Myanmar Mobile App Store www.myanmarmobileapp.org
Review/Unboxing

ကီးဘုတ်မှာပါ Screen ပါတဲ့ Zenbook Pro Duo Laptop ကိုမိတ်ဆက်ပြသ

ကီးဘုတ်နေရာမှာပါ 4K Touch Screen ပါတဲ့ Laptop မော်ဒယ်အသစ်အဆန်း ၁ မျိုးကို Asus ကနေဒီနေ့ ထိုင်ဝမ်မှာကျင်းပတဲ့ Asus နှစ် ၃၀ ပြည့်ပွဲမှာမိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်အသစ်ကိုတော့ Zenbook Pro Duo လို့ခေါ်ပါတယ်။ Screen အနေနဲ့ ၁၅ လက်မ Touch Screen Monitor အကြီးတစ်ချပ် ၊ ကီးဘုတ်နေရာအပေါ်ပိုင်းမှာ ၁၄ လက်မအရွယ် Touch Screen Display တစ်ခုထည့်ပေးထားပါတယ်။ မိုက်တဲ့အချက်ကတော့ အပေါ် Display ကလည်း 4K ၊ အောက်က Screen Pad ကလည်း 4K ပါပဲ။ ဒီ Laptop ရဲ့ Main Screen အနေနဲ့ […]

Review/Unboxing Smartphone

TECNO SPARK 3 Pro နဲ့Vivo Y91 နှိုင်းယှဉ်သုံးသပ်ချက်

ဒီဖုန်း၂မျိုးလုံးမှာ Display size ကတော့အတူတူလောက်ပါပဲ။ ။ TECNO SPARK 3 Pro ရဲ့ Screen size ကို 6.2 လက်မအရွယ် Full View Display ကိုတပ်ဆင်ထားပါတယ်။ ဖုန်းရဲ့Display ထိပ်မှာ Notch ပါဝင်ပါတယ်။ Vivo Y91 မှာတော့ Screen size 6.22 လက်မအရွယ် Full view display တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့Display ထိပ်မှာNotch ပါဝင်ပေမယ့် TECNO SPARK 3 Pro Display ရဲ့Notch ထက် နေရာယူမှု ပိုနည်းပါးတဲ့ Waterdrop design နဲ့ notch ပုံစံကို အသုံးပြုထားပါတယ်။ ဖုန်း၂မျိုးလုံးရဲ့ Screen Resolution […]

Smartphone Trending

မြန်မာပြည်ဈေးကွက်သို့ဝင်ရောက်လာတော့မည့် Huawei Nova 4

ဖုန်း Screen အတွင်းထဲမှာပဲအပေါက်ပုံစံလေးလုပ်ပြီး Selfie Camera ထည့်သွင်းပေးထားတဲ့ Punch Screen နည်းပညာသစ်နဲ့စမတ်ဖုန်း ၁ မျိုးဟာ မကြာခင်မှာ မြန်မာပြည်ဈေးကွက်ထဲကိုဝင်ရောက်လာတော့မှာပါ။ ဒီ Display နည်းပညာသစ်ကြောင့် iPhone X မှာပြုလုပ်ခဲ့သလို ဖုန်းရဲ့ထိပ်မှာ Notch ပုံစံ (ထိပ်အချိုင့်ပုံစံ) နဲ့ Camera/Sensor နေရာတွေကို ဝိုက်ထားစရာမလိုတော့သလို ၊ Vivo Nex ,Oppo Find X နဲ့ Mi Mix 3 တွေမှာလို Selfie Camera ကိုဖုန်းကိုယ်ထည်အတွင်းထဲထည့်မြုပ်ထားပြီး လိုတဲ့အချိန်မှ Motorized စနစ်နဲ့ (သို့) Manual Slide နဲ့ဖုန်းကိုယ်ထည်အပေါ်ကိုကင်မရာထုတ်ရတဲ့ Solution မျိုးလည်းမလိုအပ်တော့ပါဘူး ။  **Huawei ရဲ့ Nova 4** […]

