Knowledge Smartphone

ဒီရက်ပိုင်းမှာခေတ်စားနေတဲ့ Huawei P20 ရဲ့ Hybrid Zoom ဆိုတာ ဘယ်လိုမျိုးလဲ

Flagship စမတ်ဖုန်းလို့ပြောလိုက်တာနဲ့ သေသပ်ခြင်း၊ တမူထူးခြားခြင်း၊ ကင်မရာစွမ်းဆောင်ရည်ကောင်းမွန်ခြင်းတွေနဲ့ ပြည့်စုံတယ်ဆိုတာ မြင်မိကြမှာပါ။ ကင်မရာစွမ်းဆောင်ရည်လို့ ပြောလိုက်ရင် Google ရဲ့ HDR+ ၊ LG ရဲ့ wide-angle shooting option ၊ super slow motion video capture စတာတွေလည်း မြင်ယောင်မိမှာကျိန်းသေပါပဲ။ Huawei ကတော့ သင့်ရဲ့စိတ်အာရုံကို Hybrid Zoom နည်းပညာနဲ့ ဖမ်းစားဖို့မျှော်လင့်ထားပါတယ်။ ဒီနည်းပညာကို P20 နဲ့ P20 Pro flagship တွေမှာ အသုံးပြုထားတာပါ။ Huawei ရဲ့ Hybrid Zoom နည်းပညာကတော့ အသစ်အဆန်းလို့ မဆိုနိုင်ပါဘူး။ Mate 9 ၊ P10 နဲ့ Mate 10 […]

Gadget Trending

Password တွေ၊ fingerprint တွေကို အစားထိုးမယ့် Windows Hello

Password တွေက လက်တွေ့မှာ အသုံးမ၀င်တော့ဘူး။ အန္တရာယ်တောင် ရှိလာပြီလေ။ ဒါကြောင့်လည်း နည်းပညာ ကုမ္ပဏီတွေက two-factor authentication ၊ fingerprints ၊ faces နဲ့ security keys တွေကိုအသုံးပြုပြီးတော့ password တွေကို ကွယ်ပျောက်အောင် လုပ်နေကြတာပေါ့။ Fast Identity Online (FIDO) alliance နဲ့ပူးပေါင်းပြီးတော့ Microsoft က သူ့ရဲ့ Windows Hello security framework ကို အဆင့်မြှင့်တင်လိုက်ပါတယ်။ ratified FIDO2 security key ကိုလည်း အသုံးပြုထားပါတယ်။ ဒါကြောင့် နောင်အနာဂတ်ရဲ့ Windows ကွန်ပျူတာတွေမှာ removable USB key ပေါ်က fingerprint တစ်ချက်နဲ့ unlock […]

Enterprise Smartphone Trending

USမှာနေရာမရရင်တောင်မှ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူနေရာကို ယူသွားမယ့် Huawei

Huawei P20 နဲ့ P20 Pro ဖုန်းတွေကို flash sale ရောင်းချမှု ပထမဆုံး၁၀စက္ကန့်အတွင်းမှာ ဒေါ်လာ၁၅သန်း ရခဲ့ပါတယ်။ Huawei ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ တရုတ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီလိုဝင်ငွေတွေကို e-commerce platform ပေါ်ကနေ ရရှိခဲ့တာဖြစ်ပါတယ်။ Huaei ရဲ့ အစောပိုင်းရောင်းအားက ယူအက်စ်အစိုးရကို အနိုင်ရနိုင်လောက်ပါတယ်။ တချို့တွေက စပိုင်တွေနဲ့ပတ်သတ်မှာကြောက်လို့ မ၀ယ်ဖို့တွန်းအားပေးနေတာတွေလည်း ရှိပါတယ်။ Huawei ရဲ့ consumer business ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Richard Yu ကတော့ အခုလိုပြောပါတယ်။ သူတို့ဟာ ယူအက်စ်ကို လက်လျော့မှာမဟုတ်ပါဘူး။ သူတို့ဟာ ယူအက်စ်မှာ နေရာမရရင်တောင်မှ ဆမ်ဆောင်းကိုကျော်တက်ပြီးတော့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို ယူသွားမယ်လို့ ပြောထားပါတယ်။ ယူအက်စ်အစိုးရရဲ့ဖိအားတွေ၊ AT&T […]

Smartphone Trending

Razer နဲ့ Xiaomi ကို ပြိုင်ဆိုင်မယ့် ZTE ရဲ့ ဂိမ်းစမတ်ဖုန်းအသစ်

ZTE ရဲ့ Nubia လိုင်းကတော့ Red Magic gaming brand ကို ထွက်ရှိလိမ့်မယ်လို့ သတင်းထွက်နေခဲ့ပြီးသားပါ။ ဒီထုတ်ကုန်အသစ်လေးကတော့ Nubia ‘Red Devil’ Gaming ဖုန်းအဖြစ်နဲ့ ထွက်ရှိလာမှာပါ။ မှန်းထားတာကတော့ April 19 မှာ မြင်ရပါလိမ့်မယ်။ ဒီဖုန်းကတော့ Razer Phone ကို ယှဉ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးခင်က ကြေညာထားတဲ့ Xiaomi ရဲ့ Black Shark ကိုလည်း ပြိုင်ဆိုင်မှုတွေ လုပ်သွားနိုင်ပါတယ်။ ဒီနေ့ခေတ် ဈေးကွက်မှာရနိုင်တဲ့ console တွေလောက် ကောင်းကောင်းကစားနိုင်တဲ့ဖုန်းတွေကို ဈေးကွက်ကတောင်းဆိုမှုတွေ ရှိလာပါတယ်။ ဒါပေမယ့် ဂိမ်းဖုန်းတွေကတော့ အကန့်အသတ်ရှိနေဆဲဖြစ်ပါတယ်။ ဒီဖုန်းလေးမှာ ဘယ်လိုလုပ်ဆောင်ချက်တွေများ ထည့်သွင်းထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Nubia ရဲ့ ပထမဆုံးဂိမ်းစမတ်ဖုန်းကတော့ […]