Posted on Leave a comment
Android Pie ရဲ့ gesture navigation system အသစ်လေးကို ဘယ်လိုဖွင့်ပြီး သုံးကြမလဲ
Zawgyi Version
၎) Swipe up on home button လေးကိုနှိပ်လိုက်ပါ။
Unicode Version
Android navigation ရဲ့ အခြေခံမှပြောင်းလဲမှုတွေကိုကြည့်လိုက်ရအောင်။
Android Pie ရဲ့ consumer launch ကတော့ အတော်လေးရင်ခုန်စရာကောင်းပါတယ်။ ကျွန်တော်တို့ရင်းနှီးနေခဲ့တဲ့ back,home,recents ခလုတ်လေးတွေကို ခလုတ်မသုံးဘဲ ဘယ်လိုသုံးကြမလဲဆိုတာပေါ့။ ဒီလိုပြောင်းလဲမှုကတော့ အတော်လေးအဆင်ပြေအောင် လုပ်ဆောင်ပေးထားပါတယ်။
ဒါပေမယ့်လည်း Android Pie ကို ဖုန်းမှာသွင်းလိုက်တဲ့အခါမှာ ပြောင်းလဲမှုကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။ ဒီတော့ ခံစားချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။
၁) Settings ကို ဖွင့်လိုက်ပါ။
၂) အောက်ကိုဆင်းပြီး System ကို နှိပ်လိုက်ပါ။
၃) Gestures ကိုရှာပြီး နှိပ်လိုက်ပါ။
၄) Swipe up on home button လေးကိုနှိပ်လိုက်ပါ။
၅) Toggle လေးကို ဖွင့်လိုက်ပါ။ navigation button လေးတွေပြောင်းသွားတာကို ချက်ချင်းသတိထားမိမှာပါ။ နာမည်ပေးထားတာထူးဆန်းတာနဲ့ ထားတဲ့နေရာပြောင်းသွားပေမယ့်လည်း ရိုးရှင်းတဲ့လုပ်ငန်းစဉ်လေး ဖြစ်ပါတယ်။
ကဲဒီတော့ ဘယ်လိုသုံးရလဲသိဖို့လိုလာပါပြီ။ ကြည့်လိုက်ရအောင်လားဗျ။
Android P gesture navigation system
– home သွားချင်တယ်ဆိုရင် home ခလုတ်လေးကို နှိပ်လို့ရပါတယ်။ မပြောင်းပါဘူး။
– app ဒါမှမဟုတ် view တစ်ခုထဲရောက်နေတဲ့အချိန်မှာ back ခလုတ်လေးကို အသုံးပြုနိုင်ပါတယ်။ သူကတော့ home ခလုတ်ရဲ့ဘေးမှာပေါ်နေမှာဖြစ်လို့ မြင်သားကျနေမှာပါ။
– home ခလုတ်လေးကို အပေါ်ပင့်လိုက်မယ်ဆိုရင်တော့ app drawerလေး ပွင့်လာမှာပါ။ ဒါမှမဟုတ်လည်း home ခလုတ်လေးကို ပင့်တင်လိုက်ပြီး နောက်တစ်ကြိမ်ပင့်လိုက်မယ်ဆိုရင်တော့ app drawerလေး ပွင့်လာမှာပါ။
– home ခလုတ်လေးကို ပင့်တင်လိုက်တာနဲ့ multitasking view ကိုရောက်သွားမှာပါ။
— ဘယ်ညာပွတ်ဆွဲမယ်ဆိုရင်တော့ List ကို ရွှေ့မှာဖြစ်ပြီးတော့ ရွေးချယ်ဖို့အတွက် ထိရမှာဖြစ်ပါတယ်။
— list ထဲကနေ app တွေဖယ်ချင်တယ်ဆိုရင်တော့ အပေါ်ကိုပင့်ရမှာပါ။
— “split screen” view ဝင်ဖို့အတွက် app icon ထိပ်နားလေးကို ဖိကိုင်ထားပါ။
— view ထဲမှာရှိနေတဲ့ app တွေက live ဖြစ်နေမယ်ဆိုရင်တော့ multitasking view မှာ ရှိနေတုန်း select, copy and paste text လုပ်နိုင်မှာပါ။
Android P gesture navigation system
– home ခလုတ်လေးကို ညာဘက်ဆွဲပြီးတော့ ဖိထားမယ်ဆိုရင်တော့ app တွေကြားကို ဖြည်းညင်းစွာ ကူးပြောင်းနိုင်မှာပါ။ အလယ်ခေါင်က app ကိုဖွင့်ချင်ရင်တော့ လွှတ်လိုက်ပါ။
– home ခလုတ်လေးကို ညာဘက်ဆွဲပြီးတော့ မြန်မြန်လေးလွှတ်လိုက်မယ်ဆိုရင်တော့ အရင်ဖွင့်ထားတဲ့ app ကို ရောက်သွားမှာဖြစ်ပါတယ်။
Android P gesture navigation system
Android ဖုန်းကိုသုံးနေတဲ့ပုံစံကို တစ်မူထူးခြားပြောင်းလဲသွားစေနိုင်ပါတယ်။ ခလုတ်လေးတွေမလုပ်နိုင်တဲ့ဖြစ်ရပ်လေးတွေကို ခံစားမိစေမှာပါ။ ဖုန်းဘာလုပ်နေလဲဆိုတာကိုကြည့်ပြီးတော့ ဒီဇိုင်းကာလာအနေအထားပြောင်းလဲပေးသွားမှာပါ။ ဒီတော့ အနာဂတ်အတွက် လမ်းစတွေအများကြီး ပွင့်လာမယ်လို့ ပြောချင်ပါတယ်။
Posted on Leave a comment
Bixby ကို ဘယ်လိုပိတ်ကြမလဲ
Zawgyi Version
၎) Settings ကို နှိပ်လိုက်ပါ။
Unicode Version
Galaxy ရဲ့ စိတ်ပျက်စရာကောင်းတဲ့ feature ကို ပိတ်ရအောင်။
Samsung က Galaxy S8 မှာ Bixby လေးကို ကြေညာခဲ့ပြီးနောက်မှာတော့ ပထမဆုံးနေရာမှာရှိနေတဲ့ Bixby လေးကို ဘယ်လိုပိတ်ရမလဲဆိုတဲ့မေးခွန်းတွေ မေးလာကြပါတယ်။ Galaxy S9 မှာတော့ အသံပိုကျယ်လာခဲ့ပါတယ်။
hardware ကတော့ ပြောင်းလဲလို့မရနိုင်ဘူးဆိုတော့ ကျွန်တော်တို့ software ကို ပြောင်းလဲကြည့်မယ်။ ဒီတော့ Bixby Voice ကနေ ရုန်းထွက်ချင်သူများအတွက် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။
Bixby ကို ဘာကြောင့်ပိတ်ချင်ရတာလဲ။
Bixby button ရဲ့ တည်နေရာက စိတ်ပျက်စေပါတယ်။ ခလုတ်လေးဟာ အသံခလုတ်ရဲ့အောက်မှာရောက်နေပြီး ပါဝါခလုတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ Galaxy S9+ နဲ့ Note 8 တို့လို ဖုန်းကြီးတွေမှာ မတော်တဆနှိပ်မိပြီးတော့ Bixby ကို ဖွင့်မိသွားတတ်ပါတယ်။ ကင်မရာကိုဖွင့်ချင်လို့ ပါဝါခလုတ်ကိုနှစ်ချက်နှိပ်လိုက်ချိန်မှာလည်း ဖြစ်သွားတတ်ပါတယ်။
Bixby button လေးက အခြားလုပ်ဆောင်ချက်တွေကိုလုပ်လို့မရပါဘူး။ သုံးချင်သုံး မသုံးချင်နေဆိုတဲ့သဘောပါ။ ဒါပေမယ့်လည်း လူအတော်များမာျးကတော့ သူ့ရဲ့တည်ရှိမှုလေးကို ဖျောက်ပစ်ချင်ကြပါတယ်။
Bixby button ကို ဘယ်လိုပိတ်ကြမလဲ။
Bixby ကို နှစ်မျိုးခွဲခြားလို့ရပါတယ်။ Bixby Voice နဲ့ Bixby Home ပါ။ Voice ကတော့ Bixby button လေးကိုခဏဖိထားမယ်ဆိုရင် walkie-talkie-style နဲ့ပြောနိုင်မှာ ဖြစ်ပါတယ်။ အသုံးဝင်တယ်ဆိုပေမယ့်လည်း အလုပ်မဖြစ်တဲ့အခါမျိုးမှာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် Bixby Home ကို မပိတ်ချင်မှာ ဒီကောင့်ကိုအရင်ပိတ်ချင်လောက်ပါတယ်။
၁) Samsung home screen ကို ရောက်နေချိန်မှာ Bixby Home မရောက်ခင်အထိ ညာဘက်ကို ဆွဲလိုက်ပါ။
၂) Bixby button ကို ဖိထားလိုက်ပါ။
၃) အပေါ်ဘားလေးက အစက်သုံးစက်လေးကိုနှိပ်လိုက်ပါ။
၄) Settings ကို နှိပ်လိုက်ပါ။
၅) Bixby Voice ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။
ဒါလေးပါပဲ။ အခုဆိုရင်တော့ Bixby Voice လေးက မတော်တဆဖိမိသွားမယ်ဆိုရင်တောင်မှ ပေါ်မလာနိုင်တော့ပါဘူး။ နောက်တစ်ခုကတော့ ကျွန်တော်တို့ Bixby Home ကို ကာကွယ်ပိတ်ပင်ကြရအောင်။
Bixby button လေးကို ဘယ်လိုပိတ်ကြမလဲ။
အခုဆိုရင်တော့ Bixby Voice လေးက ပိတ်ပြီးပါပြီ။ ကျန်နေတာကတော့ Bixby Home ကို ပိတ်ဖို့ပါပဲ။
၁) ဘယ်ဘက်မှာရှိတဲ့ Bixby button လေးကို ဖိလိုက်ပါ။
၂) အပေါ်ကမီနူးဘားလေးရဲ့ Settings ခလုတ်လေးကိုနှိပ်လိုက်ပါ။
၃) Bixby Key ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။
ဒါပါပဲ။ အခုဆိုရင်တော့ Bixby button တစ်ချက်နှိပ်ကြည့်လိုက်ပါ။ Bixby Home ပေါ်မလာနိုင်တော့ပါဘူး။
home screen ကနေ Bixby Home ကို ဘယ်လိုပိတ်ကြမလဲ။
နောက်ဆုံးအနေနဲ့ Bixby ကို လုံးဝပိတ်တော့မှာဖြစ်လို့ Home screen မှာလည်း သုံးလို့မရအောင် လုပ်တော့မှာပါ။
၁) home screen ကနေ လွတ်တဲ့နေရာလေးမှာ မီနူးလေးမပေါ်မချင်း ဖိထားလိုက်ပါ။
၂) ဘယ်ဘက် home panel ကိုရောက်သွားအောင် ညာဘက်ကိုဆွဲလိုက်ပါ။
၃) Bixby Home ကိုပိတ်လိုက်ပါ။
အခုဆိုရင်တော့ Bixby button ကနေဖြစ်ဖြစ် Bixby Home screen ကနေဖြစ်ဖြစ် Bixby မပေါ်လာတဲ့အတွက်ကြောင့် စိတ်အေးချမ်းသာနေနိုင်ပါပြီ။
ပြန်လိုချင်လား အပေါ်ကအဆင့်တွေကို ပြန်ပြောင်းလုပ်လိုက်ပါ။ အဆင်ပြေကြပါစေခင်ဗျာ။
Posted on Leave a comment
Android 9.0 Pie မှာ notification နဲ့ပတ်သတ်ပြီးအသစ်အဆန်းများအကြောင်း
Zawgyi Version
notifications android 9 0 pie p 1
notifications android 9 0 pie p 4
SMART REPLIES
google smart reply messaging apps 1
DO NOT DISTURB
Unicode Version
Android 9.0 Pie ကလည်း အသစ်ထွက်လာပြီဆိုတော့ feature အသစ်နဲ့ update အသစ်တွေထည့်သွင်းပေးလိုက်လို့ သင့်ရဲ့ Android ခံစားမှုကို ပြောင်းလဲသွားစေနိုင်ပါတယ်။ Google က notification နဲ့ပတ်သတ်ပြီးတော့ အတော်များများပြောင်းလဲလိုက်ပါတယ်။ လုပ်ဆောင်ချက်အတော်များများလည်း ပါဝင်လာတာကို တွေ့မြင်ရပါတယ်။
Android 9.0 Pie မှာ ဘာတွေများပြောင်းလဲသွားသလဲဆိုတာမျိုး သိချင်နေလား။ ဒါကြောင့် ကျွန်တော်တို့သိထားတဲ့အကြောင်းအရာတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
NOTIFICATIONS SHADE ပြောင်းလဲခြင်း
feature အသစ်တွေကိုမသွားခင်မှာ အမြင်ပိုင်းပြောင်းလဲမှုလေးတွေကို အရင်ပြောလိုက်ရအောင်လားဗျာ။ နည်းနည်းလေးပြောချင်ပါတယ်။ Android 9.0 Pie ကို ရောက်တဲ့အခါမှာ notifications shade လေးက card ဆန်ဆန်ဖြစ်လာပြီးတော့ notification တစ်ခုချင်းစီတိုင်းအတွက် အပိုင်းတစ်ခုစီထည့်သွင်းထားပြီးတော့ ထောင့်လေးတွေလည်း လုံးဝန်းထားပါတယ်။
task bar ပေါ်က notification icon ကိုလည်း လေးခုလောက်အထိ လျှော့ချထားပါတယ်။ quick settings မှာလည်း အရောင်အသွေးတွေ ပိုများလာပါတယ်။ “manage notifications” ဆိုတဲ့ခလုတ်လေးလည်း ပါဝင်လာပါတယ်။
ရလာတဲ့ NOTIFICATIONS ကို ပြင်ဆင်ခြင်း
Android 9.0 Pie ကတော့ ရလာတဲ့ notifications အမျိုးအစားတွေကို ပြင်ဆင်စီမံနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ လွယ်ကူအောင်လည်း လုပ်ပေးထားပါတယ်။ ဘယ်လို app မျိုးက သင့်ကို notifications ပို့လို့ရမလဲဆိုတာကအစ ချိန်နိုင်မှာပါ။ အသုံးဝင်တဲ့ feature လေးဖြစ်ပြီး အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေလည်း ရှိနေပါသေးတယ်။
စစချင်းအနေနဲ့ notifications အချို့ကိုပိတ်ထားလို့ရပါတယ်။ notification တစ်ခုထွက်လာပြီးတော့ အရေးမပါဘူးလို့ ခံစားရတယ်ဆိုရင် notification ကို ဖိထားပြီးတော့ i ပုံစံလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ app ရဲ့ setting ထဲကို ရောက်သွားမှာပါ။ Notifications ကို နှိပ်လိုက်တာနဲ့ app ကနေပို့မယ့် notifications ပေါင်းများစွာကိုတွေ့မြင်ရမှာပါ။ တစ်ခုချင်းစီတိုင်းမှာလည်း အမှန်ခြစ်လေးတွေရှိပါတယ်။ လွယ်ချင်တယ်ဆိုရင်တော့ အကုန်လုံးကို အမှန်ခြစ်ဖြုတ်ပြီးတော့ လိုအပ်တာလေးကိုပဲ အမှန်ခြစ်ထည့်လိုက်ပါ။
အချိန်တွေကြာလာတာနဲ့အမျှ notifications လေးတွေကို ပြင်ဆင်လိုက်ခြင်းက ဘယ်လောက်တောင် အရေးပါသလဲဆိုတာကို သိလာမှာပါ။
SMART REPLIES
နောက်တစ်ခုကတော့ Smart Replies လို့ခေါ်တဲ့ ရလာတဲ့မက်ဆေ့ချ်တွေကို အလိုလျောက်ပြန်ပေးသွားမယ့် feature လေးဖြစ်ပါတယ်။ app တစ်ခုကနေ မက်ဆေ့ချ်ရောက်လာပြီဆိုရင် ပို့နိုင်တဲ့ မက်ဆေ့ချ်လေးတွေကို မြင်ရမှာပါ။ ပြီးတော့မှ သင့်စိတ်ကြိုက်စာသားလေးတွေကို ရိုက်နေစရာမလိုအပ်ဘဲ အသင့်ပြန်လိုက်ရုံပါပဲ။ Smart Replies ဟာ app အနည်းငယ်အတွက်သာ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ကျယ်ပြန့်လာနိုင်ပါတယ်။
DO NOT DISTURB
Do Not Disturb ကတော့ Android ရဲ့ နောက်ဆုံးဗားရှင်းကို ထပ်ပြီးတော့ ပြင်ဆင်ထားပါတယ်။ Android 9.0 Pie ကတော့ Do Not Disturb ကို ကိုယ်တိုင်ပြင်ဆင်နိုင်မှာပါ။ ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ quick settings ကနေ Do Not Disturb icon လေးကို ဖိထားလိုက်ပါ။ အဲဒီနောက်မှာတော့ Behavior, Exceptions နဲ့ Schedule ဆိုပြီးတော့ တွေ့မြင်ရမှာပါ။
Behavior ဆိုတာကတော့ Do Not Disturb က လုပ်ထားတဲ့အရာလေးတွေကို ပြန်လည်ဖြည်လို့ရပါတယ်။ များသောအားဖြင့် alarm နဲ့ အဆက်မပြတ်ဖုန်းခေါ်ဆိုမှုတွေတော့ ဖြည်လို့မရပါဘူး။
Exceptions ကတော့ whitelist contacts ဒါမှမဟုတ် ဖုန်းခေါ်ဆိုမှုတွေအပြင် reminders နဲ့ events တွေကိုလည်း ဖြည်ထားလို့ရပါတယ်။ Schedule ကတော့ Do Not Disturb ကို အချိန်တစ်ခုအတွင်းမှာ ပွင့်အောင် လုပ်ပေးနိုင်ပါတယ်။
Posted on Leave a comment
Android Pie မှာ Connection တွေအဆင်မပြေဖြစ်နေခြင်းကို ဖြေရှင်းနည်း
Zawgyi Version
Unicode Version
သင့်ရဲ့ဖုန်းလေးကို Android 9.0 Pie ကို မြှင့်ပြီးပြီဆိုရင်တော့ internet connection နဲ့ပတ်သတ်ပြီးတော့ အခက်တွေ့မှုလေးတွေကို ခံစားနေရလာက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ “Turn On Wi-Fi Automatically” ကြောင့်ပါပဲ။ Android Pie အသုံးပြုထားတဲ့ဖုန်းတွေအားလုံးမှာ default ပွင့်နေတဲ့အတွက်ကြောင့်ပါ။ ဒီတော့ Essential ဒါမှမဟုတ် OnePlus ဖုန်းတွေမှာလည်း ဒီလိုဖြစ်နေမယ်ဆိုရင်တော့ လိုက်လုပ်ကြည့်လိုက်ပါ။
ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဒီ setting ကိုအသုံးပြုရတာ အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ ဒီ setting လေးဟာ Wi-Fi ကို နေ့အချိန်မှာ ပိတ်ထားပေးပြီးတော့ အိမ်ပြန်ရောက်တဲ့အခါမှ အလိုအလျောက်ချိတ်ပေးဖို့အတွက် အသုံးဝင်ပါတယ်။ တစ်ဖက်မှာလည်း အခြားသော Wi-Fi connection လေးတွေကို save လုပ်ထားဖို့ အသုံးဝင်ပါသေးတယ်။ ဒီတော့ Wi-Fi ကို အလိုအလျောက်ချိတ်ဆက်စေချင်လား။ လိုင်းမကောင်းရင်တောင်မှပေါ့လေ။
ဒီတော့ ဘယ်လိုမျိုး ပိတ်ကြမလဲ။
ကံကောင်းတာတစ်ခုကတော့ “Turn on Wi-Fi Automatically” ကို ပိတ်ချင်တယ်ဆိုရင်တော့ အလွယ်လေးပါပဲ။ Settings app ကို ဖွင့်လိုက်ပြီးတော့ “Network & Internet” ကို ရွေးလိုက်ပါ။ “Wi-Fi” ကို ရွေးလိုက်ပြီးတော့ “Wi-Fi preferences” ကို ထပ်မံရွေးချယ်လိုက်ပါ။
“Turn on Wi-Fi automatically” လေး ပိတ်ထားတာ သေချာပါစေ။
အဲဒီ feature လေးဟာ Android Pie ကို update လုပ်ပြီးချိန်မှာ အလိုအလျောက်ပိတ်ပြီးသား ဖြစ်နေနိုင်ပါသေးတယ်။ Android Oreo သုံးထားတဲ့ Pixel device တွေမှာလည်း ပိတ်ထားပြီးသားပါ။ ဒါဆိုရင်တော့ အခြားဖြေရှင်းနည်းကို လိုက်ရှာရမှာပါ။ “Connect to open networks” ကို ပိတ်ထားတာ သေချာပါစေ။
Posted on Leave a comment
PC ထဲကို iPhone photo album အလွယ်ဆုံးနည်းနဲ့ ကူးကြမယ်
Zawgyi Version
ကြည့်လိုက်ရအောင်။
Unicode Version
မလိုအပ်တဲ့နည်းလမ်းတွေကို ကြည့်နေမယ့်အစား ဒီဟာလေးကို စမ်းကြည့်လိုက်ပါ။
ဒီတပတ်ကတော့ စပါယ်ရှယ်ပရောဂျက်တစ်ခုရှိပါတယ်။ သမီးရဲ့ဘွဲ့ရပါတီလေးလုပ်ရတော့မယ်လေ။ ဒီတော့ ဓါတ်ပုံတွေကို photo slideshow လေးလုပ်ပေးချင်တယ်။ ကျွန်တော်တို့ဆီမှာ iPhone ထဲကပုံလေးတွေရှိသလို အဲဒီပုံလေးတွေက အမှတ်တရများစွာကို ပြောပြနိုင်တယ်လေ။ ဒီတော့ laptop ထဲကိုမြန်မြန်ကူးပြီး slideshow-builder ထဲ ဘယ်လိုထည့်ကြမလဲ။
ခက်ခဲတဲ့အရာပဲဆိုတာ လုပ်ကြည့်မှပဲသိတော့တယ်။ ကျွန်တော်တို့ရဲ့ပုံတွေအားလုံးကို online iCloud အကောင့်ထဲမှာ ထည့်ထားပါတယ်။ ဒါပေမယ့်လည်း Apple က ပုံအများကြီးကို ဒေါင်းလုတ်ဆွဲခွင့်ပေးမထားပါဘူး။
ပြီးတော့ Apple က Windows တွေအတွက် AirDrop option ပေးမထားပါဘူး။ ဒီတော့ third-party app တွေလိုက်ရှာသုံးရပါတော့တယ်။ ဒါပေမယ့်လည်း သုံးကြည့်လိုက်တော့ အဆင်မပြေတာများပါတယ်။
PC ကို iPhone လေးတပ်ပြီးတော့ Explorer ထဲက DCIM folder လေးကိုဖွင့်လိုက်တဲ့အချိန်မှာ ပုံတွေအများကြီးက ကျပန်းစီထားပါတယ်။ ကျွန်တော်လိုချင်တာက သမီးနာမည်လေးနဲ့ထားတဲ့ album လေးပါ။
ဒီတော့ ကြိုးစားခဲ့ပေမယ့်လည်း အချိန်ကုန်၊ လူပန်းဖြစ်ခဲ့ပါတယ်။ ကျေးဇူးတင်စရာကောင်းတာကတော့ EaseUS MobiMover လေးကိုရှာတွေ့ခဲ့ပါတယ်။ ဒီကောင်လေးက album တစ်ခုချင်းစီကို Windows or Mac system အတွက် ကော်ပီကူးပေးနိုင်ပါတယ်။
ကြည့်လိုက်ရအောင်။
Step 1: MobiMover ကို Download ပြီး install လုပ်လိုက်ပါ။
Step 2: iPhone ကို PC နဲ့ USB ကြိုးနဲ့ချိတ်ဆက်လိုက်ပါ။ ပထမဆုံးအကြိမ်လုပ်တာဆိုရင်တော့ Windows ကလိုအပ်တဲ့ driver သွင်းတာကို စောင့်ပေးရပါမယ်။ ပြီးတော့ ဖုန်းမှာ “trust” လုပ်ပေးရမှာပါ။
Step 3: MobiMover ကို ဖွင့်လိုက်ပါ။ ချိတ်ဆက်ပြီးတာနဲ့ iPhone ကိုနှိပ်လိုက်ပြီးတော့ Album ကိုရွေးလိုက်ပါ။
Step 4: စိတ်ကြိုက် album ကို ရွေးပြီးတာနဲ့ Transfer ကို နှိပ်လိုက်ပါ။
Step 5: သိမ်းချင်တဲ့နရာကို ရွေးပြီးတော့ Select Folder ရွေးလိုက်ပါ။ ချက်ချင်းကူးပါလိမ့်မယ်။
မှတ်ထားရမှာတစ်ခုကတော့ Windows မှာ HEIC file format ကိုကြည့်လို့မရပါဘူး ဒီတော့ ဘယ်ပုံကူးနေလဲဆိုတာ မြင်ချင်မှမြင်မရမှာပါ။ Windows app store မှာတော့ free HEIC codec လေး ဒေါင်းဖို့ရှိပါတယ်။
Posted on Leave a comment
Android ရဲ့ Multiple Users နဲ့ Guest Access ဆိုတာဘာလဲ
Zawgyi Version
Unicode Version
