Galaxy S20 ရဲ့ hole-punchပတ်လည်မှာ ဘတ်ထရီအားကြည့်နိုင်

0
1077

Unicode

စက်ကွင်းတစ်ခုနဲ့ အားလုံးကိုဖြန့်ကျက်စို့
Galaxy S10 ထွက်ရှိပြီးကတည်းက developer တွေဟာ ကင်မရာဖြတ်တောက်ထားပုံနဲ့ပတ်သတ်လို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ app တွေကို ရေးသားနေခဲ့ကြတာပါ။ အဲဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ Energy Ring ပဲ ဖြစ်ပါတယ်။ နာမည်လေးအတိုင်းပါပဲ။ ကင်မရာပေါက်လေးနားမှာ စက်ကွင်းတစ်ခုဖန်တီးပြီးတော့ ဘတ်ထရီအားကိုပြသပေးတာပါ။ မျက်နှာပြင်အရွယ်အစားနဲ့ aspect ratio တွေကြောင့် ရေးသားသူတွေဟာ သက်ဆိုင်ရာဗားရှင်းအလိုက် ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒါကြောင့် Note 10 series မှာဆိုရင် ဗားရှင်းတွေကွဲနေသလို အခုဆိုရင်တော့ S20 အတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။


ချိန်ညှိစရာများပြားတဲ့အတွက်ကြောင့် ကိုယ့်စိတ်တိုင်းကျ ဖန်တီးပြင်ဆင်ခွင့်ရရှိမှာပါ။ စက်ကွင်းရဲ့ အထူအပါး၊ အရောင်၊ ရှိတ်ပြေးတွေကအစ ချိန်ညှိလို့ရပါတယ်။ တချို့ animation တွေကတော့ IAP ကနေသာ ရနိုင်ပါတယ်။ ဈေးအသက်သာဆုံးဆိုရင်တော့ ဒေါ်လာ၂.၄၉ ကျသင့်မှာပါ။ မဝယ်ခင်မှာ animation တွေကို စမ်းသုံးကြည့်လို့ရပါတယ်။ အရင်တုန်းက Energy Ring ဗားရှင်းတစ်ခုမှာ ဝယ်ထားပြီးပြီဆိုပေမယ့်လည်း ဗားရှင်းမတူရင် ပြန်ဝယ်ရမယ်ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။


တကယ်လို့များ hole-punch မပါတဲ့ Galaxy တွေရှိနေမယ်၊ စက်ကွင်းကိုမကြိုက်ဘူးဆိုရင်တော့ Energy Bar ရှိပါသေးတယ်။ စမ်းကြည့်နိုင်ပါတယ်။ app လေးတွေကိုတော့ Play Store ကနေ ဒေါင်းလုတ်ဆွဲယူနိုင်မှာပါ။

ZawGyi

စက္ကြင္းတစ္ခုနဲ႔ အားလုံးကိုျဖန႔္က်က္စို႔
Galaxy S10 ထြက္ရွိၿပီးကတည္းက developer ေတြဟာ ကင္မရာျဖတ္ေတာက္ထားပုံနဲ႔ပတ္သတ္လို႔ စိတ္လႈပ္ရွားစရာေကာင္းတဲ့ app ေတြကို ေရးသားေနခဲ့ၾကတာပါ။ အဲဒီထဲမွာ ကြၽန္ေတာ္အႀကိဳက္ဆုံးကေတာ့ Energy Ring ပဲ ျဖစ္ပါတယ္။ နာမည္ေလးအတိုင္းပါပဲ။ ကင္မရာေပါက္ေလးနားမွာ စက္ကြင္းတစ္ခုဖန္တီးၿပီးေတာ့ ဘတ္ထရီအားကိုျပသေပးတာပါ။ မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ aspect ratio ေတြေၾကာင့္ ေရးသားသူေတြဟာ သက္ဆိုင္ရာဗားရွင္းအလိုက္ ျပင္ဆင္ေပးခဲ့ရပါတယ္။ ဒါေၾကာင့္ Note 10 series မွာဆိုရင္ ဗားရွင္းေတြကြဲေနသလို အခုဆိုရင္ေတာ့ S20 အတြက္ ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။


ခ်ိန္ညႇိစရာမ်ားျပားတဲ့အတြက္ေၾကာင့္ ကိုယ့္စိတ္တိုင္းက် ဖန္တီးျပင္ဆင္ခြင့္ရရွိမွာပါ။ စက္ကြင္းရဲ႕ အထူအပါး၊ အေရာင္၊ ရွိတ္ေျပးေတြကအစ ခ်ိန္ညႇိလို႔ရပါတယ္။ တခ်ိဳ႕ animation ေတြကေတာ့ IAP ကေနသာ ရႏိုင္ပါတယ္။ ေဈးအသက္သာဆုံးဆိုရင္ေတာ့ ေဒၚလာ၂.၄၉ က်သင့္မွာပါ။ မဝယ္ခင္မွာ animation ေတြကို စမ္းသုံးၾကည့္လို႔ရပါတယ္။ အရင္တုန္းက Energy Ring ဗားရွင္းတစ္ခုမွာ ဝယ္ထားၿပီးၿပီဆိုေပမယ့္လည္း ဗားရွင္းမတူရင္ ျပန္ဝယ္ရမယ္ဆိုတာကိုေတာ့ သတိျပဳေစခ်င္ပါတယ္။


တကယ္လို႔မ်ား hole-punch မပါတဲ့ Galaxy ေတြရွိေနမယ္၊ စက္ကြင္းကိုမႀကိဳက္ဘူးဆိုရင္ေတာ့ Energy Bar ရွိပါေသးတယ္။ စမ္းၾကည့္ႏိုင္ပါတယ္။ app ေလးေတြကိုေတာ့ Play Store ကေန ေဒါင္းလုတ္ဆြဲယူႏိုင္မွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.