Meizu 17 ဖုန်းနဲ့အတူ 65W GaN Charger ကိုလည်း ကြေညာလာနိုင်တဲ့ Meizu

0
422

Meizu ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ကုမ္ပဏီ သက်တမ်း 17 နှစ် ပြည့်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ လာမယ့် ဧပြီလမှာ အဆင့်မြင့် စမတ်ဖုန်း Meizu 17 ကို ကြေညာသွားပါမယ်။ Meizu 17 မှာ Snadragon 865 အသုံးပြုလာမှာ ဖြစ်ပြီး 5G ထောက်ပံ့လာပါမယ်။ ဒါ့အပြင် ဒီဖုန်းမှာ မြင့်မားတဲ့ Fast Charging လည်း ထောက်ပံ့လာဖို့ သေချာနေပါတယ်။


ယနေ့မှာ Meizu ရဲ့ 65W GaN Charger ပေါက်ကြားလာပါတယ်။ USB A နှင့် USB Type C ပေါက်တို့ ပါဝင်တာ တွေ့ရပါတယ်။ Meizu ဟာ 65W GaN Charger သစ်ကို ဧပြီလမှာ ကြေညာလာမယ့် Meizu 17 နှင့်အတူ ကြေညာလာဖို့ ရှိပါတယ်။
၂၀၁၇ ခုနှစ်တုန်းက Meizuဟာ MWC 2017 မှာ 55W Super mCharge ကို ကြေညာခဲ့ပါတယ်။ ယင်း Charger က ဘက်ထရီ 3000 mAh ကို မိနစ် 20 ဖြင့် အားအပြည့်သွင်းနိုင်ပါတယ်။ ယခုကြေညာလာမယ့် 65W Charger က ယင်းထက် အားသွင်းမှု ပိုမိုမြန်ဆန်လာဖို့ သေချာပါတယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.