Helio P65 နဲ့အတူ မျက်နှာပြင် 6.1 ပါဝင်တဲ့ Samsung Galaxy A41 ကို ကြေညာ

0
1043

ကိုရီးယား စမတ်ဖုန်းထုတ်လုပ်သူ Samsung အနေနဲ့ ဂျပန်ဈေးကွက်အတွက် Galaxy A41 ကို ကြေညာလိုက်ပါတယ်။ Galaxy A41 ဖုန်းမှာ အစောပိုင်းတုန်းက သတင်းထွက်ခဲ့သလိုဘဲ MediaTek Helio G65 Chipset အသုံးပြုထား တာ တွေ့ရပါတယ်။


အခြားအချက်အလက်တွေ အနေနဲ့ Galaxy A41 မှာ Inifity-U Notch Display သုံးထားကာ Full-Screen Design သုံးထားပါတယ်။ Infinity-U Notch မှာ ရှေ့ကင်မရာ 25MP ကို ထည့်သွင်းထားပါတယ်။ နောက်ကျောဘက် ဘယ်ဘက်ထောင့်မှာ ကင်မရာသုံးလုံးကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ In-Display Fingerprint Scanner Technology အသုံးပြုထားတာကြောင့် လက်ဗွေရာစနစ်ကိုတော့ ဖြုတ်ထားပါတယ်။ ကျောဘက်ကင်မရာသုံးလုံးက 48MP+8MP Ultrawide+5MP Depth တို့ ဖြစ်ပါတယ်။
Samsung Galaxy A41 ကို MediaTek Helio P65 ၊ RAM4GB နှင့်အထိုင်ချထားပြီး Storage 64GB ပါဝင်ပါတယ်။ ဘက်ထရီ 3500 mAh ပါဝင်ကာ 15W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။ IP68 ရရှိထားတာကြောင့် ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်ပါမယ်။ Android 10 OS အခြေခံ Samsung One UI 2.0 သုံးထားပါတယ်။
ဒီဖုန်းကို လာမယ့် ဇွန်လမှာ ရောင်းချမယ်လို့ သတင်းထွက်ထားပါတယ်။ ဒီဖုန်းကို အပြာရောင်၊ အနက်ရောင်၊ အဖြူရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.