Snapdragon 765G ၊ ZEISS Quad ကင်မရာပါဝင်တဲ့ Nokia 8.3 5G စမတ်ဖုန်းကို မိတ်ဆက်
0
852
HMD Global အနေနဲ့ Nokia 9 PureViewဒီဇိုင်းမျိုး သုံးထားတဲ့ Nokia 8.3 5G ကို ကြေညာလာပါတယ်။ Nokia 8.3 5G ဖုန်းမှာ ZEISS Quad ကင်မရာပါဝင်ပြီး 5G ထည့်သွင်းထားပါတယ်။ မျက်နှာပြင် 6.81 လက်မ FullHD+ Resolution သုံးထားပါတယ်။ HDR ထောက်ပံ့ထားပါတယ်။ Punch-Hole Display သုံးထားကာ ယင်းမှာ ရှေ့ကင်မရာ 24MP သုံးထားပါတယ်။ ZEISS Lens သုံးထား တာ ဖြစ်ပါတယ်။
ကျောဘက်ကင်မရာလေးလုံး ပါဝင်ပြီး ZEISS Lens ဘဲ သုံးထားတာ ဖြစ်ပါတယ်။ ကင်မရာတွေကတော့ 64MP+12MP Ultrawide+2MP Depth+2MP Macro တို့ ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 765G နဲ့ဖြစ်ပြီး RAM6GB (သို့) RAM8GB တို့ဖြင့် ရွေးချယ်နိုင်ပါတယ်။
UI ပိုင်းအတွက်တော့ Android 10 သုံးထားပါတယ်။ ဆော့ဝဲလ်ဗားရှင်းအနေဖြင့် 2 နှစ်အထိ OS Update ရရှိမှာ ဖြစ်ပြီး လုံခြုံရေး Update က 3 နှစ်အထိ ရရှိပါမယ်။ Storage 64GB နှင့် 128GB ဗားရှင်းတိုနဲ့ ရွေးချယ်နိုင်ပြီး microSD မှတဆင့် ထပ်မံ တိုးမြှင့်နိုင်ပါမယ်။ ဘက်ထရီ 4500 mAhပါဝင်ကာ 18W Fast Charging ဖြင့် အားသွင်းနိုင်မှာဖြစ်ပြီး ဒီဖုန်းကို အပြာနုရောင်တစ်မျိုးတည်းဖြင့် ရောင်းချနိုင်ပါမယ်။ ဈေးနှုန်းက ယူရို 599 ဖြစ်ပါတယ်။
zawgyi
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.