီးနေရာများကိုအစားထိုးလာမည်ဟု မမြင်မိပါဘူး။
လံချားဆွဲစက်ရုပ်လေး
        တရုတ်လယ်သမားကြီး Wu Yulu ဟာကမ္ဘာ့အကျိုးအရှိဆုံးကိုယ်တိုင်လုပ်စက်ရုပ်တီထွင်သူပဲဖြစ်ပါလိမ့်မယ်။ ဘေဂျင်းမြို့ပြင်ရှိသူ့ရဲ့အိမ်လေးမှနေပြီး ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်ချက်တစ်ခုစီလုပ်နိုင်သည့် ချစ်စရာစက်ရုပ်လေးများကို စွန့်ပစ်ပစ္စည်းများမှဖန်တီးပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ပထမဦးဆုံးသော ဖန်တီးမှုကတော့ သူ့ကိုလယ်ကွင်းတ၀ိုက်စမတ်ကျကျသယ်ယူပို့ဆောင်ပေးမည့်လံချားဆွဲ စက်ရုပ်လေးပဲဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး စက်ရုပ်ပေါင်းများစွာကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ အခြားစက်ရုပ်လေးတစ်ရုပ်ကတော့ သူ့အတွက်လက်ဖက်ရည်ငှဲ့ပေးခြင်း၊ စီးကရက်မီးညှိပေးခြင်းကဲ့သို့သော လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ဒီလိုတီထွင်ဖန်တီးမှုဟာ အထိအခိုက်မရှိဘဲ ဖန်တီးနိုင်ခဲ့တာမဟုတ်ပါဘူး။ တစ်ကြိမ်တွင် ဘတ္တရီတစ်လုံး ပေါက်ကွဲသွားဖြစ်ဖြင့် သူ့မျက်နှာအကြီးအကျယ်ဒဏ်ရာရခဲ့ဖူးပြီး နောက်ထပ်တစ်ကြိမ်မှာတော့ သူ့အိမ်ပါ မီးလောင်ပြာကျသွားခဲ့ရပါတယ်။ သို့သော်လည်း သူကတော့ မိတ်ဆွေသစ်တွေ ၊ အိမ်အကူသစ်တွေကို ဆက်လက်ဖန်တီးတီထွင်နေဆဲပါ။
MX-Phoenix
        ယခုဆောင်းပါးတွင်ပါရှိသည့် စက်ရုပ်အများစုတွင် အပျော်တန်းတည်ဆောက်ပုံအသွင်အပြင်များကို တွေ့ရသော်လည်း MX-Phoenix ကတော့ နော်ဝေးမှကားဂိုဒေါင်တစ်ခုမှမဟုတ်ဘဲ စမ်းသပ်ခန်းတစ်ခုမှ တီထွင်လိုက်သည့် ခေတ်မှီအသွင်အပြင်မျိုးနဲ့ ထွက်ရှိလာတာပါ။ တီထွင်သူ Kare Halvorsen ဟာအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သူ့ရဲ့အားလပ်ချိန်ရက်သတ္တပတ်များကို စက်ရုပ်များတည်ဆောက်ရင်းကုန်ဆုံးလေ့ရှိပါတယ်။ MX-Phoenix ကိုကြမ်းတမ်းလှသည့်မြေမျက်နှာပြင်များတွင် လွယ်ကူစွာသွားလာနိုင်သည့် ခြေရှစ်ချောင်းတပ်စက်ရုပ် အဖြစ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ တည်ဆောက်ရာတွင် 3D-Printed ပလပ်စတစ်အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားတာဖြစ်ပြီး အလွန်လန်းသည့်စက်ရုပ်တစ်ခုခုအဖြစ် ဆက်လက်အဆင့်မြှင့်တင်နိုင်မည့် ကြောက်စရာတွားသွားစက်ရုပ်လေးပဲဖြစ်ပါတယ်။
