App/Game Trending

Youtube TV မှာ voice remote feature ရနေပြီ

Zawgyi Version Google က YouTube TV subscriber အချို့ကို feature အသစ်တစ်ခုနဲ့ surprise လုပ်လိုက်ပါတယ်။ တချို့ YouTube TV သုံးစွဲသူတွေကတော့ voice remote feature ကို app ထဲမှာ တွေ့မြင်လိုက်ကြပါတယ်။ voice command တွေဖြစ်တဲ့ “Jump back to my last channel” ၊ “Play NBC” ၊  “Turn on the Trail Blazers game” တို့ကို အသုံးပြုကြည့်တဲ့အခါမှာ အလွန်အဆင်ပြေတာကို တွေ့ကြရပါတယ်။ voice remote က app update အနေနဲ့မဟုတ်ပါဘူး။ သူက app လေးထဲမှာ […]

Enterprise Trending

အလုပ်သမားတွေကိုထွက်ချင်စိတ်ပေါက်အောင်လုပ်နိုင်ခဲ့တဲ့ Google ရဲ့ AI drone ပရောဂျက်

Zawgyi Version Google ၀န်ထမ်းတွေဟာ Project Maven လို့ခေါ်တဲ့ ယူအက်စ်ကာကွယ်ရေးဌာနနဲ့ပူးပေါင်းပြီးတော့ artificial intelligence ပိုင်းလုပ်ဆောင်တဲ့ ပရောဂျက်ကိုကန့်ကွက်ပြီးတော့ အလုပ်ထွက်လာကြပါတယ်။ ဓါတ်ပုံ၊ အရာဝတ္ထုတွေကို drone နဲ့ရိုက်ကူးပြီးတော့ လေ့လာဆန်းစစ်မှုနှုန်း မြန်ဆန်အောင်လုပ်ဆောင်ပေးမယ်ဆိုတဲ့ Maven ပရောဂျက်ကို ၀န်ထမ်းတွေက ကန့်ကွက်ကြပါတယ်။ AI ကို စစ်ဆင်ရေးမှာ အသုံးပြုမှုအတွက် မလိုလားကြသူတွေကြောင့် အခုလိုကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက Google ၀န်ထမ်းထောင်ပေါင်းများစွာဟာ Pentagon နဲ့စာချုပ်ကို ဆက်မလုပ်ဖို့အတွက် လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒီနှစ် မတ်လမှာ Mavenပရောဂျက်ကိုကြေညာလိုက်ပြီးတဲ့နောက် ထိုးစစ်မဟုတ်တာမျိုးမှာသာ အသုံးပြုသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မကျေနပ်တဲ့ဝန်ထမ်းတစ်ယောက်ဆီက အိတ်ဖွင့်ပေးစာမှာတော့ အဲဒီပြောကြားချက်ကို မေးခွန်းထုတ်ထားပါတယ်။ “တိုက်ရိုက်အသုံးပြုမှုကို ဖယ်ရှားထားမယ်ဆိုပေမယ့်လည်း ဒီနည်းပညာဟာ စစ်တပ်အတွက် တည်ဆောက်နေတာ။ ပြီးတော့ […]

