ဒီပုံတွေဘယ်နေရာကနေလာသလဲဆိုတာပြောပြပေးနိုင်တော့မယ့် Google Photos

0
1419

Unicode

စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိမှာ feature လေးသုံးချင်တယ်ဆိုရင် web app မှာသာ သုံးနိုင်ပါဦးမယ်။
ဒီနေ့ခေတ်မှာ ဓါတ်ပုံတွေကို ဖုန်းနဲ့လည်းရိုက်လာကြပြီဆိုတော့ အယ်လ်ဘမ်တွေကလည်း ခွဲထားကြမှာကျိန်းသေပါတယ်။ ဘယ်ပုံက ဘယ်အယ်လ်ဘမ်ကနေလာသလဲဆိုတာကလည်း မှတ်မိဖို့ခဲယဉ်းလှပါတယ်။ ဒီဖြစ်ရပ်ကိုကူညီဖို့အတွက် Goolge က Photos ထဲမှာ Info ဆိုတဲ့အပိုင်းလေးထပ်မံထည့်သွင်းပေးပြိးတော့ ဖိုင်တစ်ခုချင်းစီရဲ့အချက်အလက်တွေကို ပြသပေးဖို့ ကြိုးစားထားပါတယ်။
အဲဒီထဲမှာမြင်တွေ့ရမယ့်အရာနှစ်ခုကတော့ uploaded from နဲ့ shared by ဆိုတာလေးဖြစ်ပါတယ်။ နာမည်လေးတွေအတိုင်းပါပဲ။ ပြောစရာလိုမယ်မထင်ပါဘူး။
uploaded from ဆိုတာကတော့ Android or iOS ကနေ တင်တာလား၊ web ကနေလား၊Google Drive ကနေလားဆိုတာ ခွဲခြားသိနိုင်မှာဖြစ်ပါတယ်။ Shared by ဆိုတာလေးကတော့ ပုံလေးရောက်ရှိလာတဲ့ အယ်လ်ဘမ်ကိုပြန်လည်သိရှိစေအောင် ကူညီပေးမှာပါ။ ကိုယ်ပိုင် library ထဲမှာသိမ်းထားတယ်ဆိုရင်လည်း သိရှိအောင် ပြောပြပေးဦးမှာပါ။
Google Photos web app သုံးစွဲသူတိုင်းကို ရောက်ရှိလာမှာပါ။ iOS & Android app တွေမှာတော့ လက်ရှိအသုံးပြုနိုင်မှာမဟုတ်သေးပါဘူး။ ဘယ်အချိန်မှာ app တွေကနေသုံးနိုင်မလဲဆိုတာတော့ မပြောထားသေးပါဘူး။

Zawgyi


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.