Scrapbot
        ယခုစာရင်းတွင်ပါဝင်သည့် တရုတ်နိုင်ငံမှအကောင်းဆုံးအိမ်လုပ်စက်ရုပ်လေးတစ်ခုကိုပြောပြချင်ပါတယ်။ တီထွင်သူ Tao Xiangli သည် အမြင့်၆ပေရှိပြီး ပေါင်၅၀၀ခန့်အလေးချိန်ရှိသည့် သူ့ရဲ့အဖော်စက်ရုပ်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ ထိုသို့ကြီးမားလှသည့်လူ့ဖန်တီးမှုတစ်ရပ်သည် သူ့ရဲ့လည်ပင်းကိုလှည့်ပြနိုင်ပြီး ကိုယ်ထည်အတွင်းတပ်ဆင်ထားသည့်များစွာသောခလုတ်များထဲမှ တစ်ခုပြောင်းလဲမှုနှင့်အတူ သူ့ရဲ့လက်မောင်းကိုလည်း လှုပ်ရှားနိုင်ပါသေးတယ်။ ထို့အပြင် IR Beaming မှတဆင့်အမိန့်ပေးမှုများကိုလည်း တုံပြန်နိုင်စွမ်းရှိပါတယ်။ Tao ၏စက်ရုပ်ကြီးဟာ သူ့ကိုယ်တိုင်လှုပ်ရှားနိုင်ခြင်းတာကြောင့် မည်သည့်အန္တရာယ်ကိုမှ စိုးရိမ်စရာမရှိပါဘူး။
Laser Eye Blaster
        Science Fiction စာရေးစရာတစ်ဦးဖြစ်သည့် Asimov ၏ပထမဆုံးဥပဒေသအရ မည်သည့်စက်ရုပ်ကမှ လူသားများကိုအန္တရာမယ်မပြုရဟုဆိုထားပါတယ်။ သို့သော်လည်း အဆိုပါဥပဒေသမှာ ချိုးဖောက်ခံရဖို့ရှိနေပါတယ်။ Arizona College မှ ၁၉နှစ်အရွယ်ကျောင်းသား Micheal Reeves ဟာပြီးခဲ့တဲ့ဧပြီလတွင်းကပဲ လူပြောသူပြော များစေသည့်စက်ရုပ်တစ်ရုပ်ကိုတီထွင်ခဲ့ပါတယ်။ အဆိုပါစက်ရုပ်ဟာ အခန်းတစ်ခုတွင်းမှ သူ့မျက်နှာကိုရှာဖွေ စစ်ဆေးမှာဖြစ်ပြီး ရှာဖွေတွေ့ရှိသွားပါက သူ့မျက်လုံးကိုး စွမ်းအားနှိမ့် Laser လေးနှင့်ပစ်မှာပဲဖြစ်ပါတယ်။ Servo Motor တစ်စုံ၊ Data baseနှင့်ချိတ်ဆက်ထားသည့် Webcam တစ်လုံးတို့နှင့်ပြုလုပ်ထားပြီး ပီဇာဘူးလေးတစ်ဘူးထဲ ထည့်ထားတဲ့စက်ရုပ်ဖြစ်ပါတယ်။ မိမိကိုမုန်းတီးစေမည့်အရာတစ်ခုကို ဘာကြောင့်တီထွင်ရသည့်အကြောင်းအရင်း အတွက် Reeves တွင်ရေရာသည့်အဖြေရှိပုံမပေါ်ပါဘူး။
မီးခံသေတ္တာဖောက်ထွင်းစက်ရုပ်
         မကောင်းတာတွေကိုပြုလုပ်ဖို့ရန်အတွက်တီထွင်ထားသည့် စက်ရုပ်များအကြောင်းဆက်ပြောရအောင်ပါ။ လျို့ဝှက်နံပါတ်မသိရသည့် မီးခံသေတ္တာတစ်လုံး အင်ဂျင်နီယာတစ်ယောက်ဖြစ်သူ Nathan Seidle တစ်ယောက်၏ လက်ဝယ်ရောက်ရှိလာခဲ့တဲ့အခါမှာတော့ ထိုလျို့ဝှက်ကုတ်ကိုဖော်ထုတ်နိုင်ရင် စက်ရုပ်တစ်ရုပ်တည်ဆောက် ပါတော့တယ်။ ထိုစက်ရုပ်ဟာ အလိုအလျောက်လုပ်ဆောင်နိုင်မည့် 3D-Printed စက်ပစ္စည်းတစ်ခုဖြစ်ပြီး ပျမ်းမျှ ၃၆မိနစ်အတွင်း မီးခံသေတ္တာတစ်လုံးကို အေးအေးဆေးဆေး လျို့ဝှက်နံပါတ်ဖော်နိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါစက်ပစ္စည်းဟာ လျို့ဝှက်ကုတ်ဖော်သည့်ဂိမ်းမှာ ဂိမ်းသက်သက်မဟုတ်တော့ကြောင်း သက်သေပြလိုက်တာပါပဲ။ ထိုကဲ့သို့စက်ရုပ်တစ်ရုပ်မှမည်သည့်လျို့ဝှက်ကုတ်ကိုမဆို ဖောက်ထွင်းနိုင်ပြီ ဆိုသည့်အတွက်ကြောင့် မီးခံသေတ္တာထုတ်လုပ်သူတွေအနေနဲ့ အကြံဥာဏ်သစ်တွေစဉ်းစားရတော့မှာပဲ ဖြစ်ပါတယ်။
The Bear Electrocutioner
Aiko
        အချို့သောစက်ရုပ်တီထွင်သူများက လူသားများရဲ့နေ့စဉ်ဘ၀တွေကို ပိုမိုအဆင်ပြေချောမွေ့စေရန် တီထွင်နေစဉ်မှာပဲ အခြားသူများကတော့  မတူညီသည့်ရည်ရွယ်ချက်များဖြင့် စက်ရုပ်တည်ဆောက်နေကြပါတယ်။ အဖော်မွန်ရှိစေဖို့ပဲဖြစ်ပါတယ်။ ဂျပန်ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ဖြစ်သူ Le Trung ဟာမိဘများနှင့်အတူ နေထိုင်ပြီး အချစ်နှင့်ပတ်သက်လာလျင်အမြဲကံဆိုးရှာသူဖြစ်ပါတယ်။ ထို့ကြောင့် ဒေါ်လာ၂၀၀၀၀ခန့်ကုန်ကျခံပြီး မှတ်ဥာဏ်တုနည်းပညာနှင့် အမျိုးသမီးစက်ရုပ်လေး Aiko ကိုတီထွင်ခဲ့ပါတယ်။ အဆိုပါစက်ရုပ်လေးတစ်ကိုယ်လုံးအား အာရုံခံပစ္စည်းများစွာတပ်ဆင်ထားပြီး အင်္ဂလိပ်/ဂျပန် ဘာသာစကားနှစ်မျိုးပြောဆိုနိုင်ပါတယ်။ သို့သော်လမ်းတော့ မလျှောက်နိုင်ပါဘူး။ Trung အနေနဲ့ထိုအတွက်ဆက်လက်ကြိုးစားလျက်ရှိပြီး မကြာခင်မှာသူ့အတွက်အကောင်းဆုံး အမျိုးသမီးဖြစ်လာဖို့မျှော်လင့်ထားပါတယ်။
စက်ရုပ်များဖြင့်ကခုန်ခြင်း
        တီးဝိုင်းတစ်ခုရေရှည်တည်မြဲနေစေရန်မလွယ်ကူလှပါဘူး။ မာနအတ္တအားပြိုင်မှုတွေ၊ အရည်အချင်းပြောင်းလဲမှုတွေနှင့် ၀င်ငွေကလည်း သိပ်မကောင်းလို့ပါပဲ။ ထို့ကြောင့် ၁၉၉၆ခုနှစ်တွင် Jay Vance သည် ထိုအရာအားလုံးကိုလက်လွှတ်လိုက်ပြီး ကိုယ်ပိုင်ဂီတပညာရှင်များဖန်တီးရန်စတင် လုပ်ဆောင်ပါတော့တယ်။ ဆယ်စုနှစ်၂စုကြာသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့စက်ရုပ်တွေနဲ့အတူ ရလဒ်တစ်ခုထွက်လာပါတယ်။ သားရေမျက်နှာဖုံးတစ်ခုကိုဝတ်ဆင်လျက် သူ့ရဲ့နောက် အလိုအလျောက်ဒရမ်တီးစက်တွေ ဘေ့စ်ဂီတာတီးစက်တွေနဲ့ အခြားသောအသံပေါင်းစုံပြုလုပ်သည့်စက်များနှင့်အတူ Vance တစ်ယောက် ဂီတာစတီးတော့ပါပဲ။ သူ့ရဲ့တီထွင်မှုဟာပရမ်းပတာနိုင်ရုံသာမက အလွန်လည်းထိတ်လန့်စရာကောင်းလှပါတယ်။
Posted on
ခေတ်သစ်နည်းပညာတွေရဲ့ သမိုင်းဦး အစ ပုံရိပ်များ
နည်းပညာဟာ ယနေ့ခေတ်မှာ လျင်မြန်စွာ တိုးတက်နေပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က ရခဲ့တဲ့ တချို့နေ့စဉ်အရာဝတ္ထုတွေရဲ့ မူလဗားရှင်းကို ကျွန်တော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့မျက်စိကိုတောင် ယုံနိုင်ဖို့ ခက်ခဲပါတယ်။ ဒီမူရင်းပစ္စည်းတွေဟာ ရိုးရှင်းပုံ ရယ်ရပုံ ကိုးရိုးကားရားပုံ ပေါ်ချင်ပေါ်နေမှာပါ။ ဒါပေမဲ့ သူတို့ကပဲ အနာဂတ်က နည်းပညာတွေဖြစ်လာဖို့လမ်းကြောင်းစခဲ့တာပါ။
ကျွန်တော်တို့က ပစ္စည်းဘယ်နှမျိုးလောက်က အတိတ်ကလို တူနေလဲဆိုတာနဲ့ လက်ရှိရှိနေတဲ့ပစ္စည်းတွေနဲ့ ယှဉ်ကြည့်ဖို့ ရှားပါးဓာတ်ပုံတချို့ကို တင်ပေးလိုက်ပါတယ်။
၁။ ရေချိုးဝတ်စုံ
ရှေးကျတဲ့ပန်းချီမှာ ပြထားသလို ဂရိနဲ့ ရောမရေချိုးအိမ်က အမျိုးသမီးတွေဟာ ဘီကနီလို ဝတ်စုံတွေကို ဝတ်ခဲ့ကြပေမဲ့ ၁၈ နဲ့ ၁၉ ရာစုလောက်က အဂ်လန်ကအမျိုးသမီးတွေကတော့သူတို့အသားဖြူတာကိုထိန်းသိမ်းထားဖို့နဲ့ လိင်မှုရေးရာလုံခြုံစေဖို့အတွက် ရေကူးဖို့အသားကပ်ဘောင်းဘီတွေဝတ်သလိုပဲ ရေချိုးတဲ့ ခြေကျင်းဝတ်ဖုံးလက်ရှည်ဂါဝန်တွေကို ဝတ်ခဲ့ကြပါတယ်။
အခုခေတ်မှာတော့ ရေကူးဝတ်စုံတွေဟာ ပိုသေးလာရုံသာမက ပိုပြီးအသုံးတည့်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာ နယူးရော့ခ်ဒီဇိုင်နာ Andrew Schneider ဟာ photovoltaicstrips နဲ့တွဲထားတဲ့ ဆိုလာဘီကနီတစ်ထည်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဘီကနီဟာ သင်ရေကူးပြီးချိန်မှာ သင့်ဖုန်းကိုအားသွင်းနိုင်ပါတယ်။
၂။ ကွန်ပြူတာမောက်စ်
ပထမဆုံးကွန်ပြူတာမောက်စ်ကို Douglas Engelbart က ၁၉၆၀ ခုနှစ်တွေမှာ တီထွင်ခဲ့ပြီး X-Y Position Indicator for a Display System လို့အမည်ပေးခဲ့ပါတယ်။ မောက်စ်ဟာ လေးထောင့်ပုံဖြစ်ပြီး သစ်သားနဲ့ပြုလုပ်ထားတာပါ။ R.A.T.7 လိုမျိုး ခေတ်သစ်ဂိမ်းကစားတဲ့မောက်စ်ဟာ သတ္တုကို အခြေခံပြီး လုပ်ထားတယ်။ USBချိတ်ထားတယ်။ အဆင်ပြေသလို အလျားနဲ့ အလေးချိန်ကို ညှိလို့ရနိုင်တယ်။
၃။ ကလေးလက်တွန်းလှည်း
ပထမဆုံးကလေးတွန်းလှည်းကို ၁၇၃၃ ခုနှစ်မှာ William Kent ကတီထွင်ခဲ့ပါတယ်။ ဆိတ်တစ်ကောင် သို့မဟုတ် ခွေး သို့မဟုတ် မြင်းနဲ့ဆွဲဖို့ ဒီဇိုင်းလုပ်ထားခဲ့တာပါ။ ၁၉ ရာစုလောက်မှာCharles Burton က perambulator လို့ခေါ်တဲ့ ဘီး ၃ ဘီးနဲ့တွန်းတဲ့ဒီဇိုင်းကို ပထမဆုံးတီထွင်ခဲ့ပါတယ်။ ကလေးလက်တွန်းလှည်းတွေဟာ ချမ်းသာတဲ့သူတွေအတွက် စိတ်တိုင်းကျလုပ်ထားတဲ့ လူကြိုက်များပြီး တန်ဆာဆင်ထားတဲ့ ဇိမ်ခံပစ္စည်းမျိုး လျင်လျင်မြန်မြန် ဖြစ်လာပါတယ်။
၎။ ဖုန်စုပ်စက်
Puffing Billy လို့ခေါ်တဲ့ ပထမဆုံးဖုန်စုပ်စက်ကို ၁၉၀၁ ခုနှစ်မှာ Hubert Cecil Booth ကစတင်မိတ်ဆက်ခဲ့တာပါ။ သူ့ကိုဆီအင်ဂျင်နဲ့ ပါဝါပေးထားပြီး သယ်ယူပို့ဆောင်ရေးအတွက်မြင်းကတဲ့ရထားတစ်ခုလိုအပ်ပါတယ်။ ၁၉၀၆ ခုနှစ်မှာ မြင်းကောင်ရေတစ်ကောင်အားမော်တာနဲ့ ၃၀၀ ကီလိုလေးတဲ့ dedusting pump ဆိုတာကို Siemens တွေက စတင်ရောင်းချခဲ့ပါတယ်။
ခေတ်သစ်ဖုန်စုပ်စက်တွေကတော့ အသိဉာဏ်ရှိတဲ့ စမတ်ဖုန်းနဲ့ထိန်းချုပ်နိုင်တဲ့ စက်ရုပ်သန့်ရှင်းရေးသမားတွေဖြစ်ကြပါတယ်။
၅။ ဗီအာမျက်မှန်
ခေတ်သစ်ဗီအာမျက်မှန်တွေရဲ့ မူလပစ္စည်းကို ၁၉၆၃ ခုနှစ်မှာ  Hugo Gernsback ကအစောဆုံးပြုလုပ်ခဲ့တာပါ။ ဒီတယ်လီမျက်မှန်တွေဟာ ၁၄၀ ဂရမ်လေးပြီး ဘက်ထရီသေးသေးလေးတွေကနေဗို့အားနိမ့်တဲ့လျှပ်စီးပြေးနေတဲ့ သေးငယ်တဲ့ cathode-ray ပြွန်တွေနားမှာ တည်ဆောက်ထားပါတယ်။ မျက်မှန်တွေမှာ မျက်လုံးတစ်လုံးချင်းအတွက် သီးသန့်စခရင်ပါရှိပြီး stereoscopic imagesတွေကို ထုတ်ပေးနိုင်ပါတယ်။ ကံမကောင်းစွာပဲ ဒီတီထွင်မှုဟာ ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။
၆။ စက်ရုပ်
စက်ရုပ်ရောဘတ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးစက်ရုပ်မဟုတ်ပေမဲ့လည်း သူက ကျော်ကြားမှုရခဲ့တဲ့ ပထမဆုံးတစ်ခုဖြစ်ပါတယ်။ သူ့မှာ ကေဘယ်ကြိုးနဲ့ထိန်းတဲ့ ရီမုကွန်ထရိုးရှိပြီး စကားပြောနိုင်တယ်။ မျက်လုံးတွေကမီးလင်းနိုင်တယ်။ ၁၉၅၀ ခုနှစ်လောက်မှာပါ။ ယနေ့ခေတ်မှာတော့ စုဆောင်းရေးသမားများဟာ ဂန္တဝင်စက်ရုပ်ရောဘတ်အတွက် ဒေါ်လာ ၂၀၀ ကနေ ၁၂၀၀ ထိဘယ်နေရာမှာမဆို ပေးဖို့ အသင့်ဖြစ်နေကြပါတယ်။
၇။ မော်တော်ဆိုင်ကယ်
၁၉ ရာစုလောက်မှာ သိပ္ပံပညာရှင်တွေနဲ့ တီထွင်သူတွေဟာ စက်ဘီးနဲ့ ရေနွေးငွေ့စက် ၂ မျိုးကို အတူတကွ ပေါင်းစပ်တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ၁၈၆၇ မှာ အမေရိကန်တီထွင်သူ Sylvester Howard Roperဟာ ဆလင်ဒါ ၂ ခု ရေနွေးငွေ့ကနေ မောင်းလို့ရတဲ့ velocipede ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်း ၁၈၈၅ မှာ ရေနွေးငွေ့အင်ဂျင်ကို ဂတ်စ်အင်ဂျင်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ ယနေ့ခေတ်မှာတော့မော်တော်ဆိုင်ကယ်ပေါင်း သန်း ၂၀၀ ကို ကမ္ဘာတစ်ဝှမ်းမှာ သုံးနေကြပါတယ်။
၈။ မိုက်ခရိုဖုန်း
ဘယ်ဘက်ကပုံထဲက မိုက်ခရိုဖုန်းကို တယ်လီဖုန်းအသံထုတ်လွှင့်စက်ကိုသုံးပြီး ၁၈၇၆ ခုနှစ်မှာ  Emile Berliner ကတီထွင်ခဲ့တာပါ။ မိုက်ခရိုဖုန်းမှာ ကာဗွန်လွှာပါးပါးလေးနဲ့ ခြားထားတဲ့ လျှပ်စစ် contact နှစ်ခုပါဝင်ပါတယ်။ contact တစ်ခုကို အသံလှိုင်းက ရိုက်ခတ်လိုက်တဲ့အချိန်မှာ တုန်ခါသွားတဲ့ diaphragm တစ်ခုနဲ့ တွဲထားပါတယ်။ ယခုအသုံးပြုနေတဲ့ မိုက်ခရိုဖုန်းနဲ့ ဆင်တူတဲ့ ကာဗွန်မိုက်ခရိုဖုန်းကို ၁၈၇၈ မှာ တီထွင်ခဲ့ပြီး နောက်ပိုင်း ၁၉၂၀ လောက်မှာ တိုးတက်လာခဲ့ပါတယ်။
၉။ လေယာဉ်ပျံ
ပထမဆုံးလေထက်လေးပြီးထိန်းချုပ်လို့ရတဲ့ လေယာဉ်ပျံကို ၁၉၀၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ Wright ညီနောင်က စတင်တီထွင်နိုင်ခဲ့ပါတယ်။ တီထွင်သူတွေဟာ လေထဲမှာ ပျံသန်းနိုင်ဖို့ အမျိုးမျိုးသောစက်တွေကိုစမ်းသပ်ခဲ့ပါတယ်။ ပုံထဲကစက်ကတော့ ၁၉၀၇ ခုနှစ်က Horatio Phillips ကစတင်မိတ်ဆက်ခဲ့တဲ့  multiplane ဖြစ်ပါတယ်။ အဲဒါဟာ တောင်ပံအခွဲပေါင်း ၂၀၀ ရှိတဲ့ သူ့ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးmultiplane ပါ။ ဒီစက်မှာတော့ ဖိလစ်က ထိန်းချုပ်မရပေမဲ့လည်း ပါဝါပေးထားတဲ့ ပေ ၅၀၀ လောက်ရှိတဲ့ လေယာဉ်ကို ပြုလုပ်ခဲ့တာပါ။
