Posted on
Series 3 ရဲ့ရောင်းအားနှစ်ဆတက်လာမှုကြောင့် wearable ဟာ ၀င်ငွေဒုတိယအများဆုံးရှာနိုင်လာ
Apple Watch ဟာ Q1 2018 မှာ ၀င်ငွေအကောင်းဆုံးဖြစ်ခဲ့တယ်လို့ Apple က ဆိုပါတယ်။ Series 3 မော်ဒယ်လ်အသစ်ဟာ မနှစ်က Series 2 မော်ဒယ်လ်ရောင်းအားထက် နှစ်ဆရှိခဲ့တာပါ။ Apple Watch ဟာ အရေအတွက်ပိုင်းမှာလည်း ၅၀% တိုးတက်လာခဲ့ပြီး ၀င်ငွေလည်း နှစ်ဆလောက်ရရှိခဲ့တာပါ။
Beats headphone  နဲ့ AirPod ရောင်းအားကိုပေါင်းလိုက်မယ်ဆိုရင်တောင် wearable ရဲ့ ၀င်ငွေ ၇၀% သာ ရှိပါတယ်။
Apple ရဲ့အခြားသောအမျိုးအစားတွေဖြစ်တဲ့ Apple TV ၊ Apple Watch ၊ Beats ၊ iPod နဲ့ Apple-branded ၊ third-party accessories တွေကတော့ ဒေါ်လာ5.5ဘီလျံဝင်ငွေ ရှိပါတယ်။
Apple ကတော့ Apple Watch ၊ AirPods ၊ Beats တို့ပါဝင်တဲ့ wearable အမျိုးအစားဟာ iPhone ပြီးရင် ၀င်ငွေဒုတိယအများဆုံးဖြစ်ကြောင်း သိရပါတယ်။
မနှစ်က Q1 2017မှာ Apple ရဲ့ အခြားသောအမျိုးအစားတွေက ဒေါ်လာ 4ဘီလျံဝင်ခဲ့တာမို့ အခုနှစ်မှာ ဒေါ်လာ1.5ဘီလျံ တက်လာခဲ့တာဖြစ်ပါတယ်။
Posted on
ခရစ်ပတိုငွေကြေးကို တူးဖော်ဖို့အတွက် ASIC Chip ထုတ်လုပ်မယ့် ဆမ်ဆောင်း
ဆမ်ဆောင်းဟာ လက်ရှိမှာတော့ ကမ္ဘာ့ထိပ်တန်း chip ထုတ်လုပ်သူဖြစ်ပါတယ်။ အခုဆိုရင်တော့ ဈေးကွက်အသစ်ချဲ့ထွင်တဲ့အနေနဲ့ ခရစ်ပတိုငွေကြေးကို တူးဖော်ဖို့အတွက် ပြင်ဆင်နေပါပြီ။ ဆမ်ဆောင်းက သူကိုယ်တိုင်တူးဖော်မှာမဟုတ်ပေမယ့်လည်း သူ့ရဲ့အများအပြားထုတ်လုပ်နိုင်တဲ့စွမ်းရည်ကိုအသုံးပြုပြီးတော့ “application specific integrated circuits” လို့ခေါ်တဲ့ ASIC chip ကို ထုတ်လုပ်တော့မှာပါ။ အဲဒီ chip ကိုတော့ တူးဖော်တဲ့နေရာမှာ အသုံးပြုနိုင်မှာပါ။ chip တွေကို ကွိုင်တွေတူးဖော်ဖို့ ဒီဇိုင်းလုပ်ထားတာဖြစ်ပြီးတော့ GPU အထပ်လိုက်ထက် ပိုမိုအကျိုးရှိစေမှာ  ဖြစ်ပါတယ်။
ခရစ်ပတိုငွေကြေးကတော့ အမျိုးမျိုးသော feature၊ တန်ဖိုး၊ စီမံမှု feature တွေရှိပေမယ့်လည်း အများစုကတော့ တူးဖော်လို့ရပါတယ်။ ကွိုင်ကိုတူးဖော်ဖို့အတွက် သင့်ရဲ့စက်ဟာ ရှုပ်ထွေးခက်ခဲနက်နဲတဲ့ သင်္ချာတွက်ချက်မှုတွေကို ဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်။ အဲဒီတွက်ချက်မှုစွမ်းအားကတော့ ခရစ်ပတိုရဲ့ကွန်ရက်ဆီကို ကူးပြောင်းသွားပါတယ်။ ဒါပေမယ့်လည်း တွက်ချက်မှုတွေကတော့ အချိန်နဲ့အမျှခက်ခဲလာတာမို့ သင့်အနေနဲ့လည်း ဖြေရှင်းနိုင်ဖို့အတွက် ပိုမိုအားကောင်းဖို့ လိုအပ်လာပါတယ်။
ဘစ်ကွိုင်တွေဟာ အိမ်ကနေပြီးတော့ တူးဖော်လို့ရခဲ့ပါတယ်။ GPU အကြီးစားတွေကလည်း လျှပ်စစ်အတွက် သိပ်မစားခဲ့ပါဘူး။ ဒါကတော့ ခရစ်ပတိုငွေကြေးတွေတိုင်းပါပဲ။ ASIC chip ကတော့ တူးဖော်တဲ့လုပ်ငန်းစဉ်ကို ပိုမိုအကျိုးရှိနိုင်ပါတယ်။ ASIC chip အများစုကတော့ Bitmain နဲ့ Canaan Creative တို့ကဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့ Taiwanese fabrication company TSMC နဲ့ တွဲဖက်လုပ်ဆောင်ထားကြတာပါ။ Samsung ၀င်လာတဲ့အချိန်မှာ သူ့ရဲ့ထုတ်လုပ်မှုစွမ်းအားတွေနဲ့ ဈေးကွက်ကိုဖြည့်ပေးနိုင်ပါလိမ့်မယ်။
