Huawei Mate 10 ကောင်းကြောင်းကို iPhone သုံးပြီးပို့စ်တင်လိုက်မိတဲ့ Wonder Woman မင်းသမီး
Unicode Version
Wonder Woman ရုပ်ရှင်ရဲ့ မင်းသမီး Gal Gadot ဟာ ယခုနှစ်အစောပိုင်းမှာ Huawei ရဲ့ Brand Ambassador ဖြစ်လာပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူမရဲ့ Huawei Mate 10 ကောင်းကြောင်းကို ကြော်ညာတဲ့ အနေနဲ့ တွစ်တာမှာ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ မလုပ်သင့်တဲ့ အရာတစ်ခုကို ပြုလုပ်မိခဲ့ပါတယ်။
နည်းပညာ အကြောင်း ရေးသားတဲ့ Marques Brownlee က သူမဟာ အဲဒီ ပို့စ်ကို တွစ်တာမှာ အိုင်ဖုန်းကနေ တင်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။ ပို့စ်တင်ပြီး သိပ်မကြာခင်မှာတော့ သူမဟာ အဲဒီ ပို့စ်ကို ဖျက်ခဲ့ပြီး အသစ်တင်ခဲ့ပါတယ်။ သူမက Cnet ကို အခုလို ရှင်းပြခဲ့ပါတယ်။
“ လူအချို့က ကျွန်မရဲ့ ဟွာဝေး စမတ်ဖုန်းနဲ့ ပတ်သက်တဲ့  ပို့စ်အကြောင်းကို မေးကြပါတယ်။ ကျွန်မဟာ အိုင်ဖုန်း သုံးနေတယ်လို့ ထင်ကြပါတယ်။ ကျွန်မဟာ လူမှုကွန်ရက်များမှာ ပို့စ်များ၊ ဗီဒီယိုများ တင်ဖို့အတွက် ကျွန်မရဲ့  အဖွဲ့ကို အားကိုးရပါတယ်။ ဒါ့ကြောင့် ဒီလို ဖြစ်သွားတာပါ။ “  လို့ သူမက ပြောပါတယ်။
သူမရဲ့ အဖွဲ့ဝင်တစ်ဦးဟာ သူမ ကိုယ်စား  ပို့စ်တင်ခဲ့တာလို့ ထင်ရပါတယ်။ သူဟာ သူ့ရဲ့ အိုင်ဖုန်းကနေ သတိလက်လွတ်ဖြစ်ပြီး တင်ခဲ့တာပါ။ ဒီလို ဖြစ်ရပ်မျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်မှာ LG ဟာ iPhone 6 ကို တိုက်ခိုက်တဲ့ ပို့စ်ကို အိုင်ဖုန်းကနေ တင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ BlackBerry ဟာ အင်စတာဂရမ်မှာ သူ့ထုတ်ကုန်အကြောင်းကို အိုင်ဖုန်းကနေ  တင်ခဲ့ပါတယ်။
Posted on Leave a comment
iPhone SE 2 ကိုကိုင်တွယ်ပြသထားတဲ့ ဗီဒီယိုပေါက်ကြားလာ
မေလတွင် မိတ်ဆက်သွားမည်ဟုသတင်းထွက်နေသည့် iPhone SE အသစ်ကိုကိုင်တွယ်ပြသထားတဲ့ ဗီဒီယိုတစ်ခုဟာ Social Media တစ်ခုဖြစ်တဲ့ Weibo မှာထပ်မံပျံ့နှံ့ပေါက်ကြားလာပါတယ်။
ယခုထွက်ရှိလာတဲ့ Video အရ iPhone SE အသစ်ဟာ ရှေ့မျက်နှာပြင်ဒီဇိုင်းကတော့ ပြောင်းလဲမှုမရှိဘဲ ၊ နောက်ဘက်ခြမ်းမှာတော့ ဖန်သားပြင်ကိုယ်ထည်ဒီဇိုင်းပြောင်းလဲအသုံးပြုထားတာကိုတွေ့မြင်ရမှာပါ။ iPhone SE 2 မှာ A10 Chip ကိုအသုံးပြုထားပြီး Wireless Charging စနစ်လည်းပါဝင်မှာဖြစ်ကြောင်း သတင်းများထွက်ပေါ်ထားပါတယ်။
iPhone SE 2 ရဲ့ဓာတ်ပုံများ ထပ်မံပေါက်ကြားလာ
မေလတွင် မိတ်ဆက်သွားမည်ဟုသတင်းထွက်နေသည့် iPhone SE အသစ်ရဲ့ဓာတ်ပုံများ တရုတ် Social Media တစ်ခုဖြစ်တဲ့ Weibo မှာထပ်မံပျံ့နှံ့ပေါက်ကြားလာပါတယ်။
This slideshow requires JavaScript.
