Posted on Leave a comment

Spycam နဲ႔ ေခ်ာင္းရုိက္ၿပီး အြန္လိုင္းမွာ ျပသသူ ၂ ဦးကို ဖမ္းဆီး

ေတာင္ကိုရီးယားမွာ အမ်ိဳးသမီးမ်ားကို စပိုင္ ကင္မရာမ်ားနဲ႔ ေခ်ာင္းရိုက္ၿပီး ဗီဒီယိုမ်ားကို အြန္လိုင္းမွာ မွ်ေ၀ေနတဲ့ ျပႆနာဟာ ေတာ္ေတာ္ကို ႀကီးမားေနပါတယ္။ အိမ္သာမ်ား၊ အ၀တ္လဲခန္းမ်ားလို အမ်ားျပည္သူသံုးေနရာမ်ားမွာ အဓိက ေခ်ာင္းရိုက္ေနၾကတာပါ။ အဲဒီလို ကိစၥမ်ားေၾကာင့္  ၿပီးခဲ့တဲ့ ေႏြရာသီက အမ်ိဳးသမီး ေသာင္းဂဏန္းခန္႔ဟာ ဆိုးလ္ၿမိဳ႕ လမ္းမမ်ားေပၚထြက္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ အာဏာပိုင္မ်ားကလည္း ဒီကိစၥကို အထူးအေလးစိုက္ၿပီး တိုက္ဖ်က္ေနပါတယ္။

အခုေတာ့ ေတာင္ကိုရီးယားမွာ Spycam နဲ႔ ေခ်ာင္းရုိက္ၿပီး အြန္လိုင္းမွာ ျပသသူ ၂ ဦးကို ဖမ္းဆီးလိုက္ပါတယ္။ သူတို႔ ၂ ဦးဟာ အြန္လိုင္းမွာ Spycam Website တစ္ခုကို တည္ေထာင္ထားပါတယ္။ သူတို႔က ဟိုတယ္မ်ားမွာ စပိုင္ကင္မရာမ်ားကို ဆံပင္ အေျခက္ခံစက္၊ နံရံကပ္ အားသြင္းပလပ္ေပါက္မ်ားမွာ ထည့္သြင္းထားၿပီး ေခ်ာင္းရိုက္ၾကတာပါ။ စုစုေပါင္း ဧည့္သည္ေပါင္း ၁၆၀၀ ကို သူတို႔က ေခ်ာင္းရိုက္ခဲ့ၾကတာပါ။ အဲဒီ ဗီဒီယိုမ်ားကို သူတို႔ရဲ႕ ၀က္ဘ္ဆိုက္မွာ အခေၾကးေငြနဲ႔ ျပသေနတာ ျဖစ္ပါတယ္။

သူတို႔ဟာ ၿပီးခဲ့တဲ့ ႏွစ္ ႏို၀င္ဘာလကေန ဒီလအတြင္းမွာ ၿမိဳ႕၁၀ ခုမွ ဟိုတယ္ေပါင္း ၃၀ ရဲ႕ အခန္း ၄၂ ခန္းမွာ ကင္မရာမ်ားကို တပ္ဆင္ခဲ့တယ္လို႔ ယူဆထားၾကပါတယ္။ တရားခံမ်ားရဲ႕ Spy Cam Website မွာ အဖြဲ႔၀င္ ၄၀၀၀ ရွိၿပီး ဗီဒီယိုေပါင္း ၈၀၃ ခုကို တင္ထားပါတယ္။ အခေပး ၀န္ေဆာင္မႈကို ၾကည့္ရႈသူ ၉၇ ေယာက္ရွိတယ္လို႔ သိရပါတယ္။ ၾကည့္ရႈခဟာ တစ္ဦးလွ်င္ ၄၄.၉၅ ေဒၚလာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ စပိုင္ ကင္မရာမ်ားဟာ အလြန္ ေသးငယ္ၿပီး 1mm Lens Camera မ်ား ျဖစ္ပါတယ္။

ေတာင္ကိုရီးယားမွာ အဲဒီလို ေခ်ာင္းရိုက္တဲ့ အမႈမ်ားဟာ ၂၀၁၂ ခုႏွစ္မွာ ၁၃၅၃ ခုကေန ၂၀၁၇ ခုႏွစ္မွာ ၆၄၇၀ အထိ မ်ားျပားလာတာ ျဖစ္ပါတယ္။

unicode

Spycam နဲ့ ချောင်းရိုက်ပြီး အွန်လိုင်းမှာ ပြသသူ ၂ ဦးကို ဖမ်းဆီး

တောင်ကိုရီးယားမှာ အမျိုးသမီးများကို စပိုင် ကင်မရာများနဲ့ ချောင်းရိုက်ပြီး ဗီဒီယိုများကို အွန်လိုင်းမှာ မျှဝေနေတဲ့ ပြဿနာဟာ တော်တော်ကို ကြီးမားနေပါတယ်။ အိမ်သာများ၊ အဝတ်လဲခန်းများလို အများပြည်သူသုံးနေရာများမှာ အဓိက ချောင်းရိုက်နေကြတာပါ။ အဲဒီလို ကိစ္စများကြောင့် ပြီးခဲ့တဲ့ နွေရာသီက အမျိုးသမီး သောင်းဂဏန်းခန့်ဟာ ဆိုးလ်မြို့ လမ်းမများပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်များကလည်း ဒီကိစ္စကို အထူးအလေးစိုက်ပြီး တိုက်ဖျက်နေပါတယ်။

အခုတော့ တောင်ကိုရီးယားမှာ Spycam နဲ့ ချောင်းရိုက်ပြီး အွန်လိုင်းမှာ ပြသသူ ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ၂ ဦးဟာ အွန်လိုင်းမှာ Spycam Website တစ်ခုကို တည်ထောင်ထားပါတယ်။ သူတို့က ဟိုတယ်များမှာ စပိုင်ကင်မရာများကို ဆံပင် အခြေက်ခံစက်၊ နံရံကပ် အားသွင်းပလပ်ပေါက်များမှာ ထည့်သွင်းထားပြီး ချောင်းရိုက်ကြတာပါ။ စုစုပေါင်း ဧည့်သည်ပေါင်း ၁၆၀၀ ကို သူတို့က ချောင်းရိုက်ခဲ့ကြတာပါ။ အဲဒီ ဗီဒီယိုများကို သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အခကြေးငွေနဲ့ ပြသနေတာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကနေ ဒီလအတွင်းမှာ မြို့၁၀ ခုမှ ဟိုတယ်ပေါင်း ၃၀ ရဲ့ အခန်း ၄၂ ခန်းမှာ ကင်မရာများကို တပ်ဆင်ခဲ့တယ်လို့ ယူဆထားကြပါတယ်။ တရားခံများရဲ့ Spy Cam Website မှာ အဖွဲ့ဝင် ၄၀၀၀ ရှိပြီး ဗီဒီယိုပေါင်း ၈၀၃ ခုကို တင်ထားပါတယ်။ အခပေး ဝန်ဆောင်မှုကို ကြည့်ရှုသူ ၉၇ ယောက်ရှိတယ်လို့ သိရပါတယ်။ ကြည့်ရှုခဟာ တစ်ဦးလျှင် ၄၄.၉၅ ဒေါ်လာ ဖြစ်ပါတယ်။ သူတို့ရဲ့ စပိုင် ကင်မရာများဟာ အလွန် သေးငယ်ပြီး 1mm Lens Camera များ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ အဲဒီလို ချောင်းရိုက်တဲ့ အမှုများဟာ ၂၀၁၂ ခုနှစ်မှာ ၁၃၅၃ ခုကနေ ၂၀၁၇ ခုနှစ်မှာ ၆၄၇၀ အထိ များပြားလာတာ ဖြစ်ပါတယ်။

