Posted on Leave a comment

Huawei Honor Note 10 ရဲ႕ Double Turbo စြမ္းေဆာင္ခ်က္ ဘယ္လိုအလုပ္လုပ္သလဲ ?

Huawei အေနနဲ႔ 7 လက္မ AMOLED display ၊ 5,000 mAh ဘက္ထရီစြမ္းအား Kirin 970 ပရိုဆက္ဆာ၊ မေမွ်ာ္လင့္ထားတဲ့ လုပ္ေဆာင္ခ်က္ေတြပါဝင္တဲ့ Honor Note 10 စမတ္ဖုန္းကို မိတ္ဆက္ေပးလိုက္ပါၿပီ။  Honor Note 10 မွာ 6.95-inch Full HD+ မ်က္ႏွာျပင္  (1080 x 2220 pixels) AMOLED display နဲ႔ျဖစ္ၿပီး Notch လုံးဝမပါဝင္လာပါဘူး။ ဒါ့အျပင္ display ေထာက္ပ့ံမႈအေနနဲ႔ HDR10 စံႏႈန္းနဲ႔ 115% NTSC ကိုထည့္ေပးထားပါတယ္။ Honor Note 10 ရဲ႕ကင္မရာပိုင္းမွာေတာ့ 24MP (f/1.8) အဓိကကင္မရာနဲ႔အတူ 16MP (f/1.8) ဒုတိယကင္မရာငယ္ကို ေပါင္းထည့္ေပးထားပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 13MP f/2.0 aperture နဲ႔ျဖစ္ပါတယ္။

ဒီဖုန္းမွာ ထူးျခားခ်က္အေနနဲ႔ GPU Turbo နည္းပညာနဲ႔အတူ  CPU Turbo လုပ္ေဆာင္ခ်က္ အသစ္ကိုပါ ထည့္သြင္းေပးလုိက္ပါတယ္။ Double Turbo mode ေၾကာင့္ဂိမ္းနဲ႔ အျခားလုပ္ငန္းေဆာင္တာေတြေနရာမွာ ပိုမိုသြက္လက္ျမန္ဆန္စြာ လုပ္ႏုိင္လာပါလိမ့္မယ္။ Double Turbo mode အတြက္လည္း ဖုန္းရဲ႕ထိပ္ဘက္မွာ ခလုတ္ငယ္ေလးတစ္ခုကို ထည့္ေပးထားပါတယ္။

Honor Note 10 မွာ GPU Turbo နဲ႔ CPU Turbo ေပါင္းစပ္ထားတဲ့ Double Turbo စနစ္ပါဝင္သည့္ အတြက္ Software နဲ႔ Hardware Graphic နည္းပညာကို ျမန္ဆန္ေစပါလိမ့္မယ္။ EMUI Operating စနစ္ဟာ GPU နဲ႔ CPU မွတဆင့္ အေျခခံ အလုပ္လုပ္ၿပီး Graphic Processing Frame Work  ဟာ GPU graphic system ၆၀% ထိျမင့္တက္လာၿပီး SOC system ၃၀% ထိ က်ဆင္းသြားေသာအခါ ျပန္လည္တည္ေဆာက္ၿပီး ေဆာင္ရြက္ေၾကာင္းေတြ႕ရပါတယ္။ ဒီနည္းပညာေၾကာင့္ Mobile Legend၊ QQ၊ Flying Car၊ Escape From Fire Line Exciting၊ Battlefield၊ Army Attack၊ Wild Action ဂိမ္းေတြကို အေကာင္းဆုံးေဆာ့ကစား ႏုိင္ပါလိမ့္မယ္။

Honor Note 10 မွာပါဝင္တဲ့ CPU Turbo က Game ကစားသူေတြ အတြက္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ CPU ရဲ႕ အဓိကလုပ္ငန္းကေတာ့ 3D modeling နဲ႔ AI အသိဉာဏ္ Processing တို႔ကို လုပ္ေဆာင္ၿပီး NPU မွာ Game ရဲ႕ Framework ကို တည္ေဆာက္ရန္ လုပ္ေဆာင္ေပးပါတယ္။ Turbo Key ေၾကာင့္ Background processing မ်ားကုိ ရွင္းလင္းေစၿပီး CPU ကို Game ကစားေနခ်ိန္ေတြမွာ Limit ျပဳလုပ္ထားႏုိင္ပါတယ္။  NINE Cooling System ေၾကာင့္ CPU မွာ ပံုမွန္ Frequency အျပည့္နဲ႔ အလုပ္လုပ္ေစႏိုင္မွာျဖစ္ၿပီး ဂရပ္ဖစ္အျမင့္ Game မ်ား ကစားေနခ်ိန္မ်ားတြင္လညး္ ေကာင္းမြန္စြာထိန္းသိမ္းႏိုင္သည့္ အတြက္ Lag ျခင္းမရွိဘဲ ေခ်ာေမြ႕စြာ ကစားႏိုင္မွာပါ။  အႀကီးစား Game ၃ ခု ကစားေနခ်ိန္တြင္ပင္ Framerate ၅၉.၇၄ နဲ႔ Lag ျခင္းမွာ ၀.၆၄ သာရွိတာကို ေတြ႕ရပါတယ္။

unicode

Huawei အနေနဲ့ 7 လက်မ AMOLED display ၊ 5,000 mAh ဘက်ထရီစွမ်းအား Kirin 970 ပရိုဆက်ဆာ၊ မမျှော်လင့်ထားတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Honor Note 10 စမတ်ဖုန်းကို မိတ်ဆက်ပေးလိုက်ပါပြီ။  Honor Note 10 မှာ 6.95-inch Full HD+ မျက်နှာပြင်  (1080 x 2220 pixels) AMOLED display နဲ့ဖြစ်ပြီး Notch လုံးဝမပါဝင်လာပါဘူး။ ဒါ့အပြင် display ထောက်ပံ့မှုအနေနဲ့ HDR10 စံနှုန်းနဲ့ 115% NTSC ကိုထည့်ပေးထားပါတယ်။ Honor Note 10 ရဲ့ကင်မရာပိုင်းမှာတော့ 24MP (f/1.8) အဓိကကင်မရာနဲ့အတူ 16MP (f/1.8) ဒုတိယကင်မရာငယ်ကို ပေါင်းထည့်ပေးထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 13MP f/2.0 aperture နဲ့ဖြစ်ပါတယ်။

ဒီဖုန်းမှာ ထူးခြားချက်အနေနဲ့ GPU Turbo နည်းပညာနဲ့အတူ  CPU Turbo လုပ်ဆောင်ချက် အသစ်ကိုပါ ထည့်သွင်းပေးလိုက်ပါတယ်။ Double Turbo mode ကြောင့်ဂိမ်းနဲ့ အခြားလုပ်ငန်းဆောင်တာတွေနေရာမှာ ပိုမိုသွက်လက်မြန်ဆန်စွာ လုပ်နိုင်လာပါလိမ့်မယ်။ Double Turbo mode အတွက်လည်း ဖုန်းရဲ့ထိပ်ဘက်မှာ ခလုတ်ငယ်လေးတစ်ခုကို ထည့်ပေးထားပါတယ်။

Honor Note 10 မှာ GPU Turbo နဲ့ CPU Turbo ပေါင်းစပ်ထားတဲ့ Double Turbo စနစ်ပါဝင်သည့် အတွက် Software နဲ့ Hardware Graphic နည်းပညာကို မြန်ဆန်စေပါလိမ့်မယ်။ EMUI Operating စနစ်ဟာ GPU နဲ့ CPU မှတဆင့် အခြေခံ အလုပ်လုပ်ပြီး Graphic Processing Frame Work  ဟာ GPU graphic system ၆၀% ထိမြင့်တက်လာပြီး SOC system ၃၀% ထိ ကျဆင်းသွားသောအခါ ပြန်လည်တည်ဆောက်ပြီး ဆောင်ရွက်ကြောင်းတွေ့ရပါတယ်။ ဒီနည်းပညာကြောင့် Mobile Legend၊ QQ၊ Flying Car၊ Escape From Fire Line Exciting၊ Battlefield၊ Army Attack၊ Wild Action ဂိမ်းတွေကို အကောင်းဆုံးဆော့ကစား နိုင်ပါလိမ့်မယ်။

Honor Note 10 မှာပါဝင်တဲ့ CPU Turbo က Game ကစားသူတွေ အတွက် ပြုလုပ်ထားတာဖြစ်ပါတယ်။ CPU ရဲ့ အဓိကလုပ်ငန်းကတော့ 3D modeling နဲ့ AI အသိဉာဏ် Processing တို့ကို လုပ်ဆောင်ပြီး NPU မှာ Game ရဲ့ Framework ကို တည်ဆောက်ရန် လုပ်ဆောင်ပေးပါတယ်။ Turbo Key ကြောင့် Background processing များကို ရှင်းလင်းစေပြီး CPU ကို Game ကစားနေချိန်တွေမှာ Limit ပြုလုပ်ထားနိုင်ပါတယ်။  NINE Cooling System ကြောင့် CPU မှာ ပုံမှန် Frequency အပြည့်နဲ့ အလုပ်လုပ်စေနိုင်မှာဖြစ်ပြီး ဂရပ်ဖစ်အမြင့် Game များ ကစားနေချိန်များတွင်လည်း ကောင်းမွန်စွာထိန်းသိမ်းနိုင်သည့် အတွက် Lag ခြင်းမရှိဘဲ ချောမွေ့စွာ ကစားနိုင်မှာပါ။  အကြီးစား Game ၃ ခု ကစားနေချိန်တွင်ပင် Framerate ၅၉.၇၄ နဲ့ Lag ခြင်းမှာ ဝ.၆၄ သာရှိတာကို တွေ့ရပါတယ်။

Posted on Leave a comment

Fitness Tracker ေတြက တကယ္ပဲ အလုပ္ျဖစ္ရဲ႕လား

Zawgyi Version

Fitness Tracker တစ္ခုဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေအာင္၊ ၾကံ႕ခုိင္သန္စြမ္းလာေအာင္၊ က်န္းမာတဲ့အေလ့အက်င့္ေတြျဖစ္တဲ့ အစားအေသာက္၊ အိပ္စက္မႈ၊ အေနအထိုင္၊ ေလ့က်င့္ခန္းလုပ္ေဆာင္ျခင္းေတြမွာလည္း ကူညီေထာက္ပံ့ေပးသင့္ပါတယ္။

ဒီေတာ့ Fitness Tracker ေလးေတြက တကယ္ပဲအလုပ္ျဖစ္ရဲ႕လား၊ သူတို႕ေတြတုိင္းတာေနတာေတြက ဘယ္လိုအရာေတြျဖစ္မလဲ။ ဘယ္ေလာက္ေတာင္မွတိက်သလဲ။

Concept

Image result for Concept

သူတို႕ေတြတကယ္အလုပ္ျဖစ္ရဲ႕လားဆိုတာသိဖို႕အတြက္ ဘယ္လိုေတြအလုပ္လုပ္လဲဆိုတာ အရင္ဆံုးသိမွရလိမ့္မယ္။ Fitness Tracker ေတြဆိုတာ ပံုစံ၊အရြယ္အစားမ်ိဳးစံုရွိျပီးေတာ့ sensor ေတြဆိုတာလည္း brand အေပၚမွာမူတည္ျပီးေတာ့ ကြဲျပားေနၾကတာမဟုတ္လား။ ဒါေပမယ့္လည္း heart rate monitor ေပၚမွာ မူတည္ျပီးေတာ့ ကယ္လိုရီေလာင္ကၽြမ္းမႈနဲ႕ လႈပ္ရွားမႈေတြကို တြက္ခ်က္ေပးတာျဖစ္ပါတယ္။

ရိုးရွင္းပါတယ္။ ႏွလံုးအလုပ္လုပ္တာၾကမ္းေလးေလး၊ လႈပ္ရွားႏႈန္းမ်ားေလေလျဖစ္ျပီးေတာ့ ေလာင္ကၽြမ္းမယ့္ ကယ္လိုရီကလည္း မ်ားသြားမွာပါပဲ။

Diet app လိုမ်ိဳးဟာကို သံုးစြဲျပီးေတာ့ တုိင္းတာမယ္ဆိုရင္ေတာ့ အနည္းငယ္ကြဲျပားတာကို ေတြ႕ရပါလိမ့္မယ္။ ပံုမွန္သံုးစြဲေနတဲ့ပမာဏထက္ ေလွ်ာ့စားမယ္ဆိုရင္ေတာ့ အဆီေတြကို ေလာင္ကၽြမ္းတဲ့အတြက္ေၾကာင့္ အေလးခ်ိန္က်သြားမွာပါ။ ပံုမွန္ပမာဏထက္ ပိုစားမယ္ဆိုရင္ေတာ့ အဆီအျဖစ္နဲ႕ သိုေလွာင္ထားမွာျဖစ္လို႕ အေလးခ်ိန္တက္လာမွာပါ။

ဒါေလးက သခ်ၤာအရ ရိုးရွင္းတယ္ဆိုေပမယ့္လည္း problem ေတြအမ်ားၾကီးျဖစ္ေစပါတယ္။

Heart Rate Monitor

Image result for Heart Rate Monitor

အလုပ္လုပ္ပံုကေတာ့ pulse oximetry လို႕ေခၚတဲ့နည္းပညာကိုအသံုးျပဳထားတဲ့အတြက္ အနီေအာက္ေရာင္ျခည္နဲ႕ အေရျပားကိုေဖာက္ထြင္း ေသြးရဲ႕အေရာင္ေျပာင္းလဲမႈကို စစ္ေဆးပါတယ္။ အေရာင္ေတြကေတာ့ ႏွလံုးတစ္ခ်က္ခုန္လိုက္တုိင္းမွာ oxygenation ျဖစ္မႈကို ကိုယ္စားျပဳေနပါတယ္။

ဒီနည္းပညာကလည္း ျပီးျပည့္စံုတဲ့အေနအထားကို မေရာက္ေသးပါဘူး။ အျခားအရာေတြက oxygenation ကို အက်ိဳးသက္ေရာက္ႏုိ္င္လို႕ပါပဲ။ ဥပမာ အေလးမေနတဲ့အခ်ိန္မွာ လက္ေတြနဲ႕ အျခားေနရာေတြရဲ႕ oxygenation က တူညီႏုိင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ခါးမွာ၀တ္ဆင္ထားတဲ့ ကိရိယာက လက္မွာ၀တ္ဆင္ထားတဲ့ ကိရိယာထက္ ပိုေကာင္း ပိုတိက်တယ္လို႕ သတ္မွတ္ႏုိင္ပါတယ္။

ဒီထက္ေကာင္းတဲ့ ကိရိယာေတြကေတာ့ သင္လုပ္ေဆာင္ေနတဲ့ျဖစ္ရပ္ကို ခန္႕မွန္းျပီး (ေျပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ အေလးမျခင္း) ေသြးခုန္ႏႈန္းကို အလိုအေလ်ာက္ခ်ိန္ညွိေပးနုို္င္ပါတယ္။ ဒီေတာ့ တြက္ခ်က္ခန္႕မွန္းတဲ့အဆင့္မဟုတ္ေတာ့ဘဲ ခန္႕မွန္းတယ္ဆိုတဲ့အဆင့္ကို ျပန္ေရာက္သြားပါတယ္။

ဒါတင္မကေသးပါဘူး။ Heart rate တစ္ခုတည္းက ကယ္လိုရီေလာင္ကၽြမ္းမႈအတြက္ တစ္ခုတည္းေသာ ညႊန္ကိန္းမဟုတ္ပါဘူး။ ႏွလံုးကျမန္ျမန္ညွစ္ေလ ေအာက္ဆီဂ်င္မ်ားမ်ားလိုအပ္ေလျဖစ္ျပီးေတာ့ စြမ္းအင္ကိုလည္း မ်ားမ်ားသံုးစြဲရပါတယ္။ ဒီေတာ့ စြမ္းအင္ပိုင္းအရ ပိုမိုသံုးစြဲတယ္လို႕ ေျပာႏုိင္ပါတယ္။

လက္ေတြ႕မွာေတာ့ Heart Rate ကို နည္းလမ္းေပါင္းစံုက တုိးေစႏုိင္ပါတယ္။ ႏွလံုးခုန္းႏႈန္းက အားေကာင္းတဲ့အတြက္ေၾကာင့္ အၾကိမ္ေရနည္းေနတာလည္း ျဖစ္ႏုိင္ပါတယ္။ ေသြးဖိအား၊ ေလဖိအား၊ ေဘးပတ္၀န္းက်င္အပူခ်ိန္၊ စိတ္ခံစားမႈ၊ ဒါေတြအားလံုးက သက္ေရာက္မႈေတြရွိေနႏုိင္ပါတယ္။

ဒါေပမယ့္လည္း Fitness Tracker ေကာင္းတစ္ခုဆိုတာ Heart Rate တစ္ခုတည္းကို မူတည္ေနတာမဟုတ္ပါဘူး။ လႈပ္ရွားမႈေတြ၊ အရင္တုန္းကျဖစ္ခဲ့တဲ့ ပံုစံေတြကို machine learning နဲ႕ အသံုးျပဳျပီးေတာ့ တြက္ခ်က္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တိက်တဲ့ျဖစ္စဥ္ေတာ့ မဟုတ္ေသးပါဘူး။

Smartwatch ေတြရဲ႕အားနည္းခ်က္ကေတာ့ heart rate ကို တစ္မိနစ္မွာ တစ္ၾကိမ္ေလာက္သာ တုိ္င္းတာတဲ့ျဖစ္စဥ္ကို အသံုးျပဳထားျခင္းပါပဲ။ ဒီေတာ့ သာမန္အခ်ိန္နဲ႕ အျမင့္ဆံုး Heart Rate ကို အခ်ိဳးခ်လိုက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ Gym မွာ အားကစားလုပ္ရင္းေလာင္ကၽြမ္းသြားတဲ့ ကယ္လိုရီေတြက သင့္အတြက္ အက်ိဳးနည္းေစႏုိင္ပါတယ္။ ဒါ့အျပင္ မီးဖိုေခ်ာင္ထဲမွာ ခဏတာ ကခုန္လုိက္တဲ့ျဖစ္ရပ္ကို smartwatch က သိခ်င္မွသိမွာပါ။ သင့္ကို ေစာေစာထ လမ္းေလွ်ာက္ဖို႕ေလာက္လည္း ေျပာေနႏုိင္ပါတယ္။

ဒီေတာ့ Fitness Tracker ေလးက ဒီလိုအရာေတြကို ေျခရာခံတာအဆင္မေျပတဲ့အတြက္ေၾကာင့္ ၾကိဳးစားပမ္းစားေလ့က်င့္ခန္းလုပ္ရမွာပါ။ ဘယ္လိုအခ်ိ္န္မွာ အသံုးျပဳသင့္လဲဆိုေတာ့ အေျပးသမားတစ္ေယာက္၊ အေလးမသူတစ္ေယာက္၊ တစ္ေန႕ကို အေလးခ်ိန္ဘယ္ေလာက္ရွိလဲဆိုတာၾကည့္မယ္ဆိုတာေလာက္ေပါ့။

တကယ္ေရာ အလုပ္ျဖစ္ရဲ႕လား

Image result for think

Smartwatch ေတြ တြက္ခ်က္တဲ့ညီမွ်ျခင္းကေတာ့ ကယ္လိုရီအ၀င္နဲ႕အထြက္ပါပဲ။ ဒါကိုလည္း fitness expert, bodybuilder, nutritionist အမ်ားစုက လက္ခံထားပါတယ္။ အားလံုးေတာ့မဟုတ္ပါဘူး။

ကယ္လိုရီအျပင္ အျခားအရာေတြျဖစ္တဲ့ ဇီ၀ျဖစ္စဥ္၊ ေဟာ္မနု္း၊ အင္ဆူလင္ပမာဏ၊ အူဘတ္တီးရီးယား၊ အာဟာရပါ၀င္မႈႏႈန္းေတြနဲ႕လည္း သက္ဆုိင္ေနတယ္လို႕ လူအခ်ိဳ႕ကယံုၾကည္ၾကပါတယ္။ သူတို႕ေတြကေတာ့ အစားအေသာက္နဲ႕ ေနထိုင္မႈစနစ္ကို ျပဳျပင္ၾကပါတယ္။ သူတို႕အတြက္ကေတာ့ Fitness Tracker ေတြက အလုပ္လုပ္ပံုတစ္မ်ိဳးပါ။

စားသံုးလိုက္တဲ့ကယ္လိုရီထက္ေလာင္ကၽြမ္းရင္ အေလးခ်ိန္ေလ်ာ့က်မယ္ဆိုပဲ။ ဒီေတာ့ တစ္ေန႕တာ ကယ္လိုရီဘယ္ေလာက္ေလာင္ကၽြမ္းပါသလဲ။

သူတို႕ေတြကေတာ့ Active Metabolic Rate (AMR) ကို အသံုးျပဳျပီးေတာ့ တြက္ခ်က္ၾကပါတယ္။ ဒါဟာ တစ္ေန႕တာအတြက္ ဇီ၀ျဖစ္စဥ္ကိုအေထာက္အကူျပဳရမယ့္ ကယ္လိုရီပမာဏကို တြက္ခ်က္တာျဖစ္ပါတယ္။ Basal Metabolic Rate (BMR) အသက္ရွဳခ်ိန္နဲ႕ စဥ္းစားတဲ့အခ်ိန္မွာသံုးလိုက္တဲ့ ကယ္လိုရီပမာဏကိုတြက္ခ်က္တာလည္း အသံုးျပဳၾကပါတယ္။

BMR, AMR ရဖုိ႕အတြက္ဆုိရင္ေတာ့ အေလးခ်ိန္၊ အရပ္၊ လိင္ စတာေတြလိုအပ္ပါတယ္။ အရပ္ရွည္တဲ့သူက ကယ္လိုရီပိုလိုအပ္ပါတယ္။ ဒါေၾကာင့္ ေတာင့္ေတာင့္တင္းတင္းေတြက အစာပိုစားၾကတာေပါ့။ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးမွာလည္း ကယ္လိုရီေလာင္ကၽြမ္းမႈျခင္း မတူညီၾကပါဘူး။

ဒါေပမယ့္လည္း ကိုယ္အေလးခ်ိန္တူ၊ အရပ္တူတဲ့လူႏွစ္ေယာက္က ကယ္လိုရီေလာင္ကၽြမ္းမႈ မတူႏုိင္ပါဘူး။ ဒါက အဓိကအခက္အခဲတစ္ခုျဖစ္ေနပါတယ္။

ေဟာ္မုန္းက ဒီေနရာမွာ အဓိကပါ၀င္ေနပါတယ္။ testosterone လယ္ဗယ္မ်ားေလေလ၊ ကယ္လိုရီေလာင္ကၽြမ္းေလေလ၊ ၾကြက္သားပိုမ်ားေလေလေပါ့။ throid hormone, cortisol level, insulin ေတြလည္း စဥ္းစားရမွာပါ။ ေဟာ္မုန္းက အေရးပါတယ္ဆိုတာ မယံုဘူးလား။ steroid သံုးတဲ့သူကို ၾကည့္လုိက္ေလ။ အျခားသူထက္ fitness tracker ေလးမွာ ကိန္းေတြက ပိုမ်ားလာႏုိင္ပါတယ္။ ဒါေၾကာင့္သံုးပါလို႕ေျပာခ်င္တာမဟုတ္ပါဘူး။ ေဟာ္မုန္းရဲ႕ အေရးပါမႈကို ေျပာခ်င္တာပါ။

ဒီေတာ့ ကၽြန္ေတာ္ကိုင္ေနတဲ့ Fitness Tracker ကို လႊင့္ပစ္ရမလား

ကယ္လိုရီအ၀င္၊အထြက္ကို ေသခ်ာတြက္ခ်က္ႏုိင္မယ္ဆိုရင္ေတာ့ အေလးခ်ိန္တက္၊က်ကို ပိုမိုခန္႕မွန္းႏုိင္မွာပါ။ ကယ္လိုရီေလာင္ကၽြမ္းမႈနဲ႕ အျခားအရာေတြကလည္း ကူညီေပးႏုိင္ပါတယ္။ ျပီးေတာ့ သူတို႕ကိုအသံုးျပဳထားျပီးေတာ့ ကုိယ္အေလးခ်ိန္က်သြားတဲ့သူေတြလည္း ကၽြန္ေတာ္ျမင္ဖူးပါတယ္။ ဒီေတာ့ အလုပ္ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႕ရဲ႕လုပ္ေဆာင္ခ်က္ေတြ၊ ဘယ္လိုေကာင္းမြန္ေအာင္လုပ္ေဆာင္မလဲဆိုတာကို ျပန္ၾကည့္ႏုိင္ပါတယ္။ Gym သြားျပီးေတာ့ ကယ္လိုရီေလာင္ကၽြမ္းမႈကို သိေနျခင္းကလည္း အားျဖစ္ေစတယ္မဟုတ္လား။ သူတို႕ေတြက ကယ္လိုရီေလာင္ကၽြမ္းမႈတုိင္းတာျခင္းေလာက္သာ မကပါဘူး။ အိပ္ခ်ိန္၊ တရားထိုင္ျခင္းေတြကိုလည္း မွတ္သားေပးႏုိင္ပါတယ္။ သူတို႕ေတြရဲ႕အနာဂတ္ကလည္း စိတ္၀င္စားစရာေကာင္းေနပါတယ္။ ပေရာဂ်က္ေတြလည္း လုပ္ေနတယ္ဆိုေတာ့ ပိုေကာင္းႏုိင္ပါတယ္။

ကၽြန္ေတာ္တို႕ ဘာလုပ္ရမလဲဆိုတာက သူတို႕ေတြရဲ႕လုပ္ေဆာင္ခ်က္မွာ အကန္႕အသတ္ရွိတယ္ဆိုတာ လက္ခံထားပါ။ သူတို႕ရဲ႕ရလဒ္ကို တရားေသမယူပါနဲ႕။ ကၽြန္ေတာ္တို႕ကို တုိင္းတာေပးႏုိင္တာထက္ ကၽြန္ေတာ္တို႕ရဲ႕ကိုယ္ထည္ၾကီးက သာလြန္ေနတယ္လို႕ မွတ္ယူထားပါ။ သူတို႕လုပ္ႏုိင္တာေလာက္ မရုိးရွင္းပါဘူး။ ဒီကိုယ္ထည္ၾကီးက ရိုးရွင္းမတဲ့လား။

Unicode Version

Fitness Tracker တစ်ခုဟာ ကိုယ်အလေးချိန်လျော့ကျအောင်၊ ကြံ့ခိုင်သန်စွမ်းလာအောင်၊ ကျန်းမာတဲ့အလေ့အကျင့်တွေဖြစ်တဲ့ အစားအသောက်၊ အိပ်စက်မှု၊ အနေအထိုင်၊ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းတွေမှာလည်း ကူညီထောက်ပံ့ပေးသင့်ပါတယ်။
ဒီတော့ Fitness Tracker လေးတွေက တကယ်ပဲအလုပ်ဖြစ်ရဲ့လား၊ သူတို့တွေတိုင်းတာနေတာတွေက ဘယ်လိုအရာတွေဖြစ်မလဲ။ ဘယ်လောက်တောင်မှတိကျသလဲ။
Concept
သူတို့တွေတကယ်အလုပ်ဖြစ်ရဲ့လားဆိုတာသိဖို့အတွက် ဘယ်လိုတွေအလုပ်လုပ်လဲဆိုတာ အရင်ဆုံးသိမှရလိမ့်မယ်။ Fitness Tracker တွေဆိုတာ ပုံစံ၊အရွယ်အစားမျိုးစုံရှိပြီးတော့ sensor တွေဆိုတာလည်း brand အပေါ်မှာမူတည်ပြီးတော့ ကွဲပြားနေကြတာမဟုတ်လား။ ဒါပေမယ့်လည်း heart rate monitor ပေါ်မှာ မူတည်ပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ လှုပ်ရှားမှုတွေကို တွက်ချက်ပေးတာဖြစ်ပါတယ်။
ရိုးရှင်းပါတယ်။ နှလုံးအလုပ်လုပ်တာကြမ်းလေးလေး၊ လှုပ်ရှားနှုန်းများလေလေဖြစ်ပြီးတော့ လောင်ကျွမ်းမယ့် ကယ်လိုရီကလည်း များသွားမှာပါပဲ။
Diet app လိုမျိုးဟာကို သုံးစွဲပြီးတော့ တိုင်းတာမယ်ဆိုရင်တော့ အနည်းငယ်ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။ ပုံမှန်သုံးစွဲနေတဲ့ပမာဏထက် လျှော့စားမယ်ဆိုရင်တော့ အဆီတွေကို လောင်ကျွမ်းတဲ့အတွက်ကြောင့် အလေးချိန်ကျသွားမှာပါ။ ပုံမှန်ပမာဏထက် ပိုစားမယ်ဆိုရင်တော့ အဆီအဖြစ်နဲ့ သိုလှောင်ထားမှာဖြစ်လို့ အလေးချိန်တက်လာမှာပါ။
ဒါလေးက သင်္ချာအရ ရိုးရှင်းတယ်ဆိုပေမယ့်လည်း problem တွေအများကြီးဖြစ်စေပါတယ်။
Heart Rate Monitor
အလုပ်လုပ်ပုံကတော့ pulse oximetry လို့ခေါ်တဲ့နည်းပညာကိုအသုံးပြုထားတဲ့အတွက် အနီအောက်ရောင်ခြည်နဲ့ အရေပြားကိုဖောက်ထွင်း သွေးရဲ့အရောင်ပြောင်းလဲမှုကို စစ်ဆေးပါတယ်။ အရောင်တွေကတော့ နှလုံးတစ်ချက်ခုန်လိုက်တိုင်းမှာ oxygenation ဖြစ်မှုကို ကိုယ်စားပြုနေပါတယ်။
ဒီနည်းပညာကလည်း ပြီးပြည့်စုံတဲ့အနေအထားကို မရောက်သေးပါဘူး။ အခြားအရာတွေက oxygenation ကို အကျိုးသက်ရောက်နိုင်လို့ပါပဲ။ ဥပမာ အလေးမနေတဲ့အချိန်မှာ လက်တွေနဲ့ အခြားနေရာတွေရဲ့ oxygenation က တူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခါးမှာဝတ်ဆင်ထားတဲ့ ကိရိယာက လက်မှာဝတ်ဆင်ထားတဲ့ ကိရိယာထက် ပိုကောင်း ပိုတိကျတယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဒီထက်ကောင်းတဲ့ ကိရိယာတွေကတော့ သင်လုပ်ဆောင်နေတဲ့ဖြစ်ရပ်ကို ခန့်မှန်းပြီး (ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ အလေးမခြင်း) သွေးခုန်နှုန်းကို အလိုအလျောက်ချိန်ညှိပေးနိုင်ပါတယ်။ ဒီတော့ တွက်ချက်ခန့်မှန်းတဲ့အဆင့်မဟုတ်တော့ဘဲ ခန့်မှန်းတယ်ဆိုတဲ့အဆင့်ကို ပြန်ရောက်သွားပါတယ်။
ဒါတင်မကသေးပါဘူး။ Heart rate တစ်ခုတည်းက ကယ်လိုရီလောင်ကျွမ်းမှုအတွက် တစ်ခုတည်းသော ညွှန်ကိန်းမဟုတ်ပါဘူး။ နှလုံးကမြန်မြန်ညှစ်လေ အောက်ဆီဂျင်များများလိုအပ်လေဖြစ်ပြီးတော့ စွမ်းအင်ကိုလည်း များများသုံးစွဲရပါတယ်။ ဒီတော့ စွမ်းအင်ပိုင်းအရ ပိုမိုသုံးစွဲတယ်လို့ ပြောနိုင်ပါတယ်။
လက်တွေ့မှာတော့ Heart Rate ကို နည်းလမ်းပေါင်းစုံက တိုးစေနိုင်ပါတယ်။ နှလုံးခုန်းနှုန်းက အားကောင်းတဲ့အတွက်ကြောင့် အကြိမ်ရေနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ သွေးဖိအား၊ လေဖိအား၊ ဘေးပတ်ဝန်းကျင်အပူချိန်၊ စိတ်ခံစားမှု၊ ဒါတွေအားလုံးက သက်ရောက်မှုတွေရှိနေနိုင်ပါတယ်။
ဒါပေမယ့်လည်း Fitness Tracker ကောင်းတစ်ခုဆိုတာ Heart Rate တစ်ခုတည်းကို မူတည်နေတာမဟုတ်ပါဘူး။ လှုပ်ရှားမှုတွေ၊ အရင်တုန်းကဖြစ်ခဲ့တဲ့ ပုံစံတွေကို machine learning နဲ့ အသုံးပြုပြီးတော့ တွက်ချက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိကျတဲ့ဖြစ်စဉ်တော့ မဟုတ်သေးပါဘူး။
Smartwatch တွေရဲ့အားနည်းချက်ကတော့ heart rate ကို တစ်မိနစ်မှာ တစ်ကြိမ်လောက်သာ တိုင်းတာတဲ့ဖြစ်စဉ်ကို အသုံးပြုထားခြင်းပါပဲ။ ဒီတော့ သာမန်အချိန်နဲ့ အမြင့်ဆုံး Heart Rate ကို အချိုးချလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် Gym မှာ အားကစားလုပ်ရင်းလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက သင့်အတွက် အကျိုးနည်းစေနိုင်ပါတယ်။ ဒါ့အပြင် မီးဖိုချောင်ထဲမှာ ခဏတာ ကခုန်လိုက်တဲ့ဖြစ်ရပ်ကို smartwatch က သိချင်မှသိမှာပါ။ သင့်ကို စောစောထ လမ်းလျှောက်ဖို့လောက်လည်း ပြောနေနိုင်ပါတယ်။
ဒီတော့ Fitness Tracker လေးက ဒီလိုအရာတွေကို ခြေရာခံတာအဆင်မပြေတဲ့အတွက်ကြောင့် ကြိုးစားပမ်းစားလေ့ကျင့်ခန်းလုပ်ရမှာပါ။ ဘယ်လိုအချိန်မှာ အသုံးပြုသင့်လဲဆိုတော့ အပြေးသမားတစ်ယောက်၊ အလေးမသူတစ်ယောက်၊ တစ်နေ့ကို အလေးချိန်ဘယ်လောက်ရှိလဲဆိုတာကြည့်မယ်ဆိုတာလောက်ပေါ့။
တကယ်ရော အလုပ်ဖြစ်ရဲ့လား
Smartwatch တွေ တွက်ချက်တဲ့ညီမျှခြင်းကတော့ ကယ်လိုရီအဝင်နဲ့အထွက်ပါပဲ။ ဒါကိုလည်း fitness expert, bodybuilder, nutritionist အများစုက လက်ခံထားပါတယ်။ အားလုံးတော့မဟုတ်ပါဘူး။
ကယ်လိုရီအပြင် အခြားအရာတွေဖြစ်တဲ့ ဇီဝဖြစ်စဉ်၊ ဟော်မနု်း၊ အင်ဆူလင်ပမာဏ၊ အူဘတ်တီးရီးယား၊ အာဟာရပါဝင်မှုနှုန်းတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ လူအချို့ကယုံကြည်ကြပါတယ်။ သူတို့တွေကတော့ အစားအသောက်နဲ့ နေထိုင်မှုစနစ်ကို ပြုပြင်ကြပါတယ်။ သူတို့အတွက်ကတော့ Fitness Tracker တွေက အလုပ်လုပ်ပုံတစ်မျိုးပါ။
စားသုံးလိုက်တဲ့ကယ်လိုရီထက်လောင်ကျွမ်းရင် အလေးချိန်လျော့ကျမယ်ဆိုပဲ။ ဒီတော့ တစ်နေ့တာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းပါသလဲ။
သူတို့တွေကတော့ Active Metabolic Rate (AMR) ကို အသုံးပြုပြီးတော့ တွက်ချက်ကြပါတယ်။ ဒါဟာ တစ်နေ့တာအတွက် ဇီဝဖြစ်စဉ်ကိုအထောက်အကူပြုရမယ့် ကယ်လိုရီပမာဏကို တွက်ချက်တာဖြစ်ပါတယ်။ Basal Metabolic Rate (BMR) အသက်ရှုချိန်နဲ့ စဉ်းစားတဲ့အချိန်မှာသုံးလိုက်တဲ့ ကယ်လိုရီပမာဏကိုတွက်ချက်တာလည်း အသုံးပြုကြပါတယ်။
BMR, AMR ရဖို့အတွက်ဆိုရင်တော့ အလေးချိန်၊ အရပ်၊ လိင် စတာတွေလိုအပ်ပါတယ်။ အရပ်ရှည်တဲ့သူက ကယ်လိုရီပိုလိုအပ်ပါတယ်။ ဒါကြောင့် တောင့်တောင့်တင်းတင်းတွေက အစာပိုစားကြတာပေါ့။ အမျိုးသားနဲ့ အမျိုးသမီးမှာလည်း ကယ်လိုရီလောင်ကျွမ်းမှုခြင်း မတူညီကြပါဘူး။
ဒါပေမယ့်လည်း ကိုယ်အလေးချိန်တူ၊ အရပ်တူတဲ့လူနှစ်ယောက်က ကယ်လိုရီလောင်ကျွမ်းမှု မတူနိုင်ပါဘူး။ ဒါက အဓိကအခက်အခဲတစ်ခုဖြစ်နေပါတယ်။
ဟော်မုန်းက ဒီနေရာမှာ အဓိကပါဝင်နေပါတယ်။ testosterone လယ်ဗယ်များလေလေ၊ ကယ်လိုရီလောင်ကျွမ်းလေလေ၊ ကြွက်သားပိုများလေလေပေါ့။ throid hormone, cortisol level, insulin တွေလည်း စဉ်းစားရမှာပါ။ ဟော်မုန်းက အရေးပါတယ်ဆိုတာ မယုံဘူးလား။ steroid သုံးတဲ့သူကို ကြည့်လိုက်လေ။ အခြားသူထက် fitness tracker လေးမှာ ကိန်းတွေက ပိုများလာနိုင်ပါတယ်။ ဒါကြောင့်သုံးပါလို့ပြောချင်တာမဟုတ်ပါဘူး။ ဟော်မုန်းရဲ့ အရေးပါမှုကို ပြောချင်တာပါ။
ဒီတော့ ကျွန်တော်ကိုင်နေတဲ့ Fitness Tracker ကို လွှင့်ပစ်ရမလား
ကယ်လိုရီအဝင်၊အထွက်ကို သေချာတွက်ချက်နိုင်မယ်ဆိုရင်တော့ အလေးချိန်တက်၊ကျကို ပိုမိုခန့်မှန်းနိုင်မှာပါ။ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အခြားအရာတွေကလည်း ကူညီပေးနိုင်ပါတယ်။ ပြီးတော့ သူတို့ကိုအသုံးပြုထားပြီးတော့ ကိုယ်အလေးချိန်ကျသွားတဲ့သူတွေလည်း ကျွန်တော်မြင်ဖူးပါတယ်။ ဒီတော့ အလုပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေ၊ ဘယ်လိုကောင်းမွန်အောင်လုပ်ဆောင်မလဲဆိုတာကို ပြန်ကြည့်နိုင်ပါတယ်။ Gym သွားပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုကို သိနေခြင်းကလည်း အားဖြစ်စေတယ်မဟုတ်လား။ သူတို့တွေက ကယ်လိုရီလောင်ကျွမ်းမှုတိုင်းတာခြင်းလောက်သာ မကပါဘူး။ အိပ်ချိန်၊ တရားထိုင်ခြင်းတွေကိုလည်း မှတ်သားပေးနိုင်ပါတယ်။ သူတို့တွေရဲ့အနာဂတ်ကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပရောဂျက်တွေလည်း လုပ်နေတယ်ဆိုတော့ ပိုကောင်းနိုင်ပါတယ်။
ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာက သူတို့တွေရဲ့လုပ်ဆောင်ချက်မှာ အကန့်အသတ်ရှိတယ်ဆိုတာ လက်ခံထားပါ။ သူတို့ရဲ့ရလဒ်ကို တရားသေမယူပါနဲ့။ ကျွန်တော်တို့ကို တိုင်းတာပေးနိုင်တာထက် ကျွန်တော်တို့ရဲ့ကိုယ်ထည်ကြီးက သာလွန်နေတယ်လို့ မှတ်ယူထားပါ။ သူတို့လုပ်နိုင်တာလောက် မရိုးရှင်းပါဘူး။ ဒီကိုယ်ထည်ကြီးက ရိုးရှင်းမတဲ့လား။

Posted on Leave a comment

အားအျမန္သြင္းစနစ္ေတြ ဘယ္လိုအလုပ္လုပ္သလဲ

Zawgyi Version

ဒီေန႕ခတ္မွာ ေခတ္စားေနတာကေတာ့ အားအျမန္သြင္းfeature ေလးပါပဲ။ အလုပ္ရွဳပ္တဲ့ေန႕ေရာက္ရင္ ဘတ္ထရီေတြက ကုန္တာျမန္လြန္းေနသလိုပါပဲ။ ဒါေပမယ့္လည္း လုပ္ငန္းတုိင္းရဲ႕ စံႏႈန္းေတြက တစ္ခုနဲ႕တစ္ခု မတူၾကျပန္ပါဘူး။ အခ်ိဳ႕ကေတာ့ ၾကိဳးနဲ႕အားသြင္းေခါင္းသီးသန္႕သံုးၾကသလို အခ်ိဳ႕ကလည္း ဗုိ႕အားျမင့္တာကို အသံုးျပဳၾကပါတယ္။ နည္းနည္းေတာ့ ရွဳပ္ပါတယ္။ ဒီေတာ့ ကၽြန္ေတာ္တို႕ရွဳပ္ေနတာကို ရွင္းရေအာင္လား။

ငဒူနည္းနဲ႕ေျပာရမယ္ဆုိရင္ေတာ့ အားအျမန္သြင္းစနစ္ဆိုတာ အားမ်ားမ်ားနဲ႕သြင္းလိုက္ေတာ့ အခ်ိန္တိုတုိအတြင္းမွာ အားျပည့္လြယ္တာေပါ့ေလ။ သာမန္အရဆိုရင္ေတာ့ လွ်ပ္စီး 0.5 amps (A) ကို 5 volts (V) အသံုးျပဳျပီးေတာ့ 2.5 watts (W) အတြက္ သြင္းေပးပါတယ္။ အားအျမန္သြင္းစနစ္ကေတာ့ ဒါကိုပိုမ်ားေအာင္လုပ္လုိက္တာျဖစ္ပါတယ္။ Huawei’s 5V/5A SuperCharge ကေတာ့ 25W ထုတ္လုပ္ေပးျပီး Samsung’s 9V/1.7A Adaptive Fast Charging ကေတာ့ 15W ထုတ္လုပ္ေပးပါတယ္။ အားလံုးမွာတူညီခ်က္တစ္ခုကေတာ့ ပါ၀ါပိုမ်ားျခင္းပါပဲ။

ဒါကေတာ့ ျခံဳၾကည့္လုိက္ျခင္းပါ။ တကယ္က ဒီထက္ပိုျပီးေတာ့ ရွဳပ္ေထြးပါတယ္။ အဲဒီကိုမသြားခင္ၽြွာ အားအျမန္သြင္းစံႏႈန္းေတြကြဲျပားမႈအေၾကာင္းကို အေသးစိတ္ေလ့လာၾကည့္ရေအာင္။

USB Power Delivery

USB Power Delivery (USB-PD) ဆိုတာကေတာ့ USB-IF က ၂၀၁၂ခုႏွစ္မွာ တရား၀င္ထုတ္ျပန္ခဲ့တဲ့ အားအျမန္သြင္းစံႏႈန္းတစ္ခုျဖစ္ပါတယ္။ အဲဒီစံႏႈန္းဟာ USB port ပါတဲ့ device တိုင္းကို ေထာက္ပံ့ေပးႏုိင္ပါတယ္။ အျခားေသာအားအျမန္သြင္းစံႏႈန္းေတြလိုပဲ USB port ဟာ အားသြင္းေခါင္းနဲ႕ ဖုန္းရဲ႕ၾကားမွာ ဆက္သြယ္မႈအေနနဲ႕ data protocol ကို အသံုးျပဳထားပါတယ္။ ဒါေလးက အားသြင္းေခါင္းနဲ႕ ဟန္းဆက္ရဲ႕ ပါ၀ါခံႏုိ္င္ရည္ကို ထိန္းညွိေပးပါတယ္။

USB Power Delivery ကေတာ့ သာမန္USB အားသြင္းအျမန္ႏႈန္းကို 100W အထိ ေပးႏုိင္တယ္လို႕ ဆိုထားပါတယ္။ voltage အမ်ိဳးမ်ိဳးမွာ လည္ပတ္ေနတဲ့ power rating အမ်ိဳးမ်ိဳးအတြက္ အဲဒီပါ၀ါေတြက ခြဲျခားသြားပါတယ္။ 7.5W+ နဲ႕ 15W+ mode ေတြကေတာ့ ဖုန္းအတြက္ အေကာင္းဆံုးပါပဲ။ 27W ကေတာ့ လက္ပ္ေတာ့နဲ႕ ပါ၀ါစားမ်ားတဲ့ device ေတြအတြက္ အဆင္ေျပေစပါတယ္။ bi-directional power ကို ေထာက္ပံ့ေပးထားတဲ့အတြက္ေၾကာင့္ ဖုန္းကို အျခားပစၥည္းေတြအတြက္ အားသြင္းပစၥည္းတစ္ခုအေနနဲ႕လည္း အသံုးျပဳႏုိင္ပါတယ္။

Power output
(Operating Voltage and Current)
0.5 – 15W 15 – 27W 27 – 45W 45 – 60W 60 – 100W
5V 0.1 – 3.0A 3.0A (15W cap) 3.0A (15W cap) 3.0A (15W cap) 3.0A (15W cap)
9V 1.67 – 3.0A 3.0A (27W cap) 3.0A (27W cap) 3.0A (27W cap)
15V 1.8 – 3.0A 3.0A (45W cap) 3.0A (45W cap)
20V 2.25 – 3.0A 3.0 – 5.0A

Google’s Pixel serie ကေတာ့ official Power Delivery ကို အသံုးျပဳထားပါတယ္။ Apple ကေတာ့ iPhone 8, iPhone X နဲ႕ ေနာက္ဆံုးထြက္ MacBook ေတြမွာ အသံုးျပဳထားပါတယ္။ လုပ္ငန္းအမ်ားစုကေတာ့ ကိုယ္ပိုင္စံႏႈန္းေတြနဲ႕ ထုတ္လုပ္ေနၾကတာကို ေတြ႕ျမင္ရပါတယ္။

Qualcomm Quick Charge

Qualcomm ရဲ႕နည္းပညာေလးကေတာ့ စမတ္ဖုန္းနယ္ပယ္မွာ default standard တစ္ခုျဖစ္လာခဲ့ပါတယ္။ USB Power Delivery မတုိင္ခင္မွာ လူၾကိဳက္မ်ားခဲ့တဲ့ အားအျမန္သြင္းစနစ္ျဖစ္ပါတယ္။ 4.0+ revision ကေတာ့ Power Delivery အတြက္လညး္ ကိုက္ညီတဲ့အတြက္ေၾကာင့္ ေထာက္ပံ့ေပးႏုိင္မႈပမာဏလည္း က်ယ္၀န္းသြားပါတယ္။

Voltages Max Current Max Power
Quick Charge 1.0 5V 2A 10W
Quick Charge 2.0 5 / 9 / 12V 3A 18W
Quick Charge 3.0 3.6 – 20V (200mV increments 2.5 / 4.6A 18W
Quick Charge 4.0+ 3.6 – 20V (200mV increments) QC Mode
5 / 9V USB-PD Mode
2.5 / 4.6A QC Mode
3A USB-PD Mode
18W QC Mode
27W USB-PD Mode

Quick Charge ဆိုတာကေတာ့ Snapdragon processor ေတြမွာ ရလာႏုိင္တဲ့ feature တစ္ခုျဖစ္လာပါတယ္။ ဒါေပမယ့္ Qualcomm chip ပါတဲ့ဖုန္းတိုင္းေတာ့ Quick Charge compatible ျဖစ္တယ္လို႕ မေျပာႏုိင္ပါဘူး။ ဒါေပမယ့္လည္း ဖုန္းအေတာ္မ်ားမ်ားမွာေတာ့ Quick Charge support ထည့္သြင္းေပးထားပါတယ္။ အဲဒီအထဲမွာ LG V30, LG G7, Samsung Galaxy Note 8, HTC U12 Plus အမ်ားၾကီးပါပဲ။ ေရွးအားသြင္းေခါင္းေတြနဲ႕ third-party accessories ေတြအတြက္လည္း အဆင္ေျပေအာင္လုပ္ေဆာင္ေပးထားပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီစံႏႈန္းက လူၾကိဳက္မ်ားတဲ့အတြက္ေၾကာင့္ပါ။

အျခားစံႏႈန္းမ်ား

စမတ္ဖုန္း ေဂဟစနစ္မွာဆိုရင္ေတာ့ ေမာ္ဒယ္လ္အမ်ားစုက ကိုယ္ပုိင္နည္းပညာကိုအသံုးျပဳၾကတာမ်ားပါတယ္။ အေပၚကေျပာထားတဲ့နည္းပညာေတြကို အသံုးမျပဳၾကပါဘူး။ ဒါေပမယ့္လည္း စံႏႈန္းအခ်ိဳ႕ကသာ ကိုယ္ပုိင္အစစ္ျဖစ္ေနပါတယ္။ အမ်ားစုကေတာ့ Power Delivery or Quick Charge ကို ျပင္ဆင္ထားတဲ့သေဘာပါပဲ။ နည္းပညာကို နာမည္ေျပာင္းၾကတာမ်ိဳးေပါ့။ Samsung’s Adaptive Charging နဲ႕ Motorola’s Turbo Charging ေတြကေတာ့ နည္းနည္းေလးျပင္ဆင္ထားတဲ့ နည္းပညာေတြ ျဖစ္ပါတယ္။

Oppo’s VOOC နဲ႕ Huawei’s SuperCharge ကေတာ့ အေတာ္ေလးျခားနားပါတယ္။ voltage တိုးသြားျခင္းထက္ current ပမာဏကိုတုိးျမင့္ေအာင္ လုပ္ေဆာင္လိုက္တာပါ။

Charging Technology USB 2.0 port USB 3.0 port Samsung Adaptive Fast Charger OnePlus DashCharge / Oppo VOOC Huawei SuperCharge MediaTek PumpExpress 4.0
(USB-PD)
Motorola TurboPower 30
(USB-PD)
Max Power 2.5W 7.5W 15W 20 / 25W 25W ~25W 28.5W
Voltage 5V 5V 5V / 9V 5V 5V 3V – 6V
(10-20mV per step)
5 / 9 / 12V
Current 0.5A 0.9 / 1.5A 2 / 1.67A 4 / 5A 2 / 4.5 / 5A 5A 5.7 / 2.85 / 2.15A

စံႏႈန္းအမ်ားၾကီးကို တစ္ျပိဳင္နက္တည္းေထာက္ပ့ံေပးႏုိုင္ျခင္း သို႕မဟုတ္ အမ်ိဳးမ်ိဳးေသာအားသြင္းစနစ္ကို အသံုးျပဳႏုိ္င္ျခင္း ဆိုတာကလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္လည္း အားသြင္းေခါင္းနဲ႕ ၾကိဳးအမ်ိဳးမ်ိဳးကို စမ္းသံုးၾကည့္တဲ့အခ်ိန္မွာ အားသြင္းႏႈန္းအတူတူပဲလို႕ မထင္လုိက္ပါနဲ႕။

ဖုန္းအေတာ္မ်ားမ်ားကို စမ္းသပ္ျပီးတဲ့ေနာက္မွာေတာ့ အားသြင္းေခါင္းနဲ႕ၾကိဳးအေပၚမွာမူတည္ျပီးေတာ့ ကြဲျပားတာကို ေတြ႕ျမင္လိုက္ရပါတယ္။ အေကာင္းဆံုးရလဒ္ကေတာ့ ဖုန္းထဲမွာပါ၀င္တဲ့ အားသြင္းေခါင္းနဲ႕ၾကိဳးကို အသံုးျပဳျခင္းပါပဲ။

Lithium-ion ဘတ္ထရီထဲကို အားျမန္ျမန္ဘယ္လို၀င္သလဲ

စံႏႈန္းအေၾကာင္းေျပာျပီးသြားျပီဆိုရင္ေတာ့ ဘတ္ထရီရဲ႕အားသြင္းစက္၀န္းထဲကို အားဘယ္လို၀င္သလဲဆိုတာကို ေလ့လာၾကည့္လုိက္ရေအာင္။ Lithium-ion ဘတ္ထရီေတြက ဖုန္းရဲ႕အတြင္းပိုင္းထဲမွာ အသံုးျပဳထားပါတယ္။ အားသြင္းစက္၀န္းကေတာ့ အဆင့္ႏွစ္ခုခြဲထားပါတယ္။

Graph of battery charging voltages

ပထမတစ္ခုကေတာ့ voltage တုိးျခင္း ဒါမွမဟုတ္ constant current phase လို႕ ေခၚပါတယ္။ battery voltage ကို 2V ကေနျပီးေတာ့ 4.2V အထိ ျဖည္းျဖည္းျခင္း တုိးသြားတာပါ။ ဘတ္ထရီအေပၚမွာမူတည္ျပီးေတာ့ ေျပာင္းလဲသြားႏုိင္ပါတယ္။ ဘတ္ထရီဟာ ဒီအဆင့္မွာ အျမင့္ဆံုး current အထိ ဆြဲလိုက္ပါတယ္။

Voltage က အျမင့္ဆံုးေရာက္သြားျပီဆိုရင္ေတာ့ တည္ျငိမ္လာျပီးေတာ့ current တျဖည္းျဖည္းက်လာပါတယ္။ ဘတ္ထရီေတြဟာ ဒီအဆင့္မွာေတာ့ current နည္းနည္းသာဆြဲျပီး အားကိုလည္းနည္းနည္းသာ သြင္းပါေတာ့တယ္။ ဒါေၾကာင့္ ပထမဆံုးအားသြင္းတဲ့ ၅၀ – ၆၀% မွာ အားအရမ္းျမန္တယ္လို႕ ခံစားရတာေပါ့။

အားအျမန္သြင္းနည္းပညာေတြဟာ constant current phase မွာ လုပ္ေဆာင္ၾကပါတယ္။ current ကို ရနိုင္သေလာက္မ်ားမ်ားဆြဲျပီးေတာ့ အျမင့္ဆံုး voltage မေရာက္ခင္မွာ အသားကုန္သြင္းၾကပါတယ္။ ဒါေၾကာင့္ အားအျမန္သြင္းစနစ္ဆိုတာက ဘတ္ထရီ၅၀%ေအာက္ဆိုရင္ ပိုထိေရာက္ပါတယ္။ ၈၀% ဆိုရင္ေတာ့ သက္ေရာက္မႈမရွိေတာ့ပါဘူး။ constant current charging ဆိုတာကေတာ့ ဘတ္ထရီရဲ႕က်န္းမာေရးကို ထိ္န္းသိမ္းေပးတဲ့လုပ္ငန္းစဥ္တစ္ရပ္ျဖစ္ပါတယ္။ constant voltage ျမင့္ေလေလ ၊ အပူထြက္ေလေလျဖစ္ပါတယ္။ ဒါေၾကာင့္ ဘတ္ထရီရဲ႕က်န္းမာေရးကို ထိခိုက္ေစႏုိ္င္ပါတယ္။

Buck Converter topology and waveform diagram

ေနာက္ဆံုးအေနနဲ႕ ဘတ္ထရီထဲကို၀င္သြားတဲ့ voltage နဲ႕ current ပမာဏအေပၚမွာ ဖုန္းအတြင္းမွာရွိတဲ့ charge controller circuit ေလးကေနျပီးေတာ့ ထိန္းခ်ဳပ္ထားပါတယ္။ temperature နဲ႕ voltage sensors ေတြပါ၀င္တဲ့ controller က ဘတ္ထရီရဲ႕ အားသြင္းႏႈန္းနဲ႕ ေရရွည္ကို ခန္႕ခြဲေပးႏုိင္ပါတယ္။

Voltage မ်ားမ်ားနဲ႕ အားအျမန္သြင္းရင္ေရာ

အမ်ားစုထင္ေနတဲ့ကိစၥေလးတစ္ခုကို ေျပာျပခ်င္ပါတယ္။ lithium-ion ဘတ္ထရီေတြက voltage ကို 3 to 4.2V ရွိတယ္ဆိုရင္ voltage ျမင့္တဲ့အားသြင္းေခါင္းေတြကိုအသံုးျပဳျခင္းက အႏၱရာယ္မမ်ားဘူးလား။

ဒါေပမယ့္ စမတ္ဖုန္း circuit ေတြက voltage ခ်ျပီးေတာ့ current တင္ပါတယ္။ ဒါ့အတြက္ေၾကာင့္ (P = IV) ျဖစ္ေနတုန္းပါပဲ။ ဒါေၾကာင့္ အားအျမန္သြင္းၾကိဳးေတြက AC voltage conversion ကို မလုပ္ပါဘူး။ အားသြင္းေခါင္းရဲ႕အေနာက္ဘက္ကိုၾကည့္လုိက္မယ္ဆုိရင္ေတာ့ DC current icon ⎓ ေလးကို ေတြ႕ျမင္ရမွာပါ။ USB ဆိုတာကေတာ့ DC power delivery system ကို အသံုးျပဳျမဲ ျဖစ္ပါတယ္။

Voltage မ်ားတဲ့ အားအျမန္သြင္း circuit ေတြဟာ switch-mode step-down power supply ဆိုတဲ့ buck inverter ေလးကိုအသံုးျပဳပါတယ္။ ဒါေၾကာင့္ DC voltage ျမင့္ျမင့္ကိုယူျပီးေတာ့ DC voltage နည္းေအာင္လုပ္ေပးပါတယ္။ ဒါေၾကာင့္ voltage မ်ားမ်ားယူျပီး current မ်ားမ်ားရေအာင္ ျပန္လုပ္တဲ့သေဘာပါပဲ။

10V/1A ကေန 5V ကို ေလွ်ာ့လုိက္ျခင္းက 2A current ကို ထြက္လာေစပါတယ္။ လက္ေတြ႕မွာေတာ့ ဒီေျပာင္းလဲမႈေလာက္က ၉၀%ေလာက္သာ ထိေရာက္တာကိုေတြ႕ရပါတယ္။ အပူအေနနဲ႕လည္း ဆံုးရွံဳးသြားပါေသးတယ္။ Switch-mode power ဟာ linear regulator ထက္ ဆံုးရွံဳးမႈနည္းပါတယ္။

Voltage မ်ားတာကို ဘာေၾကာင့္သံုးတာလဲ

အေၾကာင္းရင္း နွစ္ခ်က္ရွိပါတယ္။ ပထမတစ္ခုကေတာ့ switch-mode power supplies ေတြဟာ linear regulator ထက္ ပိုျပီးေတာ့ အက်ိဳးရွိလို႕ပါ။ ဖုန္းနဲ႕ ဘတ္ထရီကုိေအးေအာင္လုပ္တဲ့ေနရာမွာ အလြန္အေရးပါတယ္ဆုိတာ သိထားရမွာပါ။

ေနာက္တစ္ခုကေတာ့ USB ၾကိဳးေတြရဲ႕ ပါ၀ါဆံုးရွံဳးမႈနဲ႕ ဆက္ႏြယ္ေနပါတယ္။ ၾကိဳးရွည္ရင္ ပိုဆုိးပါတယ္။ ၾကိဳးရွည္မယ္ဆိုရင္ေတာ့ (Ohm’s law V=IR) အေပၚမွာမူတည္ျပီးေတာ့ လက္ရွိ voltage က်ဆင္းသြားပါတယ္။ အတူတူပို႕လႊတ္တာျဖစ္ေပမယ့္လည္း အားသြင္းႏႈန္းျခင္းမတူညီတာက အဲဒါေၾကာင့္ပါ။

ဒါေပမယ့္လည္း buck converter ေတြဟာ linear regulator ေတြထက္ current ကို ကန္႕သတ္ေပးႏုိင္ပါတယ္။ maximum output power ဟာ inductor အရြယ္အစား၊ capacitor နဲ႕ voltage ripple ၊ frequency ၊ transistor ရဲ႕လုပ္ေဆာင္ႏုိင္စြမ္း စတာေတြကိုလိုက္ျပီး ေျပာင္းလဲပါတယ္။ ဒါေၾကာင့္ voltage 5V အားအျမန္သြင္းနည္းပညာေတြျဖစ္တဲ့ Huawei နဲ႕ OPPO တို႕က voltage buck-switching ေတြျဖစ္တဲ့ Qualcomm နဲ႕ Samsung တုိ႕ထက္ ျမန္ေနတာေပါ့။

MediaTek Pump Express Bypass diagram

ပံုေလးကေတာ့ MediaTek’s PumpExpress 3.0 နဲ႕ 4.0 ဟာ 5A ရဖုိ႕အတြက္ ဘယ္လုိလုပ္ေဆာင္သလဲဆိုတာကို ျပသထားတာပါ။ 5A cable ခ်ိတ္ဆက္ထားမယ္ဆိုရင္ေတာ့ ဒီနည္းပညာဟာ conventional switching charger ကို အသံုးျပဳသြားမွာပါ။ ဒီျဖစ္ရပ္မွာဆိုရင္ေတာ့ circuit ဟာ လိုအပ္တဲ့ voltage ကို data line နဲ႕ခ်ိန္ျပီးေတာ့ လုပ္ေဆာင္ေပးသြားမွာပါ။

အႏွစ္ခ်ဳပ္

အားအျမန္သြင္းတယ္ဆိုတာကေတာ့ နည္းပညာအမ်ိဳးမ်ိဳးရွိေနပါတယ္။ တစ္ခုခ်င္းစီမွာလည္း အားသာခ်က္၊ အားနည္းခ်က္ေတြရွိပါတယ္။ ဒါေၾကာင့္လည္း ေစ်းကြက္မွာ စံႏႈန္းအမ်ိဳးမ်ိဳးရွိေနတာေပါ့။ အျမင့္ဆံုးဘတ္ထရီသက္တမ္းနဲ႕၊ အားအျမန္သြင္းနုိင္ျခင္းေတြကလည္း မတူညီၾကပါဘူး။

အရင္မ်ိဳးဆက္ေတြတုန္းက voltage မ်ားတဲ့အားသြင္းစနစ္က အသံုးမ်ားခဲ့ျပီး အခုဆိုရင္ေတာ့ နည္းနည္းကိုသာ သံုးလာၾကပါတယ္။ current ကိုသာ အေလးေပးလာၾကပါတယ္။ ဒါေၾကာင့္ ၾကိဳးေတြကို ထူဖို႕လိုလာျပီး နည္းနည္းေခါင္းကိုက္စရာေတြလည္း ျဖစ္လာပါတယ္။

USB Power Delivery က အေတာ္ေလးအသံုးျပဳေနၾကပါျပီ။ သူကလည္း USB အားသြင္းစံႏႈန္းေတြရဲ႕ ေက်ာရိုးလိုျဖစ္ေနပါတယ္။ ဒီထက္ျမန္တဲ့စံႏႈန္းေတြကိုလည္း လုပ္ငန္းေတြက စမ္းေနဆဲဆိုေတာ့ ပိုေကာင္းတာေတြကိုလည္း ေမွ်ာ္လင့္ထားလို႕ရပါတယ္။

Unicode Version

ဒီနေ့ခတ်မှာ ခေတ်စားနေတာကတော့ အားအမြန်သွင်းfeature လေးပါပဲ။ အလုပ်ရှုပ်တဲ့နေ့ရောက်ရင် ဘတ်ထရီတွေက ကုန်တာမြန်လွန်းနေသလိုပါပဲ။ ဒါပေမယ့်လည်း လုပ်ငန်းတိုင်းရဲ့ စံနှုန်းတွေက တစ်ခုနဲ့တစ်ခု မတူကြပြန်ပါဘူး။ အချို့ကတော့ ကြိုးနဲ့အားသွင်းခေါင်းသီးသန့်သုံးကြသလို အချို့ကလည်း ဗို့အားမြင့်တာကို အသုံးပြုကြပါတယ်။ နည်းနည်းတော့ ရှုပ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ရှုပ်နေတာကို ရှင်းရအောင်လား။
ငဒူနည်းနဲ့ပြောရမယ်ဆိုရင်တော့ အားအမြန်သွင်းစနစ်ဆိုတာ အားများများနဲ့သွင်းလိုက်တော့ အချိန်တိုတိုအတွင်းမှာ အားပြည့်လွယ်တာပေါ့လေ။ သာမန်အရဆိုရင်တော့ လျှပ်စီး 0.5 amps (A) ကို 5 volts (V) အသုံးပြုပြီးတော့ 2.5 watts (W) အတွက် သွင်းပေးပါတယ်။ အားအမြန်သွင်းစနစ်ကတော့ ဒါကိုပိုများအောင်လုပ်လိုက်တာဖြစ်ပါတယ်။ Huawei’s 5V/5A SuperCharge ကတော့ 25W ထုတ်လုပ်ပေးပြီး Samsung’s 9V/1.7A Adaptive Fast Charging ကတော့ 15W ထုတ်လုပ်ပေးပါတယ်။ အားလုံးမှာတူညီချက်တစ်ခုကတော့ ပါဝါပိုများခြင်းပါပဲ။
ဒါကတော့ ခြုံကြည့်လိုက်ခြင်းပါ။ တကယ်က ဒီထက်ပိုပြီးတော့ ရှုပ်ထွေးပါတယ်။ အဲဒီကိုမသွားခင်ျွှာ အားအမြန်သွင်းစံနှုန်းတွေကွဲပြားမှုအကြောင်းကို အသေးစိတ်လေ့လာကြည့်ရအောင်။
USB Power Delivery
USB Power Delivery (USB-PD) ဆိုတာကတော့ USB-IF က ၂၀၁၂ခုနှစ်မှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ အားအမြန်သွင်းစံနှုန်းတစ်ခုဖြစ်ပါတယ်။ အဲဒီစံနှုန်းဟာ USB port ပါတဲ့ device တိုင်းကို ထောက်ပံ့ပေးနိုင်ပါတယ်။ အခြားသောအားအမြန်သွင်းစံနှုန်းတွေလိုပဲ USB port ဟာ အားသွင်းခေါင်းနဲ့ ဖုန်းရဲ့ကြားမှာ ဆက်သွယ်မှုအနေနဲ့ data protocol ကို အသုံးပြုထားပါတယ်။ ဒါလေးက အားသွင်းခေါင်းနဲ့ ဟန်းဆက်ရဲ့ ပါဝါခံနိုင်ရည်ကို ထိန်းညှိပေးပါတယ်။
USB Power Delivery ကတော့ သာမန်USB အားသွင်းအမြန်နှုန်းကို 100W အထိ ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ voltage အမျိုးမျိုးမှာ လည်ပတ်နေတဲ့ power rating အမျိုးမျိုးအတွက် အဲဒီပါဝါတွေက ခွဲခြားသွားပါတယ်။ 7.5W+ နဲ့ 15W+ mode တွေကတော့ ဖုန်းအတွက် အကောင်းဆုံးပါပဲ။ 27W ကတော့ လက်ပ်တော့နဲ့ ပါဝါစားများတဲ့ device တွေအတွက် အဆင်ပြေစေပါတယ်။ bi-directional power ကို ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် ဖုန်းကို အခြားပစ္စည်းတွေအတွက် အားသွင်းပစ္စည်းတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
Google’s Pixel serie ကတော့ official Power Delivery ကို အသုံးပြုထားပါတယ်။ Apple ကတော့ iPhone 8, iPhone X နဲ့ နောက်ဆုံးထွက် MacBook တွေမှာ အသုံးပြုထားပါတယ်။ လုပ်ငန်းအများစုကတော့ ကိုယ်ပိုင်စံနှုန်းတွေနဲ့ ထုတ်လုပ်နေကြတာကို တွေ့မြင်ရပါတယ်။
Qualcomm Quick Charge
Qualcomm ရဲ့နည်းပညာလေးကတော့ စမတ်ဖုန်းနယ်ပယ်မှာ default standard တစ်ခုဖြစ်လာခဲ့ပါတယ်။ USB Power Delivery မတိုင်ခင်မှာ လူကြိုက်များခဲ့တဲ့ အားအမြန်သွင်းစနစ်ဖြစ်ပါတယ်။ 4.0+ revision ကတော့ Power Delivery အတွက်လည်း ကိုက်ညီတဲ့အတွက်ကြောင့် ထောက်ပံ့ပေးနိုင်မှုပမာဏလည်း ကျယ်ဝန်းသွားပါတယ်။
Quick Charge ဆိုတာကတော့ Snapdragon processor တွေမှာ ရလာနိုင်တဲ့ feature တစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် Qualcomm chip ပါတဲ့ဖုန်းတိုင်းတော့ Quick Charge compatible ဖြစ်တယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်း ဖုန်းအတော်များများမှာတော့ Quick Charge support ထည့်သွင်းပေးထားပါတယ်။ အဲဒီအထဲမှာ LG V30, LG G7, Samsung Galaxy Note 8, HTC U12 Plus အများကြီးပါပဲ။ ရှေးအားသွင်းခေါင်းတွေနဲ့ third-party accessories တွေအတွက်လည်း အဆင်ပြေအောင်လုပ်ဆောင်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစံနှုန်းက လူကြိုက်များတဲ့အတွက်ကြောင့်ပါ။
အခြားစံနှုန်းများ
စမတ်ဖုန်း ဂေဟစနစ်မှာဆိုရင်တော့ မော်ဒယ်လ်အများစုက ကိုယ်ပိုင်နည်းပညာကိုအသုံးပြုကြတာများပါတယ်။ အပေါ်ကပြောထားတဲ့နည်းပညာတွေကို အသုံးမပြုကြပါဘူး။ ဒါပေမယ့်လည်း စံနှုန်းအချို့ကသာ ကိုယ်ပိုင်အစစ်ဖြစ်နေပါတယ်။ အများစုကတော့ Power Delivery or Quick Charge ကို ပြင်ဆင်ထားတဲ့သဘောပါပဲ။ နည်းပညာကို နာမည်ပြောင်းကြတာမျိုးပေါ့။ Samsung’s Adaptive Charging နဲ့ Motorola’s Turbo Charging တွေကတော့ နည်းနည်းလေးပြင်ဆင်ထားတဲ့ နည်းပညာတွေ ဖြစ်ပါတယ်။
Oppo’s VOOC နဲ့ Huawei’s SuperCharge ကတော့ အတော်လေးခြားနားပါတယ်။ voltage တိုးသွားခြင်းထက် current ပမာဏကိုတိုးမြင့်အောင် လုပ်ဆောင်လိုက်တာပါ။
စံနှုန်းအများကြီးကို တစ်ပြိုင်နက်တည်းထောက်ပံ့ပေးနိုင်ခြင်း သို့မဟုတ် အမျိုးမျိုးသောအားသွင်းစနစ်ကို အသုံးပြုနိုင်ခြင်း ဆိုတာကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အားသွင်းခေါင်းနဲ့ ကြိုးအမျိုးမျိုးကို စမ်းသုံးကြည့်တဲ့အချိန်မှာ အားသွင်းနှုန်းအတူတူပဲလို့ မထင်လိုက်ပါနဲ့။
ဖုန်းအတော်များများကို စမ်းသပ်ပြီးတဲ့နောက်မှာတော့ အားသွင်းခေါင်းနဲ့ကြိုးအပေါ်မှာမူတည်ပြီးတော့ ကွဲပြားတာကို တွေ့မြင်လိုက်ရပါတယ်။ အကောင်းဆုံးရလဒ်ကတော့ ဖုန်းထဲမှာပါဝင်တဲ့ အားသွင်းခေါင်းနဲ့ကြိုးကို အသုံးပြုခြင်းပါပဲ။
Lithium-ion ဘတ်ထရီထဲကို အားမြန်မြန်ဘယ်လိုဝင်သလဲ
စံနှုန်းအကြောင်းပြောပြီးသွားပြီဆိုရင်တော့ ဘတ်ထရီရဲ့အားသွင်းစက်ဝန်းထဲကို အားဘယ်လိုဝင်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။ Lithium-ion ဘတ်ထရီတွေက ဖုန်းရဲ့အတွင်းပိုင်းထဲမှာ အသုံးပြုထားပါတယ်။ အားသွင်းစက်ဝန်းကတော့ အဆင့်နှစ်ခုခွဲထားပါတယ်။
ပထမတစ်ခုကတော့ voltage တိုးခြင်း ဒါမှမဟုတ် constant current phase လို့ ခေါ်ပါတယ်။ battery voltage ကို 2V ကနေပြီးတော့ 4.2V အထိ ဖြည်းဖြည်းခြင်း တိုးသွားတာပါ။ ဘတ်ထရီအပေါ်မှာမူတည်ပြီးတော့ ပြောင်းလဲသွားနိုင်ပါတယ်။ ဘတ်ထရီဟာ ဒီအဆင့်မှာ အမြင့်ဆုံး current အထိ ဆွဲလိုက်ပါတယ်။
Voltage က အမြင့်ဆုံးရောက်သွားပြီဆိုရင်တော့ တည်ငြိမ်လာပြီးတော့ current တဖြည်းဖြည်းကျလာပါတယ်။ ဘတ်ထရီတွေဟာ ဒီအဆင့်မှာတော့ current နည်းနည်းသာဆွဲပြီး အားကိုလည်းနည်းနည်းသာ သွင်းပါတော့တယ်။ ဒါကြောင့် ပထမဆုံးအားသွင်းတဲ့ ၅၀ – ၆၀% မှာ အားအရမ်းမြန်တယ်လို့ ခံစားရတာပေါ့။
အားအမြန်သွင်းနည်းပညာတွေဟာ constant current phase မှာ လုပ်ဆောင်ကြပါတယ်။ current ကို ရနိုင်သလောက်များများဆွဲပြီးတော့ အမြင့်ဆုံး voltage မရောက်ခင်မှာ အသားကုန်သွင်းကြပါတယ်။ ဒါကြောင့် အားအမြန်သွင်းစနစ်ဆိုတာက ဘတ်ထရီ၅၀%အောက်ဆိုရင် ပိုထိရောက်ပါတယ်။ ၈၀% ဆိုရင်တော့ သက်ရောက်မှုမရှိတော့ပါဘူး။ constant current charging ဆိုတာကတော့ ဘတ်ထရီရဲ့ကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ constant voltage မြင့်လေလေ ၊ အပူထွက်လေလေဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ထရီရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဘတ်ထရီထဲကိုဝင်သွားတဲ့ voltage နဲ့ current ပမာဏအပေါ်မှာ ဖုန်းအတွင်းမှာရှိတဲ့ charge controller circuit လေးကနေပြီးတော့ ထိန်းချုပ်ထားပါတယ်။ temperature နဲ့ voltage sensors တွေပါဝင်တဲ့ controller က ဘတ်ထရီရဲ့ အားသွင်းနှုန်းနဲ့ ရေရှည်ကို ခန့်ခွဲပေးနိုင်ပါတယ်။
Voltage များများနဲ့ အားအမြန်သွင်းရင်ရော
အများစုထင်နေတဲ့ကိစ္စလေးတစ်ခုကို ပြောပြချင်ပါတယ်။ lithium-ion ဘတ်ထရီတွေက voltage ကို 3 to 4.2V ရှိတယ်ဆိုရင် voltage မြင့်တဲ့အားသွင်းခေါင်းတွေကိုအသုံးပြုခြင်းက အန္တရာယ်မများဘူးလား။
ဒါပေမယ့် စမတ်ဖုန်း circuit တွေက voltage ချပြီးတော့ current တင်ပါတယ်။ ဒါ့အတွက်ကြောင့် (P = IV) ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် အားအမြန်သွင်းကြိုးတွေက AC voltage conversion ကို မလုပ်ပါဘူး။ အားသွင်းခေါင်းရဲ့အနောက်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ DC current icon ⎓ လေးကို တွေ့မြင်ရမှာပါ။ USB ဆိုတာကတော့ DC power delivery system ကို အသုံးပြုမြဲ ဖြစ်ပါတယ်။
Voltage များတဲ့ အားအမြန်သွင်း circuit တွေဟာ switch-mode step-down power supply ဆိုတဲ့ buck inverter လေးကိုအသုံးပြုပါတယ်။ ဒါကြောင့် DC voltage မြင့်မြင့်ကိုယူပြီးတော့ DC voltage နည်းအောင်လုပ်ပေးပါတယ်။ ဒါကြောင့် voltage များများယူပြီး current များများရအောင် ပြန်လုပ်တဲ့သဘောပါပဲ။
10V/1A ကနေ 5V ကို လျှော့လိုက်ခြင်းက 2A current ကို ထွက်လာစေပါတယ်။ လက်တွေ့မှာတော့ ဒီပြောင်းလဲမှုလောက်က ၉၀%လောက်သာ ထိရောက်တာကိုတွေ့ရပါတယ်။ အပူအနေနဲ့လည်း ဆုံးရှုံးသွားပါသေးတယ်။ Switch-mode power ဟာ linear regulator ထက် ဆုံးရှုံးမှုနည်းပါတယ်။
Voltage များတာကို ဘာကြောင့်သုံးတာလဲ
အကြောင်းရင်း နှစ်ချက်ရှိပါတယ်။ ပထမတစ်ခုကတော့ switch-mode power supplies တွေဟာ linear regulator ထက် ပိုပြီးတော့ အကျိုးရှိလို့ပါ။ ဖုန်းနဲ့ ဘတ်ထရီကိုအေးအောင်လုပ်တဲ့နေရာမှာ အလွန်အရေးပါတယ်ဆိုတာ သိထားရမှာပါ။
နောက်တစ်ခုကတော့ USB ကြိုးတွေရဲ့ ပါဝါဆုံးရှုံးမှုနဲ့ ဆက်နွယ်နေပါတယ်။ ကြိုးရှည်ရင် ပိုဆိုးပါတယ်။ ကြိုးရှည်မယ်ဆိုရင်တော့ (Ohm’s law V=IR) အပေါ်မှာမူတည်ပြီးတော့ လက်ရှိ voltage ကျဆင်းသွားပါတယ်။ အတူတူပို့လွှတ်တာဖြစ်ပေမယ့်လည်း အားသွင်းနှုန်းခြင်းမတူညီတာက အဲဒါကြောင့်ပါ။
ဒါပေမယ့်လည်း buck converter တွေဟာ linear regulator တွေထက် current ကို ကန့်သတ်ပေးနိုင်ပါတယ်။ maximum output power ဟာ inductor အရွယ်အစား၊ capacitor နဲ့ voltage ripple ၊ frequency ၊ transistor ရဲ့လုပ်ဆောင်နိုင်စွမ်း စတာတွေကိုလိုက်ပြီး ပြောင်းလဲပါတယ်။ ဒါကြောင့် voltage 5V အားအမြန်သွင်းနည်းပညာတွေဖြစ်တဲ့ Huawei နဲ့ OPPO တို့က voltage buck-switching တွေဖြစ်တဲ့ Qualcomm နဲ့ Samsung တို့ထက် မြန်နေတာပေါ့။
ပုံလေးကတော့ MediaTek’s PumpExpress 3.0 နဲ့ 4.0 ဟာ 5A ရဖို့အတွက် ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို ပြသထားတာပါ။ 5A cable ချိတ်ဆက်ထားမယ်ဆိုရင်တော့ ဒီနည်းပညာဟာ conventional switching charger ကို အသုံးပြုသွားမှာပါ။ ဒီဖြစ်ရပ်မှာဆိုရင်တော့ circuit ဟာ လိုအပ်တဲ့ voltage ကို data line နဲ့ချိန်ပြီးတော့ လုပ်ဆောင်ပေးသွားမှာပါ။
အနှစ်ချုပ်
အားအမြန်သွင်းတယ်ဆိုတာကတော့ နည်းပညာအမျိုးမျိုးရှိနေပါတယ်။ တစ်ခုချင်းစီမှာလည်း အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ ဒါကြောင့်လည်း ဈေးကွက်မှာ စံနှုန်းအမျိုးမျိုးရှိနေတာပေါ့။ အမြင့်ဆုံးဘတ်ထရီသက်တမ်းနဲ့၊ အားအမြန်သွင်းနိုင်ခြင်းတွေကလည်း မတူညီကြပါဘူး။
အရင်မျိုးဆက်တွေတုန်းက voltage များတဲ့အားသွင်းစနစ်က အသုံးများခဲ့ပြီး အခုဆိုရင်တော့ နည်းနည်းကိုသာ သုံးလာကြပါတယ်။ current ကိုသာ အလေးပေးလာကြပါတယ်။ ဒါကြောင့် ကြိုးတွေကို ထူဖို့လိုလာပြီး နည်းနည်းခေါင်းကိုက်စရာတွေလည်း ဖြစ်လာပါတယ်။
USB Power Delivery က အတော်လေးအသုံးပြုနေကြပါပြီ။ သူကလည်း USB အားသွင်းစံနှုန်းတွေရဲ့ ကျောရိုးလိုဖြစ်နေပါတယ်။ ဒီထက်မြန်တဲ့စံနှုန်းတွေကိုလည်း လုပ်ငန်းတွေက စမ်းနေဆဲဆိုတော့ ပိုကောင်းတာတွေကိုလည်း မျှော်လင့်ထားလို့ရပါတယ်။

Posted on Leave a comment

Xiaomi Mi A2 နဲ႔ Mi A2 Lite အတြက္သိသင့္တဲ့အခ်က္အလက္မ်ား

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက Xiaomi အေနနဲ႔  Mi A1 ရဲ႕မ်ိဳးဆက္သစ္ဖုန္းလို႔ ဆိုႏိုင္မယ့္  Mi A2 (above) နဲ႔ Mi A2 Lite ဖုန္းေတြကို မိတ္ဆက္ေပးခဲ့ပါတယ္။ Xiaomi ရဲ႕ Mi A2 စမတ္ဖုန္းကို Qualcomm ရဲ႕Snapdragon 660 ပရိုဆက္ဆာနဲ႔အတူ မိတ္ဆက္ထားပါတယ္။ သူ႕မွာ 4 GB RAM နဲ႔အတူ Adreno 512 ဂရပ္ဖစ္သုံးထားၿပီး  64 GB  အခ်က္အလက္ သိုေလွာင္မႈနဲ႔ျဖစ္ပါတယ္။ Xiaomi Mi A2၊ Mi A2 Lite မွာ ဘယ္လိုဒီဇုိင္းအျပင္အဆင္နဲ႔ စြမ္းအားေတြပါဝင္ လာလဲဆိုတာ ေလ့လာၾကည့္ရေအာင္ . . . .

Xiaomi Mi A2 launch

ဒီဇုိင္း

Xiaomi Mi A2 (Mi 6X) မွာ5.99-inch မ်က္ႏွာျပင္၊ 18:9 အခ်ိဳး 1080 x 2160 full HD+ ေဖာ္ျပႏုိင္စြမ္းနဲ႔ ထုတ္လုပ္ထားပါတယ္။ ပုံရိပ္အေသးစိတ္ ျပသမႈအတြက္ 403ppi နဲ႔ေထာက္ပံ့ေပးထားတဲ့အျပင္ သူ႕မွာEye Mode, Night Mode, Standard mode နဲ႔ temperature change bolster လိုလုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းေပးထားပါတယ္။ Xiaomi Mi A2 Lite ကေတာ့မူရင္ Xiaomi Mi A2 နဲ႔ကြဲျပားစြာပဲ ထိပ္ဘက္မွာ Notch ဒီဇုိင္းနဲ႔ျဖစ္ပါတယ္။ သူရဲ႕ဒီဇုိင္းပိုင္းနဲ႔ ပါဝင္တဲ့အခ်က္အလက္ေတြကေတာ့ Xiaomi Redmi 6 Pro နဲ႔တူညီပါတယ္။ မ်က္ႏွာျပင္ 5.84-inch display မွာ 2280 x 1080 pixel နဲ႔ျဖစ္ၿပီး 19:9 အခ်ိဳးနဲ႔ပါ။

Xiaomi Mi A2 front

ကင္မရာ

Mi A2 ရဲ႕ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ 12 + 20 megapixel  နဲ႔အတူ၊အေရွ႕ဘက္မွာ  20 megapixel ကိုသုံးထားပါတယ္။ ကင္မရာေတြဟာ Face Detection အျပင္ စြမ္းအားျပည့္ HDR လုပ္ေဆာင္ခ်က္ကိုပါ ေထာက္ပံ့ေပးပါတယ္။ A2 Lite ရဲ႕ေနာက္ေက်ာဘက္မွာေတာ့ Mi A2 ထက္နိမ့္တဲ့ 12MP+5MP ကိုသာထည့္ေပး ထားပါတယ္။ AI စြမ္းေဆာင္ခ်က္နဲ႔ bokeh shots ေတြကိုေတာ့ ရိုက္ကူးႏုိင္မွာပါ။

Xiaomi Mi A2 Lite launch

Hardware

စမတ္ဖုန္းတစ္လုံးအတြက္ အေရးႀကီးတယ္လို႔ ဆိုႏုိင္တဲ့ဒီအပိုင္းမွာေတာ့ Mi A2  ဟာ 2.2GHz octa ပရိုဆက္ဆာမွာ 4GB RAM နဲ႔ျဖစ္ပါတယ္။  64GB သိုေလွာင္မႈဆိုေပမယ့္ အခ်က္အလက္ေတြကို ထပ္မံတိုးျမင့္ႏိုင္ပါလိမ့္မယ္။ ကင္မရာပိုင္းမွာလည္း ေနာက္ဆုံးေပၚဖုန္းေတြမွာ ပါဝင္တဲ့လုပ္ေဆာင္ခ်က္ေတြအျပင္ Selfie ကိုအေကာင္းဆုံးပံ့ပိုးႏုိင္မွာပါ။  A2 Lite  မွာေတာ့ Snapdragon 625 ပရိုဆက္ဆာကို သုံးထားၿပီး 3GB (သို႔) 4GB  RAM နဲ႔ေရြးခ်ယ္ႏုိင္မွာပါ။ အခ်က္အလက္ သုိေလွာင္မႈပိုင္းအတြက္လည္း 32GB (သို႔) 64GB ဆုိၿပီးရွိပါတယ္။

Xiaomi Mi A2

ဘက္ထရီစြမ္းအား 

Xiaomi Mi A2 မွာAndroid 8.1 Oreo နဲ႔အတူ 3010mAh ဘက္ထရီကုိ ေထာက္ပံ့ေပးထားပါတယ္။ ဖုန္းရဲ႕အရြယ္အစားကေတာ့ 158.70 x 75.40 x 7.30 ရွိၿပီး အေလးခ်ိန္ 168.00 ဂရပ္ရွိပါတယ္။ A2 Lite ရဲ႕ဘက္ထရီစြမ္းအားပိုင္းအတြက္ ႀကီးမားတဲ့ 4,000mAh စြမ္းအားကို သုံးထားၿပီး တစ္ႀကိမ္အားသြင္းထားရင္ ၂ရက္တိတိခံႏုိင္စြမ္းရွိပါတယ္။ 8.75mm အထူရွိၿပီး 178 အေလးခ်ိန္ရွိပါတယ္။

Xiaomi Mi A2 dual camera

ကြန္ရက္ခ်ိတ္ဆက္မႈ

ကြန္ရက္ခ်ိတ္ဆက္မႈပိုင္းအတြက္ Mi A2 နဲ႔ A2 Lite မွာ SIMကတ္၂ခုသုံးအမ်ိဳးအစားျဖစ္ၿပီး Wi-Fi, Bluetooth နဲ႔ NFC ေထာက္ပံ့ပါတယ္။ Sensors ပါဝင္မႈအပိုင္းမွာေတာ့ Proximity sensor, Accelerometer, Ambient light sensor နဲ႔ Gyroscope တို႔ကိုထည့္သြင္းေပးထားပါတယ္။ ေနာက္ေက်ာဘက္မွာေတာ့ လက္ေဗြဖတ္စနစ္ တပ္ဆင္ထားပါတယ္။

ေစ်းႏႈန္း

Mi A2 (4GB/32GB): €249 ($290)

Mi A2 (4GB/64GB): €279 ($325)

Mi A2 (6GB/128GB): €349 ($410)

Mi A2 Lite (3GB/32GB): €179 ($210)

Mi A2 Lite (4GB/64GB): €229 ($270) ျဖစ္ပါတယ္။

unicode

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Xiaomi အနေနဲ့  Mi A1 ရဲ့မျိုးဆက်သစ်ဖုန်းလို့ ဆိုနိုင်မယ့်  Mi A2 (above) နဲ့ Mi A2 Lite ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ Xiaomi ရဲ့ Mi A2 စမတ်ဖုန်းကို Qualcomm ရဲ့Snapdragon 660 ပရိုဆက်ဆာနဲ့အတူ မိတ်ဆက်ထားပါတယ်။ သူ့မှာ 4 GB RAM နဲ့အတူ Adreno 512 ဂရပ်ဖစ်သုံးထားပြီး  64 GB  အချက်အလက် သိုလှောင်မှုနဲ့ဖြစ်ပါတယ်။ Xiaomi Mi A2၊ Mi A2 Lite မှာ ဘယ်လိုဒီဇိုင်းအပြင်အဆင်နဲ့ စွမ်းအားတွေပါဝင် လာလဲဆိုတာ လေ့လာကြည့်ရအောင် . . . .

ဒီဇိုင်း

Xiaomi Mi A2 (Mi 6X) မှာ5.99-inch မျက်နှာပြင်၊ 18:9 အချိုး 1080 x 2160 full HD+ ဖော်ပြနိုင်စွမ်းနဲ့ ထုတ်လုပ်ထားပါတယ်။ ပုံရိပ်အသေးစိတ် ပြသမှုအတွက် 403ppi နဲ့ထောက်ပံ့ပေးထားတဲ့အပြင် သူ့မှာEye Mode, Night Mode, Standard mode နဲ့ temperature change bolster လိုလုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ Xiaomi Mi A2 Lite ကတော့မူရင် Xiaomi Mi A2 နဲ့ကွဲပြားစွာပဲ ထိပ်ဘက်မှာ Notch ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ သူရဲ့ဒီဇိုင်းပိုင်းနဲ့ ပါဝင်တဲ့အချက်အလက်တွေကတော့ Xiaomi Redmi 6 Pro နဲ့တူညီပါတယ်။ မျက်နှာပြင် 5.84-inch display မှာ 2280 x 1080 pixel နဲ့ဖြစ်ပြီး 19:9 အချိုးနဲ့ပါ။

ကင်မရာ

Mi A2 ရဲ့ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ 12 + 20 megapixel  နဲ့အတူ၊အရှေ့ဘက်မှာ  20 megapixel ကိုသုံးထားပါတယ်။ ကင်မရာတွေဟာ Face Detection အပြင် စွမ်းအားပြည့် HDR လုပ်ဆောင်ချက်ကိုပါ ထောက်ပံ့ပေးပါတယ်။ A2 Lite ရဲ့နောက်ကျောဘက်မှာတော့ Mi A2 ထက်နိမ့်တဲ့ 12MP+5MP ကိုသာထည့်ပေး ထားပါတယ်။ AI စွမ်းဆောင်ချက်နဲ့ bokeh shots တွေကိုတော့ ရိုက်ကူးနိုင်မှာပါ။

Hardware

စမတ်ဖုန်းတစ်လုံးအတွက် အရေးကြီးတယ်လို့ ဆိုနိုင်တဲ့ဒီအပိုင်းမှာတော့ Mi A2  ဟာ 2.2GHz octa ပရိုဆက်ဆာမှာ 4GB RAM နဲ့ဖြစ်ပါတယ်။  64GB သိုလှောင်မှုဆိုပေမယ့် အချက်အလက်တွေကို ထပ်မံတိုးမြင့်နိုင်ပါလိမ့်မယ်။ ကင်မရာပိုင်းမှာလည်း နောက်ဆုံးပေါ်ဖုန်းတွေမှာ ပါဝင်တဲ့လုပ်ဆောင်ချက်တွေအပြင် Selfie ကိုအကောင်းဆုံးပံ့ပိုးနိုင်မှာပါ။  A2 Lite  မှာတော့ Snapdragon 625 ပရိုဆက်ဆာကို သုံးထားပြီး 3GB (သို့) 4GB  RAM နဲ့ရွေးချယ်နိုင်မှာပါ။ အချက်အလက် သိုလှောင်မှုပိုင်းအတွက်လည်း 32GB (သို့) 64GB ဆိုပြီးရှိပါတယ်။

ဘက်ထရီစွမ်းအား

Xiaomi Mi A2 မှာAndroid 8.1 Oreo နဲ့အတူ 3010mAh ဘက်ထရီကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားကတော့ 158.70 x 75.40 x 7.30 ရှိပြီး အလေးချိန် 168.00 ဂရပ်ရှိပါတယ်။ A2 Lite ရဲ့ဘက်ထရီစွမ်းအားပိုင်းအတွက် ကြီးမားတဲ့ 4,000mAh စွမ်းအားကို သုံးထားပြီး တစ်ကြိမ်အားသွင်းထားရင် ၂ရက်တိတိခံနိုင်စွမ်းရှိပါတယ်။ 8.75mm အထူရှိပြီး 178 အလေးချိန်ရှိပါတယ်။

ကွန်ရက်ချိတ်ဆက်မှု

ကွန်ရက်ချိတ်ဆက်မှုပိုင်းအတွက် Mi A2 နဲ့ A2 Lite မှာ SIMကတ်၂ခုသုံးအမျိုးအစားဖြစ်ပြီး Wi-Fi, Bluetooth နဲ့ NFC ထောက်ပံ့ပါတယ်။ Sensors ပါဝင်မှုအပိုင်းမှာတော့ Proximity sensor, Accelerometer, Ambient light sensor နဲ့ Gyroscope တို့ကိုထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်မှာတော့ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

Mi A2 (4GB/32GB): €249 ($290)

Mi A2 (4GB/64GB): €279 ($325)

Mi A2 (6GB/128GB): €349 ($410)

Mi A2 Lite (3GB/32GB): €179 ($210)

Mi A2 Lite (4GB/64GB): €229 ($270) ဖြစ်ပါတယ်။

Posted on Leave a comment

Google Pixel 2 & Google Pixel 2 XL Tips and Tricks အပုိင္း(၁)

Zawgyi Version

စာဖတ္သူေတြထဲမွာ Google Pixel 2 & Google Pixel 2 XL ကုိင္ေနတဲ့သူေတြ၊ ဒါမွမဟုတ္ ကိုင္ဖို႕စဥ္းစားေနတဲ့သူေတြရွိၾကမွာပဲ။ ဒီေတာ့ ကိုယ္၀ယ္ထားတဲ့ဖုန္းတစ္လံုးက တန္ေၾကးကလည္း မနည္းဘူး။ ဒီအတြက္ေၾကာင့္ သူ႕မွာပါတဲ့ feature အကုန္လံုးကိုသံုးႏုိင္မွ ဟန္က်မယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ဖုန္း၀ယ္ကိုင္ရတာ မတန္သလိုခံစားေနရလိမ့္မယ္။ ဒါေၾကာင့္ ဆရာက်က်ကိုင္ေစႏုိင္ဖို႕အတြက္ တင္ဆက္ေပးေတာ့မွာပါ။ Trick ေလးေတြက မ်ားတဲ့အတြက္ေၾကာင့္ အပိုင္းသံုးပိုင္းခြဲျပီးေတာ့ ေျပာျပေပးသြားမွာပါ။

၁) Activate Developers Settings

Image result for Developers Settings

Settings>System>About Phone ထဲကိုသြားျပီးေတာ့ developer setting ကို activate လုပ္ႏုိင္ပါတယ္။ အဲဒီေနာက္မွာေတာ့ ေအာက္ကိုဆြဲၾကည့္လို္က္ရင္ Build number ကို ေတြ႕ျမင္ရမွာျဖစ္ျပီး ၇ ခ်က္ႏွိပ္လုိက္ပါ။ ဒါဆိုရင္ option ေလးေတြအမ်ားၾကီးကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

၂) App Permission ကို ခ်ိန္ညွိိျခင္း

Image result for App Permission

သင့္ရဲ႕တည္ေနရာကို app ေတြက ေထာက္လွမ္းေနတာမ်ိဳးကို မလိုလားဘူးဆိုရင္ေတာ့ Pixel မွာ app permission ကို ခ်ိန္ညွိလို႕ရပါတယ္။ Settings>Apps & notifications>Permissions ကို သြားလိုက္ပါ။ ျပီးရင္ေတာ့ disable location access  လုပ္လိုက္ပါ။

၃) Double Tap To Wake

Image result for Double Tap To Wake

ဒီ feature ေလးကို ဖြင့္ပိတ္လုပ္ဖုိ႕ နည္းလမ္းရွိပါတယ္။ Settings>Display>Advanced>Double-tap to check phone ကုိ သြားလိုက္ပါ။

၄) Keyboard Height ကို ခ်ိန္ညွိျခင္း

Image result for phone Keyboard Height

Settings>System>Languages, input & gestures>Virtual keyboard>Manage keyboards>Google Keyboard>Keyboard Height ထဲကို သြားရမွာပါ။ လိုခ်င္တဲ့အေနအထားမေရာက္မခ်င္း ခ်ိန္ညွိလိုက္ပါ။

၅) Ambient Display

Image result for pixel Ambient Display

Settings>Display>Advanced>Ambient>Display>Always On ဆိုတာေလးကို သြားေရာက္ျပီး ခ်ိန္ညွိႏုိင္ပါတယ္။ ဖုန္းကိုေကာက္ကိုင္လိုက္ခ်ိန္မွာ notification ေလးေတြစစ္လို႕ရေအာင္ screen wake ျဖစ္ေနမွာပါ။

၆) Animated Wallpapers

Image result for phone Animated Wallpapers

Pixel ဖုန္းေတြရဲ႕ wallpaper options ေလးေတြကိုေသခ်ာၾကည့္လုိက္မယ္ဆိုရင္ “Living universe” နဲ႕ “Come alive” တို႕ကို ေတြ႕ျမင္ရမွာပါ။ “Living universe” ကေတာ့ တိမ္ေလးေတြေရြ႕ေနတာမ်ိဳး၊ ကမ္းေျခမွာလႈိင္းရိုက္တာမ်ိဳးေပါ့။ “Come alive” ကေတာ့ အေပၚေအာက္ဆြဲတာမ်ိဳး၊ ထိိလိုက္တာမ်ိဳးဆိုရင္ ေျပာင္းလဲေပးသြားမယ့္ပံုရိပ္ေလးေတြပါ။

ေျပာင္းခ်င္တယ္ဆိုရင္ေတာ့ Home screen ကို ၾကာၾကာေလးႏွိပ္လိုက္ပါ ျပီးရင္ေတာ့ wallpaper icon ေလးကို ႏွိပ္လုိက္ပါ။

၇) App Suggestions

Image result for pixel App Suggestions

App tray ရဲ႕ အေပၚဆံုးမွာ တစ္ေန႕တာရဲ႕အခ်ိန္ကိုလိုက္ျပီးေတာ့ app suggestion ေလးေတြကို ေတြ႕ျမင္ရႏုိ္င္ပါတယ္။ ဒီေကာင္ေလးကိုအသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ Home screen ကို ၾကာၾကာေလးႏွိိပ္ထားျပီး App suggestions ကို ႏွိပ္လုိက္ပါ။

၈) At A Glance

Image result for At A Glance feature

ဒီ feature ေလးကေတာ့ သင့္ရဲ႕ inbox ထဲကေန flight နဲ႕ appointment ေတြကို ဆြဲထုတ္ျပီး ျပသေပးပါတယ္။ ပိတ္ခ်င္တယ္ဆိုရင္ေတာ့ Home screen ကုိ ၾကာၾကာေလးဖိထားလိုက္ပါ။ Home Settings>At a Glance ကို သြားလိုက္ပါ။ အဲဒီမွာ ပိတ္မလား၊ ဖြင့္မလား၊ စိတ္ၾကိဳက္လုပ္ႏုိင္ပါျပီ။

၉) Battery Saver Mode

Image result for Battery Saver Mode

ဘတ္ထရီနည္းနည္းပဲက်န္ေတာ့တာလား။ built-in battery saver mode ေလးက သင့္ကိုကူညီေပးမွာပါ။ ခ်ိန္ညွိခ်င္တယ္ဆိုရင္ေတာ့ Settings>Battery>Battery Saver ထဲမွာ ခ်ိန္ရမွာပါ။

၁၀) Storage Space ခ်ိန္ညွိျခင္း

Image result for phone Storage Space

Android Oreo မွာ မမ္မိိုရီရွင္းျခင္းကို လြယ္ကူေအာင္လုပ္ေဆာင္ေပးထားပါတယ္။ Settings > Storage ကိုသြားျပီးေတာ့ “Free Up Space” ကို ႏွိပ္လုိက္ပါ။

အဲဒီေနာက္မွာေတာ့ ဖယ္ထုတ္ရမယ့္စာရင္းေလးေတြကို ျပသေပးပါလိမ့္မယ္။ ဒါေတြကေတာ့ သင္မသံုးျဖစ္တဲ့ app ေတြ၊ မလိုအပ္ေတာ့တဲ့ ေဒါင္းလုတ္ဖိုင္ေတြပဲ ျဖစ္ပါတယ္။ အရြယ္အစား၊ ေနာက္ဆံုးအသံုးျပဳခ်ိန္ေတြကိုလည္း ျပသေပးမွာပါ။

Pixel 2 XL ကုိေၾကြသြားလို႕၀ယ္ခ်င္တယ္ဆိုရင္ေတာ့

MMAS Gadget

09-794555888 ကို ဖုန္းဆက္လုိက္ပါခင္ဗ်ာ။

Unicode Version

စာဖတ်သူတွေထဲမှာ Google Pixel 2 & Google Pixel 2 XL ကိုင်နေတဲ့သူတွေ၊ ဒါမှမဟုတ် ကိုင်ဖို့စဉ်းစားနေတဲ့သူတွေရှိကြမှာပဲ။ ဒီတော့ ကိုယ်ဝယ်ထားတဲ့ဖုန်းတစ်လုံးက တန်ကြေးကလည်း မနည်းဘူး။ ဒီအတွက်ကြောင့် သူ့မှာပါတဲ့ feature အကုန်လုံးကိုသုံးနိုင်မှ ဟန်ကျမယ်။ ဒီလိုမှမဟုတ်ရင်တော့ ဖုန်းဝယ်ကိုင်ရတာ မတန်သလိုခံစားနေရလိမ့်မယ်။ ဒါကြောင့် ဆရာကျကျကိုင်စေနိုင်ဖို့အတွက် တင်ဆက်ပေးတော့မှာပါ။ Trick လေးတွေက များတဲ့အတွက်ကြောင့် အပိုင်းသုံးပိုင်းခွဲပြီးတော့ ပြောပြပေးသွားမှာပါ။
၁) Activate Developers Settings
Settings>System>About Phone ထဲကိုသွားပြီးတော့ developer setting ကို activate လုပ်နိုင်ပါတယ်။ အဲဒီနောက်မှာတော့ အောက်ကိုဆွဲကြည့်လိုက်ရင် Build number ကို တွေ့မြင်ရမှာဖြစ်ပြီး ၇ ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် option လေးတွေအများကြီးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
၂) App Permission ကို ချိန်ညှိခြင်း
သင့်ရဲ့တည်နေရာကို app တွေက ထောက်လှမ်းနေတာမျိုးကို မလိုလားဘူးဆိုရင်တော့ Pixel မှာ app permission ကို ချိန်ညှိလို့ရပါတယ်။ Settings>Apps & notifications>Permissions ကို သွားလိုက်ပါ။ ပြီးရင်တော့ disable location access လုပ်လိုက်ပါ။
၃) Double Tap To Wake
ဒီ feature လေးကို ဖွင့်ပိတ်လုပ်ဖို့ နည်းလမ်းရှိပါတယ်။ Settings>Display>Advanced>Double-tap to check phone ကို သွားလိုက်ပါ။
၄) Keyboard Height ကို ချိန်ညှိခြင်း
Settings>System>Languages, input & gestures>Virtual keyboard>Manage keyboards>Google Keyboard>Keyboard Height ထဲကို သွားရမှာပါ။ လိုချင်တဲ့အနေအထားမရောက်မချင်း ချိန်ညှိလိုက်ပါ။
၅) Ambient Display
Settings>Display>Advanced>Ambient>Display>Always On ဆိုတာလေးကို သွားရောက်ပြီး ချိန်ညှိနိုင်ပါတယ်။ ဖုန်းကိုကောက်ကိုင်လိုက်ချိန်မှာ notification လေးတွေစစ်လို့ရအောင် screen wake ဖြစ်နေမှာပါ။
၆) Animated Wallpapers
Pixel ဖုန်းတွေရဲ့ wallpaper options လေးတွေကိုသေချာကြည့်လိုက်မယ်ဆိုရင် “Living universe” နဲ့ “Come alive” တို့ကို တွေ့မြင်ရမှာပါ။ “Living universe” ကတော့ တိမ်လေးတွေရွေ့နေတာမျိုး၊ ကမ်းခြေမှာလှိုင်းရိုက်တာမျိုးပေါ့။ “Come alive” ကတော့ အပေါ်အောက်ဆွဲတာမျိုး၊ ထိလိုက်တာမျိုးဆိုရင် ပြောင်းလဲပေးသွားမယ့်ပုံရိပ်လေးတွေပါ။
ပြောင်းချင်တယ်ဆိုရင်တော့ Home screen ကို ကြာကြာလေးနှိပ်လိုက်ပါ ပြီးရင်တော့ wallpaper icon လေးကို နှိပ်လိုက်ပါ။
၇) App Suggestions
App tray ရဲ့ အပေါ်ဆုံးမှာ တစ်နေ့တာရဲ့အချိန်ကိုလိုက်ပြီးတော့ app suggestion လေးတွေကို တွေ့မြင်ရနိုင်ပါတယ်။ ဒီကောင်လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ Home screen ကို ကြာကြာလေးနှိပ်ထားပြီး App suggestions ကို နှိပ်လိုက်ပါ။
၈) At A Glance
ဒီ feature လေးကတော့ သင့်ရဲ့ inbox ထဲကနေ flight နဲ့ appointment တွေကို ဆွဲထုတ်ပြီး ပြသပေးပါတယ်။ ပိတ်ချင်တယ်ဆိုရင်တော့ Home screen ကို ကြာကြာလေးဖိထားလိုက်ပါ။ Home Settings>At a Glance ကို သွားလိုက်ပါ။ အဲဒီမှာ ပိတ်မလား၊ ဖွင့်မလား၊ စိတ်ကြိုက်လုပ်နိုင်ပါပြီ။
၉) Battery Saver Mode
ဘတ်ထရီနည်းနည်းပဲကျန်တော့တာလား။ built-in battery saver mode လေးက သင့်ကိုကူညီပေးမှာပါ။ ချိန်ညှိချင်တယ်ဆိုရင်တော့ Settings>Battery>Battery Saver ထဲမှာ ချိန်ရမှာပါ။
၁၀) Storage Space ချိန်ညှိခြင်း
Android Oreo မှာ မမ်မိုရီရှင်းခြင်းကို လွယ်ကူအောင်လုပ်ဆောင်ပေးထားပါတယ်။ Settings > Storage ကိုသွားပြီးတော့ “Free Up Space” ကို နှိပ်လိုက်ပါ။
အဲဒီနောက်မှာတော့ ဖယ်ထုတ်ရမယ့်စာရင်းလေးတွေကို ပြသပေးပါလိမ့်မယ်။ ဒါတွေကတော့ သင်မသုံးဖြစ်တဲ့ app တွေ၊ မလိုအပ်တော့တဲ့ ဒေါင်းလုတ်ဖိုင်တွေပဲ ဖြစ်ပါတယ်။ အရွယ်အစား၊ နောက်ဆုံးအသုံးပြုချိန်တွေကိုလည်း ပြသပေးမှာပါ။

Posted on Leave a comment

စက္ခ်ိဳ႕ယြင္းမႈ အမ်ားဆံုးျဖစ္ေနတဲ့ဖုန္းေမာ္ဒယ္လ္မ်ားထဲမွာ သင့္ဖုန္းပါေနျပီလား

Zawgyi Version

ဖုန္းျပဳျပင္ဆိုင္ေတြကို စာရင္းေကာက္ထားျပီးေတာ့ ခ်ိဳ႕ယြင္းမႈအမ်ားဆံုးျဖစ္တဲ့ဖုန္းေတြကို ထုတ္ေဖာ္ထားတဲ့ အစီရင္ခံစာေလးတစ္ေစာင္ ထြက္ရွိလာခဲ့ပါတယ္။ Q4 2017 အတြက္ Mobile Device Repair and Security Report ဆိုတာထဲမွာ Xiaomi Redmi 4 ကေတာ့ အဆိုးရြားဆံုး Android ဖုန္းတစ္လံုးျဖစ္ေနပါတယ္။
Redmi Y1 ကေတာ့ ထိပ္တန္းဆယ္လံုးထဲမွာပါ၀င္ေနပါတယ္။ နံပါတ္အရေတာ့ ၈ ေနရာယူထားပါတယ္။ Samsung ကလည္း ထိပ္တန္းဆယ္လံုးထဲမွာ ပါ၀င္ေနျပီးေတာ့ Galaxy S7, Galaxy S8 Plus နဲ႕ Galaxy S7 Active တုိ႕ပါ၀င္ထားပါတယ္။ အျခားေမာ္ဒယ္လ္ေတြအျဖစ္နဲ႕ Nokia 6, Moto G5S Plus တို႕ကေတာ့ Lenovo K8 Note ထိပ္တန္းဆယ္လံုးမွာ ေနရာယူထားပါတယ္။
Samsung ကလည္း ၃၄%နဲ႕ အဆိုးရြားဆံုး brand အျဖစ္နဲ႕ေနရာယူထားပါတယ္။ Xiaomi ကေတာ့ ၁၃%၊ Motorola က ၉%၊ LG က ၇% ျဖစ္ပါတယ္။
Samsung နဲ႕ Xiaomi တုိ႕ဟာ လူၾကိဳက္မ်ားတဲ့ brand ေတြျဖစ္ျပီးေတာ့ သူတို႕ရဲ႕ေမာ္ဒယ္လ္ေတြကို ထိပ္တန္းဆယ္လံုးထဲမွာ ေတြ႕ျမင္ရမယ္လို႕ မွန္းထားနုိင္ပါတယ္။ ဒါေပမယ့္ Huawei ကေတာ့ brand ပိုင္းအရ ၈ ေနရာကို ယူထားပါတယ္။ ဖုန္းေမာ္ဒယ္လ္အရေတာ့ ထိပ္တန္းဆယ္ခုထဲမွာ ပါမေနပါဘူး။

A chart showing failure rates for phones.
platform အရ ျပင္ဆင္ရမႈႏႈန္း
iOS ပုိင္းအရေျပာရမယ္ဆုိရင္ေတာ့ iPhone 6 က အဆိုးဆံုးေမာ္ဒယ္လ္ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ iPhone 6s နဲ႕ 6s Plus တို႕ လိုက္ေနပါတယ္။
iOS ရဲ႕ ႏႈန္းထားေတြက Android ရဲ႕ႏႈန္းထက္ ပိုမိုျမင့္မားေနတာကိုေတြ႕ရပါတယ္။ iPhone 6 က ၂၆%ျဖစ္ပါတယ္။ ဘာေၾကာင့္ျမင့္မားေနရသလဲဆိုတာေတာ့ မသိရေသးေပမယ့္လည္း iPhone 6 က သက္တမ္းကုန္ေနျပီလို႕ေျပာႏုိင္ပါတယ္။ ၂၀၁၄ခုႏွစ္တည္းက ထုတ္ထားတာမလား။ iPhone အေဟာင္းေတြက ဘတ္ဂ်က္ေရြးမယ့္သူေတြအတြက္ပဲ ထုတ္လုပ္ေရာင္းခ်လို႕အဆင္ေျပေတာ့မွာပါ။ ဒီေတာ့ တစ္ပတ္ရစ္ေစ်းကြက္မွာ ေရာင္းအားေတြ ရွိေနတုန္းဆိုတာ ျပသေနသလိုပါပဲ။
Android ပိုင္းကိုၾကည့္လုိက္မယ္ဆုိရင္ နံပါတ္တစ္က performance ျဖစ္ျပီး ေနာက္ပိုင္းမွာ ကင္မရာနဲ႕ microphone ေတြ ျဖစ္ပါတယ္။ iOS သမားေတြကေတာ့ Bluetooth ၊ Wi-Fi က နံပါတ္တစ္ျဖစ္ေနာတာကို ေတြ႕ရပါတယ္။
iOS သမားေတြအတြက္ Performance က ထိပ္တန္းငါးခုေနရာမွာေတာင္ မရွိပါဘူး။ Android ဖုန္းအေတာ္မ်ားမ်ားက ဘတ္ဂ်က္ဖုန္းေတြျဖစ္တာေၾကာင့္ performance ေကာင္းေကာင္းေတာ့ မရတာေသခ်ာပါတယ္။
တစ္ခ်ိန္တည္းမွာပဲ Appleက flagship ဖုန္းေတြကို အမိုက္စားေတြနဲ႕ ေရာင္းခ်ပါတယ္။ Android brand နဲ႕မတူတာကေတာ့ Apple က operating system ကို ထိန္းခ်ဳပ္ထားျပီးေတာ့ hardware ေရာ software ပိုင္းပါ ျပင္ဆင္ႏုိင္ပါတယ္။
သင္ေရာဘယ္လိုထင္ပါသလဲ။

Unicode Version

ဖုန်းပြုပြင်ဆိုင်တွေကို စာရင်းကောက်ထားပြီးတော့ ချို့ယွင်းမှုအများဆုံးဖြစ်တဲ့ဖုန်းတွေကို ထုတ်ဖော်ထားတဲ့ အစီရင်ခံစာလေးတစ်စောင် ထွက်ရှိလာခဲ့ပါတယ်။ Q4 2017 အတွက် Mobile Device Repair and Security Report ဆိုတာထဲမှာ Xiaomi Redmi 4 ကတော့ အဆိုးရွားဆုံး Android ဖုန်းတစ်လုံးဖြစ်နေပါတယ်။
Redmi Y1 ကတော့ ထိပ်တန်းဆယ်လုံးထဲမှာပါဝင်နေပါတယ်။ နံပါတ်အရတော့ ၈ နေရာယူထားပါတယ်။ Samsung ကလည်း ထိပ်တန်းဆယ်လုံးထဲမှာ ပါဝင်နေပြီးတော့ Galaxy S7, Galaxy S8 Plus နဲ့ Galaxy S7 Active တို့ပါဝင်ထားပါတယ်။ အခြားမော်ဒယ်လ်တွေအဖြစ်နဲ့ Nokia 6, Moto G5S Plus တို့ကတော့ Lenovo K8 Note ထိပ်တန်းဆယ်လုံးမှာ နေရာယူထားပါတယ်။
Samsung ကလည်း ၃၄%နဲ့ အဆိုးရွားဆုံး brand အဖြစ်နဲ့နေရာယူထားပါတယ်။ Xiaomi ကတော့ ၁၃%၊ Motorola က ၉%၊ LG က ၇% ဖြစ်ပါတယ်။
Samsung နဲ့ Xiaomi တို့ဟာ လူကြိုက်များတဲ့ brand တွေဖြစ်ပြီးတော့ သူတို့ရဲ့မော်ဒယ်လ်တွေကို ထိပ်တန်းဆယ်လုံးထဲမှာ တွေ့မြင်ရမယ်လို့ မှန်းထားနိုင်ပါတယ်။ ဒါပေမယ့် Huawei ကတော့ brand ပိုင်းအရ ၈ နေရာကို ယူထားပါတယ်။ ဖုန်းမော်ဒယ်လ်အရတော့ ထိပ်တန်းဆယ်ခုထဲမှာ ပါမနေပါဘူး။
platform အရ ပြင်ဆင်ရမှုနှုန်း
iOS ပိုင်းအရပြောရမယ်ဆိုရင်တော့ iPhone 6 က အဆိုးဆုံးမော်ဒယ်လ်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ iPhone 6s နဲ့ 6s Plus တို့ လိုက်နေပါတယ်။
iOS ရဲ့ နှုန်းထားတွေက Android ရဲ့နှုန်းထက် ပိုမိုမြင့်မားနေတာကိုတွေ့ရပါတယ်။ iPhone 6 က ၂၆%ဖြစ်ပါတယ်။ ဘာကြောင့်မြင့်မားနေရသလဲဆိုတာတော့ မသိရသေးပေမယ့်လည်း iPhone 6 က သက်တမ်းကုန်နေပြီလို့ပြောနိုင်ပါတယ်။ ၂၀၁၄ခုနှစ်တည်းက ထုတ်ထားတာမလား။ iPhone အဟောင်းတွေက ဘတ်ဂျက်ရွေးမယ့်သူတွေအတွက်ပဲ ထုတ်လုပ်ရောင်းချလို့အဆင်ပြေတော့မှာပါ။ ဒီတော့ တစ်ပတ်ရစ်ဈေးကွက်မှာ ရောင်းအားတွေ ရှိနေတုန်းဆိုတာ ပြသနေသလိုပါပဲ။
Android ပိုင်းကိုကြည့်လိုက်မယ်ဆိုရင် နံပါတ်တစ်က performance ဖြစ်ပြီး နောက်ပိုင်းမှာ ကင်မရာနဲ့ microphone တွေ ဖြစ်ပါတယ်။ iOS သမားတွေကတော့ Bluetooth ၊ Wi-Fi က နံပါတ်တစ်ဖြစ်နောတာကို တွေ့ရပါတယ်။
iOS သမားတွေအတွက် Performance က ထိပ်တန်းငါးခုနေရာမှာတောင် မရှိပါဘူး။ Android ဖုန်းအတော်များများက ဘတ်ဂျက်ဖုန်းတွေဖြစ်တာကြောင့် performance ကောင်းကောင်းတော့ မရတာသေချာပါတယ်။
တစ်ချိန်တည်းမှာပဲ Appleက flagship ဖုန်းတွေကို အမိုက်စားတွေနဲ့ ရောင်းချပါတယ်။ Android brand နဲ့မတူတာကတော့ Apple က operating system ကို ထိန်းချုပ်ထားပြီးတော့ hardware ရော software ပိုင်းပါ ပြင်ဆင်နိုင်ပါတယ်။
သင်ရောဘယ်လိုထင်ပါသလဲ။

Posted on Leave a comment

အလိုအေလ်ာက္ Android Back Up လုပ္တဲ့အခါ ဘယ္လို Data ေတြပါ၀င္ေနသလဲ

Zawgyi Version

Android ဖုန္း ဒါမွမဟုတ္ တက္ဘလက္ရဲ႕ data အမ်ားကို Google ကေနျပီးေတာ့ အလိုအေလ်ာက္ back up လုပ္ထားေပးတတ္ပါတယ္။ ဒီေတာ့ ဘယ္လိုအရာေတြကို သင့္အတြက္သိမ္းထားေပးသလဲဆိုတာကို မသိခ်င္ဘူးလား။
ဒီေတာ့ ဘယ္လိုအရာေတြကို အလိုအေလ်ာက္သိမ္းေပးထားသလဲဆိုတာကို ရွင္းျပေပးသြားမွာပါ။ ဒီေတာ့ ဘယ္လုိdata ေတြက လံုျခံဳေနသလဲဆိုတာကို အလြယ္အကူပဲသိရွိႏုိင္ေစမွာ ျဖစ္ပါတယ္။

Google က Android Backup Service လို႕ေခၚတဲ့၀န္ေဆာင္မႈေလးကို ထည့္သြင္းေပးထားပါတယ္။ default အရ အဲဒီ၀န္ေဆာင္မႈေလးက သင့္အတြက္အေရးၾကီးမယ္ထင္ရတဲ့ data အမ်ားစုနဲ႕ Google service နဲ႕ပတ္သတ္တဲ့ data ေတြကို back up လုပ္ထားေပးပါတယ္။ Settings > Accounts > Google ကို သြားလုိက္မယ္ဆိုရင္ Sync settings ေလးကို ေတြ႕ျမင္ရမွာပါ။ အဲဒီေနာက္မွာေတာ့ Gmail address ကို ေရြးခ်ယ္ေပးရမွာျဖစ္ပါတယ္။

Image result for Contacts
Contacts, Email, Docs နဲ႕ Calendars : Android contact ေတြကို Google contacts online မွာ တင္ထားေပးပါတယ္။ ဒါေၾကာင့္ Gmail ဒါမွမဟုတ္ Google Contacts page ကေနျပီးေတာ့ လွမ္းသံုးလို႕ရပါတယ္။ Gmail account ထဲမွာmail ေတြကလည္း ပံုစံမပ်က္ရွိေနမွာပါ။ ျပီးေတာ့ calendar event ေတြကိုလည္း Google Calendar ထဲမွာ သိမ္းထားေပးပါတယ္။

Image result for smartphone System Settings

System Settings အခ်ိဳ႕ : Android က system settings အခ်ိဳ႕ျဖစ္တဲ့ Wi-Fi network အတြက္ passphrase လိုဟာမ်ိဳးကို သံုးထားသမွ် Android device ထဲကေန ျပန္လည္ထုတ္ယူေပးႏုိင္ပါတယ္။ brightness ၊ timeout စတာေတြကိုလည္း back up လုပ္ေပးႏုိင္ပါတယ္။ Chrome Browser Data : Chrome browser သံုးတယ္ဆိုရင္ေတာ့ bookmark ေတြကို Chrome sync account နဲ႕ခ်ိတ္ထားေပးပါတယ္။

Image result for Hangouts Chat LogsHangouts Chat Logs : ဒီဟာေတြကိုလည္း Gmail account ထဲမွာ သိမ္းထားေပးမွာပါ။ ဒါေပမယ့္ Gmail ထဲမွာ chat logging ပိတ္မထားဖို႕ေတာ့ လိုအပ္ပါတယ္။

Image result for purchase app
Apps နဲ႕ အျခား၀ယ္ယူထားေသာ Content: ၀ယ္ထားသမွ် app တုိင္း၊ install လုပ္ထားသမွ်ကို Google account နဲ႕ခ်ိတ္ထားေပးပါတယ္။ Android device အသစ္ကို set up လုပ္တုိင္းမွာ ဒါမွမဟုတ္ factory default settings လုပ္ျပီး ျပန္၀င္တဲ့အခါတုိင္းမွာ အလိုအေလ်ာက္ေဒါင္းလုတ္ဆြဲေပးျပီးေတာ့ install လုပ္ေပးႏုိင္ပါတယ္။ Play Store မွာ အရင္တုန္းက install လုပ္ထားသမွ်ကိုလည္း ျပန္ၾကည့္ႏုိင္ပါတယ္။ ၀ယ္ထားတယ္ဆိုရင္လည္း Google account နဲ႕ ခ်ိတ္ဆက္ထားတာမို႕ မစိုးရိမ္ပါနဲ႕။

Image result for Third-Party App
Third-Party App Data အခ်ိဳ႕ : Third-party app ေတြကေတာ့ သူတို႕ရဲ႕ web service နဲ႕ ခ်ိတ္ထားတတ္ပါတယ္။ အမ်ားၾကီးေတာ့မဟုတ္ပါဘူး။ အေရးၾကီးတဲ့အခ်က္အလက္ေတြပါ၀င္တဲ့ app ဆိုရင္ေတာ့ သူက အြန္လိုင္းမွာျပန္တင္ထားေပးလားဆိုတာ စစ္ေဆးၾကည့္ပါ။ ဖုန္းေပ်ာက္သြားရင္ ျပန္ယူလို႕ရေအာင္ပါ။

Image result for chrome Smart Lock Password Data
Smart Lock Password Data : ကြန္ပ်ဴတာမွာ Chrome သံုးျပီးေတာ့ Smart Lock for Password ဖြင့္ထားမယ္ဆိုရင္ မိုဘိုင္းလ္မွာလည္း အသံုးျပဳႏုိင္ပါတယ္။ တခ်ိဳ႕ app ေတြအတြက္သာရမွာပါ။ Netflix password ကို Smart Lock for Passwords ထဲမွာသိမ္းထားမယ္ဆိုရင္ app မွာလည္း အလြယ္အကူဖြင့္ႏုိင္ေစမွာပါ။
ဓါတ္ပံု : Google Photos အသံုးျပဳမယ္ဆိုရင္ေတာ့ Google server ေပၚမွာတင္လို႕ရပါတယ္။ ဒီေကာင္ေလးကေတာ့ enable လုပ္ထားမွ တင္ေပးမွာျဖစ္ပပါတယ္။ Android Nougat မွာေတာ့ Backup & reset menu ထဲမွာ ရွာၾကည့္ႏုိင္ပါတယ္။

ဒီေတာ့ ဒီစာရင္းေလးကိုၾကည့္ျပီး ဘယ္လို data ေတြ သိမ္းေပးထားသလဲဆိုတာ သိရွိသြားေလာက္ျပီထင္ပါတယ္။ ဒီေတာ့ သူတို႕အတြက္ စိတ္ပူေနစရာမလိုအပ္ေတာ့ဘူးေပါ့။ ေနာက္တစ္ပိုင္းမွာေတာ့ ဘယ္လို Data ေတြကို Google က back up လုပ္မေပးဘူးလဲဆိုတာ တင္ျပေပးမွာဆိုေတာ့ ဆက္လက္ဖတ္ရွဳေပးပါဦး။

Unicode Version

Android ဖုန်း ဒါမှမဟုတ် တက်ဘလက်ရဲ့ data အများကို Google ကနေပြီးတော့ အလိုအလျောက် back up လုပ်ထားပေးတတ်ပါတယ်။ ဒီတော့ ဘယ်လိုအရာတွေကို သင့်အတွက်သိမ်းထားပေးသလဲဆိုတာကို မသိချင်ဘူးလား။
ဒီတော့ ဘယ်လိုအရာတွေကို အလိုအလျောက်သိမ်းပေးထားသလဲဆိုတာကို ရှင်းပြပေးသွားမှာပါ။ ဒီတော့ ဘယ်လိုdata တွေက လုံခြုံနေသလဲဆိုတာကို အလွယ်အကူပဲသိရှိနိုင်စေမှာ ဖြစ်ပါတယ်။
Google က Android Backup Service လို့ခေါ်တဲ့ဝန်ဆောင်မှုလေးကို ထည့်သွင်းပေးထားပါတယ်။ default အရ အဲဒီဝန်ဆောင်မှုလေးက သင့်အတွက်အရေးကြီးမယ်ထင်ရတဲ့ data အများစုနဲ့ Google service နဲ့ပတ်သတ်တဲ့ data တွေကို back up လုပ်ထားပေးပါတယ်။ Settings > Accounts > Google ကို သွားလိုက်မယ်ဆိုရင် Sync settings လေးကို တွေ့မြင်ရမှာပါ။ အဲဒီနောက်မှာတော့ Gmail address ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
Contacts, Email, Docs နဲ့ Calendars : Android contact တွေကို Google contacts online မှာ တင်ထားပေးပါတယ်။ ဒါကြောင့် Gmail ဒါမှမဟုတ် Google Contacts page ကနေပြီးတော့ လှမ်းသုံးလို့ရပါတယ်။ Gmail account ထဲမှာmail တွေကလည်း ပုံစံမပျက်ရှိနေမှာပါ။ ပြီးတော့ calendar event တွေကိုလည်း Google Calendar ထဲမှာ သိမ်းထားပေးပါတယ်။
System Settings အချို့ : Android က system settings အချို့ဖြစ်တဲ့ Wi-Fi network အတွက် passphrase လိုဟာမျိုးကို သုံးထားသမျှ Android device ထဲကနေ ပြန်လည်ထုတ်ယူပေးနိုင်ပါတယ်။ brightness ၊ timeout စတာတွေကိုလည်း back up လုပ်ပေးနိုင်ပါတယ်။
Chrome Browser Data : Chrome browser သုံးတယ်ဆိုရင်တော့ bookmark တွေကို Chrome sync account နဲ့ချိတ်ထားပေးပါတယ်။
Hangouts Chat Logs : ဒီဟာတွေကိုလည်း Gmail account ထဲမှာ သိမ်းထားပေးမှာပါ။ ဒါပေမယ့် Gmail ထဲမှာ chat logging ပိတ်မထားဖို့တော့ လိုအပ်ပါတယ်။
Apps နဲ့ အခြားဝယ်ယူထားသော Content: ဝယ်ထားသမျှ app တိုင်း၊ install လုပ်ထားသမျှကို Google account နဲ့ချိတ်ထားပေးပါတယ်။ Android device အသစ်ကို set up လုပ်တိုင်းမှာ ဒါမှမဟုတ် factory default settings လုပ်ပြီး ပြန်ဝင်တဲ့အခါတိုင်းမှာ အလိုအလျောက်ဒေါင်းလုတ်ဆွဲပေးပြီးတော့ install လုပ်ပေးနိုင်ပါတယ်။ Play Store မှာ အရင်တုန်းက install လုပ်ထားသမျှကိုလည်း ပြန်ကြည့်နိုင်ပါတယ်။ ဝယ်ထားတယ်ဆိုရင်လည်း Google account နဲ့ ချိတ်ဆက်ထားတာမို့ မစိုးရိမ်ပါနဲ့။
Third-Party App Data အချို့ : Third-party app တွေကတော့ သူတို့ရဲ့ web service နဲ့ ချိတ်ထားတတ်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ အရေးကြီးတဲ့အချက်အလက်တွေပါဝင်တဲ့ app ဆိုရင်တော့ သူက အွန်လိုင်းမှာပြန်တင်ထားပေးလားဆိုတာ စစ်ဆေးကြည့်ပါ။ ဖုန်းပျောက်သွားရင် ပြန်ယူလို့ရအောင်ပါ။
Smart Lock Password Data : ကွန်ပျူတာမှာ Chrome သုံးပြီးတော့ Smart Lock for Password ဖွင့်ထားမယ်ဆိုရင် မိုဘိုင်းလ်မှာလည်း အသုံးပြုနိုင်ပါတယ်။ တချို့ app တွေအတွက်သာရမှာပါ။ Netflix password ကို Smart Lock for Passwords ထဲမှာသိမ်းထားမယ်ဆိုရင် app မှာလည်း အလွယ်အကူဖွင့်နိုင်စေမှာပါ။
ဓါတ်ပုံ : Google Photos အသုံးပြုမယ်ဆိုရင်တော့ Google server ပေါ်မှာတင်လို့ရပါတယ်။ ဒီကောင်လေးကတော့ enable လုပ်ထားမှ တင်ပေးမှာဖြစ်ပပါတယ်။ Android Nougat မှာတော့ Backup & reset menu ထဲမှာ ရှာကြည့်နိုင်ပါတယ်။
ဒီတော့ ဒီစာရင်းလေးကိုကြည့်ပြီး ဘယ်လို data တွေ သိမ်းပေးထားသလဲဆိုတာ သိရှိသွားလောက်ပြီထင်ပါတယ်။ ဒီတော့ သူတို့အတွက် စိတ်ပူနေစရာမလိုအပ်တော့ဘူးပေါ့။ နောက်တစ်ပိုင်းမှာတော့ ဘယ်လို Data တွေကို Google က back up လုပ်မပေးဘူးလဲဆိုတာ တင်ပြပေးမှာဆိုတော့ ဆက်လက်ဖတ်ရှုပေးပါဦး။

Posted on Leave a comment

Android ရဲ႕ Multiple Users နဲ႕ Guest Access ဆိုတာဘာလဲ

Zawgyi Version

Lollipop (Android 5.x) ႏွင့္အထက္ကိုအသံုးျပဳေနတဲ့ Android စမတ္ဖုန္းေတြမွာ အေကာင့္ေတြဖန္တီးျပီးေတာ့ အသံုးျပဳလို႕ရေနပါျပီ။ ဒီေတာ့ ဖုန္းပိုင္ရွင္မဟုတ္တဲ့သူတစ္ေယာက္က guest အျဖစ္နဲ႕ ၀င္ျပီးအသံုးျပဳမယ္ဆုိရင္ ဖုန္းပိုင္ရွင္သံုးထားတဲ့ app ေတြမွာ အခ်က္အလက္ေတြဘာရွိရွိ ေတြ႕ျမင္ရမွာမဟုတ္ဘဲ မိမိနဲ႕သက္ဆုိင္တဲ့အခ်က္အလက္ေတြကိုသာ ေတြ႕ျမင္အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

ဒီေတာ့ သူစိမ္းေတြေရွ႕မွာ ကိုယ့္ရဲ႕အခ်က္အလက္ေတြ(ဓါတ္ပံု၊ မက္ေဆ့ခ်္၊ စတာေတြ)ကို ေတြ႕ျမင္မွာ စိတ္ပူတယ္ဆိုုရင္ေတာ့ သင္ဟာ guest အေကာင့္ကို အသံုးျပဳျပီး ကာကြယ္ႏုိင္ပါတယ္။ guest mode ထဲမွာေတာ့ log in ၀င္စရာမလိုအပ္ဘဲ ဖုန္းကို ရိုးရွင္းတဲ့လုပ္ေဆာင္ခ်က္ေတြအတြက္ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ သင့္ရဲ႕ဖုိင္ေတြထိပါးမွာလည္း စိတ္ပူေနစရာမလိုအပ္ေတာ့ဘူးေပါ့။

သင့္ရဲ႕ iPhone ကို အျခားတစ္ေယာက္ကို ငွားရမ္းအသံုးျပဳတဲ့ျဖစ္ရပ္မ်ိဳးက ရွားပါးတယ္ဆိုေပမယ့္လည္း iPad ကိုေတာ့ အမ်ားသံုးအျဖစ္နဲ႕ အသံုးျပဳတဲ့ျဖစ္ရပ္က ရွိႏုိင္ပါတယ္။ ဒါေပမယ့္ i device ေတြမွာေတာ့ ဒီလိုfeature ကို ထည့္သြင္းေပးထားျခင္းမရွိပါဘူး။ iPad ေတြမွာ ဒီလိုfeature ထည့္သြင္းေပးထားမယ္ဆိုရင္ေတာ့ အလြန္အသံုး၀င္တဲ့ feature တစ္ခုျဖစ္လာမွာပါ။

ဒီေတာ့ guest mode တို႕၊ multiple user တို႕ကို နားလည္သြားျပီဆုိရင္ေတာ့ ဘယ္လိုအသံုးျပဳရမလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။ ကၽြန္ေတာ္ကေတာ့ Huawei Nova 3e ေလးနဲ႕ စမ္းသပ္ျဖစ္ခဲ့ပါတယ္။

ကၽြန္ေတာ့ဖုန္းမွာေတာ့ Settings->Users & accounts ->Users ထဲကိုသြားလိုက္ပါတယ္။ အဲဒီမွာ Owner အေကာင့္နဲ႕ Guest အေကာင့္ဆိုျပီးေတာ့ ႏွစ္မ်ိဳးရွိပါတယ္။ Add user ဆိုတဲ့ option ေလးကိုလည္း ေတြ႕ျမင္ႏုိင္ပါတယ္။ မိသားစု၀င္တစ္ေယာက္ခ်င္းစီအလိုက္ အေကာင့္လုပ္ေပးထားလို႕ရပါတယ္။ အေကာင့္လုပ္ျပီးသြားျပီဆိုတာနဲ႕ Switch User လုပ္မလား(အေကာင့္ေျပာင္းလား) ေမးပါတယ္။ ဒီေတာ့ Switch user ဆုိျပီးေတာ့ စမ္းၾကည့္လုိက္ပါတယ္။

အဲဒီမွာ သတိေပးခ်က္ေလးေတြ တက္လာပါတယ္။

၁။ ကိုယ္ယံုၾကည္ရတဲ့သူေတြနဲ႕သာ မွ်ေ၀သံုးစြဲသင့္ပါတယ္။
၂။ owner က ကိုယ္သံုးေနတဲ့ app ေတြနဲ႕ ကိုယ့္အခ်က္အလက္ေတြကို ဖ်က္ပစ္ႏုိင္တယ္။
၃။ အျခားသံုးစြဲသူေတြကလည္း ကိုယ့္app ေတြကို update လုုပ္ႏုိင္တယ္။
၄။ တခ်ိဳ႕ feature ေတြကေတာ့ guest အေနနဲ႕ သံုးတာျဖစ္လို႕ သံုးခြင့္မရဘဲ မွိန္ေနမွာပါ။

ဒီအဆင့္ျပီးသြားရင္လည္း Cancel and remove new user ဆိုျပီးေတာ့ စိတ္ေျပာင္းမလား ထပ္ေမးဦးမွာပါ။ Next ကို ႏွိ္ပ္လိုက္ပါမယ္။

Terms & Conditions ကို Agree လုပ္ေပးလုိက္ပါ။ Agree ထပ္ႏွိပ္လုိက္ပါ။

User Experience Improvement Project ကို Join မလားဆိုေတာ့ Later ႏွိပ္လုိက္ပါ။

အဲဒီေနာက္မွာေတာ့ ကၽြန္ေတာ္တို႕ ဖုန္းအသစ္တစ္လံုးစတင္အသံုးျပဳခ်ိန္ကို ျပန္လည္ေရာက္ရွိသြာသလို ခံစားရမွာပါ။ Google အေကာင့္ေတြထည့္ခုိင္းမယ္။ Password ထည့္ခိုင္းမယ္။ ျပီးရင္ေတာ့ Stock Android ကုိ ေတြ႕ျမင္ရျပီး အသံုးျပဳႏုိင္မွာပါ။ Gallery ထဲမွာလည္း အရင္တုန္းက ရုိက္ထားတဲ့ပံုေတြမရွိေတာ့ဘဲ ဖုန္းအသစ္တစ္လံုးကို ကိုင္ေနရသလိုခံစားရပါတယ္။

ဒီေတာ့ ကၽြန္ေတာ္တို႕ အရင္ owner အေကာင့္ကို ဘယ္လိုျပန္သံုးၾကမလဲ။ Notification Area ကို သြားလိုက္ျပီးေတာ့ လူပံုစံေလးကို ႏွိပ္လုိက္ပါ။ အဲဒီမွာ အေကာင့္ခ်ိန္းလို႕ရပါတယ္။ password မွန္ရင္ ၀င္လို႕ရပါျပီ။

