Posted on Leave a comment

NDROID 9 PIE နဲ႔ GPU TURBO 2.0 UPDATE ရၿပီျဖစ္တဲ့ HONOR VIEW 10

Honor View 10 စမတ္ဖုန္းေတြအတြက္ Android 9 Pie update ကိုစတင္ေပးေနပါၿပီ။ ဒီေန႔မွာေတာ့ ဥေရာပေစ်းကြက္အတြက္ ျဖန္႔ခ်ိထားတဲ့ VIEW 10 ဖုန္းေတြအတြက္  EMUI 9.0 update နဲ႔အတူ Android 9 Pie ကို ထည့္ေပးလုိက္ၿပီ ျဖစ္ပါတယ္။ Honor View 10 ဖုန္း BKL-L09 ေတြမွာသာႏိုင္အုံးမွာျဖစ္ၿပီး build no ကေတာ့ 9.0.0.108 ျဖစ္ရပါမယ္။ အသစ္ထည့္ေပးလိုက္တဲ့ update မွာ GPU Turbo 2.0 နည္းပညာကိုပါ အဆင့္ျမင့္တင္ေပးလိုက္ပါတယ္။

Update အသစ္မွာ ဂိမ္းပိုင္းတင္မကဘဲ အျခားေျပာင္းလဲမႈေတြ ပါဝင္လာခဲ့ပါတယ္။ ဂိမ္းကစားတဲ့ အခါပိုမိုျမန္ဆန္သြက္လက္လာၿပီး၊ ဂိမ္းေတြကို လြယ္ကူစြာ ကစားႏုိင္ဖုိ႔ Game Suite app ပါထပ္ေပါင္းထည့္ ေပးထားပါတယ္။ GPU Turbo နည္းပညာက Graphic ရဲ႕စြမ္းေဆာင္ရည္ကို ၆၀% ေလာက္ပိုတက္လာေစတဲ့အျပင္ အားကုန္မႈကိုလည္း ၃၀% ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါေတြအျပင္ AR/VR နဲ႔ EMUI ရဲ႕ စြမ္းေဆာင္ရည္ေတြကိုလည္း ပိုျမွင့္ေပးႏုိင္မွာပါ။

GPU Turbo updates ကိုေပးထားတဲ့  အျခားဖုန္းေတြအေနနဲ႔ စက္တင္ဘာလမွာေတာ့ Mate 9 စီးရီးဖုန္းေတြကို ေပးခဲ့ပါတယ္။ ေအာက္တိုဘာလမွာေတာ့  P10 စီရီးဖုန္းေတြနဲ႔အတူ  Glory 9၊ Glory V9 ဖုန္းေတြမွာ ရရွိႏုိင္မွာျဖစ္ၿပီး VIEW 10 ဖုန္းပါ ပါဝင္လာတာပါ။ ႏိုဝင္ဘာလေနာက္ပိုင္းမွာလည္း အျခားေမာ္ဒယ္ျမင့္ Huawei ဖုန္းေတြအတြက္ Update ထပ္မံေပးသြားအုံးမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

unicode

Honor View 10 စမတ်ဖုန်းတွေအတွက် Android 9 Pie update ကိုစတင်ပေးနေပါပြီ။ ဒီနေ့မှာတော့ ဥရောပဈေးကွက်အတွက် ဖြန့်ချိထားတဲ့ VIEW 10 ဖုန်းတွေအတွက်  EMUI 9.0 update နဲ့အတူ Android 9 Pie ကို ထည့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Honor View 10 ဖုန်း BKL-L09 တွေမှာသာနိုင်အုံးမှာဖြစ်ပြီး build no ကတော့ 9.0.0.108 ဖြစ်ရပါမယ်။ အသစ်ထည့်ပေးလိုက်တဲ့ update မှာ GPU Turbo 2.0 နည်းပညာကိုပါ အဆင့်မြင့်တင်ပေးလိုက်ပါတယ်။

Update အသစ်မှာ ဂိမ်းပိုင်းတင်မကဘဲ အခြားပြောင်းလဲမှုတွေ ပါဝင်လာခဲ့ပါတယ်။ ဂိမ်းကစားတဲ့ အခါပိုမိုမြန်ဆန်သွက်လက်လာပြီး၊ ဂိမ်းတွေကို လွယ်ကူစွာ ကစားနိုင်ဖို့ Game Suite app ပါထပ်ပေါင်းထည့် ပေးထားပါတယ်။ GPU Turbo နည်းပညာက Graphic ရဲ့စွမ်းဆောင်ရည်ကို ၆၀% လောက်ပိုတက်လာစေတဲ့အပြင် အားကုန်မှုကိုလည်း ၃၀% လျှော့ချပေးနိုင်ပါတယ်။ ဒါတွေအပြင် AR/VR နဲ့ EMUI ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပိုမြှင့်ပေးနိုင်မှာပါ။

GPU Turbo updates ကိုပေးထားတဲ့  အခြားဖုန်းတွေအနေနဲ့ စက်တင်ဘာလမှာတော့ Mate 9 စီးရီးဖုန်းတွေကို ပေးခဲ့ပါတယ်။ အောက်တိုဘာလမှာတော့  P10 စီရီးဖုန်းတွေနဲ့အတူ  Glory 9၊ Glory V9 ဖုန်းတွေမှာ ရရှိနိုင်မှာဖြစ်ပြီး VIEW 10 ဖုန်းပါ ပါဝင်လာတာပါ။ နိုဝင်ဘာလနောက်ပိုင်းမှာလည်း အခြားမော်ဒယ်မြင့် Huawei ဖုန်းတွေအတွက် Update ထပ်မံပေးသွားအုံးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

Posted on Leave a comment

ဒီဇုိင္းပိုင္းအတြက္ ဓာတ္ပုံေတြထြက္လာတဲ့ OnePlus 6T

OnePlus 6T စမတ္ဖုန္းကို လာမယ့္ ၂ပတ္အၾကာမွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္နဲ႔ ဓာတ္ပုံေတြကေတာ့ ေန႔စဥ္လိုထြက္ေနပါတယ္။ ဒီေန႔မွာလည္း leakster ျဖစ္တဲ့ Roland Quandt ဆီကေန OnePlus 6T ဖုန္းနဲ႔ပတ္သတ္တဲ့ အေရွ႕၊အေနာက္ဘက္ျခမ္း ဓာတ္ပုံေတြ ထြက္လာပါတယ္။ ဒီဇိုင္းကေတာ့ အေတာ္ေလးၾကည့္ေကာင္းၿပီး waterdrop notch နဲ႔အတူေဘးေဘာင္ေတြက အေတာ္ေလးက်ဥ္းသြားပါတယ္။

