Smartphone Trending

မူရင်းဒီဇိုင်းနဲ့ တူညီနေတဲ့ Razer Phone 2 ရဲ့ဓာတ်ပုံများ ထွက်လာ

ဒီနေ့မှာတော့ Razer Phone 2 နဲ့ပတ်သတ်တဲ့ ဓာတ်ပုံတချို့ထွက်လာပါတယ်။ ဖုန်းရဲ့အရှေ့ဘက်ဒီဇိုင်းဖြစ်ပြီး၊ အပြောင်းအလဲ သိပ်လုပ်ထားခြင်းမရှိပဲ  original Razer Phone နဲ့တူညီနေပါတယ်။ Evan Blass ရဲ့တင်ထားတဲ့ ဓာတ်ပုံမှာတော့ ကင်မရာတွေကို အလယ်တည်တည့်မှာ အလျားလိုက် တပ်ဆင်ထားပြီး၊ကင်မရာ ၂ခုရဲ့ အလည်တည့်တည့်မှာ LED flash ကိုမြင်တွေ့ရပါတယ်။ ဒီဖုန်းကို Snapdragon 845 ၊ RAM8GB နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်လာပါမယ်။ ပြီးခဲ့တဲ့ရက်က ထွက်ထား တဲ့သတင်းတွေမှာတော့ အဲ့ဒီဖုန်းမှာ 855 SoC သုံးလာမယ်ဆိုတာပါ။ single-core နဲ့  multi-core စမ်းသပ်ချက် ၂ခုလုံးဟာ လက်ရှိထွက်ထားတဲ့ ထိပ်တန်းဖုန်းတွေထက် နိမ့်ပါတယ်။ single-core မှာ […]

Smartphone Trending

အောက်တိုဘာ ၁၀ ရက်နေ့မှာ စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လာမယ့် OPPO

စမတ်ဖုန်း ထုတ်လုပ်သူအများစုဟာ အောက်တိုဘာလမှာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ အောက်တိုဘာလရဲ့ စမတ်ဖုန်းထုတ်လုပ်မယ့်သူ စာရင်းထဲကို OPPO ပါဝင်ရောက်လာပါပြီ။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ အောက်တိုဘာ ၁၀ရက်နေ့မှာ ကုမ္ပဏီရဲ့  MYSTERIOUS ဖုန်းကို မိတ်ဆက်လာမယ်လို့ သိရပါတယ်။ ဖုန်းသစ်မိတ်ဆက်ပွဲနဲ့ ပတ်သတ်တဲ့ကြော်ငြာ ပိုစတာတွေလည်း ထွက်ရှိထားပါပြီ။ ပြီးခဲ့တဲ့ရက်ကတော့ OPPO ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ မော်ဒယ်နံပတ် PBCM30(Oppo K1) ရဲ့အချက်အလက်တွေ TENAA ကထွက်ရှိထားခဲ့ ပါသေးတယ်။ အဲ့ဒီဖုန်းမှာ under screen နည်းပညာလည်း သုံးလာမယ်ဆိုတာကြောင့် အောက်တိုဘာ ၁၀ရက်နေ့ မိတ်ဆက်လာမယ့် ဖုန်းကို K1 ဖုန်းလို့ အကြမ်းမျဉ်း သတ်မှတ်ထားကြပါတယ်။ TENAA မှာပြသထားချက်အရ ဖုန်းရဲ့အရောင်ကိုတော့ ၂ရောင်စပ် […]

Smartphone Trending

8GB RAM + 512GB ROM နဲ့ပါထွက်လာမယ့် Huawei Mate 20 စီးရီးဖုန်းသစ်များ

Huawei Mate 20 series ဖုန်းသစ်တွေဟာ အောက်တိုဘာလ လယ်လောက်မှာ ထွက်လာတော့မှာပါ။ မထွက်မချင်း နေ့စဉ်ထွက်နေသမျှ သတင်းတွေအရ ဒီနေ့မှာလည်း Huawei Mate 20 series ဖုန်းတွေမှာ ပါဝင်လာမယ့် သိုလှောင်မှုပမာဏ TENAA မှာတက်လာပါတယ်။ RAM + storage space ပိုင်းအတွက် Mate 20, Mate 20 Pro နဲ့ Mate 20 Porsche Design ဖုန်းတွေမှာ 8GB RAM + 512GB ROM ပါရွေးချယ် နိုင်မယ်လို့ သိရပါတယ်။ ဒီနေ့ထွက်လာတဲ့ အချက်အလက်တွေအရ Huawei Mate 20 (model no HMA-AL00,  HMA-TL00) ကို4GB […]