Posted on Leave a comment

Galaxy Fold ရဲ႕ unofficial hands-on ဗြီဒီယိုေလးထြက္ေပၚလာ

Zawgyi Version

Samsung ရဲ႕ အေတာ္ေလး hype ျဖစ္ေနတဲ့ ေခါက္ခ်ိဳးဖုန္းေလးကေတာ့ ေနာက္လမတုိင္ခင္အထိ lunch လုပ္မယ့္ရက္ကို မၾကားသိရေသးပါဘူး။ ဒါေပမယ့္လည္း Galaxy Fold ေလးကို ဗီယက္နမ္မွာ ျမင္လုိက္ရပါတယ္။ unofficial အေနနဲ႕ ေတြ႕ျမင္ရတာျဖစ္ေပမယ့္လည္း AT&T-bound ျဖစ္ေနတဲ့ အဲဒီဖုန္းေလးက ယံုခ်င္စရာေကာင္းလြန္းေနပါတယ္။ ဒါဟာ Samsung ေျပာခဲ့တဲ့အတုိင္းပါပဲ။ ဒါေပမယ့္ Samsung မျပခ်င္တဲ့အပိုင္းေတြလည္း ပါ၀င္ေနတာကိုေတာ့ အားလံုးျမင္ေတြ႕ရမွာပါ။
Galaxy Fold ေလးကို ေခါက္လိုက္ ျဖန္႕လိုက္ခ်ိန္မွာ စိတ္မသက္မသာျဖစ္သြားမွာပါ။ ပထမဆံုးမ်ိဳးဆက္အေနနဲ႕ထုတ္လုပ္တာဆိုေတာ့လည္း ဒီေလာက္ေတာ့ ရွိမွာေပါ့ေလ။
ဒါဟာ Samsung Galaxy Fold မွာပဲျဖစ္မတာမဟုတ္ပါဘူး။ Huawei Mate X ကလည္း အလားတူပါပဲ။ screen ရဲ႕ ဖန္သားေနရာမွာ ပလတ္စတစ္ကိုထည့္သြင္းအသံုးျပဳထားတဲ့အတြက္ေၾကာင့္ ဒီလုိေန႕ရက္ေတြကို အသားက်ေအာင္ လုပ္ဖို႕ပဲ ရွိေတာ့တာပါ။ ေနာက္ထပ္ဆိုးက်ိဳးတစ္ခုကေတာ့ screen ေတြဟာ အလြယ္တကူ စြန္းထင္းျခစ္ရာေတြ ေပက်ံႏုိင္ပါတယ္။ ဒါကေတာ့ Galaxy Fold အတြက္ ကိစၥၾကီးမဟုတ္ပါဘူး။ သူက အတြင္းဘက္ကို ေကြးညြတ္ထားတဲ့အတြက္ေၾကာင့္ နည္းနည္းစိတ္သက္သာရာရႏုိင္ပါတယ္။
ေအာက္မွာျပထားတဲ့ဗြီဒီယိုေလးကေတာ့ ဖုန္းေလးကို unlock လုပ္ျပီးေတာ့ သံုးဖို႕ျပထားတာျဖစ္ပါတယ္။ ေနာက္ျပီးဖုန္းရဲ႕ အေနအထားေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ။္
ေနာက္ျပီး display ကိုလည္း ေသေသခ်ာခ်ာျမင္ေတြ႕လုိက္ရပါတယ္။ notch က မနည္းမေနာၾကီးေနာ္။ ဒါေပမယ့္လည္း ေထာင့္နားေလးမွာဆိုေတာ့ မျမင္ခ်င္ေယာင္ေဆာင္လို႕ေတာ့ ရႏုိင္ေကာင္းပါရဲ႕။

Unicode Version

Samsung ရဲ့ အတော်လေး hype ဖြစ်နေတဲ့ ခေါက်ချိုးဖုန်းလေးကတော့ နောက်လမတိုင်ခင်အထိ lunch လုပ်မယ့်ရက်ကို မကြားသိရသေးပါဘူး။ ဒါပေမယ့်လည်း Galaxy Fold လေးကို ဗီယက်နမ်မှာ မြင်လိုက်ရပါတယ်။ unofficial အနေနဲ့ တွေ့မြင်ရတာဖြစ်ပေမယ့်လည်း AT&T-bound ဖြစ်နေတဲ့ အဲဒီဖုန်းလေးက ယုံချင်စရာကောင်းလွန်းနေပါတယ်။ ဒါဟာ Samsung ပြောခဲ့တဲ့အတိုင်းပါပဲ။ ဒါပေမယ့် Samsung မပြချင်တဲ့အပိုင်းတွေလည်း ပါဝင်နေတာကိုတော့ အားလုံးမြင်တွေ့ရမှာပါ။
Galaxy Fold လေးကို ခေါက်လိုက် ဖြန့်လိုက်ချိန်မှာ စိတ်မသက်မသာဖြစ်သွားမှာပါ။ ပထမဆုံးမျိုးဆက်အနေနဲ့ထုတ်လုပ်တာဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့လေ။
ဒါဟာ Samsung Galaxy Fold မှာပဲဖြစ်မတာမဟုတ်ပါဘူး။ Huawei Mate X ကလည်း အလားတူပါပဲ။ screen ရဲ့ ဖန်သားနေရာမှာ ပလတ်စတစ်ကိုထည့်သွင်းအသုံးပြုထားတဲ့အတွက်ကြောင့် ဒီလိုနေ့ရက်တွေကို အသားကျအောင် လုပ်ဖို့ပဲ ရှိတော့တာပါ။ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ screen တွေဟာ အလွယ်တကူ စွန်းထင်းခြစ်ရာတွေ ပေကျံနိုင်ပါတယ်။ ဒါကတော့ Galaxy Fold အတွက် ကိစ္စကြီးမဟုတ်ပါဘူး။ သူက အတွင်းဘက်ကို ကွေးညွတ်ထားတဲ့အတွက်ကြောင့် နည်းနည်းစိတ်သက်သာရာရနိုင်ပါတယ်။
အောက်မှာပြထားတဲ့ဗွီဒီယိုလေးကတော့ ဖုန်းလေးကို unlock လုပ်ပြီးတော့ သုံးဖို့ပြထားတာဖြစ်ပါတယ်။ နောက်ပြီးဖုန်းရဲ့ အနေအထားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ။်
နောက်ပြီး display ကိုလည်း သေသေချာချာမြင်တွေ့လိုက်ရပါတယ်။ notch က မနည်းမနောကြီးနော်။ ဒါပေမယ့်လည်း ထောင့်နားလေးမှာဆိုတော့ မမြင်ချင်ယောင်ဆောင်လို့တော့ ရနိုင်ကောင်းပါရဲ့။

Posted on Leave a comment

ပိုက္ဆံအကုန္ခံျပီး မ၀ယ္သင့္တဲ့ Apple iPad အသစ္

Zawgyi Version

iPad Mini 4 ကို ေဒၚလာ၄၀၀ နဲ႕ ေရာင္းခ်ခဲ့ဖူးပါတယ္။ ၂၀၁၈ခုႏွစ္မွာေတာ့ ေဒၚလာ၃၃၀နဲ႕ ထြက္ရွိလာျပီး ၉.၇လက္မ screen ၊  အျမင့္စားအခ်က္အလက္ေတြကုိ အသံုးျပဳေပးထားပါတယ္။ ၂၀၁၅ခုႏွစ္တည္းက ထုတ္လုပ္ခဲ့တဲ့ တက္ဘလက္ေလးကို ဆက္္လက္ထုတ္လုပ္ေနတုန္းဆိုလည္း မမွားပါဘူး။ compact Apple tablet ေလး လိုခ်င္တယ္ဆိုရင္ေတာ့ သင့္သေဘာပါပဲ။

ျဖတ္သန္းလာခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္မွာ ၊ Apple event တုိင္းမွာ Mini လိုင္းအတြက္ update ထြက္မယ္လို႕ ၾကားေနရပါတယ္။ အခုအခ်ိန္ထိေပ့ါ။ Apple က iPad Mini 5 ကို ေနာက္ဆံုးေတာ့ ထုတ္ျပလုိက္ပါတယ္။ Apple event မလုပ္ဘဲ တိတ္တဆိတ္လုပ္ေဆာင္္ေနရတဲ့အေၾကာင္းရင္းက ဘာေၾကာင့္ဆိုတာ ဆက္ၾကည့္လုိက္ရေအာင္ပါ။

ဘာေတြအသစ္အဆန္းအေနနဲ႕ ေတြ႕ျမင္ရမလဲ

ဖ်က္ကနဲၾကည့္လိုက္ေတာ့ iPad Mini အသစ္ေလးက အရင္ေမာ္ဒယ္လ္ေတြနဲ႕ ထပ္တူက်ေနပါတယ္။ ေနာက္တစ္ေခါက္ျပန္ၾကည့္ပါတယ္။ တူေနတုန္းပဲ။ ဘာေၾကာင့္လဲ ထပ္တူကိုက်ေနလို႕ပါ။ ၇.၉လက္မ screen မွာ တူညီတဲ့ေဘာင္ေတြကိုလည္း ေတြ႕ျမင္ေနရပါတယ္။ Touch ID home button လည္းပါတယ္။ အလူမီနီယမ္ေက်ာျပင္နဲ႕ space gray, silver, or gold color ေတြပဲ။

https://platform.twitter.com/widgets.js

ဘာေတြေျပာင္းလဲသြားလဲ။ A8 ကေန A12 Bionic ကို ထည့္ေပးထားပါတယ္။ အဲဒီchipset ကို လက္ရွိ iPhone XS, XS Max နဲ႕ iPhone XR တုိ႕မွာ အသံုးျပဳေနတာျဖစ္ပါတယ္။ storage ကို 64GB or 256GB ဆိုျပီးေတာ့ လုပ္ေပးထားပါတယ္။ 1.2-megapixel front-facing camera ေလးကို 7-megapixel နဲ႕ ခ်ိန္းေပးထားပါတယ္။ ဒါ့အျပင္ Apple Pencil ၊ TrueTone technology ကိုလည္း ခံစားခြင့္ရရွိမွာပါ။

