Helio P90 chipset သုံးထားတဲ့ OPPO Reno3 4G global ဗားရှင်းကိုကြေညာ

0
295

OPPO အနေနဲ့ လွန်ခဲ့တဲ့ ၃ လလောက်က တရုတ်မှာ Reno3 5G ဖုန်းတွေကို ကြေညာခဲ့ပါတယ်။ ယနေ့မှာ OPPO ဟာ Reno3 ဂလိုဘယ်ဗားရှင်းကိုကြေညာလာပါတယ်။ OPPO Reno3 ကလည်းတရုတ်မှာကြေညာခဲ့တဲ့ Reno3 5G နဲ့အနည်းငယ်ကွဲပြားချက်တွေ ရှိနေနိုင်တာကြောင့်ပါ။
OPPO Reno3 မှာမျက်နှာပြင် 6.4 လက်မ 1080x2400px Resolution ၊ 20:9 Aspect Ratio သုံးထားပါတယ်။ Waterdrop Notch သုံးထားပါတယ်။ notch ထဲမှာ ကင်မရာကို ထည့်ထားပါတယ်။ Helio P90 Chipset ၊ RAM8GB တို့ကိုပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ပါတယ်။
ကျောဘက်ကင်မရာလေးလုံးပါဝင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးက 48MP f/1.8+13MP f/2.4 2x Telephoto+8MP f/2.2 Ultrawide+2MP Monochrome Depth Sensor တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 44MP ဖြစ်ပါတယ်။
OPPO Reno3 မှာဘက်ထရီ 4025 mAhပါဝင်ပြီး VOOC 3.0 Flash Charge ဖြင့် အားသွင်းနိုင်ပါမယ်။ Android 10 အခြေခံ ColorOS 7 ဖြင့် အားသွင်းနိုင်ပါမယ်။ လက်ရှိအချိန်မှာ OPPO Reno3 ဂလိုဘယ်ဗားရှင်းရဲ့ ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်ကိုမသိရသေးပါဘူး။

zawgyi


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.