သူ႕မွာ  OLED display သုံးလာမယ့္ အျပင္  6.41” screen နဲ႔ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာေတာ့ ကင္မရာ၂လုံးကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ သူရဲ႕ဒီဇုိင္းက Oppo R17 နဲ႔ဆင္တူပါတယ္။ ဘာေၾကာင့္လဲဆိုရင္ Oppo နဲ႔ OnePlus ဖုန္းေတြဟာ ထုတ္လုပ္မႈပိုင္းနဲ႔  R&D စင္တာပိုင္းမွာ မွ်ေဝသုံးစြဲတာေၾကာင့္ပါ။  OnePlus 6T ရဲ႕ေနာက္ဆုံးထြက္ထားတဲ့ ဒီဇုိင္းပုံစံဟာ ထြက္ေနသမွ် ေကာလာဟလေတြနဲ႔ ဆင္တူၿပီး ေနာက္ဘက္ဖန္သားျပင္ဟာ နက္ေမွာင္တဲ့အေျပာင္မ်ိဳးပါ။

သူနဲ႔ပတ္သတ္လို႔ ထြက္ထားတဲ့ အျခားအခ်က္အလက္ေတြကေတာ့ ၆.၄ လက္မ 1080x2340p Optic AMOLED Display ထည့္သြင္းထားႏိုင္ၿပီး Notch လည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ Face Unlock လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ OnePlus 6T မွာ Dash Charge အားသြင္းစနစ္ကိုသာ ျပန္လည္သုံးသြားမွာ ျဖစ္ပါတယ္။

unicode

OnePlus 6T စမတ်ဖုန်းကို လာမယ့် ၂ပတ်အကြာမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေကတော့ နေ့စဉ်လိုထွက်နေပါတယ်။ ဒီနေ့မှာလည်း leakster ဖြစ်တဲ့ Roland Quandt ဆီကနေ OnePlus 6T ဖုန်းနဲ့ပတ်သတ်တဲ့ အရှေ့၊အနောက်ဘက်ခြမ်း ဓာတ်ပုံတွေ ထွက်လာပါတယ်။ ဒီဇိုင်းကတော့ အတော်လေးကြည့်ကောင်းပြီး waterdrop notch နဲ့အတူဘေးဘောင်တွေက အတော်လေးကျဉ်းသွားပါတယ်။

သူ့မှာ  OLED display သုံးလာမယ့် အပြင်  6.41” screen နဲ့ဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ ကင်မရာ၂လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ သူရဲ့ဒီဇိုင်းက Oppo R17 နဲ့ဆင်တူပါတယ်။ ဘာကြောင့်လဲဆိုရင် Oppo နဲ့ OnePlus ဖုန်းတွေဟာ ထုတ်လုပ်မှုပိုင်းနဲ့  R&D စင်တာပိုင်းမှာ မျှဝေသုံးစွဲတာကြောင့်ပါ။  OnePlus 6T ရဲ့နောက်ဆုံးထွက်ထားတဲ့ ဒီဇိုင်းပုံစံဟာ ထွက်နေသမျှ ကောလာဟလတွေနဲ့ ဆင်တူပြီး နောက်ဘက်ဖန်သားပြင်ဟာ နက်မှောင်တဲ့အပြောင်မျိုးပါ။

သူနဲ့ပတ်သတ်လို့ ထွက်ထားတဲ့ အခြားအချက်အလက်တွေကတော့ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားနိုင်ပြီး Notch လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ OnePlus 6T မှာ Dash Charge အားသွင်းစနစ်ကိုသာ ပြန်လည်သုံးသွားမှာ ဖြစ်ပါတယ်။

Posted on Leave a comment

GLOBAL ေစ်းကြက္အတြက္ FCC ကအသိအမွတ္ျပဳရရွိၿပီ ျဖစ္တဲ့ NOKIA 7.1 PLUS

HMD Global အေနနဲ႔ NOKIA 7.1 PLUS ဖုန္းကို ေအာက္တုိဘာ ၄ရက္ေနမွာ မိတ္ဆက္လာဖို႔ ေသခ်ာေနပါၿပီ။ မတူညီတဲ့ဗားရွင္း ၂မ်ိဳးနဲ႔ ေရာင္းခ်လာမယ့္ NOKIA 7.1 PLUS ဖုန္းဟာ အခုေတာ့ GLOBAL ေစ်းကြက္ မွာေရာင္းခ်ႏုိင္ဖုိ႔အတြက္ ျပည္ေထာင္စုအစိုးရ ဆက္သြယ္ေရးေကာ္မရွင္(FCC) ရဲ႕အသိအမွတ္ျပဳမႈကို ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ ဖုန္းသစ္ရဲ႕ ဗားရွင္း ၂မ်ိဳးကေတာ့ Nokia TA-1113 နဲ႔ Nokia TA-1115 တို႔ျဖစ္ၿပီး single နဲ႔ dual SIM ဆိုၿပီး ထြက္လာမွာပါ။

FCC ရဲ႕စာရင္းမွာေတာ့ ဖုန္းေတြမွာ 3,400mAh ဘက္ထရီစြမ္းအားနဲ႔ ျဖစ္ၿပီး 5V/2A charger နဲ႔အတူ headphones ပါဝင္လာမွာ ျဖစ္ပါတယ္။ Nokia ရဲ႕ ဖုန္းသစ္ဟာ TA-1113 ဆိုတဲ့ ေမာ္ဒယ္နံပါတ္နဲ႔ TENAA မွာလည္း ထြက္ရွိဘူးထားၿပီး အဲ့ဒီမွာေတာ့ အဓိကအခ်က္ေတြကို ျပသထားပါတယ္။ သူ႕မွာ 2.2 GHz CPU နဲ႔ျဖစ္ၿပီး Snapdragon 710 chipset ျဖစ္လာမယ္လို႔ သိရပါတယ္။

ကင္မရာပိုင္းအတြက္ေနာက္ေက်ာဘက္မွာ 12 MP + 13 MP dual တပ္ဆင္လာမွာပါ။ အေရွ႕ဘက္ Selfie အတြက္ေတာ့  20MP လို႔ေရးထားၿပီး ဘက္ထရီကေတာ့  3,400mAh နဲ႔ျဖစ္ပါတယ္။ ဒီဖုန္းကို လာမယ့္ ၄ရက္ေန႔မွာမိတ္ဆက္သြားမယ္ဆိုတာက လြဲၿပီးေစ်းႏႈန္းနဲ႔ အျခားအခ်က္အလက္ေတြ အျပည့္အစုံမသိရေသးပါဘူး။ Android One ဖုန္းလည္း ျဖစ္ႏုိင္ၿပီး လန္ဒန္မွာမိတ္ဆက္တဲ့ အခ်ိန္မွာေတာ့ ပိုမိုတိက်စြာ သိရမွာပါ။

unicode

HMD Global အနေနဲ့ NOKIA 7.1 PLUS ဖုန်းကို အောက်တိုဘာ ၄ရက်နေမှာ မိတ်ဆက်လာဖို့ သေချာနေပါပြီ။ မတူညီတဲ့ဗားရှင်း ၂မျိုးနဲ့ ရောင်းချလာမယ့် NOKIA 7.1 PLUS ဖုန်းဟာ အခုတော့ GLOBAL ဈေးကွက် မှာရောင်းချနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေးကော်မရှင်(FCC) ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဖုန်းသစ်ရဲ့ ဗားရှင်း ၂မျိုးကတော့ Nokia TA-1113 နဲ့ Nokia TA-1115 တို့ဖြစ်ပြီး single နဲ့ dual SIM ဆိုပြီး ထွက်လာမှာပါ။