Enterprise Trending

Ultrasonic နည်းပညာနဲ့ Apple Touch ID ကို မျက်နှာပြင်အောက်မှာ တွေ့မြင်ရနိုင်

Zawgyi Version Apple က Face ID ကို စိတ်ကြိုက်ဂုဏ်ယူလို့ရပါတယ်။ ဒါပေမယ့်လည်း အသုံးပြုရတာအဆင်မပြေတဲ့နေရာတွေလည်း ရှိနေသေးတယ်ဆိုတော့ ဒီအတိုင်းထားလို့မရပါဘူး။ သမားရိုးကျ fingerprint sensor တွေကို အရှေ့၊ အနောက်မှာ ထည့်မထားတဲ့အတွက်အသုံးပြုလို့ မရတော့ပါဘူး။ ရှုထောင့်ပေါင်းစုံကနေ မျက်နှာကိုဖတ်နိုင်လို့ အသုံးဝင်တယ်ဆိုပေမယ့်လည်း မျက်နှာပြင်အောက်က fingerprint scanner တွေက စမတ်ဖုန်းရေစီးကြောင်းအသစ်ဖြစ်လာမှာပါ။ ဒါကြောင့် Apple က ဒါကို တိတ်တိတ်ကလေးလုပ်ဆောင်နေတယ်လို့ သတင်းရထားပါတယ်။ ဒါပေမယ့်လည်း Apple ရဲ့ မူအတိုင်း တစ်မူထူးခြားအောင် လုပ်ပါလိမ့်မယ်။ ကိုရီးယားမီဒီယာရဲ့ တင်ပြချက်ထဲမှာ fingerprint sensor ကို သုံးမျိုးခွဲခြားပြထားပါတယ်။ Optical ကတော့ အသုံးများတဲ့နည်းပညာတစ်ခုဖြစ်ပြီးတော့ သာမန်sensor တွေအတွက်သာမက Synaptics ကထုတ်လုပ်ပြီး Vivo မှာအသုံးပြုထားတဲ့ […]

Enterprise Trending

Galaxy S10 မတိုင်ခင် တွေ့မြင်ရမည်မဟုတ်တဲ့ မျက်နှာပြင်အောက်က လက်ဗွေစနစ်

Zawgyi Version Samsung နဲ့ မျက်နှာပြင်အောက်က လက်ဗွေစနစ်အကြောင်းကတော့ လှည့်ပတ်မှုလေးတွေ အတော်များနေပါပြီ။ ကောလဟာလတွေဆိုတာလည်း ထွက်လိုက်မနည်းပါဘူး။ အခုကောလဟာလလေးကတော့ Samsung Galaxy S10 ဟာ ဒီ feature လေးကို အသုံးပြုမယ့် ပထမဆုံးဖုန်းဖြစ်မှာပါ။ Galaxy Note 9 မှာ မပါဝင်ပါဘူး။ ဒီခန့်မှန်းချက်ကိုတော့ Chosun ကပြောဆိုခဲ့တာဖြစ်ပြီး Samsung က ဒီနည်းပညာကို အပြည့်အ၀ဖန်တီးနိုင်ခဲ့ပြီး ဖြစ်ပေမယ့်လည်း တိကျမှုအတွက် လုပ်ဆောင်ဖို့အချိန်လိုအပ်နေဆဲပါ။ Vivo နဲ့ Huawei တို့ကတော့ မျက်နှာပြင်အောက်က optical scanner လေးကို Synaptics အကူအညီနဲ့ ဖုန်းတွေ ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung လုပ်ဆောင်နေတဲ့စနစ်ကတော့ ultrasonic နည်းပညာကို အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် ပိုမိုတိကျသလို […]

How-To Mobile Phone Tutorial

iPhone X Dock ၊ Lock Screen လေးတွေကို iOS 11.3 – iOS 11.4 မှာ ပြင်ဆင်နည်း (Jailbreakမလို)

Zawgyi Version iPhone X ရဲ့ screen ကိုကြည့်ရတာပျင်းနေပြီလား။ stock wallpaper တွေကို ကြည့်ရတာစိတ်မပါတော့ဘဲ နည်းနည်းလေးပြောင်းလဲတာမျိုးကို မြင်ချင်လား။ သင့်အတွက် ကျွန်တော်တို့ရှိနေပါတယ်။ တချိန်တုန်းကတော့ iPhone ၊ iPad မှာ ပြောင်းလဲမှုတွေလုပ်ချင်တယ်ဆိုရင် Jailbreak လုပ်ရတာနဲ့ Cydia ၊ WinterBoard/Anemone သွင်းရတာနဲ့ အလုပ်တွေကိုရှုပ်လို့။ ဒါကြောင့်လည်း လူတွေက ပိုလွယ်မယ့်နည်းလမ်းကို တဖြည်းဖြည်းရှာလာကြတာပေါ့။ iPhone X မှာ Dock လေးကို အမြင်ပြောင်းချင်တာဖြစ်ဖြစ်၊ Lock screen ကို စိတ်ကြိုက်ပြင်ချင်တာဖြစ်ဖြစ် အောက်ကစာလေးကို ဆက်ဖတ်လိုက်ပါ။ အဆင့် ၁ – ဖုန်းမှာ wallpaper လေးကိုထည့်ဖို့အတွက် ၀က်ဘ်ဆိုက်တစ်ခုကို သွားရမှာပါ။ ဒီတော့ heyeased.weebly.com/so-x.htm ဆိုတာလေးကို […]

How-To Mobile Phone Tutorial

Cookie AutoDelete ဆိုတဲ့ Chrome extension ရဲ့ အသုံးဝင်သောလုပ်ဆောင်ချက်များ

Zawgyi Version အသုံးပြုရလွယ်တဲ့ tool လေးတစ်ခုနဲ့ သင့်ရဲ့ cookie တွေအားလုံးကို ထိန်းချုပ်လို့ရပြီးတော့ အဲဒီ tool လေးကိုလည်း extension အဖြစ်နဲ့ ထားရမယ်ဆိုတော့ ဘယ်လောက်တောင် အဆင်ပြေချောမွေ့လိုက်မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါတော့။ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က Chromebook extension အကောင်းဆုံးတစ်ခုကို ကျွန်တော်တွေ့လိုက်ပါတယ်။ သူဟာ စည်းမျဉ်းအချို့ကို အသုံးပြုပြီးတော့ cookie တွေကို ခွဲချေပစ်ပါတယ်။ အခုဆိုရင် အတွင်းပိုင်းအထိ လိုက်ကြည့်နေစရာမလိုအပ်တော့ပဲ တစ်ချက်လောက်နဲ့ ကိစ္စတုံးသွားပါပြီ။ Cookie ဆိုတာ ဘာကြီးလဲ။ ဟုတ်တာပေါ့။ စားလို့ရတဲ့ ကွတ်ကီးမဟုတ်တာတော့ သေချာပါတယ်။ အင်တာနက်အသုံးပြုလိုက်တဲ့အချိန်မှာ HTTP cookies လို့ခေါ်တဲ့ အချက်အလက်လေးတွေကို အသုံးပြုရလေ့ရှိပါတယ်။ သင့်ရဲ့ browser က အဲဒီဟာလေးတွေကို သိမ်းထားပေးပါတယ်။ သူတို့ကလည်း အသုံးဝင်ပါတယ်။ ၀က်ဘ်ပေါ်မှာ […]

Enterprise Trending

Offline Gmail Mode သုံးစွဲသူများထံ ရောက်ရှိလာ

Zawgyi Version web-based email တွေအသုံးပြုရတာ အခက်အခဲဖြစ်နေလား။ ဟုတ်ပါတယ်။ မေးလ်စစ်ဆေးဖို့အတွက် အင်တာနက်ကော်နက်ရှင်လိုအပ်တယ်လေ။ အလုပ်၊ အိမ်၊ ကျောင်းမှာအသုံးပြုမယ်ဆိုရင် ကိစ္စမရှိပေမယ့်လည်း ခရီးသွားနေတာမျိုး၊ စိတ်ချရတဲ့ကော်နက်ရှင်မရှိတဲ့နေရာမျိုး ရောက်နေမယ်ဆိုရင်ရော။ ဒါတွေကြောင့်ပဲ Google က Gmail အတွက် offline mode ကို ထွက်ရှိပေးလိုက်တယ်လို့ မြင်မိပါတယ်။ ဒီတော့ Gmail သုံးစွဲသူတွေအနေနဲ့ offline ဖြစ်နေချိန်မှာတောင် email တွေကို ဖတ်နိုင်ပြီးတော့ တုံ့ပြန်နိုင်တော့မှာပါ။ offline ဖြစ်နေချိန်မှာ ရေးသားပြီးပို့လိုက်တဲ့စာတွေကတော့ တစ်ဖက်ကိုရောက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကော်နက်ရှင်ချိတ်မိတဲ့အချိန်မှ ပို့ပေးသွားမှာပါ။ ပြောထားတဲ့အတိုင်းပဲ offline mode လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Google Chrome 61 နှင့်အထက် လိုအပ်ပါတယ်။ လုပ်ဆောင်ရမှာကတော့ Settings […]