ကိုယ့္ရဲ႕အခ်က္အလက္ေတြကို လံုျခံဳေအာင္ ကာကြယ္ႏုိင္ၾကပါေစ။

Unicode Version

Lollipop (Android 5.x) နှင့်အထက်ကိုအသုံးပြုနေတဲ့ Android စမတ်ဖုန်းတွေမှာ အကောင့်တွေဖန်တီးပြီးတော့ အသုံးပြုလို့ရနေပါပြီ။ ဒီတော့ ဖုန်းပိုင်ရှင်မဟုတ်တဲ့သူတစ်ယောက်က guest အဖြစ်နဲ့ ဝင်ပြီးအသုံးပြုမယ်ဆိုရင် ဖုန်းပိုင်ရှင်သုံးထားတဲ့ app တွေမှာ အချက်အလက်တွေဘာရှိရှိ တွေ့မြင်ရမှာမဟုတ်ဘဲ မိမိနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုသာ တွေ့မြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီတော့ သူစိမ်းတွေရှေ့မှာ ကိုယ့်ရဲ့အချက်အလက်တွေ(ဓါတ်ပုံ၊ မက်ဆေ့ချ်၊ စတာတွေ)ကို တွေ့မြင်မှာ စိတ်ပူတယ်ဆိုရင်တော့ သင်ဟာ guest အကောင့်ကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ guest mode ထဲမှာတော့ log in ဝင်စရာမလိုအပ်ဘဲ ဖုန်းကို ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ဖိုင်တွေထိပါးမှာလည်း စိတ်ပူနေစရာမလိုအပ်တော့ဘူးပေါ့။
သင့်ရဲ့ iPhone ကို အခြားတစ်ယောက်ကို ငှားရမ်းအသုံးပြုတဲ့ဖြစ်ရပ်မျိုးက ရှားပါးတယ်ဆိုပေမယ့်လည်း iPad ကိုတော့ အများသုံးအဖြစ်နဲ့ အသုံးပြုတဲ့ဖြစ်ရပ်က ရှိနိုင်ပါတယ်။ ဒါပေမယ့် i device တွေမှာတော့ ဒီလိုfeature ကို ထည့်သွင်းပေးထားခြင်းမရှိပါဘူး။ iPad တွေမှာ ဒီလိုfeature ထည့်သွင်းပေးထားမယ်ဆိုရင်တော့ အလွန်အသုံးဝင်တဲ့ feature တစ်ခုဖြစ်လာမှာပါ။
ဒီတော့ guest mode တို့၊ multiple user တို့ကို နားလည်သွားပြီဆိုရင်တော့ ဘယ်လိုအသုံးပြုရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကျွန်တော်ကတော့ Huawei Nova 3e လေးနဲ့ စမ်းသပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော့ဖုန်းမှာတော့ Settings->Users & accounts ->Users ထဲကိုသွားလိုက်ပါတယ်။ အဲဒီမှာ Owner အကောင့်နဲ့ Guest အကောင့်ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ Add user ဆိုတဲ့ option လေးကိုလည်း တွေ့မြင်နိုင်ပါတယ်။ မိသားစုဝင်တစ်ယောက်ချင်းစီအလိုက် အကောင့်လုပ်ပေးထားလို့ရပါတယ်။ အကောင့်လုပ်ပြီးသွားပြီဆိုတာနဲ့ Switch User လုပ်မလား(အကောင့်ပြောင်းလား) မေးပါတယ်။ ဒီတော့ Switch user ဆိုပြီးတော့ စမ်းကြည့်လိုက်ပါတယ်။
အဲဒီမှာ သတိပေးချက်လေးတွေ တက်လာပါတယ်။
၁။ ကိုယ်ယုံကြည်ရတဲ့သူတွေနဲ့သာ မျှဝေသုံးစွဲသင့်ပါတယ်။
၂။ owner က ကိုယ်သုံးနေတဲ့ app တွေနဲ့ ကိုယ့်အချက်အလက်တွေကို ဖျက်ပစ်နိုင်တယ်။
၃။ အခြားသုံးစွဲသူတွေကလည်း ကိုယ့်app တွေကို update လုပ်နိုင်တယ်။
၄။ တချို့ feature တွေကတော့ guest အနေနဲ့ သုံးတာဖြစ်လို့ သုံးခွင့်မရဘဲ မှိန်နေမှာပါ။
ဒီအဆင့်ပြီးသွားရင်လည်း Cancel and remove new user ဆိုပြီးတော့ စိတ်ပြောင်းမလား ထပ်မေးဦးမှာပါ။ Next ကို နှိပ်လိုက်ပါမယ်။
Terms & Conditions ကို Agree လုပ်ပေးလိုက်ပါ။ Agree ထပ်နှိပ်လိုက်ပါ။
User Experience Improvement Project ကို Join မလားဆိုတော့ Later နှိပ်လိုက်ပါ။
အဲဒီနောက်မှာတော့ ကျွန်တော်တို့ ဖုန်းအသစ်တစ်လုံးစတင်အသုံးပြုချိန်ကို ပြန်လည်ရောက်ရှိသွာသလို ခံစားရမှာပါ။ Google အကောင့်တွေထည့်ခိုင်းမယ်။ Password ထည့်ခိုင်းမယ်။ ပြီးရင်တော့ Stock Android ကို တွေ့မြင်ရပြီး အသုံးပြုနိုင်မှာပါ။ Gallery ထဲမှာလည်း အရင်တုန်းက ရိုက်ထားတဲ့ပုံတွေမရှိတော့ဘဲ ဖုန်းအသစ်တစ်လုံးကို ကိုင်နေရသလိုခံစားရပါတယ်။
ဒီတော့ ကျွန်တော်တို့ အရင် owner အကောင့်ကို ဘယ်လိုပြန်သုံးကြမလဲ။ Notification Area ကို သွားလိုက်ပြီးတော့ လူပုံစံလေးကို နှိပ်လိုက်ပါ။ အဲဒီမှာ အကောင့်ချိန်းလို့ရပါတယ်။ password မှန်ရင် ဝင်လို့ရပါပြီ။
ကိုယ့်ရဲ့အချက်အလက်တွေကို လုံခြုံအောင် ကာကွယ်နိုင်ကြပါစေ။

Posted on Leave a comment

2017 iPhone X မွာတုန္းက ေအာက္ေဘာင္ေတြမပါဘဲ ၂၀၁၈ စမတ္ဖုန္းေတြမွာဘာလို႕ပါေနရတာလဲ

Zawgyi Version

ကၽြန္ေတာ္တို႕ေတြ ၂၀၁၈ ကို တစ္၀က္က်ိဳးေရာက္ခဲ့ျပီ။ ဒီႏွစ္ရဲ႕ စမတ္ဖုန္းအသစ္ေတြမွာ ေရစီးေၾကာင္းတစ္ခုေခတ္စားေနပါတယ္။ ဒါကေတာ့ notch ေလးေတြကို ဖုန္းထိပ္တုိင္းမွာ ေတြ႕ျမင္ေနရတာပါပဲ။

၂၀၁၇ အဆံုးသတ္ေလာက္မွာ iPhone X ယူေဆာင္လာခဲ့တဲ့ trend ေနာက္ကိုလိုက္ျပီးေတာ့ ဖုန္းအေတာ္မ်ားမ်ားက notch ေလးကို လုပ္ေဆာင္လာၾကတာ ျဖစ္ပါတယ္။

စစခ်င္းေတာ့ ေပ်ာ္စရာေကာင္းပါတယ္။ Notch ေလးေတြကို မ်က္ႏွာျပင္အျပည့္ျဖစ္ေအာင္လုပ္မယ္ဆိုျပီးေတာ့ ေတြးထားလို႕ပါ။ ဒါေပမယ့္လည္း အေပၚလြတ္သြားေတာ့လည္း ေအာက္္ဘက္မွာ ေနရာယူထားျပန္ပါတယ္။

Notch နဲ႕ဆန္႕က်င္ဘက္ေနရာကိုေတာ့ chin လို႕ေခၚၾကပါတယ္။ ဒါကေတာ့ Android ေတြမွာ ေတြ႕ျမင္ေနရတဲ့ အခက္အခဲျဖစ္ပါတယ္။ iPhone X မွာလား။ အဲေလာက္မရွိပါဘူး။

အေၾကာင္းရင္းကေတာ့ YouTuber MKBHD ကလည္း ေျပာထားျပီးသားပါပဲ။ Android ဖုန္းေတြမွာ chin ပါေနရတဲ့အေၾကာင္းရင္းကေတာ့ smartphone display အလုုပ္လုပ္ပံုေၾကာင့္ပါပဲ။

smartphone display ေတြဟာ ဖုန္းရဲ႕အတြင္းပုိင္းကေန on-screen pixel ေတြအထိ ပံုရိပ္ေတြဘယ္လိုသယ္ေဆာင္လာေပးသလဲဆိုတာ ေတြးၾကည့္ဖူးရဲ႕လား။ ၾကိဳးျပားေသးေသးေလးကို ဖုန္းရဲ႕ motherboard မွာ ဆက္သြယ္ထားျပီးေတာ့ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းပညာအလိုအရ ေအာက္ဘက္မွာ ေဘာင္အေသးေလး ခ်န္ထားေပးရပါတယ္။ ေသးေအာင္ေတာ့လုပ္ႏုိင္ေပမယ့္လည္း ေပ်ာက္ေအာင္ေတာ့ မလုပ္ႏုိင္ေသးပါဘူး။

Apple ကေတာ့ iPhone ေတြရဲ႕ေအာက္ေဘာင္ေတြကို ဘယ္္လိုမ်ိဳးမွာ လုပ္ေဆာင္ခဲ့တာလဲ။ ရိုးရွင္းပါတယ္။ ဒါေပမယ့္လည္း ဒါေပမယ့္ေပါ့။

Display နဲ႕ ေအာက္ဘက္မွာခ်ိတ္ဆက္ထားတဲ့ၾကိဳးကို ေပ်ာက္ေအာင္လုပ္ဖို႕အတြက္ဆိုရင္ Apple က ေကြးညြတ္ႏုိင္တဲ့ display ကို ဖန္တီးခဲ့တာပါ။ ဒါေၾကာင့္ ၾကိဳးက display ရဲ႕ အေနာက္ဘက္ကို ေရာက္သြားပါတယ္။ ေအာက္ေဘာင္ကို ဒီလိုနည္းလမ္းနဲ႕ ဖယ္ရွားခဲ့တာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို OnePlus co-founder Carl Pei က ေျပာခဲ့ဖူးပါတယ္။

iPhone ရဲ႕ display ဟာ အေနာက္ဘက္ကို ေကြးညြတ္သြားေအာင္လုပ္ႏုိင္ျခင္းအတြက္လည္း ေစ်းကၾကီီးျမင့္ပါတယ္။ ဒါေၾကာင့္ သာမန္ဖုန္းေတြမလုပ္ေဆာင္ႏုိင္တာျဖစ္ပါတယ္။ ေဒၚလာ၁၀၀၀ ေလာက္ က်သင့္္သြားရပါတယ္။

ဒီေတာ့ ေသခ်ာသြားေအာင္ MKBHD ဗီြဒီယိုေလးကို ၾကည့္လိုက္ပါ။ ဘယ္လိုေတြလုပ္ေဆာင္ထားသလဲဆိုတာ မ်က္ျမင္ေတြ႕ရပါလိမ့္မယ္။

Unicode Version

ကျွန်တော်တို့တွေ ၂၀၁၈ ကို တစ်ဝက်ကျိုးရောက်ခဲ့ပြီ။ ဒီနှစ်ရဲ့ စမတ်ဖုန်းအသစ်တွေမှာ ရေစီးကြောင်းတစ်ခုခေတ်စားနေပါတယ်။ ဒါကတော့ notch လေးတွေကို ဖုန်းထိပ်တိုင်းမှာ တွေ့မြင်နေရတာပါပဲ။
၂၀၁၇ အဆုံးသတ်လောက်မှာ iPhone X ယူဆောင်လာခဲ့တဲ့ trend နောက်ကိုလိုက်ပြီးတော့ ဖုန်းအတော်များများက notch လေးကို လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
စစချင်းတော့ ပျော်စရာကောင်းပါတယ်။ Notch လေးတွေကို မျက်နှာပြင်အပြည့်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ တွေးထားလို့ပါ။ ဒါပေမယ့်လည်း အပေါ်လွတ်သွားတော့လည်း အောက်ဘက်မှာ နေရာယူထားပြန်ပါတယ်။
Notch နဲ့ဆန့်ကျင်ဘက်နေရာကိုတော့ chin လို့ခေါ်ကြပါတယ်။ ဒါကတော့ Android တွေမှာ တွေ့မြင်နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ iPhone X မှာလား။ အဲလောက်မရှိပါဘူး။
အကြောင်းရင်းကတော့ YouTuber MKBHD ကလည်း ပြောထားပြီးသားပါပဲ။ Android ဖုန်းတွေမှာ chin ပါနေရတဲ့အကြောင်းရင်းကတော့ smartphone display အလုပ်လုပ်ပုံကြောင့်ပါပဲ။
smartphone display တွေဟာ ဖုန်းရဲ့အတွင်းပိုင်းကနေ on-screen pixel တွေအထိ ပုံရိပ်တွေဘယ်လိုသယ်ဆောင်လာပေးသလဲဆိုတာ တွေးကြည့်ဖူးရဲ့လား။ ကြိုးပြားသေးသေးလေးကို ဖုန်းရဲ့ motherboard မှာ ဆက်သွယ်ထားပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာအလိုအရ အောက်ဘက်မှာ ဘောင်အသေးလေး ချန်ထားပေးရပါတယ်။ သေးအောင်တော့လုပ်နိုင်ပေမယ့်လည်း ပျောက်အောင်တော့ မလုပ်နိုင်သေးပါဘူး။
Apple ကတော့ iPhone တွေရဲ့အောက်ဘောင်တွေကို ဘယ်လိုမျိုးမှာ လုပ်ဆောင်ခဲ့တာလဲ။ ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့။
Display နဲ့ အောက်ဘက်မှာချိတ်ဆက်ထားတဲ့ကြိုးကို ပျောက်အောင်လုပ်ဖို့အတွက်ဆိုရင် Apple က ကွေးညွတ်နိုင်တဲ့ display ကို ဖန်တီးခဲ့တာပါ။ ဒါကြောင့် ကြိုးက display ရဲ့ အနောက်ဘက်ကို ရောက်သွားပါတယ်။ အောက်ဘောင်ကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို OnePlus co-founder Carl Pei က ပြောခဲ့ဖူးပါတယ်။
iPhone ရဲ့ display ဟာ အနောက်ဘက်ကို ကွေးညွတ်သွားအောင်လုပ်နိုင်ခြင်းအတွက်လည်း ဈေးကကြီးမြင့်ပါတယ်။ ဒါကြောင့် သာမန်ဖုန်းတွေမလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဒေါ်လာ၁၀၀၀ လောက် ကျသင့််သွားရပါတယ်။
ဒီတော့ သေချာသွားအောင် MKBHD ဗွီဒီယိုလေးကို ကြည့်လိုက်ပါ။ ဘယ်လိုတွေလုပ်ဆောင်ထားသလဲဆိုတာ မျက်မြင်တွေ့ရပါလိမ့်မယ်။

Posted on Leave a comment

iPhone 3GS ကိုေတာင္ကိုရီးယားမွာ ျပန္လည္ေရာင္းခ်ေတာ့မည္

Zawgyi version

Apple က ကိုးနွစ္ၾကာမွ iPhone 3GS ကို ေတာင္ကိုးရီးယားမွာ ျပန္လည္ေရာင္းခ်ေတာ့မယ္ဆိုျပီး ေၾကာ္ျငာလိုက္ပါတယ္။ ေတာင္ကိုရီးယားက carrier ျဖစ္တဲ့ SK Telink က ဟန္းဆက္ေတြကုိ ဒီလကုန္ေလာက္ ေရာင္းခ်မယ္ဆိုျပီး ေၾကာ္ျငာထားပါတယ္။ ေတာ္ေတာ္ေတာ့ စိတ္၀င္စားစရာေကာင္းပါတယ္။ သူ႔ရဲဲ႕ အထင္ၾကီးစရာေကာင္းတာက အေဟာင္းေတြကို အေရာင္တင္ျပီး ျပန္ေရာင္းမွာမဟုတ္ဘဲ လံုး၀မသံုးရေသးတဲ့ original  parking ေတြကို ေရာင္းေပးမွာပဲ ျဖစ္ပါတယ္။

သူတို႔ေျပာထားတာကေတာ့ အဲ့ဒီဖုန္းေတြက ဂိုေဒါင္ထဲမွာ original အတိုင္းထည့္သိမ္းထားတာၾကာလွပါျပီတဲ့။ အဲ့ဒီဖုန္းအားလံုးကို ေရာင္းခ်ဖို႔အတြက္ hardware ပိုင္းေတြေရာ error ေတြေရာ အကုန္စစ္ေဆးထားတာပါတဲ့။

iPhone 3GS အတြက္ကိုေတာ့ iOS 6 ထိ support ေပးထားပါတယ္။ iOS app ေတြျဖစ္တဲ့ Twitter, Facebook, PUBG, Fornite စတာေတြေတာ့ အလုပ္လုပ္မွာ မဟုတ္ပါဘူး။ သူက call function နဲ႔ message အတြက္ပဲ အဓိက ထုတ္လုပ္ထားတာျဖစ္ပါတယ္။ iPhone 3GS က Apple ရဲ႕ 2012 ကထုတ္လုပ္ထားတဲ့ အရင္က  30-pin connector အသံုးျပဳထားတာ ျဖစ္ပါတယ္။ အားသြင္းေခါင္း၊ အားသြင္းၾကိဳးနဲ႔ တစ္ျခား accessories ေတြေရာ တစ္ခါထဲ အျပည့္အစံု ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ တစ္ကယ္လို႔ ေပ်ာက္သြားမယ္ဆိုရင္ေတာ့ သင့္တာ၀န္ပဲ ျဖစ္ပါတယ္။

SK Telink က unlock iPhone 3GS ကို $40 နဲ႔ ေစ်းသက္သက္သာသာ နဲ႔ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။ သင္က iPhone 3GS နဲ႔ အမွတ္တရေလးေတြရွိခဲ့တယ္ဆုိရင္ေတာ့ ခုဟာကသတင္းေကာင္းပဲ ျဖစ္ပါတယ္။

 

Unicode version

Apple က ကိုးနှစ်ကြာမှ iPhone 3GS ကို တောင်ကိုးရီးယားမှာ ပြန်လည်ရောင်းချတော့မယ်ဆိုပြီး ကြော်ငြာလိုက်ပါတယ်။ တောင်ကိုရီးယားက carrier ဖြစ်တဲ့ SK Telink က ဟန်းဆက်တွေကို ဒီလကုန်လောက် ရောင်းချမယ်ဆိုပြီး ကြော်ငြာထားပါတယ်။ တော်တော်တော့ စိတ်ဝင်စားစရာကောင်းပါတယ်။ သူ့ရဲ့ အထင်ကြီးစရာကောင်းတာက အဟောင်းတွေကို အရောင်တင်ပြီး ပြန်ရောင်းမှာမဟုတ်ဘဲ လုံးဝမသုံးရသေးတဲ့ original parking တွေကို ရောင်းပေးမှာပဲ ဖြစ်ပါတယ်။

သူတို့ပြောထားတာကတော့ အဲ့ဒီဖုန်းတွေက ဂိုဒေါင်ထဲမှာ original အတိုင်းထည့်သိမ်းထားတာကြာလှပါပြီတဲ့။ အဲ့ဒီဖုန်းအားလုံးကို ရောင်းချဖို့အတွက် hardware ပိုင်းတွေရော error တွေရော အကုန်စစ်ဆေးထားတာပါတဲ့။
iPhone 3GS အတွက်ကိုတော့ iOS 6 ထိ support ပေးထားပါတယ်။
iOS app တွေဖြစ်တဲ့ Twitter, Facebook, PUBG, Fornite စတာတွေတော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ သူက call function နဲ့ message အတွက်ပဲ အဓိက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ iPhone 3GS က Apple ရဲ့ 2012 ကထုတ်လုပ်ထားတဲ့ အရင်က 30-pin connector အသုံးပြုထားတာ ဖြစ်ပါတယ်။ အားသွင်းခေါင်း၊ အားသွင်းကြိုးနဲ့ တစ်ခြား accessories တွေရော တစ်ခါထဲ အပြည့်အစုံ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ တစ်ကယ်လို့ ပျောက်သွားမယ်ဆိုရင်တော့ သင့်တာဝန်ပဲ ဖြစ်ပါတယ်။

SK Telink က unlock iPhone 3GS ကို $40 နဲ့ ဈေးသက်သက်သာသာ နဲ့ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ သင်က iPhone 3GS နဲ့ အမှတ်တရလေးတွေရှိခဲ့တယ်ဆိုရင်တော့ ခုဟာကသတင်းကောင်းပဲ ဖြစ်ပါတယ်။