FCC ရဲ့စာရင်းမှာတော့ ဖုန်းတွေမှာ 3,400mAh ဘက်ထရီစွမ်းအားနဲ့ ဖြစ်ပြီး 5V/2A charger နဲ့အတူ headphones ပါဝင်လာမှာ ဖြစ်ပါတယ်။ Nokia ရဲ့ ဖုန်းသစ်ဟာ TA-1113 ဆိုတဲ့ မော်ဒယ်နံပါတ်နဲ့ TENAA မှာလည်း ထွက်ရှိဘူးထားပြီး အဲ့ဒီမှာတော့ အဓိကအချက်တွေကို ပြသထားပါတယ်။ သူ့မှာ 2.2 GHz CPU နဲ့ဖြစ်ပြီး Snapdragon 710 chipset ဖြစ်လာမယ်လို့ သိရပါတယ်။

ကင်မရာပိုင်းအတွက်နောက်ကျောဘက်မှာ 12 MP + 13 MP dual တပ်ဆင်လာမှာပါ။ အရှေ့ဘက် Selfie အတွက်တော့  20MP လို့ရေးထားပြီး ဘက်ထရီကတော့  3,400mAh နဲ့ဖြစ်ပါတယ်။ ဒီဖုန်းကို လာမယ့် ၄ရက်နေ့မှာမိတ်ဆက်သွားမယ်ဆိုတာက လွဲပြီးဈေးနှုန်းနဲ့ အခြားအချက်အလက်တွေ အပြည့်အစုံမသိရသေးပါဘူး။ Android One ဖုန်းလည်း ဖြစ်နိုင်ပြီး လန်ဒန်မှာမိတ်ဆက်တဲ့ အချိန်မှာတော့ ပိုမိုတိကျစွာ သိရမှာပါ။

Posted on Leave a comment

Samsung ရဲ႕မ်က္ႏွာျပင္ေအာက္လက္ေဗြဖတ္စနစ္နဲ႔ ဖုန္းကို Galaxy A6s ဆိုၿပီးထုတ္လာမည္

Samsung ရဲ႕စမတ္ဖုန္းသစ္ျဖစ္တဲ့ Galaxy P30 series ဖုန္းေတြဟာ မေန႔ကေတာ့ TENAA ရဲ႕အသိအမွတ္ ျပဳမႈကို ရရွိခဲ့ပါတယ္။ Galaxy P30 (SM-G6200) ဖုန္းေတြဟာ Samsung ရဲ႕ ပထမဆုံးေသာ မ်က္ႏွာျပင္ေအာက္ fingerprint scanner နဲ႔ဖုန္းလည္း ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အဲ့ဒီဖုန္းေတြကို ေမာ္ဒယ္နံပတ္အသစ္ တစ္ခုနဲ႔ ေရာင္းခ်လာမယ္ ဆိုတာကို သိလိုက္ရပါၿပီ။

တရုတ္နဲ႔ အာရွေစ်းကြက္အတြက္ ေရာင္းခ်လာမယ့္ Galaxy P30 ဖုန္းေတြကို Galaxy A6s ဆိုၿပီးေရာင္းခ်လာမွာ ျဖစ္ပါတယ္။ ဒီေန႔ထြက္လာတဲ့ အခ်က္အလက္ေတြအရ ဒီဖုန္းသစ္မွာ full-screen ဒီဇုိင္းနဲ႔ ျဖစ္ၿပီး notch ပါလာမဟုတ္ပါဘူး မ်က္ႏွာျပင္ 5.99 လက္မရွိမွာ ျဖစ္ပါတယ္။ အေရွ႕အေနာက္ ကင္မရာ ၂မ်ိဳးလုံးမွာ 24MP အရည္အေသြးကို သုံးလာမွာပါ။ ကင္မရာပိုင္းမွာေတာ့ Dual ကင္မရာျဖစ္ၿပီး၊ေထာင့္ဘက္မွာ ေဒါင္လိုက္အေနအထား တပ္ဆင္ထားပါတယ္။

6GB RAM နဲ႔ျဖစ္ၿပီး  64GB (သုိ႔) 128GB  storage နဲ႔ျဖစ္ကာ ဘက္ထရီကိုေတာ့ 3300 mAh စြမ္းအားကို သုံးလာမယ္လို႔ သိရပါတယ္။ Galaxy A6s ဖုန္းမွာ Snapdragon 660 processor သုံးလာမွာျဖစ္ၿပီး လက္တေလာ နာမည္ႀကီး OLED screen သုံးလာမွာ မဟုတ္ပဲ LCD display ကိုသာ သုံးလာမွာ ျဖစ္ပါတယ္။  ေအာက္တိုဘာ ၁၁ရက္ေန႔မွာ တရားဝင္ မိတ္ဆက္လာမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ယြမ္ 1999 ဝန္းက်င္ ရွိမွာပါ။

unicode

Samsung ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy P30 series ဖုန်းတွေဟာ မနေ့ကတော့ TENAA ရဲ့အသိအမှတ် ပြုမှုကို ရရှိခဲ့ပါတယ်။ Galaxy P30 (SM-G6200) ဖုန်းတွေဟာ Samsung ရဲ့ ပထမဆုံးသော မျက်နှာပြင်အောက် fingerprint scanner နဲ့ဖုန်းလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီဖုန်းတွေကို မော်ဒယ်နံပတ်အသစ် တစ်ခုနဲ့ ရောင်းချလာမယ် ဆိုတာကို သိလိုက်ရပါပြီ။

တရုတ်နဲ့ အာရှဈေးကွက်အတွက် ရောင်းချလာမယ့် Galaxy P30 ဖုန်းတွေကို Galaxy A6s ဆိုပြီးရောင်းချလာမှာ ဖြစ်ပါတယ်။ ဒီနေ့ထွက်လာတဲ့ အချက်အလက်တွေအရ ဒီဖုန်းသစ်မှာ full-screen ဒီဇိုင်းနဲ့ ဖြစ်ပြီး notch ပါလာမဟုတ်ပါဘူး မျက်နှာပြင် 5.99 လက်မရှိမှာ ဖြစ်ပါတယ်။ အရှေ့အနောက် ကင်မရာ ၂မျိုးလုံးမှာ 24MP အရည်အသွေးကို သုံးလာမှာပါ။ ကင်မရာပိုင်းမှာတော့ Dual ကင်မရာဖြစ်ပြီး၊ထောင့်ဘက်မှာ ဒေါင်လိုက်အနေအထား တပ်ဆင်ထားပါတယ်။