၁၀။ Skype
ယနေ့အခါ လူတိုင်းနီးပါးဟာ ဈေးသက်သာတဲ့ ဗီဒီယိုကောခေါ်ဆိုမှုတွေအတွက် Skype ကိုသုံးကြပါတယ်။ ဖုန်းနဲ့တီဗီကြားဆက်သွယ်ပေးတာက Bell Lab ခန်းက နှစ်ရှည်လများသုတေသနလုပ်ခဲ့တဲ့အရာပါ။ Picturephoneဟာ ၁၉၅၆ ခုနှစ်က New York World’s Fair မှာ အဓိကဆွဲဆောင်မှုတစ်ခုအဖြစ် ပထမဆုံးပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။ ရွှေးချယ်ထားတဲ့ ဧည့်သည်တော်တွေဟာ booth တစ်ခုကနေ တခြားတစ်ခုကို ဗီဒီယိုကောခေါ်ဆိုလို့ရနိုင်ပြီး Disneyland ကတူညီတဲ့ booth တစ်ခုဆီကိုတောင် ခေါ်လို့ရပါတယ်။
၁၁။ Kindle e-reader
အံ့ဩစရာကောင်းစွာပဲ Kindle ရဲ့ ပထမဆုံးပုံစံကို ၁၉၂၂ မှာ အမေရိကန်နိုင်ငံသား Bradley Fiske ကတီထွင်ခဲ့တာပါ။ Fiske ရဲ့စာဖတ်စက်ကို သေးငယ်တဲ့မှန်ဘီလူးလေးတွေ ရိုလာတစ်ခုနဲ့ တပ်ဆင်ထားပြီး စကားလုံးပေါင်း၁၀၀၀၀၀ ထက်ပိုတဲ့ ကတ်တွေကို ဖတ်နိုင်ပါတယ်။ စက်ကို စာအုပ်ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်သက်သာစေဖို့ ရည်ရွယ်တာဖြစ်ပြီး အခုထိ မအောင်မြင်သေးပါဘူး။
၁၂။ ကင်မရာ
ပုံထဲက ကမ္ဘာ့အကြီးဆုံး mammoth camera ကို ၁၉၀၀ မှာ တည်ဆောက်ခဲ့ပါတယ်။ ကင်မရာဟာ ပေါင် ၉၀၀ လေးပြီး van ထဲကိုတင်ဖို့ လူ ၁၅ ယောက်လောက်လိုပါတယ်။ အဲအချိန်မှာတော့ အကြီးဆုံးပလိတ်ပြားတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ အရွယ်တူရထားဓာတ်ပုံကိုရိုက်ဖို့ ဒီဇိုင်းလုပ်ခဲ့တာပါ။အခုခေတ်မှာတော့ သိပ္ပံပညာရှင်တွေဟာ resolution မြင့်တဲ့ ကင်မရာတွေမှာ ဘယ်မျက်နှာပြင်ကိုမဆို ပြောင်းလို့ရအောင် လုပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် Columbia University ကသိပ္ပံပညာရှင်တွေဟာ ပါးလွှာကြီးမားပြီးပျော့ပျောင်းတဲ့ အချပ်ပြားကိုသုံးပြီး ပုံရိပ်လုပ်ဖို့ စိတ်ကူးကို ရှာဖွေခဲ့ပါတယ်။