Lollipop (Android 5.x) နှင့်အထက်ကိုအသုံးပြုနေတဲ့ Android စမတ်ဖုန်းတွေမှာ အကောင့်တွေဖန်တီးပြီးတော့ အသုံးပြုလို့ရနေပါပြီ။ ဒီတော့ ဖုန်းပိုင်ရှင်မဟုတ်တဲ့သူတစ်ယောက်က guest အဖြစ်နဲ့ ဝင်ပြီးအသုံးပြုမယ်ဆိုရင် ဖုန်းပိုင်ရှင်သုံးထားတဲ့ app တွေမှာ အချက်အလက်တွေဘာရှိရှိ တွေ့မြင်ရမှာမဟုတ်ဘဲ မိမိနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုသာ တွေ့မြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီတော့ သူစိမ်းတွေရှေ့မှာ ကိုယ့်ရဲ့အချက်အလက်တွေ(ဓါတ်ပုံ၊ မက်ဆေ့ချ်၊ စတာတွေ)ကို တွေ့မြင်မှာ စိတ်ပူတယ်ဆိုရင်တော့ သင်ဟာ guest အကောင့်ကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ guest mode ထဲမှာတော့ log in ဝင်စရာမလိုအပ်ဘဲ ဖုန်းကို ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ဖိုင်တွေထိပါးမှာလည်း စိတ်ပူနေစရာမလိုအပ်တော့ဘူးပေါ့။
သင့်ရဲ့ iPhone ကို အခြားတစ်ယောက်ကို ငှားရမ်းအသုံးပြုတဲ့ဖြစ်ရပ်မျိုးက ရှားပါးတယ်ဆိုပေမယ့်လည်း iPad ကိုတော့ အများသုံးအဖြစ်နဲ့ အသုံးပြုတဲ့ဖြစ်ရပ်က ရှိနိုင်ပါတယ်။ ဒါပေမယ့် i device တွေမှာတော့ ဒီလိုfeature ကို ထည့်သွင်းပေးထားခြင်းမရှိပါဘူး။ iPad တွေမှာ ဒီလိုfeature ထည့်သွင်းပေးထားမယ်ဆိုရင်တော့ အလွန်အသုံးဝင်တဲ့ feature တစ်ခုဖြစ်လာမှာပါ။
ဒီတော့ guest mode တို့၊ multiple user တို့ကို နားလည်သွားပြီဆိုရင်တော့ ဘယ်လိုအသုံးပြုရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကျွန်တော်ကတော့ Huawei Nova 3e လေးနဲ့ စမ်းသပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော့ဖုန်းမှာတော့ Settings->Users & accounts ->Users ထဲကိုသွားလိုက်ပါတယ်။ အဲဒီမှာ Owner အကောင့်နဲ့ Guest အကောင့်ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ Add user ဆိုတဲ့ option လေးကိုလည်း တွေ့မြင်နိုင်ပါတယ်။ မိသားစုဝင်တစ်ယောက်ချင်းစီအလိုက် အကောင့်လုပ်ပေးထားလို့ရပါတယ်။ အကောင့်လုပ်ပြီးသွားပြီဆိုတာနဲ့ Switch User လုပ်မလား(အကောင့်ပြောင်းလား) မေးပါတယ်။ ဒီတော့ Switch user ဆိုပြီးတော့ စမ်းကြည့်လိုက်ပါတယ်။
အဲဒီမှာ သတိပေးချက်လေးတွေ တက်လာပါတယ်။
၁။ ကိုယ်ယုံကြည်ရတဲ့သူတွေနဲ့သာ မျှဝေသုံးစွဲသင့်ပါတယ်။
၂။ owner က ကိုယ်သုံးနေတဲ့ app တွေနဲ့ ကိုယ့်အချက်အလက်တွေကို ဖျက်ပစ်နိုင်တယ်။
၃။ အခြားသုံးစွဲသူတွေကလည်း ကိုယ့်app တွေကို update လုပ်နိုင်တယ်။
၄။ တချို့ feature တွေကတော့ guest အနေနဲ့ သုံးတာဖြစ်လို့ သုံးခွင့်မရဘဲ မှိန်နေမှာပါ။
ဒီအဆင့်ပြီးသွားရင်လည်း Cancel and remove new user ဆိုပြီးတော့ စိတ်ပြောင်းမလား ထပ်မေးဦးမှာပါ။ Next ကို နှိပ်လိုက်ပါမယ်။
Terms & Conditions ကို Agree လုပ်ပေးလိုက်ပါ။ Agree ထပ်နှိပ်လိုက်ပါ။
User Experience Improvement Project ကို Join မလားဆိုတော့ Later နှိပ်လိုက်ပါ။
အဲဒီနောက်မှာတော့ ကျွန်တော်တို့ ဖုန်းအသစ်တစ်လုံးစတင်အသုံးပြုချိန်ကို ပြန်လည်ရောက်ရှိသွာသလို ခံစားရမှာပါ။ Google အကောင့်တွေထည့်ခိုင်းမယ်။ Password ထည့်ခိုင်းမယ်။ ပြီးရင်တော့ Stock Android ကို တွေ့မြင်ရပြီး အသုံးပြုနိုင်မှာပါ။ Gallery ထဲမှာလည်း အရင်တုန်းက ရိုက်ထားတဲ့ပုံတွေမရှိတော့ဘဲ ဖုန်းအသစ်တစ်လုံးကို ကိုင်နေရသလိုခံစားရပါတယ်။
ဒီတော့ ကျွန်တော်တို့ အရင် owner အကောင့်ကို ဘယ်လိုပြန်သုံးကြမလဲ။ Notification Area ကို သွားလိုက်ပြီးတော့ လူပုံစံလေးကို နှိပ်လိုက်ပါ။ အဲဒီမှာ အကောင့်ချိန်းလို့ရပါတယ်။ password မှန်ရင် ဝင်လို့ရပါပြီ။
ကိုယ့်ရဲ့အချက်အလက်တွေကို လုံခြုံအောင် ကာကွယ်နိုင်ကြပါစေ။
Posted on Leave a comment
၂။ သီချင်းများ
၃။ App များ
၅။ အခြားအရာများ
ref : mashable
unicode
သင့်ဖုန်းမှာ Storage ပြည့်သွားရင် ဒါတွေကို အရင်ရှင်း
သင့်ဖုန်းမှာ ဗီဒီယို၊ ဓါတ်ပုံများနဲ့ Apps များကို ထည့်သွင်းလာတာနဲ့အမျှ ဖုန်းရဲ့ Storage ဟာ ပြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာယူထားတဲ့ အရာများကို သေချာစွာ သိထားဖို့ လိုအပ်ပါတယ်။ iPhone မှာတော့ Settings> General > Usage ထဲသွားရင် သင့်ဖုန်းမှာ နေရာ အယူဆုံး Apps များကို အစဉ်လိုက် ပြသပေးထားမှာ ဖြစ်ပါတယ်။