ဒီအတြက္ ကၽြန္ေတာ္တို႕ ေလးႏွစ္ေတာင္ေစာင့္ခဲ့ရတာ။ ဒါေလာက္ပဲလား။ ေတာ္ေတာ္ေလး နည္းေနတာေပ့ါ။ ေစ်းႏႈန္းေတာင္ မေျပာင္းေပးခဲ့ဘူး။ အရင္လိုပဲ ေဒၚလာ၄၄၀နဲ႕ စဖြင့္ထားပါတယ္။ iPad Mini 4 ကို မၾကာေသးခင္က ၀ယ္ထားတဲ့သူေတြကိုေတာ့ စိတ္မေကာင္းေၾကာင္း ေျပာလုိက္ပါရေစ။

iPad Mini အသစ္အျပင္ iPad အသစ္တစ္လံုးကို ေတြ႕ရမွာပါ။ ေမွ်ာ္လင့္မထားတဲ့ iPad Air ေပ့ါ။ ၁၀.၅လက္မ iPad Pro ကို အစားထိုးထားတာပါ။ ဖ်က္ကနဲၾကည့္လိုက္ရင္ေတာ့ iPad Pro နဲ႕ တူေနပါတယ္။ ေနာက္တစ္ေခါက္ၾကည့္မလား။ ဒါပါပဲ။ ေဒၚလာ၅၀၀ နဲ႕ ေစ်းဖြင့္ထားပါတယ္။

apples new ipad mini and air are seriously underwhelming 5 2019

2019 iPad Mini ကေတာ့ compact tablet လိုခ်င္သူေတြအတြက္ အဆင္ေျပေလာက္မွာပါ။ iPad Pro က ေဒၚလာ၈၀၀ ေလာက္အထိ ရွိေနတယ္။ ပေရာ္ဖက္ရွင္နယ္ေတြအတြက္ဆိုရင္ေတာ့ အဆင္ေျပတာေပ့ါ။ ေဒၚလာ ၃၃၀ တန္ ၉.၇လက္မ iPad ေလးက လူတုိင္းအတြက္ပါ။ ဒါဆို iPad Air ကေရာ။ ဘယ္သူ႕အတြက္ျဖစ္မလဲ။ ၂၀၁၈ေလာက္က iPad ေလးကို ေဒၚလာ၃၃၀ေပးျပီးေတာ့ ဘာလို႕၀ယ္ၾကမွာလဲ။ အပို ေဒၚလာ၁၇၀ ေပးျပီးေတာ့ နည္းနည္းၾကီးတာ၀ယ္ေတာ့မွာပါ။

apples new ipad mini and air are seriously underwhelming 2019

Mid range လည္း ဆင္းေနတာမဟုတ္ျပန္ဘူး။ iPad Pro ေလာက္လည္း စြမ္းေဆာင္ရည္က မျမင့္ျပန္။ ေမာ္ဒယ္လ္အသစ္ထြက္လာခ်ိန္မွာ အဆင္ေျပသြားေအာင္ ဒီဇိုင္းကို မျပင္ထားတာျဖစ္ႏုိင္ပါတယ္။

စိတ္လႈပ္ရွားစရာ တစ္ကြက္မွမရွိ

Apple က ဒီဇိုင္းနဲ႕ အတြင္းပိုင္းကို နည္းနည္းပဲေျပာင္းလဲျပီးေတာ့ အျမတ္အစြန္းရွာေနတယ္လို႕ ျမင္မိပါတယ္။ iPhone 5 တုန္းကလည္း SE ကို အတြင္းပိုင္းျဖည့္ေပးျပီး ျပန္ထုတ္သလုိေပ့ါ။

ဒီဇုိင္းေကာင္းေကာင္းနဲ႕ ဘယ္လိုလမ္းေၾကာင္းေတြသြားေနသလဲဆိုတာ Apple ကို ပံုအပ္ထားတယ္ဆိိုရင္ေတာ့ ဒီဇုိင္းအေဟာင္းနဲ႕ အသစ္ဆိုတာၾကီးကို ျမင္လုိက္ရရင္ စိတ္ပ်က္သြားေလာက္ပါတယ္။ ၁၁လက္မနဲ႕ ၁၂.၉လက္မ iPad Pro ေမာ္ဒယ္လ္ကေတာ့ မ်ိဳးဆက္သစ္ တက္ဘလက္ေတြရဲ႕လမ္းေၾကာင္းကို ျပသေပးေနပါတယ္။

facial recognition ဟာ အဆင္ေျပျပီးေတာ့ fingerprint scanning ထက္ ပိုစိတ္ခ်ရတယ္ဆိုတာ ျပသေပးခဲ့တယ္။ တကယ္လည္း မွန္ပါတယ္။ ကၽြန္ေတာ္တို႕အတြက္ headphone jack မလုိေတာ့ဘူးလို႕လည္း ေျပာတယ္။ ဒါကေတာ့ ျငင္းခံုရမယ့္ကိစၥပါပဲ။ ေဘးေဘာင္ေတြကို ေလွ်ာ့ခ်ထားျပီး screen လည္း တိုးေပးထားပါတယ္။ ဒါေပမယ့္လည္း ေလးႏွစ္သက္တမ္းရွိတဲ့ဒီဇုိင္းအေဟာင္းၾကီးပဲေလ။

iPad အသစ္ေတြကို ရင္ခုန္ေအာင္လုပ္လို႕မရပါဘူး။ ရင္ခုန္စရာမွမရွိတာ။ Apple လည္းသိပါတယ္။ Mini လုိင္းအတြက္ ဂုဏ္ယူရမယ္ဆိုေပမယ့္လည္း ေလးႏွစ္သက္တမ္းရင့္ iPad ကို ေဒၚလာ၄၀၀ ေလာက္နဲ႕ ေရာင္းတယ္ေနာ္။ iPad Mini နဲ႕ iPad Air ကေတာ့ မ၀ယ္သင့္ေသးဘူးလို႕ ေျပာခ်င္တယ္။

Unicode Version

iPad Mini 4 ကို ဒေါ်လာ၄၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ဒေါ်လာ၃၃၀နဲ့ ထွက်ရှိလာပြီး ၉.၇လက်မ screen ၊ အမြင့်စားအချက်အလက်တွေကို အသုံးပြုပေးထားပါတယ်။ ၂၀၁၅ခုနှစ်တည်းက ထုတ်လုပ်ခဲ့တဲ့ တက်ဘလက်လေးကို ဆက်လက်ထုတ်လုပ်နေတုန်းဆိုလည်း မမှားပါဘူး။ compact Apple tablet လေး လိုချင်တယ်ဆိုရင်တော့ သင့်သဘောပါပဲ။
ဖြတ်သန်းလာခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ ၊ Apple event တိုင်းမှာ Mini လိုင်းအတွက် update ထွက်မယ်လို့ ကြားနေရပါတယ်။ အခုအချိန်ထိပေ့ါ။ Apple က iPad Mini 5 ကို နောက်ဆုံးတော့ ထုတ်ပြလိုက်ပါတယ်။ Apple event မလုပ်ဘဲ တိတ်တဆိတ်လုပ်ဆောင်နေရတဲ့အကြောင်းရင်းက ဘာကြောင့်ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။
ဘာတွေအသစ်အဆန်းအနေနဲ့ တွေ့မြင်ရမလဲ
ဖျက်ကနဲကြည့်လိုက်တော့ iPad Mini အသစ်လေးက အရင်မော်ဒယ်လ်တွေနဲ့ ထပ်တူကျနေပါတယ်။ နောက်တစ်ခေါက်ပြန်ကြည့်ပါတယ်။ တူနေတုန်းပဲ။ ဘာကြောင့်လဲ ထပ်တူကိုကျနေလို့ပါ။ ၇.၉လက်မ screen မှာ တူညီတဲ့ဘောင်တွေကိုလည်း တွေ့မြင်နေရပါတယ်။ Touch ID home button လည်းပါတယ်။ အလူမီနီယမ်ကျောပြင်နဲ့ space gray, silver, or gold color တွေပဲ။

https://platform.twitter.com/widgets.js


ဘာတွေပြောင်းလဲသွားလဲ။ A8 ကနေ A12 Bionic ကို ထည့်ပေးထားပါတယ်။ အဲဒီchipset ကို လက်ရှိ iPhone XS, XS Max နဲ့ iPhone XR တို့မှာ အသုံးပြုနေတာဖြစ်ပါတယ်။ storage ကို 64GB or 256GB ဆိုပြီးတော့ လုပ်ပေးထားပါတယ်။ 1.2-megapixel front-facing camera လေးကို 7-megapixel နဲ့ ချိန်းပေးထားပါတယ်။ ဒါ့အပြင် Apple Pencil ၊ TrueTone technology ကိုလည်း ခံစားခွင့်ရရှိမှာပါ။
ဒီအတွက် ကျွန်တော်တို့ လေးနှစ်တောင်စောင့်ခဲ့ရတာ။ ဒါလောက်ပဲလား။ တော်တော်လေး နည်းနေတာပေ့ါ။ ဈေးနှုန်းတောင် မပြောင်းပေးခဲ့ဘူး။ အရင်လိုပဲ ဒေါ်လာ၄၄၀နဲ့ စဖွင့်ထားပါတယ်။ iPad Mini 4 ကို မကြာသေးခင်က ဝယ်ထားတဲ့သူတွေကိုတော့ စိတ်မကောင်းကြောင်း ပြောလိုက်ပါရစေ။
iPad Mini အသစ်အပြင် iPad အသစ်တစ်လုံးကို တွေ့ရမှာပါ။ မျှော်လင့်မထားတဲ့ iPad Air ပေ့ါ။ ၁၀.၅လက်မ iPad Pro ကို အစားထိုးထားတာပါ။ ဖျက်ကနဲကြည့်လိုက်ရင်တော့ iPad Pro နဲ့ တူနေပါတယ်။ နောက်တစ်ခေါက်ကြည့်မလား။ ဒါပါပဲ။ ဒေါ်လာ၅၀၀ နဲ့ ဈေးဖွင့်ထားပါတယ်။

apples new ipad mini and air are seriously underwhelming 5 2019


2019 iPad Mini ကတော့ compact tablet လိုချင်သူတွေအတွက် အဆင်ပြေလောက်မှာပါ။ iPad Pro က ဒေါ်လာ၈၀၀ လောက်အထိ ရှိနေတယ်။ ပရော်ဖက်ရှင်နယ်တွေအတွက်ဆိုရင်တော့ အဆင်ပြေတာပေ့ါ။ ဒေါ်လာ ၃၃၀ တန် ၉.၇လက်မ iPad လေးက လူတိုင်းအတွက်ပါ။ ဒါဆို iPad Air ကရော။ ဘယ်သူ့အတွက်ဖြစ်မလဲ။ ၂၀၁၈လောက်က iPad လေးကို ဒေါ်လာ၃၃၀ပေးပြီးတော့ ဘာလို့ဝယ်ကြမှာလဲ။ အပို ဒေါ်လာ၁၇၀ ပေးပြီးတော့ နည်းနည်းကြီးတာဝယ်တော့မှာပါ။

