Smartphone Trending

Huawei Nova 3i အတွက် အနီရောင် ထွက်ပြီ

ဟွာဝေးက ဇူလိုင်လမှာ Nova 3i ကို ကြေညာခဲ့ပြီး အနက်၊ ခရမ်းနဲ့ အဖြူရောင်များ မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ဥရောပမှာ Huawei P Smart+ အမည်နဲ့ ရောင်းချပေးခဲ့ပြီး အခုတော့ Acacia Red လို့ ခေါ်တဲ့ အနီရောင်ကို ရောင်းချပေးလိုက်ပါတယ်။ အနီရောင်အတွက် 4/128 GB နဲ့ 6/64 GB များ ထုတ်လုပ်ပေးထားပြီး ၂၉၀ နဲ့ ၃၂၀ ဒေါ်လာများ အသီးသီး ကျသင့်ပါတယ်။ သူဟာ P20 Lite ရဲ့ မော်ဒယ်ခွဲတစ်ခုဖြစ်ပါတယ်။ သူ့မှာ ၆.၃ LCD FullHD+ Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ သူဟာ HiSilicon […]

Smartphone Trending

Xiaomi Redmi Note 6 Pro ရဲ့ Video ထွက်ပေါ်လာ

Xiaomi Redmi Note 6 Pro ကို တရားဝင် မကြေညာရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ Hands-on Video တစ်ခု ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များကိုလည်း ဗီဒီယိုမှာ ပြောကြားထားပါတယ်။ သူ့မှာ ၆.၂၆ လက်မ 19:9 Full HD+ Display ထည့်သွင်းထားပါတယ်။ ယခင်သတင်းများလိုပဲ သူ့မှာ Qualcomm Snapdragon 636 Chipset ထည့်သွင်းထားပါတယ်။ 3GB RAM , 32GB Storage များကို ဒီမော်ဒယ်မှာ ထည့်သွင်းထားပါတယ်။ Android 8.1 Oreo အခြေပြု MIUI 9.6 ပါလာပါတယ်။ အနောက်မှာ 12+5MP Dual […]

Smartphone Trending

ထိပ်တန်း Android Phone များလောက် ဘက်ထရီ သက်တမ်း မကောင်းတဲ့ iPhone XS နဲ့ XS Max

သုတေသန တစ်ခုအရ iPhone XS နဲ့ XS Max တို့ဟာ ထိပ်တန်း Android Phone များလောက် ဘက်ထရီ သက်တမ်း မကောင်းဘူးလို့ သိရပါတယ်။ Tom’s Guide က ဒီ စစ်တမ်းကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး တူညီတဲ့ စမ်းသပ်မှုကို စမတ်ဖုန်း ၉ လုံးမှာ ပြုလုပ်ခဲ့တာပါ။ ဖုန်း အားလုံးမှာ Screen Brightness ကို 150 nits နဲ့ အင်တာနက်ကို 4G ဖြင့် တူညီစွာ ချိန်ညှိ၍ စမ်းသပ်ခဲ့တာပါ။ iPhone XS ရဲ့ ဘက်ထရီ သက်တမ်းဟာ ၉ နာရီ ၄၁ မိနစ်နဲ့ XS Max ဟာ […]

Gadget Trending

ဟိုတယ်များမှာ ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမယ့် အလီဘာဘာရဲ့ စက်ရုပ်

တရုတ် အခြေစိုက် အလီဘာဘာဟာ ကမ္ဘာ့ အကြီးမားဆုံး အွန်လိုင်း စတိုးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ ရောင်းအားဟာ Walmart, Amazon နဲ့ eBay တို့ရဲ့ အားလုံးပေါင်း ရောင်အားထက်တောင် များပြားခဲ့ပါတယ်။ အလီဘာဘာဟာ အခြား စီးပွားရေး နယ်ပယ်များကိုလည်း ခြေဆန့်နေပါတယ်။ အခုလည်း သူက ဟိုတယ်များမှာ ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမယ့် စက်ရုပ်ကို ပြသလိုက်ပါတယ်။ စက်ရုပ် အမည်က Space Egg ဖြစ်ပါတယ်။ စက်ရုပ်ကို တရုတ်နိုင်ငံ ဟန်ဇူးမှာ ကျင်းပတဲ့ Computing Conference တစ်ခုမှာ ကျြေညာခဲ့တာ ဖြစ်ပါတယ်။ လာမယ့်လမှာ စက်ရုပ်ဟာ ဟိုတယ်တစ်ခုမှာ ပထမဆုံး အလုပ်လုပ်မှာပါ။ စက်ရုပ်ရဲ့ ဘီးများကို အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားပါတယ်။ […]

Gadget Trending

Apple Device ၃ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Belkin ရဲ့ Boostup Wireless Dock

Belkin ရဲ့ နောက်ဆုံးထုတ် Charging Dock က Apple Device ၃ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ သူ့ရဲ့ အမည်က Boostup Wireless Charging Dock ဖြစ်ပြီး သူက iPhone , Apple Watch တို့ကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် AirPods Case လို ကိရိယာကို USB Type-A Port ကနေ အားသွင်းပေးပါတယ်။ အသစ်ထွက် XS Max အပါအ၀င် ကြိုးမဲ့ အားသွင်း နည်းပညာပါတဲ့ အိုင်ဖုန်း အားလုံးကို သူက 7.5W နှုန်းဖြင့် အားသွင်းပေးပါတယ်။ Dock ကိုတော့ 45W AC Adapter […]

Smartphone Trending

TENAA ကို ရောက်လာတဲ့ Huawei Y9(2019)

Huawei က တန်ဖိုးစံလင်တဲ့ စမတ်ဖုန်း အမျိုးအစားများစွာကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ JKM-AL00 Device ကို မှတ်ပုံတင်လိုက်ပါတယ်။ သူဟာ Huawei Y9(2019) ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ Specs များကိုလည်း အဲဒီမှာ ဖော်ပြထားပါတယ်။ သူဟာ Kirin 710 Chipset ထည့်ထားတဲ့ တန်ဖိုးသင့် ဖုန်း ဖြစ်ပါတယ်။ သူ့မှာ 2.2GHz Octa-Core CPU ပါပါတယ်။ 4GB or 6GB RAM နဲ့ 64GB or 128GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ microSD Card Slot ပါပါတယ်။ ၆.၅ လက်မ […]

Smartphone Trending

Apple A12 Bionic Chip ထက် Kirin 980 က ပိုမြန်ကြောင်း ကြွားလိုက်တဲ့ Huawei

Huawei က IFA 2018 မှာ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Kirin 980 Chip ကို ပြသခဲ့ပါတယ်။ သူ့ကို ထည့်သွင်းထားမယ့် ပထမဆုံး စမတ်ဖုန်းများကတော့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာမယ့် Mate 20 နဲ့ Mate 20 Pro တို့ ဖြစ်ပါတယ်။ တရားဝင် ကြေညာခြင်း မရှိသေးခင်မှာ ဟွာဝေးက ဒူဘိုင်းမှာ အဲဒီ ဖုန်းများရဲ့ အကြို မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။ ပွဲမှာ ဟွာဝေးရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက iPhone XS, iPhone XS Max, iPhone XR တို့မှာ ပါတဲ့ Apple A12 Bionic […]

Gadget Trending

Google Pixel Stand Charger ရဲ့ သတင်းထွက်ပေါ်လာ

Google က Pixel 3 နဲ့ Pixel 3XL တို့ကို အောက်တိုဘာလ ၉ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ သူတို့နဲ့အတူ Pixel Stand အမည်ရ Wireless Charger ကိုပါ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဖုန်းများကို အဲဒီမှာ စိုက်ထားရင် ကြိုးများ ချိတ်ဆက်စရာ မလိုဘဲ အားသွင်းပေးမှာ ဖြစ်သလို ဖုန်းရဲ့ စကရင်ဟာ ပွင့်နေမှာ ဖြစ်ပြီး Image Slideshows , Notifications , Reminders , Clock များကို ပြသထားမှာ ဖြစ်ပါတယ်။ နေအိမ်မှ Google Home Smart Speaker များကို ဖုန်းများကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုတော့ […]

App/Game Trending

Sony က ဒေါ်လာ ၁၀၀ တန် PlayStation Classic ကို မိတ်ဆက်

Sony က အရွယ်သေး PlayStation Classic ကို ကြေညာလိုက်ပါတယ်။ သူဟာ CD-ROMs များကို ဖတ်နိုင်ပြီး ကမ္ဘာအ၀န်းမှာ အလုံးရေ သန်း ၁၀၀ ၀န်းကျင် ရောင်းချနိုင်ခဲ့တဲ့ ပထမမျိုးဆက် PlayStation အရွယ်အစားရဲ့ ထက်ဝက်နီးပါးသာ ရှိပါတယ်။ PlayStation Classic မှာ Final Fantasy VII, Jumping Flash, Ridge Racer Type 4, Tekken 3, Wild Arms တို့ အပါအ၀င် နာမည်ကျော် ဂိမ်းပေါင်း ၂၀ ထည့်သွင်းထားပါတယ်။ သူ့ကို တီဗီနဲ့ ချိတ်ဆက်ဖို့အတွက် HDMI Cable နဲ့ မူလ PlayStation နဲ့ တူတဲ့ Controller […]

Smartphone Trending

Huawei ရဲ့ ပထမဆုံး ကွေးညွှတ် ဖုန်းဟာ သူ့ရဲ့ ပထမဆုံး 5G Phone ဖြစ်လာမည်

ဟွာဝေးနဲ့ ဆမ်ဆောင်း တို့ဟာ ကွေးညွှတ် စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အခုတော့ ဟွာဝေးမှ အရာရှိ တစ်ဦး ဖြစ်သူ Ken Hu က Huawei ရဲ့ ပထမဆုံး ကွေးညွှတ် ဖုန်းဟာ သူ့ရဲ့ ပထမဆုံး 5G Phone ဖြစ်လာမယ်လို့ ပြောလိုက်ပါတယ်။ သူ့ကို မျှော်လင့်ထားတာထက် စောစီးစွာ ၂၀၁၉ ခုနှစ် လယ်လောက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဟွာဝေးရဲ့ ဘရန်းခွဲ Honor ကလည်း 5G Smartphone ကို ဖန်တီးနေပါတယ်။ Hu က 5G ရဲ့ အဓိက အားသာချက် သုံးခုကိုလည်း ပြောပြသွားပါတယ်။ 5G ဟာ ပိုမိုမြန်တဲ့ Mobile […]