ယခုထွက်ရှိလာတဲ့ ဓာတ်ပုံများအရ iPhone SE အသစ်ဟာ ရှေ့မျက်နှာပြင်ဒီဇိုင်းကတော့ ပြောင်းလဲမှုမရှိဘဲ ၊ နောက်ဘက်ခြမ်းမှာတော့ ဖန်သားပြင်ကိုယ်ထည်ဒီဇိုင်းပြောင်းလဲအသုံးပြုထားတာကိုတွေ့မြင်ရမှာပါ။ iPhone SE 2 မှာ A10 Chip ကိုအသုံးပြုထားပြီး Wireless Charging စနစ်လည်းပါဝင်မှာဖြစ်ကြောင်း သတင်းများထွက်ပေါ်ထားပါတယ်။
ပြည်တွင်းဈေးကွက်မှာဝယ်ယူရရှိနိုင်ပြီဖြစ်တဲ့ Mi Mix 2S
စမတ်ဖုန်းဆို Mi မှကြိုက်နှစ်သက်သူတွေအတွက် Xiaomi ရဲ့နောက်ဆုံးထွက် အကောင်းဆုံးဖုန်း Mi Mix 2S ကို ပြည်တွင်းဈေးကွက်မှာလည်းဝယ်ယူရရှိနိုင်နေပြီလို့သိရပါတယ်။
** Price – 938,000 ks **
မျက်နှာပြင်အပြည့်နီးပါးနေရာယူထားတဲ့ Display ဒီဇိုင်းနဲ့ Mi Mix 2S ဟာ Snapdragon ရဲ့နောက်ဆုံးထွက်အကောင်းဆုံး Processor ဖြစ်တဲ့ 845 Chipset ကိုအသုံးပြုထားပြီး AI စနစ်လည်းပါဝင်ကာ Xiaomi ရဲ့ကိုယ်ပိုင် AI စနစ်ဖြစ်တဲ့ XiaoAI ကိုအသုံးပြုထားပါတယ်။
Mi Mix 2S မှာ 5.99 လက်မအရွယ် IPS Display ကိုအသုံးပြုထားပြီး Screen Resolution အနေနဲ့ 2160x1080p ဖြစ်ပါတယ်။ RAM 8GB ပါဝင်ပြီး Storage အနေနဲ့ 256GB ပါဝင်ပါတယ်။ Camera ပိုင်းမှာလည်း AI System ပါပါဝင်လာပြီး ကိုယ်ဓာတ်ပုံရိုက်လိုတဲ့ မြင်ကွင်းထဲမှာပါတဲ့ အရာဝတ္တုဟာ ဘာဆိုတာကိုခွဲခြားသိပေးနိုင်သလို Portraits Mode နဲ့ Portrait Selfie တွေအတွက်ပါ AI System ကိုအသုံးပြုပြီး Dynamic Bokeh Effects တွေနဲ့ထည့်သွင်းရိုက်ကူးနိုင်မှာပါ။ Camera ပိုင်းမှာ အခြား feature အနေနဲ့ Dual Pixel Auto Focus feature နဲ့အတူ Hardware-level Multi-frame Noise Reduction ပါဝင်တာကြောင့် ညအမှောင် (သို့) အလင်းရောင်အားမကောင်းတဲ့အနေအထားမျိုးမှာပါ ကောင်းမွန်တဲ့ဓာတ်ပုံအရည်အသွေးကို ရိုက်ကူးနိုင်စေမှာပါ ။ Mi Mix 2S မှာ Back Camera အနေနဲ့ 12MP (f/1.8, 1/2.55″, 1.4 µm) Dual Camera ကို Primary Camera အဖြစ်တပ်ဆင်အသုံးပြုထားပြီး ၊ Secondary Camera အနေနဲ့ 12MP (f/2.4, 1/2.9″, 1.0 µm) ကို အသုံးပြုထားပါတယ်။ အရှေ့ဘက် Selfie Camera နဲ့လည်း portrait mode ရိုက်ကူးနိုင်မှာပါ ။ ဖုန်းကင်မရာပိုင်းဆိုင်ရာတွေကိုသုံးသပ်အကဲဖြတ်ပေးနေတဲ့အဖွဲ့အစည်းဖြစ်တဲ့ DXO MARK ကတော့ Mi Mix 2S ရဲ့ ကင်မရာပိုင်းအတွက် 101 မှတ်ထိတောင် ပေးထားတာတွေ့ရပါတယ်။
System ပိုင်းအနေနဲ့ Android 8.0 ကိုအခြေခံထားတဲ့ MIUI 9.5 ကိုအသုံးပြုထားပါတယ်။ Battery အနေနဲ့ 3400 mAh ပမာဏ Battery ကိုအသုံးပြုပေးထားပြီး Wireless Charging စနစ်လည်းပါဝင်တာကြောင့် Wireless Charging Pad များကိုအသုံးပြုပြီး ကြိုးမဲ့အားသွင်းနိုင်ဦးမှာပါ။ Mi Mix 2S ဟာ ရှေ့ဘက်ခြမ်း ဒီဇိုင်းပိုင်းအားဖြင့်တော့ သူ့အရင် Model ဖြစ်တဲ့ Mi Mix 2 နဲ့ကွာခြားမှုမရှိဘဲ နောက်ဘက်ခြမ်းမှာတော့ ဒီဇိုင်းအနည်းငယ်ပြောင်းလဲမှုအဖြစ် Dual Camera ကိုဒေါင်လိုက်အနေအထားနဲ့နေရာချထားတာကိုတွေ့ရမှာပါ။
Mi Mix 2S ရဲ့အချက်အလက်တွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။
* Body: Four-side curved ceramic body and metal frame, Corning Gorilla Glass 4, 150.9 x 74.9 x 8.1 mm, 191 grams
* Display: 5.99-inch IPS LCD, 1080x2160px (18:9), 403 ppi, 2.5D glass
* OS: Android Oreo with MIUI 9.5 on top
* Chipset: Qualcomm Snapdragon 845, 4×2.8 GHz Kryo 385 Gold & 4×1.8 GHz Kryo 385 Silver, octa-core CPU, Adreno 630 GPU, 6/8GB RAM
* Storage: 64GB, 128GB or 256GB internal
* Rear Camera: Dual 12 megapixels, f/1.8, Sony IMX363, plus 12 megapixels, f/2.4, Samsung S5K3M3, 2x optical zoom telephoto Dual Pixel, 4-axis OIS, two-tone LED, 4K video
* Front Camera: 5 megapixels, f2.0, 1080p video
* Connectivity: 4G VoLTE, Dual SIM, Bluetooth 5.0, dual-band Wi-Fi 802.11ac, A-GPS/GLONASS, BDS, NFC, USB 2.0 Type-C port
* Battery: 3,400mAh non-removable, Quick Charge 3.0 fast charging support, Qi wireless charging support
* Misc: Fingerprint sensor
မန္တလေးမှာဆိုရင်တော့ MMAS မှာလည်းဝယ်ယူရရှိနိုင်ပြီး တခြားမြို့များမှမှာယူလျှင်လည်း ကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်။ Myanmar Mobile App Store (MMAS) တွင် မိုဘိုင်းဖုန်းအမျိုးမျိုး ၊ ဖုန်း Accessories အမျိုးမျိုး ၊ ဖုန်းပြုပြင်ရေးလုပ်ငန်းသုံးစက်ကရိယာများနှင့် ဖုန်းပြုပြင်အစိတ်အပိုင်းမျိုးစုံကိုလက်လီလက်ကားရောင်းချပေးလျက်ရှိပါသည်။ တခြားမြို့အသီးသီးမှ မှာယူမှုများအတွက် ကားဂိတ်မှတဆင့် ပို့ဆောင်ပေးနေပါပြီ။
MMAS Mobile Phone, Spareparts & Gadgets
၈၄ လမ်း ၊ ၃၃x၃၄ လမ်းကြား ၊ မန္တလေးမြို့
09794555888 , 09974555888
iPhone မော်ဒယ်အသစ်တစ်ခုကို ဇွန်လမှာ မိတ်ဆက်ဖွယ်ရှိ
Eurasian Economic Commission (EEC) မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ ခန့်မှန်းထားတာထက် စောစီးစွာ iPhone   အသစ်များကို မြင်ရတော့မှာ ဖြစ်ပါတယ်။ ပြင်သစ် ၀က်ဆိုက်တစ်ခုဖြစ်တဲ့ Consomac က A1920, A1921, A1984, A2097, A2098, A2099, A2101, A2103, A2104, A2105,  A2106 စတဲ့ မော်ဒယ် နံပါတ်များကို မှတ်ပုံတင်ထားတာကို အရင်ဆုံး တွေ့ရှိခဲ့ကြပါတယ်။ အဲဒီမော်ဒယ်များဟာ အရင်ကတော့ စာရင်းဇယားများထဲမှာ မတွေ့မိခဲ့ကြပါဘူး။
Apple က စက်တင်ဘာလမှာ ပွဲတစ်ခု ကျင်းပ၍ ပုံမှန်အတိုင်းပဲ ဖုန်းအသစ်များကို မိတ်ဆက်မယ်လို့ ထင်ထားကြပါတယ်။ ဒီနှစ်မှာဖုန်း အသစ်သုံးလုံးကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းတွေကတော့ OLED Model နှစ်လုံးနဲ့ တန်ဖိုးနည်း LCD Model တစ်လုံး  ဖြစ်ပါတယ်။ KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ဇန်န၀ါရီလမှာ iPhone X Plus လို့ ခေါ် မယ်ထင်တဲ့ ၆.၅  လက်မ မော်ဒယ်ကို ဒီနှစ်မှာ ရောင်းချမယ်လို့ သတင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ဖုန်းရဲ့ မျက်နှာပြင်ဟာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ တကယ်ဖြစ်မလားဆိုတာကတော့ မသေချာပါဘူး။
အိုင်ဖုန်း အသစ်များကို မြင်ရဖို့ စက်တင်ဘာလအထိ စောင့်ဆိုင်းရမှာပါ။ မေးစရာ ရှိတာက Apple ဟာ iPhone SE အသစ်ကို မိတ်ဆက် မလား ဆိုတာပဲ ဖြစ်ပါတယ်။ Kuo ကတော့ အဲဒီ  ဖုန်းအသစ်ဟာ ထွက်လာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် ထွက်လာခဲ့ရင်လည်း Specs  များကို အသေးစားသာ မြှင့်တင်ထားမှာပါ။ EEC က Apple ရဲ့ ထုတ်ကုန် အသစ်များကိုတော့ ခွင့်ပြုထားပြီးပေမယ့် သူတို့ရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
MacRumors က ဖေဖော်ဝါရီလမှာ Apple iPad အသစ်ကို မှတ်ပုံတင်ထားတယ်လို့ ပြောခဲ့ပါတယ်။ နောက်တစ်လအကြာ မတ်လမှာ သူ့ကို ကြေညာခဲ့ပါတယ်။ Database ရဲ့ အချိန်ဇယားအရ အိုင်ဖုန်း အသစ်များကို ဇွန်လမှာ ကျင်းပမယ့် WWDC မှာ ကြေညာနိုင်ပါတယ်။ ဒါဟာ Apple အတွက်တော့ အိုင်ဖုန်း အသစ်များ မိတ်ဆက်တဲ့ ပုံမှန် အချိန် မဟုတ်ပါဘူး။
အသစ်ထွက်မည့် iPhone ဟာလက်ရှိ iPhone X ဈေးရဲ့ တစ်ဝက်လောက်သာရှိမည်
တန်ဖိုးသက်သာတဲ့ iPhone ကို ကိုင်နိုင်တော့မှာပါ။ Apple က ၅၅၀ ဒေါ်လာလောက်သာရှိတဲ့ ၆.၁ လက်မ အရွယ် iPhone ကို ဒီနှစ်မှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းကို KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ ဖြစ်ပြီး Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သူက ၆.၁ လက်မ iPhone ကို မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး တစ်မျိုးမှာ Dual SIM နဲ့ နောက်တစ်မျိုးမှာ Single SIM ဖြစ်တယ်လို့ ပြောပါတယ်။ Single SIM Version ဟာ ၅၅၀ ဒေါ်လာနဲ့ ၆ ၅၀  ဒေါ်လာ အကြားသာ ကျသင့်မှာပါ။ Dual SIM Version ကတော့ ၆၅၀ နဲ့ ၇၅၀ ဒေါ်လာ အကြားမှာ ရောင်းချနိုင်ပါတယ်။
Apple ရဲ့ လက်ရှိ စွမ်းဆောင်ရည်မြင့် iPhone X ဟာ ၉၉၉ ဒေါ်လာ တန်ကြေးရှိပြီး Storage ပိုမိုများပြား တဲ့ မော်ဒယ်ဟာ ၁၁၄၉ ဒေါ်လာတောင် ရှိပါတယ်။ တန်ဖိုးနည်း အိုင်ဖုန်းဟာ တန်ဖိုးသင့်နဲ့ တန်ဖိုးနည်း အန်းဒရွိုက်ဖုန်းများကို ယှဉ်ပြိုင်နိုင်မှာပါ။