apples new ipad mini and air are seriously underwhelming 2019


Mid range လည်း ဆင်းနေတာမဟုတ်ပြန်ဘူး။ iPad Pro လောက်လည်း စွမ်းဆောင်ရည်က မမြင့်ပြန်။ မော်ဒယ်လ်အသစ်ထွက်လာချိန်မှာ အဆင်ပြေသွားအောင် ဒီဇိုင်းကို မပြင်ထားတာဖြစ်နိုင်ပါတယ်။
စိတ်လှုပ်ရှားစရာ တစ်ကွက်မှမရှိ
Apple က ဒီဇိုင်းနဲ့ အတွင်းပိုင်းကို နည်းနည်းပဲပြောင်းလဲပြီးတော့ အမြတ်အစွန်းရှာနေတယ်လို့ မြင်မိပါတယ်။ iPhone 5 တုန်းကလည်း SE ကို အတွင်းပိုင်းဖြည့်ပေးပြီး ပြန်ထုတ်သလိုပေ့ါ။
ဒီဇိုင်းကောင်းကောင်းနဲ့ ဘယ်လိုလမ်းကြောင်းတွေသွားနေသလဲဆိုတာ Apple ကို ပုံအပ်ထားတယ်ဆိုရင်တော့ ဒီဇိုင်းအဟောင်းနဲ့ အသစ်ဆိုတာကြီးကို မြင်လိုက်ရရင် စိတ်ပျက်သွားလောက်ပါတယ်။ ၁၁လက်မနဲ့ ၁၂.၉လက်မ iPad Pro မော်ဒယ်လ်ကတော့ မျိုးဆက်သစ် တက်ဘလက်တွေရဲ့လမ်းကြောင်းကို ပြသပေးနေပါတယ်။
facial recognition ဟာ အဆင်ပြေပြီးတော့ fingerprint scanning ထက် ပိုစိတ်ချရတယ်ဆိုတာ ပြသပေးခဲ့တယ်။ တကယ်လည်း မှန်ပါတယ်။ ကျွန်တော်တို့အတွက် headphone jack မလိုတော့ဘူးလို့လည်း ပြောတယ်။ ဒါကတော့ ငြင်းခုံရမယ့်ကိစ္စပါပဲ။ ဘေးဘောင်တွေကို လျှော့ချထားပြီး screen လည်း တိုးပေးထားပါတယ်။ ဒါပေမယ့်လည်း လေးနှစ်သက်တမ်းရှိတဲ့ဒီဇိုင်းအဟောင်းကြီးပဲလေ။
iPad အသစ်တွေကို ရင်ခုန်အောင်လုပ်လို့မရပါဘူး။ ရင်ခုန်စရာမှမရှိတာ။ Apple လည်းသိပါတယ်။ Mini လိုင်းအတွက် ဂုဏ်ယူရမယ်ဆိုပေမယ့်လည်း လေးနှစ်သက်တမ်းရင့် iPad ကို ဒေါ်လာ၄၀၀ လောက်နဲ့ ရောင်းတယ်နော်။ iPad Mini နဲ့ iPad Air ကတော့ မဝယ်သင့်သေးဘူးလို့ ပြောချင်တယ်။

Posted on Leave a comment

Snapdragon 855 , 12GB RAM ပါတဲ့ Black Shark 2 ကို ေၾကညာၿပီ

Xiaomi က သူ႔ရဲ႕ Gaming Phone အသစ္ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Black Shark 2 ျဖစ္ၿပီး Snapdragon 855 , 12GB RAM မ်ား ပါလာပါတယ္။ ေရွာင္မီက Liquid Cool 3.0 အမည္ရ အပူေလွ်ာ့ခ်ေပးတဲ့ နည္းပညာ အသစ္က Chipset ရဲ႕ အပူခ်ိန္ကို 14°C အထိ ထိန္းထားေပးႏုိင္တယ္လို႔ ေျပာပါတယ္။ ဖုန္းမွာ တပ္ဆင္ႏိုင္တဲ့ Cooling Case ကိုလည္း ထုတ္လုပ္ထားၿပီး သူ႔ကို တပ္ဆင္ထားရင္ ေနာက္ထပ္ 5°C ေလွ်ာ့ခ်ေပးပါတယ္။

ဖုန္းရဲ႕ ဒီဇိုင္းက Gamer ေတြ အႀကိဳက္ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ အေရာင္ေတာက္တဲ့ လိုဂို ပါပါတယ္။ AI လုပ္ေဆာင္ခ်က္က CPU ၊ GPU မ်ား အပါအ၀င္ ဂိမ္း ကစားရင္ ေခ်ာမြတ္ေအာင္ ကူညီေပးႏုိင္ပါတယ္။ 27W Fast Charging ကို ေထာက္ပံ့တဲ့ 4000mAh Battery ပါပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ ဖုန္းမွာ တပ္ဆင္ ကစားႏိုင္မယ့္ GamePad 3.0 ကိုလည္း ထုတ္လုပ္ထားပါတယ္။

သူ႔မွာ ၆.၃၉ လက္မ AMOLED Screen ထည့္သြင္းထားပါတယ္။ Input Latency ကို 43.5ms အထိ ေလွ်ာ့ခ်ထားတဲ့ အတြက္ စကရင္ကို ထိေတြ႕ ကစားရင္ အလြန္ကို လွ်င္ျမန္လာပါတယ္။ စကရင္ရဲ႕ ဘယ္နဲ႔ ညာဘက္ျခမ္းမွာ ဖိအားျပင္းျပင္းနဲ႔ ႏွိပ္ရင္ အလုပ္မ်ား လုပ္ေပးႏိုင္တဲ့ Magic Press အမည္ရ ဖိအား အာရံုခံ လုပ္ေဆာင္ခ်က္လည္း ပါလာပါတယ္။ ဖုန္းကို Portrait Mode နဲ႔  ဂိမ္းကစားရင္ စပီကာမ်ားကို မဖံုးကြယ္ေအာင္ ဖန္တီးထားပါတယ္။

အေနာက္ဘက္မွာ 48MP + 12MP Telephoto Lens နဲ႔ အေရွ႕ဘက္မွာ 20MP Camera မ်ား ထည့္ထားပါတယ္။ 6/128GB ကို ယြမ္ ၃၂၀၀ ၊ 12/256GB ကို ယြမ္ ၄၂၀၀ သတ္မွတ္ထားပါတယ္။ တရုတ္မွာ စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။

unicode

Snapdragon 855 , 12GB RAM ပါတဲ့ Black Shark 2 ကို ကြေညာပြီ

Xiaomi က သူ့ရဲ့ Gaming Phone အသစ်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Black Shark 2 ဖြစ်ပြီး Snapdragon 855 , 12GB RAM များ ပါလာပါတယ်။ ရှောင်မီက Liquid Cool 3.0 အမည်ရ အပူလျှော့ချပေးတဲ့ နည်းပညာ အသစ်က Chipset ရဲ့ အပူချိန်ကို 14°C အထိ ထိန်းထားပေးနိုင်တယ်လို့ ပြောပါတယ်။ ဖုန်းမှာ တပ်ဆင်နိုင်တဲ့ Cooling Case ကိုလည်း ထုတ်လုပ်ထားပြီး သူ့ကို တပ်ဆင်ထားရင် နောက်ထပ် 5°C လျှော့ချပေးပါတယ်။

ဖုန်းရဲ့ ဒီဇိုင်းက Gamer တွေ အကြိုက် ဖြစ်ပါတယ်။ အနောက်ဘက်မှာ အရောင်တောက်တဲ့ လိုဂို ပါပါတယ်။ AI လုပ်ဆောင်ချက်က CPU ၊ GPU များ အပါအဝင် ဂိမ်း ကစားရင် ချောမွတ်အောင် ကူညီပေးနိုင်ပါတယ်။ 27W Fast Charging ကို ထောက်ပံ့တဲ့ 4000mAh Battery ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ဖုန်းမှာ တပ်ဆင် ကစားနိုင်မယ့် GamePad 3.0 ကိုလည်း ထုတ်လုပ်ထားပါတယ်။

သူ့မှာ ၆.၃၉ လက်မ AMOLED Screen ထည့်သွင်းထားပါတယ်။ Input Latency ကို 43.5ms အထိ လျှော့ချထားတဲ့ အတွက် စကရင်ကို ထိတွေ့ ကစားရင် အလွန်ကို လျှင်မြန်လာပါတယ်။ စကရင်ရဲ့ ဘယ်နဲ့ ညာဘက်ခြမ်းမှာ ဖိအားပြင်းပြင်းနဲ့ နှိပ်ရင် အလုပ်များ လုပ်ပေးနိုင်တဲ့ Magic Press အမည်ရ ဖိအား အာရုံခံ လုပ်ဆောင်ချက်လည်း ပါလာပါတယ်။ ဖုန်းကို Portrait Mode နဲ့  ဂိမ်းကစားရင် စပီကာများကို မဖုံးကွယ်အောင် ဖန်တီးထားပါတယ်။

အနောက်ဘက်မှာ 48MP + 12MP Telephoto Lens နဲ့ အရှေ့ဘက်မှာ 20MP Camera များ ထည့်ထားပါတယ်။ 6/128GB ကို ယွမ် ၃၂၀၀ ၊ 12/256GB ကို ယွမ် ၄၂၀၀ သတ်မှတ်ထားပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။

Posted on Leave a comment

ကမာၻ႕ပထမဆံုးေသာ Slide စမတ္ဖုန္းအျဖစ္နဲ႕ ထြက္ရွိလာတဲ့ ZTE Axon S

Zawgyi Version

ZTE ရဲ႕ လူသိနည္းစမတ္ဖုန္းbrand ေလးကေတာ့ တရုတ္ႏုိင္ငံ Shenzhen မွာ တည္ရွိေနပါတယ္။ ZTE Axon M အပါအ၀င္ ဆန္းသစ္တဲ့ဒီဇုိင္းေတြကို ထုတ္လုပ္ခဲ့တယ္ဆိုတာကေတာ့ အသိအမွတ္ျပဳေပးရမွာျဖစ္ပါတယ္။ Axon S ကေတာ့ ကမာၻ႕ပထမဆံုးေသာ Slide စမတ္ဖုန္းအျဖစ္နဲ႕ ထြက္ရွိလာတာ ျဖစ္ပါတယ္။ အဲဒီစမတ္ဖုန္းေလးမွာ စိတ္လႈပ္ရွားဖြယ္ ၊ ေခတ္လြန္ဒီဇုိင္းေတြကို အသံုးျပဳေပးထားပါတယ္။

ZTE Axon S Design နဲ႕ Features

ZTE Axon S ရဲ႕ အေရွ႕ပိုင္းကေတာ့ screen display ၾကီးၾကီးကိုအသံုးျပဳထားျပီး ေဘးေဘာင္ေတြကေတာ့ မထင္မရွား၀န္းရံထားပါတယ္။ on display fingerprint sensor ကို အသံုးျပဳထားပါတယ္။ notification bar ကို ေသခ်ာၾကည့္လုိက္မွ 5G ေထာက္ပံ့ေပးထားတယ္ဆိုတာ ျမင္လိုက္ရပါတယ္။ ZTE Axon 10 Pro ျပီးရင္ေတာ့ ဒုတိယေျမာက္ထြက္ရွိလာတယ္လို႕ ဆုိရမွာပါ။

အေပၚမွာေျပာခဲ့သလိုပဲ ZTE Axon S က sliding mechanism တစ္ခုထည့္ထားပါတယ္။ ဒါေလးက လက္ရွိေစ်းကြက္မွာ ထူးျခားေနပါတယ္။ slider ေလးဟာ စိတ္၀င္စားဖို႕ေကာင္းတဲ့အျပင္ လုိအပ္တဲ့ feature ေတြကိုလည္း ထည့္သြင္းေပးႏုိင္ပါတယ္။ Axon S ေလးကို slide လုပ္လုိက္တဲ့အခါမွာ အေရွ႕နဲ႕အေနာက္ဆိုျပီး ႏွစ္ပိုင္းျဖစ္သြားပါတယ္။ အေရွ႕ကေတာ့ dual selfie camera setup ျဖစ္ျပီး အသံခလုတ္ေတြကိုလည္း touch control နဲ႕ လုပ္ႏုိင္သြားပါတယ္။

အေနာက္ဘက္ပိုင္းမွာေတာ့ ကင္မရာသံုးလံုးနဲ႕အတူ Xenon flash ကို ေတြ႕ျမင္ရမွာပါ။ slide ရဲ႕ အေနာက္ဘက္ပိုင္းမွာ ZTE brand ကို ေတြ႕ျမင္ႏုိင္ျပီးေတာ့ ကင္မရာရဲ႕အေသးစိတ္အခ်ိဳ႕ကိုလည္း ျမင္ေတြ႕ႏုိင္ပါတယ္။ 5x optical zoom နည္းပညာကို ေထာက္ပံ့ေပးထားျပီး သံုးလံုးထဲကတစ္လံုးေလာက္ကေတာ့ 48 MP sensor သံုးထားေကာင္းပါတယ္။ Axon S ရဲ႕ အေနာက္ဘက္ဟာ ေသသပ္ရွင္းလင္းေနတာမို႕ အျခားေသာ sensor ေတြ ထည့္သြင္းထားမွာ မဟုတ္ေလာက္ပါဘူး။

chipset, display size နဲ႕ battery capacity ေတြကေတာ့ တရား၀င္ေၾကညာမွ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ဒီအခ်ိန္အထိလည္း စိတ္ရွည္ရွည္နဲ႕ ေစာင့္ေပးရမွာျဖစ္ပါတယ္။

Unicode Version

ZTE ရဲ့ လူသိနည်းစမတ်ဖုန်းbrand လေးကတော့ တရုတ်နိုင်ငံ Shenzhen မှာ တည်ရှိနေပါတယ်။ ZTE Axon M အပါအဝင် ဆန်းသစ်တဲ့ဒီဇိုင်းတွေကို ထုတ်လုပ်ခဲ့တယ်ဆိုတာကတော့ အသိအမှတ်ပြုပေးရမှာဖြစ်ပါတယ်။ Axon S ကတော့ ကမ္ဘာ့ပထမဆုံးသော Slide စမတ်ဖုန်းအဖြစ်နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းလေးမှာ စိတ်လှုပ်ရှားဖွယ် ၊ ခေတ်လွန်ဒီဇိုင်းတွေကို အသုံးပြုပေးထားပါတယ်။
ZTE Axon S Design နဲ့ Features


ZTE Axon S ရဲ့ အရှေ့ပိုင်းကတော့ screen display ကြီးကြီးကိုအသုံးပြုထားပြီး ဘေးဘောင်တွေကတော့ မထင်မရှားဝန်းရံထားပါတယ်။ on display fingerprint sensor ကို အသုံးပြုထားပါတယ်။ notification bar ကို သေချာကြည့်လိုက်မှ 5G ထောက်ပံ့ပေးထားတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ZTE Axon 10 Pro ပြီးရင်တော့ ဒုတိယမြောက်ထွက်ရှိလာတယ်လို့ ဆိုရမှာပါ။


အပေါ်မှာပြောခဲ့သလိုပဲ ZTE Axon S က sliding mechanism တစ်ခုထည့်ထားပါတယ်။ ဒါလေးက လက်ရှိဈေးကွက်မှာ ထူးခြားနေပါတယ်။ slider လေးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် လိုအပ်တဲ့ feature တွေကိုလည်း ထည့်သွင်းပေးနိုင်ပါတယ်။ Axon S လေးကို slide လုပ်လိုက်တဲ့အခါမှာ အရှေ့နဲ့အနောက်ဆိုပြီး နှစ်ပိုင်းဖြစ်သွားပါတယ်။ အရှေ့ကတော့ dual selfie camera setup ဖြစ်ပြီး အသံခလုတ်တွေကိုလည်း touch control နဲ့ လုပ်နိုင်သွားပါတယ်။


အနောက်ဘက်ပိုင်းမှာတော့ ကင်မရာသုံးလုံးနဲ့အတူ Xenon flash ကို တွေ့မြင်ရမှာပါ။ slide ရဲ့ အနောက်ဘက်ပိုင်းမှာ ZTE brand ကို တွေ့မြင်နိုင်ပြီးတော့ ကင်မရာရဲ့အသေးစိတ်အချို့ကိုလည်း မြင်တွေ့နိုင်ပါတယ်။ 5x optical zoom နည်းပညာကို ထောက်ပံ့ပေးထားပြီး သုံးလုံးထဲကတစ်လုံးလောက်ကတော့ 48 MP sensor သုံးထားကောင်းပါတယ်။ Axon S ရဲ့ အနောက်ဘက်ဟာ သေသပ်ရှင်းလင်းနေတာမို့ အခြားသော sensor တွေ ထည့်သွင်းထားမှာ မဟုတ်လောက်ပါဘူး။
chipset, display size နဲ့ battery capacity တွေကတော့ တရားဝင်ကြေညာမှ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအချိန်အထိလည်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးရမှာဖြစ်ပါတယ်။

Posted on Leave a comment

၁၀၅ ေဒၚလာတန္ Redmi 7 ကို ေၾကညာ

Redmi 7 ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ သူဟာ တန္ဖိုးနည္း ဖုန္း ျဖစ္ၿပီး ေပးရတဲ့ ေစ်းထက္ တန္တဲ့ ပေရာ္ဆက္ဆာ ထည့္သြင္းထားပါတယ္။ သူ႔မွာ ၆.၂၆ လက္မ LCD HD+ Display ထည့္သြင္းထားတဲ့ အတြက္ အရြယ္ႀကီး မ်က္နွာျပင္ ျဖစ္ပါတယ္။

သူ႔ကို CPU Core ၈ လံုးပါတဲ့ Qualcomm Snapdragon 632 Chipset ေမာင္းႏွင္ထားပါတယ္။ Clock Speed က 1.8GHz ပါ။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုး ပါၿပီး 12MP+2MP မ်ား ျဖစ္ပါတယ္။ ပင္မ ကင္မရာရဲ႕ ဆန္ဆာ အရြယ္အစားက ၂၀၁၇ ခုႏွစ္ထုတ္ စြမ္းရည္ျမင့္ Xiaomi Mi 6 မွာလို  1/2.9” ပါ။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။

မန္မိုရီ အပိုင္းမွာ 2/16 GB, 3/32 GB,  4/64 GB ဆိုၿပီး ၃ မ်ိဳး ထုတ္လုပ္ထားပါတယ္။ ယြမ္ ၆၉၉ (၁၀၅ ေဒၚလာ) ၊ ယြမ္ ၇၉၉( ၁၂၀ ေဒၚလာ) နဲ႔ ယြမ္ ၉၉၉ ( ၁၅၀ ေဒၚလာ) အသီးသီး သတ္မွတ္္ထားပါတယ္။ အရြယ္ႀကီး 4000mAh Battery ပါပါတယ္။ 10W Charging ကို ေထာက္ပံ့ထားပါတယ္။ ေဆာ့ဖ္၀ဲ အပိုင္းမွာ AI လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ Android Pie အေျချပဳ MIUI 10 ထည့္သြင္းထားပါတယ္။  မတ္လ ၂၆ ရက္ေန႔မွာ ပထမဆံုး Flash Sale ကို ေရာင္းခ်မွာ ျဖစ္ပါတယ္။

ေဘဂ်င္းမွာ ေၾကညာတဲ့ ပြဲမွာ Redmi Note 7 Pro ကိုပါ မိတ္ဆက္ခဲ့ပါတယ္။ သူဟာ အိႏၵိယမွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလက ေၾကညာခဲ့တဲ့ ေမာ္ဒယ္နဲ႔ အတူတူပါပဲ။

unicode

၁၀၅ ဒေါ်လာတန် Redmi 7 ကို ကြေညာ

Redmi 7 ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူဟာ တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး ပေးရတဲ့ ဈေးထက် တန်တဲ့ ပရော်ဆက်ဆာ ထည့်သွင်းထားပါတယ်။ သူ့မှာ ၆.၂၆ လက်မ LCD HD+ Display ထည့်သွင်းထားတဲ့ အတွက် အရွယ်ကြီး မျက်နှာပြင် ဖြစ်ပါတယ်။

သူ့ကို CPU Core ၈ လုံးပါတဲ့ Qualcomm Snapdragon 632 Chipset မောင်းနှင်ထားပါတယ်။ Clock Speed က 1.8GHz ပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပါပြီး 12MP+2MP များ ဖြစ်ပါတယ်။ ပင်မ ကင်မရာရဲ့ ဆန်ဆာ အရွယ်အစားက ၂၀၁၇ ခုနှစ်ထုတ် စွမ်းရည်မြင့် Xiaomi Mi 6 မှာလို 1/2.9” ပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

မန်မိုရီ အပိုင်းမှာ 2/16 GB, 3/32 GB, 4/64 GB ဆိုပြီး ၃ မျိုး ထုတ်လုပ်ထားပါတယ်။ ယွမ် ၆၉၉ (၁၀၅ ဒေါ်လာ) ၊ ယွမ် ၇၉၉( ၁၂၀ ဒေါ်လာ) နဲ့ ယွမ် ၉၉၉ ( ၁၅၀ ဒေါ်လာ) အသီးသီး သတ်မှတ်ထားပါတယ်။ အရွယ်ကြီး 4000mAh Battery ပါပါတယ်။ 10W Charging ကို ထောက်ပံ့ထားပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ AI လုပ်ဆောင်ချက်များစွာ ပါပါတယ်။ Android Pie အခြေပြု MIUI 10 ထည့်သွင်းထားပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ ပထမဆုံး Flash Sale ကို ရောင်းချမှာ ဖြစ်ပါတယ်။

ဘေဂျင်းမှာ ကြေညာတဲ့ ပွဲမှာ Redmi Note 7 Pro ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ သူဟာ အိန္ဒိယမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ မော်ဒယ်နဲ့ အတူတူပါပဲ။

Posted on Leave a comment

Apple ရဲ႕ Online Store Down သြားျခင္း

Zawgyi Version

Apple ရဲ႕ Online Store Down သြားတာကေတာ့ ဒီေန႕မနက္မွာ မထင္မွတ္ပဲ ျဖစ္သြားတာပါ။ ပံုမွန္ဆုိရင္ေတာ့ product range ေျပာင္းလဲမႈေတြလုပ္ဖို႕အတြက္ အခ်ိန္ယူတဲ့အေနနဲ႕ ခဏျဖဳတ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ေခါက္က အဲဒါေၾကာင့္လားဆိုတာေတာ့ တပ္အပ္မေျပာႏုိင္ေသးပါဘူး။

Apple က မၾကာခင္မွာ ထုတ္ကုန္အသစ္ေတြကိို ထြက္ရွိေပးေတာ့မယ္လို႕ ေကာလာဟာလေတြလည္း ထြက္ေနပါတယ္။ အဲဒီမွာ ေစ်းေလွ်ာ့ထားမယ့္ iPad, iPad mini 5, မ်ိဳးဆက္သစ္ AirPods နဲ႕ AirPower wireless charging mat တို႕လည္းပါ၀င္ေနပါတယ္။ ဒါေပမယ့္လည္း “It’s showtime” March 25 event မွာ ထြက္လာႏုိင္ပါ့မလားဆိုတာ သံသယျဖစ္ဖြယ္ရွိေနပါတယ္။

ေသခ်ာတဲ့အေျဖကေတာ့ မၾကာခင္မွာ ေတြ႕ျမင္ရေတာ့မွာပါ။

Unicode Version

Apple ရဲ့ Online Store Down သွားတာကတော့ ဒီနေ့မနက်မှာ မထင်မှတ်ပဲ ဖြစ်သွားတာပါ။ ပုံမှန်ဆိုရင်တော့ product range ပြောင်းလဲမှုတွေလုပ်ဖို့အတွက် အချိန်ယူတဲ့အနေနဲ့ ခဏဖြုတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ခေါက်က အဲဒါကြောင့်လားဆိုတာတော့ တပ်အပ်မပြောနိုင်သေးပါဘူး။
Apple က မကြာခင်မှာ ထုတ်ကုန်အသစ်တွေကို ထွက်ရှိပေးတော့မယ်လို့ ကောလာဟာလတွေလည်း ထွက်နေပါတယ်။ အဲဒီမှာ ဈေးလျှော့ထားမယ့် iPad, iPad mini 5, မျိုးဆက်သစ် AirPods နဲ့ AirPower wireless charging mat တို့လည်းပါဝင်နေပါတယ်။ ဒါပေမယ့်လည်း “It’s showtime” March 25 event မှာ ထွက်လာနိုင်ပါ့မလားဆိုတာ သံသယဖြစ်ဖွယ်ရှိနေပါတယ်။
သေချာတဲ့အဖြေကတော့ မကြာခင်မှာ တွေ့မြင်ရတော့မှာပါ။

Posted on Leave a comment

မနက္ျဖန္မွာ ေရာင္းေပးေတာ့မယ့္ Xiaomi Mi 9 SE

Xiaomi Mi 9 ပထမအသုတ္ ေရာင္းခ်ခဲ့ရာမွာ မိနစ္ပုိင္းအတြင္း အကုန္ ေရာင္းခ်ခဲ့ရပါတယ္။ အခုေတာ့ ကုမၸဏီက Mi 9 SE ကို မနက္ျဖန္မွာ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ Xiaomi Mi 9 SE က Mi 9 စီးရီးမွာ ေစ်းႏႈန္းအသက္သာဆံုးဖုန္း ျဖစ္ပါတယ္။ Xiaomi Mi 9 SE ကို ၾကာသာပေတးေန႔က ေရာင္းဖို႔ စီစဥ္ခဲ့ေပမယ့္ ပစၥည္း မေလာက္တဲ့အတြက္ မေရာင္းေပးခဲ့ပါဘူး။ မေန႔ကေတာ့ ေရွာင္မီရဲ႕ စီအီးအိုက ၁၉ ရက္ေန႔မွာ ေရာင္းေပးမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ သူနဲ႔ အတူ Mi 9 ကိုလည္း ဒုတိယ အသုတ္ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

Xiaomi Mi 9 SE ဟာ Snapdragon 712 SoC အသံုးျပဳထားတဲ့ ပထမဆံုးစမတ္ဖုန္း ျဖစ္ပါတယ္။ သူ႔မွာ ၅.၉၇ လက္မ AMOLED Display ထည့္သြင္းထားပါတယ္။ Sony IMX586 sensor သုံး 48-megapixel နဲ႔ ေက်ာကင္မရာ သုံးလုံးကို ဆက္လက္အသုံးျပဳထားပါတယ္။ က်န္ ကင္မရာ ၂ လံုးက ၁၂၃ ဒီဂရီ ျမင္ကြင္းက်ယ္ရိုက္ကူးႏိုင္မယ့္ Super Wide 13MP sensor နဲ႔ 8MP Telephoto sensor တို႔ ျဖစ္ပါတယ္။

6GB RAM ထည့္သြင္းေပးထားၿပီး ကိုေတာ့ 64GB နဲ႔ 128GB ေတြ ေရြးခ်ယ္ႏိုင္မွာပါ။ 64GB Storage Model ကို ယြမ္ ၂၀၀၀ နဲ႔ 128GB Storage Model ကို ယြမ္ ၂၃၀၀ သတ္မွတ္ထားပါတယ္။ ၃၀၀ နဲ႔ ၃၄၅ ေဒၚလာ အသီးသီးတန္ေၾကးရွိပါတယ္။

သူဟာ Mi 9 ထက္အားနည္းသြားတာက မ်က္ႏွာျပင္နဲ႔ ပေရာ္ဆက္ဆာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္က အရြယ္ေသးသြားပါတယ္။ Chiset ကလည္း အားနည္းသြားပါတယ္။ က်န္တဲ့ အစိတ္အပိုင္းမ်ားက တူညီၾကပါတယ္။

unicode

မနက်ဖြန်မှာ ရောင်းပေးတော့မယ့် Xiaomi Mi 9 SE

Xiaomi Mi 9 ပထမအသုတ် ရောင်းချခဲ့ရာမှာ မိနစ်ပိုင်းအတွင်း အကုန် ရောင်းချခဲ့ရပါတယ်။ အခုတော့ ကုမ္ပဏီက Mi 9 SE ကို မနက်ဖြန်မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Xiaomi Mi 9 SE က Mi 9 စီးရီးမှာ ဈေးနှုန်းအသက်သာဆုံးဖုန်း ဖြစ်ပါတယ်။ Xiaomi Mi 9 SE ကို ကြာသာပတေးနေ့က ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် ပစ္စည်း မလောက်တဲ့အတွက် မရောင်းပေးခဲ့ပါဘူး။ မနေ့ကတော့ ရှောင်မီရဲ့ စီအီးအိုက ၁၉ ရက်နေ့မှာ ရောင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူနဲ့ အတူ Mi 9 ကိုလည်း ဒုတိယ အသုတ် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Xiaomi Mi 9 SE ဟာ Snapdragon 712 SoC အသုံးပြုထားတဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၅.၉၇ လက်မ AMOLED Display ထည့်သွင်းထားပါတယ်။ Sony IMX586 sensor သုံး 48-megapixel နဲ့ ကျောကင်မရာ သုံးလုံးကို ဆက်လက်အသုံးပြုထားပါတယ်။ ကျန် ကင်မရာ ၂ လုံးက ၁၂၃ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် Super Wide 13MP sensor နဲ့ 8MP Telephoto sensor တို့ ဖြစ်ပါတယ်။

6GB RAM ထည့်သွင်းပေးထားပြီး ကိုတော့ 64GB နဲ့ 128GB တွေ ရွေးချယ်နိုင်မှာပါ။ 64GB Storage Model ကို ယွမ် ၂၀၀၀ နဲ့ 128GB Storage Model ကို ယွမ် ၂၃၀၀ သတ်မှတ်ထားပါတယ်။ ၃၀၀ နဲ့ ၃၄၅ ဒေါ်လာ အသီးသီးတန်ကြေးရှိပါတယ်။

သူဟာ Mi 9 ထက်အားနည်းသွားတာက မျက်နှာပြင်နဲ့ ပရော်ဆက်ဆာ ဖြစ်ပါတယ်။ မျက်နှာပြင်က အရွယ်သေးသွားပါတယ်။ Chiset ကလည်း အားနည်းသွားပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းများက တူညီကြပါတယ်။

Posted on Leave a comment

ဆယ္ေက်ာ္သက္ေတြလက္ထဲေရာက္မွ messaging app ျဖစ္သြားတဲ့ Google Docs

Zawgyi Version

Google Docs ဟာ ေက်ာင္းသားေတြနဲ႕ ပေရာ္ဖက္ရွင္နယ္၀န္ထမ္းေတြအတြက္ စြမ္းေဆာင္ရည္ျမင့္ ပူးေပါင္းလုပ္ေဆာင္ႏုိင္ေစမယ့္ tool ေလးအျဖစ္ကေန ဆယ္ေက်ာ္သက္ေတြအတြက္ အတန္းထဲမွာ စကားေျပာႏုိင္တဲ့ messaging app အျဖစ္နဲ႕ ေျပာင္းလဲလို႕လာပါျပီ။

ကၽြန္ေတာ္တို႕ငယ္ငယ္တုန္းက စာရြက္အပုိင္းေလးေတြမွာ စာေရးျပီး ပစ္ေပါက္ေျပာဆိုၾကတာကေန အခုဆိုရင္ Google Docs ကေန ဒီဂ်စ္တယ္မက္ေဆ့ခ်္ေတြေပးပို႕တဲ့အဆင့္ကို ေရာက္သြားပါျပီ။ laptop ေတြဟာ အလယ္တန္းနဲ႕ အထက္တန္းေက်ာင္းေတြအထိေတာင္ ေရာက္လာေနပါျပီ။

စာသင္ခန္းထဲမွာ ဖုန္းေတြမကိုင္ရေပမယ့္လည္း ဆယ္ေက်ာ္သက္ေတြဟာ Google Docs ကို အသံုးျပဳျပီးေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ဆက္သြယ္ေနၾကပါတယ္။ တစ္ခါတစ္ရံမွာ live chat function ကို အသံုးျပဳျပီးေတာ့ ဆက္သြယ္ၾကပါတယ္။ ဒါဟာ default အရ ပြင့္ေနတာမ်ိဳးမဟုတ္ပါဘူး။ တခ်ိဳ႕ဆရာဆရာမေတြဆိုရင္ ဖြင့္နည္းေတာင္ မသိပါဘူးတဲ့။ ဒီ၀န္ေဆာင္မႈေလးက သံုးစြဲသူေတြကုိ အခ်ိဳ႕႕ေသာ စကားလံုးေတြ၊ စကားစုေတြေတြကို Highlight ျပေပးႏုိင္ျပီးေတာ့ pop-up box ေတြကတစ္ဆင့္ comment ေတြ ေပးလို႕ရပါတယ္။ တကယ္လို႕ ဆရာမက ဖိုင္္တစ္ခုကို share လုိက္တယ္ဆုိရင္ သူတို႕ေတြက clone ပြားလိုက္ျပီးေတာ့ comment မွာ chat ရင္း စာမွတ္သလို ဟန္ေဆာင္ေနၾကပါတယ္။ ဆရာမက အနားကပ္လာျပီဆိုရင္ Resolve button ေလးကိုႏွိပ္ျပီးေတာ့ ေျပာထားသမွ်ေတြကို ဖ်က္လိုက္ၾကပါတယ္။

တစ္ခါတစ္ရံမွာ shared Google Doc file ကို ဖန္တီးျပီးေတာ့ ေက်ာင္းမွာ အခန္းမတူတဲ့သူေတြနဲ႕လည္း စကားေျပာၾကပါတယ္။ ဘယ္သူက ဘာေျပာတယ္ဆိုတာသိေအာင္လို႕ font မတူေအာင္ သံုးတတ္ၾကပါေသးတယ္။ အတန္းျပီးခ်ိန္မွာေတာ့ ဖိုင္ေလးကို ဖ်က္ခဲ့ျပီးေတာ့ ေနာက္တစ္ေန႕မွာ ေနာက္တစ္ဖုိင္ ဖန္တီးၾကပါတယ္။

Google Docs ကို secret messaging app အေနနဲ႕ အသံုးျပဳေနၾကတာကေတာ့ အိမ္စာမျပီးလို႕ ဖုန္းမကိုင္ရတဲ့သူေတြ၊ ဒါမွမဟုတ္ social media အပိတ္ခံထားရသူေတြပဲျဖစ္ပါတယ္။ မိဘေတြကေတာ့ ေက်ာင္းစာလုပ္ေနတယ္လို႕ပဲ ထင္ၾကမွာပါ။ ဒါေပမယ့္လည္း ကေလးေတြက သူငယ္ခ်င္းေတြနဲ႕ စကားေျပာေနတာကိုေတာ့ သိၾကမွာမဟုတ္ပါဘူး။

Google Docs ဟာ document ေတြဖန္တီးျပီးေတာ့ အျခားသူေတြနဲ႕ ပူးေပါင္းေဆာင္ရြက္ႏုိင္ေအာင္ ကူညီေပးထားပါတယ္။ အြန္လိုင္းကေန အသံုးျပဳလို႕ရေအာင္ဖန္တီးေပးထားတာမို႕ အသံုးတည့္ပါတယ္။ ဒါကို နည္းပညာအေၾကာင္းသေဘာေပါက္ေနတဲ့ ဆယ္ေက်ာ္သက္ေတြက chat အျဖစ္နဲ႕ အသံုးခ်လုိက္တာပါ။ software ေလးမွာ native grammar checker ပါ၀င္တဲ့အတြက္ေၾကာင့္ ကေလးေတြအတြက္ grammar ေကာင္းေကာင္းရႏုိင္တယ္လို႕ပဲ ေျဖသိမ့္ရမွာေပ့ါ။

