2020 အတွင်း 5G စမတ်ဖုန်းဈေးနှုန်းမှာ ဒေါ်လာ 214 ဝန်းကျင်သာ ဖြစ်လာမည်

0
708

Vivo ရဲ့ ဒုဥက္ကဌ Liu Hong က COVID-19 ကြောင့် ကုမ္ပဏီအများစု စီးပွားရေးအခြေအနေ မကောင်းဖြစ်နေသော်လည်း ၎င်းတို့ဟာ 2020 ခုနှစ် ပထမသုံးလရောင်းအားမှာ 2019 ခုနှစ်၊ ပထမသုံးလတုန်းကထက် ရောင်းအား မြင့်တက်သွားခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။


Liu Hongက ယခုအခါ တရုတ်နိုင်ငံမှာ COVID-19 ကပ်ရောဂါကို ထိန်းချုပ်မှု ပြုလုပ်နိုင်မှုနဲ့အတူ လုပ်ငန်းများ ပြန်လည် စတင်လည်ပတ်နေပြီဖြစ်ပြီး လုပ်ငန်းခွင်ရဲ့ 80 ရာခိုင်နှုန်း အလုပ်လုပ်နေပြီဖြစ်သလို လုပ်ငန်းကိုလည်း 90 ရာခိုင်နှုန်းအထိ မြှင်တင်နေကြောင်း ဆိုထားပါတယ်။
ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ Liu Hong ရဲ့ 5G ဖုန်းတွေပေါ် အမြင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ခန့်မှန်းပြောကြားချက်အရ 2020 ခုနှစ် နှစ်ကုန်ပိုင်းမှာ 5G စမတ်ဖုန်း ဈေးနှုန်းမှာ တရုတ်ယွမ် 1500 (ဒေါ်လာ 214) ဝန်းကျင်သာ ရှိလာတော့မှာ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။
Vivo ဟာ ယခုနှစ်မှာ 5G စမတ်ဖုန်းများအဖြစ် Vivo Z6 ၊ iQOO 3 ၊ Vivo NEX 3S တို့ကို ကြေညာရောင်းချထားပြီး ဖြစ်ပါတယ်။ ၎င်းတို့ဟာ ယခုနှစ်မှာ စမတ်ဖုန်း ဈေးကွက်မှာ 5G စမတ်ဖုန်း တောင်းဆိုမှု မြင့်မားနေခြင်းကြောင့်လည်း စမတ်ဖုန်း ရောင်းအား မြှင့်တက်နေတာလည်း ဖြစ်ပါတယ်။

ZW

2020 အတြင္း 5G စမတ္ဖုန္းေဈးႏႈန္းမွာ ေဒၚလာ 214 ဝန္းက်င္သာ ျဖစ္လာမည္
Vivo ရဲ႕ ဒုဥကၠဌ Liu Hong က COVID-19 ေၾကာင့္ ကုမၸဏီအမ်ားစု စီးပြားေရးအေျခအေန မေကာင္းျဖစ္ေနေသာ္လည္း ၎တို႔ဟာ 2020 ခုႏွစ္ ပထမသုံးလေရာင္းအားမွာ 2019 ခုႏွစ္၊ ပထမသုံးလတုန္းကထက္ ေရာင္းအား ျမင့္တက္သြားခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။
Liu Hongက ယခုအခါ တ႐ုတ္ႏိုင္ငံမွာ COVID-19 ကပ္ေရာဂါကို ထိန္းခ်ဳပ္မႈ ျပဳလုပ္ႏိုင္မႈနဲ႔အတူ လုပ္ငန္းမ်ား ျပန္လည္ စတင္လည္ပတ္ေနၿပီျဖစ္ၿပီး လုပ္ငန္းခြင္ရဲ႕ 80 ရာခိုင္ႏႈန္း အလုပ္လုပ္ေနၿပီျဖစ္သလို လုပ္ငန္းကိုလည္း 90 ရာခိုင္ႏႈန္းအထိ ျမႇင္တင္ေနေၾကာင္း ဆိုထားပါတယ္။


ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Liu Hong ရဲ႕ 5G ဖုန္းေတြေပၚ အျမင္ပဲ ျဖစ္ပါတယ္။ သူ႕ရဲ႕ခန္႕မွန္းေျပာၾကားခ်က္အရ 2020 ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ 5G စမတ္ဖုန္း ေဈးႏႈန္းမွာ တ႐ုတ္ယြမ္ 1500 (ေဒၚလာ 214) ဝန္းက်င္သာ ရွိလာေတာ့မွာ ျဖစ္ေၾကာင္းလည္း ေျပာၾကားသြားပါတယ္။
Vivo ဟာ ယခုႏွစ္မွာ 5G စမတ္ဖုန္းမ်ားအျဖစ္ Vivo Z6 ၊ iQOO 3 ၊ Vivo NEX 3S တို႔ကို ေၾကညာေရာင္းခ်ထားၿပီး ျဖစ္ပါတယ္။ ၎တို႔ဟာ ယခုႏွစ္မွာ စမတ္ဖုန္း ေဈးကြက္မွာ 5G စမတ္ဖုန္း ေတာင္းဆိုမႈ ျမင့္မားေနျခင္းေၾကာင့္လည္း စမတ္ဖုန္း ေရာင္းအား ျမႇင့္တက္ေနတာလည္း ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.