Dimensity 800 chipset နဲ့ထွက်လာတဲ့ OPPO A92s

0
1033

Oppo ရဲ့ စမတ်ဖုန်းသစ် A92s ထွက်ရှိလာပါပြီ။ မကြာခင်က ထွက်ထားတဲ့ သတင်းတွေအတိုင် 120Hz display နဲ့အတူ MediaTek Dimensity 800 chipset အသစ်ကိုထည့်ပေးထားပါတယ်။ OPPO A92s ဖုန်းသစ်မှာ ၆.၅၇ လက်မ FHD+ LCD မျက်နှာပြင် ပါလာပါတယ်။ 120Hz Refresh Rate တပ်ဆင်ထားပြီး Punch Hole မှာ 16MP နဲ့ 2MP ကင်မရာ ၂ လုံး ထည့်ထားပါတယ်။

Oppo A92s appears in official images, revealing color options ...


ကင်မရာအနေနဲ့ အနောက်ဘက်မှာ 48MP အဓိကနဲ့အတူ 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ကို တပ်ဆင်ထားပြီး အနောက်ဘက်ကို 3D Glass နဲ့ ဖုံးအုပ်ထားပြီး ဘေးဘက် လက်ဗွေရာ ကိရိယာပါပါတယ်။ 18W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။ OPPO A92s 5G ကို အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၂,၁၉၉ ယွမ်နဲ့ 8/128GB ကို ၂,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.