App/Game Trending

YouTube အတွက် “take a break” reminder feature လေးထွက်ရှိလာပါပြီ

Zawgyi Version သုံးစွဲသူတွေအတွက် အင်တာနက်စွဲလမ်းမှုတွေ၊ စမတ်ဖုန်းကို လက်ကမချနိုင်အောင် အချိန်ကုန်နေခြင်း မရှိစေဖို့အတွက် Google က စီစဉ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ YouTube Anonymous support group လေးကနေပြီးတော့ ထွက်ရှိလာခဲ့တာပါ။ သင့်ရဲ့ကြည့်ရှုမှုအလေ့အထကို အဆင်ပြေပြေသတ်မှတ်နိုင်စေဖို့အတွက် “take a break” reminder လေးကို ထွက်ရှိပေးတော့မှာ ဖြစ်ပါတယ်။ Android app လေးကို version 13.18.54 အထိ မြှင့်လိုက်မယ်ဆိုရင်တော့ “remind me to take a break option” ကို ရနိုင်ပါပြီ။ YouTube က သင့်ရဲ့ဗွီဒီယိုကြည့်ရှုမှုကို ရပ်တံ့ပေးမှာမဟုတ်ပါဘူး။ non-stop ဗွီဒီယိုတွေဖြစ်တဲ့ make-up tutorial ၊ sports highlights ၊ […]

App/Game Trending

Poll အတွက် အသုံးပြုနိုင်တဲ့ emoji slider အသစ်လေးကို မိတ်ဆက်လိုက်တဲ့ Instagram

Zawgyi Version Instagram Stories မှာ poll သုံးဖူးသလား။ သုံးဖူးတယ်ဆိုရင် နှစ်ခုထဲကတစ်ခုရွေးဆိုတဲ့ လုပ်ဆောင်ချက်လေးထက် ပိုလိုချင်နေလား။ ဒါဆိုရင်တော့ Instagram မှာ သင့်အတွက် လုပ်ဆောင်ချက်လေးတစ်ခု ထပ်ရနေပါပြီ။ Poll အတွက် slider အသစ်လေးတစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ အဲဒီ slider လေးထဲမှာ emoji လေးတွေတောင် ပါဝင်နေပါသေးတယ်။ ဒီ feature လေးကတော့ Instagram ရဲ့ ဗားရှင်းအသစ်ထဲမှာ ပါဝင်လာမှာဖြစ်ပြီးတော့ Android ၊ iOS အတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ Instagram Stories ထဲမှာ sticker poll လေးတွေကို ထည့်သွင်းနိုင်မှာဖြစ်ပြီးတော့ ကြည့်ရှုသူတွေကို မြင်စေချင်တဲ့ emoji တွေကိုလည်း သတ်မှတ်ရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ […]

Smartphone Trending

မေလနှောင်းပိုင်းမှာ ထွက်ရှိလာမယ့် ဘတ်ထရီအကြီးစားနဲ့ Oukitel K7 စမတ်ဖုန်း

Zawgyi Version ပြီးခဲ့တဲ့အပတ်တုန်းက Oukitel က သူ့ရဲ့ 10,000mAh ဘတ်ထရီကို အသုံးပြုထားတဲ့ K7 ကို ကြေညာခဲ့ပါတယ်။ အဲဒီဟန်းဆက်ကို မေလနှောင်းပိုင်း ဒါမှမဟုတ် ဂျွန်လအစောပိုင်းမှာ ထွက်ရှိပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့ အစောကြီးကတည်းက ထွက်လာခဲ့တာမို့ အပြည့်အစုံပြောပြပေးသွားမှာပါ။ Oukitel က သူ့ရဲ့ subscription promotion လေးကိုလည်း K7 အတွက်လုပ်ဆောင်ပေးထားဦးမှာပါ။ ကြိုတင်အော်ဒါမှာယူသူတွေအနေနဲ့ coupon code လေးတစ်ခုကိုသုံးပြီး ဒစ်စကောင့်ရနိုင်ပါတယ်။ ကံကောင်းတဲ့ subscriber သုံးဦးကတော့ Oukitel K7 ကို $99.99 နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Oukitel K7 ရဲ့ အချက်အလက်များ Oukitel K7 မှာ ၆လက်မ ၊ 18:9 FHD+ […]