Unicode
ဒီနေ့အစောပိုင်းမှာတော့ Apple Books app ကနေ သုံးစွဲသူတွေအတွက် အခမဲ့စာအုပ်တွေပေးနေတယ်ဆိုပြီး အသိပေးချက်တစ်ခုတက်လာခဲ့ပါတယ်။ အဲဒီထဲမှာ kids, cozy mysteries, audiobook တွေပါဝင်နေတာဆိုတော့ မိသားစုတစ်ခုလုံးကို ရည်ရွယ်တဲ့ပုံပါပဲ။
ကိုဗစ်၁၉ကြောင့်် တစ်ကမ္ဘာလုံးအခက်တွေ့နေချိန်မှာ Apple က အမျိုးအစားပေါင်းစုံလင်စွာနဲ့ အခမဲ့စာအုပ်တွေကိုချပေးလိုက်ခြင်းကလည်း ကူညီခြင်းတစ်မျိုးလို့ ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်။ ကျွန်တော်ဝင်ကြည့်ရသလောက်ကတော့ တော်တော်လေးစုံလင်တယ်လို့ပြောရမယ်။ ကျွန်တော်တို့မိသားစုဆိုရင် ကလေးတွေအတွက် podcast တွေနဲ့audiobook တွေဖွင့်ပြတဲ့အလေ့အထတောင် ပျောက်လုနီးနီးဖြစ်နေပြီ။
ကျွန်တော်က Kindle နဲ့Audible သုံးစွဲသူတစ်ယောက်ပါ။ iPad Mini သုံးကတည်းကစပြီးတော့ Apple Books ကို စတင်ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ အားလုံးကိုလည်း အခမဲ့ပေးထားတဲ့စာအုပ်တွေစုံလင်တာမို့ စမ်းသပ်သုံးစွဲကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။
Zawgyi
ဒီေန႔အေစာပိုင္းမွာေတာ့ Apple Books app ကေန သုံးစြဲသူေတြအတြက္ အခမဲ့စာအုပ္ေတြေပးေနတယ္ဆိုၿပီး အသိေပးခ်က္တစ္ခုတက္လာခဲ့ပါတယ္။ အဲဒီထဲမွာ kids, cozy mysteries, audiobook ေတြပါဝင္ေနတာဆိုေတာ့ မိသားစုတစ္ခုလုံးကို ရည္႐ြယ္တဲ့ပုံပါပဲ။
ကိုဗစ္၁၉ေၾကာင့္္ တစ္ကမာၻလုံးအခက္ေတြ႕ေနခ်ိန္မွာ Apple က အမ်ိဳးအစားေပါင္းစုံလင္စြာနဲ႔ အခမဲ့စာအုပ္ေတြကိုခ်ေပးလိုက္ျခင္းကလည္း ကူညီျခင္းတစ္မ်ိဳးလို႔ ကြၽန္ေတာ္တို႔သတ္မွတ္လို႔ရပါတယ္။ ကြၽန္ေတာ္ဝင္ၾကည့္ရသေလာက္ကေတာ့ ေတာ္ေတာ္ေလးစုံလင္တယ္လို႔ေျပာရမယ္။ ကြၽန္ေတာ္တို႔မိသားစုဆိုရင္ ကေလးေတြအတြက္ podcast ေတြနဲ႔audiobook ေတြဖြင့္ျပတဲ့အေလ့အထေတာင္ ေပ်ာက္လုနီးနီးျဖစ္ေနၿပီ။
ကြၽန္ေတာ္က Kindle နဲ႔Audible သုံးစြဲသူတစ္ေယာက္ပါ။ iPad Mini သုံးကတည္းကစၿပီးေတာ့ Apple Books ကို စတင္ေျပာင္းလဲသုံးစြဲခဲ့ပါတယ္။ အားလုံးကိုလည္း အခမဲ့ေပးထားတဲ့စာအုပ္ေတြစုံလင္တာမို႔ စမ္းသပ္သုံးစြဲၾကည့္ပါလို႔ တိုက္တြန္းခ်င္ပါတယ္။