SD765 အသုံးပြုထားတဲ့ 5G စမတ်ဖုန်း OPPO Find X2 Lite 5G ကို ကြေညာ

0
1702

OPPO ကတော့ တန်ဘိုးသက်သာတဲ့ Find X2 Lite 5G စမတ်ဖုန်းကို ကြေညာလိုက်ပါပြီ။ OPPO Find X2 Lite ကို ပေါ်တူဂီဈေးကွက်မှာ ကြေညာလိုက်တာ ဖြစ်ပြီး OPPO Find X2 ကို အဆင့်နိမ့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

OPPO Find X2 Lite မှာ မျက်နှာပြင် 6.4 လက်မ OLED FHD+ Resolution နှင့် 20:9 Aspect Ratio သုံးထားပါတယ်။ 60Hz Refresh Rate နဲ့သုံးနိုင်မှာ ဖြစ်ပြီး Under-Display Fingerprint Scanner လည်း ပါဝင်ပါတယ်။


OPPO Find X2 Lite ကို Qualcomm Snapdragon 765 Processor သုံးထားပြီး SA/NSA Dual-Mode 5G ထောက်ပံ့ထားပါတယ်။ RAM8GB နဲ့အတူ သိုလှောင်မှု 128GB ပါဝင်ပါတယ်။ ဒီဖုန်းမှာ ရှေ့ကင်မရာ 32MP f/2.0 ပါဝင်ပါတယ်။ ကျောဘက်ကင်မရာ လေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 48MP f/1.7 ဖြစ်ပြီး ဒုတိယကင်မရာက 8MP Ultrawide ဖြစ်ပါတယ်။


ကျန်ကင်မရာနှစ်လုံးက 2MP Macro နှင့် 2MP Depth ဖြစ်ပါတယ်။ ဘက်ထရီ 4025 mAh ပါဝင်ကာ VOOC 4.0 ဖြင့် အားသွင်းနိုင်ပါမယ်။ မိနစ် 20 အားသွင်းရုံဖြင့် ဘက်ထရီ 50 ရာခိုင်နှုန်းအထိ ရရှိပါမယ်။ Android 10 အခြေခံ ColorOS 7 ပါဝင်ပါတယ်။ OPPO Find X2 Lite ကို ဥရောပမှာ ယူရို 500 ဖြင့် ရောင်းချသွားပါမယ်။ အဖြူရောင်၊ အနက်ရောင်ဆိုပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.