Kuo က ၆.၁ လက်မ အိုင်ဖုန်းကို အခြား မော်ဒယ်နှစ်ခုနဲ့ အတူ ရောင်းချမှာပါ။ တစ်မျိုးမှာ ၅.၈ လက်မ OLED iPhone နဲ့ နောက်တစ်မျိုးမှာ ၆.၅ လက်မ OLED iPhone ဖြစ်ပါတယ်။ UBS မှ ပညာရှင်များက OLED iPhone ဟာ ဒေါ်လာ ၁၁၀၀ ၀န်းကျင် ကျသင့်မယ်လို့ ပြောပါတယ်။ ယခုနှစ်အကုန်မှာ Apple က iPhone SE မျိုးဆက်သစ်ကိုလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။
OnePlus 6 ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုချပြပြီ
OnePlus က နောက်ထွက်မယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို နေ့စဉ်နီးပါး အရိပ်အမြွက် ပြသနေတဲ့အတွက် OnePlus Fans များအတွက်တော့ ရင်ခုန်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲဒီ ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး ရေစိုခံတဲ့ဖုန်းဆိုတာ သိခဲ့ရပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Pete Lau က တရုတ် လူမှုကွန်ရက် ၀ီဘိုမှာ အဲဒီ ဖုန်းဖြင့် ရိုက်ကူးထားတဲ့ ပထမဆုံး ဓါတ်ပုံများကို ပြသလိုက်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ ဓါတ်ပုံများမှာ OnePlus 6 ရဲ့ ကင်မရာ စွမ်းရည်များကို မြင်ရမှာ ဖြစ်ပါတယ်။ ဓါတ်ပုံများရဲ့ Metadata များက အဲဒီ ဖုန်းရဲ့ ပင်မ ကင်မရာဟာ 16MP ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ အဲဒီ ဓါတ်ပုံများကို Stanford မှာ ရိုက်ကူးထားတာ ဖြစ်ပြီး အလွန် အထင်ကြီးစရာ ကောင်းပါတယ်။
ကုမ္ပဏီရဲ့ Teasers များဟာ မကြာခဏ ထွက်ပေါ်လာနေတဲ့အတွက် လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အဲဒီ ဖုန်းကို မိတ်ဆက်တော့မယ်လို့ ထင်ရပါတယ်။ OnePlus 6 မှာ Qualcomm Snapdragon 845 Chipset, 8GB RAM , 256GB  Internal Storage များ ပါမှာ ဖြစ်ပါတယ်။
Samsung ရဲ့ AR Emoji ဟာ Apple ရဲ့ Animoji ကိုမယှဉ်နိုင်သေးတဲ့အချက်
Samsung က Galaxy S9  မှာ Animated Emoji Character များ ပါမယ်လို့ ကြေညာခဲ့တဲ့ အချိန်မှာ Apple မကြာခင်က  iPhone X မှာ မိတ်ဆက်ခဲ့တဲ့ Animoji ကို တိုက်ရိုက် ယှဉ်ပြိုင်ထားတာကို သိခဲ့ကြပါတယ်။ လူတွေရဲ့ မျက်နှာ သွင်ပြင်ကို Emoji များနဲ့ ပေါင်းစပ်၍ သက်ဝင်လှုပ်ရှားတဲ့ အရုပ်များဖြစ်အောင် ဖန်တီးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။
ဒါပေမယ့် Samsung Galaxy S9 ရဲ့ AR Emoji ကို လက်တွေ့ အသုံးပြုကြည့်တဲ့ အခါမှာတော့ စိတ်ပျက်စရာများ တွေ့ခဲ့ကြရပါတယ်။ Samsung ရဲ့ AR Emoji ဟာ Apple ရဲ့ Animojis လောက်  ဘာကြောင့် မကောင်းတာလဲ ?
အဖြေကတော့ အပိုင်း နှစ်ခု ရှိပါတယ်။ တစ်ခုက Galaxy S9 ရဲ့ စွမ်းရည်နိမ့်တဲ့ Selfie Camera နဲ့ နောက်တစ်ခုက AR Emoji ကို ဖန်တီးရတဲ့ အချိန် တိုတောင်းတဲ့အတွက် ဖြစ်ပါတယ်။
AR Emoji ဖြစ်တည်လာတဲ့ Hollywood
CNET ရဲ့ ဆောင်းပါးအရ Samsung ဟာ AR Emoji ကို ဖန်တီးဖို့အတွက် နှစ်နှစ် သက်တမ်းရှိတဲ့ Loom.ai အမည်ရ တည်ထောင်ခါစ ကုမ္ပဏီငယ်လေးရဲ့ နည်းပညာကို ရယူခဲ့ရပါတယ်။ အဲဒီ ကုမ္ပဏီဟာ Lucasfilm , DreamWorks, Disney တို့လို ဖောက်သည်များ ရရှိထားတဲ့ သမိုင်းမှတ်တမ်းကောင်း ရှိပါတယ်။ ကုမ္ပဏီရဲ့ CTO နဲ့ အင်ဂျင်နီယာ ဖြစ်သူဟာ နည်းပညာ ကဏ္ဍမှာ အော်စကာများတောင် ရရှိထားဖူးပါတယ်။
ဒီလို ဟောလီးဝုဒ်မှာ မှတ်တမ်းကောင်းများ ရရှိထားတဲ့အတွက် Samsung ဟာ Animoji အတွက် ပြိုင်ဖက်များကို လိုက်ရှာတဲ့အခါမှာ Loom.ai ဟာ ရွေးချယ်စရာ ဖြစ်လာပါတယ်။ ဒါပေမယ့် တကယ်ကတော့ AR Emoji ရဲ့ အလုပ်လုပ်ပုံဟာ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်များမှ Animation Character များနဲ့ ကွဲပြားပါတယ်။ အဆင့်နိမ့်တယ်လို့ ပြောနိုင်ပါတယ်။
ဟောလီးဝုဒ် ရုပ်ရှင်များမှာ Animated Character များကို ဒေါ်လာသန်းချီတန်တဲ့ ကိရိယာများဖြင့် ဖန်တီးကြပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ မိတ်ကပ်များနဲ့ အ၀တ်အစားများကို အသုံးပြု၍ သဘာဝကျအောင် ဖန်တီးထားကြပါတယ်။ AR Emoji နဲ့ Animoji တို့ဟာ အဲဒီနည်းလမ်းများကို အပျော်တမ်း အဆင့်လောက်သာ သုံးထားကြပါတယ်။
Samsung AR Emoji နဲ့ Apple Animoji တို့ဟာလည်း  အရည်အသွေး အပိုင်းမှာ ကွာခြားချက်များ ရှိနေတာက Hardware ကြောင့်  ဖြစ်ပါတယ်။ iPhone X ရဲ့ အရှေ့ ကင်မရာများဟာ Galaxy S9 ထက် အဖက်ဖက်မှာ သာလွန်နေပါတယ်။
iPhone X ရဲ့ မျက်နှာ အာရုံခံ နည်းပညာများဟာ သင့် မျက်နှာရဲ့ 3D ကို ဖန်တီးနိုင်ပါတယ်။ အဲဒီအတွက် Animoji များဟာ သင့်မျက်နှာနဲ့ တကယ်ကို တူပါတယ်။
Galaxy S9 ရဲ့ ကင်မရာများကတော့ သင့် မျက်နှာရဲ့ 2D Image များကိုသာ ဖမ်းယူပေးနိုင်ပါတယ်။ အဲဒီအတွက် AR Emoji ဟာ သဘာဝ မကျပါဘူး။
AR Emoji ကို ဖန်တီးဖို့ အချိန်အနည်းငယ်သာ ယူရမှု
ဟောလီးဝုဒ် ရုပ်ရှင်များမှာ အခြေခံ မျက်နှာ သွင်ပြင်များကို ဖန်တီးဖို့အတွက် နာရီပေါင်းများစွာ ရိုက်ကူးကြရပါတယ်။ ဒါပေမယ့် AR Emoji ကိုတော့ စက္ကန့်ပိုင်းအတွင်းမှာ ဖန်တီးကြရပါတယ်။
