iOS Devices အချို့မှာဖြစ်နေတဲ့ iOS Update Install Error ဖြေရှင်းနည်း

0
2458
Install update Error

User အမြောက်အမြား က သူတို့ရဲ့ iPhone နဲ့ iPad devices တွေမှာ update လုပ်ပြီး install လုပ်တဲ့အခါ error ဖြစ်နေတယ်လို့  report တင်ထားကြတာကိုတွေ့ရပါတယ်

ကျွန်တော်တို့ရဲ့ iPhone , iPad or iPod touch တွေကို Update လုပ်တဲ့အခါ wirelessly update လုပ်နိုင်ပါတယ်။ 

iOS latest version update လုပ်တဲ့အခါ

Tap Setting >> General >> Software Update သွားပြီး အလွယ်တကူ update လုပ်နိုင်ပါတယ်။

ယခု article မှာတော့ Update error ကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ devices တွေကို backup အရင် လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ် ။

Backup လုပ်နည်း ၂ မျိုး ရှိပါတယ်

1 : ကျွန်တော်တို့ iPhone or iPad တွေရဲ့ iCloud ကို အသုံးပြုနိုင်ပါတယ်။ ( your name) >> iCloud > iCloud Backup

2 : iPhone or iPad တွေကို Computer , Mac or PC နဲ့ ချိတ်ဆက်ပြီး iTunes ကနေ တဆင့် backup  လုပ်နိုင်ပါတယ်

Backup လုပ်ပြီးသွားရင် Update Error  ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ဆက်ကြည့်လိုက်ရအောင်

1. ကျွန်တော်တို့ရဲ့ iOS device တွေ ကို Restart ပြန် ချ ကြည့်ပါ။

2. Wifi Network ကို ပြန် ပြောင်း ပြီး သုံးကြည့်ပါ။

3. Enough Space ဖြစ်မဖြစ် သေချာစစ်ဆေးကြည့်ပါ။

4. iOS update ကို ပြန်ဖျက် ပြီး ပြန် download ကြည့်ပါ ။

ဘယ်လို ဖျက်ရမလဲ ဆိုရင်

( Setting > General > [ Device Name ] Storage >> a list of apps တွေကို တွေ့ပါလိမ့်မယ် >> iOS update ကို ရှာပါ > Tap Delete Update )

5. iTunes or Finder( Catalina or later ) ကနေလည်း update လုပ်နိုင်ပါတယ်

( Connect iPhone using USB >> Open iTunes > Check iTunes ( latest version ) >  Select your devices > General Or  Setting , Click Check or Update)

6. Force restart your device

( force Restart ဘယ်လို လုပ်ရမလဲ)

Face ID ပါတဲ့ iPad , iPhone 8 or later တွေမှာ : Press and release Volume up and press and release Volume down Buttons and press and hold side or top button တို့ကို Apple logo မမြင်ရမချင်းဖိထားပါ။

iPhone  7 model တွေမှာ :  top or side နဲ့ Volume Down Buttons နှစ်ခုကို Apple logo မမြင်ရမချင်းဖိထားပါ။

iPhone 6s and earlier models , iPad with Home Button နဲ့ တခြား IOS devices တွေမှာ : Side or top နဲ့ Home Buttons နှစ်ခုကို Apple logo မမြင်ရမချင်းဖိထားပါ။

7. Advanced User တွေအနေနဲ့ iOS IPSW File ကို အသုံးပြုပြီး update လုပ်နိုင်ပါတယ်

On your computer , Download https://ipsw.me/

ကျွန်တော်တို့ device ကို Computer နဲ့ ချိတ်ဆက်ပါ

iTunes or Finder ကို ဖွင့်ပါ

Summary Tab ကို သွားပါ

Hold down and the Shift Key in Windows or Alt/Option key on Mac and Click Update

ကျွန်တော်တို့ Download လုပ်ခဲ့တဲ့ IPSW file ကို ရှာပြီး Select မှတ်ပါ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.