Smartphone Trending

10.1 လက်မ display နဲ့ MediaPad M5 lite တက်ဘလက်ကို Huawei ကြေညာ

Huawei အနေနဲ့ ကုမ္ပဏီရဲ့ mid-range tablet တွေထဲကို နောက်ထပ်မော်ဒယ် တစ်မျိုး ထပ်မံထည့်သွင်း ပေးလိုက်ပါပြီ။ တက်ဘလက်အသစ်ရဲ့ မော်ဒယ်နာမည်ကတော့ MediaPad M5 lite ဖြစ်ပြီးသူ့ကို အလူမီနီယမ်ကိုယ်ထည်နဲ့ ဖြစ်ပြီး စပီကာလေးလုံး ထည့်ပေးထားပါတယ်။ မျက်နှာပြင်ပိုင်းကတော့ ၁၀.၁ လက်မရှိပြီး 1920 x 1200 pixel ရှိကာ အသုံးပြုထားတဲ့ Chipset ကတော့ Kirin659 SoC ဖြစ်ပါတယ်။ အချက်အလက် သိုလှောင်မှုအပိုင်းကတော့ နှစ်မျိုးပါဝင်မှာဖြစ်ပါတယ်။ 3GB + 32GB နဲ့ 4GB + 64GB တို့ဖြစ်ပါတယ်။ အသံစနစ်မှာတော့Huawei Histen 5.0 ပါဝင်မှာဖြစ်ပြီး mimic 3D surround စနစ်ကိုပံ့ပိုးပေးထားတယ်လို့သိရပါတယ်။မျက်နှာပြင် အချိုးမှာ 16:10 […]

Enterprise Trending

Facebook အကောင့် သန်း၅၀နီးပါး လုံခြုံရေး ကျိုးပေါက်မှု ဖြစ်ပွားခဲ့

ဒီနေ့မှာတော့  လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သတင်းထုတ်ပြန်တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ Facebook ကိုသုံးစွဲသူပေါင်း သန်း၅၀ ရဲ့ အကောင့်တွေ လုံခြုံရေးဆိုင်ရာ ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်သူတွေဟာ “View As” လို့ လူသိများတဲ့ feature တစ်ခုရဲ့ အားနည်းချက်ကို အသုံးချခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အဲဒီလို ထွင်းဖောက်ဝင်ရောက်တာကနေတဆင့် log-in key တွေနဲ့ တခြား လျှို့ဝှက်အချက်အလက်တွေကို ရယူပြီး သုံးစွဲသူတွေရဲ့ account တွေကို ဝင်လို့ရသွားနိုင်စေတယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ သုံးစွဲသူတွေအနေနဲ့ log-in ပြန်လုပ်ဖို့ Facebook အနေနဲ့ သောကြာနေ့ညက တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် Facebook Teams အနေနဲ့ ကြိုတင်ကာကွယ်မှုအဖြစ် သက်ရောက်မှုရှိခဲ့တဲ့ account […]

Smartphone Trending

Xiao AI button ပါဝင်လာမယ့် Xiaomi Mi Mix 3

ယနေ့အချိန်ထိ စောင့်မျှော်မှုအရှိအဆုံး စမတ်ဖုန်း ကိုပြောပါဆိုရင် Xiaomi Mi Mix 3 နဲ့ Google ရဲ့ Pixel 3 ဖုန်းတွေလို့ ဆိုရပါတယ်။ စမတ်ဖုန်းသစ်တွေဟာ အရမ်းလည်းစောင့်နေရသလို နေ့စဉ်လိုလိုလည်း အဲ့ဒီဖုန်းတွေနဲ့ ပတ်သတ်တဲ့ သတင်းတွေက ပုံမှန်ထွက်နေပါတယ်။ Mi Mix 3 စမတ်ဖုန်းကတော့ slider smartphone ဖြစ်ပြီး Honor Magic 2 နဲ့ Lenovo Z5 Pro တို့လို ဒီဇိုင်းမျိုး ဖြစ်လာမှာပါ။ ဒ်ီနေ့မှာတော့Mi Mix 3 ဖုန်းမှာ ထည့်သွင်းလာမယ့် လုပ်ဆောင်ချက်တစ်ခု ထပ်မံပေါက်ကြားလာပါတယ်။ အဲ့ဒါကတော့ AI-dedicated button လေးကို ဖုန်းရဲ့ဘေးဘောင်မှာ တပ်ဆင်လာမယ် ဆိုတာပါ။ Xiao AI […]

Smartphone Trending

Under-Screen Fingerprint သုံးလာမယ်ဆိုတဲ့ Oppo K1

Oppo အနေနဲ့ နည်းပညာအခြေခံမြင့်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတွေကို တောက်လျောက် ထုတ်လုပ်လာနေပါတယ်။ high-end devices ထဲမှာဆိုရင်တော့  R series ဖုန်းတွေက လူငယ်တွေအတွက် အတော်လေး အဆင်ပြေပါတယ်။ အခုလည်း Oppo အနေနဲ့ မော်ဒယ်အသစ်ဖြစ်တဲ့  PBCM10 PBCM30 ဆိုတဲ့ နာမည်နဲ့ TENAA မှာစာရင်း တင်ထားပါတယ်။ Oppo K1 လို့ဖုန်းလို့ သိရပြီး ဒီမော်ဒယ်မှာ လက်ဗွေဖတ်စနစ်အတွက် Under-Screen Fingerprint ကိုထည့်သွင်းလာမယ်လို့ ဆိုပါတယ်။ TENAA မှာပြသထားချက်အရ ဖုန်းရဲ့အရောင်ကိုတော့ ၂ရောင်စပ် အရောင်ပြေပုံစံနဲ့ ဖြစ်ပြီး ကင်မရာ ၂ခုရဲ့ဘေးမှာ Flash ကိုတပ်ဆင် ပေးထားပါတယ်။ စမတ်ဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့  6.4 လက်မ AMOLED […]

