Galaxy S20+ Olympic Edition ကိုကြေညာလိုက်တဲ့ Samsung

0
1039

Samsung ဟာ အိုလံပစ်အားကစားရဲ့တရားဝင်မိတ်မက် ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ အိုလံပစ်အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေ သုံးဖို့ အထူးထုတ်ကုန်တွေ ထုတ်ပေးလျက် ရှိပါတယ်။ တိုကျိုအိုလံပစ်အတွက် ရည်ရွယ်တဲ့ Galaxy S20+ 5G Olympic Edition အဲ့ဒီဖုန်းကိုတော့ Matte Gold အရောင်သာ ထုတ်ထားပြီး NTT Docomo နဲ့ပူးပေါင်းထားတာပါ။ အကြီးအကျယ်ကွာခြားချက် အနေနဲ့ အဲ့ဒီဖုန်းကို သုံးစွဲသူတွေကိုပါ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ဒီဖုန်းဟာ Samsung အတွက် 120Hz refresh rate နဲ့အတူ Dynamic AMOLED screen ကိုသုံးထားတဲ့ ပထမဆုံးဖုန်းလို့ သတ်မှတ်နိုင်မှာပါ။ Samsung Galaxy S20+ ရဲ့ပါဝါ စွမ်းအားပိုင်းအတွက် Snapdragon 865 (သို့) Exynos 990 chipset ကိုတင်ပို့ ရောင်းချတဲ့ ဒေသပေါ်မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။ သူ့မှာ 5G အတွက် sub-6GHz နဲ့ mmWave ကိုတပါတည်း ထည့်ပေးထားပါတယ်။ အချို့ နိုင်ငံတွေမှာတော့ 4G အဖြစ်သုံးနိုင်မှာပါ။ ပြီးတော့ ဒီဖုန်းမှာ 3x hybrid zoom ၊ 30x ထိဆွဲနိုင်မယ့် “Super Resolution Zoom” ကိုထည့်ပေးလိုက်ပါတယ်။ ဒီ module မှာ OIS နဲ့တောက်ပမှုပိုင်းအတွက် aperture f/2.0 ကိုထည့်ပေးထားပါတယ်။
အခြေခံဗားရှင်းကို 8GB RAM မှာ128GB သိုလှောင်မှုနဲ့ ထုတ်ထားပြီး 12GB RAM ဗားရှင်းကိုလည်း ရွေးနိုင်ပါလိမ့်မယ်။ ဘက်ထရီပိုင်းမှာတော့ 4,500mAh နဲ့အားသွင်းဖို့ 25W wired charging ထည့်ပေးထားပါတယ်။ သူ့မှာ အခြားဖုန်းတွေကို fast wireless charging နဲ့အားသွင်းနိုင်မယ့် 15W လည်း ထောက်ပံ့ပေးထားပါတယ်။

zw

Galaxy S20+ Olympic Edition ကိုေၾကညာလိုက္တဲ့ Samsung
Samsung ဟာ အိုလံပစ္အားကစားရဲ႕တရားဝင္မိတ္မက္ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ အိုလံပစ္အားကစားၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲဝင္ေတြ သုံးဖို႔ အထူးထုတ္ကုန္ေတြ ထုတ္ေပးလ်က္ ရွိပါတယ္။ တိုက်ဳိအိုလံပစ္အတြက္ ရည္ရြယ္တဲ့ Galaxy S20+ 5G Olympic Edition အဲ့ဒီဖုန္းကိုေတာ့ Matte Gold အေရာင္သာ ထုတ္ထားၿပီး NTT Docomo နဲ႔ပူးေပါင္းထားတာပါ။ အႀကီးအက်ယ္ကြာျခားခ်က္ အေနနဲ႔ အဲ့ဒီဖုန္းကို သုံးစြဲသူေတြကုိပါ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။
ဒီဖုန္းဟာ Samsung အတြက္ 120Hz refresh rate နဲ႔အတူ Dynamic AMOLED screen ကိုသုံးထားတဲ့ ပထမဆုံးဖုန္းလို႔ သတ္မွတ္ႏိုင္မွာပါ။ Samsung Galaxy S20+ ရဲ႕ပါဝါ စြမ္းအားပိုင္းအတြက္ Snapdragon 865 (သို႔) Exynos 990 chipset ကိုတင္ပို႕ ေရာင္းခ်တဲ့ ေဒသေပၚမူတည္ၿပီး ကြဲျပားမွာ ျဖစ္ပါတယ္။ သူ႕မွာ 5G အတြက္ sub-6GHz နဲ႔ mmWave ကိုတပါတည္း ထည့္ေပးထားပါတယ္။ အခ်ိဳ႕ ႏုိင္ငံေတြမွာေတာ့ 4G အျဖစ္သုံးႏိုင္မွာပါ။ ၿပီးေတာ့ ဒီဖုန္းမွာ 3x hybrid zoom ၊ 30x ထိဆြဲႏိုင္မယ့္ “Super Resolution Zoom” ကိုထည့္ေပးလုိက္ပါတယ္။ ဒီ module မွာ OIS နဲ႔ေတာက္ပမႈပိုင္းအတြက္ aperture f/2.0 ကိုထည့္ေပးထားပါတယ္။
အေျခခံဗားရွင္းကို 8GB RAM မွာ128GB သုိေလွာင္မႈနဲ႔ ထုတ္ထားၿပီး 12GB RAM ဗားရွင္းကိုလည္း ေရြးႏုိင္ပါလိမ့္မယ္။ ဘက္ထရီပိုင္းမွာေတာ့ 4,500mAh နဲ႔အားသြင္းဖို႔ 25W wired charging ထည့္ေပးထားပါတယ္။ သူ႕မွာ အျခားဖုန္းေတြကို fast wireless charging နဲ႔အားသြင္းႏိုင္မယ့္ 15W လည္း ေထာက္ပံ့ေပးထားပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.