App/Game Gadget Trending

ကိုယ်ပိုင်appကနေ wearable အသစ်တွေကိုကြေညာခဲ့တဲ့ ဆမ်ဆောင်း

Zawgyi Version ဆမ်ဆောင်းရဲ့ wearable app လေးကတော့ update ထွက်ရှိလာခဲ့ပြီး ထုတ်ကုန်အသစ်တွေကိုလည်း ပြသထားတာကို တွေ့မြင်ရပါတယ်။ သူတို့တွေကို မကြာခင်မှာ ပြသတော့မယ့် Galaxy S10 နဲ့ တွေ့မြင်ရမယ်လို့ တွက်ထားပါတယ်။ Android အတွက် Galaxy Wearable app လေးကိုတော့ Samsung Gear လို့ သိကြပါတယ။် အဲဒီထဲမှာ wireless earbuds ၊ smartwatch ၊ fitness band အသစ်လေးတွေကို တွေ့မြင်ကြရမှာပါ။ ဒီ update ကိုတော့ တွစ်တာအကောင့်ပိုင်ရှင် SamCentralTech ကနေ ထောက်ပြခဲ့တာပါ။ Galaxy Watch Active ကတော့ စာရင်းထဲမှာ ပထမဆုံးပါပဲ။ Galaxy Sport လို့နာမည်ထွက်ခဲ့တဲ့ […]

App/Game Enterprise Trending

FaceTime Bug ကို ပြင်ဆင်ပေးတဲ့ Update ကို ဖြန့်ချီလိုက်တဲ့ Apple

Apple ရဲ့ Facetime Video Calling Platform လေးမှာ ပြင်းထန်တဲ့ Bug တစ်ခု ပြီးခဲ့တဲ့ တစ်ပတ်က ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကိုလည်း လူမှုကွန်ရက်တွေမှာ အတော်လေးပျံ့နှံ့နေပါတယ်။ 9to5Mac ရဲ့ သတိပေးချက်အရ FaceTime ကနေ တစ်ယောက်ယောက်ကို ခေါ်မယ်ဆိုရင် သူတို့ရဲ့မိုက်ခရိုဖုန်းတွေက ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ နားထောင်နေမှာဖြစ်ပါတယ်။ အခုတော့ ဒီလုံခြုံရေး ဟာကွက်ကို Apple က ပြင်ဆင်ပေးလိုက်ပါတယ်။ ကုမ္ပဏီက iOS 12.1.4 ဖြင့် ဒီပြဿနာကို ပြင်ဆင်ပေးလိုက်တာပါ။ အဲဒီ Update ကို အမြန်ဆုံး အင်စတော ပြုလုပ်ဖို့ ကုမ္ပဏီက စားသုံးသူများအား တိုက်တွန်းထားပါတယ်။ ဖုန်းခေါ်တဲ့ အခါမှာ တစ်ဖက်လူက မကိုင်ရသေးခင်တွင် အသံများကို နားထောင်လို့ရနေတာဟာ လူများရဲ့ […]

App/Game Trending

PUBG Mobile ကစားဖို့ ဖုန်း မ၀ယ်ပေးလို့ သတ်သေသွားတဲ့ လူငယ်

PUBG Mobile Game ကို အိန္ဒိယမှာ စွဲလမ်းစွာ ကစားနေကြပါတယ်။ အခုတော့ အဲဒီ ဂိမ်းကစားဖို့ ဖုန်း မ၀ယ်ပေးလို့  မွန်ဘိုင်းမှ လူငယ်တစ်ဦးဟာ ကိုယ့်ကိုကိုယ် သတ်သေသွားပါတယ်။ အသက် ၁၈ နှစ် အရွယ် လူငယ်ဟာ ကြိုးဆွဲချပြီး သတ်သေသွားတာပါ။ လူငယ်ဟာ မွန်ဘိုင်းမှ Kurla’s Nehru Nagar မှာ နေထိုင်သူလို့ ရဲဌာနက ပြောပါတယ်။ သူက PUBG Mobile ကစားဖို့ ရူပီး ၃၇ ၀၀၀ လောက် ရှိတဲ့ တန်ဖိုးကြီး စမတ်ဖုန်းကို ၀ယ်ပေးဖို့ ပူဆာခဲ့တာ ဖြစ်ပါတယ်။ မိဘများက ဒီလောက်ဈေးကြီးတဲ့ ဖုန်းကို မ၀ယ်ပေးနိုင်ဘဲ ရူပီး ၂၀ ၀၀၀ အောက် ဖုန်းကိုသာ […]

App/Game Knowledge Smartphone Trending

FaceTime bug ကြောင့် တစ်ဖက်ကမကိုင်ရင်တောင် အသံကိုဖမ်းထားနိုင်

Zawgyi Version တစ်ဖက်လူက ချပစ်လိုက်ရင်တောင်မှ ဗွီဒီယိုလေးကို share လုပ်နေဦးမှာ။ Apple ရဲ့ FaceTime video calling platform လေးမှာ ပြင်းထန်တဲ့ bug တစ်ခုဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကိုလည်း လူမှုကွန်ရက်တွေမှာ အတော်လေးပျံ့နှံ့နေပါတယ်။ 9to5Mac ရဲ့ သတိပေးချက်အရ FaceTime ကနေ တစ်ယောက်ယောက်ကို ခေါ်မယ်ဆိုရင် သူတို့ရဲ့မိုက်ခရိုဖုန်းတွေက ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ နားထောင်နေမှာဖြစ်ပါတယ်။ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ စကားသံကို နားထောင်ကြည့်ရအောင်။ “ဒီအကြောင်းကို ကျွန်တော်တို့သိထားပြီးသားပါ။ ဒီတစ်ပတ်ထဲမှာ ဒီကိစ္စအတွက် အဖြေရှာပြီးတော့ fix update လုပ်ပေးနိုင်အောင် ပြင်ဆင်နေပါတယ်။” Now you can answer for yourself on FaceTime even if […]

App/Game Enterprise Social Trending

ဆယ်ကျော်သက်တွေရဲ့အာရုံကိုဖမ်းစားနိုင်ဖို့ LOL ဆိုတဲ့ ဗွီဒီယိုအတို platform ကို စမ်းသပ်နေတဲ့ Facebook

Zawgyi Version Facebook က “LOL” လို့ခေါ်တဲ့ platform ကို ဖန်တီးနေပါတယ်။ ဆယ်ကျော်သက်တွေကို ရည်ရွယ်ထားတဲ့ platform လေးလည်း ဖြစ်ပါတယ်။ ဗွီဒီယိုcontent တွေ ခေတ်စားလာတဲ့အတွက်ကြောင့် ဒီ product လေးဖြစ်ပေါ်လာတာ ဖြစ်ပါလိမ့်မယ်။ လက်ရှိမှာတော့ ယူအက်စ်ရဲ့ အထက်တန်းကျောင်းက ကျောင်းသား၊ကျောင်းသူအနည်းငယ်လောက်နဲ့ စမ်းသပ်နေပါပြီ။ ဒါပေမယ့်လည်း သူတို့ရဲ့စီမံကိန်းက ဘယ်လိုဖြစ်မလဲဆိုတာ မရှင်းလင်းသေးပါဘူး။ ဆယ်ကျော်သက်စမ်းသပ်သူတွေထဲမှာ မိဘဖြစ်သူတွေရဲ့ခွင့်ပြုချက်နဲ့ public beta သုံးနေသူတွေပါဝင်နေပါတယ်။ သူတို့တွေကကတော့ လက်ရှိမှာ LOL product ကို မြင်နေရပြီးတော့ Watch tab ထဲမှာ တွေ့မြင်ရတာပါ။ လက်ရှိမှာတော့ Watch ထဲမှာ မပေါ်သေးတဲ့သူတွေလည်း ရှိနေပါတယ်။ LOL ကို စမ်းသပ်နေကြောင်းတော့ အတည်ပြုပေးပြီးသားပါ။ ဆယ်ကျော်သက်တွေကို […]

App/Game Social Trending

လေးနှစ်လုံးလုံး private tweets တွေကို public ဖြစ်စေခဲ့တဲ့ Twitter Android bug

Zawgyi Version နည်းပညာလုပ်ငန်းတွေက စကားလုံးအသစ်ထွင်ရတာ သဘောကျတတ်ပါတယ်။ ဥပမာ – unlimited လို့ရေးထားခြင်းက limited လို့ ပြောချင်တာမျိုး။ အခုလည်း Twitter က “private” ကနေ “public” ဖြစ်စေခဲ့ပြီ။ Android မှာသာ အကျိုးသက်ရောက်ခဲ့တဲ့ bug လေးကို အပြစ်တင်ရမလိုလိုပါပဲ။ bug လေးဆိုပေမယ့်လည်း နှစ်ပေါင်းများစွာရှိနေခြင်းက ပိုအရေးပါတဲ့ကိစ္စမဟုတ်လား။ ဆိုလိုချင်တာက Twitter က မသိခဲ့ဘူးပေါ့။ အကောင့်ကို private လုပ်ထားခြင်းအားဖြင့် tweet တွေကို ကာကွယ်ထားလို့ရတယ်လို့ Twitter က ပြောထားပါတယ်။ ဒီတော့ သုံးစွဲသူတွေက tweet တွေကို မြင်စေချင်တဲ့သူတွေကိုပဲ ခွင့်ပြုပေးရမှာပါ။ ကံမကောင်းစွာနဲ့ပဲ Android သမားတွေအတွက် ၂၀၁၄ခုနှစ်ကတည်းက ယနေ့အချိန်အထိ bug လေးကြောင့် […]

App/Game Trending

အမြန်နှုန်းတိုင်းကင်မရာတွေရဲ့ အိုင်ကွန်လေးတွေကို ပြသပေးမယ့် Google Maps

Zawgyi Version Google Maps က အသုံးဝင်တဲ့ feature သစ်တစ်ခုကို မိတ်ဆက်လိုက်ပြန်ပြီ။ speed trap ပြဖို့အတွက် Google Maps မှာ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ Android သုံးစွဲသူတစ်ယောက်က မျှဝေထားတဲ့ screenshot တွေမှာ မောင်းနှင်ရင်းနဲ့ Map ကြည့်လိုက်တဲ့အခါ အမြန်နှုန်းတိုင်းကင်မရာတွေရဲ့ အိုင်ကွန်လေးတွေကို တွေ့မြင်ရပါတယ်။ ကားမောင်းနေလို့ မကြည့်အားဘူးဆိုပေမယ့်လည်း Google Maps က သင့်ကို အသံနဲ့အချက်ပြပေးသွားမှာဖြစ်ပါတယ်။ Google Maps သုံးစွဲသူတွေကို ဖြည်းဖြည်းချင်းရောက်လာမယ့် feature လေးဖြစ်ပါတယ်။ Reddit သုံးစွဲသူအတော်များများကတော့ အသုံးဝင်ကြောင်း ပြောနေကြပါပြီ။ ကိုယ်တိုင်လုပ်ဆောင်နေစရာတစ်ခုမှ မလိုအပ်ပါဘူး။ ဒီတော့ Google Maps မှာ speed trap တွေမမြင်ရသေးဘူးဆိုရင်လည်း ထည့်ပေးမယ့်အချိန်လေးကို စောင့်ဆိုင်းရုံပါပဲ။ […]

App/Game Trending

Instagram မှ အကောင့်များကြီးကို တစ်ပြိုင်တည်းပို့စ်တင်ရန် ခွင့်ပြုလိုက်

Zawgyi Version iOS မှာပဲ ရနိုင်မှာပါ။ သင့်မှာ Instagram အကောင့်အများကြီးရှိမယ်ဆိုရင်တော့ feature အသစ်လေးက သင့်အတွက် လွယ်ကူစေမှာပါ။ Instagram ရဲ့ iOS version နဲ့ဆိုရင် သုံးစွဲသူတွေကို ပို့စ်တစ်ခုထဲကိုပဲ အကောင့်အားလုံးမှာ တစ်ချိန်တည်း တင်လို့ရအောင် လုပ်ဆောင်ပေးထားတာဆိုတော့ အဆင်ပြေစေမှာပါ။ ဒီအတွက် လုပ်ဆောင်ရမှာကတော့ တင်ချင်တဲ့အကောင့်တွေကို toggle လုပ်ပေးထားရမှာ ဖြစ်ပါတယ်။ “အကောင့်တွေအများကြီးကို ပို့စ်တင်နေရတဲ့သူတွေအတွက် အဆင်ပြေပြေသုံးစေချင်တဲ့ရည်ရွယ်ပါ။” regram function အကြောင်းကို သတင်းတွေထွက်လာတိုင်းမှာ Instagram က မလုပ်ဖြစ်ကြောင်း ငြင်းခဲ့ပါတယ်။ ဒါဟာ “authenticity” မရှိကြောင်း၊ သုံးစွဲသူတွေရဲ့ ချိတ်ဆက်မှုကို မလေးစားရာရောက်ကြောင်း ပြောခဲ့ပါတယ်။ ဒီလိုပြောခဲ့တဲ့ တွဲဖက်တည်ထောင်သူ Mike Krieger နဲ့ Systrom တို့ဟာ […]

App/Game Social Trending

dark mode ကို စမ်းသပ်နေတဲ့ Facebook Messenger

Zawgyi Version Facebook Messenger က ပြီးခဲ့တဲ့လကတည်းက Messenger UI ကို ဖြည်းဖြည်းခြင်း ပြောင်းလဲနေတာကို သတိထားမိကြရဲ့လား။ စမ်းသပ်မှုတွေအပြီးမှာ နောက်ထပ်တစ်ခုထွက်ပေါ်လာတာကတော့ dark mode ပဲဖြစ်ပါတယ်။ အဖြူရောင်ဒီဇိုင်းလေးနဲ့ ပိုမိုကောင်းမွန်လာမယ်လို့ ခံစားရပါတယ်။ အခုဆိုရင်တော့ social app teardown ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Jane Manchun Wong ရဲ့ တင်ပြချက်အရ Facebook Messenger ဟာ dark mode ကို စမ်းသပ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတချို့မှာသာ ရနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ မပြီးသေးတဲ့အချိန်ပါ။ ဘယ်လိုနိုင်ငံတွေကများ သုံးခွင့်ရှိမလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ ကျွန်တော်တို့စမ်းကြည့်ရသလောက်ကတော့ ယူအက်စ်မရသေးသလို ကျွန်တော်တို့ဆီမှာလည်း မရသေးပါဘူး။ ဒီတော့ ဘယ်လိုပုံစံလည်းဆိုတာ မပြောပြတတ်သေးပါဘူး။ […]

App/Game Enterprise Trending

Google Duo မှာ group calling နဲ့ low light mode များ ပါဝင်လာနိုင်ချေရှိနေ

Zawgyi Version Google ဆီကနေထွက်ပေါ်လာတဲ့သတင်းတွေအများကြီးရှိပေမယ့်လည်း ၂၀၁၈အတွင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးထဲကတစ်ခုကိုပြပါဆိုရင် messaging apps နဲ့ platforms တွေအတွက် နည်းဗျူဟာပြင်ဆင်လိုက်တဲ့သတင်းပါပဲ။ Apple က iMessage ရဲ့ရိုးရှင်းမှုကိုပိုင်ဆိုင်ထားတယ်။ Facebook ကလည်း WhatsApp နဲ့ Messenger တို့လို အောင်မြင်ကျော်ကြားနေတဲ့ standalone app တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် Google ကလည်း သုံးစွဲသူတွေကို သူတို့ဘက်ပါလာအောင် ဆွဲခေါ်ချင်နေမှာ အသေအချာပါပဲ။ ၂၀၁၈ကုန်ခါနီးလာပေမယ့်လည်း သူတို့ရဲ့ video chat app Google Duo လေးကို အောင်မြင်မှုတစ်ခုရအောင် ဖန်တီးနေခဲ့ပါတယ်။ အခုဆိုရင် Play Store မှာ ဒေါင်းလုတ်ဆွဲသူပေါင်း ၁ဘီလျံအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် Android Police ရဲ့တင်ပြချက်အရ […]