ကိုဗစ်၁၉ကိုစောင့်ကြည့်ဖို့ Apple Watch သုံးစွဲသူများသိထားသင့်သော app

0
1157

Unicode

Apple Watch သုံးစွဲသူတွေအနေနဲ့ heart rate monitor ကိုအသုံးပြုပြီးတော့ ကိုဗစ်၁၉ ဒါမှမဟုတ် တုပ်ကွေးရောဂါလိုမျိုး ကူးစက်ရောဂါလက္ခဏာတွေကို စောင့်ကြည့်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် Cardiogram ကိုတော့ အသုံးပြုရပါလိမ့်မယ်။
ကျွန်တော်တို့အိပ်စက်နေချိန်နဲ့ အနားယူနေချိန်မှာရှိတဲ့ နှလုံးခုန်နှုန်းဟာ ကိုဗစ်၁၉ကို တိုက်ခိုက်ခုခံနေရတဲ့အချိန်မှာဖြစ်တဲ့ နှလုံးခုန်နှုန်းနဲ့ မတူညီပါဘူး။ ဒါကြောင့် Cardiogram က feature အသစ်လေးတစ်ခုကိုဖန်တီးပြီးတော့ Apple Watch ကနေတစ်ဆင့် နှလုံးခုန်နှုန်းခြားနားမှုတွေကို စောင့်ကြည့်နိုင်စေဖို့ လုပ်ဆောင်ပေးလိုက်ပါတယ်။

Data from Johnson Hsieh's Cardiogram app, showing differences between sleep during good health and sickness.


Cardiogram ရဲ့ Sleeping BPM feature လေးဟာ သုံးစွဲသူတွေရဲ့နှလုံးခုန်နှုန်းကိုစောင့်ကြည့်ပြီးတော့ တုပ်ကွေးလိုမျိုး ကူးစက်ရောဂါကို ခုခံတိုက်ခိုက်နေရပြီလားဆိုတာ အသိပေးနိုင်စေမှာပါ။ တကယ်လို့များ ခုခံနေရပြီဆိုရင်တော့ အချက်ပြစနစ်တွေက ဦးဏှောက်ကိုရောက်လာမှာဖြစ်ပြီး နှလုံးခုန်နှုန်းကလည်း တက်လာမှာပါ။ ပြီးတော့ သွေးပမာဏလိုသလောက်ကိုလည်း သက်ဆိုင်ရာနယ်ပယ်တွေကို ပို့လွှတ်မှာဖြစ်ပါတယ်။
အဲဒီလို နှလုံးခုန်နှုန်းမြင့်တက်မှုက ကူးစက်ရောဂါကြောင့်ဆိုတာ သိသာစေဖို့အတွက် အိပ်စက်နေချိန်မှာ တိုင်းတာခြင်းကအကောင်းဆုံးပါပဲ။ ဒီ feature လေးက ကျွန်တော်တို့ဟာ ဖျားနာမှုကိုတိုက်ထုတ်နေရပြီလားဆိုတာ အသိပေးနိုင်စေမှာပါ။
ဒါပေမယ့်လည်း ဖန်တီးသူတွေရဲ့ပြောကြားချက်အရ Sleeping BPM ဟာ တုပ်ကွေး ဒါမှမဟုတ် ကိုဗစ်၁၉ ဖြစ်မဖြစ်တိုင်းတာဖို့အတွက်မဟုတ်တာမို့ ရှိနေပြီးသားကိရိယာတွေနေရာမှာ အစားမထိုးပစ်ဖို့ အသိပေးထားပါတယ်။ နှလုံးခုန်နှုန်းကို မြင့်တက်လာစေနိုင်တဲ့ အခြားသောအကြောင်းအရာတွေကလည်း ရှိနေနိုင်ပါသေးတယ်။
ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ နှလုံးခုန်နှုန်းကိုစောင့်ကြည့်ပြီးတော့ တုပ်ကွေးလိုမျိုးရောဂါလက္ခဏာတွေကို ပိုမိုသတိထားမိစေဖို့ပါပဲလို့ ပြောထားပါတယ်။
Cardiogram app လေးကတော့ Sleeping BPM feature ကို အခမဲ့ပေးသုံးထားမှာပါ။ ချစ်ရသူတွေအတွက် စောင့်ကြည့်ချင်တာပဲဖြစ်ဖြစ်၊အချက်အလက်တွေကို export လုပ်ချင်တာပဲဖြစ်ဖြစ် တစ်ရက်ကို ၂၅ဒေါ်လာနဲ့ ပရီမီယမ်မန်ဘာအဖြစ်လည်း ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။

Zawgyi

Apple Watch သုံးစြဲသူေတြအေနနဲ႔ heart rate monitor ကိုအသုံးျပဳၿပီးေတာ့ ကိုဗစ္၁၉ ဒါမွမဟုတ္ တုပ္ေကြးေရာဂါလိုမ်ိဳး ကူးစက္ေရာဂါလကၡဏာေတြကို ေစာင့္ၾကည့္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီအတြက္ Cardiogram ကိုေတာ့ အသုံးျပဳရပါလိမ့္မယ္။
ကြၽန္ေတာ္တို႔အိပ္စက္ေနခ်ိန္နဲ႔ အနားယူေနခ်ိန္မွာရွိတဲ့ ႏွလုံးခုန္ႏႈန္းဟာ ကိုဗစ္၁၉ကို တိုက္ခိုက္ခုခံေနရတဲ့အခ်ိန္မွာျဖစ္တဲ့ ႏွလုံးခုန္ႏႈန္းနဲ႔ မတူညီပါဘူး။ ဒါေၾကာင့္ Cardiogram က feature အသစ္ေလးတစ္ခုကိုဖန္တီးၿပီးေတာ့ Apple Watch ကေနတစ္ဆင့္ ႏွလုံးခုန္ႏႈန္းျခားနားမႈေတြကို ေစာင့္ၾကည့္ႏိုင္ေစဖို႔ လုပ္ေဆာင္ေပးလိုက္ပါတယ္။

Data from Johnson Hsieh's Cardiogram app, showing differences between sleep during good health and sickness.


Cardiogram ရဲ႕ Sleeping BPM feature ေလးဟာ သုံးစြဲသူေတြရဲ႕ႏွလုံးခုန္ႏႈန္းကိုေစာင့္ၾကည့္ၿပီးေတာ့ တုပ္ေကြးလိုမ်ိဳး ကူးစက္ေရာဂါကို ခုခံတိုက္ခိုက္ေနရၿပီလားဆိုတာ အသိေပးႏိုင္ေစမွာပါ။ တကယ္လို႔မ်ား ခုခံေနရၿပီဆိုရင္ေတာ့ အခ်က္ျပစနစ္ေတြက ဦးေဏွာက္ကိုေရာက္လာမွာျဖစ္ၿပီး ႏွလုံးခုန္ႏႈန္းကလည္း တက္လာမွာပါ။ ၿပီးေတာ့ ေသြးပမာဏလိုသေလာက္ကိုလည္း သက္ဆိုင္ရာနယ္ပယ္ေတြကို ပို႔လႊတ္မွာျဖစ္ပါတယ္။
အဲဒီလို ႏွလုံးခုန္ႏႈန္းျမင့္တက္မႈက ကူးစက္ေရာဂါေၾကာင့္ဆိုတာ သိသာေစဖို႔အတြက္ အိပ္စက္ေနခ်ိန္မွာ တိုင္းတာျခင္းကအေကာင္းဆုံးပါပဲ။ ဒီ feature ေလးက ကြၽန္ေတာ္တို႔ဟာ ဖ်ားနာမႈကိုတိုက္ထုတ္ေနရၿပီလားဆိုတာ အသိေပးႏိုင္ေစမွာပါ။
ဒါေပမယ့္လည္း ဖန္တီးသူေတြရဲ႕ေျပာၾကားခ်က္အရ Sleeping BPM ဟာ တုပ္ေကြး ဒါမွမဟုတ္ ကိုဗစ္၁၉ ျဖစ္မျဖစ္တိုင္းတာဖို႔အတြက္မဟုတ္တာမို႔ ရွိေနၿပီးသားကိရိယာေတြေနရာမွာ အစားမထိုးပစ္ဖို႔ အသိေပးထားပါတယ္။ ႏွလုံးခုန္ႏႈန္းကို ျမင့္တက္လာေစႏိုင္တဲ့ အျခားေသာအေၾကာင္းအရာေတြကလည္း ရွိေနႏိုင္ပါေသးတယ္။
ကြၽန္ေတာ္တို႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ႏွလုံးခုန္ႏႈန္းကိုေစာင့္ၾကည့္ၿပီးေတာ့ တုပ္ေကြးလိုမ်ိဳးေရာဂါလကၡဏာေတြကို ပိုမိုသတိထားမိေစဖို႔ပါပဲလို႔ ေျပာထားပါတယ္။
Cardiogram app ေလးကေတာ့ Sleeping BPM feature ကို အခမဲ့ေပးသုံးထားမွာပါ။ ခ်စ္ရသူေတြအတြက္ ေစာင့္ၾကည့္ခ်င္တာပဲျဖစ္ျဖစ္၊အခ်က္အလက္ေတြကို export လုပ္ခ်င္တာပဲျဖစ္ျဖစ္ တစ္ရက္ကို ၂၅ေဒၚလာနဲ႔ ပရီမီယမ္မန္ဘာအျဖစ္လည္း ဝင္ေရာက္ႏိုင္တယ္လို႔သိရပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.