6GB RAM နဲ့ဖြစ်ပြီး  64GB (သို့) 128GB  storage နဲ့ဖြစ်ကာ ဘက်ထရီကိုတော့ 3300 mAh စွမ်းအားကို သုံးလာမယ်လို့ သိရပါတယ်။ Galaxy A6s ဖုန်းမှာ Snapdragon 660 processor သုံးလာမှာဖြစ်ပြီး လက်တလော နာမည်ကြီး OLED screen သုံးလာမှာ မဟုတ်ပဲ LCD display ကိုသာ သုံးလာမှာ ဖြစ်ပါတယ်။  အောက်တိုဘာ ၁၁ရက်နေ့မှာ တရားဝင် မိတ်ဆက်လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယွမ် 1999 ဝန်းကျင် ရှိမှာပါ။

Posted on Leave a comment

in-display fingerprint ကိုအဓိကထားတဲ့ OnePlus 6T ရဲ႕ေၾကာ္ျငာ ဗီဒီယိုထြက္လာ

OnePlus 6T စမတ္ဖုန္းကို ေနာက္လ ၁၇ ရက္ေန႔ မိတ္ဆက္လာေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ စမတ္ဖုန္းသစ္နဲ႔ ပတ္သတ္တဲ့ ေၾကာ္ျငာအတိုေလး ထြက္လာပါတယ္။ အဲ့ဒီ Video မွာေတာ့ OnePlus 6T ဖုန္းမွာပါဝင္လာမယ့္ လုပ္ေဆာင္ခ်က္သစ္ ျဖစ္တဲ့ in-display fingerprint reader ကိုအဓိက ေဇာင္းေပးထားတဲဲ့ ေၾကာ္ျငာေလးကို ျပသထားပါတယ္။

ဖုန္းနဲ႔ပတ္သတ္လို႔ အႀကိဳထြက္ထားတဲ့ သတင္းေတြမွာေတာ့ OnePlus 6T မွာ Dash Charge အားသြင္းစနစ္ကိုသာ ျပန္လည္သုံးသြားမွာျဖစ္ၿပီး သူ႕မွာ  OnePlus 6 ဘက္ထရီထက္ ၁၀ရာခိုင္ႏႈန္း ပိုႀကီးမားတဲ့ 3,700 mAh သုံးလာမယ္လို႔ သိရပါတယ္။ ဘက္ထရီ power cell ေပၚမွာ ေရးသားထားခ်က္အရ  typical capacity မွာ 3,700 mAh ျဖစ္ၿပီး ၊ rated capacity မွာေတာ့  3,610 mAh ျဖစ္ပါတယ္။

သူနဲ႔ပတ္သတ္လို႔ ထြက္ထားတဲ့ အျခားအခ်က္အလက္ေတြကေတာ့ ၆.၄ လက္မ 1080x2340p Optic AMOLED Display ထည့္သြင္းထားႏိုင္ၿပီး Notch လည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ Face Unlock လည္း ထည့္သြင္းထားမယ္လို႔လည္း ဆိုပါတယ္။ သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ Oppo R17 Pro မွ Hardware မ်ား၊ လုပ္ေဆာင္ခ်က္မ်ားနဲ႔ ဒီဇိုင္းကို သံုးထားႏုိင္ပါတယ္။

unicode

OnePlus 6T စမတ်ဖုန်းကို နောက်လ ၁၇ ရက်နေ့ မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စမတ်ဖုန်းသစ်နဲ့ ပတ်သတ်တဲ့ ကြော်ငြာအတိုလေး ထွက်လာပါတယ်။ အဲ့ဒီ Video မှာတော့ OnePlus 6T ဖုန်းမှာပါဝင်လာမယ့် လုပ်ဆောင်ချက်သစ် ဖြစ်တဲ့ in-display fingerprint reader ကိုအဓိက ဇောင်းပေးထားတဲ့ ကြော်ငြာလေးကို ပြသထားပါတယ်။

ဖုန်းနဲ့ပတ်သတ်လို့ အကြိုထွက်ထားတဲ့ သတင်းတွေမှာတော့ OnePlus 6T မှာ Dash Charge အားသွင်းစနစ်ကိုသာ ပြန်လည်သုံးသွားမှာဖြစ်ပြီး သူ့မှာ  OnePlus 6 ဘက်ထရီထက် ၁၀ရာခိုင်နှုန်း ပိုကြီးမားတဲ့ 3,700 mAh သုံးလာမယ်လို့ သိရပါတယ်။ ဘက်ထရီ power cell ပေါ်မှာ ရေးသားထားချက်အရ  typical capacity မှာ 3,700 mAh ဖြစ်ပြီး ၊ rated capacity မှာတော့  3,610 mAh ဖြစ်ပါတယ်။

သူနဲ့ပတ်သတ်လို့ ထွက်ထားတဲ့ အခြားအချက်အလက်တွေကတော့ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားနိုင်ပြီး Notch လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမယ်လို့လည်း ဆိုပါတယ်။ သူ့မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ Hardware များ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။

Posted on Leave a comment

Galaxy Watch ကို Golf Edition ထပ္ထုတ္ေပးလုိက္တဲ့ Samsung

Samsung အေနနဲ႔ Galaxy Watch အသစ္ေတြရဲ႕ ေနာက္ထပ္ဗားရွင္းသစ္ကို ထပ္မံထုတ္ေပးလုိက္ပါတယ္။ သူ႕ကိုေတာ့  Galaxy Watch Golf Edition လို႔ နာမည္ေပးထားၿပီး golf fans အတြက္ သီးသန္႔ထုတ္ေပးလိုက္တာ ျဖစ္ပါတယ္။

Galaxy Watch Golf Edition အသစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ထြက္ခဲ့တဲ့ Gear S3 Golf Edition ရဲ႕မ်ိဳးဆက္ျဖစ္ၿပီး ကိုရီးယားႏုိင္ငံအတြက္ သီးသန္႔ျဖစ္ပါတယ္။ Golf Edition ကို၂မ်ိဳးထုတ္လုပ္ေပးထားၿပီး 46mm နဲ႔ 42mm ေတြပဲျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ 46mm ကို $367 နဲ႔ 42mm ကိုေတာ့ $351 နဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။

