App/Game Knowledge Smartphone Trending

iOS 12.3 beta 3 ကို အသုံးပြုပြထားတဲ့ဗွီဒီယိုဖိုင် ထွက်ပေါ်လာ

Zawgyi Version မနေ့ကတုန်းက iOS 12.3 beta 3 လေးရဲ့ feature အသစ်တွေကို ပြသထားတဲ့ဗွီဒီယိုဖိုင်အသစ်လေးကို တွေ့မြင်လိုက်ရပါတယ်။ ဒီနေ့အစောပိုင်းမှာ speed test လေးတွေ မြင်ရပြီးတော့ နောက်ထပ်ဗွီဒီယိုတစ်ခုကိုလည်း တွေ့မြင်ရပြန်ပါပြီ။ ဗွီဒီယိုအသစ်လေးထဲမှာတော့ iOS 12.3 ရဲ့ နောက်ဆုံးထွက် beta လေးဟာ ဘယ်လိုမျိုးတွေ ကြည့်ကောင်းနေလဲဆိုတာ ဖော်ပြထားတာမို့ အောက်မှာရှုစားကြည့်လိုက်ပါ။ feature အသစ်တွေကိုလည်း စမ်းပြထားပါတယ်။ Apple ဟာ iOS 12.3 မှာ Apple TV app အသစ်ကိုလည်း မိတ်ဆက်ထားပါတယ်။ Apple TV+ service နဲ့ Apple TV Channel တို့ပါဝင်နေတဲ့ TV subscription ၀န်ဆောင်မှုလေးကို အသုံးပြုခွင့်ရရှိမှာပါ။ […]

Enterprise Knowledge Smartphone Smartphone Social Trending

Oppo Reno shark fin selfie camera လေးကို မဲခွဲကြည့်လိုက်တဲ့အခါ

Zawgyi Version သုံးစွဲသူတွေအကြိုက်ဖြစ်စေဖို့အတွက် စမတ်ဖုန်းလုပ်ငန်းတွေဟာ အနားသတ်ဘောင်တွေကို တတ်နိုင်သမျှဖယ်ထုတ်ပေးနေကြပါတယ်။ ဒါကြောင့်လည်း notch လိုမျိုးတွေ ထွက်လာတာပေါ့။ Oppo, Samsung နဲ့ Vivo တို့ကတော့ pop-up ကင်မရာတွေ သုံးထားပါတယ်။ pop-up တွေကိုလုပ်ဆောင်ကြတဲ့အခါ လုပ်ငန်းတိုင်းကတော့ ဖန်တီးမှုခြင်းမတူညီကြပါဘူး။ ဒါပေမယ့်လည်း ဒီဇိုင်းကာလာကတော့ ဆင်တူပါတယ်။ Oppo Reno ရဲ့ ကင်မ၇ာလေးကတော့ ထောင့်ချိုးပုံစံလေး ထွက်လာတာပါ။ တမူထူးခြားနေပြီးတော့ ပြိုင်ဘက်တွေထက် ထူးခြားနေတာကို မြင်ရပါတယ်။ ဒီတော့ Oppo Reno shark fin selfie camera ရဲ့ ဖန်တစ်ယောက်လားလို့ စာဖတ်သူတွေကို မေးကြည့်ချင်ပါတယ်။ သူများတွေက ဘယ်လို ပြောထားသလဲဆိုတာကို ကြည့်လိုက်ရအောင်။ ရလဒ် website, Twitter, Facebook နဲ့ […]

Enterprise Knowledge Smartphone Smartphone Social Trending

Android 9 Pie update တင်ပြီးနောက်မှာ LTE ပျောက်သွားတဲ့ Galaxy S8 နဲ့ Note 8

Zawgyi Version စာဖတ်သူတွေဆီမှာ Sprint ရဲ့ network lock ပါတဲ့ Galaxy S8, Galaxy S8+, Galaxy Note 8 ရှိမယ်ဆိုရင်တော့ Pie မတင်တာပိုကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလုပ်လိုက်တဲ့အချိန်မှာ LTE connectivity update ပျောက်သွားတယ်လို့ သုံးစွဲသူတွေက အပြစ်တင်သံတွေ ညံနေလို့ပါ။ လက်ရှိအခြေအနေမှာတော့ ဖြေရှင်းလို့ရနိုင်တဲ့နည်းလမ်း မရှိသေးပါဘူး။ Sprint ဟဟာ 2017 Samsung flagship တွေမှာ Android 9.0 Pie တင်လို့ရအောင် လုပ်ဆောင်ပေးခဲ့တဲ့ ပထမဆုံးသော US carrier ဖြစ်ပါတယ်။ ဒါဟာ Samsung ဖုန်းတွေအတွက် ရှားပါးလွန်းတယ်လို့ စဉ်းစားကြည့်လိုက်ရင် သုံးစွဲသူအတော်များများက ရတာနဲ့တန်းတင်ပစ်လိုက်တာကို နားလည်နိုင်လိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာတစ်ခုကတော့ […]

Knowledge Smartphone Smartphone Trending

iOS ဘယ်ဗားရှင်းက ဘတ်ထရီသက်တမ်းအခံဆုံးလဲသိလား

Zawgyi Version မကြာသေးခင်တုန်းက iOS 12.2 software update ထွက်ထားပါတယ်။ iOS 12.3 ရဲ့ beta ကိုလည်း ထုတ်ပေးထားပါတယ်။ iOS 10.3.3, iOS 11.4.1, iOS 12,2 နဲ့ iOS 12.3 beta 1 တို့ပါဝင်တဲ့ ဘတ်ထရီသက်တမ်းစစ် ဗွီဒီယိုလေးတစ်ခု ထွက်ပေါ်လာပါတယ်။ Geekbench က ဗားရှင်းအမျိုးမျိုးနဲ့ စမ်းသပ်ပေးထားတာဖြစ်ပါတယ်။ မြင်ရတဲ့အတိုင်းပါပဲ။ iOS 10.3.3 လေးကတော့ အကောင်းဆုံးဖြစ်ပြီး၊ iOS 12.2 ကတော့ ဒုတိယ ၊ iOS 12.3 beta 1 က တတိယ၊ iOS 11.4.1 ကတော့ နောက်ဆုံးဖြစ်ပါတယ်။ Unicode Version […]

Enterprise Gadget Knowledge Smartphone Smartphone Trending

ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ Apple ထုတ်ကုန်များ

Zawgyi Version Apple ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ကျွန်တော်တို့သတိထားမိခဲ့တဲ့ အမှတ်ရစရာ hardware ထုတ်ကုန်တွေလည်း အများကြီးရှိခဲ့ပါတယ်။ အချို့ပစ္စည်းတွေကတော့ ခေတ်အသစ်မှာ ခံစားမှုအသစ်တွေနဲ့အတူ လုပ်ငန်းကို နာမည်ကြီးစေခဲ့သလို အချို့ပစ္စည်းတွေကတော့ နည်းပညာလောကကို ပြောင်းလဲစေနိုင်ခဲ့ပါတယ်။ Apple Computer 1 (1976) RAM 8K byte နဲ့အတူ video terminal ပါဝင်တဲ့ ပထမဆုံးသော တန်ဖိုးနည်း မိုက်ခရိုကွန်ပျူတာစနစ်လို့ ကြော်ငြာခဲ့တဲ့ Apple Computer 1 လေးဟာ PC တစ်လုံးဖြစ်ပါတယ်။ ပထမဆုံး စတင်မိတ်ဆက်ချိန်မှာတော့ ဒေါ်လာ ၆၆၆.၆၆ ရှိခဲ့ပါတယ်။ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်လေးအနေနဲ့ Apple Computer 1 ကို သိမ်းထားချင်တယ်ဆိုရင်တော့ eBay မှာ ရှာကြည့်လို့လည်း ရပါတယ်။ […]

Knowledge Smartphone Smartphone Social Trending

ဆမ်ဆောင်းသုံးထားတဲ့ ultrasonic fingerprint reader က ဘာတွေကောင်းနေလို့လဲ

Zawgyi Version အသံလှိုင်းကိုအသုံးပြုထားတဲ့ လက်ဗွေစနစ်ကို တွေ့မြင်ရပါတယ်။ ဒီနည်းပညာဟာ အတော်လေးကို တိကျမယ်လို့ ပြောဆိုနေကြပါတယ်။ မြန်ဆန်တယ်၊ ချက်ချင်းဆိုသလို လော့ခ်ဖွင့်ပေးနိုင်လိမ့်မယ်။ လက်ချောင်းတွေဟာ ချွေးစို၊ ရေစို၊ ဖုန်တင်နေမလား။ အဆင်ပြေပါတယ်။ အရာအားလုံးက သင့်လက်ချောင်းအပေါ်မှာ မူတည်နေပါတယ်။ လုံခြုံဖို့အတွက် သော့တစ်ချောင်းလိုအပ်တယ်ဆိုရင် သင့်အတွက်ကတော့ သင့်လက်ချောင်းလေးတွေကိုပဲ ထိန်းသိမ်းရမှာပါ။ ဒါဟာ သင်ပိုင်ဆိုင်ထားတဲ့ သူမတူတဲ့ပိုင်ဆိုင်မှုတစ်ခုပါပဲ။ Qualcomm ရဲ့ အသံလှိုင်းသုံးလက်ဗွေစနစ်ကတော့ သင့်လက်ချောင်းရဲ့အသံလှိုင်းကို အသုံးပြုပြီး သုံးဖက်မြင်ရုပ်ကြွအနေနဲ့ လက်ခံသိမ်းဆည်းထားမှာဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုမျိုး အလုပ်လုပ်သလဲ။ ဖုန်းအချို့မှာ တွေ့မြင်နေရတဲ့ optical sensor ထက် ပိုကောင်းတယ်လို့ ဘာကြောင့်များစဉ်းစားနေကြတာလဲ။ Optical နဲ့ ultrasonic fingerprint reader နှစ်ခုလုံးကတော့ 0.2mm sensor တွေကို အသုံးပြုထားပါတယ်။ […]

App/Game Knowledge Smartphone Trending

FaceTime bug ကြောင့် တစ်ဖက်ကမကိုင်ရင်တောင် အသံကိုဖမ်းထားနိုင်

Zawgyi Version တစ်ဖက်လူက ချပစ်လိုက်ရင်တောင်မှ ဗွီဒီယိုလေးကို share လုပ်နေဦးမှာ။ Apple ရဲ့ FaceTime video calling platform လေးမှာ ပြင်းထန်တဲ့ bug တစ်ခုဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကိုလည်း လူမှုကွန်ရက်တွေမှာ အတော်လေးပျံ့နှံ့နေပါတယ်။ 9to5Mac ရဲ့ သတိပေးချက်အရ FaceTime ကနေ တစ်ယောက်ယောက်ကို ခေါ်မယ်ဆိုရင် သူတို့ရဲ့မိုက်ခရိုဖုန်းတွေက ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ နားထောင်နေမှာဖြစ်ပါတယ်။ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ စကားသံကို နားထောင်ကြည့်ရအောင်။ “ဒီအကြောင်းကို ကျွန်တော်တို့သိထားပြီးသားပါ။ ဒီတစ်ပတ်ထဲမှာ ဒီကိစ္စအတွက် အဖြေရှာပြီးတော့ fix update လုပ်ပေးနိုင်အောင် ပြင်ဆင်နေပါတယ်။” Now you can answer for yourself on FaceTime even if […]

Knowledge Smartphone

Face unlock ကို ဓါတ်ပုံနဲ့အရူးလုပ်လို့ရတဲ့ စမတ်ဖုန်းမော်ဒယ်လ်အလုံး၃၀ကျော်

Zawgyi Version မိုဘိုင်းလ်လောကမှာ face unlock ကို အသုံးများလာကြတာ ကျွန်တော်တို့အားလုံးအသိပါပဲ။ သေချာတာကတော့ Apple ရဲ့ iPhone X မှာ နည်းပညာကို စတင်လိုက်တာပါ။ ဒါပေမယ့်လည်း လေ့လာချက်တွေအရ ဓါတ်ပုံလေးနဲ့ အရူးလုပ်လို့ရတယ်ဆိုတာကို တွေ့လိုက်ပါတယ်။ Dutch Consumentenbond အဖွဲ့အစည်းရဲ့ တွေ့ရှိချက်အရ ဖုန်းအလုံးရေ ၁၁၀ ကို စမ်းသပ်လိုက်တဲ့အချိန်မှာ ၄၂လုံးက အရည်အသွေးမြင့်ဓါတ်ပုံတစ်ပုံတည်းနဲ့တင် unlock ဖြစ်သွားခဲ့ပါတယ်။ သေချာအောင်ပြောရမယ်ဆိုရင် regional နဲ့ dual sim ရော စမ်းသပ်ခဲ့တာမျိုး တကယ့်အရေအတွက်က ၃၀ကျော်ပဲရှိပါတယ်။ ဒါပေမယ့်လည်း ဖော်ပြချက်အရတော့ တစ်ပုံတည်းနဲ့ကျော်သွားနိုင်တယ်ဆိုတော့ ယိုပေါက်ရှိနေတာကို ပြသလိုက်တာပါ။ ဒါဟာ Alcatel, BlackBerry, Huawei, Lenovo, Nokia, Sony နဲ့ […]

Enterprise Knowledge Smartphone Smartphone Trending

၂၀၁၉ခုနှစ်အတွက် မိုဘိုင်းလ်ဈေးကွက်ကို ကြိုတင်ခန့်မှန်းကြည့်ရအောင်

Zawgyi Version ၂၀၁၉ခုနှစ်ကတော့ ရူးရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေအများကြီး တွေ့မြင်ရမှာမို့ ရူးခါနေအောင် ခံစားရမှာပါ။ အသစ်အဆန်းတွေဆိုပေမယ့်လည်း လုံးဝအသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ့မြင်ဖူးကြပါတယ်။ ခံစားမှုကိုသာ ဆန်းသစ်သွားမှာပါ။ 5G ပစ္စည်းတွေ၊ ကင်မရာခပ်များများ စတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာမြှုပ်ထားတဲ့ လက်ဗွေစနစ်တွေကိုလည်း တွေ့မြင်ရဦးမှာပါ။ လက်ဗွေစနစ်က အနောက်ကနေ အရှေ့ကိုရောက်သွားတဲ့အခါ အနောက်ဘက်မှာ ကင်မရာတွေထည့်ဖို့ နေရာတိုးလာမှာဖြစ်သလို AI စနစ်တွေကိုလည်း ပူးပေါင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာအသစ်တွေအတွက်လည်း နေရာပေးနိုင်ပါပြီ။ ၁။ fingerprint sensor ကို မျက်နှာပြင်ပေါ်မှာထည့်သွင်းမယ့်ဖုန်းတွေများလာနိုင် ၂၀၁၈ခုနှစ်မှာ OEM အများစုက on-screen fingerprint sensor တွေကို အသုံးပြုလာကြမှာပါ။ တချို့လူတွေကတော့ မျက်နှာပြင်အောက်က လက်ဗွေစနစ်လို့လည်း ခေါ်ကြပါတယ်။ Vivo ကြောင့် ဒီနည်းပညာကိုမြင်တွေ့ခွင့်ရခဲ့တာမို့ […]

Knowledge Smartphone

အမေးအမြန်းမရှိဘဲ Facebook ကို ဒေတာတွေပို့နေတဲ့ အသုံးများသော app များ

Zawgyi Version MyFitnessPal, TripAdvisor နဲ့ အခြား app တွေက EU privacy law ကို ချိုးဖောက်နေပါတယ်။ ဒိတ်နဲ့ ကျန်းမာရေး app တွေပဲ privacy ကို ချိုးဖောက်ကာ Facebook ကို ဒေတာတွေပို့နေပါတယ်။ Privacy International ရဲ့ လေ့လာချက်တစ်ခုအရ လူသုံးများနေတဲ့ Android app ၃၄မှာ အနည်းဆုံး အခု၂၀လောက်က Facebook ကို အမေးအမြန်းမရှိဘဲ ဒေတာတွေပို့နေပါတယ်တဲ့။ အဲဒီအထဲမှာ Kayak, MyFitnessPal, Skyscanner နဲ့ TripAdvisor တို့လည်း ပါဝင်နေပါတယ်။ launch လုပ်လိုက်တဲ့အချိန်ကတည်းက စတင်ပြီးတော့ သင့်ရဲ့ unique Android ID ကို ပို့ပြီးတော့ နောက်ပိုင်းမှာ […]