ဆမ်ဆောင်းက AR Emoji ကို ဖန်တီးဖို့ မိနစ်အနည်းငယ်လောက် သင့်ကို ထိုင်မစောင့်စေချင်လို့ ဖြစ်ပါတယ်။ ဆမ်ဆောင်းကသာ ဒီနည်းစနစ်ကို တစ်မူကွဲပြားအောင် လုပ်ခဲ့မယ်ဆိုရင် AR Emoji များဟာ တကယ်ကို သဘာဝနေမှာပါ။ စက္ကန့်ပိုင်းထက် မိနစ်အနည်းငယ်လောက် အချိန်ယူရမှာပါ။ ဆမ်ဆောင်းက မိနစ် အနည်းငယ်စောင့်ပြီး ရလာတဲ့ ကောင်းမွန်တဲ့ AR Emoji ထက် စက္ကန့်ပိုင်းလောက်သာ စောင့်ပြီး ရလာတဲ့ AR Emoji ကို ရွေးချယ်ခဲ့တာပါ။
သက်ဝင်လှုပ်ရှားနေတဲ့ ဇာတ်ကောင်များမှာ သင့်ရဲ့ မျက်နှာ သွင်ပြင်များကို ထည့်သွင်းတဲ့ အိုင်ဒီယာဟာ ဆန်းသစ်ပါတယ်။ အနာဂတ်မှာ အခြား ပြိုင်ဖက်များရဲ့ မျက်နှာသွင်ပြင် ဖတ်ရှုတဲ့ နည်းပညာများနဲ့ AR Emoji , Anomoji တို့ဟာ လက်ရှိထက်တော့ ပိုကောင်းလာမှာပါ။
တစ်ကမ္ဘာလုံး ဟန်းဆက်ရောင်းအားအမြတ်ရဲ့ ၃၅ ရာခိုင်နှုန်းထိရရှိထားတဲ့ iPhone X
Apple ရဲ့ စွမ်းဆောင်ရည်မြင့် iPhone X ဟာ ၂၀၁၇ ခုနှစ် နှစ်ကုန် မှာ တစ်ကမ္ဘာလုံး ဟန်းဆက် ရောင်းချရမှုအားလုံးမှ စုစုပေါင်း အမြတ်ငွေရဲ့ ၃၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ Counterpoint ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။
၂၀၁၇ ခုနှစ်ရဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ တစ်ကမ္ဘာလုံးရဲ့ ဟန်းဆက် ရောင်းချရတဲ့ အမြတ်ငွေဟာ တစ်နှစ်ထက် တစ်နှစ် ၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Counterpoint က ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပြီးပြီိလို့ ယုံကြည်ထားပါတယ်။
Counterpoint Research Analyst ဖြစ်သူ Karn Chauhan က “တစ်ကမ္ဘာလုံးရဲ့ ဟန်းဆက် ရောင်းချရတဲ့ အမြတ်ငွေဟာ တစ်နှစ်ထက် တစ်နှစ် ၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ၂၀၁၇ ခုနှစ် ကွာတား ၄ မှာ iPhone X ဟာ နှစ်လသာ ရောင်းချနိုင်ခဲ့တာပါ။ iPhone X ဟာ စမတ်ဖုန်း နယ်ပယ်တစ်ခုလုံးမှာ ၀င်ငွေ ၂၁ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပါတယ်။ အမြတ်ငွေကတော့ ၃၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ iPhone X ရဲ့ သက်တမ်းကလည်း ကျန်နေသေးတဲ့အတွက် သူ့ရဲ့ ဈေးကွက်ဝေစုဟာလည်း ဆက်လက် တိုးတက်နေဦးမှာပါ။ သုံးနှစ်သက်တမ်းရှိတဲ့ ဖုန်း အပါအ၀င် iPhone အားလုံးကို ရောင်းချပေးထားတဲ့အတွက် ထိပ်တန်း စမတ်ဖုန်း ၁၀ လုံးမှာ Apple ဟာ ၈ လုံးကို ပိုင်ဆိုင်ထားပါတယ်။ အခြား စမတ်ဖုန်း ကုမ္ပဏီများနဲ့ယှဉ်ရင် အမြတ်ငွေ အများဆုံးရနေပါတယ်။ “  လို့ ပြောပါတယ်။