Android Smartphone များမှာလည်း ဒီလို Usage Menu ရှိပါတယ်။ များသောအားဖြင့် Settings သို့မဟုတ် My Device App ထဲမှာ ကြည့်နိုင်ပါတယ်။ Apps များအပြင် သင့်ဖုန်းမှာ နေရာအများဆုံး ယူထားတဲ့ အခြားအရာများ ရှိပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ Storage နေရာပြည့်သွားရင် အရင်ဆုံး ဖယ်ရှားရမယ့် အရာများကို ဖော်ပြလိုက်ပါတယ်။
၁။ ဓါတ်ပုံနဲ့ ဗီဒီယိုများ
ဗီဒီယိုဖိုင်များဟာ အရွယ်အစား ကြီးမားကြပါတယ်။ HD Video တစ်ကားရဲ့ တစ်မိနစ်စာဟာ 78MB လောက် ရှိပါတယ်။ ဗီဒီယိုများဟာ သင့်ဖုန်းမှာ အဓိက နေရာယူထားတဲ့ အရာများ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာလွတ် မရှိတော့ရင် ဗီဒီယိုများကို သင့် ကွန်ပြူတာ သို့မဟုတ် External Hard Drive များထံ ကူးပြောင်းသင့်ပါတယ်။
ခေတ်ပေါ် စမတ်ဖုန်းများဟာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများကိုလည်း ရိုက်ကူးပေးနိုင်လာပါပြီ။ ဓါတ်ပုံများရဲ့ အရည်အသွေး မြင့်မားလာလေလေ ၊ ဖိုင် အရွယ်အစား ကြီးမားလာလေလေ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာလွတ် မရှိတော့ရင် ဓါတ်ပုံများကို Cloud များမှာ သိမ်းဆည်းခြင်း၊ ကွန်ပြူတာ သို့မဟုတ် External Hard Drive များထံ ကူးပြောင်းခြင်းများကို ပြုလုပ်သင့်ပါတယ်။
၂။ သီချင်းများ
MP3 တစ်ပုဒ်ဟာ 3MB လောက် နေရာယူပါတယ်။ သီချင်း အယ်လ်ဘမ် တစ်ခုဟာ 30MB ကျော် နေရာယူပါတယ်။ အဲဒီအတွက် သင့်ဖုန်းရဲ့ Storage ပြည့်သွားရင် သီချင်းများကို ဖုန်းကနေ အရင်ဆုံး ဖယ်ရှားသင့်ပါတယ်။ Spotify လို အွန်လိုင်း အခြေပြု သီချင်း ထုတ်လွှင့်ပေးတဲ့ ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါတယ်။
၃။ App များ
App အများစုက နေရာ အရမ်း မယူကြပါဘူး။ ဒါပေမယ့် သင့်ဖုန်းမှာ App များစွာ ထည့်သွင်းထားရင်တော့ အသုံးမပြုတဲ့ App များကို ဖယ်ရှားသင့်ပါတယ်။ iPhone မှာ App ကို ဖိထားပြီး Uninstall လုပ်နိုင်ပါတယ်။ Android စမတ်ဖုန်းများမှာလည်း အဲဒီနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Android မှာ Widgets နဲ့ ဖိုဒါများကလည်း နေရာယူကြပါတယ်။ အဲဒီအတွက် Manage My Applications ထဲမှာ အဲဒါတွေကို ဖယ်ရှားနိုင်ပါတယ်။
၄။ Cache များကို ရှင်းလင်းပါ။
သင် ဖုန်းကို အသုံးပြုတဲ့ အချိန် ကြာလာတာနဲ့ အမျှ သတင်းအချက်အလက်များ ပိုမို ပြည့်လာမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အမှိုက်ဖိုင်များလည်း ပါဝင်ပါတယ်။ Android မှာ Manage My Applications ထဲသွားပြီး App တစ်ခုချင်းစီရဲ့ Cache ခေါ် အမှိုက်ဖိုင်များကို ရှင်းလင်းနိုင်ပါတယ်။ App အားလုံးရဲ့ Cache များကို တစ်ပြိုင်နက် ရှင်းလင်းပေးတဲ့ Cleaner App များကိုလည်း သုံးနိုင်ပါတယ်။ iPhone မှာတော့ Usage ထဲမှာ ဖျက်နိုင်တဲ့ App Data များကို ပြသပေးထားပါတယ်။
၅။ အခြားအရာများ
သင့်ဖုန်းမှာ နေရာလွတ်များ ရနိုင်မယ့် အခြားနည်းလမ်းများလည်း ရှိပါသေးတယ်။ သင့် ဘရောက်စာရဲ့ History များ၊ မလိုအပ်တော့တဲ့ Contacts များ၊ ပြီးဆုံးသွားတဲ့ Reminder များ၊ မှတ်စု အဟောင်းများ၊ SMS နဲ့ Messages အဟောင်းများကို ရှင်းလင်းခြင်းက နေရာလွတ်များ ရစေပါတယ်။
ref : mashable
Posted on Leave a comment
HomePod ကို Apple TV နဲ့ ဘယ်လိုချိတ်ဆက်မလဲ
Zawgyi Version
ဘာတွေလိုအပ်သလဲ
Unicode Version
HomePod လေးကို Apple TV ရဲ့ sound bar အဖြစ်နဲ့ ချိတ်ဆက်လိုပါသလား။
မကြာသေးခင်ကဝယ်ထားတဲ့4K UHD television set တွေက အသံအတွက် သိပ်ပြီးတော့ရင်းနှီးမထားတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် HomePod လေးဟာ Apple TV နဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုလိုက်ရင် အသံကောင်းကောင်းပေးနိုင်မယ်လို့ ကျွန်တော်တွေးလိုက်ပါတယ်။ HomePod ကို content ရှာခိုင်းတာမျိုး၊ Apple TV မှာ လိုင်းပြောင်းခိုင်းတာမျိုး သုံးမရပေမယ့်လည်း သူ့ကို sound bar အဖြစ်နဲ့ အသုံးပြုနိုင်ပါသေးတယ်။
ဘာတွေလိုအပ်သလဲ
HomePod ကို iPhone ၊ iPad နဲ့ ချိတ်ဆက်ရမှာပါ။ လက်ရှိမှာတော့ Apple TV နဲ့ တိုက်ရိုက်ချိတ်လို့အဆင်မပြေသေးပါဘူး။ ဒီတော့ HomePod တပ်ဆင်ခြင်းကို iPhone or iPad နဲ့ စတင်ရမှာပါ။
HomePod ကို ဘယ်လိုတွေတပ်ဆင်ကြမလဲ
Apple TV ကတော့ fourth-generation နှင့်အထက် ဖြစ်ရမှာပါ။
HomePod ကို Apple TV နဲ့ wifi network အတူတူမှာ ချိတ်ဆက်ပေးရမှာပါ။
Apple TV နဲ့ ဘယ်လိုချိတ်ဆက်ကြမလဲ
Apple TV Home screen ကိုရောက်ပြီဆိုရင်
1. Apple TV မှာ Settings ကို သွားလိုက်ပါ။
2. Video and Audio ကိုရွေးလိုက်ပါ။
3. Audio Output ကိုရွေးလိုက်ပါ။
4. Other Speakers နေရာမှာ HomePod ကို ရွေးပေးလိုက်ပါ။
ဒါမှမဟုတ်လည်း ဒီလိုလုပ်လို့ရသေးတယ်။
1. Siri Remote က Pause ကို သုံးစက္ကန့်လောက် ဖိထားပြီး AirPlay ကို ခေါ်လိုက်ပါ။
ဗွီဒီယိုကြည့်နေတယ်ဆိုရင်တော့
1. Info Center ပေါ်လာဖို့အတွက် Swipe down လုပ်လိုက်ပါ။
2. Audio tab ကိုသွားဖို့အတွက် Swipe right လုပ်လိုက်ပါ။
3. HomePod ကိုရွေးဖို့အတွက် Swipe down လုပ်လိုက်ပါ။
Stereo အသံအတွက် HomePod နှစ်လုံးကို ဘယ်လိုတပ်ဆင်မလဲ
Apple က 11.4 for iOS နဲ့ tvOS မှာ AirPlay 2 အတွက် ထောက်ပံ့ပေးလိုက်တဲ့အခါ HomePod နှစ်လုံးကိုချိတ်ဆက်ပြီးတော့ Apple TV နဲ့အတူ stereo experience ခံစားလို့ရနေပါပြီ။ ဧည့်ခန်းထဲမှာ တပ်ဆင်လိုက်တဲ့အခါ HomePod တစ်လုံးတည်းထက်တော့ ကောင်းမွန်လာပါတယ်။ stereo audio ဖန်တီးချင်တယ်ဆိုရင်တော့ HomePod နောက်တစ်လုံးဝယ်သင့်ပါတယ်။ နည်းပညာတွေက သင့်ကိုစောင့်ဆိုင်းနေပါတယ်။
Apple TV မှ HomePod ကို ဘယ်လိုမျိုး remove လုပ်မလဲ
Apple TV ရဲ့ အသံထွက်အနေနဲ့ မသုံးတော့တဲ့အခါမျိုးမှာ speaker option ကနေ ဖယ်လို့ရပါတယ်။
1. Apple TV ထဲက Settings ကိုသွားလိုက်ပါ။
2. Video and Audio ကိုရွေးလိုက်ပါ။
3. Audio Output ကိုရွေးလိုက်ပါ။
4. Other Speakers ထဲက HomePod ကို ရွေးလိုက်ပါ။
Posted on Leave a comment
HomePod Stereo ချိတ်ဆက်နည်း
Zawgyi Version
စလိုက်ရအောင်လား။
အေးဆေးပဲနော်။
Unicode Version
Apple က Apple ကို iOS 11.4 update အဖြစ်နဲ့ ထုတ်လုပ်ပေးလိုက်ပါပြီ။
AirPlay 2 ကို iOS 11.4 မှာ ထည့်ပေးလိုက်တဲ့အပြင် သူဟာ မျှော်လင့်ထားတဲ့ feature တွေ၊ ကြန့်ကြာနေတဲ့ feature တွေနဲ့အတူ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
AirPlay 2 ရဲ့ အဓိကfeature တစ်ခုကိုပြောပါဆိုရင်တော့ HomePod တွေနဲ့ချိတ်ဆက်ပြီးတော့ စတူရီယိုဖန်တီးလို့ရပါတယ်။ ဒီတော့ သင့်မှာ home စပီကာနှစ်ခုရှိမယ်ဆိုရင် အဆင်ပြေပါတယ်။ feature
အသစ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုတွေများဖြစ်လာမလဲဆိုတာ စမ်းသပ်ချင်စိတ်လေးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီစာကို ရေးဖြစ်ခဲ့တာပါ။
များများစားစားလုပ်စရာမလိုအပ်ဘဲနဲ့ HomePod stereo လေးကို ဖန်တီးနိုင်ပါတယ်။ သင့်မှာ HomePods နှစ်လုံးရှိရမယ် ပြီးတော့ iOS မှာလည်း 11.4 ကို တင်ထားရမှာပါ။
စလိုက်ရအောင်လား။
ရှိပြီးသား HomePod ထည့်ထားတဲ့ အခန်းထဲမှာပဲ HomePod နောက်တစ်လုံးကိုထားမယ်ဆိုုရင်တော့ stereo pair လုပ်နိုင်တာကို မြင်ရမှာပါ။ ဒါပေမယ့်လည်း iOS 11.4 ထွက်ပြီးမှ စမ်းမယ်ဆိုရင်တော့
အောက်ပါနည်းလမ်းတွေအတိုင်း လုပ်ဆောင်လိုက်ပါ။
အဆင့် ၁) ပထဆုံးအနေနဲ့ Home app ကို ဖွင့်လိုက်ပြီး HomePod နှစ်လုံးကို အခန်းတစ်ခုတည်းမှာ ထားလိုက်ပါ။
အဆင့် ၂) HomePod တစ်လုံးကို ဖိနှိပ်ထားလိုက်ပြီး Details ကို နှိပ်လိုက်ပါ။
အဆင့် ၃) Create Stereo Pair ဆိုတာလေးကို နှိပ်လိုက်ပါ။
အဆင့် ၄) ပြနေတဲ့ HomePods ထဲကတစ်လုံးကို ရွေးလိုက်ပါ။ HomePod ကို ပြောင်းချင်တယ်ဆိုရင်လည်း swap icon လေးကို ရွေးချယ်နိုင်ပါသေးတယ်။
အဆင့် ၅) Back ခလုတ်ကိုနှိပ်ပြီးတော့ Done လုပ်လိုက်ပါ။
အေးဆေးပဲနော်။
Posted on Leave a comment
Opera Max
Download Opera Max
Facebook Lite
Download Opera Mini
Cache များကို ရှင်းပါ။
unicode
Android မှာ အင်တာနက်ကို ပိုမြန်အောင် ဘယ်လို သုံးမလဲ ?
ဒီနေ့ခေတ်မှာ မြန်ဆန်တဲ့ 4G LTE ဆက်သွယ်မှုများကို နိုင်ငံတိုင်းနီးပါးမှာ အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သင်နေထိုင်တဲ့ အရပ်ဒေသမှာ မိုဘိုင်း အင်တာနက်နှေးကွေးနေလို့ပဲ ဖြစ်ဖြစ်၊ မိုဘိုင်းအော်ပရေတာက ပံ့ပိုးပေးထားတဲ့ အမြန်နှုန်းထက် ပိုမို လျှင်မြန်စွာ အသုံးပြုချင်လို့ပဲ ဖြစ်ဖြစ်၊ သင့်ဖုန်းဟာ နှေးကွေးလို့ပဲဖြစ်ဖြစ် အောက်ပါ နည်းလမ်းများက သင့်ကို ကူညီပေးနိုင်ပါတယ်။
Opera Max
Opera Max က ဒေတာတွေကို ချုံ့ပေးနိုင်တဲ့အတွက် အင်တာနက်ကို လျှင်မြန်စွာ ကြည့်ရှုစေနိုင်ပါတယ်။ အင်တာနက်မှ ရုပ်ရှင်နဲ့ ဗီဒီယိုများကြည့်ရင်လည်း သူက မထစ်အောင် စွမ်းဆောင်နိုင်ပါတယ်။ Opera က သူတို့ရဲ့ App ဟာ အင်တာနက် အမြန်နှုန်းကို ၂၃ ရာခိုင်နှုန်း တိုးတက်စေတယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ သူက အင်တာနက်ကို လျှင်မြန်စေတဲ့ အပြင် ဒေတာ သက်သာစေပါတယ်။
Download Opera Max
Facebook Lite
Facebook ရဲ့ ပင်မ App ဟာ စွမ်းဆောင်ချက်များစွာပါတဲ့အတွက် မိုဘိုင်းဒေတာ သာမက ဖုန်းရဲ့ စွမ်းအင်ကိုပါ အလွန် အကျွံ စားသုံးပါတယ်။ အဲဒီအတွက် Facebook က မိုဘိုင်းဒေတာ သက်သာစေပြီး လျှင်မြန်စွာ အသုံးပြုနိုင်တဲ့ Lite Version ကို ဖန်တီးပေးထားပါတယ်။ အင်တာနက် အလွန် နှေးတဲ့ ဒေသများမှာတောင် သူ့ကို အသုံးပြုနိုင်ပါတယ်။
Download Facebook Lite
Browser မှာ ဓါတ်ပုံများကို ပိတ်ပါ။
ဝက်ဆိုက်များမှ ဓါတ်ပုံများ၊ ကြော်ညာများက သင့် အင်တာနက်ကို နှေးကွေးစေပါတယ်။ အဲဒီအတွက် ဘရောက်စာ ဆက်တင်ထဲမှာ ဓါတ်ပုံများကို ပိတ်ထားရင် အင်တာနက်ကို ပိုမြန်စေပါတယ်။ ဘရောက်စာတိုင်းမှာတော့ ဒီစွမ်းဆောင်ချက် မပါပါဘူး။ ဒါပေမယ့် အများစုမှာတော့ ပါပြီး ဒီနည်းလမ်းကို သုံးရင် မိုဘိုင်းဒေတာပါ သက်သာပါတယ်။
လျှင်မြန်တဲ့ ဘရောက်စာကို သုံးပါ။
Chrome ဟာ အလွန် စွမ်းရည်မြင့်တဲ့ ဘရောက်စာ ဖြစ်ပေမယ့် မန်မိုရီကို အလွန် စားသုံးတဲ့အတွက် နှေးကွေးတတ်ပါတယ်။ မန်မိုရီကို အနည်းငယ်သာ စားသုံးပြီး လှျှင်မြန်စွာ အင်တာနက်ကြည့်ချင်ရင်တော့ Opera Mini ကို ညွှန်းချင်ပါတယ်။ Opera Mini ဟာ ပေါ့ပါးသွက်လက်ပြီး ဒေတာ သက်သာစေပါတယ်။
Download Opera Mini
Cache များကို ရှင်းပါ။
Cache ခေါ် အမှိုက်ဖိုင်များဟာ သင့် ဖုန်းရဲ့ စွမ်းအင်များကို စားသုံးနေတဲ့အတွက် အင်တာနက် သုံးရာမှာလည်း နှေးကွေးစေပါတယ်။ ဖုန်းထုတ်လုပ်သူများက သူတို့ရဲ့ ဖုန်းများမှာ Cleaner App များကို ထည့်သွင်းပေးထားပြီး အဲဒီကနေ Cache များအားလုံုးကို တစ်ပြိုင်နက် ရှင်းလင်းနိုင်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ App မပါရင် App Cache Cleaner ကို သုံးပါ။
Download App Cache Cleaner
Memory အလွန် စားသုံးတဲ့ App များကို ရှင်းလင်းပါ။
အချို့ App နဲ့ Widgets များဟာ ဖုန်းရဲ့ မန်မိုရီကို အလွန် စားသုံးကြပါတယ်။ အဲဒီအတွက် ဖုန်းလေးလံရုံ သာမက အင်တာနက် သုံးရာမှာလည်း ကြန့်ကြာစေပါတယ်။ သင့် ဖုန်းမှာ မလိုအပ်တဲ့ Apps , Widgets များကို ရှင်းလင်းခြင်းဖြင့်အင်တာနက် သုံးရာမှာ လျှင်မြန်စေပါတယ်။