Local Trending

ဖုန်းဈေးနှုန်းများ (25.11.2018)

ယနေ့အတွက် စမတ်ဖုန်းဈေးနှုန်းများ (25.11.2018) မင်္ဂလာပါ။ အသစ်ထွက်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus 6T ကိုလည်း MMAS မှာဝယ်ယူရရှိနိုင်ပါပြီ။ -One plus 6T-(8/256GB)-Midnight Black-888,000 -One plus 6T-(8/128GB)-Mirror Black, Midnight Black-808,000 -One plus 6T-(6/128GB)-Mirror Black-748,000 MMAS မှာဝယ်ယူရရှိနိုင်တဲ့ စမတ်ဖုန်းများရဲ့ဈေးနှုန်းများကိုဖော်ပြပေးလိုက်ပါတယ်။ ~~~APPLE‬~~~ iPhone XR (128GB) E-SIM (Black,White) 1,400,000 iPhone XR (256GB) E-SIM ( White) 1,620,000 iPhone Xs Max(64GB) E-SIM (Gold,Gray,Silver) 1,970,000 iPhone Xs Max(256GB) E-SIM (Gold,Gray,Silver) 2,230,000 iPhone Xs […]

Smartphone Trending

ကမ္ဘာ့ကင်မရာအကောင်းဆုံးဖုန်း Mate 20 Pro နဲ့ရိုက်ကူးလိုက်တဲ့ဓာတ်ပုံအလန်းစားများ

2018 NEXT-IMAGE Award winners ဆုကိုရရှိထားကြတဲ့ James Yu, Danilo Guererro, Fang Zhonglin, Pan Chaoyue, Raykoo, Yang Xu, AlexanDeng နဲ့ He Jianhua တို့ဟာ Huawei Mate 20 Pro စမတ်ဖုန်းကိုအသုံးပြုပြီး တကယ့်ကို အံ့သြမှင်သက်ဖွယ်ကောင်းလှတဲ့ ဓာတ်ပုံတွေကိုရိုက်ကူးတင်ဆက်လိုက်ပါတယ်။ Winner ဆုရှင်တွေရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ Huawei Mate 20 Pro ဟာဘာကြောင့် ကမ္ဘာ့ကင်မရာအကောင်းဆုံးစမတ်ဖုန်းဖြစ်နေလဲဆိုတာ ငြင်းချက်ထုတ်မိတော့မယ်မထင်ပါဘူး ။ ဒီလိုပြီးပြည့်စုံတဲ့ ဓာတ်ပုံအလှတရားတွေနဲ့ပြည့်နှက်နေဖို့အတွက် Huawei Mate 20 Pro စမတ်ဖုန်းမှာ 40 MP, f/1.8, 27mm (wide), 1/1.7″, PDAF/Laser AF […]

