
မိုက်ကရိုဆော့ဖ်ကတော့ ၎င်းရဲ့ထုတ်ကုန်များကို စတိုးဆိုင်များဖွင့်လှစ်၍ ရောင်းချပေးနေခြင်းကို အရှုံးပေးလိုက်ပါပြီ။ Experience Center များအနေဖြင့်သာချန်ထားခဲ့မည့် နေရာ ၄ ခု မှလွဲ၍ အမေရိကန်ပြည်ထောင်စုနှင့်ကမ္ဘာတဝှမ်းရှိ Microsoft Store နေရာများအားလုံးကိုအမြဲတမ်းပိတ်သိမ်းရန်အစီအစဉ်များကို ဒီနေ့ပဲထုတ်ပြန်ကြေငြာထားပါတယ် ။
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/18298254/twarren_190709_3533_0004.jpg?w=1068&ssl=1)
Experience Center အဖြစ်ချန်ခဲ့မယ့် နေရာ ၄ ခုကတော့ နယူးယောက်စီးတီး (ပဉ္စမ Ave)၊ လန်ဒန် (အောက်စ်ဖို့ဒ်ဆပ်ကပ်)၊ ဆစ်ဒနီ (Westfield Sydney) နှင့် Redmond ကျောင်းဝင်းတည်နေရာများဖြစ်သည်။ လန်ဒန်စတိုးဆိုရင် ဖွင့်ထားတာ တစ်နှစ်ခန့်သာရှိပါသေးတယ်။ အမေရိကန်ပြည်ထောင်စုနှင့်ကမ္ဘာအနှံ့ရှိ Microsoft Store အားလုံးတည်ရှိရာနေရာအားလုံးကိုပိတ်ပစ်လိမ့်မည်ဖြစ်သော်လည်း ကုမ္ပဏီအနေနဲ့ ဒစ်ဂျစ်တယ်လက်လီရောင်းဝယ်မှုကိုရှေ့သို့တိုး၍ အာရုံစိုက်သွားမည်ဟုဆိုသည်။ မိုက်ကရိုဆော့ဖ်၏ပြောကြားချက်အရ Microsoft.com နှင့် Xbox နှင့် Windows တို့ရဲ့ Online စတိုးများသည်စျေးကွက်တည်နေရာ ၁၉၀ တွင်လစဉ်သုံးစွဲသူ ၁.၂ ဘီလီယံအထိရှိသည်ဟုဆိုသည်။