ယနေ့ ခေတ်မှာ Earphones တွေ Earbuds တွေ ကောင်းမကောင်း ဆုံးဖြတ်တဲ့နေရာမှာ sound qualltiy ကောင်းရုံ နဲ့ ဒီ product က ကောင်းတယ် ဆိုပြီး သေချာဆုံးဖြတ်လို့ မရတော့ပါဘူး
User တွေအတွက် experience ဘယ်လောက် ထိကောင်းကောင်းပေးနိုင်တယ်ဆိုတာလည်း အရေးပါလာပါပြီ။
ယခု ပြောပြမယ့် အကြောင်းအရာကတော့ product ရဲ့ specifiaction ပိုင်း ပြောသွားမှာ မဟုတ်ဘဲ user experience ဘက်ကို အထိက ထားပြီးပြောပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံး အနေနဲ့ build quality ပိုင်းမှာ earbuds တွေကို Plastic နဲ့ တည်ဆောက်ထားပါပေမဲ့ Cheap ဖြစ်တာမျိုး မတွေ့ရ ဘဲ တောင့်တောင့်တင်းတင်းနဲ့ premium ဆန် တဲ့ ပုံစံ မျိုး တည်ဆောက်ပေးထားပါတယ်။
Earbuds ကို တပ် ပြီးနားထောင်တဲ့ အခါ နား နာတာမျိုးမရှိ ဘဲ သက်တောင့်သက်သာ နဲ့ နားထောင်ရတာအဆင်ပြေပါတယ်။
Noise cancellation ပိုင်းမှာတော့ အရမ်းကြီး အားမရပေမဲ့ အသံပိုင်းမှာတော့ full-surrounding experience ကို အပြည့်အ၀ ခံစားရပါတယ်။
Connectivity အနေနဲ့ bluetooth 5.0 ကို အသုံးပြုပေးထားတဲ့အတွက် Charging Case ကနေထုတ်လိုက်အခါ ကျွန်တော်တို့ phone နဲ့တိုက်ရိုက် join ပေးမှာ ဖြစ်ပါတယ်
( ပထမဆုံး အကြိမ် မိမိ device နဲ့ ချိတ်ဆက်တဲ့အခါ bluetooth Setting ကနေ အလွယ်တကူ connect လုပ်လို့ရမှာဖြစ်ပါတယ် )
သီချင်း နားထောင်ပြီးလို့ Charging Case ထဲပြန် ထည့်လိုက်ရင်လည်း 10s ကြာတာနဲ့ auto disconnect လုပ်ပေးမှာ ဖြစ်ပါတယ်။
Workout တွေ လုပ်တဲ့အခါ နားကနေ ပြုတ်ထွက်သွားတာမျိုး မရှိသလို IPX5 water resisitance ပါတဲ့အတွက် ယခု quarritine period မှာ home workouk လုပ်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ
Touch control တွေအနေနဲ့
Tap >> Play / Pause
Double Tap >> Next
Tap >> Answer / Hang up
Triple Tap >> Voice assistant
Tap and hold for 1.5 seconds >> Reject a call
တို့ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။
Battery life အနေ နဲ့ earbuds တွေ ကို ၇ နာရီ ဝန်းကျင် အသုံးခံမှာ ပြီး Charging Case နဲ့လည်း 3 ကြိမ်လောက် အားအပြည့် ပြန် သွင်းလို့ ရအုန်းမှာပါ။
Charging Case ကို Type-C ဖြင့် အားသွင်းတဲ့ အခါ 1 နာရီခွဲဝန်းကျင် နဲ့ အားအပြည့်သွင်းလို့ ရမှာဖြစ်ပြီး
Qi wireless Charging စနစ်လည်း support ပေးမှာဖြစ်ပါတယ်။
သိပ် အားမရတဲ့အချက်ပြောရရင် touch control ပိုင်း မှာ တခါတလေ တစ်ချက်တစ်ချက် လွတ်နေသလိုခံစားရ ပြီး
auto-pause/play မပါတာဟာ သူ့ကို smart ကျစေတဲ့ အချက်မှာ အားနည်းသွားစေတယ်လို့ ပြောလို့ ရပါတယ်။
( ဒါကလည်း user တစ်ယောက်ချင်းစီ အသုံးပြုပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ် )
အချုပ်အားဖြင့် ကျွန်တော်တို့လို ယနေ့ခေတ် Ecosystem ထဲ စတင်ဝင်ရောက်တဲ့သူတွေ (OR) IoT products ကောင်းကောင်းဝယ်ဖို့ လိုက်ရှာနေသူအတွက်တော့ ဒီ T18NC TWS Earphone လေးဟာ ၁သိန်းခွဲဝန်းကျင်တန်းမှာ ရွေးချယ်ချင်စရာ ဖြစ် စေမှာပါ။