Gadget Trending

MWC ပွဲအတွက် စမတ်ဖုန်းများကို အမြည်းကြွေးလိုက်တဲ့ ဆိုနီ

ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress 2018 ကတော့ တစ်ပတ်တောင်မလိုတော့ပါဘူး။ အဲဒီပွဲအတွက်ပြင်ဆင်ထားတဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေကို ဆိုနီက အမြည်းချကျွေးလိုက်ပါတယ်။ MWC 2018 မှာ ဆိုနီဟာ ဖုန်းအတော်များများကို ထုတ်ပြသွားမှာဖြစ်ပြီးတော့ Sony Xperia XZ2 နဲ့ အခြားသော flagship အသစ်တွေလည်း ပါဝင်နိုင်ပါတယ်။ တွစ်တာပေါ်မှာ ဗွီဒီယိုလေးတင်ပြီးတော့ ကျွန်တော်တို့ကို မရိုးမရွဖြစ်အောင် လုပ်ထားပါတယ်။ အဲဒီဗွီဒီကို ကြည်ပြီးတော့ MWC 2018 မှာ ဆိုနီဘာတွေပြင်ဆင်ထားမလဲဆိုတာ မသိရပါဘူး။ အနည်းဆုံးတော့ flagship စမတ်ဖုန်းနှစ်လုံး ပြသသွားနိုင်ကြောင်းသိထားပြီးတော့ ဒီဇိုင်းပိုင်းမှာလည်း ပြောင်းလဲထားမယ်လို့ ခန့်မှန်းထားပါတယ်။

Gadget Trending

Ministry of Supply အပူပေးဂျက်ကတ်

သူတို့ရဲ့ပထမဆုံးသော အပူပေးဂျက်ကတ်ကို ဖန်တီးနိုင်ဖို့ ဖန်ငွေရှာဖို့အတွက် Kickstarter ကို တတိယအကြိမ်မြောက်အဖြစ် Ministry of Supply ဟာ အရောက်သွားခဲ့ပါတယ်။ နည်းပညာမြင့် အပူပေးဂျက်ကတ်ဟာ အသံနဲ့ထိန်းချုပ်တဲ့ နည်းပညာပါဝင်ပြီးတော့ စိတ်ကြိုက်အပူချိန်ကို အလိုလျောက် ချိန်ညှိပေးနိုင်ပါတယ်။ ဗွီဒီယိုလေးထဲမှာတော့ သေချာရှင်းပြထားတာကို တွေ့ရပါတယ်။ ဒီဂျက်ကတ်ကိုဖန်တီးဖို့အတွက် $72,000 လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထောက်ပံ့သူတွေကြောင့် over $88,000 လောက် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီငွေတွေကို ကမ်ပိန်း ရက်၃၀အတွင်း ရခဲ့တာပါ။ Ministry of Supply ဟာ လွန်ခဲ့တဲ့ငါးနှစ်တုန်းက အောင်မြင်တဲ့ Kickstarter ကမ်ပိန်းအပြီးမှာ သူတို့ရဲ့ ကုမ္ပဏီကို စတင်ခဲ့ပါတယ်။ နောက်ဆုံး Kickstarter ကမ်ပိန်းမှာတော့ $195 ဒါမှမဟုတ် £139 လောက်နဲ့ November 2018 […]

Trending

၂၀၁၈ မှာ Multiplayer ဆော့လို့ရတော့မယ့် Stardew Valley ဂိမ်း

ငယ်ငယ်တုန်းက ဆော့ခဲ့ရတဲ့ ဂိမ်းအမျိုးအစား တစ်ခု ကို မှတ်မိကြဦးမှာပါ။ P1 မှာ ဆော့ခဲ့ရတာပါ။ အဲဒီဂိမ်းမှာ ဖွန်ကြောင်လို့ ရတာတွေ အပြင် အသီးအနှံတွေ အထွက်တိုးအောင် ရေကန်ထဲကို ကြက်ဥတွေ သွားပစ်ချပြီး နတ်ဆက်ရတာတွေပါ ပါဝင်ပါတယ်။ အဲဒီ ဂိမ်းဟာ လက်ရှိမှာ Single Player အဖြစ်နဲ့ PC မှာ ဆော့လို့ရပေမယ့် Multi Player အနေနဲ့တော့ ဆော့လို့ မရသေးပါဘူး။ မနှစ်ကကြေညာခဲ့တဲ့ developer ConcernedApe ရဲ့ Stardew Valley ကတော့ multiplayer feature ရတော့မှာပါ။ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ beta ထွက်လာမယ်လို့မျှော်လင့်ခဲ့ပေမယ့်လည်း ထွက်မလာခဲ့ပါဘူး။ အဲဒီ beta ဟာ ၂၀၁၈ အထိရောက်လာခဲ့ပြီးတော့ ဘယ်အချိန်မှာထွက်လာမလဲဆိုတာကတော့ […]

