ကြီးကြီးမားမားအမှားတစ်ခုကို ကျူးလွန်တော့မယ့် Google

0
2857

Unicode

Android ရဲ့အောင်မြင်မှုကိုအကဲဖြတ်ပေးမယ့် Pixel ဖုန်းတွေကိုရောင်းနိုင်ဖို့ Google အနေနဲ့ ရုန်းကန်နေရပါတယ်။ ဘယ်လောက်ပဲရောင်းကောင်းပါတယ်ပြောပြော Pixel ဖုန်းတွေအတွက် ကျေနပ်စရာအထိမရောက်သေးပါဘူး။ Google ရဲ့ Android နဲ့ပတ်သတ်တဲ့ vision ကို သယ်ဆောင်ထားရလို့ပါ။ အဲဒီဟန်းဆက်တွေဟာ Android ကို မပြင်မဆင်ဘဲ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အသစ်ထွက်တိုင်းမှာလည်း မြန်ဆန်စွာနဲ့ ရရှိနိုင်မယ့်ဖုန်းတွေဖြစ်ပါတယ်။
Pixel ဖုန်းမဟုတ်ဘဲ အခြားဖုန်းကိုသုံးစွဲတဲ့သူတွေဟာ သူ့တို့ရဲ့ဟန်းဆက်လေး update ရဖို့အတွက် လပေါင်းများစွာစောင့်ဆိုင်းကြရပါတယ်။ ဒါကိုသိထားတဲ့Google ဟာ ရွေးချယ်စရာလည်း မရှိခဲ့ပါဘူး။ Pixel ကိုပဲ ကောင်းအောင်လုပ်ဖို့ရှိပါတော့တယ်။ Google ရဲ့ hardware တွေဟာ နောက်ဆုံးထွက်ထားတဲ့ iPhone, Galaxy S, Huawei flagship တွေနဲ့ ယှဉ်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် Pixel 5 မှာ Google က အမှားကြီးတစ်ခုကို ကျူးလွန်တော့မယ့်ပုံပါပဲ။
ပြီးခဲ့တဲ့လတုန်းက Pixel 5 နဲ့ပတ်သတ်တဲ့သတင်းတွေကို ရေးခဲ့ဖူးပါတယ်။ Pixel 5 ဟာ mid-range ဖြစ်လာနိုင်တယ်လို့ပြောထားတာပါ။ Snapdragon 865 ကိုမသုံးဘဲ Mid-range ပရိုဆက်ဆာနဲ့ ပွဲထွက်လာမှာပါ။
နောက်ထပ်သတင်းတွေအရဆိုရင် Pixel 5 ဟာ flagship မဟုတ်တော့ပါဘူး။ Google Camera app ရဲ့ ဗားရှင်းအသစ်အရ Google codename နှစ်ခုဟာ Pixel 5 နဲ့ ဆက်စပ်နေလိမ့်မယ်လို့ မှန်းမိပါတယ်။ Bramble နဲ့Redfin ဟာ မျိုးဆက်သစ် Pixel ဖုန်းတွေဖြစ်လာနိုင်ပြီး သူတို့နှစ်ခုလုံးမှာ Qualcomm နဲ့Snapdragon 765G ပရိုဆက်ဆာ အသုံးပြုထားနိုင်ပါတယ်။ ဒါဟာ Pixel 5, 5 XL ဖြစ်နိုင်ပါတယ်။ အမြဲတမ်း flagship အနေနဲ့ထုတ်နေရာကနေ အခုလိုပြောင်းလဲလိုက်တာက ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
Google Camera code ထဲမှာ Pixel 4a ဆိုတဲ့ mid-range တစ်လုံးကိုလည်း တွေ့ထားပါသေးတယ်။ ဒါကြောင့် သေချာတာကတော့ Redfin, Bramble တို့က Pixel 4a စီးရီးမဟုတ်တာ သေချာသလောက်ပါပဲ။
အသစ်ထွက်မယ့် iPhone 12 မှာလည်း A14 chip က စွမ်းဆောင်ရည်မြင့်မားနေမှုတွေက ပလူပျံနေတာဆိုတော့ Android သမားတွေအတွက် သွေးပျက်စရာပါပဲ။ အခုလိုအချိန်မှာ Pixel ကသာ mid-range ဖြစ်သွားလို့ကတော့ ဘယ်လိုတွေဖြစ်မလဲဆိုတာ ရင်ခုန်နေမိပါတယ်။