Knowledge Smartphone Smartphone Trending

Huawei Mate 20 Pro ရဲ့ထူးခြားချက် ၄ ချက်

ယခုနောက်ဆုံးထွက်ရှိထားတဲ့စမတ်ဖုန်းတွေထဲမှာတော့ ကင်မရာအကောင်းဆုံးနဲ့စွမ်းဆောင်ရည်အမြင့်ဆုံးလို့ပြောရမယ့် Huawei Mate 20,Mate 20 Pro စမတ်ဖုန်းတွေကို လာမယ့်နိုဝင်ဘာလထဲမှာ ပြည်တွင်းဈေးကွက်တွင်စတင်ရောင်းချပေးတော့မှာပါ။ Huawei Mate 20,Mate 20 Pro စမတ်ဖုန်းများဟာ ဖုန်းရဲ့နောက်ကျောဘက်ခြမ်းမှာ ကင်မရာ ၃ လုံးပါဝင်ပြီး ကင်မရာအိမ်တစ်ခုထဲမှာ ၃ လုံးထည့်သွင်းတည်ဆောက်ထားတဲ့ ဒီဇိုင်းကိုယ်ထည်ပုံစံဖန်တီးပြုလုပ်ထားတာကိုလည်းတွေ့ရပါတယ်။ ယခု ဆောင်းပါးမှာတော့ Huawei Mate 20 Pro ဟာအခြား Android စမတ်ဖုန်းတွေထက် ဘယ်အချက်တွေမှာသာလွန်မှုရှိနေလဲဆိုတာကိုပြောပြပေးသွားမှာပါ။ ခေတ်ရှေ့ပြေးသည့် ဒီဇိုင်း HUAWEI Mate Series DNA ကို ကိုယ်စားပြုသည့် အနေဖြင့် ထုတ်ကုန်များအားလုံးတွင် High Screen to body ratio ရှိသည့် FullView Display ပါဝင်ပါတယ်။ သေသပ်စေ့စပ်စွာ တည်ဆောက်ထားခြင်းကြောင့် ၆.၃၉ လက်မအရွယ်ရှိ […]

Smartphone Trending

ဆန်းသစ်မှုအပြည့်နဲ့ Huawei Y9 2019 အားဝယ်ယူရရှိနိုင်ပြီ

သေသပ်လှပတဲ့ဒီဇိုင်းပိုင်းနဲ့ Notch Display အသုံးပြုထားတဲ့ HUAWEI Y9 2019 ကို ပြည်တွင်းဈေးကွက်မှာဝယ်ယူရရှိနိုင်ပါပြီ။ ဒီ HUAWEI Y9 2019 ရဲ့ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုအတွက် Huawei ရဲ့နောက်ဆုံးထွက် Kirin 710 Chipset ကိုအသုံးပြုထားပြီး 4GB RAM နဲ့ 64GB ROM တို့ပါဝင်ပါတယ်။ Screen size အနေနဲ့ 6.5 လက်မဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကလည်း FHD+ Resolution နဲ့ဆိုတော့ မျက်နှာပြင်ကြီးကြီး ကြိုက်ကြသူတွေအတွက် အတော်လေးအကြိုက်တွေ့စေမယ့်စမတ်ဖုန်းပါ။ ဖုန်းကိုယ်ထည်ကလည်း ကျစ်ကျစ်လစ်လစ်ရှိတဲ့အပြင် လက်ထဲကိုင်လို့ကောင်းပြီး မြဲမြံစေဖို့ ဖုန်းကိုယ်ထည်ဒီဇိုင်းပိုင်းကို 3D Arc Design နဲ့တည်ဆောက်ထားပါတယ်။ ကင်မရာပိုင်းကတော့ Features အစုံအလင်ပါဝင်ပြီး AI နည်းပညာနဲ့ 13MP+2MP ကျေဖက်ကင်မရာ၊ […]

Smartphone Trending

ယခင် Huawei Y9 ထက်ပိုမိုဆန်းသစ်တဲ့ Huawei Y9 (2019) ကိုစတင်ရောင်းချတော့မည်

Huawei Y9(2018) စမတ်ဖုန်းဟာ Huawei ရဲ့ဈေးအသင့်အတင့်စမတ်ဖုန်းတွေထဲမှာတော့ ရောင်းအားကောင်း အောင်မြင်မှုရခဲ့တဲ့စမတ်ဖုန်းတစ်လုံးပါ။ ယခုဆိုရင် Huawei Y9 ရဲ့ဒုတိယမျိုးဆက်စမတ်ဖုန်းအဖြစ် Huawei Y9 (2019) ဟာ မြန်မာနိုင်ငံမှာမကြာခင်စတင်ရောင်းချတော့မှာပါ။ အသစ်ထွက် Huawei Y9 (2019) ကိုယခင် Y9 (2018) ထက် ပိုမိုကြီးမားဆန်းသစ်တဲ့ Display , ပိုကောင်းတဲ့ AI Camera စနစ်များ , ပိုကောင်းတဲ့ Processor အသစ်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အရောင်အနေနဲ့လည်း Huawei P20 စီးရီးစမတ်ဖုန်းတွေမှာမိတ်ဆက်ခဲ့တဲ့ အရောင်တွေထဲက ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါသေးတယ်။ အောက်တိုဘာလလယ်လောက်ဆို မြန်မာပြည်အနှံ့ကဖုန်းဆိုင်များမှာစတင်ဝယ်ယူရရှိနိုင်တော့မှာပါ။ ဒါကတော့ လတ်တလောသိရှိထားရသလောက်ဖြစ်ပြီး Huawei Y9 (2019) အကြောင်းအသေးစိတ် နှင့်သုံးသပ်ချက်များကို Myanmar Mobile App မှာ […]

Smartphone Trending

NCVM coating နည်းပညာနှင့် ပြုလုပ်ထားသော Huawei Nova 3 နှင့် 3i ၏ gradient color များ အကြောင်း

၂၀၁၈ ခုနှစ်အတွက် အရောင်က အပြာရောင်ကို အခြေခံတဲ့ ခရမ်းရောင် (Ultra Violet) ဖြစ်ပါတယ်ဆိုပြီး အရောင်နဲ့ပတ်သက်လာရင် ခိုင်လုံတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတဲ့ Pantone က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် Huawei Nova 3 နဲ့ 3i ကို အဲ့အရောင်တွေပေါ်မှာ အခြေခံပြီးတော့ စမတ်ဖုန်းရဲ့ နောက်ကျောကို အလင်းရောက်ထိတဲ့ အခါ မနက်ပိုင်းအလင်းရောင်ထွက်ခါစ ကောင်းကင်အရောင်လို အပြာနဲ့ ခရမ်းကြား အရောင်ပြေးလေးဖြစ်အောင် ပြုလုပ် တီထွင်ထားတာကို တွေ့ရမှာဖြစ်ပြီ အဲ့ဒီအရောင်ကို Iris Purple ဆိုပြီး ခေါ်ဆိုခဲ့ပါတယ်။ အခုလို စမတ်ဖုန်းရဲ့ ကိုယ်ထည်အပေါ်မှာ ပိုမိုစိန်လှုပ်ရှားဖွယ်ကောင်းတဲ့ စမတ်ဖုန်းရဲ့ ကျောမျက်နှာပြင် ကိုယ်ထည်ကို ပြောင်းလဲပေးနိုငါငည့် NCVM coating နည်းပညာတွေအာရုံစိုက်လာတဲ့ အကြောင်းက စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ၂၀၁၇ […]

Review/Unboxing Smartphone

Huawei Nova 3 စမတ်ဖုန်းရဲ့အနေအထားကဘယ်လိုလဲ ?

Huawei ရဲ့အသစ်ထွက် Nova 3 ဖုန်းကိုတော်တော်လေးကြိုက်မိတယ်။ ကြိုက်မိတယ်ဆိုတာထက် အံ့သြဖို့ကောင်းတယ်လို့ပြောရင် ပိုမှန်မှာပါ။ ဘာကြောင့်လဲ ? ပထမဆုံးအံ့သြမိတာက Huawei ကသူ့ရဲ့၁၁ သိန်းတန် P20 Pro လို Flagship ဖုန်းမှာသုံးထားတဲ့ Kirin 970 လို အဆင့်မြင့် Processor ကို သူ့ရဲ့အသစ်ထွက် ငါးသိန်းကျော်တန် Nova 3 စမတ်ဖုန်းမှာ အသုံးပြုပေးလိုက်လို့ပါ။ RAM အနေနဲ့ 6GB ပါဝင်ပါတယ်။ Kirin 970 Processor ဟာ Overall performance အားဖြင့် Snapdragon 835/845 processor ကိုယှဉ်နိုင်စွမ်းရှိပါတယ်။ Machine learning နဲ့ AI ပိုင်းဆိုင်ရာတွေမှာတော့ Kirin 970 ဟာ အဆိုပါ […]