Gadget Trending

3D Printer ရှိရုံနဲ့ အလွယ်တကူ ထုတ်နိုင်မယ့် စမတ်ဖုန်း မိုက်ခရိုစကုပ်လေး

သြစတေးလျအခြေစိုက် ARC Centre of Excellence for Nanoscale BioPhotonics (CNBP) မှ သုတေသီတွေဟာ သူတို့ဖန်တီးထားတဲ့ 3D printable စမတ်ဖုန်း မိုက်ခရိုစကုပ်လေးကို ပြသလိုက်ပါတယ်။ အဲဒီပစ္စည်းလေးဟာ ပါဝါပေးစရာမလိုပါဘူး။ တစ်မီလီမီတာရဲ့အပုံပေါင်း၂၀၀ ရဲ့ တစ်ပုံလောက်အထိ ကြည့်နိုင်အောင် အားကောင်းပါတယ်။ ဒါကြောင့် သွေးဆဲလ်၊ ဆဲလ် နျူကလီရိုင်း၊ အပင်ဆဲလ်၊ မိုက်ခရိုစကုပ်နဲ့ကြည့်မှမြင်ရမယ့် သတ္တ၀ါလေးတွေကို ကြည့်နိုင်ပါပြီ။ စမတ်ဖုန်းရဲ့ flash ကိုအသုံးပြုပြီး လုပ်ဆောင်နိုင်တာမို့ စမတ်ဖုန်းနဲ့တွဲဆက်ပြီးကြည့်နိုင်ပေမယ့် ပါဝါထပ်ပေးရသေးတဲ့ မိုက်ခရိုစကုပ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်လို့ ဖန်တီးသူတွေက ပြောပါတယ်။ တပ်ဆင်ရတာလွယ်ကူပြီးတော့ လုပ်ဆောင်ရမယ့်အဆင့်တွေကလည်း နည်းပါးပါတယ်။ ARC သုတေသီတွေဟာ အခုလို 3D printing ဖိုင်လေးကို အများအတွက် မျှဝေပေးလိုက်ပါပြီ။ 3D […]

Gadget Trending

Xiaomi Redmi Note 5 Pro vs. Redmi Note 5 vs. Redmi Note 4 ဘာတွေကွာနေလဲ

Redmi Note စီးရီးရဲ့ မော်ဒယ်လ်အသစ်နှစ်မျိုးနဲ့ ဗျာများနေသူတွေအတွက် ဖြေရှင်းပေးနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ Xiaomi ဟာ Redmi Note စီးရီးမော်ဒယ်လ်နှစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူတို့ကတော့ မနှစ်က Redmi Note 4 ကို ဆန်းသစ်ထားတဲ့ Redmi Note 5 နဲ့ 5 Pro တို့ပဲဖြစ်ပါတယ်။ Samsung ဟာ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်လာပြီးတဲ့နောက်မှာတော့ Xiaomi ဟာ သူ့နေရာကိုလည်း ထိပ်တန်းရောက်လာအောင် ကြိုးစားနေပါပြီ။ Redmi Note 5 ဟာ သူ့ရဲ့အရင်မော်ဒယ်လ်ဆီက hardware တွေကိုအသုံးပြုထားပါတယ်။ အရှေ့ပိုင်းမှာကွဲတာကတော့ 18:9 display ဖြစ်ပါတယ်။ Redmi Note 5 Pro ကတော့ အဲဒီစီးရီးအတွက် ပထမဆုံးဆိုတာလေးတွေ မိတ်ဆက်ထားပါတယ်။ […]

Gadget Trending

30TB SSD ကို ၂လက်မခွဲ drive အဖြစ်ပြောင်းမယ့် Samsung

အဲဒီdriveလေးမှာ 40GB DDR4 လည်း ပါဝင်နေပါတယ်။ သင့်ရဲ့လုပ်ငန်းသုံးအတွက် သိုလှောင်မှုပမာဏ များများလိုအပ်နေပါသလား။ Samsung SSD လေးက ကူညီပေးပါလိမ့်မယ်။ အခုအသစ်ထွက်လာတဲ့ PM1643 လေးကတော့ ၂လက်မခွဲသာရှိတဲ့ drive လေးထဲမှာ 30.72TB ကို အသုံးပြုနိုင်စေမှာပါ။ အတွင်းထဲမှာတော့ NAND flash 32 1TB package ကိုမောင်းနှင်နေတဲ့ flash controller ကိုးခုပါဝင်ပြီး package တစ်ခုချင်းစီမှာတော့ 512Gb 3-bit-per-cell V-NAND အလွှာ ၁၆ခု ပါဝင်ပါတယ်။ 40GB DDR4 RAM လည်း ပါဝင်ပါတယ်။ RAM ကလည်း ပုံမှန်မဟုတ်ပါဘူး။ 8Gb chip တွေကို Through Silicon Vias (TSVs) နဲ့တည်ဆောက်ထားတာမို့ […]

Trending

မြန်မာနိုင်ငံ ဈေးကွက်တွင် CAMON CM နှင့် SPAKR CM စမတ်ဖုန်းများကို မိတ်ဆက်​ပေးတော့မယ် TECNO Mobile

နည်းပညာမြင့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို ဦးဆောင်နေတဲ့ စမတ်ဖုန်း အမှတ်တံဆိပ် TECNO Mobile အနေဖြင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ စတင် ၀င်ရောက်ဖို့ ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ TECNO Mobile မှ လတ်တလော ထုတ်လုပ်ထားသည့် အရည်သွေးမြင့် စမတ်ဖုန်းများအနက် CAMON CM နှင့် TECNO SPARK CM တို့ကို ယခုလအတွင်း မြန်မာဈေးကွက်မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ TECNO Mobile ဟာ Selfie ရိုက်ကူးမှုကို စွဲလန်းနှစ်သက်တဲ့ သက်ငယ်ပိုင်းနှင့် သက်လတ်ပိုင်းအရွယ် မိုဘိုင်းဖုန်း သုံးစွဲသူများကို စွဲဆောင်စေနိုင်သည့် အဆင့်မြင့် ကင်မရာနည်းပညာများနှင့် လုပ်ဆောင်ချက်များ ပါဝင်တဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်ပါတယ်။ TECNO CAMON […]

Gadget Trending

နှစ်စက္ကန့်အတွင်း တစ်နာရီမိုင်ခြောက်ဆယ်နှုန်းကိုသွားနိုင်တဲ့ Aspark Owl

နှစ်စက္ကန့်အတွင်းမှာ မယုံနိုင်စရာစံချိန် ချိုးနိုင်ခဲ့ကြောင်း ဗွီဒီယိုလေးနဲ့သက်သေပြလိုက်ပါတယ်။ ဂျပန်နိုင်ငံ ကုမ္ပဏီအသေးလေးက နှစ်စက္ကန့်အတွင်း တစ်နာရီ၆၀မိုင်နှုန်းနဲ့ ထုတ်လုပ်ပြသခဲ့ပါတယ်။  အဲဒီကားဟာ လမ်းမတွေပေါ်မှာ မောင်းနှင်ခွင့်ရှိတဲ့ ကမ္ဘာ့ပထမဆုံးသောကား ဖြစ်တယ်လို့ ဆိုကြပါတယ်။ Aspark Owl ကိုတော့ မနှစ်ကကျင်းပခဲ့တဲ့ Frankfurt Auto Show မှာ launch လုပ်ခဲ့ပြီးတော့ သူ့မှာ 430 horsepower ၊ 563 all-wheel lb-ft torque နဲ့အလေးချိန်ကတော့ ၈၆၀ ကီလိုတောင် မရှိပါဘူး။ ၂ စက္ကန့်တည်းနဲ့မိုင်ခြောက်ဆယ်နှုန်းကို ရောက်သွားစေပါတယ်။ Aspark ကတော့ မယုံနိုင်စရာ ဗွီဒီယိုလေးကို တင်ပြပေးလိုက်ပါ။ ၂စက္ကန့်စာ စံချိန်ကို ၁.၉၂၁ စက္ကန့်နဲ့ ချိုးခဲ့တာပါ။ ဒါကြောင့် ဖော်မျူလာဝမ်းကားတွေထက် မြန်ဆန်ပါတယ်။ ဒီလိုကားမျိုး အစီး […]

Gadget Trending

ကောလိပ်ကျောင်းသားတွေ သတ်မှတ်ထားတဲ့ ဖေ့စ်ဘွတ်ရဲ့ ရွှေစည်းမျဉ်းများအကြောင်း

Arizona State University က ဖေ့စ်ဘွတ်သူငယ်ချင်းတွေကို ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့အချက်တွေကို ကျောင်းတက်ဆဲကျောင်းသားတွေကို မေးမြန်းခဲ့ပါတယ်။ လူမှုကွန်ရက်ကြောင့် လူမုန်းများတာမျိုး မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားစေခဲ့ပါတယ်။ ဒီရလဒ်ကိုတော့ ၂၀၁၂ခုနှစ် ဧပြီလ Journal of Social and Personal Relationships မှာ ထုတ်ဝေခဲ့ပါတယ်။ စည်းမျဉ်းတွေကတော့ အသက်ကြီးသူတွေနဲ့ ကွာခြားနေနိုင်ပါတယ်။ ကောလိပ်ကျောင်းသားတွေ သတ်မှတ်ထားတဲ့စည်းမျဉ်းလေးတွေကို ကြည့်လိုက်ရအောင်။   တုံ့ပြန်မှုကို မျှော်လင့်ထားခြင်း သုံးစွဲသူတွေဟာ ဒီအချက်ကိုတော့ တော်တော်လေးထောက်ခံထားတာ တွေ့ရပါတယ်။ သင့်ရဲ့ဖေ့စ်ဘွတ် wall ပေါ်ကို တစ်ယောက်ယောက်က ပို့စ်တင်လိုက်ရင် သင့်ရဲ့တုံ့ပြန်မှုကို သူတို့မျှော်လင့်ထားကြပါတယ်။   မလေးမစားမလုပ်ခြင်း ဖေ့စ်ဘွတ်ပေါ်ကသူငယ်ချင်းတစ်ယောက်နဲ့ ပတ်သတ်ပြီးတော့ မလေးစားတဲ့သဘောသက်ရောက်တဲ့ ပို့စ်တင်ခြင်းဟာ မကောင်းတဲ့အပြုအမူတစ်ခုပါ။   ပို့စ်မတင်ခင်စဉ်းစားခြင်း သင်တင်လိုက်တဲ့ပို့စ်က သူငယ်ချင်းတစ်ယောက်ကိုများ […]

Gadget Trending

ပိုက်ဆံအကုန်အကျသက်သာမယ့် စမတ်ဖုန်းဆက်စပ်ပစ္စည်းများ

စမတ်ဖုန်းဆိုတာ အမျိုးမျိုးသော အရာတိုင်းအတွက် ဘက်စုံသုံးဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိရှိပြီးသားပါ။ ဒါပေမယ့် စမတ်ဖုန်းဆီကနေ အမြင့်မားဆုံးသော ခံစားမှုတွေရလိုတဲ့အခါမှာတော့ ငွေကြေးအများအပြားသုံးစွဲရပါတယ်။ ကျွန်တော်တို့ကြားမှာရှိတဲ့ စပ်စုလေ့လာတတ်သူတွေကတော့ တန်ဖိုးနည်း DIY အသုံးအဆောင်များကို ရှာတွေ့ခဲ့ပါတယ်။ ဒီလိုအသုံးဝင်တဲ့ စမတ်ဖုန်းဆက်စပ်ပစ္စည်းလေးတွေကို ကျွန်တော်တို့က စုစည်းတင်ပြပေးလိုက်ပါတယ်။ ၁။ ဖုန်းနဲ့ပုံကောင်းများရိုက်ကူးခြင်း Instagram ခေတ်မှာ ကျွန်တော်တို့အားလုံးဟာ ပုံလှလှလေးတွေရိုက်ကူးပြီးတော့ အွန်လိုင်းမှာတင်ချင်ကြပါတယ်။ filter န့effect ကောင်းကောင်းတွေပါဝင်တဲ့ app အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့အချိန်တွေနဲ့ငွေကြေးတွေကို ယူသွားပြီးတော့ ပျင်းစရာကောင်းတဲ့ပုံစံတွေသာ ထွက်လာပါတယ်။ ချက်ချင်းရနိုင်တဲ့ effect တွေနဲ့ ပုံကောင်းတစ်ပုံထွက်လာနိုင်ချေမရှိတော့ဘူးလား။ ကောင်းပါပြီ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့အချိန်နဲ့ ငွေကြေးကို သက်သာစေနိုင်မယ့်နည်းလမ်းတွေ ရှိတာပေါ့။ လုပ်ရမှာကလည်း အရမ်းကိုလွယ်ကူပါတယ်။ ကင်မရာပေါ်မှာ သင့်ရဲ့ဖုန်းကိုကပ်ဖို့အတွက် တိပ်လေးလိုအပ်ပြီးတော့ မာကာပင်န်နဲ့ အရောင်ခြယ်လိုက်ပါ။ လှပတဲ့ရလဒ်တွေထွက်လာမယ်လို့ […]