Zawgyi

Android ရဲ႕ေအာင္ျမင္မႈကိုအကဲျဖတ္ေပးမယ့္ Pixel ဖုန္းေတြကိုေရာင္းႏိုင္ဖို႔ Google အေနနဲ႔ ႐ုန္းကန္ေနရပါတယ္။ ဘယ္ေလာက္ပဲေရာင္းေကာင္းပါတယ္ေျပာေျပာ Pixel ဖုန္းေတြအတြက္ ေက်နပ္စရာအထိမေရာက္ေသးပါဘူး။ Google ရဲ႕ Android နဲ႔ပတ္သတ္တဲ့ vision ကို သယ္ေဆာင္ထားရလို႔ပါ။ အဲဒီဟန္းဆက္ေတြဟာ Android ကို မျပင္မဆင္ဘဲ အသုံးျပဳႏိုင္မွာျဖစ္ၿပီးေတာ့ အသစ္ထြက္တိုင္းမွာလည္း ျမန္ဆန္စြာနဲ႔ ရရွိႏိုင္မယ့္ဖုန္းေတြျဖစ္ပါတယ္။
Pixel ဖုန္းမဟုတ္ဘဲ အျခားဖုန္းကိုသုံးစြဲတဲ့သူေတြဟာ သူ႔တို႔ရဲ႕ဟန္းဆက္ေလး update ရဖို႔အတြက္ လေပါင္းမ်ားစြာေစာင့္ဆိုင္းၾကရပါတယ္။ ဒါကိုသိထားတဲ့Google ဟာ ေ႐ြးခ်ယ္စရာလည္း မရွိခဲ့ပါဘူး။ Pixel ကိုပဲ ေကာင္းေအာင္လုပ္ဖို႔ရွိပါေတာ့တယ္။ Google ရဲ႕ hardware ေတြဟာ ေနာက္ဆုံးထြက္ထားတဲ့ iPhone, Galaxy S, Huawei flagship ေတြနဲ႔ ယွဥ္ဖို႔လိုအပ္ပါတယ္။ ဒါေပမယ့္ Pixel 5 မွာ Google က အမွားႀကီးတစ္ခုကို က်ဴးလြန္ေတာ့မယ့္ပုံပါပဲ။
ၿပီးခဲ့တဲ့လတုန္းက Pixel 5 နဲ႔ပတ္သတ္တဲ့သတင္းေတြကို ေရးခဲ့ဖူးပါတယ္။ Pixel 5 ဟာ mid-range ျဖစ္လာႏိုင္တယ္လို႔ေျပာထားတာပါ။ Snapdragon 865 ကိုမသုံးဘဲ Mid-range ပ႐ိုဆက္ဆာနဲ႔ ပြဲထြက္လာမွာပါ။
ေနာက္ထပ္သတင္းေတြအရဆိုရင္ Pixel 5 ဟာ flagship မဟုတ္ေတာ့ပါဘူး။ Google Camera app ရဲ႕ ဗားရွင္းအသစ္အရ Google codename ႏွစ္ခုဟာ Pixel 5 နဲ႔ ဆက္စပ္ေနလိမ့္မယ္လို႔ မွန္းမိပါတယ္။ Bramble နဲ႔Redfin ဟာ မ်ိဳးဆက္သစ္ Pixel ဖုန္းေတြျဖစ္လာႏိုင္ၿပီး သူတို႔ႏွစ္ခုလုံးမွာ Qualcomm နဲ႔Snapdragon 765G ပ႐ိုဆက္ဆာ အသုံးျပဳထားႏိုင္ပါတယ္။ ဒါဟာ Pixel 5, 5 XL ျဖစ္ႏိုင္ပါတယ္။ အၿမဲတမ္း flagship အေနနဲ႔ထုတ္ေနရာကေန အခုလိုေျပာင္းလဲလိုက္တာက ဘယ္လို႐ိုက္ခတ္မႈေတြျဖစ္လာမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းပါတယ္။
Google Camera code ထဲမွာ Pixel 4a ဆိုတဲ့ mid-range တစ္လုံးကိုလည္း ေတြ႕ထားပါေသးတယ္။ ဒါေၾကာင့္ ေသခ်ာတာကေတာ့ Redfin, Bramble တို႔က Pixel 4a စီးရီးမဟုတ္တာ ေသခ်ာသေလာက္ပါပဲ။
အသစ္ထြက္မယ့္ iPhone 12 မွာလည္း A14 chip က စြမ္းေဆာင္ရည္ျမင့္မားေနမႈေတြက ပလူပ်ံေနတာဆိုေတာ့ Android သမားေတြအတြက္ ေသြးပ်က္စရာပါပဲ။ အခုလိုအခ်ိန္မွာ Pixel ကသာ mid-range ျဖစ္သြားလို႔ကေတာ့ ဘယ္လိုေတြျဖစ္မလဲဆိုတာ ရင္ခုန္ေနမိပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.