Golf သမားေတြအတြက္ သီးသန္႔ျဖစ္ၿပီး သင့္ရဲ႕ကၽြမ္းက်င္မႈ အေျခအေနနဲ႔ တိုးတက္လာမႈေတြကို ေစာင့္ၾကည့္ အကဲျဖတ္ေပးေနမွာ ျဖစ္ပါတယ္။ Smart Caddie မွာ ကမၻာ႔တဝွမ္းမွာ ရွိတဲ့ golf courses ေပါင္း 60,000 ဝန္းက်င္ပါဝင္တယ္လို႔ ဆိုပါတယ္။ ဘက္ထရီသက္တမ္းကေတာ့ က်င္း ၅၄ ခုစာေလာက္ခံႏိုင္ရည္ ရွိမယ္လို႔ Samsung ကေျပာၾကားထားပါတယ္။

သူရဲ႕တျခားပါဝင္မႈေတြကေတာ့ ၿပီးခဲ့တဲ့လပိုင္းအတြင္းက မိတ္ဆက္ထားတဲ့ Galaxy Watch ေတြနဲ႔တူညီႏုိင္ပါတယ္။ ကိုရီးယားကုမၸဏီဟာ ၁.၃ လက္မ (46mm) နဲ႔ ၁.၂ လက္မ (42mm) မ်က္္ႏွာျပင္မ်ား ပါၿပီး Gorilla Glass DX+ ျဖင့္ ကာကြယ္ထားတဲ့ Galaxy Watch နာရီေတြကို Note 9 ဖုန္းနဲ႔အတူ မိတ္ဆက္ေပးထားပါတယ္။ နာရီသစ္ႏွစ္မ်ိဳးစလံုးအတြက္ Bluetooth နဲ႔ LTE Model မ်ား ထုတ္လုပ္ေပးထားပါတယ္။ ေမာ္ဒယ္အားလံုးမွာ GPS နဲ႔ 4GB Storage မ်ားပါပါတယ္။

unicode

Samsung အနေနဲ့ Galaxy Watch အသစ်တွေရဲ့ နောက်ထပ်ဗားရှင်းသစ်ကို ထပ်မံထုတ်ပေးလိုက်ပါတယ်။ သူ့ကိုတော့  Galaxy Watch Golf Edition လို့ နာမည်ပေးထားပြီး golf fans အတွက် သီးသန့်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Galaxy Watch Golf Edition အသစ်ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Gear S3 Golf Edition ရဲ့မျိုးဆက်ဖြစ်ပြီး ကိုရီးယားနိုင်ငံအတွက် သီးသန့်ဖြစ်ပါတယ်။ Golf Edition ကို၂မျိုးထုတ်လုပ်ပေးထားပြီး 46mm နဲ့ 42mm တွေပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 46mm ကို $367 နဲ့ 42mm ကိုတော့ $351 နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Golf သမားတွေအတွက် သီးသန့်ဖြစ်ပြီး သင့်ရဲ့ကျွမ်းကျင်မှု အခြေအနေနဲ့ တိုးတက်လာမှုတွေကို စောင့်ကြည့် အကဲဖြတ်ပေးနေမှာ ဖြစ်ပါတယ်။ Smart Caddie မှာ ကမ္ဘာ့တဝှမ်းမှာ ရှိတဲ့ golf courses ပေါင်း 60,000 ဝန်းကျင်ပါဝင်တယ်လို့ ဆိုပါတယ်။ ဘက်ထရီသက်တမ်းကတော့ ကျင်း ၅၄ ခုစာလောက်ခံနိုင်ရည် ရှိမယ်လို့ Samsung ကပြောကြားထားပါတယ်။

သူရဲ့တခြားပါဝင်မှုတွေကတော့ ပြီးခဲ့တဲ့လပိုင်းအတွင်းက မိတ်ဆက်ထားတဲ့ Galaxy Watch တွေနဲ့တူညီနိုင်ပါတယ်။ ကိုရီးယားကုမ္ပဏီဟာ ၁.၃ လက်မ (46mm) နဲ့ ၁.၂ လက်မ (42mm) မျက်နှာပြင်များ ပါပြီး Gorilla Glass DX+ ဖြင့် ကာကွယ်ထားတဲ့ Galaxy Watch နာရီတွေကို Note 9 ဖုန်းနဲ့အတူ မိတ်ဆက်ပေးထားပါတယ်။ နာရီသစ်နှစ်မျိုးစလုံးအတွက် Bluetooth နဲ့ LTE Model များ ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ်အားလုံးမှာ GPS နဲ့ 4GB Storage များပါပါတယ်။

Posted on Leave a comment

TENAA ရဲ႕အသိအမွတ္ျပဳ ရရွိၿပီျဖစ္တဲ့ Samsung Galaxy P30

Samsung ရဲ႕ စမတ္ဖုန္းသစ္ျဖစ္တဲ့ Galaxy P30 စီးရီးဖုန္းသစ္ေတြ တရုတ္ႏုိင္ငံမွာ တင္သြင္းေရာင္းခ်ႏုိင္ဖုိ႔ အတြက္ TENAA ရဲ႕အသိအမွတ္ျပဳမႈကို ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ဖုန္းရဲ႕ဓာတ္ပုံဒီဇုိင္းကိုသာ ျမင္ေတြ႕ခဲ့ရၿပီး အျခားအခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ Samsung အေနနဲ႔  Galaxy P30 နဲ႔ Galaxy P30 Plus ဖုန္းေတြကိုေတာ့ “4x fun event” မွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

Galaxy P30 (SM-G6200) ဖုန္းဟာ Samsung ရဲ႕ ပထမဆုံးေသာ fingerprint scanner နဲ႔ဖုန္းလည္း ျဖစ္ပါတယ္။ ဒီေန႔ထြက္လာတဲ့ အခ်က္အလက္မွာေတာ့ 5.99 လက္မနဲ႔ျဖစ္ၿပီး LCD panel သုံးထားမွာ ျဖစ္ကာ 3,300mAh ဘက္ထရီစြမ္းအားနဲ႔ လာမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာလည္း ဘဲဥပုံစံလက္ေဗြဖတ္ စနစ္ကိုထည့္သြင္းထားၿပီး Samsung ရဲ႕အထာအတုိင္း Display မွာ Notch ပါဝင္လာအုံးမွာ မဟုတ္ပါဘူး။