Unicode Version

Google Docs ဟာ ကျောင်းသားတွေနဲ့ ပရော်ဖက်ရှင်နယ်ဝန်ထမ်းတွေအတွက် စွမ်းဆောင်ရည်မြင့် ပူးပေါင်းလုပ်ဆောင်နိုင်စေမယ့် tool လေးအဖြစ်ကနေ ဆယ်ကျော်သက်တွေအတွက် အတန်းထဲမှာ စကားပြောနိုင်တဲ့ messaging app အဖြစ်နဲ့ ပြောင်းလဲလို့လာပါပြီ။
ကျွန်တော်တို့ငယ်ငယ်တုန်းက စာရွက်အပိုင်းလေးတွေမှာ စာရေးပြီး ပစ်ပေါက်ပြောဆိုကြတာကနေ အခုဆိုရင် Google Docs ကနေ ဒီဂျစ်တယ်မက်ဆေ့ချ်တွေပေးပို့တဲ့အဆင့်ကို ရောက်သွားပါပြီ။ laptop တွေဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေအထိတောင် ရောက်လာနေပါပြီ။
စာသင်ခန်းထဲမှာ ဖုန်းတွေမကိုင်ရပေမယ့်လည်း ဆယ်ကျော်သက်တွေဟာ Google Docs ကို အသုံးပြုပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်နေကြပါတယ်။ တစ်ခါတစ်ရံမှာ live chat function ကို အသုံးပြုပြီးတော့ ဆက်သွယ်ကြပါတယ်။ ဒါဟာ default အရ ပွင့်နေတာမျိုးမဟုတ်ပါဘူး။ တချို့ဆရာဆရာမတွေဆိုရင် ဖွင့်နည်းတောင် မသိပါဘူးတဲ့။ ဒီဝန်ဆောင်မှုလေးက သုံးစွဲသူတွေကို အချို့သော စကားလုံးတွေ၊ စကားစုတွေတွေကို Highlight ပြပေးနိုင်ပြီးတော့ pop-up box တွေကတစ်ဆင့် comment တွေ ပေးလို့ရပါတယ်။ တကယ်လို့ ဆရာမက ဖိုင်တစ်ခုကို share လိုက်တယ်ဆိုရင် သူတို့တွေက clone ပွားလိုက်ပြီးတော့ comment မှာ chat ရင်း စာမှတ်သလို ဟန်ဆောင်နေကြပါတယ်။ ဆရာမက အနားကပ်လာပြီဆိုရင် Resolve button လေးကိုနှိပ်ပြီးတော့ ပြောထားသမျှတွေကို ဖျက်လိုက်ကြပါတယ်။
တစ်ခါတစ်ရံမှာ shared Google Doc file ကို ဖန်တီးပြီးတော့ ကျောင်းမှာ အခန်းမတူတဲ့သူတွေနဲ့လည်း စကားပြောကြပါတယ်။ ဘယ်သူက ဘာပြောတယ်ဆိုတာသိအောင်လို့ font မတူအောင် သုံးတတ်ကြပါသေးတယ်။ အတန်းပြီးချိန်မှာတော့ ဖိုင်လေးကို ဖျက်ခဲ့ပြီးတော့ နောက်တစ်နေ့မှာ နောက်တစ်ဖိုင် ဖန်တီးကြပါတယ်။
Google Docs ကို secret messaging app အနေနဲ့ အသုံးပြုနေကြတာကတော့ အိမ်စာမပြီးလို့ ဖုန်းမကိုင်ရတဲ့သူတွေ၊ ဒါမှမဟုတ် social media အပိတ်ခံထားရသူတွေပဲဖြစ်ပါတယ်။ မိဘတွေကတော့ ကျောင်းစာလုပ်နေတယ်လို့ပဲ ထင်ကြမှာပါ။ ဒါပေမယ့်လည်း ကလေးတွေက သူငယ်ချင်းတွေနဲ့ စကားပြောနေတာကိုတော့ သိကြမှာမဟုတ်ပါဘူး။
Google Docs ဟာ document တွေဖန်တီးပြီးတော့ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကူညီပေးထားပါတယ်။ အွန်လိုင်းကနေ အသုံးပြုလို့ရအောင်ဖန်တီးပေးထားတာမို့ အသုံးတည့်ပါတယ်။ ဒါကို နည်းပညာအကြောင်းသဘောပေါက်နေတဲ့ ဆယ်ကျော်သက်တွေက chat အဖြစ်နဲ့ အသုံးချလိုက်တာပါ။ software လေးမှာ native grammar checker ပါဝင်တဲ့အတွက်ကြောင့် ကလေးတွေအတွက် grammar ကောင်းကောင်းရနိုင်တယ်လို့ပဲ ဖြေသိမ့်ရမှာပေ့ါ။

Posted on Leave a comment

PUBG ကစားေနတဲ့ Black Shark 2 ရဲ႕ ဗီဒီယိုကို Xiaomi ျပသ


Black Shark Gaming Brand ရဲ႕ စီအီးအို ျဖစ္သူက Black Shark 2 နဲ႔ နာမည္ေက်ာ္ PUBG Game ကို ကစားေနတဲ့ ဗီဒီယိုတစ္ခုကို မွ်ေ၀လိုက္ပါတယ္။  အဲဒီ ဖုန္းကို ဒီလ ၁၈ ရက္မွာ ေၾကညာမွာပါ။ အဲဒီပြဲမွာ ကုမၸဏီက အလံုး ၁၀၀ ကို ၀ီဘိုကေန ကံစမ္းမဲေဖာက္ေပးမွာ ျဖစ္ပါတယ္။

မၾကာခင္ကပဲ စီအီးအို Peter Wu က Black Shark 2 မွာ Qualcomm Snapdragon 855 Chipset , 12GB RAM မ်ား ပါလာမယ္လို႔ ၀ီဘိုမွာ အရိပ္အျမြက္ ေၾကညာထားပါတယ္။ သူက ယခင္မ်ိဳးဆက္ထက္ စြမ္းရည္ ၆၀ ရာခုိင္ႏႈန္း တိုးတက္လာတဲ့ e-sports grade battery ပါမယ္လို႔လည္း ေျပာထားပါတယ္။ Black Shark က ၀ီဘိုမွာ ေနာက္ထုတ္မယ့္ ဂိမ္း ဖုန္းမွာ Liquid Cool 3.0 နည္းပညာ ပါမယ္လို႔ အတည္ျပဳခဲ့ၿပီးပါၿပီ။ ဒီနည္းပညာက ဂိမ္း ကစားရင္ ဖုန္းကို အပူမလြန္ကဲေစဘဲ ေခ်ာမြတ္စြာ ကစားႏိုင္မွာ ျဖစ္ပါတယ္။

ယခင္လကလည္း TENAA ကေန သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို သိခဲ့ရပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ အရြယ္အစား ၊ မ်က္ႏွာျပင္ အရြယ္အစား၊ ဘက္ထရီ ပမာဏမ်ားလို သတင္းအခ်က္အလက္ အနည္းငယ္ကိုသာ သိရပါေသးတယ္။ သူဟာ ပထမမ်ိဳးဆက္နဲ႔ ဒီဇိုင္းအပိုင္းမွာ တူညီပါတယ္။ အေနာက္ဘက္မွာ Pattern မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးကို ေဒါင္လိုက္ ျပင္ဆင္ ထည့္သြင္းထားသလို လက္ေဗြရာ အာရံုခံ ကိရိယာလည္း ပါပါတယ္။ Shark Key ကိုလည္း မူလ ေနရာမွာ ထည့္သြင္းထားပါတယ္။

Black Shark 2 မွာ မူလေမာ္ဒယ္လိုပဲ ၅.၉၉ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမယ္လို႔ TENAA မွာ ေဖာ္ျပထားပါတယ္။ ဘက္ထရီက 4000mAh ျဖစ္ပါတယ္။ ဒါေပမယ့္ အရြယ္အစားက ပိုရွည္သြားၿပီး ပိုထူလာပါတယ္။ 8GB RAM Model လည္း ပါလာနုိင္ပါတယ္။

unicode

PUBG ကစားနေတဲ့ Black Shark 2 ရဲ့ ဗီဒီယိုကို Xiaomi ပြသ

Black Shark Gaming Brand ရဲ့ စီအီးအို ဖြစ်သူက Black Shark 2 နဲ့ နာမည်ကျော် PUBG Game ကို ကစားနေတဲ့ ဗီဒီယိုတစ်ခုကို မျှဝေလိုက်ပါတယ်။  အဲဒီ ဖုန်းကို ဒီလ ၁၈ ရက်မှာ ကြေညာမှာပါ။ အဲဒီပွဲမှာ ကုမ္ပဏီက အလုံး ၁၀၀ ကို ဝီဘိုကနေ ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပါတယ်။

မကြာခင်ကပဲ စီအီးအို Peter Wu က Black Shark 2 မှာ Qualcomm Snapdragon 855 Chipset , 12GB RAM များ ပါလာမယ်လို့ ဝီဘိုမှာ အရိပ်အမြွက် ကြေညာထားပါတယ်။ သူက ယခင်မျိုးဆက်ထက် စွမ်းရည် ၆၀ ရာခိုင်နှုန်း တိုးတက်လာတဲ့ e-sports grade battery ပါမယ်လို့လည်း ပြောထားပါတယ်။ Black Shark က ဝီဘိုမှာ နောက်ထုတ်မယ့် ဂိမ်း ဖုန်းမှာ Liquid Cool 3.0 နည်းပညာ ပါမယ်လို့ အတည်ပြုခဲ့ပြီးပါပြီ။ ဒီနည်းပညာက ဂိမ်း ကစားရင် ဖုန်းကို အပူမလွန်ကဲစေဘဲ ချောမွတ်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။

ယခင်လကလည်း TENAA ကနေ သူ့ရဲ့ သတင်းအချက်အလက်များကို သိခဲ့ရပါတယ်။ လက်ရှိမှာ သူ့ရဲ့ အရွယ်အစား ၊ မျက်နှာပြင် အရွယ်အစား၊ ဘက်ထရီ ပမာဏများလို သတင်းအချက်အလက် အနည်းငယ်ကိုသာ သိရပါသေးတယ်။ သူဟာ ပထမမျိုးဆက်နဲ့ ဒီဇိုင်းအပိုင်းမှာ တူညီပါတယ်။ အနောက်ဘက်မှာ Pattern များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ပြင်ဆင် ထည့်သွင်းထားသလို လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ Shark Key ကိုလည်း မူလ နေရာမှာ ထည့်သွင်းထားပါတယ်။

Black Shark 2 မှာ မူလမော်ဒယ်လိုပဲ ၅.၉၉ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားက ပိုရှည်သွားပြီး ပိုထူလာပါတယ်။ 8GB RAM Model လည်း ပါလာနိုင်ပါတယ်။