Smartphone Trending

ဒေါ်လာ ၁၀၀အောက်ဈေးနှုန်းနဲ့ ထွက်လာတဲ့ Realme C1

OPPO ရဲ့ Sub brand လို့သတ်မှတ်နိုင်တဲ့ Realme အနေနဲ့ အိန္ဒိယမှာ တန်ဘိုးနည်း စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ကြေညာလိုက်ပါတယ်။ entry-level စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး ဒီဖုန်းမှာ SD450 ပရိုဆက်ဆာနဲ့အတူ ကြီးမားတဲ့ ဘက်ထရီကို သုံးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၆ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ Realme C1 စမတ်ဖုန်းဟာ Realme 2 ဖုန်းထက် RAM နဲ့ storage ပိုင်းမှာ လျော့နည်းပြီး Snapdragon 450 chipset သုံးထားတဲ့ အပိုင်းမှာတော့ တူညီပါတယ်။ မျက်နှာပြင် ၆.၂ လက်မအရွယ် Realme C1 ဟာ 720p display နဲ့ လာပြီး ဘက်ထရီပါဝါအကြီးစားဖြစ်တဲ့ 4230 […]

Enterprise Smartphone Trending

အောက်တိုဘာလကုန်လောက်မှာ အကြို ရောင်းချမှု ပြုလုပ်လာမယ့် HTC Blockchain စမတ်ဖုန်း

ဒီနှစ်ဟာ Android စမတ်ဖုန်း ထုတ်လုပ်မှုတွေရဲ့ ၁၀နှစ်ပြည့်မြောက်တဲ့ နှစ်လို့ဆိုရပါလိမ့်မယ်။ 2008 စက်တင်ဘာ 23 ရက်နေ့က ထုတ်ခဲ့တဲ့ HTC ရဲ့  HTC Dream ဖုန်းဟာ ပထမဆုံး Android စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ကိုတခြားအမည်လွှဲ အနေနဲ့ T-Mobile G1 လို့လည်း ခေါ်ပါသေးတယ်။ Android စမတ်ဖုန်းတွေရဲ့ ဦးဆောင်သူလို့ သတ်မှတ်နိုင်တဲ့ HTC ဟာနောက်ပိုင်းမှာ စမတ်ဖုန်းဈေးကွက်ကနေ တဖြည်းဖြည်း ဝေးကွာလာတာကို တွေ့ရပါတယ်။ အခုတော့ HTC အနေနဲ့ နောက်ထပ် နည်းပညာတစ်ခုကို ထပ်မံယူဆောင်လာ ပါပြီ။ အဲ့ဒါကတော့ Blockchain  စမတ်ဖုန်းပါ။ံHTC အနေနဲ့ အဲ့ဒီစမတ်ဖုန်းသစ်ကို အောက်တိုဘာလကုန်ပိုင်းလောက်မှာ ထိုင်ဝမ်၊အမေရိကန်နဲ့ အခြားမိုဘိုင်း ဈေးကွက်အနည်းငယ်မှာ မိတ်ဆက်လာမယ်လို့ ဆိုပြီး […]

Smartphone Trending

Android 8.1 Oreo သာထည့်သွင်းလာမယ့် LG V40 ThinQ

Android 9.0 Pie ထွက်ထားတာ လအနည်းငယ်ရှိပြီ ဆိုပေမယ့် လက်ရှိအချိန်ထိ စမတ်ဖုန်း အများစုမှာ ထည့်သွင်းပေးထားခြင်း မရှိသေးပါဘူး။ ဒီနေ့မှာလည်း LG ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ်ဖြစ်တဲ့ V40 ThinQ ရဲ့ အချက်အလက် ပေါက်ကြားမှုအရ အောက်တိုဘာမှာ မိတ်ဆက်လာမယ့် အဲ့ဒီဖုန်းသစ်မှာ Android 8.1 Oreo ကိုသာ သုံးနိုင်အုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Geekbench ထွက်လာတဲ့စာရင်းအရ သိလိုက်ရတာဖြစ်ပြီး မော်ဒယ်နံပါတ် LGE LM- V405 ဆိုပြီးတင်ထားတာပါ။ Geekbench score မှာတော့ ဒီဖုန်းဟာ Single-Core မှာ 2397 နဲ့ Multi-Core မှာ 8054 ရထားပါတယ်။ ဒီဖုန်းမှာ ပါဝင်လာမယ့် အချက်အလက်တွေအနေနဲ့ ကင်မရာ၅လုံးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး […]