Gadget Trending

Google Pixel Buds မှာ spoken notification တွေကို စိတ်ကြိုက်ဖွင့်ပိတ်နိုင်မည်

Zawgyi Version တစ်ပြိုင်နက်တည်းနဲ့ အားလုံးကို ဖွင့်/ပိတ်လုပ်မယ့်အစား တစ်ခုချင်းစီကို ထိန်းချုပ်နိုင်တော့မှာပါ။ မတ်လမှာထုတ်ထားတဲ့ beta preview မှာ Google Pixel Buds ရဲ့ feature အသစ်တွေကို အရိပ်အမြွက်ပြောထားတဲ့အထဲမှာ double-tap functionality နဲ့ in-ear detection တို့လည်း ပါဝင်ခဲ့ပါတယ်။ နောက်ထပ်တစ်ခုထည့်ထားတာကတော့ app တိုင်းအတွက် spoken notification လေးတွေကို ဖွင့်မလားဆိုတဲ့ setting လေး ဖြစ်ပါတယ်။ အရင်တုန်းက Android သုံးသူတွေက spoken notification တွေကို Assistant headphone တွေဆီပို့ပေးတဲ့ feature ကို ပိတ်မလား၊ ဖွင့်မလားပဲ ရွေးခွင့်ရှိတာပါ။ အခုဆိုရင်တော့ app တစ်ခုချင်းစီကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီပဲ ဖြစ်ပါတယ်။ default […]

How-To Mobile Phone Tutorial

iOS Messages App မှာ ကြုံတွေ့နေရတဲ့ Black Dot Crashing Bug လေးကိုဖြေရှင်းနည်း

Zawgyi Version စိတ်ညစ်စရာတစ်ခုပါပဲ။ အရင်တုန်းကကြုံခဲ့ဖူးသလိုမျိုးပါ။ Apple ရဲ့ မက်ဆေ့ခ်ျ app လေးထဲမှာ bug ကိုထကြွစေနိုင်တဲ့ စာသားလေးတွေပို့လိုက်မယ်ဆိုရင် crash ဖြစ်သွားစေပါတယ်။ ဒါပေမယ့်လည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေ့ထားတော့ အသက်ရှုချောင်တာပေါ့။ အဲဒီ bug လေးကိုတွေ့ဖူးတယ်ဆိုရင်တော့ ရူးချင်စရာကောင်းတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ Messages app ကို ဖျက်ပြီးမှ ပြန်သုံးရတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ နည်းလမ်းကတော့ 3D Touch ရမရအပေါ်မှာ မူတည်ပြီးတော့ ကွဲပြားသွားမှာပါ။ iPhone 6s နဲ့အထက်မှာ ဖြေရှင်းနည်း အဆင့် ၁ – ပထမဆုံးအနေနဲ့ Messages app ကို ပိတ်ဖို့အတွက် Home screen ကိုသွားဖို့လိုအပ်ပါတယ်။ Siri ကို သုံးနေကျအတိုင်းလှမ်းခေါ်လိုက်ပြီးတော့ အဲဒီစာပို့တဲ့သူဆီ စာတစ်စောင်ပို့အောင် အမိန့်ပေးလိုက်ပါ။ […]

Smartphone Trending

Notch နှစ်ခုထည့်သွင်းနိုင်တဲ့ option ကို Android P Developer Preview 2 မှာ တွေ့မြင်ရ

Zawgyi Version Android P OS ကို beta အနေနဲ့ အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။ Developer Preview ကို ပထမဆုံးထုတ်ပေးတာကတော့ မတ်လကတည်းကဖြစ်ပါတယ်။ call blocking features ကောင်းကောင်းတွေ၊ native screenshot editor တွေ၊ native screenshot editor အသစ်တွေ၊ secure DNS option တွေကို တွေ့မြင်ရပြီး ဖြစ်ပါတယ်။ preview version မထွက်ခင်ကတည်းက Android P version အသစ်မှာ notch အတွက် ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ ပြောဖူးပါတယ်။ မှန်ပါတယ်။ notch အတွက် ထောက်ပံ့မှုတွေကို ထည့်သွင်းပေးတော့မှာပါ။ Android P က ပေးနိုင်တဲ့အရာတွေ အများကြီးရှိပေမယ့်လည်း notch ကတော့ […]

Smartphone Trending

Motorola မှ ခေါက်နိုင်တဲ့ဖုန်းလေးကို patent တင်လိုက်ပြီ

Zawgyi Version ဒီနေ့ခေတ်မှာ အတော်များများက ခေါက်နိုင်တဲ့စမတ်ဖုန်းလေးတွေကို စိတ်ဝင်စားနေကြပါပြီ။ Samsung မှ Microsoft အဆုံး Apple တောင်ပါဝင်လာပါပြီ။ Motorola လည်း အဲဒီနယ်ပယ်ထဲကို ပါဝင်လာပါပြီ။ ခေါက်ထားတဲ့စမတ်ဖုန်းလေးကနေ တက်ဘလက်အဖြစ်နဲ့ ပြောင်းလဲမယ့် patent လေးက ဆုရပြီးသွားတဲ့နောက်မှာတော့ အဲဒီpatent လေးက ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖုန်းတစ်လုံးတည်းမဟုတ်ပါဘူး။ ကာဗာလေးပါတွေ့လိုက်ရတာပါ။ သေသေချာချာပြောရမယ်ဆိုရင် ဘယ်သူတွေမှ မလုပ်ခင်ကတည်းကနေ ခေါက်နိုင်တဲ့ပစ္စည်းလေးတွေကို စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ patent တင်ထားတဲ့နေ့လေးကိုစဉ်းစားလိုက်မယ်ဆိုရင် Motorola က ၂၀၁၆ကတည်းက တင်ထားခဲ့တာပါ။ ဒါပေမယ့် patent ရလာခဲ့တာတော့ ဒီနှစ်မတ်လမှ ဖြစ်ပါတယ်။ Motorola ရဲ့ patent လေးကို “fold out” smartphone အနေနဲ့ တင်ထားခဲ့တာပါ။ ဒါကြောင့် […]

Enterprise Trending

‘Made in India’ Galaxy J ဖုန်းသစ်လေးလုံးနဲ့ Xiaomi ကိုဖိုက်မယ့် Samsung

Zawgyi Version Samsung ကကြေညာထားပါတယ်။ ဒီလထဲမှာ Samsung Galaxy J series ဖုန်းအသစ်လေးလုံးကို ထွက်ရှိပေးတော့မှာပါ။ ရည်ရွယ်ထားတာကတော့ အိန္ဒိယကသုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။ မနှစ်က Xiaomi ကို ဖယ်ပေးလိုက်ရတဲ့ သူတို့ဈေးကွက်ကို ဒီဖုန်းလေးလုံးနဲ့ ပြန်လည်သိမ်းပိုက်ဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။ နှစ်တွေကြာအောင် အိန္ဒိယရဲ့စမတ်ဖုန်းထုတ်လုပ်တွေအများကြီးထဲမှာ နံပါတ်တစ်နေရာကို ဦးထားတာပါ။ ကမ္ဘာ့ဈေးကွက်မှာ ထိပ်တန်းရောက်နေဆဲဖြစ်ပေမယ့် Xiaomi က အခုအချိန်မှာ အိန္ဒိယရဲ့နံပါတ်တစ်နေရာကို ရောက်သွားပါပြီ။ Samsung ကတော့ ဒုတိယနေရာကို ၂၀၁၇ နှောင်းပိုင်းမှာ ကန်ချခံလိုက်ရတာပါ။ ၂၀၁၈ ပထမလတွေမှာလည်း နံပါတ်တစ်နေရာကို Xiaomi က ဦးဆောင်ထားဆဲဖြစ်ပါတယ်။ Samsung အနေနဲ့ နံပါတ်တစ်နေရာကိုပြန်ရအောင် တိုက်ခိုက်ယူရမှာပါ။ Galaxy J ဖုန်းတွေအကြောင်းတော့ အသေးစိတ်မသိရသေးပါဘူး။ ဒါပေမယ့် […]

Enterprise Trending

iOS 11.4 Beta 4 မှာ ဘာတွေအသစ်အဆန်းပါဝင်သလဲ(ဗွီဒီယို)

Zawgyi Version Apple ရဲ့ iOS 11.4 beta 4 လေးကတော့ ထွက်ရှိလာတာ မကြာသေးဘူးလို့ ဆိုရမှာပါ။ ဒီလကုန်လောက်မှာ သူ့ရဲ့နောက်ဆုံးဗားရှင်းကို တွေ့မြင်ရမယ်လို့ ခန့်မှန်းထားပါတယ်။ iOS 11.4 မှာ ပါဝင်မယ့် feature အချို့ကိုတော့ ကြားပြီးသား ဖြစ်ပါတယ်။ အခု feature အသစ်တွေကို ဗွီဒီယိုလေးထဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ iOS 11.4 မှာ USB Restricted Mode လို့ခေါ်တဲ့ ဟက်ကာတွေအသုံးပြုတဲ့နည်းလမ်းကို ပိတ်ထားနိုင်တဲ့ mode လေး ပါဝင်တော့မှာပါ။ iPhone နဲ့ iPad မှာ တွေ့မြင်ရမယ့် iOS 11.4 ရဲ့ feature အသစ်တွေထဲမှာ iCloud အတွက် Messages […]

Enterprise Social Trending

လူတိုင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် Google ရဲ့ Problem Solving Artificial Intelligence အသစ်

Zawgyi Version Google I/O developer conference ကတော့ မေလ၈ရက်နေ့ ၂၀၁၈ (မနေ့)က စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ artificial intelligence နည်းပညာအသစ်လေးကို ထုတ်ပြခဲ့ပါတယ်။ သူကတော့ လူတိုင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ Google AI အသစ်ကတော့ လက်တွေ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပြီးတော့ AI တွေရဲ့နယ်ပယ်ကို ချဲ့ထွင်သွားမယ်လို့ ပြောကြားထားပါတယ်။ AI အသစ်ကို Google ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေဖြစ်တဲ့ Gmail ၊ Photos ၊ နဲ့ Google Assistant စတာတွေမှာ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Google က AI နည်းပညာအသစ်ကို အသုံးပြုပြီးတော့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ […]

Social Trending

Android P ရဲ့ public beta ကို စတင်အသုံးပြုနိုင်ပြီ

Zawgyi Version Android P feature အသစ်တွေကို I/O မှာ ကြေညာနေပြီဆိုတော့ သုံးချင်နေပြီလား။ သင့်မှာ ထောက်ပံ့ပေးနိုင်တဲ့ဖုန်းလည်း ရှိတယ်ဆိုရင်တော့ ဒီနေ့ပဲစတင်စမ်းသပ်နိုင်ပါပြီ။ Android P beta ကို ဖုန်း၁၁လုံးအတွက် ထုတ်လုပ်ပေးထားပါတယ်။ Pixel ဖုန်း၊ Essential Phone ၊ Sony ရဲ့ Xperia XZ2 ၊ Xiaomi ရဲ့ Mi Mix 2S နဲ့ ထွက်ရှိလာမယ့် OnePlus 6 တို့ ဖြစ်ပါတယ်။ (ဆောရီးပါ ဆမ်ဆောင်းဖန်တွေရေ) အဲဒီဖုန်းတွေမရှိဘူးဆိုရင်တော့ beta ကို မသွင်းပါနဲ့။ အဲဒီbeta လေးမှာတော့ AI ကနေ power management ၊ brightness […]

Social Trending

ကလေးတွေကို ယဉ်ကျေးအောင်လုပ်ပေးမယ့် Google Assistant ရဲ့ ‘Pretty Please’

Zawgyi Version AI assistant တွေကို ယဉ်ကျေးနေစရာ မလိုအပ်ပါဘူး။ နားလည်အောင်ပြောမယ်ဆိုရင် သင်ခိုင်းတာကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်ခွင့်ပေးထားခြင်းဟာ တချို့မိဘတွေအတွက်တော့ ကလေးတွေကို အတုယူမှားစေနိုင်တယ်လို့ ထင်ကြတယ်။ ဒီအတွက် ကလေးတွေကို ယဉ်ကျေးအောင်လေ့ကျင့်ပေးဖို့အတွက် Google က Pretty Please ဆိုတာလေးကို ပြုလုပ်ပေးလိုက်ပါတယ်။ Pretty Please မှာ ကလေးတွေအနေနဲ့ “please” ဆိုတဲ့စကားလုံးလေးကို ခိုင်းချင်တဲ့အခါ အသုံးပြုပေးရမှာပါ။ “please” မပါရင် ခိုင်းတာမလုပ်ဘူးဆိုတဲ့သဘောပါပဲ။ “please” ထည့်ပြီးတော့ ခိုင်းစေမယ်ဆိုရင် “you’re so polite!” ဆိုတဲ့စကားလုံးလေးတွေကို ပြန်လည်ဖြေကြားပြီး ခိုင်းစေတာကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ Pretty Please ဟာ မိသားစုတွေအတွက် option လေးတစ်ခုဖြစ်ပြီးတော့ မိသားစုတွေကို […]

Enterprise Trending

စာရွက်ထဲမှစာတွေကို copy/paste လုပ်ခွင့်ပေးတော့မည့် Google Lens

Zawgyi Version Google က Google I/O 2018 မှာ Google Lens ရဲ့ feature အသစ်ကို ကြေညာလိုက်ပါတယ်။ ဟုတ်ပါတယ်။ လက်တွေ့လောကရဲ့စာတွေကို copy/paste လုပ်ခွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ feature ကိုတော့ dubbed smart text selection လို့ခေါ်ပြီး စာရွက်တစ်ခုကနေ စာတွေကို copy လုပ်ခွင့်ပေးမှာဖြစ်ပြီးတော့ အဲဒီစာတွေကို အသုံးပြုခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ Google blog post တစ်ခုမှာဆိုရင် လက်ခံပြေစာ၊ Wi-Fi passwords နဲ့ gift card codes တွေကို ဖုန်းအတွက်အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ အဲဒီ platform အတွက် ကြေညာမယ့် feature ကဒီတစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ […]