Vivo S6 5G ကို မတ်လ 31 ရက်နေ့တွင် မိတ်ဆက်မည်

0
739

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Vivo အနေနဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက် မိတ်ဆက်ခဲ့တဲ့ Vivo S5 ရဲ့ ခြေရာကို ဆက်ခံမယ့် Vivo S6 5G ကို ကြေညာလာတော့မှာ ဖြစ်ပါတယ်။ Vivo S6 5G ကို လာမယ့် မတ်လ 31 ရက်နေ့တွင် မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေမှုနဲ့အတူ Vivo S6 5G ကို အွန်လိုင်းမှာ ကြေညာလာမှာ ဖြစ်ပါတယ်။
Vivo ဟာ Vivo S6 5G ရဲ့ အစိတ်အပိုင်းနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံများစွာ ဖြန့်ထားပါတယ်။ ယင်းဓာတ်ပုံများအရ Vivo S6 5G မှာ USB Type C ၊ Dual Selfie Camera ပါဝင်လာပါမယ်။ Dual Selfie Camera ကို မျက်နှာပြင် ညာထောင့်မှာ ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ Vivo S6 5G ကို Snapdragon 765 Chipset ပါဝါထောက်ပံ့လာဖို့ ရှိပါတယ်။


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.