ကင္မရာပိုင္းမွာေတာ့ Dual ကင္မရာျဖစ္ၿပီး၊ေထာင့္ဘက္မွာ ေဒါင္လိုက္အေနအထားတပ္ဆင္ထားၿပီး သူ႕ရဲ႕ေအာက္ဘက္မွာေတာ့ Dual led flash ကိုေတြ႕ရပါတယ္။ ယခင္ထြက္ထားတဲ့ သတင္းမွာေတာ့ Samsung Galaxy P30 မွာ OLED သံုးလာမွာ မဟုတ္ဘဲ LCD သံုးလာပါမယ္။ ဒါေပမယ့္ ဒီဖုန္းမွာ မ်က္ႏွာျပင္ ႐ုပ္ထြက္ေအာက္ လက္ေဗြရာစနစ္ သံုးလာပါမယ္။ Samsung Galaxy P30 ကုိ Storage 64GB ၊ 128GB တို႔ႏွင့္ ေရြးခ်ယ္ႏုိင္မွာ ျဖစ္ၿပီး အျပာေရာင္၊ အနီေရာင္၊ ပန္းေရာင္၊ အနက္ေရာင္တို႔ႏွင့္ ထြက္လာပါမယ္။

unicode

Samsung ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy P30 စီးရီးဖုန်းသစ်တွေ တရုတ်နိုင်ငံမှာ တင်သွင်းရောင်းချနိုင်ဖို့ အတွက် TENAA ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဖုန်းရဲ့ဓာတ်ပုံဒီဇိုင်းကိုသာ မြင်တွေ့ခဲ့ရပြီး အခြားအချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Samsung အနေနဲ့  Galaxy P30 နဲ့ Galaxy P30 Plus ဖုန်းတွေကိုတော့ “4x fun event” မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Galaxy P30 (SM-G6200) ဖုန်းဟာ Samsung ရဲ့ ပထမဆုံးသော fingerprint scanner နဲ့ဖုန်းလည်း ဖြစ်ပါတယ်။ ဒီနေ့ထွက်လာတဲ့ အချက်အလက်မှာတော့ 5.99 လက်မနဲ့ဖြစ်ပြီး LCD panel သုံးထားမှာ ဖြစ်ကာ 3,300mAh ဘက်ထရီစွမ်းအားနဲ့ လာမှာဖြစ်ပါတယ်။ နောက်ဘက်မှာလည်း ဘဲဥပုံစံလက်ဗွေဖတ် စနစ်ကိုထည့်သွင်းထားပြီး Samsung ရဲ့အထာအတိုင်း Display မှာ Notch ပါဝင်လာအုံးမှာ မဟုတ်ပါဘူး။

ကင်မရာပိုင်းမှာတော့ Dual ကင်မရာဖြစ်ပြီး၊ထောင့်ဘက်မှာ ဒေါင်လိုက်အနေအထားတပ်ဆင်ထားပြီး သူ့ရဲ့အောက်ဘက်မှာတော့ Dual led flash ကိုတွေ့ရပါတယ်။ ယခင်ထွက်ထားတဲ့ သတင်းမှာတော့ Samsung Galaxy P30 မှာ OLED သုံးလာမှာ မဟုတ်ဘဲ LCD သုံးလာပါမယ်။ ဒါပေမယ့် ဒီဖုန်းမှာ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ် သုံးလာပါမယ်။ Samsung Galaxy P30 ကို Storage 64GB ၊ 128GB တို့နှင့် ရွေးချယ်နိုင်မှာ ဖြစ်ပြီး အပြာရောင်၊ အနီရောင်၊ ပန်းရောင်၊ အနက်ရောင်တို့နှင့် ထွက်လာပါမယ်။

Posted on Leave a comment

HONOR PLAY ဖုန္းရဲ႕ ခရမ္းေရာင္ဗားရွင္း အသစ္ကိုအိႏိၵယမွာမိတ္ဆက္

Huawei ရဲ႕အမွတ္တံဆိပ္ခြဲ တစ္ခုျဖစ္တဲ့ HONOR အေနနဲ႔ အိႏိၵယမွာ HONOR PLAY ဖုန္းရဲ႕ အေရာင္သစ္ျဖစ္တဲ့ ခရမ္းေရာင္ဗားရွင္း အသစ္ကို ထုတ္ေပးလိုက္ပါတယ္။ Honor Play ဆိုတာကေတာ့ gaming ဖုန္းေတြထဲမွာ ေစ်းအေတာ္ေလး သက္သာတဲ့ ဖုန္းလို႔သတ္မွတ္ႏိုင္ပါတယ္။ သူရဲ႕ေစ်းႏႈန္းကလည္း ေဒၚလာ ၂၇၅ ဝန္းက်င္သာ ရွိမွာပါ။ ဂိမ္းပိုင္းဆိုင္ရာ ေကာင္းမြန္တဲ့ ဖုန္းေလးျဖစ္ၿပီး စတင္ျဖန္႔ခိ်တဲ့ အခ်ိန္တုန္းက Blue နဲ႔ Black color ဆိုၿပီး ျဖစ္ပါတယ္။

သူ႕မွာမ်က္ႏွာျပင္ 6.3” လက္မရွိၿပီး 19:9 aspect ratio ျဖစ္တာေၾကာင့္ ခပ္ရွည္ရွည္ပုံစံကို ျမင္ေတြ႕ရမွာပါ။ မ်က္ႏွာျပင္ေဖာ္ျပႏိုင္မႈကေတာ့ 1,080 x 2,280 px  နဲ႔ျဖစ္ပါတယ္။ 3D game အသံထြက္နဲ႔ 7.1 channel အသံပတ္လည္ေျပးစနစ္အတြက္ Histen audio tech ကိုေထာက္ပံ့ေပးထားပါတယ္။ 4 GB of RAM နဲ႔ 64 GB storage နဲ႔ဖုန္းအျပင္ 6GB RAM နဲ႔အျမင့္စားေမာ္ဒယ္ကိုလည္း ထုတ္ထားပါတယ္။ ဖုန္းရဲ႕ဂိမ္းဆိုင္ရာ စြမ္းေဆာင္ခ်က္ေတြအတြက္ GPU Turbo ကိုအသုံးျပဳထားပါတယ္။

အျခားအခ်က္အလက္အေနနဲ႔  3,750 mAh ဘက္ထရီကိုသုံးထားၿပီး nubia Red Magic ဖုန္းနဲ႔ဘက္ထရီနဲ႔ အရြယ္အစားတူညီပါတယ္။ Android 8.1 Oreo နဲ႔အတူ EMUI 8.2 ကိုတစ္ပါတည္း သုံးႏုိင္မွာျဖစ္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ 16 MP + 2 MP dual camera ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး 16 MP selfie camera ဟာ iPhone မွာလိုမ်ိဳး 3D portrait lighting စနစ္ထည့္သြင္းေပးထားပါတယ္။

unicode

Huawei ရဲ့အမှတ်တံဆိပ်ခွဲ တစ်ခုဖြစ်တဲ့ HONOR အနေနဲ့ အိန္ဒိယမှာ HONOR PLAY ဖုန်းရဲ့ အရောင်သစ်ဖြစ်တဲ့ ခရမ်းရောင်ဗားရှင်း အသစ်ကို ထုတ်ပေးလိုက်ပါတယ်။ Honor Play ဆိုတာကတော့ gaming ဖုန်းတွေထဲမှာ ဈေးအတော်လေး သက်သာတဲ့ ဖုန်းလို့သတ်မှတ်နိုင်ပါတယ်။ သူရဲ့ဈေးနှုန်းကလည်း ဒေါ်လာ ၂၇၅ ဝန်းကျင်သာ ရှိမှာပါ။ ဂိမ်းပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ဖုန်းလေးဖြစ်ပြီး စတင်ဖြန့်ချိတဲ့ အချိန်တုန်းက Blue နဲ့ Black color ဆိုပြီး ဖြစ်ပါတယ်။

သူ့မှာမျက်နှာပြင် 6.3” လက်မရှိပြီး 19:9 aspect ratio ဖြစ်တာကြောင့် ခပ်ရှည်ရှည်ပုံစံကို မြင်တွေ့ရမှာပါ။ မျက်နှာပြင်ဖော်ပြနိုင်မှုကတော့ 1,080 x 2,280 px  နဲ့ဖြစ်ပါတယ်။ 3D game အသံထွက်နဲ့ 7.1 channel အသံပတ်လည်ပြေးစနစ်အတွက် Histen audio tech ကိုထောက်ပံ့ပေးထားပါတယ်။ 4 GB of RAM နဲ့ 64 GB storage နဲ့ဖုန်းအပြင် 6GB RAM နဲ့အမြင့်စားမော်ဒယ်ကိုလည်း ထုတ်ထားပါတယ်။ ဖုန်းရဲ့ဂိမ်းဆိုင်ရာ စွမ်းဆောင်ချက်တွေအတွက် GPU Turbo ကိုအသုံးပြုထားပါတယ်။

အခြားအချက်အလက်အနေနဲ့  3,750 mAh ဘက်ထရီကိုသုံးထားပြီး nubia Red Magic ဖုန်းနဲ့ဘက်ထရီနဲ့ အရွယ်အစားတူညီပါတယ်။ Android 8.1 Oreo နဲ့အတူ EMUI 8.2 ကိုတစ်ပါတည်း သုံးနိုင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 16 MP + 2 MP dual camera ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး 16 MP selfie camera ဟာ iPhone မှာလိုမျိုး 3D portrait lighting စနစ်ထည့်သွင်းပေးထားပါတယ်။

Posted on Leave a comment

Android Pie ရရွိမယ့္ ပထမဆုံးဖုန္းကို Nokia ေၾကညာ

Nokia ရဲ႕ Android Pie အဆင့္ျမင့္ဗားရွင္း ရရိွမယ့္ စမတ္ဖုန္း တစ္လုံးထြက္ေပၚ လာခဲ့ပါၿပီ။ အဲ့ဒီဖုန္းကေတာ့ Nokia 7 Plus ျဖစ္ၿပီး Google ကထုတ္တဲ့ ဖုန္းမဟုတ္ပဲ Android 9 Pie update ရရွိမယ့္ ဖုန္း အနည္းငယ္စာရင္းမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ HMD Global ရဲ႕ ထုတ္ကုန္ပိုင္းဆုိင္ရာ အရာရွိျဖစ္တဲ့ Juho Sarvikas ကသူရဲ႕ tweeter ကေနေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ Nokia 7 Plus ဖုန္းဟာbudget ဖုန္းအမ်ိဳးအစားျဖစ္ၿပီး Asia နဲ႔ India ေစ်းကြက္အတြက္ ရည္ရြယ္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

Android Pie မွာ အရင္္လို Back, Home, Overview ဆိုတဲ့ Android ခလုတ္ေတြ ပါလာမွာမဟုတ္ေတာ့ဘဲ၊ iPhone X လို Screen ေပၚမွာ Home ခလုတ္ေလးတခုပဲ ပါမွာျဖစ္ျပီး၊ Gesture အဓိကနဲ႔ပဲ အသုံးျပဳရေတာ့မွာပါ။ Android P မွာ သုံးစြဲသူအေနနဲ႔ဖုန္းကို ဘယ္လို အသုံးျပဳေနလဲဆိုတာကို ျပသေပးမယ့္ Dashboard တစ္ခု ပါဝင္လာပါတယ္။ Dashboard မွာ ျပသေပးမယ့္အရာေတြကေတာ့ App တစ္ခုခ်င္းစီရဲ႕ ကိုယ္ အသုံးျပဳခဲ့တဲ့ အခ်ိန္မ်ား၊ ဖုန္းကို Unlock ျပဳလုပ္တဲ့ အႀကိမ္အေရအတြက္ နဲ႔ ကိုယ္ လက္ခံရရွိတဲ့ Notification မ်ား ပါဝင္မွာ ျဖစ္ပါတယ္။

Nokia 7 Plus ကို သတၱဳကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။ မ်က္ႏွာျပင္ေထာင့္စြန္းမ်ားဟာ လံုး၀ိုင္းပါတယ္။ သူ႔မွာ Snapdragon 660 Octa-Core Chipset ထည့္သြင္းထားပါတယ္။ ၆ လက္မ Full HD+ Display ပါပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ပါးလႊာပါတယ္။ 64GB Internal Storage ထည့္သြင္းထားၿပီး microSD Card စိုက္ႏုိင္ပါတယ္။ 3800mAhဘက္ထရီစြမ္းအားနဲ႔ ျဖစ္ပါတယ္။

unicode

Nokia ရဲ့ Android Pie အဆင့်မြင့်ဗားရှင်း ရရှိမယ့် စမတ်ဖုန်း တစ်လုံးထွက်ပေါ် လာခဲ့ပါပြီ။ အဲ့ဒီဖုန်းကတော့ Nokia 7 Plus ဖြစ်ပြီး Google ကထုတ်တဲ့ ဖုန်းမဟုတ်ပဲ Android 9 Pie update ရရှိမယ့် ဖုန်း အနည်းငယ်စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ HMD Global ရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာ အရာရှိဖြစ်တဲ့ Juho Sarvikas ကသူရဲ့ tweeter ကနေပြောကြားခဲ့တာ ဖြစ်ပါတယ်။ Nokia 7 Plus ဖုန်းဟာbudget ဖုန်းအမျိုးအစားဖြစ်ပြီး Asia နဲ့ India ဈေးကွက်အတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Android Pie မှာ အရင်လို Back, Home, Overview ဆိုတဲ့ Android ခလုတ်တွေ ပါလာမှာမဟုတ်တော့ဘဲ၊ iPhone X လို Screen ပေါ်မှာ Home ခလုတ်လေးတခုပဲ ပါမှာဖြစ်ပြီး၊ Gesture အဓိကနဲ့ပဲ အသုံးပြုရတော့မှာပါ။ Android P မှာ သုံးစွဲသူအနေနဲ့ဖုန်းကို ဘယ်လို အသုံးပြုနေလဲဆိုတာကို ပြသပေးမယ့် Dashboard တစ်ခု ပါဝင်လာပါတယ်။ Dashboard မှာ ပြသပေးမယ့်အရာတွေကတော့ App တစ်ခုချင်းစီရဲ့ ကိုယ် အသုံးပြုခဲ့တဲ့ အချိန်များ၊ ဖုန်းကို Unlock ပြုလုပ်တဲ့ အကြိမ်အရေအတွက် နဲ့ ကိုယ် လက်ခံရရှိတဲ့ Notification များ ပါဝင်မှာ ဖြစ်ပါတယ်။

Nokia 7 Plus ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ မျက်နှာပြင်ထောင့်စွန်းများဟာ လုံးဝိုင်းပါတယ်။ သူ့မှာ Snapdragon 660 Octa-Core Chipset ထည့်သွင်းထားပါတယ်။ ၆ လက်မ Full HD+ Display ပါပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာ အလွန်ပါးလွှာပါတယ်။ 64GB Internal Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ 3800mAhဘက်ထရီစွမ်းအားနဲ့ ဖြစ်ပါတယ်။

Posted on Leave a comment

Nokia 9 စမတ္ဖုန္းမွာ ပါဝင္လာမယ့္ အဓိကအခ်က္အလက္မ်ား သိရၿပီ

လြန္ခဲ့တဲ့ လေလာက္က Nokia အေနနဲ႔ တရုတ္ႏုိင္ငံမွာ  TA-1131 ဆိုတဲ့ေမာ္ဒယ္နံပတ္နဲ႔ ဖုန္းတစ္လုံးကို စာရင္းတင္ခဲ့ပါတယ္။ ဒီေန႔မွာလည္း ထပ္မံၿပီးေတာ့ TENAA မွာအဲ့ဒီေမာ္ဒယ္နံပါတ္နဲ႔ ဖုန္းတစ္လုံးအေၾကာင္း ထြက္လာပါတယ္။  Nokia 9 ဖုန္းလုိ႔သတ္ႏိုင္ၿပီး ထြက္ရွိလာတဲ့ list မွာဖုန္းနဲ႔႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြ အျပည့္အစုံ ပါရွိလာပါတယ္။

TENAA ျပထားတဲ့ ဖုန္းရဲ႕ အဓိကလုပ္ေဆာင္ခ်က္ေတြမွာေတာ့ Nokia 9 ဖုန္းမွာ 6.2 လက္မscreen နဲ႔ျဖစ္ၿပီး အတုိင္းအတာကေတာ့  154.8 × 75.76 × 7.97 mm ရွိမယ္လို႔ ဆိုပါတယ္။ 4GB RAM မွာ 64GB memory နဲ႔ျဖစ္ၿပီး၊ေနာက္ထပ္ ေမာ္ဒယ္တခုမွာေတာ့ 6GB RAM နဲ႔ 128GB သိုေလွာင္မႈ သံုးလာမယ္လို႔ သိရပါတယ္။

Qualcomm ရဲ႕ Snapdragon 845  ပရိုဆက္ဆာကို ပြဲထြက္လာမွာ ျဖစ္ၿပီး 3400mAh ဘက္ထရီစြမ္းအားနဲ႔ သုံးလာမယ္လို႔ သိရပါတယ္။ Nokia 9 စမတ္ဖုန္းကို လာ့မယ္ႏွစ္ MWC 2019 မွာ တရားဝင္မိတ္ဆက္ လာႏိုင္ပါတယ္။ Nokia အေနနဲ႔ သူတို႔ရဲ႕အသစ္ထြက္လာမယ့္ စမတ္ဖုန္းသစ္ Nokia 9 ဖုန္းမွာ ေနာက္ေက်ာဘက္ကင္မရာ ၅လုံးတပ္ဆင္လာမယ့္ဆိုတဲ့ သတင္းေတြလည္း ထြက္ထားပါေသးတယ္။ တရုတ္ႏိုင္ငံ သတင္းေတြမွာ ဒီေန႔ထြက္လာတဲ့ ဓာတ္ပုံအရ Nokia ဖုန္းသစ္မွာ ကင္မရာ၅လုံးကို အကြာအေဝး အနည္းငယ္ျခားၿပီး တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

unicode

လွန်ခဲ့တဲ့ လလောက်က Nokia အနေနဲ့ တရုတ်နိုင်ငံမှာ  TA-1131 ဆိုတဲ့မော်ဒယ်နံပတ်နဲ့ ဖုန်းတစ်လုံးကို စာရင်းတင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း ထပ်မံပြီးတော့ TENAA မှာအဲ့ဒီမော်ဒယ်နံပါတ်နဲ့ ဖုန်းတစ်လုံးအကြောင်း ထွက်လာပါတယ်။  Nokia 9 ဖုန်းလို့သတ်နိုင်ပြီး ထွက်ရှိလာတဲ့ list မှာဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အပြည့်အစုံ ပါရှိလာပါတယ်။

TENAA ပြထားတဲ့ ဖုန်းရဲ့ အဓိကလုပ်ဆောင်ချက်တွေမှာတော့ Nokia 9 ဖုန်းမှာ 6.2 လက်မscreen နဲ့ဖြစ်ပြီး အတိုင်းအတာကတော့  154.8 × 75.76 × 7.97 mm ရှိမယ်လို့ ဆိုပါတယ်။ 4GB RAM မှာ 64GB memory နဲ့ဖြစ်ပြီး၊နောက်ထပ် မော်ဒယ်တခုမှာတော့ 6GB RAM နဲ့ 128GB သိုလှောင်မှု သုံးလာမယ်လို့ သိရပါတယ်။

Qualcomm ရဲ့ Snapdragon 845  ပရိုဆက်ဆာကို ပွဲထွက်လာမှာ ဖြစ်ပြီး 3400mAh ဘက်ထရီစွမ်းအားနဲ့ သုံးလာမယ်လို့ သိရပါတယ်။ Nokia 9 စမတ်ဖုန်းကို လာ့မယ်နှစ် MWC 2019 မှာ တရားဝင်မိတ်ဆက် လာနိုင်ပါတယ်။ Nokia အနေနဲ့ သူတို့ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ် Nokia 9 ဖုန်းမှာ နောက်ကျောဘက်ကင်မရာ ၅လုံးတပ်ဆင်လာမယ့်ဆိုတဲ့ သတင်းတွေလည်း ထွက်ထားပါသေးတယ်။ တရုတ်နိုင်ငံ သတင်းတွေမှာ ဒီနေ့ထွက်လာတဲ့ ဓာတ်ပုံအရ Nokia ဖုန်းသစ်မှာ ကင်မရာ၅လုံးကို အကွာအဝေး အနည်းငယ်ခြားပြီး တပ်ဆင်ထားတာကို တွေ့ရပါတယ်။