50x zoom ပါဝင်လာနိုင်ဖွယ်ရှိနေတဲ့ Huawei P40 Pro

0
1795

Unicode

မတ်လ၂၆ရက်နေ့မှာ တရားဝင်ကြေညာတော့မယ့် P40 စီးရီးအတွက် သတင်းတွေကတော့ ဆက်တိုက်နီးပါးထွက်ရှိနေပါတယ်။ ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းပဲ P40 Pro ကတော့ ဓါတ်ပုံအတွက်သီးသန့်လို ဖြစ်နေပါတယ်။ အဲဒီဖုန်းမှာ 50MP wide camera, 40MP telephoto camera, ToF depth sensor, 12MP camrea နောက်တစ်လုံးပါဝင်မယ်လို့ သိရပါတယ်။ Telephoto camera ဟာ 50x zoom အထိ ရနိုင်မယ်လို့ သတင်းတွေထွက်နေပါတယ်။
သေချာတာကတော့ ကျွန်တော်တို့ S20 Ultra မှာရနိုင်တဲ့ zoom လောက်မဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း Samsung ရဲ့ 100x Space Zoom feature လေးက ထင်ထားသလောက် ရလဒ်ကောင်းကောင်းမပေးနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားရလိမ့်မယ် ထင်ပါတယ်။
ဘယ်ဘက်အပေါ်နားမှာတော့ display cutout လေးရှိနေပြီး အတွင်းထဲမှာ 32MP အရှေ့ကင်မရာနဲ့ depth sensor ထည့်သွင်းထားပါတယ်။ သီအိုရီအရဆိုရင်တော့ လက်တွေ့ပိုဆန်တဲ့ပုံရိပ်တွေနဲ့ portrait အသုံးပြုပြီး selfie ရိုက်မယ်ဆိုရင် မျက်စိကျစရာ depth of field effect ကို ထုတ်လုပ်ပေးနိုင်မှာပါ။

Huawei P40


အဲဒီဖုန်းလေးမှာ Huawei XD Fusion Engine လို့ခေါ်တဲ့ဟာလေးလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီ feature လေးအကြောင်းကိုတော့ ကျွန်တော်တို့သိပ်မသိရသေးပေမယ့်လည်း Google Pixel Visual Core လိုမျိုးလုပ်ဆောင်ချက်ဖြစ်မယ်လို့တွေးပါတယ်။ ဒါကတော့ HDR ပုံတွေကို လုပ်ဆောင်ပေးတဲ့အခါမှာ ဖုန်းရဲ့ကြာချိန်ကိုလျှော့ချပေးတယ်လို့ပဲ ဆိုရမှာပေါ့။ နောက်ပြီး photography နဲ့ဆိုင်တဲ့လုပ်ဆောင်ချက်တွေရဲ့စွမ်းအားကိုလည်း တိုးတက်အောင် ပြင်ဆင်ထားတဲ့ပုံပါပဲ။
အတွင်းပိုင်းကိုပြောရမယ်ဆိုရင်တော့ P40 Pro, P40 မှာ Kirin 990 ပရိုဆက်ဆာထည့်သွင်းထားမှာပါ။ သူက 5G modem နဲ့ပေါင်းစပ်ထားတာမို့ စိတ်ဝင်စားစရာလည်း ကောင်းနေပါတယ်။ ဘတ်ထရီအနေနဲ့က 4,200mAh ပါဝင်မှာဖြစ်ပြီးတော့ RAM ကတော့ သိပ်များမှာမဟုတ်ဘူးလို့လည်း သတင်းတွေထွက်နေခဲ့ပါတယ်။
P40 Pro မှာ Samsung ရဲ့နာမည်ကြီး edge feature လေးကိုအသုံးပြုထားမှာဖြစ်သလို 40W wireless charging ကိုလည်း မြင်တွေ့ရမှာပါ။ ဒီ feature တွေက P40 Pro ရဲ့ ဘတ်ထရီကို ဘယ်လိုမျိုးသက်ရောက်နေမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Zawgyi

မတ္လ၂၆ရက္ေန႔မွာ တရားဝင္ေၾကညာေတာ့မယ့္ P40 စီးရီးအတြက္ သတင္းေတြကေတာ့ ဆက္တိုက္နီးပါးထြက္ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ P40 Pro ကေတာ့ ဓါတ္ပုံအတြက္သီးသန႔္လို ျဖစ္ေနပါတယ္။ အဲဒီဖုန္းမွာ 50MP wide camera, 40MP telephoto camera, ToF depth sensor, 12MP camrea ေနာက္တစ္လုံးပါဝင္မယ္လို႔ သိရပါတယ္။ Telephoto camera ဟာ 50x zoom အထိ ရႏိုင္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။
ေသခ်ာတာကေတာ့ ကြၽန္ေတာ္တို႔ S20 Ultra မွာရႏိုင္တဲ့ zoom ေလာက္မဟုတ္ေသးပါဘူး။ ဒါေပမယ့္လည္း Samsung ရဲ႕ 100x Space Zoom feature ေလးက ထင္ထားသေလာက္ ရလဒ္ေကာင္းေကာင္းမေပးႏိုင္တာကိုလည္း ထည့္သြင္းစဥ္းစားရလိမ့္မယ္ ထင္ပါတယ္။
ဘယ္ဘက္အေပၚနားမွာေတာ့ display cutout ေလးရွိေနၿပီး အတြင္းထဲမွာ 32MP အေရွ႕ကင္မရာနဲ႔ depth sensor ထည့္သြင္းထားပါတယ္။ သီအိုရီအရဆိုရင္ေတာ့ လက္ေတြ႕ပိုဆန္တဲ့ပုံရိပ္ေတြနဲ႔ portrait အသုံးျပဳၿပီး selfie ႐ိုက္မယ္ဆိုရင္ မ်က္စိက်စရာ depth of field effect ကို ထုတ္လုပ္ေပးႏိုင္မွာပါ။

Huawei P40


အဲဒီဖုန္းေလးမွာ Huawei XD Fusion Engine လို႔ေခၚတဲ့ဟာေလးလည္း ပါဝင္မယ္လို႔ သိရပါတယ္။ ဒီ feature ေလးအေၾကာင္းကိုေတာ့ ကြၽန္ေတာ္တို႔သိပ္မသိရေသးေပမယ့္လည္း Google Pixel Visual Core လိုမ်ိဳးလုပ္ေဆာင္ခ်က္ျဖစ္မယ္လို႔ေတြးပါတယ္။ ဒါကေတာ့ HDR ပုံေတြကို လုပ္ေဆာင္ေပးတဲ့အခါမွာ ဖုန္းရဲ႕ၾကာခ်ိန္ကိုေလွ်ာ့ခ်ေပးတယ္လို႔ပဲ ဆိုရမွာေပါ့။ ေနာက္ၿပီး photography နဲ႔ဆိုင္တဲ့လုပ္ေဆာင္ခ်က္ေတြရဲ႕စြမ္းအားကိုလည္း တိုးတက္ေအာင္ ျပင္ဆင္ထားတဲ့ပုံပါပဲ။
အတြင္းပိုင္းကိုေျပာရမယ္ဆိုရင္ေတာ့ P40 Pro, P40 မွာ Kirin 990 ပ႐ိုဆက္ဆာထည့္သြင္းထားမွာပါ။ သူက 5G modem နဲ႔ေပါင္းစပ္ထားတာမို႔ စိတ္ဝင္စားစရာလည္း ေကာင္းေနပါတယ္။ ဘတ္ထရီအေနနဲ႔က 4,200mAh ပါဝင္မွာျဖစ္ၿပီးေတာ့ RAM ကေတာ့ သိပ္မ်ားမွာမဟုတ္ဘူးလို႔လည္း သတင္းေတြထြက္ေနခဲ့ပါတယ္။
P40 Pro မွာ Samsung ရဲ႕နာမည္ႀကီး edge feature ေလးကိုအသုံးျပဳထားမွာျဖစ္သလို 40W wireless charging ကိုလည္း ျမင္ေတြ႕ရမွာပါ။ ဒီ feature ေတြက P40 Pro ရဲ႕ ဘတ္ထရီကို ဘယ္လိုမ်ိဳးသက္ေရာက္ေနမလဲဆိုတာကလည္း စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.