Knowledge Smartphone Trending

OPPO R17 Pro မှာထည့်သွင်းထားတဲ့ Triple ကင်မရာရဲ့ လုပ်ဆောင်ချက်များ

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ OPPO ဟာFind X ပြီးနောက် စွမ်းရည်အမြင့်ဆုံး  နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ပေးလိုက်ပါပြီ။ သူ့မှာ 6.4″ AMOLED display နဲ့ဖြစ်ပြီး ထိပ်ဘက်မှာ ပါဝင်တဲ့  Notch ပုံစံကတော့  F9/F9 Pro ပါဝင်သလိုမျိုး ရေစက်ကျနေတဲ့ ပုံစံမျိုးလေးပါ။ screen-to-body ratio ဟာ 91.5% ရှိလာပြီး  မျက်နှာပြင်ကာကွယ်နိုင်စွမ်းအတွက် Gorilla Glass 6 ကိုသုံးလာပါတယ်။ စမတ်ဖုန်းသစ်ဖြစ်တဲ့ OPPO R17 Pro ဖုန်းမှာSuperVOOC ၊ in-display fingerprint စွမ်းဆောင်ချက်တွေအပြင် နောက်ကျောဘက်မှာ ကင်မရာ ၃လုံးကို ဒေါင်လိုက်တပ်ဆင် ပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ လက်ရှိစမတ်ဖုန်းဈေးကွက်အတွင်းမှာ Huawei P20 […]

Knowledge Smartphone

ဘယ်ဖုန်းတွေက wireless charging support ပေးလဲ

Zawgyi version Wireless charging ဆိုတဲ့ ကြိုးမဲ့အားသွင်းစနစ်က ခုဆိုရင် တော်တော်လေးကို ခေတ်စားလာပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ သူ့ကို ဖုန်းတိုင်းမှာ မရရှိနိုင်သေးပါဘူး။ Apple တောင်မှ iPhone 8 နဲ့ iPhone X မှာပဲ ရပါသေးတယ်။ ခုနောက်ပိုင်းတော်တော်များများမှာတော့ အဲဒီစနစ်ကို ထည့်သွင်းပေးနေပါပြီ။ အောက်မှာတော့ wireless charging support ပေးတဲ့စမတ်ဖုန်းတွေကို စာရင်းပြုစုထားပါတယ်။ Samsung Galaxy Note 9 Samsung Galaxy S9 Samsung Galaxy S9+ Samsung Galaxy Note 8 Samsung Galaxy Note 5 Samsung Galaxy S8 Samsung Galaxy […]

Knowledge Smartphone

Mobile OS တွေကို ဘာကြောင့်များ ပြောင်းကုန်ကြတာလဲ

Zawgyi Version Apple CEO Tim Cook ကတော့ Android ကနေ iPhone ကို ပြောင်းတဲ့နှုန်း မြင့်တက်နေတယ်လို့ ပြောထားပါတယ်။ မကြာသေးခင်က သုတေသနစစ်တမ်းတွေအရလည်း Android ကနေ iPhone ပြောင်းဝယ်သူတွေဟာ ၁၅-၂၀ရာခိုင်နှုန်းရှိတာကို သက်သေပြခဲ့ကြပါတယ်။ PCMag ရဲ့ စစ်တမ်းမှာ လူပေါင်း ၂၅၀၀ လောက်ပါဝင်ခဲ့ပြီးတော့ ဘာကြောင့် iOS to Android နဲ့ Android to iOS ပြောင်းခဲ့သလဲဆိုတာကို ဖြေကြားခဲ့ကြပါတယ်။ Android to iOS ပြောင်းသူ ၁၈ရာခိုင်နှုန်းရှိပြီးတော့ iOS ကနေ ပြန်ပြောင်းသူတွေကတော့ ၁၁ရာခိုင်နှုန်းပဲရှိပါတယ်။ Android to iOS ပြောင်းခဲ့တဲ့ သုံးစွဲသူရဲ့ ၄၇% ကတော့ user […]

Knowledge Smartphone

ခွင့်ပြုချက်မပေးရင်တောင်မှ သင့်ရဲ့တည်နေရာကို ခြေရာခံနေတဲ့ Google

Zawgyi Version Google က သင့်ရဲ့တည်နေရာကို ခွင့်ပြုချက်မရဘဲနဲ့လည်း ခြေရာခံနေတယ်လို့ စုံစမ်းသိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Princeton University ရဲ့ သုတေသီတွေဟာ Google ၀န်ဆောင်မှုတွေက Android ရော iPhone မှာပါ တည်နေရာအချက်အလက်တွေကို သိုလှောင်ထားကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ privacy settings မှာပိတ်ထားရင်တောင်မှ သိမ်းနေဦးမှာပါ။ K. Shankari လို့ခေါ်တဲ့ University of California ရဲ့ ဘွဲ့ရသုတေသီတစ်ယောက်ဟာ သူမရဲ့ Android ဖုန်းလေးမှာ Location History ကို ပိတ်ထားပေမယ့်လည်း ဈေးဝယ်ထွက်ဖို့အတွက် noti လေးပြတာကို လက်ခံရရှိခဲ့ပါတယ်။ Google က တည်နေရာအချက်အလက်အတွက် ခွင့်ပြုချက်တွေတောင်းပါတယ်။ ဒါကတော့ Location History setting ထဲမှာ ဖြစ်ပါတယ်။ […]

Knowledge Smartphone Smartphone Trending

Galaxy Note 9 ရဲ့ အကောင်းဆုံးအချက်အလက်လေးများ

Zawgyi Version ကောလာဟလတွေနဲ့ ပေါက်ကြားမှုပေါင်းများစွာကိုကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ Samsung Galaxy Note 9 ကို တွေ့မြင်ခွင့်ရလိုက်ပါပြီ။ သြဂုတ်လ၂၄ရက်နေ့ကလည်း ရင်ခုန်စရာစောင့်ကြိုနေပါတယ်။ လုံးဝကြီးခြားနားသွားတာမဟုတ်ပေမယ့်လည်း အတွင်းပိုင်းကပြောင်းလဲမှုတွေကတော့ အထင်ကြီးစရာကောင်းနေတုန်းပဲဆိုတာ သိထားသင့်ပါတယ်။ မျက်နှာပြင်၊ စပီကာ၊ သိုလှောင်မှုနဲ့ S-Pen တွေဟာ တိုးတက်ကောင်းမွန်လာပါတယ်။ Note 8 ထက်လည်း ကြီးကြီးမားမားအဆင့်မြှင့်ထားတာတွေလည်း ရှိနေပါတယ်။ သတင်းဆိုးကတော့ 128GB ဗားရှင်းအတွက် £899 ပေးရမှာဖြစ်ပြီးတော့ 512GB လိုချင်တယ်ဆိုရင်တော့ £1099 ဆိုတော့ ငိုရမယ့်ကိန်းပါပဲ။ ဒါတွေက သင့်ကိုစိတ်ပျက်အောင်မလုပ်နိုင်ဘူးဆိုရင်တော့ အကောင်းဆုံးတွေကိုစုစည်းပေးထားတဲ့ အချက်အလက်လေးတွေကိုဖတ်ပြီး အားတက်အောင် လုပ်ဆောင်လိုက်ပါဦး။ ၁) အကြီးမားဆုံး Note အရင်နှစ်တွေတုန်းကလိုပဲ Note 9 ဟာ Galaxy line-up ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဒီနှစ်ကတော့ […]

Knowledge Smartphone

Samsung Galaxy Note S Pen ရဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာမှု

Zawgyi Version Samsung ဟာ နောက်ထပ် Galaxy Note series ကို ပြသလိုက်ပါပြီ။ S Pen လေးကလည်း ကျွန်တော်တို့မြင်ဖူးသမျှထက် ပိုကောင်းလာတာကို တွေ့မြင်ရပါတယ်။ Bluetooth support ပါဝင်လာသလိုမျိုးပဲ ကိုယ်ပိုင်ဘတ်ထရီကိုထည့်သွင်းပေးထားတဲ့အတွက်ကြောင့် stylus တစ်ခုအနေနဲ့သာမက အဝေးထိန်းခလုတ်အနေနဲ့လည်း အသုံးပြုနိုင်တော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ S Pen လေးဟာ ဘယ်လိုမျိုး ဒီအဆင့်ကိုရောက်လာခဲ့သလဲဆိုတာကို ခြေရာပြန်ကောက်ပေးထားပါတယ်။ ဒါကြောင့် Samsung Galaxy Note S Pen ရဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာမှု လို့ ဆောင်းပါးလေးကို အမည်ပေးထားပါတယ်။ Samsung Galaxy Note Wacom နဲ့ ပူးပေါင်းပြီးထုတ်လုပ်တဲ့ original Samsung Galaxy Note S […]

Knowledge Smartphone

Galaxy Note 9 ရဲ့ အသေးစိတ်အချက်အလက် ထပ်မံ ထွက်ရှိ

Zawgyi version Samsung ရဲ့ Galaxy Note 9 ကို မိတ်ဆက်ဖို့က တစ်ရက်လောက်ပဲ လိုတော့တာ ဖြစ်ပါတယ်။ သူက စမတ်ဖုန်းဈေးကွက်ကိုရော ဘယ်လိုတွေ အံအားသင့် အောင်လုပ်ပြီး ရောင်းအားကရော ဘယ်လိုတွေရှိနိုင်မလဲ။ Galaxy Note 9 ကတော့ ၆.၄ မျက်နှာပြင်ရှိပြီးတော့ notch ထည့်မထားပါဘူး။ 2960×1440 Super AMOLED screen ကိုသုံးထားပြီး chin ကို အနည်းငယ်ပဲ ထည့်ထားပြီး ဘောင်ကို အနည်းငယ်ပဲ ကွေးထားပါတယ်။ S Pen မှာ အရင် S Pen တွေနဲ့ မတူတော့ဘဲ remote-based connectivity feature ပါဝင်လာမှာ ဖြစ်ပါတယ်။ Screen Off Memo အတွက် pen color […]

Knowledge Smartphone

iPhone ၊ iPad တိုင်းမှာ Apple Pencil အသုံးပြုနိုင်မယ့်နည်းလမ်း

Zawgyi Version Apple Pencil လေးဝယ်ချင်ပေမယ့်လည်း iPad Pro or sixth-generation iPad ကို မ၀ယ်ချင်တဲ့အခါမျိုးမှာ ဘယ်လိုမျိုးလုပ်ကြမလဲ။ ဟုတ်ပါတယ်။ Pencil ဆိုတာက သတ်မှတ်ထားတဲ့ iPad တွေမှာသာ အသုံးပြုနိုင်တာမျိုးပါ။ ဒါပမေယ့်လည်း စိတ်ကြိုက်သုံးချင်တယ်ဆိုရင်တော့ နည်းနည်းလေးအားထုတ်ရမှာပေါ့။ Apple Pencil ဆိုတာကတော့ iPad Pro 10.9-inch နဲ့ 12.9-inch အတွက် official ထုတ်ထားတာပါ။ ပြီးတော့ sixth-generation 2018 iPad မှာလည်း အသုံးပြုနိုင်ပါတယ်။ တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ သုံးစွဲသူတွေအနေနဲ့ ပုံတွေ၊ စာတွေပေါ်မှာ စိတ်ကြိုက်ရေးသားနိုင်မှာဖြစ်သလို third-party app တွေနဲ့လည်း ပုံဆွဲနိုင်မှာပါ။ ဒီးတော့ virtual keyboard တို့၊ လက်နဲ့ဆွဲနေရမှာတို့ မရှိတော့ဘူးပေါ့။ […]

Knowledge Smartphone

Device တွေနဲ့ပတ်သတ်ပြီး ကျွန်တော်တို့အထင်မှားနေတဲ့ အချက်များ

Zawgyi version Device တွေနဲ့ပတ်သတ်ပြီး ကျွန်တော်တို့အထင်မှားနေတဲ့ အချက်များ ကျွန်တော်တို့ထင်နေတာတွေက အနည်းငယ်မှားယွင်းနေတာလေးတွေရှိပါတယ်။ ဖုန်းကိုညလုံးပေါက်အားသွင်းခြင်းက အန္တရာယ်များတယ်လို့ တော်တော်များများက ဒီလိုထင်ကြပါတယ်။ အမှန်တော့ ဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် မဟုတ်ကြောင်း ကျွန်တော်တို့ ရှင်းပြရမယ့်အချိန်ကိုရောက်လာပါပြီ။ ကျွန်တော်တို့သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ ပြောဆိုနေတဲ့ယုံတမ်းတွေက မဟုတ်ကြောင်း ဖြေရှင်းရအောင်။ Device တွေရဲ့အလုပ်လုပ်ပုံနဲ့ ပတ်သတ်ပြီးတော့ နားလည်မှုလွဲနေတဲ့အကြောင်းအရာလေးတွေကို ကျွန်တော်တို့စုစည်းပြီးတော့ ပြထားပါတယ်။ ယုံတမ်း ၁။ megapixel များလေလေ ပုံကောင်းကောင်းရလေလေ Megapixels နဲ့ ပုံအရည်အသွေးက မသက်ဆိုင်ပဘူး။ ပုံရဲ့အရွယ်အစားကိုသာ သက်ရောက်မှုရှိနိုင်တာပါ။ ပုံအရည်အသွေးကောင်းမွန်ဖို့အတွက် မူတည်နေတဲ့အရာတွေကတော့ optics ၊ sensor အရွယ်အစားနဲ့ ဓါတ်ပုံရိုက်တတ်မှုတွေပဲ ဖြစ်ပါတယ်။ ယုံတမ်း ၂။ ဖုန်းကိုတစ်ညလုံး အားမသွင်းသင့်ဘူး။ ဘတ်ထရီထိလိမ့်မယ် ဒီနေ့ခေတ်ဖုန်းတွေက လီသီယမ်အိုင်းရွန်းဘတ်ထရီတွေပါဝင်လို့ […]

Knowledge

စမတ်ဖုန်းများမှာ လုပ်ဆောင်သင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးများ

Zawgyi version ကျွန်တော်တို့အားလုံးက ဒီဂျစ်တယ်ခေတ်မှာနေနေရတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အပါမခံနိုင်တဲ့အချက်အလက်တွေကို ဖုန်းထဲမှာသိမ်းထားကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာတွေလုပ်သင့်သလဲ။ ၁။ ဖုန်း Password ကို မကြာခဏပြောင်းလဲပါ     သင့်ရဲ့စမတ်ဖုန်းက သင့်အတွက်အရေးကြီးတဲ့အပေါ်မူတည်ပြီးတော့ Password ကို မကြာခဏဆိုသလို ပြောင်းလဲဖို့လိုအပ်ပါတယ်။ password/PIN ကို ပုံမှန်သတ်မှတ်ပြီးတော့ ပြောင်းလဲပါ။ မနှစ်ကဟာကို သုံးနေဆဲဆိုရင်တော့ တစ်ယောက်ယောက်က သိသွားနိုင်ပြီးတော့ ဒုက္ခပေးနိုင်ပါတယ်။ ဒီတော့ ပြောင်းလဲလိုက်ကြပါစို့။ သင့်ဖုန်းမှာ password တွေ၊ ဘဏ်အချက်အလက်တွေ၊ ကိုယ့်ရဲ့သတင်းအကြောင်းအရာတွေ၊ ဟိုပုံဒီပုံတွေရှိတယ်ဆိုတော့ လုံခြုံအောင်သိမ်းထားပါ။   ၂။ ဖုန်းကို သန့်ရှင်းရေးလုပ်ပါ   များသောအားဖြင့် မလုပ်ဖြစ်ကြပါဘူး။ ကျွန်တော်တို့အားလုံး ဖုန်းကို အိမ်သာထဲမှာ အသုံးပြုတတ်ကြတယ်။ ဖျားနေတုန်းမှာလည်း အသုံးပြုကြတယ်။ မီးဖိုချောင်ထဲမှာလည်း […]