တရုတ် ဖုန်းများနဲ့ပတ်သက်ပြီး Associate Director ဖြစ်သူ Tarun Pathak က “  တရုတ် ကုမ္ပဏီများဟာ ၂၀၁၇ ခုနှစ် ကွာတား ၄ မှာ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယမ်ကျော် အမြတ်ငွေရခဲ့ပါတယ်။ ဒါဟာ စွမ်းရည်သင့်ကနေ စွမ်းရည်မြင့် ဖုန်းများကို ရောင်းချပေးလို့ပါ။ သူတို့ရဲ့ စွမ်းရည်မြင့် ဖုန်းများရဲ့ ပျမ်းမျှ ရောင်းဈေးဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပါတယ်။ Huawei , Oppo , Vivo တို့လို ကုမ္ပဏီများဟာ အစိတ်အပိုင်းများကို ကိုယ်တိုင် ထုတ်လုပ်ခြင်း၊ သူတို့ရဲ့ ဖုန်းများမှာ တီထွင်ဆန်းသစ်မှုများကို ထည့်ပေးခြင်းဖြင့် ဈေးနှုန်းကို မြှင့်တင်နေပါတယ်။ “ လို့ ပြောပါတယ်။
Huawei က ၂၀၁၉ ခုနှစ်မှာ 5G Internet သုံးနိုင်သည့် Smartphone ကို ရောင်းမည်
ဟွာဝေးက ရှန်ဇန်မှာ ကျင်းပနေတဲ့ Global Analyst Summit မှာ သူ့ရဲ့ ပထမဆုံး 5G Phone ကို ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဟွာဝေးက 5G Speed ကို ထုတ်လွှင့်ပေးတဲ့ Mobile WiFi Hotspot ကိုလည်း ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အနာဂတ် စမတ်ဖုန်းများမှာ 5G Speed ကို ရရှိဖို့အတွက် ဟွာဝေးက ဒီဇိုင်းထုတ်ထားတဲ့  Modems များပါလာကြမှာပါ။ ဟွာဝေးက Mobile World Congress 2018 မှာ Balong 5G01 Chip ကို ပြသခဲ့ပါတယ်။ အဲဒီ Chip ဟာ  5G ကို ထောက်ပံ့နိုင်မယ်လို့ ထင်ရပါတယ်။ ဒါပေ မယ့် 5G Chip ရဲ့ သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။
ဟွာဝေးရဲ့ ပထမဆုံး 5G Phone ဟာ Mate 30 ဖြစ်နိုင်ပါတယ်။ ဟွာဝေးရဲ့ Mate Series များကို ရောင်းချတဲ့ သမိုင်းကို ကြည့်မယ်ဆိုရင် နောက်ထွက်မယ့် Mate Phone ကို ၂၀၁၉ ခုနှစ် တတိယ ကွာတားမှာ ရောင်းချမှာပါ။ ဒါပေမယ့် ပထမဆုံး 5G Phone ဟာ ဟွာဝေးအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တဲ့အတွက် ကုမ္ပဏီက Series အသစ်ဖြင့် သူ့ကို မိတ်ဆက်နိုင်ပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင် အဲဒီ အချိန်မှာ Mate 30 နဲ့ 5G Phone နှစ်ခုစလုံးကို တွေ့မြင်ရနိုင်ပါတယ်။
၂၀၁၈ ခုနှစ်ရဲ့ ပထမနှစ်ဝက်ဟာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အခြား စမတ်ဖုန်း ထုတ်လုပ်သူများဟာလည်း သူတို့ရဲ့ 5G Phone နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အခြား ကုမ္ပဏီများကလည်း ဟွာဝေးနဲ့ အချိန် အတူတူလောက်မှာပဲ သူတို့ရဲ့ 5G Phone များကို ရောင်းချနိုင်ပါတယ်။