Huawei P40 & P40 Pro ပုံရိပ်များပေါက်ကြားလာ

0
1130

Unicode

မတ်လ၂၆ရက်နေ့မှာ သူ့ရဲ့flagshipစမတ်ဖုန်းတွေကိုပြသဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ မနေ့ကတုန်းက P40 နဲ့ 40 Pro ရဲ့ပုံရိပ်တွေကို အရှေ့ပိုင်းရိုက်ချက်တွေအဖြစ်နဲ့ မြင်တွေ့ခဲ့ပါတယ်။ ဒီနေ့မှာတော့ Evan Blass ဆီကနေ အနောက်ပိုင်းရိုက်ချက်တွေကို ထပ်မံမြင်တွေ့လိုက်ရပြန်ပါပြီ။
အနက်နဲ့ငွေရောင်ဗားရှင်းတွေကို တွေ့မြင်ရမှာဖြစ်ပြီးတော့ P40 Pro က curvy display နဲ့အတူ ကွဲထွက်နေပါတယ်။ Pro မော်ဒယ်လ်မဟုတ်တာတွေနဲ့ယှဉ်လိုက်တဲ့အခါ ကင်မရာတစ်လုံးပိုနေတာကို သတိထားမိမှာပါ။


ကိုရီးယားကလာတဲ့သတင်းတစ်ခုအရဆိုရင်တော့ P40 Premiumမှာ ကင်မရာsetup အဆန်းတစ်ခုပါဝင်နေပါတယ်။ နာမည်ကို P40 Premium or P40 Pro Premium လို့ပေးမလား။ P40 Pro Premium Edition လို့ပေးမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
အဆိုပါ P40 Premium မှာတော့ telephoto ကင်မရာနှစ်လုံးတောင် ပါဝင်မှာပါ။ periscope module f/4.0 aperture, 240mm lens, 10x optical zoom နဲ့အတူ 8MP f/2.0 80mm lesn, 3x optical zoom, 1/4″sensor ကို တွဲဖက်မြင်တွေ့ရမှာပါ။ နှစ်ခုလုံးမှာ PDAF & OIS ပါဝင်မှာဖြစ်ပါတယ်။


main sensor အနေနဲ့ 52MP 1/1.28″ ဖြစ်ပြီးတော့ f/1.8 aperture, PDAF, OIS, 13MP output ဖြစ်မှာပါ။ အရှေ့ဘက်က punch-hole ထဲမှာတော့ 32MP f/2.0 1/2.8″ selfie snapper နဲ့အတူ ToF 3D ကင်မရာကို ထည့်သွင်းပေးထားမှာပါ။
နောက်ထပ် ပါဝင်နိုင်လောက်တဲ့အချက်အလက်တွေဆိုရင်တော့ 6.7″1440×3160 OLED touchscreen, 120Hz refresh rate, Kirin 990 5G chipset, 12GB RAM, 512GB storageတွေ ဖြစ်လောက်ပါတယ်။ Android 10 ကိုပြင်ဆင်ထားတဲ့ EMUI 10.1 ကိုလည်း ခံစားရမှာပါ။ P40, P40 Pro တို့ကတော့ RAM 8GB, 256GB memory နဲ့ တွေ့မြင်ရလောက်ပါတယ်။

Zawgyi








Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.