Samsung ဟာ ခရစ်ပတိုငွေကြေးတူးဖော်တဲ့ chip ကို လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပါတနာတွေအကြောင်းတော့ မပြောခဲ့ပါဘူး။ လျှပ်စစ်အတွက်ကုန်ကျစရိတ်နည်းပါးတာက ခရစ်ပတိုငွေကြေးတူးဖော်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ အဲဒီအမည်မဖော်တဲ့ပါတနာက ဆမ်ဆောင်းရဲ့ chip တွေကို အရေအတွက်တစ်ခုအထိ ၀ယ်ယူဖို့လိုအပ်ပါတယ်။ companyဟာ မနှစ်က chip ရောင်းအားဟာ $69 billionကို ယူဆောင်လာခဲ့ပြီးတော့ အခုအချိန်အထိ စမတ်ဖုန်းအများစုမှာ အသုံးပြုထားခဲ့ပါတယ်။ သူ့ရဲ့ဝင်ငွေအများစုကို ယူဆောင်လာခဲ့ပေးပြီးတော့ စမတ်ဖုန်းရောင်းအားထက်တောင် များနေပါသေးတယ်။
ASIC hardware တွေ ဈေးကွက်မှာများများရှိခြင်းကလည်း သိပ်တော့မနာပါဘူး။ consumer GPU တွေရဲ့ဈေးတွေဟာ ခေါင်ခိုက်နေပါတယ်။ အကြောင်းရင်းကတော့ အသစ်ထွက်တဲ့ ခရစ်ပတိုငွေကြေးတွေကို လိုက်လံတူးဖော်နေတဲ့အတွက်ကြောင့်ပါပဲ။ ဒါပေမယ့် ဆမ်ဆောင်းရဲ့မသိရသေးတဲ့ ပါတနာဟာ ASIC hardware တွေကို ရောင်းချမှာလား၊ သူ့ရဲ့ကိုယ်ပိုင်တူးဖော်မှုအတွက် အသုံးပြုမှာလားဆိုတာကိုတော့ မသိရသေးပါဘူး။ consumer ASIC device အများစုကတော့ ကျရှုံးခဲ့ကြပါတယ်။ မကြာသေးခင်က ခရစ်ပတိုတန်ဖိုးမြင့်တက်လာတာကြောင့် ခေတ်ပြန်ထလာပါတယ်။ တစ်နေ့နေ့မှာတော့ GPU ဈေးကို တင်ဆက်ပေးသွားမှာပါ။
Posted on
App Store များတွင် ကျယ်ကျယ်ပြန့်ပြန့် ၀ယ်ယူနိုင်ပြီဖြစ်တဲ့ HomePod
Unicode Version
HomePod ကို ယူအက်စ်၊ယူကေနဲ့ သြစတေးလျတို့မှာ ကတိပေးထားတဲ့အတိုင်း launch လုပ်ပါပြီ။ အဲဒီစပီကာလေးကို အဲဒီနိုင်ငံတွေမှာရှိတဲ့ Apple ရဲ့ ဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ။
HomePod ဟာ သူ့ရဲ့အသံအရည်အသေးနဲ့ မီဒီယာပိုင်းမှာလည်း သုံးသပ်ချက်ကောင်းကောင်းတွေ ရရှိထားပေမယ့်လည်း ကိုယ်တိုင်ခံစားချင်တဲ့ သုံးစွဲသူတွေကတော့ ဆိုင်တွေမှာ စမ်းသပ်ကြည့်လို့ရပါတယ်။ ဟုတ်ပါတယ်။ အိမ်မှာစမ်းသပ်ပြီးတော့လည်း ၁၄ရက်အတွင်း ပြန်အပ်လို့လည်း ရပါသေးတယ်။
Space Gray ၊ White တွေအတွက် အလုံးရေများများစားစားတော့ မရနိုင်သေးတဲ့အတွက်ကြောင့်မို့ မြန်မြန်ဆန်ဆန်သွားဝယ်မှ စိတ်ချရမှာပါ။ ကိုယ့်ဒေသမှာရနိုင်မလားဆိုတာ သိနိုင်ဖို့အတွက် HomePod order page ကိုသွားရောက်ပြီးတော့ “Pickup” အောက်ကလင့်ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ ZIP or postal code ကိုရိုက်ရမှာပါ။
HomePod အော်ဒါတွေကို ဒီနေ့မှာလိုုက်မယ်ဆိုရငတော့ နောက်တစ်ပတ် အင်္ဂါလောက်မှာ ဖြန့်ချိပေးမယ်လို့ ကြားထားပါတယ်။ မမှာရသေးဘူးဆိုရင်တော့ အခုပဲမှာယူပြီး ပိတ်ရက်မှာအသုံးပြုခွင့်ကို ရယူလိုက်ပါ။ Best Buy တို့လိုပြန်လည်ရောင်းချသူတွေဆီမှာလည်း အရေအတွက်ကန့်သတ်ပြီး ရောင်းချနေပါတယ်။
အရင်ကတည်းက ကြိုမှာထားတဲ့သူတွေကတော့ စတင်ဖြန့်ချိပေးနေပါပြီ။
Aung Phyo Oo (Myanmar Mobile App)
Posted on
လတ်တလောခေတ်စားနေတဲ့ Farm ဂိမ်းတစ်မျိုးဖြစ်တဲ့ Island Experiment ဂိမ်းလေး
https://goo.gl/ENzNno
Farm ဂိမ်းလေးတွေက ကျွန်တော်တို့လို မိုဘိုင်းလ်ဂိမ်းဆော့တဲ့သူတွေအတွက်ကတော့ ရင်းနှီးပြီးသားပါပဲ။ ဂိမ်းတွေကလည်း အမျိုးအစားတူတယ်ဆိုပေမယ့်လည်း ကစားရပုံမတူညီတာလေးတွေ၊ မြင်ရတဲ့ဂရပ်ဖစ်ပြောင်းလဲသွားတာလေးတွေကြောင့် တစ်မျိုးနဲ့တစ်မျိုး ကစားရတဲ့ခံစားချက်က ကွဲပြားသွားတာပါ။
အခုမိတ်ဆက်ပေးချင်တဲ့ဂိမ်းလေးကတော့ Island Experiment ဂိမ်းလေးဖြစ်ပါတယ်။ အဲဒီဂိမ်းလေးကို Facebook ကြော်ငြာကနေတစ်ဆင့် မြင်လိုက်ပြီးတော့ စိတ်ဝင်စားတာနဲ့ apk ဒေါင်းမယ်ဆိုပြီး Google Play ထဲကိုဝင်လိုက်ပါတယ်။ ဒါပေမယ့် မြန်မာအတွက် support ပေးမထားပါဘူး။ အဲဒါနဲ့ apkpure ကနေ ဒေါင်းလုတ်ဆွဲတော့လည်း ကစားရတာ error တက်နေပါတယ်။ နောက်ဆုံးကြံရာမရတာနဲ့ Facebook Page ကိုသွားလိုက်တော့ လင့်တစ်ခုတွေ့တာနဲ့ ဝင်ကြည့်လိုက်တာ အဆင်ပြေရောဗျာ။
အဲဒီလင့်မှာ Facebook ကနေ တိုက်ရိုက်ကစားလို့ရတာမို့ ဒေါင်းလုတ်ဆွဲစရာမလိုအပ်ဘဲ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ ကြိုက်ရာနဲ့ကစားနိုင်ပါတယ်။ဒီဂိမ်းလေးကတော့ အွန်လိုင်းဂိမ်းအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် အင်တာနက်ဖွင့်ပြီးကစားရမှာပါ။ လေယာဉ်ပျက်ကြပြီးတော့ တောထဲမှာခိုကိုးရာမဲ့နေတဲ့ သူငယ်ချင်းသုံးဦးဟာ ကျွန်းပေါ်မှာ အသက်ဆက်ရှင်ဖို့အတွက် နေထိုင်စရာ၊ စားစရာတွေဖန်တီးရင် တောကောင်တွေရန်က ဘယ်လိုကာကွယ်ကြမလဲဆိုတဲ့ ရင်ခုန်စရာဇာတ်လမ်းလေးကို ဆော့ကစားရမှာပါ။
အောက်မှာပေးထားတဲ့ လင့်လေးကနေတစ်ဆင့် Facebook အကောင့်နဲ့ဝင်လိုက်ပြီးတော့ ဆော့ကစားနိုင်ပါပြီ။
Aung Phyo Oo (Myanmar Mobile App)
Posted on
Apple ထံမှ မရှိမဖြစ်လိုအပ်မယ့် Accessories သုံးမျိုး
Apple ဟာ ကြီးကျယ်ခြင်း၊ ဆန်းသစ်ခြင်း၊ အဆက်မပြတ် စိတ်အနှောင့်အယှက်ဖြစ်စေခြင်းတွေ စုစည်းထားတဲ့သူပါ။ အသစ်အဆန်း၊ စိတ်လှုပ်ရှားစရာပစ္စည်းတွေကို ထုတ်လုပ်ပြီးတော့ ပစ္စည်းအဟောင်းတွေကိုလုံးဝလွှင့်ပစ်ချင်အောင် လုပ်နိုင်တဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်ပြောချင်တာကတော့ brand-new iPhone အသစ်ထွက်တိုင်းမှာ ၀ယ်ကိုင်နိုင်ဖို့ လူအတော်များများက မတတ်နိုင်ကြပါဘူး။ ဒါကြောင့်မို့ နှစ်သစ်မှာ သင့်ရဲ့ iနည်းပညာပစ္စည်းတွေ အသုံးပြုချင်တဲ့စိတ်ကိုဖြေဖျောက်နိုင်ဖို့အတွက် ပစ္စည်းသုံးမျိုးကိုသာ ရွေးချယ်ပေးထားပါတယ်။
MacBook Pro အတွက် HomeSpot USB-C Hubs
Macbook Pro အသစ်ရဲ့ ဘေးကအပေါက်တွေအားလုံးက ဒီဇိုင်းအတွက်လုပ်ထားတာလို့ သင်ထင်ပါသလား။ HomeSpot ရဲ့ USB-C hubs ကတော့ ကြိုက်တဲ့အပေါက်မှာထည့်လို့ရပါတယ်။ ဒါကြောင့်သင့်ရဲ့ကွန်ပျူတာအသစ်ကို အရင်တုန်းက အားသွင်းကြိုးတိုင်း၊ USB တိုင်းနဲ့ ကိုက်ညီသွားစေပါတယ်။ USB-A 3.0 port နှစ်ခု၊ SD port ၊ microSD port တွေလည်း ပါဝင်ပါတယ်။ HDMI port လည်း ထည့်နိုင်ပါသေးတယ်။ ဒီကောင်လေးအတွက်ဈေးနှုန်းကတော့ Cracked Store မှာဆိုရင် $54.99 ဖြစ်ပြီးတော့ $159.99 ကို ၆၅% ဈေးလျှော့ပေးထားပါတယ်။
Earhoox 2.0
Wireless earbuds တွေဟာ သီအိုရီအရတော့ မိုက်ပါတယ်။ ဒါပေမယ့် မော်ဒယ်လ်အများစုကတော့ လူနားကိုမမြင်ဖူးတဲ့ ဂြိုလ်သားတွေက ဒီဇိုင်းထုတ်ထားတယ်လို့ ပြောချင်ပါတယ်။ ပြေးတာ၊ ခုန်တာ၊ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ ပြုတ်ထွက်သွားမှာပါ။ Earhoox ကတော့ သူ့နေရာနဲ့သူ နေသားတကျဖြစ်စေမှာပါ။ Cracked Store မှာ $14.99 နဲ့  ၂၄% လျှော့ဈေးနဲ့ရမှာပါ။
Qi Wireless Fast Charging Pad
ဗွီဒီယိုဂိမ်းဆော့တဲ့သူတွေဆိုရင် ကြာကြာဆော့နိုင်ဖို့အတွက် ဘယ်အရာကသင့်ကို အားဖြည့်ပေးနိုင်ပါသလဲ။ Qi Wireless Fast Charging Pad ကတော့ သင့်ရဲ့ဖုန်းအတွက် အလုပ်လုပ်ပေးနိုင်ပါတယ်။ ဖုန်းကို သာမန်အားသွင်းခေါင်းတွေထက် 1.5 ဆ မြန်မြန်သွင်းပေးနိုင်ပြီးတော့ Qi အားသွင်းစနစ်က သင့်ရဲ့ iPhone ကို မြန်ဆန်စေပြီးတော့ဘတ်ထရီအားကျခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်သလို ဘတ်ထရီကြံ့ခိုင်ရေးကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။
နှစ်တွေကြာလာမယ်ဆိုရင်တော့ iPhone ဘတ်ထရီလည်း အားကျမှာကျိန်းသေပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းမယ်ဆို၇င်တော့ ၈၅%လောက် ကောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် ဗွီဒီယိုဂိမ်းတွေကို အဆင်ပြေပြေဆော့နိုင်ရုံမျှမက စိတ်ညစ်စရာလည်းမလိုတော့ဘူးပေါ့။ $10.99 (၅၀%လျှော့ဈေး)နဲ့ Cracked Store မှာ ရနိုင်မှာပါ။
ဒီနေ့ခေတ်မှာ ဖုန်းဒီဇိုင်းတွေက ဖုန်းတွေကိုဖျက်နေတယ်လို့ ခံစားရပါတယ်။ ပေါက်ကွဲနိုင်တဲ့ဖုန်းတွေကို မျက်နှာအနားကို ကပ်ထားချင်တဲ့သူရှိလား။ ဒါကြောင့် gadget တွေရဲ့ တောက်ပမယ့်အချိန်ကို ရောက်လာပြီဆိုတာ ငြင်းချင်သေးလား။
Posted on
4K ဗွီဒိယိုများရိုက်ကူးနိုင်စေမယ့် Olympus ရဲ့ PEN E-PL9
Olympus ရဲ့ အသစ်ထွက်လာမယ့် PEN E-PL9 ကတော့ “သင့်ရဲ့ဖန်တီးနိုင်မှုစွမ်းရည်တွေကို အမြဲထိတွေ့နေစေဖို့”အတွက် ထုတ်လုပ်လိုက်တာပါ။ သူဟာ ကင်မရာကို အဆင့်မြှင့်ချင်ပေမယ့်လည်း ဈေးကြီးပြီးတော့ ကြီးမားတဲ့ကင်မရာကို မသုံးချင်သေးတဲ့ ဓါတ်ပုံသမားများအတွက် အရည်အသွေးရှိပြီးတော့ ဖန်တီးနိုင်စွမ်းတွေကို ပေးအပ်မယ့်သူပါ။
ကင်မရာရဲ့ အဓိကအားသာချက်ကတော့16-megapixel Four Thirds CMOS sensor ကို အားဖြည့်ထောက်ပံ့ထားတဲ့ TruePic VIII processor ပဲ ဖြစ်ပါတယ်။ သူ့မှာပါဝင်တာတွေကတော့ ISO range 200-6400 ၊ 100-25600 အထိ ချဲ့သုံးနိုင်ခြင်း၊ ကင်မရာကို 3-axis in-body sensor-shift stabilization ကို 3.5-stops of compensation နဲ့အသုံးပြုနိုင်ခြင်း ဓါတ်ပုံနဲ့ဗွီဒီယိုတွေကို lens အပေါ်မမှီခိုဘဲ stabilized လုပ်ပေးနိုင်ခြင်းများ ပါဝင်ပါတယ်။
ကင်မရာရဲ့ အနောက်ဘက်မှာတော့ ၃လက်မ touchscreen လေးရှိပြီးတော့ 1.04 million dots ရှိပါတယ်။ ကင်မရာဟာ control အပိုင်းမှာလည်း ကောင်းမွန်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ AUTO mode က သင့်ကို brightness, color, contrast တွေကို ချိန်ညှိနိုင်စေမယ့်အပြင် touchscreen ကနေ ခလုတ်လေးတွေကို ဘယ်ညာကစားလိုက်ရုံပါပဲ။
Olympus ဟာ Advanced Photo (AP) mode ဆိုတဲ့ light painting ၊ HDR နဲ့ multiple exposures တို့လို ဆန်းသစ်တဲ့ပုံတွေဖန်တီးနိုင်တဲ့ အမျိုးအစားကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ သူ့အကြောင်းကို ဒီလိုလေးရှင်းပြထားပါတယ်။
Olympus ဟာ ကင်ရာမီနူးထဲမှာရှိတဲ့ Live Composite လိုမျိုးနည်းပညာတွေကို စတင်ဖန်တီးခဲ့ပေမယ့်လည်း များသောအားဖြင့် မမြင်မိကြပါဘူး။ ညအချိန် တောက်ပနေတဲ့ အဆောက်အအုံရှေ့မှာ light paint လိုမျိုးနဲ့ သူငယ်ချင်းတွေ ရိုက်ကူးချင်ပါသလား။ များသောအားဖြင့် မဖြစ်နိုင်သလောက်ပါပဲ။ AP mode ပုံလေးကို နှိပ်လိုက်ပါ။ E-PL9 ကို တင်စရာတခုခုပေါ်မှာတင်လိုက်ပြီးတော့ ရိုက်နိုင်ပါပြီ။ multiple exposure ၊ HDR ၊ sweep panorama ၊ foucs bracketing တွေကိုလည်း စမ်းသပ်ရိုက်ကူးကြည့်လိုက်ပါဦး။
RAW photos ၊ 121-point AF system ၊ built-in flash ၊ Wi-Fi/Bluetooth connectivity ၊ 16 Art Filters (Instant Film one) ၊ scene modes ၊ 4K video recording ၊ 350 photos per battery charge နဲ့ အလေးချိန်ကတော့ 380g (13.4oz) ဖြစ်ပါတယ်။
Olympus PEN E-PL9 ကတော့ အဖြူ၊ အနက်၊ အညို ဆိုပြီးတော့ ရနိုင်ပြီး 2018 မတ်လမှာ စတင်ရောင်းရမှာပါ။ ဈေးနှုန်းကတော့ ဥရောပမှာ €549 (~$585) ဖြစ်ပြီးတော့ €699 (~$674) တန် M.Zuiko Digital ED 14-42mm F3.5-5.6 EZ pancake lens ကိုလည်း ၀ယ်နိုင်ဦးမှာပါ။ ယူအက်စ်အတွက်ဈေးနှုန်းနဲ့ ရနိုင်မလားဆိုတာကတော့ မသိသေးပါဘူး။
Posted on
Honor ရဲ့ Honor 9 Lite
ဒီကနေ့မှာတော့ Honor ဟာ Honor 9 Lite ကို အနောက်တိုင်းဈေးကွက်အတွက် တရားဝင် launch လုပ်လိုက်ပါပြီ။ အဲဒီ launch ဟာ Honor 7X နဲ့ V10 ကို ပြီးခဲ့တဲ့ လက launch လုပ်ပြီးတော့ ဆက်တိုက်ဆိုသလို ထွက်လာတာပါ။ သူတို့တွေကတော့ ပထမဆုံးသော 18:9 screen aspect ratio ရှိတဲ့မော်ဒယ်လ်အမျိုးအစားတွေပါ။ Honor 9 Lite ကတော့ အဲဒီ trend ကိုလိုက်လာပြီးတော့ ၅.၆၅လက်မ အရွယ်အစားနဲ့ထွက်လာတာပါ။
SoC HiSilicon Kirin 659
4x Cortex-A53 @ 2.36GHz
4x Cortex-A53 @ 1.70GHz
ARM Mali-T830MP2
@ 900MHz
HiSilicon Kirin 960
4x Cortex-A73 @ 2.362GHz
4x Cortex-A53 @ 1.844GHz
ARM Mali-G71MP8
@ 1033MHz
Display 5.65-inch 2160×1080 (18:9)
LTPS IPS LCD
5.15-inch 1920×1080 (16:9)
LTPS IPS LCD
Dimensions 151.0 x 71.9 x 7.6 mm
149 grams
147.3 x 70.9 x 7.45 mm
155 g
RAM 3GB LPDDR3 4/6GB LPDDR4X-1833
NAND 32GB
+ microSD
64/128GB
+ microSD
Battery 3000 mAh (11.55 Wh)
non-replaceable
3200 mAh (12.32 Wh)
non-replaceable
Front Camera Main Sensor: 13MP
Secondary Sensor: 2MP
8MP F/1.8
Rear Camera Main Sensor: 13MP
Secondary Sensor: 2MP
LED flash
RGB Sensor: 12MP,
f/2.2 – 27mm eq.Monochrome Sensor: 20MP
f/2.2 – 27mm eq.
LED flash
Modem HiSilicon LTE (Integrated)
2G / 3G / 4G LTE
SIM Size 2x NanoSIM (dual standby) or 1x NanoSIM + microSD
Wireless 802.11a/b/g/n, BT 4.2, GPS/Glonass/BDS 802.11a/b/g/n/ac, BT 4.2 LE, NFC, GPS/Glonass/BDS
Connectivity USB 2.0 microUSB
3.5mm headset
USB 2.0 USB-C
3.5mm headset
Sensors capacitive fingerprint, accelerometer, gyroscope, compass, ambient light, proximity, Hall effect, barometer
Launch OS Android 8.0 with EMUI 8.0 Android 7.0 with EMUI 5.1
Launch Price EUR 229€ / GBP £199 EUR 450€ / GBP £380
Honor 9 Lite ဟာ Honor 7X ရဲ့ အတွင်းပိုင်းတွေကို အတူတူလောက်သုံးထားပါတယ်။ နှစ်ခုစလုံးမှာ 16nm Kirin 659 chipset ၊ quad-core A53 ကို 2.36 နဲ့ 1.7GHz ဆိုပြီးတော့ နှစ်လုံးအသုံးပြုထားပါတယ်။ core နည်းနည်းပါတဲ့ SoC နဲ့ ပိုကြီးမားတဲ့ CPU core တွေက performance ပိုင်းမှာတော့ အတော်လေးခုန်တက်သွားပါတယ်။ ဒါပေမယ့်လည်း mid- to low-end device အနေနဲ့သာရှိနေပါသေးတယ်။ 3GB LPDDR3 ၊ GPU ကတော့ 900MHz နဲ့ lower-end Mali T830MP2 ကို အသုံးပြုထားပါတယ်။
Screen ကတော့ Honor 9 Lite ရဲ့ အထင်ရှားဆုံး လက္ခဏာတစ်ရပ်ဖြစ်ပြီးတော့ full view စမတ်ဖုန်းတစ်လုံးဖြစ်တာမို့ 18:9 မျက်နှာပြင်အချိုးကို တွေ့မြင်ရမှာပါ။ standard FHD+ (2160×1080) resolution ကို အသုံးပြုထားပြီးတော့ သာမန် ၅.၂ လက်မဖုန်းကို ၇၁.၉ မီလီမီတာအကျယ်နဲ့ ကောင်းကောင်းတိုင်တွယ်ထားတုန်းပါပဲ။ ဒါကြောင့် Honor 9 ထက် တစ်မီလီမီတာသာ ပိုကျယ်ပါတယ်။ ဖုန်းရဲ့အရှေ့ဘက်နဲ့အနောက်ဘက်မှာ 2.5D glass ကိုအသုံးပြုထားပြီးတော့ အနောက်ဘက်ကိုတော့ nano-coating ကိုအသုံးပြုထားတာမို့ မှန်လို effect ကိုဖြစ်သွားစေပါတယ်။
Honor 9 Lite ရဲ့ ထူးခြားမှုကတော့ ကင်မရာလေးလုံးစနစ်ကို မိတ်ဆက်ခြင်းပါပဲ။ အရှေ့ sensor တွေမှာ 13MP + 2MP configuration ကို အသုံးပြုထားပါတယ်။ secondary 2MP sensor ကတော့ ပိုမိုကောင်းမွန်တဲ့ bokeh effect ကို ခံစားနိုင်တော့မှာပါ။ Honor 9 Lite ရဲ့ အရှေ့ဘက်ကို ဆယ်လ်ဖီချစ်သူတွေအတွက် မျက်နှာစာအသစ်ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။
ဒီတန်ဖိုးနည်းဖုန်းလေးမှာတော့ 802.11ac တော့ မပါဝင်ပါဘူး။ တရုတ်မော်ဒယ်လ်အပြင် နောက်ထပ်ကြေညာခဲ့တဲ့ ဥရောပမော်ဒယ်လ်ကတော့ European LTE frequency band တွေ ထည့်သွင်းပေးမှာဖြစ်ပါတယ်။ Honor 7X လိုပဲ 9 Lite ဟာ microUSB port ကိုအသုံးပြုထားပါတယ်။
Honor 9 Lite ဟာ Amazon မှတဆင့်ရနိုင်ပြီးတော့ ယူကေဆိုင်တွေမှာလည်း ရနိုင်ပါပြီ။ ဈေးနှုန်းကတော့ EUR 229€ ၊ GBP £199 ဖြစ်ပါတယ်။
Posted on
Google Assistant ပါဝင်လာမယ့် Sony 4K HDR Android TV အသစ်များ
ဆိုနီဟာ CES 2018 အတွက်တော့ flagship စမတ်ဖုန်းတွေမရှိခဲ့ပေမယ့်လည်း ကျွန်တော်တို့ကိုပြသဖို့အတွက် ဆန်းကြယ်တာလေးတွေတော့ စီစဉ်ထားပါတယ်။ mid-range ပစ္စည်းအသစ်များ၊ headphone ၊ စပီကာနဲ့ တီဗွီတွေလည်း ပါဝင်ပါတယ်။ CES ပြီးသွားတော့ ဆိုနီဟာ မြှုပ်ကွက်လေးတွေကို စတင်ဖော်ဆောင်လိုက်ပါပြီ။ CES ပွဲမှာပြသခဲ့တဲ့ မော်ဒယလ်အဟောင်းကို ပြင်ဆင်ထားတဲ့ 4K HDR Android TV အသစ်တွေကို ကြေညာလိုက်ပါတယ်။ အဲဒီမော်ဒယ်လ်အသစ်တွေမှာ Google Assistant ပါဝင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက ဆိုနီဟာ 4K HDR တီဗွီတွေကို Google Assistant ပါဝင်နိုင်အောင် အဆင့်မြှင့်တင်နေခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ Google ရဲ့ virtual assistant ကို ဘူးထဲကဖွင့်ဖွင့်ချင်းမှာကို အသုံးပြုနိုင်တော့မှာပါ။ update လုပ်စရာမလိုတော့ပါဘူး။
CES မှာပြသခဲ့တဲ့ X900F series ကတော့ 55” ၊ 65” နဲ့ 75” ဆိုပြီးတော့လာပါတယ်။ မြန်ဆန်ပြီးတော့ ချောမွေ့ရှင်းလင်းစေမယ့် X-Motion Clarity ကိုလည်းထည့်သွင်းထားပါသေးတယ်။ panel တွေဟာ LED တွေဖြစ်ပြီးတော့ X1 Extreme processor ကိုအသုံးပြုထားတာမို့ 4K HDR image တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။
ဒီကနေ့ကြေညာတဲ့မော်ဒယ်လ်တွေကတော့ 65” ၊ 75” စီးရီးတွေဖြစ်ပြီးတော့ OLED panel တွေအသုံးပြုထားပါတယ်။ Acoustic Surface နည်းပညာကိုအသုံးပြုထားတာမို့ အသံပိုင်းဆိုင်ရာမှာလည်း အရမ်းမိုက်ပါတယ်။ အသံကျယ်ကျယ်နဲ့ ဇာတ်ကားကြည့်တတ်တဲ့အမျိုးတွေအတွက်တော့ အိုကေပြီပေါ့။
Google Assistant ပါဝင်တဲ့အတွက်ကြောင့် Google Home app ကိုအသုံးပြုပြီးတော့ အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။ အသံနဲ့ခိုင်းစေရင်း ခံစားကြည့်ရှုနိုင်ပြီပေါ့။
XBR-X900F   55-inch        $1,499.99
XBR-X900F   65-inch        $2,299.99
XBR-X900F   75-inch        $3,999.99
XBR-X850F   65-inch        $1,999.99
XBR-X850F   75-inch        $3,299.99
ဈေးနှုန်းတွေကတော့ အပေါ်မှာပြထားတဲ့အတိုင်းပါပဲ။ Best Buy နဲ့ Amazon တို့မှာဝယ်ယူနိုင်မှာပါ။
Posted on
Toyota ဆီက လျှပ်စစ်လေကြောင်းတက္ကစီအဖြစ်ထွက်ပေါ်လာမယ့် JetBlue
တကယ်ဖြစ်တည်လာအောင်လုပ်ဆောင်လိုက်တာကတော့ Toyota ပါ။ ဒါပေမယ့် လေကြောင်းတက္ကစီအနေနဲ့ ခရီးသည်ငါးဦးတင်ပြီး မသွားနိုင်သေးခင်ထိတော့ ပြောပြမှမဟုတ်သေးပါဘူး။ ဒါပေမယ့် အကြိုထုတ်လုပ်မှုပိုင်းကိုရောက်ရှိနေတာမို့ JetBlue ရဲ့ ရင်းနှီးသူတွေကို ပြောပြထားပြီးဖြစ်ပါတယ်။
ဒေါ်လာ100ဒေါ်လာဖန်ငွေရှာခြင်းဟာ လမ်းကျပ်မှုတွေ၊ ရထားချိန်နှောင့်နှေးခြင်းများကို ဖြေရှင်းနိုင်မယ့်ပစ္စည်းလေးအတွက် အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာတော့ ပျံသန်းမှုတွေကို တွေ့မြင်ရမှာမဟုတ်သေးပါဘူး။
Company ကတော့ လေယာဉ်ပျံလေးဟာ တစ်ခါအားသွင်းထားတာနဲ့ မိုင် ၁၅၀ကိုပျံသန်းနိုင်ရမယ်လို့ ကြွေးကြော်ထားပြီးတော့ လုပ်ဆောင်နေပါတယ်။ ငြိမ်သက်တဲ့ပျံသန်းမှု၊ ဆိုက်ကပ်တဲ့အခါ အဆင်ပြေချောမွေ့မှုတွေကို အဆ၁၀၀ ပိုကောင်းမယ်လို့ ဆိုထားပါသေးတယ်။ ဒါ့အပြင် Federal Aviation Administration ရဲ့ ထောက်ခံပျံသန်းခွင့်လည်း လိုအပ်ပါသေးတယ်။ ဖန်ငွေတွေနဲ့သာဆိုရင် အင်ဂျင်နီယာအသစ်တွေ၊ ဘတ်ထရီကျွမ်းကျင်သူတွေ၊ ဆော့ဖ်ဝဲလ်ဖန်တီးသူတွေ၊ ဖလိုက်ထိန်းချုပ်မှုကျွမ်းကျင်သူတွေကို ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။
Aurora Flight Sciences ၊ Pipistrel Aircraft ၊ Embraer၊ Mooney နဲ့ Bell Helicopter ၊ ChargePoint တို့နဲ့ပူးပေါင်းပြီးတော့ Uber ဆီကနေ ထွက်ပေါ်လာမယ့် VTOL flight ကတော့ 2020 မှာ ထွက်လာတော့မှာပါ။ ဘတ်ထရီနဲ့ပျံသန်းတဲ့အတွက်ကြောင့် သန့်ရှင်း၊ ငြိမ်သက်၊ ရေရှည်စီးနင်းနိုင်ခြင်းတွေကို ခံစားရမှာပါ။
ဂျာမနီအခြေစိုက် Lilium ကလည်း သူ့ရဲ့နှစ်ယောက်စီးလျှပ်စစ်ဂျက်လေးကိုစမ်းသပ်နေကြပြီဖြစ်ပြီး Joby လို ငါးယောက်စီးVTOL လေးလည်း ရှိပါသေးတယ်။
Airbus ကတော့ ဒီနှစ်အကုန်မှာ မောင်းသူမဲ့လျှပ်စစ်တက္ကစီတွေကို စတင်စီးနင်းနိုင်ဖို့ စီစဉ်ထားပြီးတော့ ၀န်ဆောင်မှုကိုတောင် စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
တက္ကစီလေးတွေပျံသန်းနေတဲ့အခါ ကောင်းကင်ပေါ်မှာကတော့ စီတန်းနေတော့မှာပါ။ လမ်းကျပ်တာကိုဖြေရှင်းတာဟုတ်ပေမယ့် ဘယ်သူကမှ စီးနင်းဖို့အတွက် ဘယ်လောက်ကုန်ကျမလဲဆိုတာ မပြောကြပါဘူး။
Posted on
Razor Turbo Jetts Electric Heel Wheels နဲ့ဆိုရင် စကိတ်ဘုတ်လို လန်းနိုင်ပြီ
ပြေးတဲ့နေရာမှာ စိတ်ပျက်စရာကောင်းလောက်အောင် နှေးကွေးနေပါသလား။ မော်တာရဲ့အကူအညီနဲ့ မြန်ဆန်စွာ ပြေးနိုင်မယ့်ပစ္စည်းလေးက ထွက်ပေါ်လာပါပြီ။ pressure-sensitive power motor ကနေပြီးတော့ ၀တ်ဆင်လိုက်ပြီး ထွက်ခွာလိုက်တာနဲ့ အမြန်နှုန်းကို 10mph နဲ့ ဆက်တိုက်ဆိုရင် မိနစ်၃၀အထိ အသုံးပြုနိုင်မှာပါ။ 12-volt၊ , lithium-ion အားအမြန်သွင်းဘတ်ထရီနဲ့ အားဖြည့်ထားပြီးတော့
ဒီနွေမှာ Razor Turbo Jetts ဟာ £129.99 နဲ့ ရောင်းချဖို့စီစဉ်နေပြီး ယူကေရဲ့ လူငယ်ဆိုဒ် 11 ကနေ လူကြီးဆိုဒ် 11 အထိ ၀တ်ဆင်နိုင်လိမ့်မယ်လို့ သိရပါတယ်။ သူငယ်ချင်းတွေရှေ့မှာ စတန့်ထွင်မပြခင် ပန်းခြံထဲမှာဖြစ်ဖြစ်အစမ်းလေ့ကျင့်သင့်ပါတယ်။ ကံကောင်းရင် ခြေဖနောင့်အနောက်နားမှာ မီးပွားလေးတေ ထွက်လာနိုင်ပါသေးတယ်။